Monthly Archives: October 2014

ချစ်ခြင်းအားနမ်းရှိုက်မိခြင်း

ငယ်ငယ်တုန်းကအရုပ်လေးတွေကို
လေပေါ်မြှောက်ပြီးဆော့ကစားဖူးရဲ့
မြေပြင်ပေါ်ငါကိုယ်တိုင်ကျတော့မှ
ခံစားရတာနာကျင်မှန်းသိခဲ့ရတယ်။

အနီရောင်ပန်းသီးတစ်လုံးက
ငါ့ရင်ခွင်ငယ်ကိုတိုက်စား
ရှင်သန်ခြင်းဆိတ်သုဉ်းတော့မယ့်ဆည်းဆာကို
ငါ………….ဖွဖွလေးပြုံးပြလိုက်တယ်။

ငလျင်လှုပ်ခဲ့တာများလားဟင်။
သူ့အကြည့်တစ်ချက်တည်းနဲ့တော့
ငါ့ဘယ်ဖက်ရင်ခွင်တစ်ဖက်
နိမ့်ဆင်းသွားစရာအကြောင်းမရှိဘူးထင်တာပဲ။

ရူပါရုံတစ်ခုအပေါ်မှာတွယ်ငြိမိလို့
ငါ့နှလုံးသားလေးမကျွတ်မလွတ်ခဲ့ရင်လည်းရှိပါစေ။
သူ့နံဘေးမှာပဲနေနေရရင်ကျေနပ်ပါတယ်။

ခဏလေးပါပဲ။
မီးတောက်ငယ်ကိုငါကိုင်ကြည့်ခဲ့တာလေ။
ရင်ခွင်တစ်စုံပြာကျတော့မှ
၁၉၁ကိုဖုန်းဆက်ဖို့သတိရတယ်။

ဟေး………..။
နင်ကြားရဲ့လား။
ဖုန်းပေါ်ကျသွားတဲ့ငါ့မျက်ရည်ကိုနင်ရရင်
ငါ့ကိုmissed callပြန်ပေးပါ။

image

Advertisements

လူမိုက်

   ကျောင်းတွင်ဖြစ်သည်။ဂျစ်တူးတို့အတန်း၏အတန်းပိုင်မှာ ဘာသာမဲ့တစ်ဦးဖြစ်သည်။
ယခုလည်း အတန်းအားနေသဖြင့် သူမအယူအဆများကိုကလေးများခေါင်းထဲသို့ရိုက်သွင်းနေသည်။
       “ဘုရားကိုမင်းတို့မြင်နိုင်လား။”
       “မမြင်နိုင်ပါဘူး။”
       “ထိလို့ရောရလား။”
       “မရပါဘူး။”
       ဆရာမက အောင်နိုင်သူတစ်ဦးကဲ့သို့ပြုံးရင်းထပ်မေးလိုက်သည်။
       “ဒါဖြင့် မင်းတို့ရဲ့ဘုရားဆိုတာဘယ်မှာလဲ၊ရှိရောရှိရဲ့လား။”
       လက်ကလေးတစ်ဖက်မြောက်တက်လာသည်။လက်ပိုင်ရှင်က ဂျစ်တူး။
       “ဦးနှောက်ကိုဆရာမမြင်နိုင်လား။”
       “မမြင်နိုင်ဘူး။”
       “ထိလို့ရောရလား။”
       “မရဘူး။”
       ဂျစ်တူးက အောင်နိုင်သူတစ်ဦးကဲ့သို့ပြုံးရင်းပြန်မေးလိုက်သည်။
       “ဒါဖြင့် ဆရာမရဲ့ဦးနှောက်ဆိုတာဘယ်မှာလဲ၊ရှိရောရှိရဲ့လား။”

Best English Songs(vol.1)

ကျွန်တော့မှာအကျင့်တစ်ခုရှိပါတယ်။
အဲဒါက…မြန်မာသီချင်းပဲဖြစ်ဖြစ်၊နိုင်ငံခြားသီချင်းပဲဖြစ်ဖြစ်
ကြိုက်သွားရင်အလွတ်ရတဲ့အထိကျက်တာပါ။
မကျက်ဖြစ်ရင်တောင်
အနည်းဆုံးတော့သီချင်းစာသားလေးရမှသဘောကျပါတယ်။
(အထူးသဖြင့်အင်္ဂလိပ်သီချင်းတွေပေါ့။)

ဒီတော့ ကျွန်တော်နဲ့စိတ်တူကိုယ်တူသူငယ်ချင်းများရှိခဲ့ရင်
ကျွန်တော့်လိုပဲသီချင်းစာသားရမှ
သဘောကျတတ်တဲ့သူတွေများရှိခဲ့ရင်ဆိုတဲ့အတွေးနဲ့
ဒီebookလေးတစ်ခုလုပ်ခဲ့ပါတယ်။

ထွေထွေထူးထူးတော့မဟုတ်ပါဘူး။
ကျွန်တော်ကြိုက်တဲ့အင်္ဂလိပ်သီချင်း၁၃ပုဒ်ကိုစုထားတာပါ။

ပါဝင်တဲ့သီချင်းတွေကတော့
Without you-Mariah Carey
Hero-Mariah Carey
Give your heart a break-Demi Lovato
Bleeding love-Leona Lewis
When you say nothing at all-Alison Krauss
Because of you-Kelly Clarkson
Looking through your eyes-Leann Rimes
Because you love me-Celin Dion
You’ll always find your way back home-Miley Cyrus
Part of me-Katy Perry
If this was a movie-Taylor Swift
Forever and always-Taylor Swift
Back to december-Taylor Swift

ကဲ…လိုချင်ရင်တော့အောက်ကLinkမှာဒေါင်းပါခင်ဗျာ။
https://www.dropbox.com/s/6ihy99149uuw6uf/Best%20English%20Songs%28Vol.1%29-Lin%20Myat.pdf?dl=0

image

ကျွန်တော်ပြောတဲ့ကျွန်တော့်အကြောင်း

ကျွန်တော်သည်”လူ”ဖြစ်သည်။
ထို့ကြောင့် မြက်မစားပါ။
ကြိုးရှည်ရှည်အလှန်ထားခံရသည့်သတ္တဝါများကိုမြင်တိုင်း၊
ကောက်ရိုးတစ်ထုံးအတွက်ရန်ဖြစ်နေသည့်သတ္တဝါများကိုမြင်တိုင်း
ကျွန်တော်ပြုံးပါသည်…………။
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တာခြင်းအတူတူတွင်
ကျွန်တော်ကမတ်မတ်လျှောက်နိုင်၍ဖြစ်သည်။

ကျွန်တော်သည်”ပန်းချီကားတစ်ချပ်”ဖြစ်သည်။
သို့သော် ဆေးနှင့်မရေးပါ၊ပိတ်သားပေါ်တွင်လည်းမရှိပါ။
ထို့ကြောင့် ပန်းချီဆရာ၏လက်မှတ်အထိုးခံရခြင်းမှကင်းလွတ်ပါသည်။
ကျွန်တော်သည်”သဘာဝ”ထဲ၌သာရှိသည်။

ကျွန်တော်သည်”လင်းနို့”လို လူစားမျိုးဖြစ်သည်။
လောကကိုပြောင်းပြန်ကြည့်ရမှ စားဝင်အိပ်ပျော်ပါသည်။
အများကမျက်နှာကိုစကြည့်ချိန်တွင်
ကျွန်တော်ကခြေထောက်ကိုစကြည့်ပါသည်။
ထို့ကြောင့်အောက်ခြေလွတ်နေသူများကိုမမြင်ရပါ။

ကျွန်တော်သည်”ဂြိုလ်တစ်လုံး”ဖြစ်သည်။
သို့သော် ဂြိုလ်ခါးပတ်ကွင်းမရှိ၊
အစဉ်အမြဲတောက်လောင်နေသည့် မီးညွန့်မီးလျှံများမရှိ…။
ရေထု၊မြေထုနှင့်လေထုသာရှိသည်။
ထို့ကြောင့် ကျွန်တော့်ကမ္ဘာတွင်
အခြားသူများပါရှင်သန်နိုင်သည်။

ကျွန်တော်သည်”စမ်းချောင်းလေးတစ်ခု”ဖြစ်သည်။
ထို့ကြောင့် လှိုင်းတံပိုးမထ………။
ကျွန်တော်ပိုင်ဆိုင်သမျှသည်
အသာအယာစီးဆင်းနေသည့်ရေအလျင်နှင့်
ရေဆာပြေသွားသူတို့၏စိတ်ကြည်နူးမှုတို့သာရှိသည်။
ဟိုး………ရေအောက်ကြမ်းပြင်တွင်
မြို့ဟောင်းမြို့ပျက်များမရှိ၊ရတနာသေတ္တာများမရှိ၊
ကြေကွဲစရာဇာတ်လမ်းများမရှိ၊နာကျင်စရာအတိတ်ဆိုးတို့မရှိ။
ကျွန်တော်သည် သာမန်စမ်းချောင်းလေးတစ်ခုမျှသာဖြစ်သည်။

image

သင့်အကြောင်းဆယ်ချက်

*သင့်အကြောင်း(၁၀)ချက်*
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ခင်ဗျားအခုဒီစာကိုဖတ်နေလိမ့်မယ်။
.
.
၂။ဒါဟာနောက်ပြောင်ထားတဲ့စာတစ်ပုဒ်ဆိုတာခင်ဗျားသိလိုက်ပြီ။
.
.
၎။ကျွန်တော်နံပါတ်၃ကိုကျော်ခဲ့တာခင်ဗျားသတိမထားမိဘူး။
.
.
၅။အခုတော့ဟုတ်မဟုတ်ခင်ဗျားစစ်ဆေးနေမှာပေါ့။
.
.
၆။ခင်ဗျားပြုံးနေပြီ။
.
.
၇။အခု.ဒီအချက်အလက်တွေကနောက်ထားမှန်းသိတာတောင်ခင်ဗျားဆက်ဖတ်နေသေးတယ်။
.
.
၉။ကျွန်တော်နံပါတ်၈ကိုထပ်ကျော်ခဲ့တာခင်ဗျားမသိလိုက်ပြန်ဘူး။
.
.
၁၀။အခုဟုတ်မဟုတ်ထပ်စစ်နေပြန်ပါပြီ။
.
.
၁၁။ပထမတစ်ခေါက်လိုထပ်ခံလိုက်ရလို့ကိုယ့်ကိုယ်ကိုအစာမကြေဘူးမဟုတ်လား။
.
.
၁၂။ဘာပဲပြောပြောခင်ဗျားပျော်ခဲ့ရတယ်ဟုတ်။

အထီးကျန်

အိပ်ယာဘေးကအနီရောင်ဝိုင်တစ်ခွက်က
ခြောက်ကပ်ကပ်နဲ့ရင်ကွဲနာသီချင်းတစ်ပုဒ်ဆိုနေတယ်။

ဂစ်တာအိုလေးကတော့
သူ့ရဲ့ဟောင်းနွမ်းနွမ်းခန္ဓာပေါ်ကကြိုးခြောက်ချောင်းမှာ
အသည်းကွဲသံစဉ်တွေကိုတပ်ဆင်လို့။

ငါ့ရဲ့ ဒိုင်ယာရီလေးမှာတော့
အဖြစ်အပျက်အားလုံးကိုမှတ်တမ်းတင်ထားတယ်။
ရိုမီယိုလိုကမ္ဘာမကျော်ချင်ပါဘူး။
ယောကျာ်းလေးတစ်ယောက်အသည်းကွဲနေတယ်ဆိုတာ
သိစေချင်ရုံလေးတင်ပါ။

အလင်းမဲ့မီးလျှံတွေထဲမှာ
တိတ်တဆိတ်ငါလောင်ကျွမ်းနေတယ်။
ဘယ်သူမြင်မြင်မမြင်မြင်
ငါ့တစ်ကိုယ်စာထွန်းလင်းဖို့တော့လုံလောက်တယ်။

အခုတော့လည်း……။
ကြယ်စုတန်းတွေရဲ့အလွန်မှာ
ငါ့ခံစားချက်တွေကိုချိတ်ဆွဲထားလိုက်ပြီ။
အဲဒီမှာလေဖိအားမရှိဘူး၊မြေဆွဲအားမရှိဘူး။
သူတို့တွေလွတ်လွတ်လပ်လပ်မျောလွင့်ကြပါစေ။

image

ဆုတောင်းခြင်း

       ဂျစ်တူးလေးတစ်ယောက်အိပ်ယာကနိုးလာသည်။သူ့မိခင်အခန်းဆီမှအသံတချို့ကြားလိုက်ရ၍
ဖြစ်သည်။
       သူခြေကိုဖော့နင်း၍သူ့မိခင်အခန်းဆီသို့သွားကြည့်သည်။
       သူအံ့သြသွားသည်။သူ့မိခင်သည်ဝတ်လစ်စလစ်ဖြစ်နေပြီး နှုတ်မှလည်း”ငါအခုချိန် ယောက်ျား
တစ်ယောက်ကိုလိုအပ်နေပြီ”ဟု တတွတ်တွတ်ရေရွတ်နေသည်။

       ထိုအဖြစ်အပျက်များအပြီးရက်အနည်းငယ်ကြာသော်……………။
       ဂျစ်တူးလေးတစ်ယောက်အိပ်ယာကနိုးလာသည်။သူ့မိခင်အခန်းဆီမှအသံတချို့ကြားလိုက်ရ၍
ဖြစ်သည်။
       သူခြေကိုဖော့နင်း၍သူ့မိခင်အခန်းဆီသို့သွားကြည့်သည်။
       သူအံ့သြသွားသည်။သူ့မိခင်သည်အရင်တစ်ခါကဲ့သို့ ဝတ်လစ်စလစ်တော့မဟုတ်။သို့သော်
သူမဘေးတွင်တော့ ယောက်ျားတစ်ယောက်ရှိနေပြီးအတူယှဉ်တွဲအိပ်နေကြသည်။
       ထိုအချိန်ခဏတွင် ဂျစ်တူးတစ်စုံတစ်ခုကိုသဘောပေါက်သွားသည်။
       သူအလာတုန်းကအတိုင်းပင်ခြေကိုဖော့နင်း၍ပြန်ဆင်းသွားပြီးသူ့အိပ်ခန်းသို့ပြန်သွားသည်။
       အိပ်ခန်းသို့ရောက်သည်နှင့်တပြိုင်နက်သူ့အဝတ်အစားများအားလုံးကိုဆွဲချွတ်သည်။
ထို့နောက် ကုတင်ပေါ်သို့တက်ကာ လူးလှိမ့်ပြီးတတွတ်တွတ်ရေရွတ်လိုက်သည်။
       “ငါအခုချိန် စက်ဘီးတစ်စီးကိုလိုအပ်နေပြီ။”