Grapes are sour

ထိပ်ထားရယ် နင်မလိုက်ချင်လဲနေခဲ့ပါ။
စာရူးပေရူးတစ်ယောက်မှာချမ်းသာတာဟာ
စကားလုံးတွေအပြင်မှမရှိတာ။

စပျစ်သီးကိုမှ ငံ့လင့်ခဲ့တဲ့မြေခွေးငယ်ရယ်
အစကတည်းက “မင်းဘာဆိုတာ”
သိတတ်ခဲ့ဖို့ကောင်းတယ်။

မငြိုငြင်ပါဘူးလေ။
လက်လှမ်းမမှီတဲ့ပန်းတစ်ပွင့်
ငါနမ်းဖို့မထိုက်လို့ပဲပေါ့။

ဒီလိုနဲ့ပဲ စိမ်းလန်းသောငါ့ရဲ့နေ့ရက်တွေမှာ
ရွက်အိုတွေတစ်ဖွားဖွားဝေခဲ့။

နွေရာသီမှာသီချင်းဆိုဖို့ဥသြကိုဘယ်သူတာဝန်ပေးလဲ။
ငါ့အရင်ဘတ်ထဲကအနာကသူ့အသံကြားရင်ပိုဆိုးတယ်။

ငါသွားတော့မှာပါ ထိပ်ထားရယ်။
ရွက်ကြွေဆိုတာမျိုးက
သူတွယ်တာတဲ့သစ်ပင်ခြေရင်းမှာ
ထာဝစဉ်လှဲလျောင်းပိုင်ခွင့်မှမရှိပဲ။

ထိပ်ထား ထိပ်ထား ထိပ်ထား…………။
အော်သံတွေရဲ့အဆုံးမှာ
တိမ်စိုင်နှစ်ခုဟာတစ်စစီဝေး…ကွာ…ခဲ့။
လှည့်မကြည့်ပါနဲ့ကွယ်။
ငါဟာကြိုးမိန့်ကျပြီးသူတစ်ယောက်ပါ။
ဘာအတွက်ကြောင့်မှ
လျှော့ရက်ကိုထပ်မျှော်လင့်ဖို့မလိုအပ်တော့ဘူး။

ထိပ်ထားရေ…ကံကောင်းပါစေ။
ငါအမြဲဆုတောင်းပေးနေပါ့မယ်။
ဒီလိုပါပဲ
တစ်ခါတစ်ခါတော့လည်းရင်နာတယ်။
ခြေရာချင်းတူနေတာတောင်
ခြေလှမ်းတွေကွာဟလွန်းခဲ့တာ
ကံကြမ္မာက တစ်ကယ်ပဲ ငါ့ဖက်မှာမရှိဘူးထင်ရဲ့။

နောက်ဆုံးတော့လည်း……………။
ရသေ့စိတ်ဖြေကိုယ့်စိတ်ကိုယ်ပဲလှည့်စားလိုက်ပါတယ်။
အင်း……………ဟုတ်တယ်။
“စပျစ်သီးကချဉ်တယ်။”

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s