Happy birthday”Lin Myat”

“မြန်မာ့ခရီးသွားနှစ်”လို့သတ်မှတ်ကြတဲ့နှစ်မှာ
ငါကိုယ်တိုင်လည်းခရီးသည်တစ်ယောက်အဖြစ်
ဒီဘူတာကိုဆိုက်လာခဲ့တယ်။

မိုးလရာသီရဲ့ပြက္ခဒိန်တွေကတဖြုတ်ဖြုတ်ကြွေ………။
လူတကာကိုကံဆိုးစေတဲ့”၁၃”ဂဏန်းက
ငါ့အတွက်တော့လူ့ဘဝထဲဝင်လာဖို့
တိုးဝှေ့စောင့်ခဲ့ရတဲ့”တိုကင်ပြားတစ်ချပ်”ပေါ့။

ဟိုး…ကောင်းကင်မှာတော့
ငါ့အတွက်ချိန်ခွင်ရုပ်လေးချိတ်ဆွဲထားတယ်။
ညီမျှခြင်းဆိုတာအလကားပါ။
စိတ်ကူးတွေကိုရွက်လွှင့်ပြီး
“ကံကောင်းခြင်း”နဲ့”ကံဆိုးခြင်း”ကိုအချိုးချကြည့်တိုင်း
တိမ်တိုက်မည်းမည်းကြီးတွေက
ကောင်းကင်ပေါ်တက်တက်လာတယ်။
(မဆိုးပါဘူး…………။
မိုးရွာတော့လဲ ရေခံရတာပေါ့။)

ရှင်သန်ဖို့အတွက်ဖူးပွင့်လာတိုင်း
ကံကြမ္မာက အမြဲပဲငါ့ကိုလက်ဆိတ်ချိုးတယ်။
ဘာကြောင့်မှန်းမသိပေမယ့်
ခွန်အားကြီးတဲ့ ငါလို”ဂဠုန်တစ်ကောင်”က
ခုချိန်ထိ မြေပြင်ပေါ်လှဲလျောင်းနေရတုန်းပဲ။
ခဏလောက်တော့အနားပေးပါကံကြမ္မာရယ်။
နေခြည်ရဲ့ရင်ငွေ့ကို ငါခိုလှုံပါရစေ။

ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးလာခဲ့။
ကျန်သေးတဲ့ အားအင်တွေနဲ့
ငါ့အတောင်နှစ်ဖက်ကိုတဖျတ်ဖျတ်ခတ်
ဟိုး…ကောင်းကင်ပေါ်ထိ
   ပျံ
     သန်း
         မယ်။

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s