West port murders(သို့မဟုတ်)အရိပ်နေ၍အခက်ချိုးခဲ့သူနှစ်ဦး

          ၁၈ရာစုသည် ခန္ဓာဗေဒဆေးပညာလောက၌ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သော ရာစုနှစ်တစ်ခုဖြစ်ခဲ့လေသည်။ဤ၂၁ရာစုတွင် ခေတ်စားလျက်ရှိသော ခွဲစိတ်ကုသခြင်း၊အစားထိုးကုသ ခြင်း စသည်တို့၏ အစအဦးမြစ်ဖျားခံရာလည်းဖြစ်သည်။
          ၁၈ရာစု၏အစောပိုင်းကာလများတွင် လူသေအလောင်းရှားပါးမှုသည် ခန္ဓာဗေဒဆေးပညာ တိုးတက်မှု၏ အကြီးမားဆုံးအဟန့်အတားဖြစ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ထိုအခြေအနေနှင့်ရင်ပေါင် တန်း အမှီလိုက်ရန် ဥပဒေပိုင်းဆိုင်ရာတွင်လည်း လိုအပ်ချက်များစွာရှိနေခဲ့သည်။ထိုလူသေအလောင်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့်တစ်ခုတည်းသောတရားဝင်နည်းလမ်းမှာ သေဒဏ်စီရင်ခံရသည့် ရာဇဝတ်သားများပင်ဖြစ်သည်။သို့သော် တစ်နေ့ထက်တစ်နေ့ တိုးတိုးလာသည့် လူသေလိုအပ်ချက်နှင့် ယှဉ်လျှင် ကြိုးမိန့်ကျရာဇဝတ်သားဦးရေမှာ မပြောပလောက်ခဲ့။”ဆင့်ပါးစပ်၊နှမ်းပက်”သည့်ပမာပင်။ထို ထိုလိုအပ်ချက်များကြောင့် မှောင်ခိုလူသေအရောင်းအဝယ်လုပ်ငန်းများ ကျယ်ပြန့်လာခဲ့သည်။
          အီဒင်ဘာ့ဂ်(Edinburgh)မြို့လေးသည် စကော့တလန်(Scotland)တွင်တည်ရှိပြီး လှပ စည်ကားသည့်သင်္ဘောဆိပ်မြို့လေးလည်းဖြစ်သည်။ဆိပ်ကမ်းမြို့ဖြစ်သည်နှင့်အညီ စီးပွားရေးအချက် အခြာ ကျလှသည်။အလုပ်အကိုင်ပေါများသောကြောင့် ရွှေ့ပြောင်းလုပ်သားများ မျက်စိကျနေရသည့် နေရာတစ်ခုလည်းဖြစ်သည်။
          ထိုအေးချမ်းလှသည့် မြို့လေးဆီသို့ ရွှေ့ပြောင်းလုပ်သားမြောက်များစွာ ဝင်ရောက်လာခဲ့ ကြသည်။ထိုလုပ်သားများထဲမှလူနှစ်ဦးကြောင့်အီဒင်ဘာ့ဂ်မြို့လေးသည်သွေးစက်တို့စွန်းထင်းခဲ့ရသည်။ ထိုနှစ်ဦး၏ အမည်များမှာဝီလီယမ်ဘာ့က်(William Burke)နှင့်ဝီလီယမ်ဟဲယ်(William Hare) တို့ ဖြစ်ကြသည်။
          ဘာ့က်ကို ၁၇၉၂ခုနှစ်တွင် မြောက်အိုင်ယာလန်ရှိ ကျေးရွာငယ်တစ်ခု၌မွေးဖွားခဲ့သည်။ အရွယ်ရောက်သော် ဘာ့က်သည်ရုံးတစ်ခုတွင် ရုံးပြာတာအဖြစ်အလုပ်လုပ်ခဲ့သည်။သို့သော် သူ့အလုပ် ကိုမကျေနပ်သည့် ဘာ့က်သည် ၁၈၁၇ခုနှစ်တွင် သူ၏မိန်းမနှင့်ကလေးငယ်နှစ်ဦးကို စွန့်ပစ်ထားခဲ့ပြီး အီဒင်ဘာ့ဂ်သို့ထွက်လာခဲ့သည်။ထိုမြို့လေးတွင် လမ်းလုပ်သားအဖြစ်လုပ်ကိုင်ရင်း သူ၏ဒုတိယဇနီး ဖြစ်လာမည့် ဟယ်လင်(Helen)နှင့်တွေ့ဆုံခဲ့သည်။
          ဟဲယ်၏ မွေးနေ့နှင့်ပတ်သက်၍ကား မူကွဲများစွာရှိသည်။ဟဲယ်သည် လွန်စွာလျှို့ဝှက်သူ တစ်ယောက်ဖြစ်သည်။အချို့က ဟဲယ်သည်ဘာ့က်နှင့် တစ်နှစ်တည်းမွေးသူဖြစ်သည်ဟု ဆိုကြသည်။ အချို့ကမူ သူ့ကို၁၈၀၄ခုနှစ်တွင်မွေးသည်ဟုပြောကြသည်။မွေးရာဇာတိနှင့်ပတ်သက်၍လည်း မြောက်  အိုင်ယာလန်သားဖြစ်သည်ဟူသည့်အချက်မှလွဲ၍ အခြားဘာမှမသိရ။
          သို့သော် ဘာ့က်နှင့်ဟဲယ်တို့တွင် တူညီသည့်အချက်များစွာရှိသည်။စကော့တလန်သို့ စွန့် စား လာရောက်ကြပုံချင်းလည်းတူသည်။စကော့တလန်တွင် အိမ်ထောင်ကျပုံခြင်းလည်းတူသည်။
          ဟဲယ်သည် အီဒင်ဘာ့ဂ်မြို့ ဆိပ်ကမ်း၏အနောက်ဖက်ပိုင်း တစ်နေရာတွင်နေထိုင်သည့် မုဆိုးမလေး မာဂရက်(Margaret)ကို လက်ထပ်ခဲ့သည်။နေရာထိုင်ခင်းအတွက် ခက်ခဲနေသည့် သူ့လို လူအတွက် မာဂရက်သည် ဘုရားပေးသောဆုဖြစ်လိမ့်မည်။အဘယ်ကြောင့်ဆိုသော် မာဂရက်သည် သူမ၏စားဝတ်နေရေးအတွက်လိုအပ်သည့်ဝင်ငွေကိုသူမ၏တည်းခိုအိမ်လုပ်ငန်းမှ ရရှိသောကြောင့်ပင်။
          သို့နှင့်…။တစ်ရက်တွင်တော့…။ဟဲလ်တို့၏တည်းခိုအိမ်နားသို့ မိသားစုတစ်စုပြောင်းရွှေ့လာ ကြသည်။ဘာ့က်မိသားစုဖြစ်သည်။
          တစ်ပြည်တစ်ရွာသို့ရောက်နေသောအခါ အိုင်းရစ်(ရှ်)လူမျိုးချင်းဖြစ်သည့် ဘာ့က်နှင့်ဟဲယ် တို့မှာ အလွန်ခင်မင်ရင်းနှီးလှသည့်ငယ်ပေါင်းကြီးဖော်ပမာဖြစ်သွားခြင်းကတော့မထူးဆန်းနိုင်။ထိုအချိန် က ၁၈၂၇ခုနှစ်၊နိုဝင်ဘာလ။
          ၂၉ရက်နေ့…။ဟဲယ်တို့အိမ်တွင်ငှားနေသည့် ပင်စင်စားစစ်သားအိုကြီးတစ်ယောက်သေဆုံး
သွားခဲ့သည်။ဟဲယ်တို့အတွက်တော့ဆုံးရှုံးမှုတန်ဖိုးကကြီး၏။ထိုအဘိုးကြီးကသူပေးချေရမည့် အိမ်ငှားခ ငွေ၎ပေါင်ကို မပေးချေမီ သေဆုံးသွား၍ဖြစ်သည်။
          ထိုအခါတွင် ဟဲယ်ကဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ထိုစစ်သားအိုကြီးဒေါ်နယ်(လ်)၏ အလောင်းကို ရောင်းချရန်ဖြစ်သည်။သို့မှသာ သူတို့ဆုံးရှုံးသွားသည့်ငွေကို ပြန်ကာမိမည်ဖြစ်သည်။ သူတို့က အဘိုးကြီးဒေါ်နယ်(လ်)၏အလောင်းကို အီဒင်ဘာ့ဂ်တက္ကသိုလ်ရှိ ခန္ဓာဗေဒပါရဂူ ဒေါက်တာ ရောဘတ်နော့စ်(Dr.Robert Knox)ထံတွင် ၇ပေါင်ဖြင့်ရောင်းချခဲ့သည်။(ထိုအချိန်က၇ပေါင်သည် ယခုခေတ် ၇၃၁ပေါင်/အမေရိကန်ဒေါ်လာ၁၂၀၀ ဝန်းကျင်တို့နှင့်ညီမျှသည်။)ထိုအချိန်မှစ၍ ဘာ့က်နှင့် ဟဲယ်တို့ နှစ်ယောက်သည် ဒေါက်တာနော့(စ်)နှင့် လက်တွဲမိခဲ့ကြသည်။
          ငွေရလွယ်သည့်လုပ်ငန်းတစ်ခုကိုတွေ့ရှိခဲ့ကြသည့် ဘာ့က်နှင့်ဟဲယ်တို့သည် အလွယ်လမ်း လိုက်ကြတော့သည်။ပထမကတော့ တစ်ယောက်စ၊နှစ်ယောက်စသာ…။ထို့နောက်တွင် “အစရှိတော့ အနောင်နောင်” ဆိုသကဲ့သို့ ဖြစ်လာသည်။သူတို့နှစ်ယောက်လုံး လူသတ်မှုမြောက်များစွာကို ပိပိရိရိ ကျူးလွန်ခဲ့ကြသည်။လူသတ်မှုကျူးလွန်ရာနေရာသည် ဟဲယ်တို့၏ တည်းခိုအိမ်ဖြစ်ပြီး၊သတ်ဖြတ်ရာ တွင်လည်း ခေါင်းအုံးဖြင့်ဖိသတ်သည့်နည်းလမ်းကိုသာ အသုံးများ၏။
          သို့သော် မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိတတ်။သူတို့၏ ၁၆ဦးမြောက်သားကောင် ဖြစ်သည့် မာဂျရီကမ့်ပ်ဘဲလ်(Margery Campbell)၏ အလှည့်တွင်တော့ သူတို့၏ဘီလူးရုပ်သွင်တို့ အထင်အရှားပေါ်ပေါက်လာခဲ့သည်။
          သူတို့နှစ်ယောက်၏ထုံးစံအတိုင်း မာဂျရီ့ကို တည်းခိုအိမ်ရှိ အခန်းတစ်ခုတွင် တည်းခိုစေ သည်။ထို့နောက်သတ်လိုက်ကြသည်။အလောင်းကိုတော့ အိပ်ယာအောက်မှာပင် ထားလိုက်ကြသည်။ သို့သော် နောက်တစ်နေ့တွင်တော့ ထိုအခန်းတွင် မာဂျရီ့အရင်တည်းခိုသွားကြသည့် ဂျိမ်းစ်ဂရေး (James Gray)နှင့်အန်ဂရေး(Ann Gray)တို့ ပြန်ရောက်လာပြီး သူတို့တည်းခိုသွားသည့် အခန်းတွင် ပစ္စည်းတစ်ခုကျန်ခဲ့၍လာရှာကြသည်။
          အခန်းအတွင်း ကြိုက်သည့်နေရာမျိုးစုံတွင် ရှာခွင့်ပေးသော်လည်း ဟဲယ်တို့က ကုတင် အောက်တော့ ရှာခွင့်မပေး။ထို့ထက်ပိုဆိုးသည်က ကုတင်အနားပင်အကပ်မခံခြင်းပင်။တားမြစ်ကာမှ ပို စပ်စုချင်သည်မှာ လူ့သဘာဝဖြစ်သည်။နောက်ဆုံးတော့ ကုတင်အောက်ရှိ မာဂျရီ၏အလောင်းကို သူတို့တွေ့သွားကြပြီး ရဲများ၏အကူအညီနှင့် ဘာ့က်နှင့်ဟဲယ်တို့နှစ်ဦးအားဖမ်းဆီးခဲ့ကြသည်။
          အဖမ်းခံနေရစဉ် အပြစ်ပေါ့လျော့စေရန် နှစ်ဦးသားအသနားခံစာတင်ကြပါသည်။သို့သော် သူတို့အတွက် အကြောင်းကတော့ ထူးမလာခဲ့။ဘယ်လိုအသနားခံခံ အကြောင်းမထူးတော့သည့် နောက်တွင် ဟဲယ်သည် ဘာ့က်အားသစ္စာဖောက်ခဲ့သည်။အစိုးရသက်သေအဖြစ် အမှုထွက်ဆိုပေးခဲ့ပြီး သူ့အပြစ်ပေါ့လျော့ရေးကိုဦးစားပေးခဲ့သည်။
          ၁၈၂၉ခုနှစ်၊ဇန်နဝါရီ၂၈ရက်နေ့၊မနက်၈း၁၅တွင် ဘာ့က်အား လူပရိသတ်၂၅၀၀၀ဝန်းကျင် ရှေ့တွင် ကြိုးဒဏ်စီရင်ခဲ့သည်။ယခုအချိန်တွင် ဘာ့က်၏ အရိုးစုကို အီဒင်ဘာ့က်ဆေးသိပ္ပံကျောင်း၏ ခန္ဓာဗေဒပြတိုက်တွင်ပြသထားလျက်ရှိသည်။
          ဘာ့က်ကတော့ ဤတွင်နိဋ္ဌိတံလေပြီ။သို့သော် ဟဲယ်၏ဘဝကတော့ဆန်းသည်။လုပ်ဖော် ကိုင်ဖက်ဖြစ်သူ ဘာ့က်တစ်ယောက်ကြိုးပေးခံရသော်လည်း သူကတော့ ကြိုးပေးမခံရပေ။ဘယ်နှခုနှစ် တွင် သူသေဆုံးသည်ဆိုသည့် အထောက်အထားမကျန်ခဲ့၍ဖြစ်သည်။ထို့ထက်ပိုဆန်းသည့်အချက်မှာ ဟဲယ်သည် အကြောင်းကြောင်းကြောင့်ထောင်မှလွတ်သွားခဲ့သည်။လွတ်ပုံကလည်း တရားဝင်ပင် ဖြစ် လိမ့်မည်။အဘယ်ကြောင့်ဆိုသော် ဟဲယ်အား ရှာဖွေဝရမ်းထုတ်သည့်မှတ်တမ်းမျိုး မတွေ့ရှိ၍ဖြစ်သည်။
          ထို့နောက်တွင်တော့ ဟဲယ်သည်လူမြင်ကွင်းမှ ထာဝရပျောက်ဆုံးသွားခဲ့သည်။လုပ်ကြံခံရ သည်ပဲလား၊သူ့ဘဝသူဇာတ်မြုပ်လိုက်သည်ပဲလား ဆိုသည်မှာတော့ ကာယကံရှင်သာသိပါလ်မ့်မည်။
          ဤသို့ဖြင့်။နာမည်ဆိုးနှင့်ကျော်ကြားလျက်ရှိသည့် “အနောက်ဆိပ်ကမ်းလူသတ်မှုများ”ကား ပေါ်ပေါက်ခဲ့ပါသည်။အီဒင်ဘာ့ဂ်မြို့လေးသည်လည်း အိပ်မက်ဆိုးတို့မှနိုးထခဲ့ပါပြီ။အရိပ်တွင်နေ၍၊အခက် ချိုးခဲ့သူ နှစ်ဦး၏ ငရဲလမ်းကတော့ မဖြောင့်ဖြူးခဲ့ပါလေ။
         
မှီငြမ်း-www.wikipedia.org
          http://www.murderpedia.org
          http://www.sciencemuseum.com
          http://www.burkeandhare.com
          Blackwoods magazine(1828.November)
        “West port murder of Edinburg” by “Thomas Ireland”(1829)
          Scot ma    gazine(1828.December)
      Burke and Hare(Movie)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s