Monthly Archives: November 2014

ချန်ခဲ့

ကတိတွေအတန်တန်ပေးပြီး
သစ္စာတွေထားခဲ့ကြဖူးပါတယ်။

ဒါပေမယ့်……..
အေးအတူပူအမျှဆိုတာကိုတော့
ချိုးဖောက်ပါရစေ။

ဝိသကြုံဖန်ဆင်းလို့
အေးမြတဲ့တောမြိုင်လယ်မှာတော့
မဒ္ဒီဒေဝီဖြစ်ခွင့်ရှိပါတယ်။
ဗလာသက်သက်နဲ့ ခယောင်းတောထဲ
ခြေဖဝါး သွေးချင်းချင်း နီစေဖို့တော့
မလိုက်ခဲ့ပါနဲ့ ကောင်မလေးရယ်။

လွမ်းစရာတွေရှိသေးရင် ဖြေနိုင်အောင်
နာကျင်စရာတွေထားခဲ့ပါ့မယ်
ကျေးဇူးပြုပြီး မုန်းတီးလိုက်ပါတော့။

ပျော်ရွှင်စရာတွေဟာ
တို့နှစ်ယောက်အတွက်ဆိုရင်
ဝမ်းနည်းဖို့ကိုတော့ မောင်ပိုင်စီးထားပါရစေ။

image