ဘယ်သူ့ဖုန်းလဲ

       ကိုသြတစ်ယောက် သူငယ်ချင်းများနှင့် ဂေါက်ရိုက်ပြီးနားနေခန်းတွင်နားနေစဉ် သူ့ဘေး
ချထားသောဖုန်းကထမြည်လာသဖြင့် ကိုင်လိုက်သည်။
       “ဟယ်လို”
       “မောင်ရေ ဟိုတစ်ခေါက်က ချစ်သိပ်လိုချင်တဲ့ ဒေါ်လာ၉၉၀တန်အကျီလေ ခုDiscountချတာ
ဒေါ်လာ၅၅၀တည်းသိလား။”
       “အင်း”
       “အဲဒါချစ်ကိုဝယ်ပေးပါနော်။”
       “ချစ်လိုချင်လဲဝယ်လေ။မောင့်Credit cardကိုယူသုံးလိုက်။”
       “တကယ်လားမောင်…။ပျော်လိုက်တာ။သြော် ဒါနဲ့မောင်ရေ။ဟိုတစ်ခေါက်က ချစ်တို့ကြည့်ခဲ့တဲ့
ကားလေးလေ။အဲဒါအရင်တုန်းက ဒေါ်လာ၃၀၀၀၀မဟုတ်လား။ခုဈေးကျသွားတာ ၂၅၀၀၀ပဲသိလား။
ချစ်တို့အခြေအနေနဲ့ကလဲ ဒီလိုကားကောင်းလေးစီးမှမောင်ရဲ့။အဲဒါလေးလည်း ဝယ်လိုက်မယ်နော်။”
       “ဈေးကတော့နည်းနည်းများပုံပဲ။ဒါပေမယ့် ချစ်စိတ်ချမ်းသာရင်လုပ်လေ။”
       “ဟား…မောင်ဒီနေ့ သဘောကောင်းလှချည်လား။ဒါနဲ့မောင်…စကားမစပ်လေ။ကားကတော့
ဟုတ်ပါပြီမောင်ရယ်။ကားနဲ့ယှဉ်ရင်အိမ်ကနည်းနည်းပဲ့တယ်။ချစ်အိမ်တစ်လုံးတွေ့ထားတယ်သိလား။
ခြံကလည်းအကျယ်ကြီး။ရေကူးကန်၊ပန်းခြံတွေအစုံပါတယ်။ဈေးကဒေါ်လာ၉၇၀,၀၀၀တည်း။အဲဒါ
ချစ်ဝယ်ချင်တယ်ကွာ။အဆင်ပြေပါ့မလား။
       “အင်း…ရပါတယ်။ဘဏ်ကနေချေးလိုက်လေ။မောင်ပြန်ဆပ်လိုက်ပါ့မယ်။”
       “ဟယ် တကယ်။ချစ်ကမောင့်ကိုနောက်နေတာ။မောင်ကဝယ်ပေးတယ်ကြည့်စမ်း။မောင့်ကို
တော့သိပ်ချစ်သွားပြီ။ဒါပဲနော် တာ့တာ။”
       “အင်း တာ့တာ။”
       ကိုသြဖုန်းချလိုက်သည်။
       ဖုန်းချပြီးပြီးချင်းပင် သူမသိသောအရာတစ်ခုကို တစ်ခန်းလုံးကြားအောင် လှမ်းအော်မေးလိုက် သည်။
       “ဒီဖုန်းကဘယ်သူ့ဖုန်းဆိုတာ သိတဲ့သူတစ်ယောက်ယောက်များရှိလားဟင်။”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s