Monthly Archives: March 2015

ချစ်လို့စတာ

အောက်ကစာသားကိုဖတ်ပါ။

This dog, is dog, a dog, good dog, way dog, to dog, keep dog, an dog, idiot dog, busy dog, for dog, 20dog, seconds dog.

ကဲ…အခု dogဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး ပြန်ဖတ်ကြည့်ပါ။

ဒီလိုပြောတာ

ကောင်လေး- ငါကကမ္ဘာဆို နင်ကငါ့အတွက်တော့ နေမင်းတစ်စင်းပါဟာ။
ကောင်မလေး- အစဉ်အမြဲ အလင်းရောင်ပေးနိုင်ပြီး နင့်ကိုနွေးထွေးစေတယ်ဆိုပါတော့။
ကောင်လေး- အဲဒါထက် ပိုလေးနက်တဲ့ ရည်ညွှန်းချက်ရှိသေးတယ်။
ကောင်မလေး- ဘာလဲဟင်……။
ကောင်လေး- ငါနဲ့နင့်ကြား မိုင်ပေါင်း၉၂၉၃၅၇၀၀ခြားနေရင် ငါ့ဘဝခုထက်ပိုပြီးအေးချမ်းမှာဟ။
ကောင်မလေး- &$*@%$&$

မသိလို့

          တစ်နေ့မှာ ဂျစ်တူးနှင့်သူ့အမေတို့ လမ်းထွက်လျှောက်ကြသည်။
          လမ်းခုလပ်အရောက်မှာတော့ မိုးကရုတ်တရက်ရွာလာသည်။
          မိုးရွာလာသည်နှင့် အမေဖြစ်သူက ဂျစ်တူးလက်ကိုဆွဲလဲဆွဲရင်း ပါးစပ်မှလည်းပြောသည်။          
          “မိုးရွာပြီ..သားရေ။ ပြေးပြေး.. ရှေ့ကိုပြေး”
          ထိုလောဆော်သံကြားတော့ ဂျစ်တူးကသူ့အမေကို တစ်ခွန်းတည်းမေးလိုက်သည်။
          “ဘာလို့ပြေးခိုင်းတာလဲမေမေ။ ရှေ့မှာ မိုးမရွာလို့လားဟင်”

ယဉ်ယဉ်ကျေးကျေးဆဲနည်း

          လူတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးလေးဆဲချင်နေလား။
          လွယ်လွယ်လေးပါ။
          “370HSSV 0773H” ဒီလိုလေး ရေးပေးလိုက်…။
          ဘာ……အဓိပ္ပါယ်…။ ဟုတ်လား။
          သိချင်ရင် ကိုယ့်ဖာသာကိုယ်ပဲ စာသားကို ပြောင်းပြန်ထောင်ပြီးဖတ်ကြည့်လှည့်…။

သိချင်လို့

          ဂျစ်တူးတစ်ယောက် သူ့ချက်သူကြည့်ပြီး “ဒါဘာလဲ”ဟုသူ့အဖေကို တအံ့တသြမေးသည်။
          အဖေက………
          “ချက်ကြိုးဆိုတာ ဗိုက်ထဲကကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတဲ့ အရာတစ်ခုပဲ။ မိခင် ဝမ်းတွင်းကခွာတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့ချက်ဖြစ်လာ ခဲ့တာသားရဲ့” ဟုအတိုချုံးရှင်းပြလိုက်သည်။
          ထိုစကားကြားတော့ ဂျစ်တူးတစ်ယောက် သူသိချင်သောမေးခွန်းကို သူ့အဖေအားဆက် မေးသည်။
          “ဒါဖြင့် ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲဟင် ဖေဖေ”

သိပ်မကြာပါဘူး

Waiter- အကြာကြီးစောင့်လိုက်ရလား မသိဘူးခင်ဗျ။
Customer- သိပ်မကြာသေးပါဘူး။ ဒါနဲ့ ခင်ဗျားသိလား…။
Waiter- ဘာကိုလဲခင်ဗျ။
Customer- ခင်ဗျားတို့စားသောက်ဆိုင် မျက်နှာကြက်မှာ လေးထောင့်ကွက်ပေါင်း ၃၂၉၆ကွက်ရှိတယ် ဆိုတာကိုလေ။