ဝေးသူ

သွေ့ခြောက်ခြောက်အခန်းလေးနဲ့
အေးတိအေးစက် အထိအတွေ့တို့က
(ငါ့ကို) အရင်ဆုံး ခရီးဦးကြိုပြုတယ်။

ဒီမနက်ခင်းမှပဲ
နေခြည်တွေက မလန်းမဆန်း
စာသင်ခန်းထဲက လမင်းလေးလဲ
ငါ့ဘေးနား ဒီနေ့မသာဘူးကွယ်။

အခန်းထဲက မီးရောင်တွေက
အခုမှပဲ လင်းလိုက်မှိတ်လိုက်
္နဒီနေ့ကျ အရာရာက
ငါ့အတွက် အုံ့မှိုင်းလွန်းနေခဲ့တယ်။

ဝှိုက်ဘုတ်ကို ငေးကြည့်နေပေမယ့်
ငါ့စိတ်တွေကတော့ ပျံ့လွင့်ဝေဝါး
လက်ချာစာအုပ်ထဲ
အထပ်ထပ်အခါခါ ချရေးထားတာ
နင့်နာမည်လေးတစ်လုံးတည်းပေါ့ကွယ်။

လွမ်းတယ်…ကောင်မလေးရယ်။
ဘယ်အလင်္ကာတွေ ဘယ်လိုဆောင်ဆောင်
ဒီကောင်တစ်ယောက်ကတော့
နေမမြင့်ခင်မှာတင် အရူးရင့်နေပါရဲ့။

ဘယ်နတ်ဘုရားရဲ့ခံနိုင်ရည်မျိုးနဲ့
ဒီအခြေအနေကို ကြံ့ကြံ့ခံထားရမှာတဲ့လဲ။
ပုစဉ်းတစ်ကောင်ရဲ့တမ်းတခြင်းနဲ့
ဥသြတစ်ကောင်ရဲ့လွမ်းဆွတ်ခြင်းတို့က
ငါ့စိတ်အစဉ်ကို စီးမိုးထားတယ်။

ထားပါကွယ်………။
ဒီတစ်နေ့လုံးတော့
ပင့်သက်တစ်စုံ ရှိုက်မိတိုင်း
ငါ့နှုတ်ခမ်းဖျားထက်မှာ
တစ်ခွန်းတည်းသောစကားကိုသာ
ထမ်းပိုးစေမိလိမ့်မယ်။
“ငါ
    နင့်ကို
           အရမ်းလွမ်းတယ်”

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s