Monthly Archives: June 2015

ေႁမြျမင္ၾကေသာအခါ (မြွေမြင်ကြသောအခါ)

image

image

image

image

image

image

image

image

image

image

image

Advertisements

အခ်စ္တစ္ပန္းကန္ (အချစ်တစ်ပန်းကန်)

အၾကင္နာအျပည့္နဲ႔
အတူခ်က္ထားတဲ႔စြပ္ျပဳတ္တစ္ခြက္
သူတစ္ဇြန္းခပ္ ကိုယ္တစ္ဇြန္းခပ္ရင္း
မနက္ခင္းတိုင္းဟာ လတ္ဆတ္ေနခဲ႔တယ္။

ခ်စ္သူေရ…ေရာ့…။
အသားဖတ္ေလးစား
အသီးအရြက္ေလးလည္းဝါး
ဘဝရဲ႕ခ်ိဳၿမိန္ျခင္းဆိုတာေတြအကုန္လံုး
သူမဆီမွာပဲပံုေပးထားမိတယ္။

ဆားေလးခတ္ထား။
ငရုတ္ေကာင္းေလးျဖဴးထား။
ေရွာက္ရည္ေလးညွစ္ထား။
ဘဝဆိုတာ ခ်ိဳ၊ခ်ဥ္၊ဖန္၊ငန္၊စပ္၊ခါး
ရသာေျခာက္ပါးျပည့္စံုဖို႔လိုတယ္ကြဲ႔။

ရိုးရိုးသာမန္စြတ္ျပဳတ္ေလးပါပဲ။
နာမည္ႀကီးဟင္းလ်ာမဟုတ္သလို
ဘယ္စားဖိုမွဴးမွလည္းခ်က္မေပးခဲ႔ဘူး။

ေကာင္းႏိုးရာရာေလးေတြ ျဖည့္ရင္းစြက္ရင္း
ဘာပဲျဖစ္လာလာ အရသာရွိေၾကးရယ္လို႔
ႏွစ္ဦးသားသေဘာတူထားၾကရံု။

ဒီလိုပံုနဲ႔ စြတ္ျပဳတ္ပန္းကန္တစ္ဝက္က်ိဳးခ်ိန္မွာ
ဇြန္းကိုင္လက္ေတြေႏွးလာခဲ႔ၾကတယ္။

ဒါဟာ သဘာဝလား…။
ျဖစ္ရိုးျဖစ္စဥ္လား…။
တစ္ခ်ိန္တုန္းက”သူမ”ဆိုတာကိုေတာ့ သတိရလိုက္တာ။

တျဖည္းတျဖည္းနဲ႔အခ်ိန္ေတြၾကာ
ဝါက်င္က်င္ပန္းကန္ေလးထဲက
စြတ္ျပဳတ္ေတြေတာင္ကုန္လုနီးခဲ့ေပါ့။

မေလ်ာ့တေလ်ာ့ျဖစ္ေနတဲ႔ေစာင္းႀကိဳးေလးရယ္
မင္းဘယ္အခ်ိန္မွာျပတ္လိမ့္မလဲ။
စြတ္ျပဳတ္ဆိုတာမ်ိဳးက
အစပိုင္းမွာေႏြးသေလာက္
ေနာက္ပိုင္းက်ေတာ့ေအးစက္စက္နဲ႔။
(လင္း)
(27.6.2015)
{Zawgyi}

အကြင်နာအပြည့်နဲ့
အတူချက်ထားတဲ့စွပ်ပြုတ်တစ်ခွက်
သူတစ်ဇွန်းခပ် ကိုယ်တစ်ဇွန်းခပ်ရင်း
မနက်ခင်းတိုင်းဟာ လတ်ဆတ်နေခဲ့တယ်။

ချစ်သူရေ…ရော့…။
အသားဖတ်လေးစား
အသီးအရွက်လေးလည်းဝါး
ဘဝရဲ့ချိုမြိန်ခြင်းဆိုတာတွေအကုန်လံုး
သူမဆီမှာပဲပံုပေးထားမိတယ်။

ဆားလေးခတ်ထား။
ငရုတ်ကောင်းလေးဖြူးထား။
ရှောက်ရည်လေးညှစ်ထား။
ဘဝဆိုတာ ချို၊ချဥ်၊ဖန်၊ငန်၊စပ်၊ခါး
ရသာခြောက်ပါးပြည့်စံုဖို့လိုတယ်ကွဲ့။

ရိုးရိုးသာမန်စွတ်ပြုတ်လေးပါပဲ။
နာမည်ကြီးဟင်းလျာမဟုတ်သလို
ဘယ်စားဖိုမှူးမှလည်းချက်မပေးခဲ့ဘူး။

ကောင်းနိုးရာရာလေးတွေ ဖြည့်ရင်းစွက်ရင်း
ဘာပဲဖြစ်လာလာ အရသာရှိကြေးရယ်လို့
နှစ်ဦးသားသဘောတူထားကြရံု။

ဒီလိုပံုနဲ့ စွတ်ပြုတ်ပန်းကန်တစ်ဝက်ကျိုးချိန်မှာ
ဇွန်းကိုင်လက်တွေနှေးလာခဲ့ကြတယ်။

ဒါဟာ သဘာဝလား…။
ဖြစ်ရိုးဖြစ်စဥ်လား…။
တစ်ချိန်တုန်းက”သူမ”ဆိုတာကိုတော့ သတိရလိုက်တာ။

တဖြည်းတဖြည်းနဲ့အချိန်တွေကြာ
ဝါကျင်ကျင်ပန်းကန်လေးထဲက
စွတ်ပြုတ်တွေတောင်ကုန်လုနီးခဲ့ပေါ့။

မလျော့တလျော့ဖြစ်နေတဲ့စောင်းကြိုးလေးရယ်
မင်းဘယ်အချိန်မှာပြတ်လိမ့်မလဲ။
စွတ်ပြုတ်ဆိုတာမျိုးက
အစပိုင်းမှာနွေးသလောက်
နောက်ပိုင်းကျတော့အေးစက်စက်နဲ့။
(လင်း)
(27.6.2015)
{Unicode}

image