ေမွ်ာ္ (မှေျာ်)

ဖုန္းေလးကိုေဘးနားထား
သီးသန္႔Ringtoneေလးလာမလားလို႔
လည္တဆန္႔ဆန္႔ေမွ်ာ္ေနမိတယ္။

တခ်က္ခ်က္မည္တဲ႔စကၠန္႔တံေတြက
ေျခာက္ျခားဖြယ္အတိနဲ႔ ေအးစက္စိမ္းကား…။
ခ်စ္သူ႔အသံၾကားဖို႔ေစာင့္ရတာ
ရထားေနာက္က်တာထက္ခံစားရခက္မွန္း
အခုေတာ့ နားလည္တတ္ခဲ့ပါၿပီ။

မ်က္လံုးေလးကိုလက္ဖဝါးနဲ႔ကာ
တစ္ႏွစ္သံုးေရၿပီး
ဖြင့္ၾကည့္ရတာလည္းအခါခါ…။

ခဏခဏလာတတ္တဲ့Notiေတာင္
ဒီေန႔မွဘယ္ဆီေနမွန္းမသိ။
တယ္လီဖုန္းသာအသက္ရွိရင္
ကြ်န္ေတာ့္ကိုေလွာင္ရယ္ေနေလာက္ၿပီ။

Screenေလးပဲလင္းလာမလား။
Ringသံေလးပဲၾကားရမလား။
ရွည္ၾကာလြန္းတဲ႔အခိုက္အတန႔္ေတြကို
ေမွ်ာ္လင့္ခ်က္နဲ႔ပဲဆြဲဆြဲဆန္႔ေနခဲ႔ရ။

Dialerထဲဝင္
ရိုက္မိတဲ႔သူမဖုန္းနံပါတ္ကိုလည္း
ျပန္ဖ်က္ပစ္ေနရတာအခါခါ။

ျမည္လိုက္ပါတယ္လီဖုန္းေလးရယ္။
Miss calledဆိုရင္ေတာင္ ငါေက်နပ္ပါတယ္။
(လင္း)
(3.6.2015)
(Zawgyi)

ဖုန်းလေးကိုဘေးနားထား
သီးသန့်Ringtoneလေးလာမလားလို့
လည်တဆန့်ဆန့်မှေျာ်နေမိတယ်။

တချက်ချက်မည်တဲ့စက္ကန့်တံတွေက
ခြောက်ခြားဖွယ်အတိနဲ့ အေးစက်စိမ်းကား…။
ချစ်သူ့အသံကြားဖို့စောင့်ရတာ
ရထားနောက်ကျတာထက်ခံစားရခက်မှန်း
အခုတော့ နားလည်တတ်ခဲ့ပါပြီ။

မျက်လံုးလေးကိုလက်ဖဝါးနဲ့ကာ
တစ်နှစ်သံုးရေပြီး
ဖွင့်ကြည့်ရတာလည်းအခါခါ…။

ခဏခဏလာတတ်တဲ့Notiတောင်
ဒီနေ့မှဘယ်ဆီနေမှန်းမသိ။
တယ်လီဖုန်းသာအသက်ရှိရင်
ကျွန်တော့်ကိုလှောင်ရယ်နေလောက်ပြီ။

Screenလေးပဲလင်းလာမလား။
Ringသံလေးပဲကြားရမလား။
ရှည်ကြာလွန်းတဲ့အခိုက်အတန့်တွေကို
မှေျာ်လင့်ချက်နဲ့ပဲဆွဲဆွဲဆန့်နေခဲ့ရ။

Dialerထဲဝင်
ရိုက်မိတဲ့သူမဖုန်းနံပါတ်ကိုလည်း
ပြန်ဖျက်ပစ်နေရတာအခါခါ။

မြည်လိုက်ပါတယ်လီဖုန်းလေးရယ်။
Miss calledဆိုရင်တောင် ငါကျေနပ်ပါတယ်။
(လင်း)
(3.6.2015)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s