၄၃ (၄၃)

မ်ဥ္းတစ္ေျဖာင့္တည္းေပမယ့္
အစြန္းတစ္ဖက္စီကလူေတြပါ။
သူမအတြက္လည္းကြ်န္ေတာ္ကမႈန္ပ်ပ်။
ကြ်န္ေတာ့္အတြက္လည္းသူမကမႈန္ပ်ပ်။

အစကတည္းက
တစ္ကမာၻစီေမြးခဲ႔ရင္အေကာင္းသား။
အခုေတာ့ အလြမ္းေတြကပဲ
ေခတ္ေဟာင္းျပဇာတ္ဆန္ခဲ့ရ။

မ်က္လံုးေလးမွိတ္ မီးေလးပိတ္
စိတ္ကိုအတိတ္ဆီ အလည္ခဏပို႔လိုက္တယ္။

နင္ရွိတဲ႔ကမာၻမွာ
အိပ္မက္မက္ရတာေတာင္ ေႏြဦးဆန္လြန္းရဲ႕။
မပူ မေအး အရာရာတိုင္းကေႏြးေထြးလို႔…။

အဲဒီအိပ္မက္ကိုတစ္ခန္းရပ္ပါ။
နင္ကငါ့အတြက္သိပ္ေဝးလြန္းေနတယ္တာရာ။

ေၾကးျဖတ္ရတာမခက္ဘူး။
တန္ဖိုးသတ္မွတ္ဖို႔ကခက္လိုက္တာ။
တစ္ကယ္ဆို…သူမအတြက္ကြ်န္ေတာ့္အိပ္မက္ေတြဟာ
ေသာင္ျပင္ထက္မွာေရးတဲ႔စာ…
လိႈင္းတစ္ခ်က္ပုတ္ရံုနဲ႔
ေပ်ာက္ျပယ္သြားၾကမယ့္အရာ…။
(လင္း)
(၁၆.၆.၂၀၁၅)
(Zawgyi)

မျဥ်းတစ်ဖြောင့်တည်းပေမယ့်
အစွန်းတစ်ဖက်စီကလူတွေပါ။
သူမအတွက်လည်းကျွန်တော်ကမှုန်ပျပျ။
ကျွန်တော့်အတွက်လည်းသူမကမှုန်ပျပျ။

အစကတည်းက
တစ်ကမာ္ဘစီမွေးခဲ့ရင်အကောင်းသား။
အခုတော့ အလွမ်းတွေကပဲ
ခေတ်ဟောင်းပြဇာတ်ဆန်ခဲ့ရ။

မျက်လံုးလေးမှိတ် မီးလေးပိတ်
စိတ်ကိုအတိတ်ဆီ အလည်ခဏပို့လိုက်တယ်။

နင်ရှိတဲ့ကမာ္ဘမှာ
အိပ်မက်မက်ရတာတောင် နွေဦးဆန်လွန်းရဲ့။
မပူ မအေး အရာရာတိုင်းကနွေးထွေးလို့…။

အဲဒီအိပ်မက်ကိုတစ်ခန်းရပ်ပါ။
နင်ကငါ့အတွက်သိပ်ဝေးလွန်းနေတယ်တာရာ။

ကြေးဖြတ်ရတာမခက်ဘူး။
တန်ဖိုးသတ်မှတ်ဖို့ကခက်လိုက်တာ။
တစ်ကယ်ဆို…သူမအတွက်ကျွန်တော့်အိပ်မက်တွေဟာ
သောင်ပြင်ထက်မှာရေးတဲ့စာ…
လှိုင်းတစ်ချက်ပုတ်ရံုနဲ့
ပျောက်ပြယ်သွားကြမယ့်အရာ…။
(လင်း)
(၁၆.၆.၂၀၁၅)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s