Monthly Archives: July 2015

Social life

အေဝးကလူေတြနဲ႔နီးခဲ႔ေပမယ့္
အနီးကလူေတြနဲ႔ေတာ့ေဝးသြားရတယ္။

Likeေတြမ်ားေပမယ့္
ကိုယ့္ကိုတစ္ကယ္ေထာက္ခံသူနည္းလာတယ္။
Commentေတြရွိေပမယ့္
ကိုယ့္ကိုတစ္ကယ္ေလးနက္သူရွားလာတယ္။

လက္ညွိဳးေလးေထာင္ ပါးေလးေဖာင္း
ကိုယ့္ဘဝရဲ႕အမွတ္တရေတြကို
ေလထဲမွာပဲငါတို႔ဖန္တီးေနရတာ
တစ္ကယ္ဆိုရင္လူျဖစ္ရွံဳးတယ္။

Smart phone, Smart watch
ေနာက္ၿပီး Smart life………။
ကတိုက္ကရိုက္နဲ႔ေျပးလႊားေနတဲ႔လက္ေခ်ာင္းေတြက
အခ်ိန္ေတြကို ဝါး…မ်ိဳ…တိုက္…စား။
အားခနဲေအာ္ၿပီးအိပ္မက္ကတစ္ေရးႏိုးေတာ့
ဘာမဟုတ္ညာမဟုတ္နဲ႔
ဒီတစ္ရက္လည္းထပ္ကုန္သြားျပန္ၿပီ။

ဟိုတစ္ေန႔ကေပါ့။
အေဖနဲ႔သူ႔သူငယ္ခ်င္း………
သူတို႔ဆယ္ေက်ာ္သက္ဘဝအမွတ္တရေတြနဲ႔
ျပန္ႏုပ်ိဳသြားၾကတယ္။

ေၾသာ္………သူငယ္ခ်င္းရယ္…။
ငါလည္းအဲဒီအသက္ အဲဒီအရြယ္ေရာက္ရင္
မင္းနဲ႔ေရေႏြးၾကမ္းဝိုင္းဖြဲ႔ၿပီး
(ခဏေလာက္ျဖစ္ျဖစ္)ျပန္ပ်ိဳမ်စ္ခြင့္ရွိခ်င္တယ္။

“ဟယ္လို…သားႀကီး………။
မနက္ျဖန္တစ္ရက္ေတာ့
တို႔သူငယ္ခ်င္းေတြျပန္ဆံုၾကမယ္။”

(လင္း)
(Zawgyi)

အဝေးကလူတွေနဲ့နီးခဲ့ပေမယ့်
အနီးကလူတွေနဲ့တော့ဝေးသွားရတယ်။

Likeတွေများပေမယ့်
ကိုယ့်ကိုတစ်ကယ်ထောက်ခံသူနည်းလာတယ်။
Commentတွေရှိပေမယ့်
ကိုယ့်ကိုတစ်ကယ်လေးနက်သူရှားလာတယ်။

လက်ညှိုးလေးထောင် ပါးလေးဖောင်း
ကိုယ့်ဘဝရဲ့အမှတ်တရတွေကို
လေထဲမှာပဲငါတို့ဖန်တီးနေရတာ
တစ်ကယ်ဆိုရင်လူဖြစ်ရှံုးတယ်။

Smart phone, Smart watch
နောက်ပြီး Smart life………။
ကတိုက်ကရိုက်နဲ့ပြေးလွှားနေတဲ့လက်ချောင်းတွေက
အချိန်တွေကို ဝါး…မျို…တိုက်…စား။
အားခနဲအော်ပြီးအိပ်မက်ကတစ်ရေးနိုးတော့
ဘာမဟုတ်ညာမဟုတ်နဲ့
ဒီတစ်ရက်လည်းထပ်ကုန်သွားပြန်ပြီ။

ဟိုတစ်နေ့ကပေါ့။
အဖေနဲ့သူ့သူငယ်ချင်း………
သူတို့ဆယ်ကျော်သက်ဘဝအမှတ်တရတွေနဲ့
ပြန်နုပျိုသွားကြတယ်။

သြော်………သူငယ်ချင်းရယ်…။
ငါလည်းအဲဒီအသက် အဲဒီအရွယ်ရောက်ရင်
မင်းနဲ့ရေနွေးကြမ်းဝိုင်းဖွဲ့ပြီး
(ခဏလောက်ဖြစ်ဖြစ်)ပြန်ပျိုမျစ်ခွင့်ရှိချင်တယ်။

“ဟယ်လို…သားကြီး………။
မနက်ဖြန်တစ်ရက်တော့
တို့သူငယ်ချင်းတွေပြန်ဆံုကြမယ်။”

(လင်း)
(Unicode)

image

ပရိကၡရာရွစ္ပါး (ပရိက္ခရာရှစ်ပါး)

ပတၱ = သပိတ္
သင္းပိုင္ = ေအာက္ပိုင္းဝတ္သကၤန္း
ဧကသီ = အေပၚပိုင္းဝတ္သကၤန္း
ဒုကုဋ္ = ၂ထပ္သကၤန္းႀကီး
ကာယဗႏၶန = ခါးပန္းႀကိဳး
ဝါသိကာ = ေခါင္းရိတ္ဓား
သူစိ = အပ္၊အပ္ခ်ည္
ပရိသာဝန = ေရစစ္
(လင္း)
(Zawgyi)

ပတ္တ = သပိတ်
သင်းပိုင် = အောက်ပိုင်းဝတ်သင်္ကန်း
ဧကသီ = အပေါ်ပိုင်းဝတ်သင်္ကန်း
ဒုကုဋ် = ၂ထပ်သင်္ကန်းကြီး
ကာယဗန္ဓန = ခါးပန်းကြိုး
ဝါသိကာ = ခေါင်းရိတ်ဓား
သူစိ = အပ်၊အပ်ချည်
ပရိသာဝန = ရေစစ်
(လင်း)
(Unicode)

ဖတ္သင့္တဲ႔ကဗ်ာ (ဖတ်သင့်တဲ့ကဗျာ)

အလံကို
ထိပ္ဆံုးလူလက္
ထိလုလုအခ်ိန္

ေခ်ာတိုင္ရင္းကို
တင္းတင္းဖက္ထားတဲ႔
ေအာက္ဆံုးလူပုခံုးသားမ်ိဳး
တို႔ႏွလံုးသားေတြ
သန္မာစမ္းပါရေစ။
(Credit to မင္းကိုႏိုင္)
(Zawgyi)

အလံကို
ထိပ်ဆံုးလူလက်
ထိလုလုအချိန်

ချောတိုင်ရင်းကို
တင်းတင်းဖက်ထားတဲ့
အောက်ဆံုးလူပုခံုးသားမျိုး
တို့နှလံုးသားတွေ
သန်မာစမ်းပါရစေ။
(Credit to မင်းကိုနိုင်)
(Unicode)

image

ယာဥ္ေၾကာပိတ္ဆို႔မႈ (ယာဥ်ကြောပိတ်ဆို့မှု )

သူတိုးကိုယ္တိုးနဲ႔ေတာ့
ပိုပိုဆိုးလာဖို႔ပဲရွိမယ္။

ခင္ဗ်ားလဲနည္းနည္းဖယ္
ကြ်န္ေတာ္လဲနည္းနည္းကပ္
အေလွ်ာ့ေပးတတ္ရင္
လမ္းဆိုတာက်ယ္ပါတယ္။

တိတ္တိတ္ေလးဆဲေရးေနတဲ႔အထဲ
လူႀကီးလူေကာင္းဆိုသူေတြက အမ်ားဆံုးပါတယ္။

“Me”ထက္”We”ကို အရင္စဥ္းစား
ဒီလို ကားေခါင္းႀကီးအတင္းတိုးတာက
အခ်င္းမ်ားရံုအျပင္မပိုဘူးေနာ္အန္ကယ္လ္။

မီးပိြဳင့္ကေမာ္ေတာ္ပီကယ္
ဘယ္အလည္သြားမွွန္းကြ်န္ေတာ္မသိဘူး။
လက္ညွိဳးေထာင္၊လက္ျပ
အဲဒီယဥ္ေက်းမႈ သူမရွိရာကစခဲ႔တယ္။

ေက်ာ္တက္၊ လုတက္၊ ႏွစ္ထပ္ရပ္
ဒီလို စည္းပ်က္ကမ္းပ်က္ၿမိဳ႕ဟာ
ဘယ္ႏွရာစုႏွစ္အထိေအာင္
ႀကံ႕ႀကံ႕ခံႏိုင္ပါ့မလဲ။

“စနစ္မေကာင္းရင္
အသစ္ေျပာင္းသင့္တယ္။”
ဒီစကားေျပာသူေတြအကုန္လံုး
ယာဥ္စည္ကမ္းမေဖာက္ပဲ
လိုင္စင္အသိမ္းခံခဲ႔ၾကရဲ႕။
(ျပင္သင့္တဲ႔အထဲ အဲဒါကထိပ္ဆံုးမွာရွိတယ္။)

မႏွစ္ၿမိဳ႕ေပမယ့္
ကြ်န္ေတာ္ကေတာ့ တိတ္တိတ္ဆိတ္ဆိတ္
ဒီယာဥ္တန္းႀကီးထဲ ႀကိတ္မွိတ္ၿပီးေနခဲ႔တယ္။
ဘဝမွာ မခ်စ္ေပမယ့္လည္း တစ္ခါတစ္ခါေတာ့
အသက္ေအာင့္ၿပီးနမ္းေနရတယ္။

ကြ်န္ေတာ္တို႔သြားခြင့္မရွိတဲ႔
ေဘးကလမ္းမႀကီးကေတာ့
ျဖဴးလဲျဖဴး…ေျဖာင့္လဲေျဖာင့္။
လမ္းအရည္အေသြးကလဲသိပ္ေကာင္းပါရဲ႕။

“ေဟ့လူေတြ………
ေရွာင္ၾက ရွားၾက ေရြ႕ၾက ဖယ္ၾက”
အေနာက္မွာပါလာတဲ႔မာစီဒီးက
လူႀကီးကားဆိုပဲကြယ္။
(လင္း)
(၂၀.၇.၂၀၁၅)
(Zawgyi)

သူတိုးကိုယ်တိုးနဲ့တော့
ပိုပိုဆိုးလာဖို့ပဲရှိမယ်။

ခင်ဗျားလဲနည်းနည်းဖယ်
ကျွန်တော်လဲနည်းနည်းကပ်
အလှေျာ့ပေးတတ်ရင်
လမ်းဆိုတာကျယ်ပါတယ်။

တိတ်တိတ်လေးဆဲရေးနေတဲ့အထဲ
လူကြီးလူကောင်းဆိုသူတွေက အများဆံုးပါတယ်။

“Me”ထက်”We”ကို အရင်စဥ်းစား
ဒီလို ကားခေါင်းကြီးအတင်းတိုးတာက
အချင်းများရံုအပြင်မပိုဘူးနော်အန်ကယ်လ်။

မီးပိွုင့်ကမော်တော်ပီကယ်
ဘယ်အလည်သွားမှှန်းကျွန်တော်မသိဘူး။
လက်ညှိုးထောင်၊လက်ပြ
အဲဒီယဥ်ကျေးမှု သူမရှိရာကစခဲ့တယ်။

ကျော်တက်၊ လုတက်၊ နှစ်ထပ်ရပ်
ဒီလို စည်းပျက်ကမ်းပျက်မြို့ဟာ
ဘယ်နှရာစုနှစ်အထိအောင်
ကြံ့ကြံ့ခံနိုင်ပါ့မလဲ။

“စနစ်မကောင်းရင်
အသစ်ပြောင်းသင့်တယ်။”
ဒီစကားပြောသူတွေအကုန်လံုး
ယာဥ်စည်ကမ်းမဖောက်ပဲ
လိုင်စင်အသိမ်းခံခဲ့ကြရဲ့။
(ပြင်သင့်တဲ့အထဲ အဲဒါကထိပ်ဆံုးမှာရှိတယ်။)

မနှစ်မြို့ပေမယ့်
ကျွန်တော်ကတော့ တိတ်တိတ်ဆိတ်ဆိတ်
ဒီယာဥ်တန်းကြီးထဲ ကြိတ်မှိတ်ပြီးနေခဲ့တယ်။
ဘဝမှာ မချစ်ပေမယ့်လည်း တစ်ခါတစ်ခါတော့
အသက်အောင့်ပြီးနမ်းနေရတယ်။

ကျွန်တော်တို့သွားခွင့်မရှိတဲ့
ဘေးကလမ်းမကြီးကတော့
ဖြူးလဲဖြူး…ဖြောင့်လဲဖြောင့်။
လမ်းအရည်အသွေးကလဲသိပ်ကောင်းပါရဲ့။

“ဟေ့လူတွေ………
ရှောင်ကြ ရှားကြ ရွေ့ကြ ဖယ်ကြ”
အနောက်မှာပါလာတဲ့မာစီဒီးက
လူကြီးကားဆိုပဲကွယ်။
(လင်း)
(၂၀.၇.၂၀၁၅)
(Unicode)

image

အခ်စ္ဆိုတာ (အချစ်ဆိုတာ)

အခ်စ္ဆိုတာ…………
ကြၽန္ေတာ္တို႔ေတြဘယ္ေတာ့မွေျပာလို႔မကုန္မယ့္အရာ
(လင္း)
(၁၈.၇.၂၀၁၅)
(Zawgyi)

အချစ်ဆိုတာ…………
ကျွန်တော်တို့တွေဘယ်တော့မှပြောလို့မကုန်မယ့်အရာ
(လင်း)
(၁၈.၇.၂၀၁၅)
(Unicode)

image

image

image

image

image

image

image

image

image

image

image

image

image

image

image

အိပ္ဖန္ေစာင့္ (အိပ်ဖန်စောင့်)

ေျခာက္အိပ္မက္ေတြၾကား
နင္တစ္ကိုယ္တည္းမငိုဖို႔
နံေဘးမွာေစာင့္ေနေပးပါရေစတာရာ။

ညဆိုတာမ်ိဳးက
တစ္ခါတစ္ေလေတာ့လကြယ္တယ္။

အလင္းေပ်ာက္တိုင္း
ေၾကာက္ေနတတ္တဲ႔ခ်စ္သူအတြက္
မီးညွိေပးခြင့္ေလးလိုခ်င္ပါတယ္။

ေၾသာ္………
အိပ္ဖန္ေစာင့္ဆိုတာ
ဓားထမ္းထားရံုသက္သက္မွမဟုတ္ပဲကြယ္။

ပင္ပန္းေနရင္လွဲအိပ္
(လိုအပ္ရင္)ေခ်ာ့ပါသိပ္ေပးမယ္။
ကိုယ့္ခ်စ္သူအိပ္မက္လွလွမက္ပါေစ။

အခ်ိန္မဲ႔အခါမဲ႔
မိုးဆိုတာလဲရြာတတ္တယ္။
မိုးႀကိဳးေတြထစ္ခ်ဳန္း
တဒုန္းဒုန္းျမည္ေနရင္ေတာင္
နင္ၿပံဳးစမ္းပါတာရာ။

သိပ္ေၾကာက္ေနရင္ ငါ့ကိုဖက္
နင့္ကပ္လ်က္မွာ ငါရွိေနပါရဲ႕။

ေခ်ာကလက္ေရာင္တိမ္စိုင္ေတြက
အလြင့္လြင့္အစဥ္စဥ္နဲ႔တဖြားဖြားၿပိဳက်
နင့္လက္ဖဝါးႏုႏုမွာ
ရွတတဒဏ္ရာေတြရတဲ႔အခါ
ေရာက္ရာအရပ္ကသာ
ငါ့ကိုလွမ္းေခၚပါ။

ေႏြည…မိုးည…ေဆာင္းည
ေျပာင္းလဲမႈေတြၾကား
အသားက်က်ရွင္သန္ပါ။

မီးေလးကိုမွိတ္
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လဲအိပ္ပါ။

ျခင္မသန္း
ယင္မသန္း
နင့္အိပ္မက္ေတြလဲထာဝစဥ္လန္းဆန္းပါေစတာရာ။
(လင္း)
(၁၅.၇.၂၀၁၅)
(Zawgyi)

ခြောက်အိပ်မက်တွေကြား
နင်တစ်ကိုယ်တည်းမငိုဖို့
နံဘေးမှာစောင့်နေပေးပါရစေတာရာ။

ညဆိုတာမျိုးက
တစ်ခါတစ်လေတော့လကွယ်တယ်။

အလင်းပျောက်တိုင်း
ကြောက်နေတတ်တဲ့ချစ်သူအတွက်
မီးညှိပေးခွင့်လေးလိုချင်ပါတယ်။

သြော်………
အိပ်ဖန်စောင့်ဆိုတာ
ဓားထမ်းထားရံုသက်သက်မှမဟုတ်ပဲကွယ်။

ပင်ပန်းနေရင်လှဲအိပ်
(လိုအပ်ရင်)ချော့ပါသိပ်ပေးမယ်။
ကိုယ့်ချစ်သူအိပ်မက်လှလှမက်ပါစေ။

အချိန်မဲ့အခါမဲ့
မိုးဆိုတာလဲရွာတတ်တယ်။
မိုးကြိုးတွေထစ်ချုန်း
တဒုန်းဒုန်းမြည်နေရင်တောင်
နင်ပြံုးစမ်းပါတာရာ။

သိပ်ကြောက်နေရင် ငါ့ကိုဖက်
နင့်ကပ်လျက်မှာ ငါရှိနေပါရဲ့။

ချောကလက်ရောင်တိမ်စိုင်တွေက
အလွင့်လွင့်အစဥ်စဥ်နဲ့တဖွားဖွားပြိုကျ
နင့်လက်ဖဝါးနုနုမှာ
ရှတတဒဏ်ရာတွေရတဲ့အခါ
ရောက်ရာအရပ်ကသာ
ငါ့ကိုလှမ်းခေါ်ပါ။

နွေည…မိုးည…ဆောင်းည
ပြောင်းလဲမှုတွေကြား
အသားကျကျရှင်သန်ပါ။

မီးလေးကိုမှိတ်
နှစ်နှစ်ခြိုက်ခြိုက်လဲအိပ်ပါ။

ခြင်မသန်း
ယင်မသန်း
နင့်အိပ်မက်တွေလဲထာဝစဥ်လန်းဆန်းပါစေတာရာ။
(လင်း)
(၁၅.၇.၂၀၁၅)
(Unicode)

image