အိုဘယ့္…အႏုပညာသည္ (အိုဘယ့်…အနုပညာသည်)

          တီဗီြတြင္ေပၚေနေသာ လူမလွလွေလးကိုၾကည့္ရင္း သူမနာမည္ကိုမနည္းျပန္စဥ္းစားေနရ သည္။ ခုတေလာ အဆိုေတာ္အသစ္ေတြ ေပၚလာတာကလဲေသာက္ေသာက္လဲမို႔ ကိုယ္အရမ္းcrazy မျဖစ္သည့္အဆိုေတာ္ဆိုလွ်င္ ေခါင္းထဲစြဲမေန။
          ေခတ္ကလည္း ပိုက္ဆံရွိရံုႏွင့္ အဆိုေတာ္လုပ္လို႔ရေနသည္ဆိုေတာ့ ေပါက္တာမေပါက္ တာ အသာထား စီးရီးေလးတစ္ေခြထုတ္ၿပီး အဆိုေတာ္ဂိုက္ဖမ္းခ်င္သူေလးေတြကလည္း မိုးဦးက်ခ်ိန္ ေရာက္သည့္ ဖားေလးမ်ားသဖြယ္ ေျခကားယားလက္ကားယားေလးေတြ ေပၚေပၚလာတတ္ၾကသည္။
          တီဗီြထဲကအဆိုေတာ္မေလးကေတာ့ သူ႔ကိုယ္သူexpressionေကာင္းေကာင္း၊ ဆြဲေဆာင္ မႈအားေကာင္းေကာင္းႏွင့္ သီခ်င္းဆိုေနသည္ဟု ထင္မလားမေျပာတတ္။ ငွက္ရိုးမ်က္စိထဲတြင္ေတာ့ သံစဥ္ခပ္ျမဴးျမဴးတြင္ တစ္ကုိယ္လံုးခါရင္းတြန္႔ရင္း သူမသီခ်င္းသီဆိုေနသည့္ဟန္ပန္ကိုၾကည့္ရသည္မွာ တီေကာင္ကိုဆားပက္ၿပီး ငါးရွဥ့္ကိုလွ်ပ္စစ္တိုက္ထားသည္ႏွင့္ေတာင္တူေနေသးသည္။
          သံစဥ္ျမဴး၍ အလိုက္သင့္တင္ဆက္ရျခင္းကို ငွက္ရိုးလက္ခံပါသည္။ သို႔ေသာ္ အခုအေျခ အေနအရ သူမတြန္႔တာခါတာေတြကေတာ့ လိုတာထက္ပိုေနသည္ဟုထင္သည္။
          ဒါတင္မကေသး သူမဝတ္ထားသည့္အက်ီကလည္း အေပၚပိုင္းကိုဟိုက္သည္ဆိုတာထက္ ဗလာက်င္းလုနီးနီးပင္ျဖစ္ေနသည္မို႔ သဘာဝလား၊ ျပဳျပင္ထားလားမေသခ်ာသည့္ သူမ၏ပစၥည္း ပစၥယေတြက ေလထဲမွာ ဝဲခနဲဝဲခနဲ။ တစ္ခါတစ္ခါဆို တီဗြီထဲကေနေတာင္ပ်ံထြက္လာေတာ့မည့္ပံုစံမို႔ ငွက္ရိုးတစ္ခ်က္တစ္ခ်က္ေယာင္ၿပီး ခုန္ခုန္ေရွာင္ေနမိသည္။
          ၃မိနစ္ေက်ာ္ေက်ာ္ေလာက္စဥ္းစားအၿပီးမွာေတာ့ သူမနာမည္ကေခါင္းထဲဝင္လာသည္။
          “ေၾသာ္…ဒါကတ္သရင္းပဲ”
          ေယာင္ယမ္းေျပာမိၿပီးေတာ့မွ ပါးစပ္ကိုလက္နဲ႔အျမန္အုပ္ရသည္။
          ကတ္သရင္းကို ျမန္မာသံႏွင့္ကတ္သရင္းဟု ေျပာလိုက္မိ၍ျဖစ္သည္။
          ခုတေလာ ေနးထစ္စဖီခါးရ္ဆိုတာကလည္း အလြန္ေရပန္းစားလ်က္ရွိၿပီး မေတာ္တဆ အသံေလးနဲနဲမွားသြားရံုႏွင့္ကို မသာအိမ္ကေလာ္သံထက္က်ယ္သည့္အသံမ်ိဳးႏွင့္ “ေနးထစ္စဖီခါးရ္သံ ထြက္ပါ”ဟု လာသတိေပးေနဦးမည္။
          ေဘးဘီေဝ့ၾကည့္ရင္း ဘယ္သူမွမရွိတာေသခ်ာေတာ့မွ စိတ္လြတ္ကိုယ္လြတ္သက္ျပင္းခ် မိသည္။
          ပထမဆိုေနသည့္သီခ်င္းဆံုးသြား၍ ခတ္သရင္း(ေနးထစ္စဖီခါးရ္သံျဖစ္သည္)ဆင္းသြားၿပီး ေနာက္အဆိုေတာ္တစ္ေယာက္တက္လာသည္။
          ဒီတစ္ေယာက္ကိုေတာ့ငွက္ရိုးသိသည္။ ၾကည္သည္လည္းမဟုတ္၊ Sharpျဖစ္သည္လည္း မဟုတ္သည့္အသံမ်ိဳးကိုပိုင္ဆိုင္ထားသည့္ အဆိုေတာ္မေလးျဖစ္သည္။ သူမအသံမွာထူးဆန္းလြန္း၍ အခုအခ်ိန္ထိ တပ္ရန္ေခါင္းစဥ္ရွာမေတြ႔ေသး။
          သူမဂုဏ္ပုဒ္ေတြကေတာ့မ်ားသည္။ ေအာ္လိုက္လွ်င္အသံနစ္ဝင္သြားတတ္သည္။ Tone colorပါးသည္။ သံျပတ္ေနရာမ်ားေရာက္လွ်င္ (နဂိုတည္းကမွျပတ္ေနသည့္သရသံကို) ေျပေျပေလး မျဖတ္။ ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ျဖတ္ျဖတ္ခ်တတ္သည္။ ေသခ်ာသည္ကေတာ့ သူမသီခ်င္းသံၾကားရ တိုင္း ငွက္ရိုးတစ္ေယာက္ ငယ္ငယ္တုန္းက အိမ္မိုးသြပ္ကိုလက္သည္းႏွင့္ျခစ္ေနရသလိုခံစားမိသည္။
          ဒီအဆင္ႏွင့္ဒီအဆင္ကို ဘယ္လိုကေနဘယ္လိုအဆိုေတာ္ျဖစ္လာမွန္း ငွက္ရိုးစဥ္းစားမရ။ အေဖကနာမည္ႀကီးအဆိုေတာ္ျဖစ္ေန၍လား။ အသားျဖဴျဖဴေလးႏွင့္ ခ်စ္စရာေလးမို႔လို႔လား။ ဆရာဝန္ တစ္ေယာက္ဟူသည့္ဂုဏ္ေၾကာင့္လား။ ငွက္ရုိးမေဝခြဲႏိုင္။
          ငွက္ရိိုးတို႔ႏိုင္ငံရွိ ေဆးေက်ာင္းကလည္းထူးဆန္းသည္။ ေဆးပညာရပ္တင္မက အႏုပညာ သင္တန္းေတြပါ ေက်ာင္းသားေတြကိုပို႔ခ်သလားမေျပာတတ္ ေဆးေက်ာင္းမွဘြဲ႔ရသည္ႏွင့္ ေတာ္ေတာ္ မ်ားမ်ားက အဆိုေတာ္ျဖစ္လ်ွင္ျဖစ္ မျဖစ္လွ်င္သရုပ္ေဆာင္ေတြျဖစ္ကုန္ၾကသည္။
          ငွက္ရိုးသူငယ္ခ်င္းေတြထဲမွာ ေဆးေက်ာင္းသားေတြရွိေသာ္လည္း အားလံုးကအတန္းလစ္ ၿပီး ဖဲရိုက္ၾကသူမ်ားသာမို႔ ထိုသို႔သင္တန္းေပးမေပး သူတို႔ကိုေမးမေနေတာ့။
          ကိုယ့္သူငယ္ခ်င္းေတြကိုယံုသည္။ ငွက္ရုိးအပါအဝင္အားလံုး ဒီပုတ္ထဲကဒီပဲေတြခ်ည္းသာ ဘယ္နားၾကည့္ၾကည့္အပြင့္ေတြအခက္ေတြသာျမင္ေနသူမ်ားမို႔ လမ္းကူးလွ်င္ ဘယ္ေတာ့မွတစ္ေယာက္ တည္းမကူး။ အက်င့္ကပါေနေတာ့ လမ္းမေပၚတက္သည္ႏွင့္ ဘယ္ကားနံပါတ္ကေပါင္းျခင္း”ကိုး”ရမလဲ လိုက္တြက္မိေနတတ္ၾကသျဖင့္ ကားအတိုက္ခံရမည္ကိုစိုးရိမ္ၾကသည္။
          မေတာ္… တိုက္မိလို႔ေသသြားပါက ေသတာေတာင္မကြ်တ္ပဲ ကိုယ့္အသုဘမွာ ကိုယ္ ဖဲ ျပန္ရိုက္ေနမည့္လူစားေတြျဖစ္သည္။
          ဤသို႔ျဖင့္ အႏွီဆရာဝန္မေလး၏သီခ်င္းလည္းဆံုးသြားျပန္သည္။
          သူမသီခ်င္းဆံုးသြားေတာ့ (စင္ေအာက္ကလူမ်ားကိုေတာ့မသိ) တီဗီြေရွ႕ကငွက္ရိုးကေတာ့ ေတာ္ေတာ္ေလးဝမ္းသာသြားသည္။ ျဖစ္ႏိုင္လွ်င္အိမ္ကအေဒၚအပ်ိဳႀကီးကိုေတာင္မဲေဖာက္ၿပီး ရပ္ကြက္ ထဲတြင္ေဝပစ္လိုက္ခ်င္သည္။
          ထိုသို႔ျဖင့္ ေနာက္အဆိုေတာ္တစ္ေယာက္အလွည့္ ထပ္ေရာက္လာသည္။
          ဒီတစ္ေယာက္ကေတာ့ ငွက္ရိုးတို႔ႏိုင္ငံတြင္နာမည္ႀကီးေနသည့္ ခ်ဥ္ဖတ္စံုရာအစီအစဥ္က တက္သြားသည့္ အဆိုေတာ္ေပါက္စေလးတစ္ေယာက္ျဖစ္သည္။
          ထိုင္ခံုေလးေပၚတြင္ထိုင္ၿပီး သီခ်င္းေအးေအးေလးတစ္ပုဒ္ ဆိုမည့္ပံုစံကိုျမင္လိုက္ရသျဖင့္ ငွက္ရိုးစိတ္ထဲ နည္းနည္းေတာ့ျပန္ၾကည္လင္လာသည္။
          ပရိသတ္ကို စကားလွမ္းေျပာအၿပီးတြင္ေတာ့ သူမသီခ်င္းကို ေဆြးေဆြးျမည့္ျမည့္ေလး စ ဆိုသည္။
          သီခ်င္းဆိုရင္း တစ္မိနစ္ေလာက္အၾကာတြင္ေတာ့ ငွက္ရိုးမ်က္လံုးထဲျမင္ကြင္းတစ္ခုက ကန္႔လန္႔ႀကီးဝင္လာသည္။
          ရွဳေလာ့…။ ဝတ္လာသည္က ေအာက္ေျခကိုနည္းနည္းကားထားသည့္ မီနီစကပ္ေလး။ ေနေတာ့လည္းသူကစင္ေပၚမွာ ရိုးရိုးေတာင္မဟုတ္ ထိုင္ခံုေပၚတြင္ေတာင္ အက်အနထိုင္လိုက္ေသး။
          ခက္သည္က ဒူးႏွစ္ေခ်ာင္းကိုမခ်ိတ္ပဲ ထိုင္ထားသည့္ သူမအေနအထားေၾကာင့္ျဖစ္သည္။ စကပ္ကေအာက္ေျခခပ္ကားကား ဒူးႏွစ္ေခ်ာင္းကိုမခ်ိတ္ထားေတာ့ စင္ေအာက္ကလူေတြကို ဓာတ္ပံု တဖ်တ္ဖ်တ္ရိုက္သလိုျဖစ္ေနသည္။ ဒါကပံုမွန္အေျခအေန…။
          သီခ်င္းကTempoျမင့္လာၿပီး Moodပိုဝင္လာလွ်င္ေတာ့ ရင္ကိုေကာ့၊ေခါင္းကိုေမာ့၊ခါးကို လိမ္ၿပီးဆိုသျဖင့္ ေပါင္ႏွစ္ေခ်ာင္းကနဂိုအေျခအေနထက္ ပိုကားလာတတ္သည္။ ထိုအခ်ိန္ေရာက္လွ်င္ ေတာ့ ဓာတ္ပံုရိုက္သလိုကင္မရာFlashပြင့္ရံုတင္မဟုတ္။ စင္ေပၚကေနစင္ေအာက္ ဆလိုက္မီးႀကီးေတြ တိုက္ရိုက္ထိုးထားသလိုကို ထင္သာျမင္သာရွိလြန္းလွသည္။
          ထိုျမင္ကြင္းကိုျမင္ေတာ့ ပိ်ဳပ်ိဳအုိအုိပုရိသအေပါင္းက ၾသဘာေပးသည္။ ထိုသို႔ၾသဘာ ဝိုင္း ေပးေတာ့ အားပိုတက္လာၿပီး အသံကုန္ညွစ္ေအာ္သည္။ ဒီေတာ့ ထိုးသည့္ဆလိုက္မီးက ပိုထင္းလာ သည္။ ဒီေတာ့ ပရိသတ္ကပိုေအာ္သည္။
          ပရိသတ္ကပိုေအာ္ေလ၊ အဆိုေတာ္ေပါက္စေလးကပိုညွစ္ေလ၊ ဆလိုက္မီးကပိုထင္းေလမို႔ ငွက္ရိုးဆက္ၾကည့္ခ်င္စိတ္ေပ်ာက္သြားသည္။
          သို႔ႏွင့္ ကပ်ာကယာေနာက္တစ္လိုင္းေျပာင္းလုိက္ရသည္။
          မေျပာင္းလို႔မရ။ အသံကိုပိုညွစ္ဆိုေလ သူမေပါင္ကပိုကားေလျဖစ္ေနသည္။ ေတာ္ၾကာ အညွစ္လြန္သြား၍လိပ္ေခါင္းေတြထြက္ၿပီး မီနီစကပ္ပါးပါးေလးျဗန္းခနဲကြဲထြက္သြားမွ ငွက္ရိုးထမင္းစား ပ်က္သြားလိမ့္မည္။ ငွက္ရိုးကအသည္းငယ္သည္။ ႏွလံုးအတုန္မခံႏိုင္သျဖင့္ ရိုလာခုိစထာေတာင္မစီး။ (မွတ္ခ်က္- ေနးထစ္စဖီခါးရ္သံျဖင့္စ္ ေရးခ်င္းစ္ျဖစ္သည္စ္။) အယ္……ေယာင္ကုန္ၿပီ။
          ဟိုဖက္လိုင္းကအဆိုေတာ္ေတြႏွင့္ အဆင္မေျပလို႔ ဒီဖက္ေျပာင္းလာပါသည္ဆိုမွ ဒီဖက္ လိုင္းကလည္း သီခ်င္းလိုင္းျဖစ္ေနျပန္သည္။
          “စိန္…စီ…ေသာ…ေတးေလး…တစ္ပုဒ္ပါ”
          အဲ… ဒီတစ္ခုကေတာ့မဆိုး။ ေခတ္လူငယ္ပီပီ ျမန္မာသံသီခ်င္းဆိုမခံစားတတ္ေသာ္လည္း ဒီတစ္ပုဒ္ကိုေတာ့ႀကိဳက္သျဖင့္နားေထာင္လိုက္ဦးမည္။
          အဆိုေတာ္ကလည္းေယာက်္ားေလးဆိုေတာ့ နားေထာင္ရတာတစ္မ်ိဳးဆန္းေနသည္။
          Stageကို မီးအေမွာင္ခ်ထားသျဖင့္ ဘယ္သူဘယ္ဝါဆိုတာမျမင္ရေပမယ့္ သီခ်င္းအဝင္ ေလးကသပ္ရပ္သျဖင့္ စိတ္ထဲကေတာ့ႀကိတ္ခ်ီးက်ဴးမိသည္။
          သီခ်င္းေလးနည္းနည္းအရွိန္ရေတာ့မွ စင္ေပၚကမီးေလးေတြက တျဖည္းျဖည္းလင္းလာၾက သည္။ ထိုေတာ့မွ ဒီတစ္ေယာက္မွာလည္း အဆိုေတာ္အသစ္ေလးျဖစ္ေနမွန္းသိရသည္။
          မဆိုးေတာ့မဆိုး။ အသစ္ဆိုေသာ္လည္း တကယ့္ဝါရင့္အဆိုေတာ္ေတြေလာက္နီးနီး ေတာ္ သည္။ ဆိုသြားပံုေလးေတြက ပညာသားပါသည္။ အသံသာသည္။ ျမန္မာသီခ်င္းႏွင့္ လိုက္ဖက္ညီေစ ရန္ အသားေရာင္တိုက္ပံုႏွင့္ပုဆိုးကိုတြဲဝတ္ထားသည္။ ေခါင္းေပါင္းေလးေပါင္းထားသည္။
          သီခ်င္းတစ္ဝက္ေလာက္အေရာက္တြင္မူ ဘာစိတ္ကူးေပါက္သည္မသိ။ သူပတ္ထားသည့္ ေခါင္းေပါင္းကိုဆြဲခြ်တ္ပစ္လိုက္သည္။
          အစတုန္းက ေခါင္းေပါင္းအုပ္ထားသျဖင့္ မျမင္ရေသာ္လည္း ယခုေခါင္းေပါင္းမရွိေတာ့ သည့္အခါက် အနီတစ္ကြက္၊ အစိမ္းတစ္ကြက္၊ အဝါတစ္ကြက္ဆိုးထားသည့္ ဆံပင္မ်ားကထြက္လာ သည္။
          ဒီၾကားထဲ ဆံပင္ေတြက အရွည္လည္းမဟုတ္၊ အတိုလည္းမဟုတ္၊ တခ်ိဳ႕ေနရာေတြကို အေျပာင္သိမ္းၿပီး တခ်ိဳ႕ေနရာေတြကေတာ့ ေညာင္မုတ္ဆိတ္ပင္ႀကီးလို အျမစ္ေတြတြဲေလာင္းက်ေန သည္။ ဒီေလာက္ရွဳပ္ရွက္ခတ္ေနရသည့္ၾကားထဲ ငယ္ထိပ္ေနရာေလာက္မွာ Gelႏွင့္ေထာင္ထားသည့္ ဆံပင္စုတစ္စုက မိုႀကိဳးလႊဲႀကီးလို မတ္မတ္ႀကီးေထာင္ေနသည္။ ဥပမာဆိုရေသာ္ ေရညွိေတြအဖတ္ လိုက္အဖတ္လိုက္တက္၊ အာလူးေၾကာ္အိတ္ခြံဝါဝါေတြဖံုးၿပီး ကြမ္းတံေတြးေတြဝိုင္းအေထြးခံထားရသည့္ ေရဒီယိုအစုတ္တစ္လံုးပံုမ်ိဳးျဖစ္သည္။
          သူ႔ပံုရိပ္လႊာကိုျမင္လိုက္အၿပီးတြင္ေတာ့ ငွက္ရုိးသီခ်င္းနားေထာင္ခ်င္စိတ္ ေတာ္ေတာ္ကုန္ သြားသည္။ ထို႔ေၾကာင့္ ရုပ္ရွင္လိုင္းကိုေျပာင္းလိုက္သည္။
          “ေအာင္မေလး အေမရဲ႕………”
          “ဟဲ႔ ပလုပ္တုတ္ ဘာတုန္းဟ”
          ၿဗဲခနဲထြက္လာသည့္ငိုသံႏွင့္အတူ ေသသူကိုတလိုက္သည့္အသံတို႔က အရွိန္ျပင္းျပင္းႏွင့္ နားထဲသို႔ေရာက္လာသည္။
          ေအာက္ကလူကသရုပ္ေဆာင္ရံုမဟုတ္ပဲ တစ္ကယ္ေသရင္ေတာင္ ေသရာကထၿပီး အသံ နည္းနည္းေလွ်ာ့ငိုဖို႔ေဖ်ာင္းဖ်ရလိမ့္မည္။ အခုေတာင္ ေသသူမ်က္ႏွာကေျပေျပျပစ္ျပစ္မရွိ။ “ဝဋ္ရွိလို႔ခံရ တယ္” ဆိုသည့္မ်က္ႏွာေပးႏွင့္ မ်က္ခံုးတို႔ကတြန္႔ေနသည္။ စိတ္ထဲကေတာ့ “ေနာက္တစ္ေခါက္ ငါ့ရဲ႕ အလွည့္ေရာက္ရင္ေတာ့ နင္ေသၿပီေပါ့ဟာ”ဟု ေတြးေနမလားမေျပာတတ္။
          “ေအာင္မေလး အေမရဲ႕…”
          ဒုတိယတစ္ေခါက္ လာျပန္ေခ်ၿပီ။
          ဒီတစ္ေခါက္ကမာန္ပိုပါသည္။ ဖင္ကိုလိမ္က်စ္ၿပီး မရွိရွိသည့္အသံကို မထြက္ထြက္ေအာင္ ညွစ္ေအာ္ေနသည္။
          မင္းသားေအာ္ခ်က္က ဘယ္ေလာက္မာန္ပါလဲမပါလဲေတာ့မေျပာတတ္။ ရပ္ကြက္ထဲက ပရဟိတလူငယ္ေလးေတြေရာက္လာၾကသည္။ တစ္အိမ္ေက်ာ္တြင္ေနသည့္ ရပ္ကြက္လူႀကီးက မသာ သတင္းေမးရေအာင္လာသည္။ ဓမၼာရံုတြင္အၿမဲေလပစ္တတ္သည့္အဖိုးႀကီးတစ္သိုက္ စတည္းခ်သည့္ ေနရာေျပာင္းရေအာင္ ေရေႏြးၾကမ္းအိုးေတြမလာသည္။
          အိမ္လာေနၾကလမ္းထိပ္ကဆရာဝန္ နားၾကပ္တစ္ဖက္ ကမန္းကန္းဆြဲၿပီးေျပးလာသည္။ တြဲေလာင္းက်ေနေသာနားၾကပ္ႀကိဳးကို ေခြးတစ္အုပ္ကလိုက္ဆြဲသည္။ သူကျပန္ဆြဲသည္။ ေခြးကမာန္ဖီ သည္။ သူကသြားျပန္ၿဖဲျပသည္။ ေနာက္ဆံုးေတာ့ သူသြားၿဖဲျပတာကိုေၾကာက္သြား၍လားမသိ။ ေခြး တစ္အုပ္ တပ္ျပန္ဆုတ္သြားသည္။ ထို႔ေနာက္ ထိုဖိုသီဖတ္သီဒီဇိုင္းႏွင့္ပင္ သူပါအိမ္ေရွ႕ေရာက္လာျပန္ သည္။
          နာေရးပို႔ေပးမည့္သူ၊ တရားလာေဟာမည့္သူ၊ ေသဆံုးေၾကာင္းအတည္ျပဳေပးမည့္သူတို႔ႏွင့္ ငွက္ရိုးအိမ္ေရွ႕တြင္ တမုဟုတ္ခ်င္းစည္ကားသြားသည္။ ဒါေတာင္မွ မုန္႔ဟင္းခါးသည္ေဒၚပုမသိလို႔။ သူ သာသိလွ်င္ မုန္႔ဟင္းခါးေအာ္ဒါယူမလားလို႔ လာေမးေနဦးမည္။
          ဤသို႔ဤႏွယ္ဝရုန္းသုန္းကားျဖစ္ေနေသာလူအုပ္ႀကီးကို ဘာမွမဟုတ္ေၾကာင္း၊ ဘာမွမျဖစ္္ ေၾကာင္း ငွက္ရိုးတစ္ေယာက္ အာေပါက္မတတ္ ဒိုင္ခံရွင္းရသည္။ ပရဟိတလူငယ္ေလးမ်ားကိုလည္း အိမ္ကအေမတစ္ကယ္ေသလွ်င္ သူတို႔ကိုဆက္ဆက္လာေခၚမည္ျဖစ္ေၾကာင္း၊ အဖိုးႀကီးတစ္သိုက္ကို လည္း အေမဆံုးသည့္ေန႔မွစ၍ ရက္မလည္ခင္အထိ သူတို႔ကိုသာဒိုင္ခံတရားေဟာခိုင္းမည္ျဖစ္ေၾကာင္း၊ ဆရာဝန္ႏွင့္ရပ္ကြက္လူႀကီးကိုလည္း အေမေခါက္ခနဲေသသြားသည္ႏွင့္ အိမ္တိုင္ရာေရာက္ဆက္ဆက္ လာေျပာမည္ျဖစ္ေၾကာင္း မနည္းေခ်ာ့ေမာ့ၿပီးျပန္လႊတ္လိုက္ရသည္။ ဒါေတာင္မွ ရပ္ကြက္လူႀကီးက ဟိုဖက္လမ္းမွာလည္းအသုဘရွိေနသျဖင့္ အေမ့အတြက္ပါတစ္ခါတည္း ေသစာရင္းႀကိဳဖြင့္ထားမလား ဟု ေမးေနေသးသည္။ (ေၾသာ္…… ေစတနာရွိလိုက္ပံုမ်ား။)
          နာရီဝက္ေလာက္ထိုလူအုပ္ႀကီးကိုရွင္းျပအၿပီးမွာေတာ့ ငွက္ရိုးဖတ္ဖတ္ေမာၿပီးက်န္ခဲ႔သည္။ အေမကခရီးသြားေနလို႔သာေတာ္ေတာ့သည္။ ႏို႔မို႔႔ဆို ဒီလိုေစတနာရွိသည့္ အိမ္နီးခ်င္းေတြနဲ႔ကမလြယ္။ သူတို႔ေစတနာေၾကာင့္ပဲ အေမေသြးတက္ၿပီး မုန္႔ဟင္းခါးေကြ်းရကိန္းဆိုက္သြားႏိုင္သည္။
          ဒီေလာက္အဆင္မေျပတာေတာင္ အမွတ္ကမရွိ။ တီဗီြကိုဖြင့္ျဖစ္ေအာင္ျပန္ဖြင့္လိုက္ေသး သည္။ မသာခန္းမဟုတ္ေတာ့ေသာ္လည္း ဒီကားကိုဆက္ၾကည့္ခ်င္စိတ္ကိုမရွိေတာ့သျဖင့္ တျခားလိုင္း ထပ္ေျပာင္းသည္။
          ဒီေနာက္တစ္ကားကေတာ့ တက္သစ္စမင္းသမီးေလးတစ္ေယာက္သူ႔ဘဲဘဲႏွင့္ဖုန္းေျပာၿပီး အိပ္ယာဝင္ေတာ့မည့္အခန္းျဖစ္သည္။
          “ကိုကိုေရ အိပ္ၿပီေနာ္ ဂြတ္ႏိုက္”
          ေကာင္မေလးဖုန္းခ်လိုက္သည္။ ၿပီးေတာ့လွဲခ်လိုက္သည္။ ခ်က္ခ်င္းမအိပ္ေသး။ ဖက္လံုး ကိုခြၿပီး ေျပာခဲ႔သည္မ်ားကို စားၿမံဳ႕ျပန္ေနလိုက္ေသးသည္။ ၿပီးေတာ့မွမ်က္လံုးမွိတ္လိုက္သည္။ စကၠန္႔ ေတာင္မျခားပဲ ခ်က္ခ်င္းအိပ္ေပ်ာ္သြားသည္။ (အ့ံၾသစရာ………။) ထို႔ေနာက္ ဒါရိုက္တာက မင္းသမီး၏ မ်က္ႏွာဖူးဖူးေလးကို အနီးကပ္ဆြဲရိုက္ျပသည္။
          ထိုေတာ့မွ ငွက္ရိုးသတိထားမိသည္။ အိပ္ယာဝင္ခါနီး မိန္းကေလးတစ္ေယာက္မ်က္ႏွာက မ်က္ေတာင္အတုတပ္ထားသည္။ Eye linerေတြဆိုးထားသည္။ ႏႈတ္ခမ္းနီကရဲပေလာင္းခတ္ေနၿပီး ပါး မို႔မို႔ႏွစ္ဖက္က သဘာဝမက်စြာနီေနသည္။ လည္ပင္းကညိဳမည္းေနသေလာက္ မ်က္ႏွာထက္မွာေတာ့ ျခစ္ခ်ၿပီး ပိႆခ်ိန္ႏွင့္ေရာင္းစားလို႔ရေလာက္ေအာင္ကို မိတ္ကပ္တို႔ကဖံုေနသည္။
          မိန္းကေလးေတြက အိပ္ယာဝင္ခ်ိန္လည္း ထိုသို႔ျပင္ဆင္ၿပီးမွအိပ္တတ္ေၾကာင္း ဒီအသက္ ဒီအရြယ္ေရာက္မွသိေတာ့သည္။ (အင္း……… မိန္းကေလးဘဝ တယ္လဲဒုကၡႀကီးရွာသကိုး။)
          ထိုေတာ့မွ မိဘေက်းဇူးေတြက ျမင္ကြင္းထဲထင္းလာသည္။ ဘာရယ္မဟုတ္  ေယာက်္ား ေလး အျဖစ္ေမြးေပးခဲ႔ေသာအေမ့ကို အခုမွငွက္ရိုးတစ္ေယာက္ေက်းဇူးတင္ရပါသည္။
          သို႔ႏွင့္ ေနာက္တစ္လိုင္းဆက္ဖြင့္သည္။ မင္းသားႀကီး၊ မင္းသားလတ္၊ မင္းသားေလး၊ မင္းသားေပါက္စ၊ မင္းသားပုစုခရုေတာ္ေတာ္မ်ားမ်ားကို ဂါဝန္တဖားဖားႏွင့္ေတြ႔လိုက္ရသည္။ သံုးစြဲၾက သည့္ အသံုးအႏႈန္းေတြကလည္း ေဂးလြတ္လပ္ခြင့္တို႔၊ အေျခာက္မ်ားသမဂၢတို႔၊ မိန္းမလ်ာအေရး ေသြးမေအးႏွင့္တို႔ စသည္ျဖင့္အေတာ္စံုေလသည္။ ေျပာၾကသည့္ဒိုင္ယာေလာ့ခ္ေတြကလည္း ေအာက္ ပိုင္းကေနကိုတက္မလာ။
          ၾကာေတာ့ငွက္ရိုးေဒါသထြက္လာသည္။ စိတ္ရွိလက္ရွိသာဆိုလွ်င္ ဒါရိုက္တာေရာ၊ စာေရး ဆရာေရာ၊ ဇာတ္ညႊန္းေရာ၊ မင္းသားေတြေရာ အကုန္လံုးကိုတန္းစီၿပီးပါးရိုက္လိုက္ခ်င္သည္။ ခုေတာ့ ဘာမွလည္းလုပ္လို႔မရသျဖင့္ အလိပ္လိုက္တက္လာသည့္ေဒါသေတြကို ၿမိဳၿမိဳခ်ေနရသည္။ တီဗြီႀကီးကို ရိုက္ခြဲပစ္လို႔ကလည္းမေကာင္း။ (ျမင္ေနရတာကလည္း) မယားပါသားကိုမွ သူ႔ထက္ၾကည့္လို႔ရဦးမည့္ အေနအထားဆိုေတာ့ ေနာက္ဆံုးငွက္ရိုးတစ္ခုဆံုးျဖတ္လိုက္သည္။
          တီဗြီကိုပလပ္ျဖဳတ္သည္။ Receiverကိုပလပ္ျဖဳတ္သည္။ EVDစက္ကိုပါပလပ္ျဖဳတ္ပစ္ သည္။ တစ္ဆက္တည္း မိန္းပါခ်သည္။
          ၿပီးေတာ့ ထိုတီဗီြေတြ၊ Receiverေတြအကုန္လံုး အိမ္အျပင္ဖက္သို႔သယ္ထုတ္သြားသည္။ အခ်ိန္ကေန႔လည္၂နာရီ…။ ေနာက္၁၀မိနစ္ေလာက္ေနလွ်င္ အေဟာင္းဝယ္သည့္ကုလားလာလိမ့္မည္။ သူ႔ဆီမွာရရာေစ်းႏွင့္ေရာင္းစားမည္။ အေမျပန္လာလွ်င္ေတာ့ သူခိုးပဲခိုးသြားသလိုလို၊ ဓားျပပဲ တိုက္ သြားသလိုလို ရူးကြက္နင္းလိုက္မည္။ ဒီအတြက္က ကိစၥမရွိ။
          တစ္ခုေတာ့ရွိသည္။ ေရာင္းလို႔ရလာသည့္ေငြကိုေတာ့ အက်ိဳးရွိရွိအသံုးခ်ရမည္။ ရပ္ကြက္ လူႀကီးလာတုန္းကေတာ့ ဟိုဖက္တစ္လမ္းမွာ အသုဘျဖစ္ေနသည္ဟုေျပာသည္။ အသုဘဆိုေတာ့ ေသခ်ာေပါက္ဖဲဝိုင္းရွိလိမ့္မည္။ ေတြးလိုက္ရံုႏွင့္ကို ငွက္ရိုးမ်က္လံုးက အေရာင္ေတြတဖ်တ္ဖ်တ္လက္ လာသည္။ နားထဲမွာလည္း ေအာ္တို၂ဆတို႔၊ ၉ေပါက္တို႔၊ ရွိဳးတို႔ စသျဖင့္ၾကားေယာင္လာသည္။
          ငွက္ရိုးအတြက္ကေတာ့ ေရကန္အသင့္၊ၾကာအသင့္ပင္ စိတ္ကူးကိုလက္ေတြ႔ အေကာင္ အထည္ေဖာ္ရန္ ကေလးပီပီဟန္ခ်ီခ်ီ ဖိနပ္ကိုခါးၾကားထိုးထည့္လိုက္သည္။ အေမက ေနာက္အပတ္ ေလာက္မွ အိမ္ျပန္ေရာက္မည္ဟုေျပာထားသည္။ အိမ္တံခါးေတြအားလံုးလိုက္ပိတ္သည္။ အိမ္တံခါးမ ႀကီးကို အျပင္ကေသာ့ခတ္သည္။ တီဗီြေတြကို ၿခံျပင္ထပ္ေရႊ႕သည္။ ၿခံတံခါးကိုပါ ေသာ့ခတ္ၿပီးခ်ိန္ မွာေတာ့ ၿခံဝတြင္ခ်ိတ္ထားသည့္ “ပေရာ္ဖက္ဆာေဒါက္တာငွက္ရိုး”ဟူသည့္ ဆိုင္းဘုတ္၏ေအာက္တြင္ “ေခတၱ မသာအိမ္”ဟု ျပင္ဆင္လိုက္သည္။
          ေဟာ…တြန္းလွည္းတြန္းလာသံၾကားရသည္။ တီဗြီအေဟာင္း၊ ေရဒီယိုအေဟာင္းဝယ္သည္ ဟူသည့္အသံလည္းပဲၾကားရသည္။ အသံကတျဖည္းျဖည္းနီးလာသည္။ ပိုျပတ္သားလာသည္။
          စိတ္ကေလာေနသျဖင့္ ထိုအသည္အလာကိုေတာင္ ငွက္ရိုးမေစာင့္ႏိုင္ေတာ့။ လမ္းေပၚ တက္ၿပီး အသံကုန္လွမ္းေအာ္လိုက္သည္။
          “လာပါဦး”
(ပေရာ္ဖက္ဆာေဒါက္တာငွက္ရိုး)
(၁၂.၇.၂၀၁၅)
(Zawgyi)

          တီဗီွတွင်ပေါ်နေသော လူမလှလှလေးကိုကြည့်ရင်း သူမနာမည်ကိုမနည်းပြန်စဥ်းစားနေရ သည်။ ခုတလော အဆိုတော်အသစ်တွေ ပေါ်လာတာကလဲသောက်သောက်လဲမို့ ကိုယ်အရမ်းcrazy မဖြစ်သည့်အဆိုတော်ဆိုလှျင် ခေါင်းထဲစွဲမနေ။
          ခေတ်ကလည်း ပိုက်ဆံရှိရံုနှင့် အဆိုတော်လုပ်လို့ရနေသည်ဆိုတော့ ပေါက်တာမပေါက် တာ အသာထား စီးရီးလေးတစ်ခွေထုတ်ပြီး အဆိုတော်ဂိုက်ဖမ်းချင်သူလေးတွေကလည်း မိုးဦးကျချိန် ရောက်သည့် ဖားလေးများသဖွယ် ခြေကားယားလက်ကားယားလေးတွေ ပေါ်ပေါ်လာတတ်ကြသည်။
          တီဗီွထဲကအဆိုတော်မလေးကတော့ သူ့ကိုယ်သူexpressionကောင်းကောင်း၊ ဆွဲဆောင် မှုအားကောင်းကောင်းနှင့် သီချင်းဆိုနေသည်ဟု ထင်မလားမပြောတတ်။ ငှက်ရိုးမျက်စိထဲတွင်တော့ သံစဥ်ခပ်မြူးမြူးတွင် တစ်ကိုယ်လံုးခါရင်းတွန့်ရင်း သူမသီချင်းသီဆိုနေသည့်ဟန်ပန်ကိုကြည့်ရသည်မှာ တီကောင်ကိုဆားပက်ပြီး ငါးရှဥ့်ကိုလှျပ်စစ်တိုက်ထားသည်နှင့်တောင်တူနေသေးသည်။
          သံစဥ်မြူး၍ အလိုက်သင့်တင်ဆက်ရခြင်းကို ငှက်ရိုးလက်ခံပါသည်။ သို့သော် အခုအခြေ အနေအရ သူမတွန့်တာခါတာတွေကတော့ လိုတာထက်ပိုနေသည်ဟုထင်သည်။
          ဒါတင်မကသေး သူမဝတ်ထားသည့်အကျီကလည်း အပေါ်ပိုင်းကိုဟိုက်သည်ဆိုတာထက် ဗလာကျင်းလုနီးနီးပင်ဖြစ်နေသည်မို့ သဘာဝလား၊ ပြုပြင်ထားလားမသေချာသည့် သူမ၏ပစ္စည်း ပစ္စယတွေက လေထဲမှာ ဝဲခနဲဝဲခနဲ။ တစ်ခါတစ်ခါဆို တီဗွီထဲကနေတောင်ပျံထွက်လာတော့မည့်ပံုစံမို့ ငှက်ရိုးတစ်ချက်တစ်ချက်ယောင်ပြီး ခုန်ခုန်ရှောင်နေမိသည်။
          ၃မိနစ်ကျော်ကျော်လောက်စဥ်းစားအပြီးမှာတော့ သူမနာမည်ကခေါင်းထဲဝင်လာသည်။
          “သြော်…ဒါကတ်သရင်းပဲ”
          ယောင်ယမ်းပြောမိပြီးတော့မှ ပါးစပ်ကိုလက်နဲ့အမြန်အုပ်ရသည်။
          ကတ်သရင်းကို မြန်မာသံနှင့်ကတ်သရင်းဟု ပြောလိုက်မိ၍ဖြစ်သည်။
          ခုတလော နေးထစ်စဖီခါးရ်ဆိုတာကလည်း အလွန်ရေပန်းစားလျက်ရှိပြီး မတော်တဆ အသံလေးနဲနဲမှားသွားရံုနှင့်ကို မသာအိမ်ကလော်သံထက်ကျယ်သည့်အသံမျိုးနှင့် “နေးထစ်စဖီခါးရ်သံ ထွက်ပါ”ဟု လာသတိပေးနေဦးမည်။
          ဘေးဘီဝေ့ကြည့်ရင်း ဘယ်သူမှမရှိတာသေချာတော့မှ စိတ်လွတ်ကိုယ်လွတ်သက်ပြင်းချ မိသည်။
          ပထမဆိုနေသည့်သီချင်းဆံုးသွား၍ ခတ်သရင်း(နေးထစ်စဖီခါးရ်သံဖြစ်သည်)ဆင်းသွားပြီး နောက်အဆိုတော်တစ်ယောက်တက်လာသည်။
          ဒီတစ်ယောက်ကိုတော့ငှက်ရိုးသိသည်။ ကြည်သည်လည်းမဟုတ်၊ Sharpဖြစ်သည်လည်း မဟုတ်သည့်အသံမျိုးကိုပိုင်ဆိုင်ထားသည့် အဆိုတော်မလေးဖြစ်သည်။ သူမအသံမှာထူးဆန်းလွန်း၍ အခုအချိန်ထိ တပ်ရန်ခေါင်းစဥ်ရှာမတွေ့သေး။
          သူမဂုဏ်ပုဒ်တွေကတော့များသည်။ အော်လိုက်လှျင်အသံနစ်ဝင်သွားတတ်သည်။ Tone colorပါးသည်။ သံပြတ်နေရာများရောက်လှျင် (နဂိုတည်းကမှပြတ်နေသည့်သရသံကို) ပြေပြေလေး မဖြတ်။ ဆောင့်ကြီးအောင့်ကြီးနှင့်ဖြတ်ဖြတ်ချတတ်သည်။ သေချာသည်ကတော့ သူမသီချင်းသံကြားရ တိုင်း ငှက်ရိုးတစ်ယောက် ငယ်ငယ်တုန်းက အိမ်မိုးသွပ်ကိုလက်သည်းနှင့်ခြစ်နေရသလိုခံစားမိသည်။
          ဒီအဆင်နှင့်ဒီအဆင်ကို ဘယ်လိုကနေဘယ်လိုအဆိုတော်ဖြစ်လာမှန်း ငှက်ရိုးစဥ်းစားမရ။ အဖေကနာမည်ကြီးအဆိုတော်ဖြစ်နေ၍လား။ အသားဖြူဖြူလေးနှင့် ချစ်စရာလေးမို့လို့လား။ ဆရာဝန် တစ်ယောက်ဟူသည့်ဂုဏ်ကြောင့်လား။ ငှက်ရိုးမဝေခွဲနိုင်။
          ငှက်ရိိုးတို့နိုင်ငံရှိ ဆေးကျောင်းကလည်းထူးဆန်းသည်။ ဆေးပညာရပ်တင်မက အနုပညာ သင်တန်းတွေပါ ကျောင်းသားတွေကိုပို့ချသလားမပြောတတ် ဆေးကျောင်းမှဘွဲ့ရသည်နှင့် တော်တော် များများက အဆိုတော်ဖြစ်လျှင်ဖြစ် မဖြစ်လှျင်သရုပ်ဆောင်တွေဖြစ်ကုန်ကြသည်။
          ငှက်ရိုးသူငယ်ချင်းတွေထဲမှာ ဆေးကျောင်းသားတွေရှိသော်လည်း အားလံုးကအတန်းလစ် ပြီး ဖဲရိုက်ကြသူများသာမို့ ထိုသို့သင်တန်းပေးမပေး သူတို့ကိုမေးမနေတော့။
          ကိုယ့်သူငယ်ချင်းတွေကိုယံုသည်။ ငှက်ရိုးအပါအဝင်အားလံုး ဒီပုတ်ထဲကဒီပဲတွေချည်းသာ ဘယ်နားကြည့်ကြည့်အပွင့်တွေအခက်တွေသာမြင်နေသူများမို့ လမ်းကူးလှျင် ဘယ်တော့မှတစ်ယောက် တည်းမကူး။ အကျင့်ကပါနေတော့ လမ်းမပေါ်တက်သည်နှင့် ဘယ်ကားနံပါတ်ကပေါင်းခြင်း”ကိုး”ရမလဲ လိုက်တွက်မိနေတတ်ကြသဖြင့် ကားအတိုက်ခံရမည်ကိုစိုးရိမ်ကြသည်။
          မတော်… တိုက်မိလို့သေသွားပါက သေတာတောင်မကျွတ်ပဲ ကိုယ့်အသုဘမှာ ကိုယ် ဖဲ ပြန်ရိုက်နေမည့်လူစားတွေဖြစ်သည်။
          ဤသို့ဖြင့် အနှီဆရာဝန်မလေး၏သီချင်းလည်းဆံုးသွားပြန်သည်။
          သူမသီချင်းဆံုးသွားတော့ (စင်အောက်ကလူများကိုတော့မသိ) တီဗီွရှေ့ကငှက်ရိုးကတော့ တော်တော်လေးဝမ်းသာသွားသည်။ ဖြစ်နိုင်လှျင်အိမ်ကအဒေါ်အပျိုကြီးကိုတောင်မဲဖောက်ပြီး ရပ်ကွက် ထဲတွင်ဝေပစ်လိုက်ချင်သည်။
          ထိုသို့ဖြင့် နောက်အဆိုတော်တစ်ယောက်အလှည့် ထပ်ရောက်လာသည်။
          ဒီတစ်ယောက်ကတော့ ငှက်ရိုးတို့နိုင်ငံတွင်နာမည်ကြီးနေသည့် ချဥ်ဖတ်စံုရာအစီအစဥ်က တက်သွားသည့် အဆိုတော်ပေါက်စလေးတစ်ယောက်ဖြစ်သည်။
          ထိုင်ခံုလေးပေါ်တွင်ထိုင်ပြီး သီချင်းအေးအေးလေးတစ်ပုဒ် ဆိုမည့်ပံုစံကိုမြင်လိုက်ရသဖြင့် ငှက်ရိုးစိတ်ထဲ နည်းနည်းတော့ပြန်ကြည်လင်လာသည်။
          ပရိသတ်ကို စကားလှမ်းပြောအပြီးတွင်တော့ သူမသီချင်းကို ဆွေးဆွေးမြည့်မြည့်လေး စ ဆိုသည်။
          သီချင်းဆိုရင်း တစ်မိနစ်လောက်အကြာတွင်တော့ ငှက်ရိုးမျက်လံုးထဲမြင်ကွင်းတစ်ခုက ကန့်လန့်ကြီးဝင်လာသည်။
          ရှုလော့…။ ဝတ်လာသည်က အောက်ခြေကိုနည်းနည်းကားထားသည့် မီနီစကပ်လေး။ နေတော့လည်းသူကစင်ပေါ်မှာ ရိုးရိုးတောင်မဟုတ် ထိုင်ခံုပေါ်တွင်တောင် အကျအနထိုင်လိုက်သေး။
          ခက်သည်က ဒူးနှစ်ချောင်းကိုမချိတ်ပဲ ထိုင်ထားသည့် သူမအနေအထားကြောင့်ဖြစ်သည်။ စကပ်ကအောက်ခြေခပ်ကားကား ဒူးနှစ်ချောင်းကိုမချိတ်ထားတော့ စင်အောက်ကလူတွေကို ဓာတ်ပံု တဖျတ်ဖျတ်ရိုက်သလိုဖြစ်နေသည်။ ဒါကပံုမှန်အခြေအနေ…။
          သီချင်းကTempoမြင့်လာပြီး Moodပိုဝင်လာလှျင်တော့ ရင်ကိုကော့၊ခေါင်းကိုမော့၊ခါးကို လိမ်ပြီးဆိုသဖြင့် ပေါင်နှစ်ချောင်းကနဂိုအခြေအနေထက် ပိုကားလာတတ်သည်။ ထိုအချိန်ရောက်လှျင် တော့ ဓာတ်ပံုရိုက်သလိုကင်မရာFlashပွင့်ရံုတင်မဟုတ်။ စင်ပေါ်ကနေစင်အောက် ဆလိုက်မီးကြီးတွေ တိုက်ရိုက်ထိုးထားသလိုကို ထင်သာမြင်သာရှိလွန်းလှသည်။
          ထိုမြင်ကွင်းကိုမြင်တော့ ပိျုပျိုအိုအိုပုရိသအပေါင်းက သြဘာပေးသည်။ ထိုသို့သြဘာ ဝိုင်း ပေးတော့ အားပိုတက်လာပြီး အသံကုန်ညှစ်အော်သည်။ ဒီတော့ ထိုးသည့်ဆလိုက်မီးက ပိုထင်းလာ သည်။ ဒီတော့ ပရိသတ်ကပိုအော်သည်။
          ပရိသတ်ကပိုအော်လေ၊ အဆိုတော်ပေါက်စလေးကပိုညှစ်လေ၊ ဆလိုက်မီးကပိုထင်းလေမို့ ငှက်ရိုးဆက်ကြည့်ချင်စိတ်ပျောက်သွားသည်။
          သို့နှင့် ကပျာကယာနောက်တစ်လိုင်းပြောင်းလိုက်ရသည်။
          မပြောင်းလို့မရ။ အသံကိုပိုညှစ်ဆိုလေ သူမပေါင်ကပိုကားလေဖြစ်နေသည်။ တော်ကြာ အညှစ်လွန်သွား၍လိပ်ခေါင်းတွေထွက်ပြီး မီနီစကပ်ပါးပါးလေးဗြန်းခနဲကွဲထွက်သွားမှ ငှက်ရိုးထမင်းစား ပျက်သွားလိမ့်မည်။ ငှက်ရိုးကအသည်းငယ်သည်။ နှလံုးအတုန်မခံနိုင်သဖြင့် ရိုလာခိုစထာတောင်မစီး။ (မှတ်ချက်- နေးထစ်စဖီခါးရ်သံဖြင့်စ် ရေးချင်းစ်ဖြစ်သည်စ်။) အယ်……ယောင်ကုန်ပြီ။
          ဟိုဖက်လိုင်းကအဆိုတော်တွေနှင့် အဆင်မပြေလို့ ဒီဖက်ပြောင်းလာပါသည်ဆိုမှ ဒီဖက် လိုင်းကလည်း သီချင်းလိုင်းဖြစ်နေပြန်သည်။
          “စိန်…စီ…သော…တေးလေး…တစ်ပုဒ်ပါ”
          အဲ… ဒီတစ်ခုကတော့မဆိုး။ ခေတ်လူငယ်ပီပီ မြန်မာသံသီချင်းဆိုမခံစားတတ်သော်လည်း ဒီတစ်ပုဒ်ကိုတော့ကြိုက်သဖြင့်နားထောင်လိုက်ဦးမည်။
          အဆိုတော်ကလည်းယောကျ်ားလေးဆိုတော့ နားထောင်ရတာတစ်မျိုးဆန်းနေသည်။
          Stageကို မီးအမှောင်ချထားသဖြင့် ဘယ်သူဘယ်ဝါဆိုတာမမြင်ရပေမယ့် သီချင်းအဝင် လေးကသပ်ရပ်သဖြင့် စိတ်ထဲကတော့ကြိတ်ချီးကျူးမိသည်။
          သီချင်းလေးနည်းနည်းအရှိန်ရတော့မှ စင်ပေါ်ကမီးလေးတွေက တဖြည်းဖြည်းလင်းလာကြ သည်။ ထိုတော့မှ ဒီတစ်ယောက်မှာလည်း အဆိုတော်အသစ်လေးဖြစ်နေမှန်းသိရသည်။
          မဆိုးတော့မဆိုး။ အသစ်ဆိုသော်လည်း တကယ့်ဝါရင့်အဆိုတော်တွေလောက်နီးနီး တော် သည်။ ဆိုသွားပံုလေးတွေက ပညာသားပါသည်။ အသံသာသည်။ မြန်မာသီချင်းနှင့် လိုက်ဖက်ညီစေ ရန် အသားရောင်တိုက်ပံုနှင့်ပုဆိုးကိုတွဲဝတ်ထားသည်။ ခေါင်းပေါင်းလေးပေါင်းထားသည်။
          သီချင်းတစ်ဝက်လောက်အရောက်တွင်မူ ဘာစိတ်ကူးပေါက်သည်မသိ။ သူပတ်ထားသည့် ခေါင်းပေါင်းကိုဆွဲချွတ်ပစ်လိုက်သည်။
          အစတုန်းက ခေါင်းပေါင်းအုပ်ထားသဖြင့် မမြင်ရသော်လည်း ယခုခေါင်းပေါင်းမရှိတော့ သည့်အခါကျ အနီတစ်ကွက်၊ အစိမ်းတစ်ကွက်၊ အဝါတစ်ကွက်ဆိုးထားသည့် ဆံပင်များကထွက်လာ သည်။
          ဒီကြားထဲ ဆံပင်တွေက အရှည်လည်းမဟုတ်၊ အတိုလည်းမဟုတ်၊ တချို့နေရာတွေကို အပြောင်သိမ်းပြီး တချို့နေရာတွေကတော့ ညောင်မုတ်ဆိတ်ပင်ကြီးလို အမြစ်တွေတွဲလောင်းကျနေ သည်။ ဒီလောက်ရှုပ်ရှက်ခတ်နေရသည့်ကြားထဲ ငယ်ထိပ်နေရာလောက်မှာ Gelနှင့်ထောင်ထားသည့် ဆံပင်စုတစ်စုက မိုကြိုးလွှဲကြီးလို မတ်မတ်ကြီးထောင်နေသည်။ ဥပမာဆိုရသော် ရေညှိတွေအဖတ် လိုက်အဖတ်လိုက်တက်၊ အာလူးကြော်အိတ်ခွံဝါဝါတွေဖံုးပြီး ကွမ်းတံတွေးတွေဝိုင်းအထွေးခံထားရသည့် ရေဒီယိုအစုတ်တစ်လံုးပံုမျိုးဖြစ်သည်။
          သူ့ပံုရိပ်လွှာကိုမြင်လိုက်အပြီးတွင်တော့ ငှက်ရိုးသီချင်းနားထောင်ချင်စိတ် တော်တော်ကုန် သွားသည်။ ထို့ကြောင့် ရုပ်ရှင်လိုင်းကိုပြောင်းလိုက်သည်။
          “အောင်မလေး အမေရဲ့………”
          “ဟဲ့ ပလုပ်တုတ် ဘာတုန်းဟ”
          ဗြဲခနဲထွက်လာသည့်ငိုသံနှင့်အတူ သေသူကိုတလိုက်သည့်အသံတို့က အရှိန်ပြင်းပြင်းနှင့် နားထဲသို့ရောက်လာသည်။
          အောက်ကလူကသရုပ်ဆောင်ရံုမဟုတ်ပဲ တစ်ကယ်သေရင်တောင် သေရာကထပြီး အသံ နည်းနည်းလှေျာ့ငိုဖို့ဖျောင်းဖျရလိမ့်မည်။ အခုတောင် သေသူမျက်နှာကပြေပြေပြစ်ပြစ်မရှိ။ “ဝဋ်ရှိလို့ခံရ တယ်” ဆိုသည့်မျက်နှာပေးနှင့် မျက်ခံုးတို့ကတွန့်နေသည်။ စိတ်ထဲကတော့ “နောက်တစ်ခေါက် ငါ့ရဲ့ အလှည့်ရောက်ရင်တော့ နင်သေပြီပေါ့ဟာ”ဟု တွေးနေမလားမပြောတတ်။
          “အောင်မလေး အမေရဲ့…”
          ဒုတိယတစ်ခေါက် လာပြန်ချေပြီ။
          ဒီတစ်ခေါက်ကမာန်ပိုပါသည်။ ဖင်ကိုလိမ်ကျစ်ပြီး မရှိရှိသည့်အသံကို မထွက်ထွက်အောင် ညှစ်အော်နေသည်။
          မင်းသားအော်ချက်က ဘယ်လောက်မာန်ပါလဲမပါလဲတော့မပြောတတ်။ ရပ်ကွက်ထဲက ပရဟိတလူငယ်လေးတွေရောက်လာကြသည်။ တစ်အိမ်ကျော်တွင်နေသည့် ရပ်ကွက်လူကြီးက မသာ သတင်းမေးရအောင်လာသည်။ ဓမ္မာရံုတွင်အမြဲလေပစ်တတ်သည့်အဖိုးကြီးတစ်သိုက် စတည်းချသည့် နေရာပြောင်းရအောင် ရေနွေးကြမ်းအိုးတွေမလာသည်။
          အိမ်လာနေကြလမ်းထိပ်ကဆရာဝန် နားကြပ်တစ်ဖက် ကမန်းကန်းဆွဲပြီးပြေးလာသည်။ တွဲလောင်းကျနေသောနားကြပ်ကြိုးကို ခွေးတစ်အုပ်ကလိုက်ဆွဲသည်။ သူကပြန်ဆွဲသည်။ ခွေးကမာန်ဖီ သည်။ သူကသွားပြန်ဖြဲပြသည်။ နောက်ဆံုးတော့ သူသွားဖြဲပြတာကိုကြောက်သွား၍လားမသိ။ ခွေး တစ်အုပ် တပ်ပြန်ဆုတ်သွားသည်။ ထို့နောက် ထိုဖိုသီဖတ်သီဒီဇိုင်းနှင့်ပင် သူပါအိမ်ရှေ့ရောက်လာပြန် သည်။
          နာရေးပို့ပေးမည့်သူ၊ တရားလာဟောမည့်သူ၊ သေဆံုးကြောင်းအတည်ပြုပေးမည့်သူတို့နှင့် ငှက်ရိုးအိမ်ရှေ့တွင် တမုဟုတ်ချင်းစည်ကားသွားသည်။ ဒါတောင်မှ မုန့်ဟင်းခါးသည်ဒေါ်ပုမသိလို့။ သူ သာသိလှျင် မုန့်ဟင်းခါးအော်ဒါယူမလားလို့ လာမေးနေဦးမည်။
          ဤသို့ဤနှယ်ဝရုန်းသုန်းကားဖြစ်နေသောလူအုပ်ကြီးကို ဘာမှမဟုတ်ကြောင်း၊ ဘာမှမဖြစ်် ကြောင်း ငှက်ရိုးတစ်ယောက် အာပေါက်မတတ် ဒိုင်ခံရှင်းရသည်။ ပရဟိတလူငယ်လေးများကိုလည်း အိမ်ကအမေတစ်ကယ်သေလှျင် သူတို့ကိုဆက်ဆက်လာခေါ်မည်ဖြစ်ကြောင်း၊ အဖိုးကြီးတစ်သိုက်ကို လည်း အမေဆံုးသည့်နေ့မှစ၍ ရက်မလည်ခင်အထိ သူတို့ကိုသာဒိုင်ခံတရားဟောခိုင်းမည်ဖြစ်ကြောင်း၊ ဆရာဝန်နှင့်ရပ်ကွက်လူကြီးကိုလည်း အမေခေါက်ခနဲသေသွားသည်နှင့် အိမ်တိုင်ရာရောက်ဆက်ဆက် လာပြောမည်ဖြစ်ကြောင်း မနည်းချော့မော့ပြီးပြန်လွှတ်လိုက်ရသည်။ ဒါတောင်မှ ရပ်ကွက်လူကြီးက ဟိုဖက်လမ်းမှာလည်းအသုဘရှိနေသဖြင့် အမေ့အတွက်ပါတစ်ခါတည်း သေစာရင်းကြိုဖွင့်ထားမလား ဟု မေးနေသေးသည်။ (သြော်…… စေတနာရှိလိုက်ပံုများ။)
          နာရီဝက်လောက်ထိုလူအုပ်ကြီးကိုရှင်းပြအပြီးမှာတော့ ငှက်ရိုးဖတ်ဖတ်မောပြီးကျန်ခဲ့သည်။ အမေကခရီးသွားနေလို့သာတော်တော့သည်။ နို့မို့့ဆို ဒီလိုစေတနာရှိသည့် အိမ်နီးချင်းတွေနဲ့ကမလွယ်။ သူတို့စေတနာကြောင့်ပဲ အမေသွေးတက်ပြီး မုန့်ဟင်းခါးကျွေးရကိန်းဆိုက်သွားနိုင်သည်။
          ဒီလောက်အဆင်မပြေတာတောင် အမှတ်ကမရှိ။ တီဗီွကိုဖွင့်ဖြစ်အောင်ပြန်ဖွင့်လိုက်သေး သည်။ မသာခန်းမဟုတ်တော့သော်လည်း ဒီကားကိုဆက်ကြည့်ချင်စိတ်ကိုမရှိတော့သဖြင့် တခြားလိုင်း ထပ်ပြောင်းသည်။
          ဒီနောက်တစ်ကားကတော့ တက်သစ်စမင်းသမီးလေးတစ်ယောက်သူ့ဘဲဘဲနှင့်ဖုန်းပြောပြီး အိပ်ယာဝင်တော့မည့်အခန်းဖြစ်သည်။
          “ကိုကိုရေ အိပ်ပြီနော် ဂွတ်နိုက်”
          ကောင်မလေးဖုန်းချလိုက်သည်။ ပြီးတော့လှဲချလိုက်သည်။ ချက်ချင်းမအိပ်သေး။ ဖက်လံုး ကိုခွပြီး ပြောခဲ့သည်များကို စားမြံု့ပြန်နေလိုက်သေးသည်။ ပြီးတော့မှမျက်လံုးမှိတ်လိုက်သည်။ စက္ကန့် တောင်မခြားပဲ ချက်ချင်းအိပ်ပျော်သွားသည်။ (အ့ံသြစရာ………။) ထို့နောက် ဒါရိုက်တာက မင်းသမီး၏ မျက်နှာဖူးဖူးလေးကို အနီးကပ်ဆွဲရိုက်ပြသည်။
          ထိုတော့မှ ငှက်ရိုးသတိထားမိသည်။ အိပ်ယာဝင်ခါနီး မိန်းကလေးတစ်ယောက်မျက်နှာက မျက်တောင်အတုတပ်ထားသည်။ Eye linerတွေဆိုးထားသည်။ နှုတ်ခမ်းနီကရဲပလောင်းခတ်နေပြီး ပါး မို့မို့နှစ်ဖက်က သဘာဝမကျစွာနီနေသည်။ လည်ပင်းကညိုမည်းနေသလောက် မျက်နှာထက်မှာတော့ ခြစ်ချပြီး ပိဿချိန်နှင့်ရောင်းစားလို့ရလောက်အောင်ကို မိတ်ကပ်တို့ကဖံုနေသည်။
          မိန်းကလေးတွေက အိပ်ယာဝင်ချိန်လည်း ထိုသို့ပြင်ဆင်ပြီးမှအိပ်တတ်ကြောင်း ဒီအသက် ဒီအရွယ်ရောက်မှသိတော့သည်။ (အင်း……… မိန်းကလေးဘဝ တယ်လဲဒုက္ခကြီးရှာသကိုး။)
          ထိုတော့မှ မိဘကျေးဇူးတွေက မြင်ကွင်းထဲထင်းလာသည်။ ဘာရယ်မဟုတ်  ယောကျ်ား လေး အဖြစ်မွေးပေးခဲ့သောအမေ့ကို အခုမှငှက်ရိုးတစ်ယောက်ကျေးဇူးတင်ရပါသည်။
          သို့နှင့် နောက်တစ်လိုင်းဆက်ဖွင့်သည်။ မင်းသားကြီး၊ မင်းသားလတ်၊ မင်းသားလေး၊ မင်းသားပေါက်စ၊ မင်းသားပုစုခရုတော်တော်များများကို ဂါဝန်တဖားဖားနှင့်တွေ့လိုက်ရသည်။ သံုးစွဲကြ သည့် အသံုးအနှုန်းတွေကလည်း ဂေးလွတ်လပ်ခွင့်တို့၊ အခြောက်များသမဂ္ဂတို့၊ မိန်းမလျာအရေး သွေးမအေးနှင့်တို့ စသည်ဖြင့်အတော်စံုလေသည်။ ပြောကြသည့်ဒိုင်ယာလော့ခ်တွေကလည်း အောက် ပိုင်းကနေကိုတက်မလာ။
          ကြာတော့ငှက်ရိုးဒေါသထွက်လာသည်။ စိတ်ရှိလက်ရှိသာဆိုလှျင် ဒါရိုက်တာရော၊ စာရေး ဆရာရော၊ ဇာတ်ညွှန်းရော၊ မင်းသားတွေရော အကုန်လံုးကိုတန်းစီပြီးပါးရိုက်လိုက်ချင်သည်။ ခုတော့ ဘာမှလည်းလုပ်လို့မရသဖြင့် အလိပ်လိုက်တက်လာသည့်ဒေါသတွေကို မြိုမြိုချနေရသည်။ တီဗွီကြီးကို ရိုက်ခွဲပစ်လို့ကလည်းမကောင်း။ (မြင်နေရတာကလည်း) မယားပါသားကိုမှ သူ့ထက်ကြည့်လို့ရဦးမည့် အနေအထားဆိုတော့ နောက်ဆံုးငှက်ရိုးတစ်ခုဆံုးဖြတ်လိုက်သည်။
          တီဗွီကိုပလပ်ဖြုတ်သည်။ Receiverကိုပလပ်ဖြုတ်သည်။ EVDစက်ကိုပါပလပ်ဖြုတ်ပစ် သည်။ တစ်ဆက်တည်း မိန်းပါချသည်။
          ပြီးတော့ ထိုတီဗီွတွေ၊ Receiverတွေအကုန်လံုး အိမ်အပြင်ဖက်သို့သယ်ထုတ်သွားသည်။ အချိန်ကနေ့လည်၂နာရီ…။ နောက်၁၀မိနစ်လောက်နေလှျင် အဟောင်းဝယ်သည့်ကုလားလာလိမ့်မည်။ သူ့ဆီမှာရရာစျေးနှင့်ရောင်းစားမည်။ အမေပြန်လာလှျင်တော့ သူခိုးပဲခိုးသွားသလိုလို၊ ဓားပြပဲ တိုက် သွားသလိုလို ရူးကွက်နင်းလိုက်မည်။ ဒီအတွက်က ကိစ္စမရှိ။
          တစ်ခုတော့ရှိသည်။ ရောင်းလို့ရလာသည့်ငွေကိုတော့ အကျိုးရှိရှိအသံုးချရမည်။ ရပ်ကွက် လူကြီးလာတုန်းကတော့ ဟိုဖက်တစ်လမ်းမှာ အသုဘဖြစ်နေသည်ဟုပြောသည်။ အသုဘဆိုတော့ သေချာပေါက်ဖဲဝိုင်းရှိလိမ့်မည်။ တွေးလိုက်ရံုနှင့်ကို ငှက်ရိုးမျက်လံုးက အရောင်တွေတဖျတ်ဖျတ်လက် လာသည်။ နားထဲမှာလည်း အော်တို၂ဆတို့၊ ၉ပေါက်တို့၊ ရှိုးတို့ စသဖြင့်ကြားယောင်လာသည်။
          ငှက်ရိုးအတွက်ကတော့ ရေကန်အသင့်၊ကြာအသင့်ပင် စိတ်ကူးကိုလက်တွေ့ အကောင် အထည်ဖော်ရန် ကလေးပီပီဟန်ချီချီ ဖိနပ်ကိုခါးကြားထိုးထည့်လိုက်သည်။ အမေက နောက်အပတ် လောက်မှ အိမ်ပြန်ရောက်မည်ဟုပြောထားသည်။ အိမ်တံခါးတွေအားလံုးလိုက်ပိတ်သည်။ အိမ်တံခါးမ ကြီးကို အပြင်ကသော့ခတ်သည်။ တီဗီွတွေကို ခြံပြင်ထပ်ရွှေ့သည်။ ခြံတံခါးကိုပါ သော့ခတ်ပြီးချိန် မှာတော့ ခြံဝတွင်ချိတ်ထားသည့် “ပရော်ဖက်ဆာဒေါက်တာငှက်ရိုး”ဟူသည့် ဆိုင်းဘုတ်၏အောက်တွင် “ခေတ္တ မသာအိမ်”ဟု ပြင်ဆင်လိုက်သည်။
          ဟော…တွန်းလှည်းတွန်းလာသံကြားရသည်။ တီဗွီအဟောင်း၊ ရေဒီယိုအဟောင်းဝယ်သည် ဟူသည့်အသံလည်းပဲကြားရသည်။ အသံကတဖြည်းဖြည်းနီးလာသည်။ ပိုပြတ်သားလာသည်။
          စိတ်ကလောနေသဖြင့် ထိုအသည်အလာကိုတောင် ငှက်ရိုးမစောင့်နိုင်တော့။ လမ်းပေါ် တက်ပြီး အသံကုန်လှမ်းအော်လိုက်သည်။
          “လာပါဦး”
(ပရော်ဖက်ဆာဒေါက်တာငှက်ရိုး)
(၁၂.၇.၂၀၁၅)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s