အိပ္ဖန္ေစာင့္ (အိပ်ဖန်စောင့်)

ေျခာက္အိပ္မက္ေတြၾကား
နင္တစ္ကိုယ္တည္းမငိုဖို႔
နံေဘးမွာေစာင့္ေနေပးပါရေစတာရာ။

ညဆိုတာမ်ိဳးက
တစ္ခါတစ္ေလေတာ့လကြယ္တယ္။

အလင္းေပ်ာက္တိုင္း
ေၾကာက္ေနတတ္တဲ႔ခ်စ္သူအတြက္
မီးညွိေပးခြင့္ေလးလိုခ်င္ပါတယ္။

ေၾသာ္………
အိပ္ဖန္ေစာင့္ဆိုတာ
ဓားထမ္းထားရံုသက္သက္မွမဟုတ္ပဲကြယ္။

ပင္ပန္းေနရင္လွဲအိပ္
(လိုအပ္ရင္)ေခ်ာ့ပါသိပ္ေပးမယ္။
ကိုယ့္ခ်စ္သူအိပ္မက္လွလွမက္ပါေစ။

အခ်ိန္မဲ႔အခါမဲ႔
မိုးဆိုတာလဲရြာတတ္တယ္။
မိုးႀကိဳးေတြထစ္ခ်ဳန္း
တဒုန္းဒုန္းျမည္ေနရင္ေတာင္
နင္ၿပံဳးစမ္းပါတာရာ။

သိပ္ေၾကာက္ေနရင္ ငါ့ကိုဖက္
နင့္ကပ္လ်က္မွာ ငါရွိေနပါရဲ႕။

ေခ်ာကလက္ေရာင္တိမ္စိုင္ေတြက
အလြင့္လြင့္အစဥ္စဥ္နဲ႔တဖြားဖြားၿပိဳက်
နင့္လက္ဖဝါးႏုႏုမွာ
ရွတတဒဏ္ရာေတြရတဲ႔အခါ
ေရာက္ရာအရပ္ကသာ
ငါ့ကိုလွမ္းေခၚပါ။

ေႏြည…မိုးည…ေဆာင္းည
ေျပာင္းလဲမႈေတြၾကား
အသားက်က်ရွင္သန္ပါ။

မီးေလးကိုမွိတ္
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္လဲအိပ္ပါ။

ျခင္မသန္း
ယင္မသန္း
နင့္အိပ္မက္ေတြလဲထာဝစဥ္လန္းဆန္းပါေစတာရာ။
(လင္း)
(၁၅.၇.၂၀၁၅)
(Zawgyi)

ခြောက်အိပ်မက်တွေကြား
နင်တစ်ကိုယ်တည်းမငိုဖို့
နံဘေးမှာစောင့်နေပေးပါရစေတာရာ။

ညဆိုတာမျိုးက
တစ်ခါတစ်လေတော့လကွယ်တယ်။

အလင်းပျောက်တိုင်း
ကြောက်နေတတ်တဲ့ချစ်သူအတွက်
မီးညှိပေးခွင့်လေးလိုချင်ပါတယ်။

သြော်………
အိပ်ဖန်စောင့်ဆိုတာ
ဓားထမ်းထားရံုသက်သက်မှမဟုတ်ပဲကွယ်။

ပင်ပန်းနေရင်လှဲအိပ်
(လိုအပ်ရင်)ချော့ပါသိပ်ပေးမယ်။
ကိုယ့်ချစ်သူအိပ်မက်လှလှမက်ပါစေ။

အချိန်မဲ့အခါမဲ့
မိုးဆိုတာလဲရွာတတ်တယ်။
မိုးကြိုးတွေထစ်ချုန်း
တဒုန်းဒုန်းမြည်နေရင်တောင်
နင်ပြံုးစမ်းပါတာရာ။

သိပ်ကြောက်နေရင် ငါ့ကိုဖက်
နင့်ကပ်လျက်မှာ ငါရှိနေပါရဲ့။

ချောကလက်ရောင်တိမ်စိုင်တွေက
အလွင့်လွင့်အစဥ်စဥ်နဲ့တဖွားဖွားပြိုကျ
နင့်လက်ဖဝါးနုနုမှာ
ရှတတဒဏ်ရာတွေရတဲ့အခါ
ရောက်ရာအရပ်ကသာ
ငါ့ကိုလှမ်းခေါ်ပါ။

နွေည…မိုးည…ဆောင်းည
ပြောင်းလဲမှုတွေကြား
အသားကျကျရှင်သန်ပါ။

မီးလေးကိုမှိတ်
နှစ်နှစ်ခြိုက်ခြိုက်လဲအိပ်ပါ။

ခြင်မသန်း
ယင်မသန်း
နင့်အိပ်မက်တွေလဲထာဝစဥ်လန်းဆန်းပါစေတာရာ။
(လင်း)
(၁၅.၇.၂၀၁၅)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s