ယာဥ္ေၾကာပိတ္ဆို႔မႈ (ယာဥ်ကြောပိတ်ဆို့မှု )

သူတိုးကိုယ္တိုးနဲ႔ေတာ့
ပိုပိုဆိုးလာဖို႔ပဲရွိမယ္။

ခင္ဗ်ားလဲနည္းနည္းဖယ္
ကြ်န္ေတာ္လဲနည္းနည္းကပ္
အေလွ်ာ့ေပးတတ္ရင္
လမ္းဆိုတာက်ယ္ပါတယ္။

တိတ္တိတ္ေလးဆဲေရးေနတဲ႔အထဲ
လူႀကီးလူေကာင္းဆိုသူေတြက အမ်ားဆံုးပါတယ္။

“Me”ထက္”We”ကို အရင္စဥ္းစား
ဒီလို ကားေခါင္းႀကီးအတင္းတိုးတာက
အခ်င္းမ်ားရံုအျပင္မပိုဘူးေနာ္အန္ကယ္လ္။

မီးပိြဳင့္ကေမာ္ေတာ္ပီကယ္
ဘယ္အလည္သြားမွွန္းကြ်န္ေတာ္မသိဘူး။
လက္ညွိဳးေထာင္၊လက္ျပ
အဲဒီယဥ္ေက်းမႈ သူမရွိရာကစခဲ႔တယ္။

ေက်ာ္တက္၊ လုတက္၊ ႏွစ္ထပ္ရပ္
ဒီလို စည္းပ်က္ကမ္းပ်က္ၿမိဳ႕ဟာ
ဘယ္ႏွရာစုႏွစ္အထိေအာင္
ႀကံ႕ႀကံ႕ခံႏိုင္ပါ့မလဲ။

“စနစ္မေကာင္းရင္
အသစ္ေျပာင္းသင့္တယ္။”
ဒီစကားေျပာသူေတြအကုန္လံုး
ယာဥ္စည္ကမ္းမေဖာက္ပဲ
လိုင္စင္အသိမ္းခံခဲ႔ၾကရဲ႕။
(ျပင္သင့္တဲ႔အထဲ အဲဒါကထိပ္ဆံုးမွာရွိတယ္။)

မႏွစ္ၿမိဳ႕ေပမယ့္
ကြ်န္ေတာ္ကေတာ့ တိတ္တိတ္ဆိတ္ဆိတ္
ဒီယာဥ္တန္းႀကီးထဲ ႀကိတ္မွိတ္ၿပီးေနခဲ႔တယ္။
ဘဝမွာ မခ်စ္ေပမယ့္လည္း တစ္ခါတစ္ခါေတာ့
အသက္ေအာင့္ၿပီးနမ္းေနရတယ္။

ကြ်န္ေတာ္တို႔သြားခြင့္မရွိတဲ႔
ေဘးကလမ္းမႀကီးကေတာ့
ျဖဴးလဲျဖဴး…ေျဖာင့္လဲေျဖာင့္။
လမ္းအရည္အေသြးကလဲသိပ္ေကာင္းပါရဲ႕။

“ေဟ့လူေတြ………
ေရွာင္ၾက ရွားၾက ေရြ႕ၾက ဖယ္ၾက”
အေနာက္မွာပါလာတဲ႔မာစီဒီးက
လူႀကီးကားဆိုပဲကြယ္။
(လင္း)
(၂၀.၇.၂၀၁၅)
(Zawgyi)

သူတိုးကိုယ်တိုးနဲ့တော့
ပိုပိုဆိုးလာဖို့ပဲရှိမယ်။

ခင်ဗျားလဲနည်းနည်းဖယ်
ကျွန်တော်လဲနည်းနည်းကပ်
အလှေျာ့ပေးတတ်ရင်
လမ်းဆိုတာကျယ်ပါတယ်။

တိတ်တိတ်လေးဆဲရေးနေတဲ့အထဲ
လူကြီးလူကောင်းဆိုသူတွေက အများဆံုးပါတယ်။

“Me”ထက်”We”ကို အရင်စဥ်းစား
ဒီလို ကားခေါင်းကြီးအတင်းတိုးတာက
အချင်းများရံုအပြင်မပိုဘူးနော်အန်ကယ်လ်။

မီးပိွုင့်ကမော်တော်ပီကယ်
ဘယ်အလည်သွားမှှန်းကျွန်တော်မသိဘူး။
လက်ညှိုးထောင်၊လက်ပြ
အဲဒီယဥ်ကျေးမှု သူမရှိရာကစခဲ့တယ်။

ကျော်တက်၊ လုတက်၊ နှစ်ထပ်ရပ်
ဒီလို စည်းပျက်ကမ်းပျက်မြို့ဟာ
ဘယ်နှရာစုနှစ်အထိအောင်
ကြံ့ကြံ့ခံနိုင်ပါ့မလဲ။

“စနစ်မကောင်းရင်
အသစ်ပြောင်းသင့်တယ်။”
ဒီစကားပြောသူတွေအကုန်လံုး
ယာဥ်စည်ကမ်းမဖောက်ပဲ
လိုင်စင်အသိမ်းခံခဲ့ကြရဲ့။
(ပြင်သင့်တဲ့အထဲ အဲဒါကထိပ်ဆံုးမှာရှိတယ်။)

မနှစ်မြို့ပေမယ့်
ကျွန်တော်ကတော့ တိတ်တိတ်ဆိတ်ဆိတ်
ဒီယာဥ်တန်းကြီးထဲ ကြိတ်မှိတ်ပြီးနေခဲ့တယ်။
ဘဝမှာ မချစ်ပေမယ့်လည်း တစ်ခါတစ်ခါတော့
အသက်အောင့်ပြီးနမ်းနေရတယ်။

ကျွန်တော်တို့သွားခွင့်မရှိတဲ့
ဘေးကလမ်းမကြီးကတော့
ဖြူးလဲဖြူး…ဖြောင့်လဲဖြောင့်။
လမ်းအရည်အသွေးကလဲသိပ်ကောင်းပါရဲ့။

“ဟေ့လူတွေ………
ရှောင်ကြ ရှားကြ ရွေ့ကြ ဖယ်ကြ”
အနောက်မှာပါလာတဲ့မာစီဒီးက
လူကြီးကားဆိုပဲကွယ်။
(လင်း)
(၂၀.၇.၂၀၁၅)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s