Monthly Archives: August 2015

ငါးတစ္ေကာင္ႏွင့္စကားစျမည္ (ငါးတစ်ကောင်နှင့်စကားစမြည် )

          “ဗြမ္း……”
          ငါးမွ်ားတံကိုဆြဲတင္လိုက္ေတာ့ ခပ္လတ္လတ္ငါးတစ္ေကာင္က ခ်ိတ္ကိုခ်ိတ္လွ်က္ တန္း လန္းႀကီးပါလာသည္။
          အာေခါင္ရွိခ်ိတ္ကို အသာျဖဳတ္ေပးၿပီး အသင့္ယူလာေသာပံုးထဲသို႔ ထိုငါးကိုပစ္ထည့္ လိုက္သည္။ ထို႔ေနာက္…ေနာက္တစ္ခါထပ္မွ်ားရန္ ငါးမွ်ားခ်ိတ္တြင္ အစာတပ္ေနစဥ္…။
          “ေဟ့…ေဟ့လူ”
          ေခၚသံတစ္ခုၾကားရသည္။ ေဘးဘီေဝ့ၾကည့္ေတာ့လည္း ဘယ္သူမွ်မရွိ။ သို႔ႏွင့္ အစာကို ျပန္တပ္ေနလိုက္သည္။
          “ေဟ့လူ…ဒီမွာဗ်…”
          အသံထပ္ၾကားရျပန္သည္။ အနီးပတ္ဝန္းက်င္တြင္ သူ႔အျပင္ဘယ္သူမွရွိမေန။
          “က်ဳပ္ကဒီမွာဗ်…ပံုးထဲမွာ”
          ပံုးထဲမွာဆိုသည့္စကားေၾကာင့္ ပံုးထဲကိုငံု႔ၾကည့္လိုက္ေတာ့ သူ႔ကိုစကားလွမ္းေျပာေနသူက ခုနသူဖမ္းခဲ့သည့္ငါး…။
          သူ႔မ်က္ခံုးအစံုျမင့္တက္သြားၿပီး အေတာ္အ့ံၾသသြားသည္။ ငါးကစကားေျပာသည္ဆိုျခင္း မွာ ဘယ္လိုမွျဖစ္ႏိုင္စရာမရွိဘူးမဟုတ္လား။
          “လူစကားေျပာတတ္တာကို အ့ံၾသမေနပါနဲ႔ဗ်ာ”
          သူျဖစ္ေနသည့္စိတ္အေျခအေနကို သိေနသည့္အလား ငါးကဆိုသည္။ ထို႔ေနာက္
          “က်ဳပ္ခင္ဗ်ားကို လွမ္းစကားေျပာတယ္ဆိုတာ က်ဳပ္တို႔ရဲ႕သတၱိေတြအေၾကာင္း ခင္ဗ်ားတို႔ လူေတြ သေဘာေပါက္ေစခ်င္လုိ႔ဗ်”
          “သတၱိ…ဟုတ္လား”
          မထင္မွတ္ထားသည့္စကားေၾကာင့္ သူအေတာ္စိတ္ဝင္စားသြားသည္။
          “ဟုတ္တယ္…သတၱိ…။
          ခင္ဗ်ားသိလား…။ ငါးမွ်ားခ်ိတ္မွာ တပ္ထားတဲ႔အစာနဲ႔ မတပ္ထားတဲ႔အစာနဲ႔ကို မခြဲျခားႏိုင္ ေလာက္ေအာင္ က်ဳပ္တို႔ငါးေတြအဲဒီေလာက္မတံုးဘူးဗ်”
          “ဘယ္လို…ဒါဆို…မင္းတို႔က.”
          “ဟုတ္တယ္…သိသိရက္နဲ႔ဟပ္ခဲ႔တာ။ ဘာေၾကာင့္လဲလို႔ ခင္ဗ်ားေမးေတာ့မယ္မဟုတ္လား။ မေမးနဲ႔။ အေျဖက ခုနတုန္းက က်ဳပ္ေျပာခဲ႔တဲ႔သတၱိပဲ။
          သတၱိမရွိတဲ႔ တခ်ိဳ႕ငါးေတြကေတာ့ ငါးစာခ်ထားတာေတြ႔ရင္ ေရွာင္ကြင္းသြားၾကတယ္။ က်ဳပ္တို႔လိုသတၱိရွိတဲ႔ ငါးေတြကေတာ့ ငါးစာေတြ႔တာနဲ႔ အာေခါင္အေပါက္ခံၿပီး ဟပ္ပစ္ၾကတယ္။”
          “မဟုတ္ေသးဘူးေလ။ ဒီလိုဟပ္လိုက္ရင္ ဘာျဖစ္မလဲဆိုတာ မင္းတို႔မသိၾကဘူးလား”
          သူ႔ေမးခြန္းကိုၾကားေတာ့ ပံုးထဲကငါးက မထီတရီႏွင့္ၿပံဳးသည္။
          “သိတယ္ေလ။ ငါးစာကိုဟပ္တဲ့ငါးအကုန္လံုး ဟပ္လိုက္တာနဲ႔ ခင္ဗ်ားတို႔လက္ထဲေရာက္ ၿပီပဲ။ ၿပီးရင္ ခင္ဗ်ားတို႔က်ဳပ္တို႔ကိုသတ္စားမယ္။ ဒါပဲမဟုတ္လား။”
          “ဟင္…ေသမယ္ဆိုတာ သိေနတာေတာင္မွ ဘာလို႔လုပ္ေနေသးတာလဲ”
          “က်ဳပ္ေျပာၿပီးၿပီေလ။ သတၱိပါဆို။
          ေသမယ္ဆိုတာမွန္တယ္။ ဒါေပမယ့္ က်ဳပ္တို႔ကေတာ့ ဒါကိုသူရဲေကာင္းေရြးပြဲတစ္ခုလို႔ သတ္မွတ္ၾကတယ္။”
          ငါးရဲ႕အေျဖဆံုးေတာ့ သူစိတ္ပ်က္စြာေခါင္းခါယမ္းမိသည္။
          “ကဲ…ထားပါ။ အခုမင္းတို႔ေရကန္ထဲမွာ ငါးဘယ္ႏွေကာင္ရွိလဲ”
          “အေကာင္၇၀ေလာက္ေပါ့။ ဘာျဖစ္လို႔လဲ။”
          “ဟုတ္ၿပီ။ ဒီအထဲကမွ မင္းအယူအဆကိုလက္ခံတာ ဘယ္ႏွေကာင္ရွိလဲ။
          “၁၀……ေကာင္………။
          ဟာ…ေဟ့လူ။ အနည္းစု၊အမ်ားစုဆိုတဲ႔ သတ္မွတ္ခ်က္နဲ႔ က်ဳပ္မွားတယ္လို႔ လာမေျပာနဲ႔။ သူမ်ားမလုပ္ရဲတဲ့အရာကိုလုပ္တာဟာ သူရဲေကာင္းေတြရဲ႕စရုိက္ပဲ။
          ကဲပါ…။ဒါေတြေျပာေနလို႔လဲ ခင္ဗ်ားနားလည္မွာမဟုတ္ပါဘူး။ ခင္ဗ်ားပံုၾကည့္ရတာလည္း က်ဳပ္တို႔လိုသတၱိရွင္ေတြကို ေလွာင္ေနေျပာင္ေနတဲ႔သူမ်ိဳးပံုပါပဲ။
          ကဲ…ကဲ…က်ဳပ္ေျပာခ်င္တာေျပာၿပီးသြားၿပီ။ ခင္ဗ်ားသတ္မွာျဖင့္လဲသတ္ေတာ့”
          မသိသားဆိုးရြားႏိုင္လွေသာ ထိုငါးကိုၾကည့္ရင္း သူအေတာ္စိတ္ပ်က္သြားမိသည္။
          “ေအးပါ…သတ္မွာပါ။ မင္းတို႔ေတြက ငါမသတ္လဲ ေနာက္ငါးမွ်ားခ်ိတ္ကို သြားဟပ္ၾကဦး မွာပဲမဟုတ္လား
          ဒါေပမယ့္ ငါမင္းကိုမသတ္ခင္ တစ္ခုေတာ့ေျပာမယ္။
          သူမ်ားမလုပ္ႏိုင္တာလုပ္တိုင္းလဲ သူရဲေကာင္းမျဖစ္ဘူးကြ။ ကိုယ့္နာက်င္မႈ၊ ကိုယ့္ေသဆံုး မႈက ဘယ္သူ႔အက်ိဳးအတြက္မွမဟုတ္တဲ႔ အခ်ည္းႏွီးေသဆံုးျခင္း၊ အခ်ည္းႏွီးနာက်င္ျခင္းေတြဆို ငါက ေတာ့ သူရဲေကာင္းဘြဲ႔မေပးဘူး။ မိုက္ရူးရဲဘြဲ႔ပဲေပးမယ္။”
          “ဘယ္လို…မိုက္…ရူး…ရဲ…ဟုတ္လား”
          သူ႔စကားအဆံုးမွာ ပံုးထဲကငါးေတြေဝသြားသည္။ သို႔ေသာ္ေတြေဝမႈကေနာက္က်ခဲ႔ေလၿပီ။

✽✽✽   ✽✽✽   ✽✽✽

          ေလအသင့္ဝယ္ ငါးကင္ရနံ႔ကသင္းပ်ံ႕ေနသည္။
          သူရဲေကာင္းျဖစ္ခ်င္လြန္းသည့္ ငါးျဖစ္၍လားေတာ့မသိ။ အသားကမာၿပီးတင္းေနသည္။ အရသာကလဲခ်ိဳလွသည္။
          “ဘာပဲေျပာေျပာ ဒီလိုသူရဲေကာင္းျဖစ္ခ်င္သူေတြ ေပါေနသေရြ႕ေတာ့ ငါစားေနရဦးမွာေပါ့”
          ငါးကင္ကိုတစ္ဖဲ႔ကိုက္လိုက္ရင္း သူတစ္ကိုယ္တည္း ေက်နပ္စြာေျပာမိသည္။

✽✽✽   ✽✽✽   ✽✽✽

(လင္း)
(Zawgyi)

          “ဗွမ်း……”
          ငါးမှျားတံကိုဆွဲတင်လိုက်တော့ ခပ်လတ်လတ်ငါးတစ်ကောင်က ချိတ်ကိုချိတ်လှျက် တန်း လန်းကြီးပါလာသည်။
          အာခေါင်ရှိချိတ်ကို အသာဖြုတ်ပေးပြီး အသင့်ယူလာသောပံုးထဲသို့ ထိုငါးကိုပစ်ထည့် လိုက်သည်။ ထို့နောက်…နောက်တစ်ခါထပ်မှျားရန် ငါးမှျားချိတ်တွင် အစာတပ်နေစဥ်…။
          “ဟေ့…ဟေ့လူ”
          ခေါ်သံတစ်ခုကြားရသည်။ ဘေးဘီဝေ့ကြည့်တော့လည်း ဘယ်သူမှျမရှိ။ သို့နှင့် အစာကို ပြန်တပ်နေလိုက်သည်။
          “ဟေ့လူ…ဒီမှာဗျ…”
          အသံထပ်ကြားရပြန်သည်။ အနီးပတ်ဝန်းကျင်တွင် သူ့အပြင်ဘယ်သူမှရှိမနေ။
          “ကျုပ်ကဒီမှာဗျ…ပံုးထဲမှာ”
          ပံုးထဲမှာဆိုသည့်စကားကြောင့် ပံုးထဲကိုငံု့ကြည့်လိုက်တော့ သူ့ကိုစကားလှမ်းပြောနေသူက ခုနသူဖမ်းခဲ့သည့်ငါး…။
          သူ့မျက်ခံုးအစံုမြင့်တက်သွားပြီး အတော်အ့ံသြသွားသည်။ ငါးကစကားပြောသည်ဆိုခြင်း မှာ ဘယ်လိုမှဖြစ်နိုင်စရာမရှိဘူးမဟုတ်လား။
          “လူစကားပြောတတ်တာကို အ့ံသြမနေပါနဲ့ဗျာ”
          သူဖြစ်နေသည့်စိတ်အခြေအနေကို သိနေသည့်အလား ငါးကဆိုသည်။ ထို့နောက်
          “ကျုပ်ခင်ဗျားကို လှမ်းစကားပြောတယ်ဆိုတာ ကျုပ်တို့ရဲ့သတ္တိတွေအကြောင်း ခင်ဗျားတို့ လူတွေ သဘောပေါက်စေချင်လို့ဗျ”
          “သတ္တိ…ဟုတ်လား”
          မထင်မှတ်ထားသည့်စကားကြောင့် သူအတော်စိတ်ဝင်စားသွားသည်။
          “ဟုတ်တယ်…သတ္တိ…။
          ခင်ဗျားသိလား…။ ငါးမှျားချိတ်မှာ တပ်ထားတဲ့အစာနဲ့ မတပ်ထားတဲ့အစာနဲ့ကို မခွဲခြားနိုင် လောက်အောင် ကျုပ်တို့ငါးတွေအဲဒီလောက်မတံုးဘူးဗျ”
          “ဘယ်လို…ဒါဆို…မင်းတို့က.”
          “ဟုတ်တယ်…သိသိရက်နဲ့ဟပ်ခဲ့တာ။ ဘာကြောင့်လဲလို့ ခင်ဗျားမေးတော့မယ်မဟုတ်လား။ မမေးနဲ့။ အဖြေက ခုနတုန်းက ကျုပ်ပြောခဲ့တဲ့သတ္တိပဲ။
          သတ္တိမရှိတဲ့ တချို့ငါးတွေကတော့ ငါးစာချထားတာတွေ့ရင် ရှောင်ကွင်းသွားကြတယ်။ ကျုပ်တို့လိုသတ္တိရှိတဲ့ ငါးတွေကတော့ ငါးစာတွေ့တာနဲ့ အာခေါင်အပေါက်ခံပြီး ဟပ်ပစ်ကြတယ်။”
          “မဟုတ်သေးဘူးလေ။ ဒီလိုဟပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ မင်းတို့မသိကြဘူးလား”
          သူ့မေးခွန်းကိုကြားတော့ ပံုးထဲကငါးက မထီတရီနှင့်ပြံုးသည်။
          “သိတယ်လေ။ ငါးစာကိုဟပ်တဲ့ငါးအကုန်လံုး ဟပ်လိုက်တာနဲ့ ခင်ဗျားတို့လက်ထဲရောက် ပြီပဲ။ ပြီးရင် ခင်ဗျားတို့ကျုပ်တို့ကိုသတ်စားမယ်။ ဒါပဲမဟုတ်လား။”
          “ဟင်…သေမယ်ဆိုတာ သိနေတာတောင်မှ ဘာလို့လုပ်နေသေးတာလဲ”
          “ကျုပ်ပြောပြီးပြီလေ။ သတ္တိပါဆို။
          သေမယ်ဆိုတာမှန်တယ်။ ဒါပေမယ့် ကျုပ်တို့ကတော့ ဒါကိုသူရဲကောင်းရွေးပွဲတစ်ခုလို့ သတ်မှတ်ကြတယ်။”
          ငါးရဲ့အဖြေဆံုးတော့ သူစိတ်ပျက်စွာခေါင်းခါယမ်းမိသည်။
          “ကဲ…ထားပါ။ အခုမင်းတို့ရေကန်ထဲမှာ ငါးဘယ်နှကောင်ရှိလဲ”
          “အကောင်၇၀လောက်ပေါ့။ ဘာဖြစ်လို့လဲ။”
          “ဟုတ်ပြီ။ ဒီအထဲကမှ မင်းအယူအဆကိုလက်ခံတာ ဘယ်နှကောင်ရှိလဲ။
          “၁၀……ကောင်………။
          ဟာ…ဟေ့လူ။ အနည်းစု၊အများစုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကျုပ်မှားတယ်လို့ လာမပြောနဲ့။ သူများမလုပ်ရဲတဲ့အရာကိုလုပ်တာဟာ သူရဲကောင်းတွေရဲ့စရိုက်ပဲ။
          ကဲပါ…။ဒါတွေပြောနေလို့လဲ ခင်ဗျားနားလည်မှာမဟုတ်ပါဘူး။ ခင်ဗျားပံုကြည့်ရတာလည်း ကျုပ်တို့လိုသတ္တိရှင်တွေကို လှောင်နေပြောင်နေတဲ့သူမျိုးပံုပါပဲ။
          ကဲ…ကဲ…ကျုပ်ပြောချင်တာပြောပြီးသွားပြီ။ ခင်ဗျားသတ်မှာဖြင့်လဲသတ်တော့”
          မသိသားဆိုးရွားနိုင်လှသော ထိုငါးကိုကြည့်ရင်း သူအတော်စိတ်ပျက်သွားမိသည်။
          “အေးပါ…သတ်မှာပါ။ မင်းတို့တွေက ငါမသတ်လဲ နောက်ငါးမှျားချိတ်ကို သွားဟပ်ကြဦး မှာပဲမဟုတ်လား
          ဒါပေမယ့် ငါမင်းကိုမသတ်ခင် တစ်ခုတော့ပြောမယ်။
          သူများမလုပ်နိုင်တာလုပ်တိုင်းလဲ သူရဲကောင်းမဖြစ်ဘူးကွ။ ကိုယ့်နာကျင်မှု၊ ကိုယ့်သေဆံုး မှုက ဘယ်သူ့အကျိုးအတွက်မှမဟုတ်တဲ့ အချည်းနှီးသေဆံုးခြင်း၊ အချည်းနှီးနာကျင်ခြင်းတွေဆို ငါက တော့ သူရဲကောင်းဘွဲ့မပေးဘူး။ မိုက်ရူးရဲဘွဲ့ပဲပေးမယ်။”
          “ဘယ်လို…မိုက်…ရူး…ရဲ…ဟုတ်လား”
          သူ့စကားအဆံုးမှာ ပံုးထဲကငါးတွေဝေသွားသည်။ သို့သော်တွေဝေမှုကနောက်ကျခဲ့လေပြီ။

✽✽✽   ✽✽✽   ✽✽✽

          လေအသင့်ဝယ် ငါးကင်ရနံ့ကသင်းပျံ့နေသည်။
          သူရဲကောင်းဖြစ်ချင်လွန်းသည့် ငါးဖြစ်၍လားတော့မသိ။ အသားကမာပြီးတင်းနေသည်။ အရသာကလဲချိုလှသည်။
          “ဘာပဲပြောပြော ဒီလိုသူရဲကောင်းဖြစ်ချင်သူတွေ ပေါနေသရွေ့တော့ ငါစားနေရဦးမှာပေါ့”
          ငါးကင်ကိုတစ်ဖဲ့ကိုက်လိုက်ရင်း သူတစ်ကိုယ်တည်း ကျေနပ်စွာပြောမိသည်။

✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image

Advertisements

ထရိုဂ်န္ျမင္း (ထရိုဂျန်မြင်း)

          အလယ္ေခတ္မွာ ႏိုင္ငံအခ်င္းခ်င္း ဗ်ဴဟာေတြခင္းၿပီး တိုက္ခိုက္တာရွိသလို။ တိုင္းျပည္ မနာေအာင္ ဟိုဖက္ကသူရဲေကာင္းတစ္ေယာက္နဲ႔ ဒီဖက္ကသူရဲေကာင္းတစ္ေယာက္ တိုက္ခိုက္ၿပီး စစ္ပြဲအႏိုင္အရွံဳးကို ဆံုးျဖတ္တဲ႔စစ္ပြဲေတြလည္းရွိခဲ႔တယ္။
          ဒီေတာ့ အဲဒီအခ်ိန္တုန္းက ဘုရင္ေတြဟာ ဓားထက္တဲ႔သူရဲေကာင္းေတြဆို အထူး ေျမွာက္စားၾကတယ္။
          အဲဒီအခ်ိန္တုန္းကေပါ့………။
          အင္း………အဲဒီအခ်ိန္တုန္းက…။

✽✽✽   ✽✽✽   ✽✽✽

          က်ဳပ္နာမည္ကဂိုယာ။
          ေနသီယံအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းေပါ့။
          ေျပာရမယ္ဆို ဘုရင္ႀကီးက က်ဳပ္ကိုသိပ္သေဘာက်တယ္။
          ဘယ္ေတာ့မဆို “ငါ့သား”လို႔ေခၚတတ္သလို က်ဳပ္ကိုသူ႔သားလိုပဲ သေဘာထားတယ္လို႔ အၿမဲေျပာတယ္။
          ဒီေတာ့ က်ဳပ္ကလည္း ဘုရင္ႀကီးကို က်ဳပ္အေဖလို႔ သေဘာထားတာဆန္းသလားဗ်ာ။
          က်ဳပ္က ငယ္ငယ္ေလးကတည္းက အထိုးအခုတ္အတိုက္အခိုက္ဝါသနာပါတယ္။ ဒီလိုနဲ႔ အရြယ္ေရာက္ေတာ့စစ္မႈထမ္းတယ္။ က်ဳပ္တိုက္ရည္ခိုက္ရည္ေၾကာင့္ တျဖည္းျဖည္းနာမည္ရလာတယ္။ ေနာက္ဆံုးေတာ့ ခုလိုဘဝမ်ိဳးေရာက္လာတယ္ေပါ့ဗ်ာ။
          က်ဳပ္အလုပ္ကလူသတ္ရတဲ႔အလုပ္။ အမွန္အတိုင္းေျပာရရင္ က်ဳပ္လက္နဲ႔သတ္ခဲ႔သူေတြ ဘယ္ႏွေယာက္ရွိၿပီလဲေရေတာင္မေရႏိုင္ေတာ့ဘူး။ အခုေလးတင္ ဇက္ဆိုတဲ႔သူရဲေကာင္းတစ္ေယာက္ ကိုသတ္ၿပီး သူ႔ရဲ႕ဗိုေယးရွားအင္ပါယာကို က်ဳပ္တို႔ေနသီယံအင္ပါယာထဲသြတ္သြင္းခဲ႔ၿပီေလ။
          ဇက္ကိုသတ္ၿပီးအင္ပါယာတစ္ခုကိုသိမ္းပိုက္ႏိုင္လိုက္ေတာ့ ဘုရင္ႀကီးကက်ဳပ္ကိုဆုေတာ္ လာဘ္ေတာ္ေတြ ခ်ီးျမွင့္တယ္ဗ်။ ပါးစပ္ကလည္း ငါ့သားဆိုတာမခ်ေတာ့ဘူးဗ်ိဳ႕။ က်ဳပ္ကဆုေတာ္ေတြ မမက္ပါဘူး။ က်ဳပ္နဲ႔ေသြးသားမစပ္ေပမယ့္ ဖခင္တစ္ေယာက္လို သေဘာထားရတဲ့ဘုရင္ႀကီး သေဘာ က်မယ္ဆို ေက်နပ္ပါၿပီ။

          ၅လခန္႔ၾကာေသာ္………။
          က်ဳပ္အခုစီးခ်င္းထိုးရေတာ့မယ္။ ႏွစ္ဖက္စစ္သည္ေတြေရွ႕မွာေပါ့။
          တစ္ဖက္က က်ဳပ္နဲ႔စီးခ်င္းထိုးရမယ့္ စစ္သူရဲေကာင္းကလည္း က်ဳပ္လိုပဲနာမည္ႀကီးတယ္။ ဖီယိုႏိုေရဒင္အင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းစန္ဇာဆိုပဲ။
          “ဂိုယာ…ဂိုယာ…ဂိုယာ…”
          ေဟာ…က်ဳပ္စစ္သည္ေတြက်ဳပ္ကိုအားေပးေနၾကၿပီ။ ဖခင္ဘုရင္ႀကီးရွိရာကို တစ္ခ်က္လွမ္း ၾကည့္ေတာ့ “ငါ့သား ႀကိဳးစားထား”လို႔ အသံမထြက္ပဲပါးစပ္လႈပ္ရံုလႈပ္ၿပီး ေျပာလုိက္တာေတြ႔ရတယ္။
          ဒီလိုနဲ႔ “ငါ့ဖခင္ဘုရင္ႀကီးအတြက္ကြ”လို႔ စိတ္ထဲကႀကံဳးဝါးၿပီး တစ္ဖက္ရန္သူဆီ ဓားကို ဝင့္ေျမွာက္လို႔ က်ဳဳပ္တိုးကပ္သြားလိုက္တယ္။
          ေၾကာက္ခမန္းလိလိတိုက္ကြက္ေတြ၊ ေၾကာက္ခမန္းလိလိဓားခ်က္ေတြေအာက္မွာ က်ဳပ္တို႔ သူေသကိုယ္ေသတိုက္ခိုက္ေနၾကတယ္။
          တစ္ဖက္ရန္သူရဲ႕ ဓားခ်က္ေတြကို က်ဳပ္တစ္ခ်က္ၿပီးတစ္ခ်က္ေရွာင္ခဲ႔ေပမယ့္ ေနာက္ဆံုး တစ္ခ်က္ကိုေတာ့ ေရွာင္ဖို႔မမွီလိုက္ဘူး။ မ်က္လံုးေထာင့္စြန္းက ဓားသြားကိုျမင္လိုက္ခ်ိန္မွာ ေရွာင္ဖို႔က ေတာ္ေတာ္ေနာက္က်သြားခဲ႔ၿပီေလ။
          ဒီလိုနဲ႔ လည္ပင္းကဒဏ္ရာကိုလက္နဲ႔ဖိရင္း ေသအ့ံမူးမူးက်ဳပ္၊ ဖခင္ဘုရင္ႀကီးေျပာမယ့္ ႏွစ္သိမ့္စကားေလးၾကားခ်င္လို႔ လွည့္ၾကည့္မိေတာ့ ဘုရင္ႀကီးရဲ႕ႏႈတ္ခမ္းႏွစ္လႊာက လႈပ္တယ္ဆိုရံုေလး ထပ္လႈပ္သြားတယ္ “အသံုးမက်တဲ႔ေကာင္”တဲ႔။
          အ့ံၾသျခင္း၊မယံုႏိုင္ျခင္၊ဝမ္းနည္းျခင္းတို႔နဲ႔အတူ က်ဳပ္ခႏၶာကိုယ္ေျမျပင္ေပၚပစ္လဲသြားတယ္။
          စိတ္ထဲမွာလည္း ေသရမွာေၾကာက္လာသလို မ်က္လံုးထဲမွာလည္း က်ဳပ္သတ္ခဲ႔တဲ႔သူေတြ သူတို႔ကိုမသတ္ဖို႔ ေတာင္းပန္ၾကပံုေတြကိုျမင္လာတယ္။ ေနာက္ၿပီး “ငါ့ဖခင္အတြက္”လို႔ႀကံဳးဝါးၿပီး က်ဳပ္သူတို႔ကိုသတ္ျဖတ္ခဲ႔ပံုေတြေရာေပါ့။
          ဒီလိုနဲ႔ က်ဳပ္ရဲ႕အျမင္အာရံုေတြဝါးလာတယ္။ က်ဳပ္ရဲ႕ေျခဖ်ားလက္ဖ်ားေတြေအးလာတယ္။ က်ဳပ္ရဲ႕ႏွလံုးခုန္သံေလးတိုးသြားတယ္။ က်ဳပ္…က်ဳပ္………………………………။

✽✽✽   ✽✽✽   ✽✽✽

          က်ဳပ္နာမည္ကစန္ဇာ။
          ဖီယိုႏိုေရဒင္အင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းေပါ့။
          ေျပာရမယ္ဆို ဘုရင္ႀကီးက က်ဳပ္ကိုသိပ္သေဘာက်တယ္။
          ဘယ္ေတာ့မဆို “ငါ့သား”လို႔ေခၚတတ္သလို က်ဳပ္ကိုသူ႔သားလိုပဲ သေဘာထားတယ္လို႔ အၿမဲေျပာတယ္။
          ဒါေပမယ့္က်ဳပ္မယံုဘူး။ က်ဳပ္ကို တစ္ကယ္သာသူ႔သားလိုသေဘာထားရင္ က်ဳပ္စိတ္မပါ ေတာ့မွန္းသိလ်က္နဲ႔ ဒီလိုစစ္သူရဲေကာင္းလုပ္ဖို႔ က်ဳပ္မိသားစုသံုးၿပီး က်ဳပ္ကိုအၾကပ္ကိုင္မွာမဟုတ္ဘူး။
          က်ဳပ္က ငယ္ငယ္ေလးကတည္းက အထိုးအခုတ္အတိုက္အခိုက္ဝါသနာပါတယ္။ ဒီလိုနဲ႔ အရြယ္ေရာက္ေတာ့စစ္မႈထမ္းတယ္။ က်ဳပ္တိုက္ရည္ခိုက္ရည္ေၾကာင့္ တျဖည္းျဖည္းနာမည္ရလာတယ္။ ေနာက္ဆံုးေတာ့ ခုလိုဘဝမ်ိဳးေရာက္လာတယ္။
          ဒါေပမယ့္ က်ဳပ္သိပ္ခ်စ္တဲ႔ဇနီးနဲ႔ လက္ထပ္ၿပီးသြားတဲ႔ေနာက္မွာ က်ဳပ္စစ္သူရဲေကာင္း ဆက္မလုပ္ဖို႔ဆံုးျဖတ္လိုက္တယ္။ ဒီလိုနဲ႔ သားေတြသမီးေတြရလာၿပီးတဲ့ေနာက္။ တစ္ေန႔မွာ ဘုရင္ႀကီး ကက်ဳပ္တို႔မိသားစုကို နန္းေတာ္ဆီလာဖို႔ဖိတ္လိုက္တယ္။ ေနာက္ဆံုးေတာ့ က်ဳပ္နဲ႔ႏွစ္ေယာက္တည္း ေတြ႔ၿပီး စစ္သူရဲေကာင္းျပန္မလုပ္ရင္ က်ဳပ္မိသားစုအသက္ကိုရန္ရွာမယ္ဆိုတာေၾကာင့္ က်ဳပ္မလုပ္ခ်င္ ပဲနဲ႔ ဒီအလုပ္ကိုျပန္လုပ္ခဲ႔ရတယ္။
          က်ဳပ္အလုပ္ကလူသတ္ရတဲ႔အလုပ္။ အမွန္အတိုင္းေျပာရရင္ က်ဳပ္လက္နဲ႔သတ္ခဲ႔သူေတြ ဘယ္ႏွေယာက္ရွိၿပီလဲေရေတာင္မေရႏိုင္ေတာ့ဘူး။ အခုေလးတင္ဂိုယာဆိုတဲ႔သူရဲေကာင္းတစ္ေယာက္ ကိုသတ္ၿပီး သူ႔ရဲ႕ေနသီယံအင္ပါယာကို က်ဳပ္တို႔ဖီယိုႏိုေရဒင္အင္ပါယာထဲသြတ္သြင္းခဲ႔ၿပီေလ။
          ဂိုယာကိုသတ္ၿပီးအင္ပါယာတစ္ခုကိုသိမ္းပိုက္ႏိုင္လိုက္ေတာ့ ဘုရင္ႀကီးကက်ဳပ္ကိုဆုေတာ္ လာဘ္ေတာ္ေတြ ခ်ီးျမွင့္တယ္ဗ်။ ပါးစပ္ကလည္း ငါ့သားဆိုတာမခ်ေတာ့ဘူး။ က်ဳပ္ကဆုေတာ္ေတြ မမက္ပါဘူး။ က်ဳပ္နဲ႔က်ဳပ္မိသားစုေလး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနရရင္ပဲေက်နပ္ပါၿပီ။

          ၅လခန္႔ၾကာေသာ္………။
          က်ဳပ္အခုစီးခ်င္းထိုးရေတာ့မယ္။ ႏွစ္ဖက္စစ္သည္ေတြေရွ႕မွာေပါ့။
          တစ္ဖက္က က်ဳပ္နဲ႔စီးခ်င္းထိုးရမယ့္ စစ္သူရဲေကာင္းကလည္း က်ဳပ္လိုပဲနာမည္ႀကီးတယ္။ ရိုဒီေယအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းဂါေရးဆိုပဲ။
          “စန္ဇာ…စန္ဇာ…စန္ဇာ…”
          ေဟာ…က်ဳပ္စစ္သည္ေတြက်ဳပ္ကိုအားေပးေနၾကၿပီ။ ဘုရင္ႀကီးရွိရာဆီကို တစ္ခ်က္လွမ္း ၾကည့္ေတာ့ “ငါ့သား ႀကိဳးစားထား”လို႔ အသံမထြက္ပဲပါးစပ္လႈပ္ရံုလႈပ္ၿပီး ေျပာလုိက္တာေတြ႔ရတယ္။
          ဒီလိုနဲ႔ “ငါ့မိသားစုေတြအတြက္ကြ”လို႔ စိတ္ထဲကႀကံဳးဝါးၿပီး တစ္ဖက္ရန္သူဆီ ဓားကို ဝင့္ေျမွာက္လို႔ က်ဳဳပ္တိုးကပ္သြားလိုက္တယ္။
          ေၾကာက္ခမန္းလိလိတိုက္ကြက္ေတြ၊ ေၾကာက္ခမန္းလိလိဓားခ်က္ေတြေအာက္မွာ က်ဳပ္တို႔ သူေသကိုယ္ေသတိုက္ခိုက္ေနၾကတယ္။
          တစ္ဖက္ရန္သူရဲ႕ ဓားခ်က္ေတြကို က်ဳပ္တစ္ခ်က္ၿပီးတစ္ခ်က္ေရွာင္ခဲ႔ေပမယ့္ ေနာက္ဆံုး တစ္ခ်က္ကိုေတာ့ ေရွာင္ဖို႔မမွီလိုက္ဘူး။ မ်က္လံုးေထာင့္စြန္းက ဓားသြားကိုျမင္လိုက္ခ်ိန္မွာ ေရွာင္ဖို႔က ေတာ္ေတာ္ေနာက္က်သြားခဲ႔ၿပီေလ။
          ဒီလိုနဲ႔ လည္ပင္းကဒဏ္ရာကိုလက္နဲ႔ဖိရင္း ေသအ့ံမူးမူးက်ဳပ္၊ က်ဳပ္မိသားစုအသက္ကိုရန္ မရွာပါနဲ႔ေျပာဖို႔ ဘုရင္ႀကီးဆီလွည့္ၾကည့္မိေတာ့ ဘုရင္ႀကီးရဲ႕ႏႈတ္ခမ္းႏွစ္လႊာက လႈပ္တယ္ဆိုရံုေလး ထပ္လႈပ္သြားတယ္ “အသံုးမက်တဲ႔ေကာင္”တဲ႔။
          ေဆာက္တည္ရာမရျခင္း၊ မိသားစုအတြက္စိုးရိမ္ျခင္းတို႔နဲ႔အတူ က်ဳပ္ခႏၶာကိုယ္ေျမျပင္ေပၚ ပစ္လဲသြားတယ္။
          စိတ္ထဲမွာလည္း ေသရမွာေၾကာက္လာသလို မ်က္လံုးထဲမွာလည္း က်ဳပ္သတ္ခဲ႔တဲ႔သူေတြ သူတို႔ကိုမသတ္ဖို႔ ေတာင္းပန္ၾကပံုေတြကိုျမင္လာတယ္။ ေနာက္ၿပီး “ငါ့မိသားစုအတြက္”လို႔ႀကံဳးဝါးၿပီး က်ဳပ္သူတို႔ကို သတ္ျဖတ္ခဲ႔ပံုေတြေရာေပါ့။
          ဒီလိုနဲ႔ က်ဳပ္ရဲ႕အျမင္အာရံုေတြဝါးလာတယ္။ က်ဳပ္ရဲ႕ေျခဖ်ားလက္ဖ်ားေတြေအးလာတယ္။ က်ဳပ္ရဲ႕ႏွလံုးခုန္သံေလးတိုးသြားတယ္။ က်ဳပ္…က်ဳပ္………………………………။

✽✽✽   ✽✽✽   ✽✽✽

          က်ဳပ္နာမည္ကဂါေရး။
          ရိုဒီေယအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းေပါ့။
          ေျပာရမယ္ဆို ဘုရင္ႀကီးက က်ဳပ္ကိုသိပ္သေဘာက်တယ္။
          ဘယ္ေတာ့မဆို “ငါ့သား”လို႔ေခၚတတ္သလို က်ဳပ္ကိုသူ႔သားလိုပဲ သေဘာထားတယ္လို႔ အၿမဲေျပာတယ္။
          ဒါေပမယ့္က်ဳပ္မယံုဘူး။ ဒီအဘိုးႀကီးက သူ႔လိုအပ္ခ်က္အတြက္ က်ဳပ္ကိုအခ်ိဳသပ္ေနတာ သက္သက္ပါ။ သူဘယ္လိုပဲ”ငါ့သား”လို႔ေခၚေခၚ သူနဲ႔က်ဳပ္နဲ႔ဆက္ဆံေရးက အေပးအယူအေပၚမူတည္ ေနတာပါပဲ။ သူလိုခ်င္တဲ႔အင္ပါယာေတြရဖို႔ က်ဳပ္ကူညီေပးတယ္။ သူ႔ရဲ႕ဖက္ကလည္း က်ဳပ္လိုခ်င္တဲ႔ စည္းစိမ္ဥစၥာနဲ႔ ဂုဏ္သတင္းေက်ာ္ေစာမႈကိုေပးတယ္။
          က်ဳပ္က ငယ္ငယ္ေလးကတည္းက အထိုးအခုတ္အတိုက္အခိုက္ဝါသနာပါတယ္။ ဒီလိုနဲ႔ အရြယ္ေရာက္ေတာ့စစ္မႈထမ္းတယ္။ က်ဳပ္တိုက္ရည္ခိုက္ရည္ေၾကာင့္ တျဖည္းျဖည္းနာမည္ရလာတယ္။ ေနာက္ဆံုးေတာ့ ခုလိုဘဝမ်ိဳးေရာက္လာတာပဲ။
          က်ဳပ္အလုပ္ကလူသတ္ရတဲ႔အလုပ္။ အမွန္အတိုင္းေျပာရရင္ က်ဳပ္လက္နဲ႔သတ္ခဲ႔သူေတြ ဘယ္ႏွေယာက္ရွိၿပီလဲေရေတာင္မေရႏိုင္ေတာ့ဘူး။ အခုေလးတင္စန္ဇာဆိုတဲ႔သူရဲေကာင္းတစ္ေယာက္ ကိုသတ္ၿပီး သူ႔ရဲ႕ဖီယိုႏိုေရဒင္အင္ပါယာကို က်ဳပ္တို႔ရိုဒီေယအင္ပါယာထဲသြတ္သြင္းခဲ႔ၿပီေလ။
          စန္ဇာကိုသတ္ၿပီး အင္ပါယာကိုသိမ္းပိုက္ႏိုင္လိုက္ေတာ့ ဘုရင္ႀကီးကက်ဳပ္ကို ဆုေတာ္ လာဘ္ေတာ္ေတြ ခ်ီးျမွင့္တယ္ဗ်။ ပါးစပ္ကလည္း ငါ့သားဆိုတာမခ်ေတာ့ဘူး။ သူေပ်ာ္ေနတယ္ဆိုတာ သူ႔မ်က္ႏွာမွာအတိုင္းသားပဲ။
          ေအးေပါ့ေလ…။ သူေပ်ာ္မွာေပါ့။ သူလိုခ်င္တာရသြားၿပီပဲကို။ က်ဳပ္လည္းက်ဳပ္လိုခ်င္တဲ႔ စည္းစိမ္ေတြနဲ႔ဂုဏ္သတင္းေက်ာ္ေစာမႈေတြရေတာ့ ေပ်ာ္တာပဲမဟုတ္လား။

          ၅လခန္႔ၾကာေသာ္………။
          က်ဳပ္အခုစီးခ်င္းထိုးရေတာ့မယ္။ ႏွစ္ဖက္စစ္သည္ေတြေရွ႕မွာေပါ့။
          တစ္ဖက္က က်ဳပ္နဲ႔စီးခ်င္းထိုးရမယ့္ စစ္သူရဲေကာင္းကလည္း က်ဳပ္လိုပဲနာမည္ႀကီးတယ္။ ေအသီေယဂိုအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းဇိုင္ယြန္ဆိုပဲ။
          “ဂါေရး…ဂါေရး…ဂါေရး…”
          ေဟာ…က်ဳပ္စစ္သည္ေတြက်ဳပ္ကိုအားေပးေနၾကၿပီ။ ဘုရင္ႀကီးရွိရာဆီကို တစ္ခ်က္လွမ္း ၾကည့္ေတာ့ “ငါ့သား ႀကိဳးစားထား”လို႔ အသံမထြက္ပဲပါးစပ္လႈပ္ရံုလႈပ္ၿပီး ေျပာလုိက္တာေတြ႔ရတယ္။
          ဒီလိုနဲ႔ “ငါ့စည္းစိမ္ေတြနဲ႔ ဂုဏ္သတင္းေက်ာ္ေစာမႈအတြက္ကြ”လို႔ စိတ္ထဲကႀကံဳးဝါးၿပီး တစ္ဖက္ရန္သူဆီ ဓားကိုဝင့္ေျမွာက္လို႔ က်ဳဳပ္တိုးကပ္သြားလိုက္တယ္။

✽✽✽   ✽✽✽   ✽✽✽
(လင္း)
(Zawgyi)

          အလယ်ခေတ်မှာ နိုင်ငံအချင်းချင်း ဗျူဟာတွေခင်းပြီး တိုက်ခိုက်တာရှိသလို။ တိုင်းပြည် မနာအောင် ဟိုဖက်ကသူရဲကောင်းတစ်ယောက်နဲ့ ဒီဖက်ကသူရဲကောင်းတစ်ယောက် တိုက်ခိုက်ပြီး စစ်ပွဲအနိုင်အရှံုးကို ဆံုးဖြတ်တဲ့စစ်ပွဲတွေလည်းရှိခဲ့တယ်။
          ဒီတော့ အဲဒီအချိန်တုန်းက ဘုရင်တွေဟာ ဓားထက်တဲ့သူရဲကောင်းတွေဆို အထူး မြှောက်စားကြတယ်။
          အဲဒီအချိန်တုန်းကပေါ့………။
          အင်း………အဲဒီအချိန်တုန်းက…။

✽✽✽   ✽✽✽   ✽✽✽

          ကျုပ်နာမည်ကဂိုယာ။
          နေသီယံအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းပေါ့။
          ပြောရမယ်ဆို ဘုရင်ကြီးက ကျုပ်ကိုသိပ်သဘောကျတယ်။
          ဘယ်တော့မဆို “ငါ့သား”လို့ခေါ်တတ်သလို ကျုပ်ကိုသူ့သားလိုပဲ သဘောထားတယ်လို့ အမြဲပြောတယ်။
          ဒီတော့ ကျုပ်ကလည်း ဘုရင်ကြီးကို ကျုပ်အဖေလို့ သဘောထားတာဆန်းသလားဗျာ။
          ကျုပ်က ငယ်ငယ်လေးကတည်းက အထိုးအခုတ်အတိုက်အခိုက်ဝါသနာပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့စစ်မှုထမ်းတယ်။ ကျုပ်တိုက်ရည်ခိုက်ရည်ကြောင့် တဖြည်းဖြည်းနာမည်ရလာတယ်။ နောက်ဆံုးတော့ ခုလိုဘဝမျိုးရောက်လာတယ်ပေါ့ဗျာ။
          ကျုပ်အလုပ်ကလူသတ်ရတဲ့အလုပ်။ အမှန်အတိုင်းပြောရရင် ကျုပ်လက်နဲ့သတ်ခဲ့သူတွေ ဘယ်နှယောက်ရှိပြီလဲရေတောင်မရေနိုင်တော့ဘူး။ အခုလေးတင် ဇက်ဆိုတဲ့သူရဲကောင်းတစ်ယောက် ကိုသတ်ပြီး သူ့ရဲ့ဗိုယေးရှားအင်ပါယာကို ကျုပ်တို့နေသီယံအင်ပါယာထဲသွတ်သွင်းခဲ့ပြီလေ။
          ဇက်ကိုသတ်ပြီးအင်ပါယာတစ်ခုကိုသိမ်းပိုက်နိုင်လိုက်တော့ ဘုရင်ကြီးကကျုပ်ကိုဆုတော် လာဘ်တော်တွေ ချီးမြှင့်တယ်ဗျ။ ပါးစပ်ကလည်း ငါ့သားဆိုတာမချတော့ဘူးဗျို့။ ကျုပ်ကဆုတော်တွေ မမက်ပါဘူး။ ကျုပ်နဲ့သွေးသားမစပ်ပေမယ့် ဖခင်တစ်ယောက်လို သဘောထားရတဲ့ဘုရင်ကြီး သဘော ကျမယ်ဆို ကျေနပ်ပါပြီ။

          ၅လခန့်ကြာသော်………။
          ကျုပ်အခုစီးချင်းထိုးရတော့မယ်။ နှစ်ဖက်စစ်သည်တွေရှေ့မှာပေါ့။
          တစ်ဖက်က ကျုပ်နဲ့စီးချင်းထိုးရမယ့် စစ်သူရဲကောင်းကလည်း ကျုပ်လိုပဲနာမည်ကြီးတယ်။ ဖီယိုနိုရေဒင်အင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းစန်ဇာဆိုပဲ။
          “ဂိုယာ…ဂိုယာ…ဂိုယာ…”
          ဟော…ကျုပ်စစ်သည်တွေကျုပ်ကိုအားပေးနေကြပြီ။ ဖခင်ဘုရင်ကြီးရှိရာကို တစ်ချက်လှမ်း ကြည့်တော့ “ငါ့သား ကြိုးစားထား”လို့ အသံမထွက်ပဲပါးစပ်လှုပ်ရံုလှုပ်ပြီး ပြောလိုက်တာတွေ့ရတယ်။
          ဒီလိုနဲ့ “ငါ့ဖခင်ဘုရင်ကြီးအတွက်ကွ”လို့ စိတ်ထဲကကြံုးဝါးပြီး တစ်ဖက်ရန်သူဆီ ဓားကို ဝင့်မြှောက်လို့ ကျုုပ်တိုးကပ်သွားလိုက်တယ်။
          ကြောက်ခမန်းလိလိတိုက်ကွက်တွေ၊ ကြောက်ခမန်းလိလိဓားချက်တွေအောက်မှာ ကျုပ်တို့ သူသေကိုယ်သေတိုက်ခိုက်နေကြတယ်။
          တစ်ဖက်ရန်သူရဲ့ ဓားချက်တွေကို ကျုပ်တစ်ချက်ပြီးတစ်ချက်ရှောင်ခဲ့ပေမယ့် နောက်ဆံုး တစ်ချက်ကိုတော့ ရှောင်ဖို့မမှီလိုက်ဘူး။ မျက်လံုးထောင့်စွန်းက ဓားသွားကိုမြင်လိုက်ချိန်မှာ ရှောင်ဖို့က တော်တော်နောက်ကျသွားခဲ့ပြီလေ။
          ဒီလိုနဲ့ လည်ပင်းကဒဏ်ရာကိုလက်နဲ့ဖိရင်း သေအ့ံမူးမူးကျုပ်၊ ဖခင်ဘုရင်ကြီးပြောမယ့် နှစ်သိမ့်စကားလေးကြားချင်လို့ လှည့်ကြည့်မိတော့ ဘုရင်ကြီးရဲ့နှုတ်ခမ်းနှစ်လွှာက လှုပ်တယ်ဆိုရံုလေး ထပ်လှုပ်သွားတယ် “အသံုးမကျတဲ့ကောင်”တဲ့။
          အ့ံသြခြင်း၊မယံုနိုင်ခြင်၊ဝမ်းနည်းခြင်းတို့နဲ့အတူ ကျုပ်ခန္ဓာကိုယ်မြေပြင်ပေါ်ပစ်လဲသွားတယ်။
          စိတ်ထဲမှာလည်း သေရမှာကြောက်လာသလို မျက်လံုးထဲမှာလည်း ကျုပ်သတ်ခဲ့တဲ့သူတွေ သူတို့ကိုမသတ်ဖို့ တောင်းပန်ကြပံုတွေကိုမြင်လာတယ်။ နောက်ပြီး “ငါ့ဖခင်အတွက်”လို့ကြံုးဝါးပြီး ကျုပ်သူတို့ကိုသတ်ဖြတ်ခဲ့ပံုတွေရောပေါ့။
          ဒီလိုနဲ့ ကျုပ်ရဲ့အမြင်အာရံုတွေဝါးလာတယ်။ ကျုပ်ရဲ့ခြေဖျားလက်ဖျားတွေအေးလာတယ်။ ကျုပ်ရဲ့နှလံုးခုန်သံလေးတိုးသွားတယ်။ ကျုပ်…ကျုပ်………………………………။

✽✽✽   ✽✽✽   ✽✽✽

          ကျုပ်နာမည်ကစန်ဇာ။
          ဖီယိုနိုရေဒင်အင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းပေါ့။
          ပြောရမယ်ဆို ဘုရင်ကြီးက ကျုပ်ကိုသိပ်သဘောကျတယ်။
          ဘယ်တော့မဆို “ငါ့သား”လို့ခေါ်တတ်သလို ကျုပ်ကိုသူ့သားလိုပဲ သဘောထားတယ်လို့ အမြဲပြောတယ်။
          ဒါပေမယ့်ကျုပ်မယံုဘူး။ ကျုပ်ကို တစ်ကယ်သာသူ့သားလိုသဘောထားရင် ကျုပ်စိတ်မပါ တော့မှန်းသိလျက်နဲ့ ဒီလိုစစ်သူရဲကောင်းလုပ်ဖို့ ကျုပ်မိသားစုသံုးပြီး ကျုပ်ကိုအကြပ်ကိုင်မှာမဟုတ်ဘူး။
          ကျုပ်က ငယ်ငယ်လေးကတည်းက အထိုးအခုတ်အတိုက်အခိုက်ဝါသနာပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့စစ်မှုထမ်းတယ်။ ကျုပ်တိုက်ရည်ခိုက်ရည်ကြောင့် တဖြည်းဖြည်းနာမည်ရလာတယ်။ နောက်ဆံုးတော့ ခုလိုဘဝမျိုးရောက်လာတယ်။
          ဒါပေမယ့် ကျုပ်သိပ်ချစ်တဲ့ဇနီးနဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာ ကျုပ်စစ်သူရဲကောင်း ဆက်မလုပ်ဖို့ဆံုးဖြတ်လိုက်တယ်။ ဒီလိုနဲ့ သားတွေသမီးတွေရလာပြီးတဲ့နောက်။ တစ်နေ့မှာ ဘုရင်ကြီး ကကျုပ်တို့မိသားစုကို နန်းတော်ဆီလာဖို့ဖိတ်လိုက်တယ်။ နောက်ဆံုးတော့ ကျုပ်နဲ့နှစ်ယောက်တည်း တွေ့ပြီး စစ်သူရဲကောင်းပြန်မလုပ်ရင် ကျုပ်မိသားစုအသက်ကိုရန်ရှာမယ်ဆိုတာကြောင့် ကျုပ်မလုပ်ချင် ပဲနဲ့ ဒီအလုပ်ကိုပြန်လုပ်ခဲ့ရတယ်။
          ကျုပ်အလုပ်ကလူသတ်ရတဲ့အလုပ်။ အမှန်အတိုင်းပြောရရင် ကျုပ်လက်နဲ့သတ်ခဲ့သူတွေ ဘယ်နှယောက်ရှိပြီလဲရေတောင်မရေနိုင်တော့ဘူး။ အခုလေးတင်ဂိုယာဆိုတဲ့သူရဲကောင်းတစ်ယောက် ကိုသတ်ပြီး သူ့ရဲ့နေသီယံအင်ပါယာကို ကျုပ်တို့ဖီယိုနိုရေဒင်အင်ပါယာထဲသွတ်သွင်းခဲ့ပြီလေ။
          ဂိုယာကိုသတ်ပြီးအင်ပါယာတစ်ခုကိုသိမ်းပိုက်နိုင်လိုက်တော့ ဘုရင်ကြီးကကျုပ်ကိုဆုတော် လာဘ်တော်တွေ ချီးမြှင့်တယ်ဗျ။ ပါးစပ်ကလည်း ငါ့သားဆိုတာမချတော့ဘူး။ ကျုပ်ကဆုတော်တွေ မမက်ပါဘူး။ ကျုပ်နဲ့ကျုပ်မိသားစုလေး ငြိမ်းငြိမ်းချမ်းချမ်းနေရရင်ပဲကျေနပ်ပါပြီ။

          ၅လခန့်ကြာသော်………။
          ကျုပ်အခုစီးချင်းထိုးရတော့မယ်။ နှစ်ဖက်စစ်သည်တွေရှေ့မှာပေါ့။
          တစ်ဖက်က ကျုပ်နဲ့စီးချင်းထိုးရမယ့် စစ်သူရဲကောင်းကလည်း ကျုပ်လိုပဲနာမည်ကြီးတယ်။ ရိုဒီယေအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းဂါရေးဆိုပဲ။
          “စန်ဇာ…စန်ဇာ…စန်ဇာ…”
          ဟော…ကျုပ်စစ်သည်တွေကျုပ်ကိုအားပေးနေကြပြီ။ ဘုရင်ကြီးရှိရာဆီကို တစ်ချက်လှမ်း ကြည့်တော့ “ငါ့သား ကြိုးစားထား”လို့ အသံမထွက်ပဲပါးစပ်လှုပ်ရံုလှုပ်ပြီး ပြောလိုက်တာတွေ့ရတယ်။
          ဒီလိုနဲ့ “ငါ့မိသားစုတွေအတွက်ကွ”လို့ စိတ်ထဲကကြံုးဝါးပြီး တစ်ဖက်ရန်သူဆီ ဓားကို ဝင့်မြှောက်လို့ ကျုုပ်တိုးကပ်သွားလိုက်တယ်။
          ကြောက်ခမန်းလိလိတိုက်ကွက်တွေ၊ ကြောက်ခမန်းလိလိဓားချက်တွေအောက်မှာ ကျုပ်တို့ သူသေကိုယ်သေတိုက်ခိုက်နေကြတယ်။
          တစ်ဖက်ရန်သူရဲ့ ဓားချက်တွေကို ကျုပ်တစ်ချက်ပြီးတစ်ချက်ရှောင်ခဲ့ပေမယ့် နောက်ဆံုး တစ်ချက်ကိုတော့ ရှောင်ဖို့မမှီလိုက်ဘူး။ မျက်လံုးထောင့်စွန်းက ဓားသွားကိုမြင်လိုက်ချိန်မှာ ရှောင်ဖို့က တော်တော်နောက်ကျသွားခဲ့ပြီလေ။
          ဒီလိုနဲ့ လည်ပင်းကဒဏ်ရာကိုလက်နဲ့ဖိရင်း သေအ့ံမူးမူးကျုပ်၊ ကျုပ်မိသားစုအသက်ကိုရန် မရှာပါနဲ့ပြောဖို့ ဘုရင်ကြီးဆီလှည့်ကြည့်မိတော့ ဘုရင်ကြီးရဲ့နှုတ်ခမ်းနှစ်လွှာက လှုပ်တယ်ဆိုရံုလေး ထပ်လှုပ်သွားတယ် “အသံုးမကျတဲ့ကောင်”တဲ့။
          ဆောက်တည်ရာမရခြင်း၊ မိသားစုအတွက်စိုးရိမ်ခြင်းတို့နဲ့အတူ ကျုပ်ခန္ဓာကိုယ်မြေပြင်ပေါ် ပစ်လဲသွားတယ်။
          စိတ်ထဲမှာလည်း သေရမှာကြောက်လာသလို မျက်လံုးထဲမှာလည်း ကျုပ်သတ်ခဲ့တဲ့သူတွေ သူတို့ကိုမသတ်ဖို့ တောင်းပန်ကြပံုတွေကိုမြင်လာတယ်။ နောက်ပြီး “ငါ့မိသားစုအတွက်”လို့ကြံုးဝါးပြီး ကျုပ်သူတို့ကို သတ်ဖြတ်ခဲ့ပံုတွေရောပေါ့။
          ဒီလိုနဲ့ ကျုပ်ရဲ့အမြင်အာရံုတွေဝါးလာတယ်။ ကျုပ်ရဲ့ခြေဖျားလက်ဖျားတွေအေးလာတယ်။ ကျုပ်ရဲ့နှလံုးခုန်သံလေးတိုးသွားတယ်။ ကျုပ်…ကျုပ်………………………………။

✽✽✽   ✽✽✽   ✽✽✽

          ကျုပ်နာမည်ကဂါရေး။
          ရိုဒီယေအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းပေါ့။
          ပြောရမယ်ဆို ဘုရင်ကြီးက ကျုပ်ကိုသိပ်သဘောကျတယ်။
          ဘယ်တော့မဆို “ငါ့သား”လို့ခေါ်တတ်သလို ကျုပ်ကိုသူ့သားလိုပဲ သဘောထားတယ်လို့ အမြဲပြောတယ်။
          ဒါပေမယ့်ကျုပ်မယံုဘူး။ ဒီအဘိုးကြီးက သူ့လိုအပ်ချက်အတွက် ကျုပ်ကိုအချိုသပ်နေတာ သက်သက်ပါ။ သူဘယ်လိုပဲ”ငါ့သား”လို့ခေါ်ခေါ် သူနဲ့ကျုပ်နဲ့ဆက်ဆံရေးက အပေးအယူအပေါ်မူတည် နေတာပါပဲ။ သူလိုချင်တဲ့အင်ပါယာတွေရဖို့ ကျုပ်ကူညီပေးတယ်။ သူ့ရဲ့ဖက်ကလည်း ကျုပ်လိုချင်တဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သတင်းကျော်စောမှုကိုပေးတယ်။
          ကျုပ်က ငယ်ငယ်လေးကတည်းက အထိုးအခုတ်အတိုက်အခိုက်ဝါသနာပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့စစ်မှုထမ်းတယ်။ ကျုပ်တိုက်ရည်ခိုက်ရည်ကြောင့် တဖြည်းဖြည်းနာမည်ရလာတယ်။ နောက်ဆံုးတော့ ခုလိုဘဝမျိုးရောက်လာတာပဲ။
          ကျုပ်အလုပ်ကလူသတ်ရတဲ့အလုပ်။ အမှန်အတိုင်းပြောရရင် ကျုပ်လက်နဲ့သတ်ခဲ့သူတွေ ဘယ်နှယောက်ရှိပြီလဲရေတောင်မရေနိုင်တော့ဘူး။ အခုလေးတင်စန်ဇာဆိုတဲ့သူရဲကောင်းတစ်ယောက် ကိုသတ်ပြီး သူ့ရဲ့ဖီယိုနိုရေဒင်အင်ပါယာကို ကျုပ်တို့ရိုဒီယေအင်ပါယာထဲသွတ်သွင်းခဲ့ပြီလေ။
          စန်ဇာကိုသတ်ပြီး အင်ပါယာကိုသိမ်းပိုက်နိုင်လိုက်တော့ ဘုရင်ကြီးကကျုပ်ကို ဆုတော် လာဘ်တော်တွေ ချီးမြှင့်တယ်ဗျ။ ပါးစပ်ကလည်း ငါ့သားဆိုတာမချတော့ဘူး။ သူပျော်နေတယ်ဆိုတာ သူ့မျက်နှာမှာအတိုင်းသားပဲ။
          အေးပေါ့လေ…။ သူပျော်မှာပေါ့။ သူလိုချင်တာရသွားပြီပဲကို။ ကျုပ်လည်းကျုပ်လိုချင်တဲ့ စည်းစိမ်တွေနဲ့ဂုဏ်သတင်းကျော်စောမှုတွေရတော့ ပျော်တာပဲမဟုတ်လား။

          ၅လခန့်ကြာသော်………။
          ကျုပ်အခုစီးချင်းထိုးရတော့မယ်။ နှစ်ဖက်စစ်သည်တွေရှေ့မှာပေါ့။
          တစ်ဖက်က ကျုပ်နဲ့စီးချင်းထိုးရမယ့် စစ်သူရဲကောင်းကလည်း ကျုပ်လိုပဲနာမည်ကြီးတယ်။ အေသီယေဂိုအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းဇိုင်ယွန်ဆိုပဲ။
          “ဂါရေး…ဂါရေး…ဂါရေး…”
          ဟော…ကျုပ်စစ်သည်တွေကျုပ်ကိုအားပေးနေကြပြီ။ ဘုရင်ကြီးရှိရာဆီကို တစ်ချက်လှမ်း ကြည့်တော့ “ငါ့သား ကြိုးစားထား”လို့ အသံမထွက်ပဲပါးစပ်လှုပ်ရံုလှုပ်ပြီး ပြောလိုက်တာတွေ့ရတယ်။
          ဒီလိုနဲ့ “ငါ့စည်းစိမ်တွေနဲ့ ဂုဏ်သတင်းကျော်စောမှုအတွက်ကွ”လို့ စိတ်ထဲကကြံုးဝါးပြီး တစ်ဖက်ရန်သူဆီ ဓားကိုဝင့်မြှောက်လို့ ကျုုပ်တိုးကပ်သွားလိုက်တယ်။

✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image

အမ်ိဳးသားမ်ားအတြက္အေရးႀကီးေသာအရာ (အမျိုးသားများအတွက်အရေးကြီးသောအရာ)

အမ်ဳိးသားေတြ အတြက္ အေရးႀကီးဆုံး ကေတာ႔ ေအာက္မွာ ေဖာ္ျပထားတဲ႔ အာဟာရဓာတ္ သံုးမ်ဳိးကုိ မွ်တေအာင္ စားေသာက္ ေနထိုင္ျခင္းနဲ႔ က်န္းမာေရး လိုက္စားျခင္းပဲ ျဖစ္ပါတယ္ တဲ႔….

ဗီတာမင္စီ
ဗီတာမင္စီဟာ ႏွလုံးေရာဂါ မျဖစ္ေအာင္ နည္းမ်ဳိးစုံနဲ႔ ကာကြယ္ ႏုိင္ပါတယ္။ ဒါ့အျပင္ ခႏၶာကုိယ္ကုိ ေလထု ညစ္ညမ္းမႈ ဒဏ္မွလည္း ကာကြယ္ ေပးပါတယ္။ အခ်ဥ္ အရသာရွိတဲ့ အသီး၊ င႐ုတ္သီးစိမ္း၊ ဘ႐ုိကိုလီ (အစိမ္းေရာင္ ပန္းေဂၚဖီ) သခြားမသီး၊ ပန္းေဂၚဖီနဲ႔ စေတာ္ဘယ္ရီ သီးေတြမွာ ဗီတာမင္စီ အမ်ားအျပား ပါဝင္ပါတယ္။ သြပ္ (Zinc) အမ်ဳိးသား ေတြရဲ႕ မ်ဳိးပြား ႏုိင္စြမ္းနဲ႔ လိင္ စြမ္းေဆာင္မႈဟာ သြပ္ဓာတ္ လုံလုံ ေလာက္ေလာက္ ရရွိမႈ အေပၚ မူတည္ ပါတယ္။ သြပ္ဟာ ခႏၶာကုိယ္မွ ေရာဂါဒဏ္ကုိ ခံႏုိင္ရည္ ရွိေအာင္ လႊမ္းမုိး မႈလည္း ရွိပါတယ္။ ပင္လယ္စာ၊ အသည္း၊ မႈိ၊ ေနၾကာေစ့နဲ႔ ပဲပိစပ္ ေတြမွာ သြပ္ဓာတ္ အမ်ားအျပား ပါဝင္ပါတယ္။

မဂၢနီဆီယမ္
မဂၢနီဆီယမ္ဟာ ႏွလုံး ႂကြက္သားေတြ စည္းခ်က္ မွန္မွန္ ႏွလုံးခုန္ဖုိ႔ အေရးတႀကီး လုိအပ္ပါတယ္။ မဂၢနီဆီယမ္ဟာ အမ်ဳိးသားေတြကုိ ႏွလုံး တုိက္ခုိက္မႈ မျဖစ္ေအာင္ ကာကြယ္ေပး႐ုံ သာမက ႏွလုံး တုိက္ခုိက္တာ ခံရရင္လည္း အသက္ရွင္ႏုိင္ေအာင္ ကူညီ ႏုိင္ပါတယ္။ မဂၢနီဆီယမ္ ဓာတ္ေတြ မ်ားမ်ား ရရွိေအာင္ ပင္လယ္စာ မ်ားမ်ားစားပါ။ ပုစြန္၊ ကဏန္း၊ ဟင္းႏုနယ္၊ ေကာက္ႏွံ တစ္ခုလုံး၊ ေျပာင္းဖူးနဲ႔ ပဲအမ်ဳိးမ်ဳိး စားေပးပါ။

အမွ်င္
သင္စားတဲ့ အစာထဲမွာ အမွ်င္ဓာတ္ကုိ လုံလုံ ေလာက္ေလာက္ ရရွိရင္ အူမႀကီးကင္ဆာ၊ ႏွလုံး ေသြးေၾကာ ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အဝလြန္တာနဲ႔ ေသြးတုိးေရာဂါေတြ ျဖစ္ႏုိင္ေျခ ေလ်ာ့က် ႏုိင္ပါတယ္။ အုတ္စပါးနဲ႔ မုန္႔ဆန္းလုိမ်ဳိး ေကာက္ႏွံတစ္ခုလုံး ပါဝင္စာ၊ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံ မ်ဳိးစုံမွာ အမွ်င္ဓာတ္ေတြ အမ်ားအျပား ပါဝင္ပါတယ္။
(Credit စိတ္ကူးေပ်ာ္ရာ)
(Zawgyi)

အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သံုးမျိုးကို မှျတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့….

ဗီတာမင်စီ
ဗီတာမင်စီဟာ နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဥ် အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုး မှုလည်း ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။

မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။

အမှျင်
သင်စားတဲ့ အစာထဲမှာ အမှျင်ဓာတ်ကို လုံလုံ လောက်လောက် ရရှိရင် အူမကြီးကင်ဆာ၊ နှလုံး သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျ နိုင်ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံမှာ အမှျင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။
(Credit စိတ်ကူးပျော်ရာ)
(Unicode)

image

သင့္ကိုအသက္ပိုရွည္ေစမယ့္အစားအစာ၆မ်ိဳး (သင့်ကိုအသက်ပိုရှည်စေမယ့်အစားအစာ၆မျိုး )

ေခတ္မီေဆးပညာ၊ နည္းပညာနဲ ့ေန ့စဥ္အာဟာရ မွီ၀ဲမွဳမွာ တုိးတက္လာမွဳေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ ၁၅၀ အတြင္းမွာ လူ ့ပွ်မ္းမွ်သက္တမ္းဟာ ႏွစ္ဆပုိရွည္လာခဲ့ပါတယ္။ အသက္ပုိရွည္၊ က်န္းမာစြာေနထိုင္ႏိုင္ဖုိ ့ ဒီအစားအစာေတြကို သင့္ရဲ့ေန ့စဥ္အစားအစာ ေတြမွာ အခ်ိဳးက် စားသုံးေပးဖုိ ့လုိပါတယ္။

၁။ ဗီတာမင္ ဒီ

Telomeres လုိ ့ေခၚတဲ့ ခရိုမုိဆုမ္းထိပ္အုပ္ကေလးေတြအေၾကာင္း သင္ၾကားဖူးပါသလား။ သူ ့ရဲ့ အလ်ားပမာဏဟာ အသက္ရွည္မွဳနဲ ့သက္ဆုိင္မွဳရွိေၾကာင္း သက္ေသျပျပီးျဖစ္ပါတယ္။ ေနေရာင္၊ ႏို ့ထြက္ပစၥည္းနဲ ့တူနာနဲ ့ဆယ္လ္မြန္ငါးတုိ ့လုိ အဆီေပါမ်ားတဲ့ငါး ေတြမွာ ဗီတာမင္ ဒီ ဓာတ္ေပါၾကြယ္၀ျပီး ဗီတာမင္ဒီက ဒီ telomeres ေတြရဲ့ အလ်ားေပၚမွာ တုိက္ရိုက္ အက်ိဳးသက္ေရာက္ပါတယ္။ ဆုိလုိခ်င္တာက ဗီတာမင္ဒီ မ်ားမ်ားစားေလ ကၽြန္ေတာ္တုိ ့ရဲ့ telomeres ေတြ ပုိရွည္ေလပါပဲ။

၂။ Antioxidants (ဓာတ္တုိးဆန္ ့က်င္ပစၥည္း)

ဓာတ္တုိးဆန္ ့က်င္ပစၥည္းဆုိတာ ေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစျပီး အသက္အရြယ္ အုိမင္းမွဳကို ေလ်ာ့ခ်ေပးတဲ့ ျဒပ္ေပါင္းတစ္ခုျဖစ္ပါတယ္။ Polyphenols (ပုိလီဖီေနာ) လုိ ့ေခၚတဲ့ antioxidant အမ်ိဳးအစားက ထိေရာက္မွဳအရွိဆုံးျဖစ္ျပီး ေအာ္ဂဲနစ္နည္းနဲ ့စိုက္ပ်ိဳးထားတဲ့ သဘာ၀ေခ်ာကလက္ နဲ ့green tea တုိ ့မွာ ပါ၀င္ပါတယ္။

၃။ Probiotics (ပရိုဘုိင္ေအာတစ္)

Probiotics (ပရိုဘိုင္ေအာတစ္) ဆိုတာ Probiotic bacteria (ပရိုဘိုင္ေအာတစ္ ဗက္တီးရီးယား) အစာလမ္းေၾကာင္းမွာ ရွိေနၾကတဲ့ ဗက္တီးရီးယားအေကာင္းေတြနဲ႔ Probiotic yeasts (ပရိုဘိုင္ေအာတစ္ ယိစ္) ေတြကိုေခၚတယ္။ က်န္းမာေရးအတြက္ ေကာင္းေစတယ္။ အထူးသျဖင့္ အစာေျခရာမွာအသံုးက်တယ္။ ပရိုဘုိင္ေအာတစ္ ေပါၾကြယ္၀တဲ့ အခ်ဥ္ေဖာက္၊ရွာလကာရည္စိမ္ထားတဲ့ ဟင္းသီးဟင္းရြက္မ်ိဳးနဲ ့ဒိန္ခ်ဥ္ တုိ ့ကို စားသုံးေပးဖုိ ့လုိပါတယ္။

၄။ Vitamin B12

အာရုံေၾကာဆဲလ္၊ ေသြးနီီဥဆဲလ္နဲ ့DNA တုိ ့ထုတ္လုပ္ရာမွာ ပါ၀င္ျပီး ဦးေႏွာက္ပုိင္း ဆိုင္ရာက်န္းမာေရးမွာ အဓိကက်ပါတယ္။ ဟင္းသီးဟင္းရြက္ေတြမွာ Vitamin B12 ပါ၀င္မွဳနည္းေပမယ့္ အသား၊ငါးနဲ ့ႏို ့ထြက္ပစၥည္းေတြမွာ ၾကြယ္၀ပါတယ္။

၅။ နႏြင္း

နႏြင္းမွာ curcumin ပါ၀င္ျပီး ေရာင္ရမ္းမွဳနဲ ့ဆဲလ္တြင္းအတြင္ ကင္ဆာျဖစ္ႏုိင္ေခ် ကို တားဆီးေပးပါတယ္။ အသီးအရြက္ေၾကာ္မွာ နႏြင္းအနည္းငယ္ျဖန္းျပီး စားသုံးသင့္ပါတယ္။

၆။ Vitamin A

မုန္လာဥ၀ါ၊ ကန္စြန္းဥ နဲ ့ကိုက္လန္တုိ ့မွာ ဗီတာမင္ေပါၾကြယ္၀ပါတယ္။ ဗီတာမင္ ေအဟာ ေရာဂါကူးစက္မွဳကို တြန္းလွန္ေပးျပီး မ်က္လုံးက်န္းမာေရးကို ေကာင္းေစပါတယ္။ ဒီ အသီးအရြက္ေတြကို တစ္ေန ့ပုံမွန္စားသုံးေပးရုံနဲ ့ ေတာ္ရုံ ဖ်ားနာျခင္းမရွိ က်န္းမာစြာေနထုိင္ႏိုင္တယ္လုိ ့ဆိုပါတယ္။
(Credit Trend Myanmar)
(Zawgyi)

ခေတ်မီဆေးပညာ၊ နည်းပညာနဲ ့နေ ့စဥ်အာဟာရ မှီ၀ဲမှုမှာ တိုးတက်လာမှုကြောင့် လွန်ခဲ့တဲ့ နှစ် ၁၅၀ အတွင်းမှာ လူ ့ပှျမ်းမှျသက်တမ်းဟာ နှစ်ဆပိုရှည်လာခဲ့ပါတယ်။ အသက်ပိုရှည်၊ ကျန်းမာစွာနေထိုင်နိုင်ဖို ့ ဒီအစားအစာတွေကို သင့်ရဲ့နေ ့စဥ်အစားအစာ တွေမှာ အချိုးကျ စားသုံးပေးဖို ့လိုပါတယ်။

၁။ ဗီတာမင် ဒီ

Telomeres လို ့ခေါ်တဲ့ ခရိုမိုဆုမ်းထိပ်အုပ်ကလေးတွေအကြောင်း သင်ကြားဖူးပါသလား။ သူ ့ရဲ့ အလျားပမာဏဟာ အသက်ရှည်မှုနဲ ့သက်ဆိုင်မှုရှိကြောင်း သက်သေပြပြီးဖြစ်ပါတယ်။ နေရောင်၊ နို ့ထွက်ပစ္စည်းနဲ ့တူနာနဲ ့ဆယ်လ်မွန်ငါးတို ့လို အဆီပေါများတဲ့ငါး တွေမှာ ဗီတာမင် ဒီ ဓာတ်ပေါကြွယ်၀ပြီး ဗီတာမင်ဒီက ဒီ telomeres တွေရဲ့ အလျားပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်ပါတယ်။ ဆိုလိုချင်တာက ဗီတာမင်ဒီ များများစားလေ ကျွန်တော်တို ့ရဲ့ telomeres တွေ ပိုရှည်လေပါပဲ။

၂။ Antioxidants (ဓာတ်တိုးဆန် ့ကျင်ပစ္စည်း)

ဓာတ်တိုးဆန် ့ကျင်ပစ္စည်းဆိုတာ ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး အသက်အရွယ် အိုမင်းမှုကို လျော့ချပေးတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Polyphenols (ပိုလီဖီနော) လို ့ခေါ်တဲ့ antioxidant အမျိုးအစားက ထိရောက်မှုအရှိဆုံးဖြစ်ပြီး အော်ဂဲနစ်နည်းနဲ ့စိုက်ပျိုးထားတဲ့ သဘာ၀ချောကလက် နဲ ့green tea တို ့မှာ ပါ၀င်ပါတယ်။

၃။ Probiotics (ပရိုဘိုင်အောတစ်)

Probiotics (ပရိုဘိုင်အောတစ်) ဆိုတာ Probiotic bacteria (ပရိုဘိုင်အောတစ် ဗက်တီးရီးယား) အစာလမ်းကြောင်းမှာ ရှိနေကြတဲ့ ဗက်တီးရီးယားအကောင်းတွေနဲ့ Probiotic yeasts (ပရိုဘိုင်အောတစ် ယိစ်) တွေကိုခေါ်တယ်။ ကျန်းမာရေးအတွက် ကောင်းစေတယ်။ အထူးသဖြင့် အစာခြေရာမှာအသံုးကျတယ်။ ပရိုဘိုင်အောတစ် ပေါကြွယ်၀တဲ့ အချဥ်ဖောက်၊ရှာလကာရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်မျိုးနဲ ့ဒိန်ချဥ် တို ့ကို စားသုံးပေးဖို ့လိုပါတယ်။

၄။ Vitamin B12

အာရုံကြောဆဲလ်၊ သွေးနီီဥဆဲလ်နဲ ့DNA တို ့ထုတ်လုပ်ရာမှာ ပါ၀င်ပြီး ဦးနှောက်ပိုင်း ဆိုင်ရာကျန်းမာရေးမှာ အဓိကကျပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ Vitamin B12 ပါ၀င်မှုနည်းပေမယ့် အသား၊ငါးနဲ ့နို ့ထွက်ပစ္စည်းတွေမှာ ကြွယ်၀ပါတယ်။

၅။ နနွင်း

နနွင်းမှာ curcumin ပါ၀င်ပြီး ရောင်ရမ်းမှုနဲ ့ဆဲလ်တွင်းအတွင် ကင်ဆာဖြစ်နိုင်ချေ ကို တားဆီးပေးပါတယ်။ အသီးအရွက်ကြော်မှာ နနွင်းအနည်းငယ်ဖြန်းပြီး စားသုံးသင့်ပါတယ်။

၆။ Vitamin A

မုန်လာဥ၀ါ၊ ကန်စွန်းဥ နဲ ့ကိုက်လန်တို ့မှာ ဗီတာမင်ပေါကြွယ်၀ပါတယ်။ ဗီတာမင် အေဟာ ရောဂါကူးစက်မှုကို တွန်းလှန်ပေးပြီး မျက်လုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ဒီ အသီးအရွက်တွေကို တစ်နေ ့ပုံမှန်စားသုံးပေးရုံနဲ ့ တော်ရုံ ဖျားနာခြင်းမရှိ ကျန်းမာစွာနေထိုင်နိုင်တယ်လို ့ဆိုပါတယ်။
(Credit Trend Myanmar)
(Unicode)

image

ေပါင္းတင္ကပ္ခြာအေၾကာင္းသိေကာင္းစရာ (ပေါင်းတင်ကပ်ခွာအကြောင်းသိကောင်းစရာ)

ခုေနာက္ပိုင္း မင္းသား၊ မင္းသမီးေတြကအစ သူတုိ႔ကိုယ္ပိုင္ အခ်ိန္ေလးေတြမွာ မ်က္ႏွာအသားေရပိုင္းကို ဂရုစိုက္ၾကတဲ့အေနနဲ႔ အိမ္မွာ အလြယ္တကူ ကပ္ထားလို႔ရတဲ့ မ်က္ႏွာကပ္ခြာ (mask) ေတြ သံုးလာၾကပါၿပီ။ တစ္ခါတစ္ေလ အဲ့ဒီကပ္ခြာေတြ ကပ္ၿပီး selfie ရိုက္ထားတဲ့ပံုေလးေတြေတာင္ သင္ေတြ႕ဖူးတယ္မလား။ အဲ့ဒီ ကပ္ခြာေတြက သံုးၿပီးသြားတဲ့အခါ ကိုယ္နဲ႔တည့္တယ္၊ အဆင္ေျပတယ္ဆုိ၇င္ အသားအေရ ၀င္းၿပီး က်န္ခဲ့မယ္၊ ၾကည္လင္တာမ်ိဳးေလးေတြ အက်ိဳးေက်းဇူးရွိတာမုိ႔ မ်က္ႏွာေပါင္းတင္ ကပ္ခြာေလးေတြအေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

၁။ေပါင္းတင္ကပ္ခြာဆုိေပမယ့္ ကပ္ခြာမပါပဲ ရိုးရိုးေပါင္းတင္တာမ်ိဳးနဲ႔ေတာ့ အက်ိဳးေက်းဇူး မတူညီႏိုင္ပါဘူး။

အရင္တုန္းက ဆုိင္သြားၿပီး ေပါင္းတင္တယ္ဆုိရင္ မ်က္ႏွာပါ ေပါင္းတင္ေဆးရည္၊ ေဆးအႏွစ္ေတြနဲ႔ လိမ္းက်ံၿပီး ေပါင္းတင္တာမ်ိဳးေတြရွိပါတယ္။ ဒီေပါင္းတင္ကပ္ခြာကေတာ့ ခုနေျပာသလို ေပါင္းတင္တာမ်ိဳးနဲ႔ မတူပါဘူး။ ဒီမ်က္ႏွာ ကပ္ခြာဟာserum အေျခခံၿပီး ထုတ္လုပ္ထားတဲ့ ခ်ည္သားလိုအသားမ်ိဳး မို႔လို႔ သင့္မ်က္ႏွာအသားေရကို ဟိုးအတြင္းထဲထိ သန္႔ရွင္းေအာင္ေတာ့ မလုပ္ေပးႏိုင္ပါဘူး။ ဒါေပမယ့္ ဒီေပါင္းတင္ကပ္ခြာေတြဟာ မ်က္ႏွာအသားေရအတြက္ လိုအပ္ေနတဲ့ အက္ဆစ္ဓာတ္၊ သတၱဳဓာတ္နဲ႔ အျခားေသာ ဗိုက္တာမင္ေတြကိုေတာ့ ျဖည့္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ ရႊံ႕ေစးမ်က္ႏွာေပါင္းတင္ေဆးေတြလိုလည္း အသားကို ေျခာက္မသြားေစပါဘူး။

၂။Serum သံုးမယ့္အစား ဒါကို ေန႔စဥ္သံုးလို႔ မရပါဘူး။

မ်က္ႏွာေပါင္းတင္ကပ္ခြာေတြဟာ serum ကို အေျခခံထည့္သြင္းထားတယ္ဆုိေပမယ့္ ဒါကို serum အစားသံုးလို႔ေတာ့ အဆင္မေျပႏိုင္ပါဘူး။ သူဟာ ေရဓာတ္ခန္းေျခာက္တဲ့အခါ အလြယ္တကူ ၀ယ္ယူကပ္ထားလို႔ရမယ္။ ခရီးသြားတဲ့အခါ ကိုယ့္အသားေလး ၀င္းေနေအာင္ အလြယ္တကူ ၀ယ္ယူသံုးလုိ႔ရတဲ့အျပင္ တစ္ပတ္ကို ေလး ၊ ငါးႀကိမ္အထိကို အသံုးျပဳႏိုင္ပါတယ္။ သူ႕ဆီမွာ ျပင္းလြန္းတဲ့ ပါ၀င္ပစၥည္းေတြ ထည့္သြင္းထားျခင္း မရွိတာမို႔ မ်က္ႏွာအသားေရစားသြားမွာ၊ နီရဲေလာင္သြားမွာမ်ိဳးေတြ စိုးရိမ္စရာ မလိုေတာ့ဘူးေပါ့။

၃။မ်က္ႏွာေပါင္းတင္ကပ္ခြာေတြဟာ ေရဓာတ္ကို အဓိက ျဖည့္တင္းေပးပါတယ္။

အသားေရမွာ လိုအပ္တဲ့ ေရဓာတ္ကို အဓိကျဖည့္တင္းေပးတဲ့ မ်က္ႏွာေပါင္းတင္ကပ္ခြာေတြကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေစ်းကြက္ထဲမွာ ေတြ႕ရမွာပါ။ စစ္တမ္းေကာက္ထားတဲ့ မွတ္တမ္းေတြအရေတာ့ အားလံုးဟာ ေရဓာတ္ကို ပိုမိုျဖည့္တင္းေပးႏိုင္ဖုိ႔ အဓိကထား ဖန္တီးထားၾကတယ္လို႔ သိရၿပီး ၀က္ၿခံေပ်ာက္တာ၊ အေရျပားတြန္႔တာမ်ိဳး ေပ်ာက္ကင္းသြားေစတာမ်ိဳးထက္ ေရဓာတ္ျဖည့္တင္းျခင္းကိုသာ အဓိကထားတာပါတဲ့။ ဒါ့အျပင္သူက မ်က္ႏွာအသားေရအပူခ်ိန္ကိုလည္း အနည္းငယ္ေျပာင္းလဲသြားေစတတ္ၿပီး အပူခ်ိန္ပိုတုိးသြားေစတယ္လို႔ သိရပါတယ္။

၄။ဒီကပ္ခြာေတြကို ၀က္ျခံအထြက္မ်ားတဲ့သူေတြ မသံုးသင့္ပါဘူး။

သင္က မ်က္ႏွာမွာ ၀က္ၿခံေတြ အမ်ားႀကီးထြက္ေနလို႔ ကပ္ခြာ၀ယ္ကပ္ၿပီး ၀က္ျခံေတြ ေလ်ာ့ပါးသြားေအာင္ လုပ္မယ္လုိ႔ ေတြးလိုက္ရင္ ဒါဟာ မွားယြင္းတဲ့ အေတြးအေခၚလုိ႔ ဆုိပါရေစ။ ကပ္ခြာဟာ မ်က္ႏွာအသားေရရဲ႕အပူခ်ိန္ကို တိုးျမွင့္ေပးႏိုင္တာေၾကာင့္ သင့္မ်က္ႏွာေပၚက ဘက္တီးရီးယားေတြကို ပိုမိုျပန္႔ႏွံ႔သြားေစကာ ၀က္ၿခံပိုထြက္ေစတတ္လို႔ပါ။ ဒါ့ေၾကာင့္ အဆီျပန္တဲ့ အသားေရရွိတဲ့သူ၊ ၀က္ျခံထြက္တဲ့သူေတြဟာ သံုးခ်င္တယ္ဆုိရင္ေတာင္ အရင္ဆံုး မ်က္ႏွာအစိတ္အပုိင္းတစ္ခုကို တည့္မတည့္ ကပ္ၿပီး စမ္းသပ္ၾကည့္သင့္ပါတယ္။

၅။ကပ္ခြာကို ႏွာဖူးက စကပ္ေပးဖုိ႔ လိုပါတယ္။

ေပါင္းတင္ကပ္ခြာေတြဟာ ဆိုဒ္တစ္ဆိုဒ္ထဲ ပံုမွန္ထုတ္တတ္တာေၾကာင့္ သင့္မ်က္ႏွာနဲ႔ အဆင္ေျပခ်င္မွ ေျပပါလိမ့္မယ္။ ဒါ့ေၾကာင့္ အဆင္ေျပေျပကပ္ႏိုင္ဖုိ႔ဆုိရင္ ႏွာဖူးကစၿပီး ကပ္ေပးပါ။ ဒီလိုမွသာ မ်က္လံုးနဲ႔ႏွာေခါင္းကို အတိအက် အဆင္ေျပေျပ ကပ္ႏိုင္မွာပါ။ ေအာက္က စကပ္မယ္ဆိုရင္ အဆင္ေျပဖုိ႔ မလြယ္ကူႏိုင္ပါဘူး။
(Credit Trend Myanmar)
(Zawgyi)

ခုနောက်ပိုင်း မင်းသား၊ မင်းသမီးတွေကအစ သူတို့ကိုယ်ပိုင် အချိန်လေးတွေမှာ မျက်နှာအသားရေပိုင်းကို ဂရုစိုက်ကြတဲ့အနေနဲ့ အိမ်မှာ အလွယ်တကူ ကပ်ထားလို့ရတဲ့ မျက်နှာကပ်ခွာ (mask) တွေ သံုးလာကြပါပြီ။ တစ်ခါတစ်လေ အဲ့ဒီကပ်ခွာတွေ ကပ်ပြီး selfie ရိုက်ထားတဲ့ပံုလေးတွေတောင် သင်တွေ့ဖူးတယ်မလား။ အဲ့ဒီ ကပ်ခွာတွေက သံုးပြီးသွားတဲ့အခါ ကိုယ်နဲ့တည့်တယ်၊ အဆင်ပြေတယ်ဆို၇င် အသားအရေ ၀င်းပြီး ကျန်ခဲ့မယ်၊ ကြည်လင်တာမျိုးလေးတွေ အကျိုးကျေးဇူးရှိတာမို့ မျက်နှာပေါင်းတင် ကပ်ခွာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

၁။ပေါင်းတင်ကပ်ခွာဆိုပေမယ့် ကပ်ခွာမပါပဲ ရိုးရိုးပေါင်းတင်တာမျိုးနဲ့တော့ အကျိုးကျေးဇူး မတူညီနိုင်ပါဘူး။

အရင်တုန်းက ဆိုင်သွားပြီး ပေါင်းတင်တယ်ဆိုရင် မျက်နှာပါ ပေါင်းတင်ဆေးရည်၊ ဆေးအနှစ်တွေနဲ့ လိမ်းကျံပြီး ပေါင်းတင်တာမျိုးတွေရှိပါတယ်။ ဒီပေါင်းတင်ကပ်ခွာကတော့ ခုနပြောသလို ပေါင်းတင်တာမျိုးနဲ့ မတူပါဘူး။ ဒီမျက်နှာ ကပ်ခွာဟာserum အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချည်သားလိုအသားမျိုး မို့လို့ သင့်မျက်နှာအသားရေကို ဟိုးအတွင်းထဲထိ သန့်ရှင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီပေါင်းတင်ကပ်ခွာတွေဟာ မျက်နှာအသားရေအတွက် လိုအပ်နေတဲ့ အက်ဆစ်ဓာတ်၊ သတ္တုဓာတ်နဲ့ အခြားသော ဗိုက်တာမင်တွေကိုတော့ ဖြည့်ပေးနိုင်ပါတယ်။ ပြီးတော့ ရွှံ့စေးမျက်နှာပေါင်းတင်ဆေးတွေလိုလည်း အသားကို ခြောက်မသွားစေပါဘူး။

၂။Serum သံုးမယ့်အစား ဒါကို နေ့စဥ်သံုးလို့ မရပါဘူး။

မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ serum ကို အခြေခံထည့်သွင်းထားတယ်ဆိုပေမယ့် ဒါကို serum အစားသံုးလို့တော့ အဆင်မပြေနိုင်ပါဘူး။ သူဟာ ရေဓာတ်ခန်းခြောက်တဲ့အခါ အလွယ်တကူ ၀ယ်ယူကပ်ထားလို့ရမယ်။ ခရီးသွားတဲ့အခါ ကိုယ့်အသားလေး ၀င်းနေအောင် အလွယ်တကူ ၀ယ်ယူသံုးလို့ရတဲ့အပြင် တစ်ပတ်ကို လေး ၊ ငါးကြိမ်အထိကို အသံုးပြုနိုင်ပါတယ်။ သူ့ဆီမှာ ပြင်းလွန်းတဲ့ ပါ၀င်ပစ္စည်းတွေ ထည့်သွင်းထားခြင်း မရှိတာမို့ မျက်နှာအသားရေစားသွားမှာ၊ နီရဲလောင်သွားမှာမျိုးတွေ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

၃။မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ ရေဓာတ်ကို အဓိက ဖြည့်တင်းပေးပါတယ်။

အသားရေမှာ လိုအပ်တဲ့ ရေဓာတ်ကို အဓိကဖြည့်တင်းပေးတဲ့ မျက်နှာပေါင်းတင်ကပ်ခွာတွေကို ပံုစံအမျိုးမျိုးနဲ့ စျေးကွက်ထဲမှာ တွေ့ရမှာပါ။ စစ်တမ်းကောက်ထားတဲ့ မှတ်တမ်းတွေအရတော့ အားလံုးဟာ ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်ဖို့ အဓိကထား ဖန်တီးထားကြတယ်လို့ သိရပြီး ၀က်ခြံပျောက်တာ၊ အရေပြားတွန့်တာမျိုး ပျောက်ကင်းသွားစေတာမျိုးထက် ရေဓာတ်ဖြည့်တင်းခြင်းကိုသာ အဓိကထားတာပါတဲ့။ ဒါ့အပြင်သူက မျက်နှာအသားရေအပူချိန်ကိုလည်း အနည်းငယ်ပြောင်းလဲသွားစေတတ်ပြီး အပူချိန်ပိုတိုးသွားစေတယ်လို့ သိရပါတယ်။

၄။ဒီကပ်ခွာတွေကို ၀က်ခြံအထွက်များတဲ့သူတွေ မသံုးသင့်ပါဘူး။

သင်က မျက်နှာမှာ ၀က်ခြံတွေ အများကြီးထွက်နေလို့ ကပ်ခွာ၀ယ်ကပ်ပြီး ၀က်ခြံတွေ လျော့ပါးသွားအောင် လုပ်မယ်လို့ တွေးလိုက်ရင် ဒါဟာ မှားယွင်းတဲ့ အတွေးအခေါ်လို့ ဆိုပါရစေ။ ကပ်ခွာဟာ မျက်နှာအသားရေရဲ့အပူချိန်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သင့်မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ပိုမိုပြန့်နှံ့သွားစေကာ ၀က်ခြံပိုထွက်စေတတ်လို့ပါ။ ဒါ့ကြောင့် အဆီပြန်တဲ့ အသားရေရှိတဲ့သူ၊ ၀က်ခြံထွက်တဲ့သူတွေဟာ သံုးချင်တယ်ဆိုရင်တောင် အရင်ဆံုး မျက်နှာအစိတ်အပိုင်းတစ်ခုကို တည့်မတည့် ကပ်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ကပ်ခွာကို နှာဖူးက စကပ်ပေးဖို့ လိုပါတယ်။

ပေါင်းတင်ကပ်ခွာတွေဟာ ဆိုဒ်တစ်ဆိုဒ်ထဲ ပံုမှန်ထုတ်တတ်တာကြောင့် သင့်မျက်နှာနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါ့ကြောင့် အဆင်ပြေပြေကပ်နိုင်ဖို့ဆိုရင် နှာဖူးကစပြီး ကပ်ပေးပါ။ ဒီလိုမှသာ မျက်လံုးနဲ့နှာခေါင်းကို အတိအကျ အဆင်ပြေပြေ ကပ်နိုင်မှာပါ။ အောက်က စကပ်မယ်ဆိုရင် အဆင်ပြေဖို့ မလွယ်ကူနိုင်ပါဘူး။
(Credit Trend Myanmar)
(Unicode)

image

ဘုရားရွိခိုးရေသာအက်ိဳးရွစ္ပါး (ဘုရားရှိခိုးရသောအကျိုးရှစ်ပါး)

၁။ သြားေလရာရာ ေရာက္ေလရာ အရပ္ ၁၀ မ်က္ႏွာတို ့၌ အပူေဇာ္ အခ်ီးေျမွာက္ကို ခံရျခင္း ။
၂။ သြက္သြက္လက္လက္ႏွင့္ ထက္ျမတ္ေသာ ဥာဏ္ပညာကို ရရွိ ျခင္း ။
၃။ ကိုယ့္အလိုလိုက္ျပီး ကိုယ့္အႀကိဳက္ကိုသာ လုပ္ကိုင္ေပးႀကေသာ အေျခြအရံ ပရိသတ္ႏွင့္ ျပည့္စုံရ ျခင္း။
၄။ မေရမတြက္နိဳင္ေသာ စည္းစိမ္ခ်မ္းသာႏွင့္ ျပည့္စုံ ျခင္း။
၅။ ဘဝတိုင္း ဘဝတိုင္း အဆင္းရုပ္ရည္ လွပ ျခင္း။
၆။ ကိုယ္လွ စိတ္လွ အတြင္းအျပင္ လွပသည့္အတြက္ အမ်ား၏ ႏွစ္သက္ျခင္းကို ခံယူရျခင္း ။
၇။ မိတ္ေဆြ အေပါင္းအသင္းတို ့၏ ခ်စ္ခင္ ရိုေသေလးစားမွဳ ခိုင္ျမဲ ျခင္း။
၈။ ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ ပ်ံ ့ႏွံ ့ျခင္း။
(Credit ေမာင္းေထာင္ေျမဇင္းေတာရဆရာေတာ္ဘုရားႀကီး)
(Zawgyi)

၁။ သွားလေရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာတို ့၌ အပူဇော် အချီးမြှောက်ကို ခံရခြင်း ။
၂။ သွက်သွက်လက်လက်နှင့် ထက်မြတ်သော ဥာဏ်ပညာကို ရရှိ ခြင်း ။
၃။ ကိုယ့်အလိုလိုက်ပြီး ကိုယ့်အကြိုက်ကိုသာ လုပ်ကိုင်ပေးကြသော အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရ ခြင်း။
၄။ မရေမတွက်နိုင်သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ခြင်း။
၅။ ဘဝတိုင်း ဘဝတိုင်း အဆင်းရုပ်ရည် လှပ ခြင်း။
၆။ ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပသည့်အတွက် အများ၏ နှစ်သက်ခြင်းကို ခံယူရခြင်း ။
၇။ မိတ်ဆွေ အပေါင်းအသင်းတို ့၏ ချစ်ခင် ရိုသေလေးစားမှု ခိုင်မြဲ ခြင်း။
၈။ ကောင်းမြတ်သော သီတင်းကျော်စော ပျံ ့နှံ ့ခြင်း။
(Credit မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီး)
(Unicode)

image