ေခါင္းကိုက္ျခင္းအတြက္ကုထံုးမ်ား (ခေါင်းကိုက်ခြင်းအတွက်ကုထံုးများ)

ေခါင္းကိုက္ေဝဒနာ ျဖစ္လာတဲ့အခါ မီးပိတ္ၿပီး လဲွေလွာင္းကာ အနားယူလိုက္႐ံု၊ အကိုက္အခဲေပ်ာက္ေဆးကို ေသာက္လိုက္႐ံုနဲ႔ သက္သာသြားတတ္ေပမယ့္ ေခါင္းကိုက္ေဝဒနာ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့ အစားအေသာက္ေတြလည္း ရွိပါတယ္။ 

အရက္ေသာက္တာေၾကာင့္ ေခါင္းကိုက္ေနတာလား 
အာလူးမီးဖုတ္ စားပါ
သင္ ေခါင္းကိုက္တာက အရက္ေသာက္လို႔ ျဖစ္ရတယ္ဆိုရင္ ညစာမွာ အာလူးမီးဖုတ္ကို ထည့္စားေပးပါလို႔ အာဟာရပညာရွင္ အယ္ရင္က ဆိုပါတယ္။ “အယ္လ္ကိုေဟာဟာ ဆီးသြားေစတဲ့ အာနိသင္ရွိတာေၾကာင့္ ခႏၶာကိုယ္မွာ ေရဓာတ္ ခမ္းေျခာက္ေနေစ႐ံု သာမက ပိုတက္စီယမ္လို ဓာတ္ဆားေတြလည္း ဆံုး႐ႈံးေနႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုတက္စီယမ္ ေပါမ်ားစြာ ပါဝင္တဲ့ အစားအစာကို စားေပးတာက အရက္နာက်လို႔ ျဖစ္တဲ့ ေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္” လို႔ သူက ဆက္လက္ ရွင္းျပပါတယ္။ မီးဖုတ္ထားတဲ့ အာလူးတစ္လံုးမွာ ပိုတက္စီယမ္ ၇၂၁ မီလီဂရမ္ေတာင္ ပါဝင္ၿပီး ငွက္ေပ်ာသီးတစ္လံုးမွာ ၄၆၇ မီလီဂရမ္ပဲ ပါဝင္ပါတယ္။

ေရဓာတ္ ခမ္းေျခာက္မႈေၾကာင့္ ေခါင္းကိုက္ေနတာလား
ဖရဲသီး စားပါ
ေရဓာတ္ ခမ္းေျခာက္တာက ေခါင္းကိုက္ေစတဲ့ အဓိက အေၾကာင္းရင္းတစ္ခုပါ။ ဒါေၾကာင့္ ေခါင္းကိုက္ေနရင္ အကိုက္အခဲ ေပ်ာက္ေဆး စားမယ့္အစား ေရဓာတ္မ်ားမ်ားပါတဲ့ ဖရဲသီးကို စားေပးပါ။ “သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ထဲမွာ ပါတဲ့ ေရဓာတ္မွာ မဂၢနီဆီယမ္လို သတၱဳဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ ေခါင္းမကိုက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္” လို႔ အာဟာရပညာရွင္ စတယ္လာက ရွင္းျပပါတယ္။ ေရဓာတ္ပါဝင္မႈျမင့္မားတဲ့ အသီးေတြက ဘယ္ရီသီး၊ သခြားသီး၊ ဖရဲသီး၊ ခရမ္းခ်ဥ္သီးတို႔ ျဖစ္ၾကပါတယ္။

ေကာ္ဖီျဖတ္လိုက္တာေၾကာင့္ ေခါင္းကိုက္ေနတာလား
ေကာ္ဖီအသင့္အတင့္ ျပန္ေသာက္ပါ
ေကာ္ဖီအေသာက္မ်ားရင္ ေသြးေၾကာေတြကို က်ဥ္းေစတာေၾကာင့္ ေခါင္းကိုက္ေစႏိုင္ပါတယ္။ ကဖင္းဓာတ္ဟာ ဆီးသြားေစတဲ့ အာနိသင္ရွိၿပီး ေရဓာတ္ ခမ္းေျခာက္ကာ ေခါင္းကိုက္ေဝဒနာ ျဖစ္ႏိုင္ေျခကို တိုးျမင့္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ေကာ္ဖီ အေသာက္မ်ားသူေတြ ေကာ္ဖီမေသာက္ဘဲ ေနလိုက္ရင္ ေခါင္းကိုက္တတ္ပါတယ္။ တစ္ေန႔ ေကာ္ဖီတစ္ခြက္ခန္႔ ေသာက္တာက အရက္ေသာက္လြန္တာေၾကာင့္ ျဖစ္တဲ့ ေခါင္းကိုက္တာကို ေလ်ာ့က်ေစႏိုင္ပါတယ္။

အစားေလွ်ာ့လြန္းတာေၾကာင့္ ေခါင္းကိုက္ေနတာလား
ေကာက္ႏွံတစ္ခုလံုး အစာကို စားပါ
ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေအာင္ ကာဗိုဟိုက္ဒရိတ္ပါတဲ့ အစာကို ေလွ်ာ့စားေနသူေတြဟာ ေခါင္းကိုက္တာကို ျဖစ္ေစႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ခႏၶာကိုယ္ထဲမွာ သိုေလွာင္ထားတဲ့ ဂလိုင္ကိုဂ်င္ေတြ ဆံုး႐ႈံးသြားလို႔ပါ။ ဂလိုင္ကိုဂ်င္က ဦးေႏွာက္ရဲ႕ အဓိက စြမ္းအင္ အရင္းအျမစ္ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခြံခၽြတ္မထားတဲ့ ေကာက္ႏွံစာေတြ ျဖစ္တဲ့ ဆန္လံုးညိဳ၊ အညိဳေရာင္ ေခါက္ဆြဲ၊ အညိဳေရာင္ေပါင္မုန္႔ စတာေတြကို စားေပးဖုိ႔ လိုပါတယ္။

ေခါင္းတစ္ျခမ္း ကိုက္ေနတာလား
မဂၢနီစီယမ္ပါေသာ အစာစားပါ
အစာထဲမွာ ပါတဲ့ မဂၢနီဆီယမ္ဓာတ္ဟာ ေသြးေၾကာေတြကို အပန္းေျပေစၿပီး ေခါင္းကိုက္တာကို သက္သာေစပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ေနရင္ မဂၢနီဆီယမ္ပါတဲ့ ေထာပတ္သီး၊ မက္မြန္သီးေျခာက္၊ ငွက္ေပ်ာသီး၊ သီဟုိဠ္ေစ့၊ ပဲသီးနဲ႔ အေစ့အဆန္ေတြကို စားသင့္ပါတယ္။

ႏွာေခါင္းပိတ္တာေၾကာင့္ ေခါင္းကိုက္ေနတာလား
ဟင္းခတ္အေမႊးအႀကိဳင္ကဲေသာ အစာစားပါ
ႏွာေခါင္းပိတ္တာေၾကာင့္ ေခါင္းကိုက္ရင္ င႐ုတ္ေကာင္း၊ ခ်င္း(ဂ်င္း) စတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ပါတဲ့ အစာေတြကို စားေပးပါ။ ဒီအစာေတြက ႏွာေခါင္းနဲ႔ အသက္႐ွဴလမ္းေၾကာင္း ပိတ္ဆို႔တာကုိ ပြင့္ေစတာေၾကာင့္ ေခါင္းကိုက္တာကို သက္သာေစပါတယ္။

ေခါင္းထိုးကိုက္ေနတာလား
ဒိန္ခ်ဥ္ စားပါ
သင့္ေခါင္းဟာ ထိုးထိုးကိုက္ေနရင္ ကယ္လ္စီယမ္ ေလ်ာ့နည္းတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဦးေႏွာက္က ထိထိေရာက္ေရာက္ အလုပ္လုပ္ႏိုင္ဖို႔ ကယ္လ္စီယမ္ လိုအပ္ပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္သက္သာေအာင္ ကယ္လ္စီယမ္ ပါဝင္မႈမ်ားတဲ့ အဆီမပါ ဒိန္ခ်ဥ္ကို စားေပးသင့္ပါတယ္။

ေသြးတိုးတာေၾကာင့္ ေခါင္းကိုက္ေနတာလား
ဟင္းႏုနယ္ရြက္ စားပါ
ဟင္းႏုနယ္ရြက္စားတာက ေသြးတိုးကို က်ေစတာေၾကာင့္ ေခါင္းကိုက္တာကို သက္သာေစပါတယ္။ တစ္ေန႔မွာ ဟင္းႏုနယ္ရြက္သုပ္ ႏွစ္ခြက္ေလာက္ စားေပးရင္ ေသြးတိုးလို႔ျဖစ္တဲ့ ေခါင္းကိုက္တာကို သက္သာေစပါတယ္။
(Credit ၾကယ္စင္)
(Zawgyi)

ခေါင်းကိုက်ဝေဒနာ ဖြစ်လာတဲ့အခါ မီးပိတ်ပြီး လဲှလှောင်းကာ အနားယူလိုက်ရံု၊ အကိုက်အခဲပျောက်ဆေးကို သောက်လိုက်ရံုနဲ့ သက်သာသွားတတ်ပေမယ့် ခေါင်းကိုက်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ 

အရက်သောက်တာကြောင့် ခေါင်းကိုက်နေတာလား 
အာလူးမီးဖုတ် စားပါ
သင် ခေါင်းကိုက်တာက အရက်သောက်လို့ ဖြစ်ရတယ်ဆိုရင် ညစာမှာ အာလူးမီးဖုတ်ကို ထည့်စားပေးပါလို့ အာဟာရပညာရှင် အယ်ရင်က ဆိုပါတယ်။ “အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေစေရံု သာမက ပိုတက်စီယမ်လို ဓာတ်ဆားတွေလည်း ဆံုးရှုံးနေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်စီယမ် ပေါများစွာ ပါဝင်တဲ့ အစားအစာကို စားပေးတာက အရက်နာကျလို့ ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်” လို့ သူက ဆက်လက် ရှင်းပြပါတယ်။ မီးဖုတ်ထားတဲ့ အာလူးတစ်လံုးမှာ ပိုတက်စီယမ် ၇၂၁ မီလီဂရမ်တောင် ပါဝင်ပြီး ငှက်ပျောသီးတစ်လံုးမှာ ၄၆၇ မီလီဂရမ်ပဲ ပါဝင်ပါတယ်။

ရေဓာတ် ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်နေတာလား
ဖရဲသီး စားပါ
ရေဓာတ် ခမ်းခြောက်တာက ခေါင်းကိုက်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် ခေါင်းကိုက်နေရင် အကိုက်အခဲ ပျောက်ဆေး စားမယ့်အစား ရေဓာတ်များများပါတဲ့ ဖရဲသီးကို စားပေးပါ။ “သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပါတဲ့ ရေဓာတ်မှာ မဂ္ဂနီဆီယမ်လို သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ခေါင်းမကိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်” လို့ အာဟာရပညာရှင် စတယ်လာက ရှင်းပြပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားတဲ့ အသီးတွေက ဘယ်ရီသီး၊ သခွားသီး၊ ဖရဲသီး၊ ခရမ်းချဥ်သီးတို့ ဖြစ်ကြပါတယ်။

ကော်ဖီဖြတ်လိုက်တာကြောင့် ခေါင်းကိုက်နေတာလား
ကော်ဖီအသင့်အတင့် ပြန်သောက်ပါ
ကော်ဖီအသောက်များရင် သွေးကြောတွေကို ကျဥ်းစေတာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ ကဖင်းဓာတ်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ရေဓာတ် ခမ်းခြောက်ကာ ခေါင်းကိုက်ဝေဒနာ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီ အသောက်များသူတွေ ကော်ဖီမသောက်ဘဲ နေလိုက်ရင် ခေါင်းကိုက်တတ်ပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက်ခန့် သောက်တာက အရက်သောက်လွန်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို လျော့ကျစေနိုင်ပါတယ်။

အစားလှေျာ့လွန်းတာကြောင့် ခေါင်းကိုက်နေတာလား
ကောက်နှံတစ်ခုလံုး အစာကို စားပါ
ကိုယ်အလေးချိန် လျော့ကျအောင် ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာကို လှေျာ့စားနေသူတွေဟာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်တွေ ဆံုးရှုံးသွားလို့ပါ။ ဂလိုင်ကိုဂျင်က ဦးနှောက်ရဲ့ အဓိက စွမ်းအင် အရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ကောက်နှံစာတွေ ဖြစ်တဲ့ ဆန်လံုးညို၊ အညိုရောင် ခေါက်ဆွဲ၊ အညိုရောင်ပေါင်မုန့် စတာတွေကို စားပေးဖို့ လိုပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်နေတာလား
မဂ္ဂနီစီယမ်ပါသော အစာစားပါ
အစာထဲမှာ ပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးကြောတွေကို အပန်းပြေစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်နေရင် မဂ္ဂနီဆီယမ်ပါတဲ့ ထောပတ်သီး၊ မက်မွန်သီးခြောက်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ ပဲသီးနဲ့ အစေ့အဆန်တွေကို စားသင့်ပါတယ်။

နှာခေါင်းပိတ်တာကြောင့် ခေါင်းကိုက်နေတာလား
ဟင်းခတ်အမွှေးအကြိုင်ကဲသော အစာစားပါ
နှာခေါင်းပိတ်တာကြောင့် ခေါင်းကိုက်ရင် ငရုတ်ကောင်း၊ ချင်း(ဂျင်း) စတဲ့ ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစာတွေကို စားပေးပါ။ ဒီအစာတွေက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကို ပွင့်စေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။

ခေါင်းထိုးကိုက်နေတာလား
ဒိန်ချဥ် စားပါ
သင့်ခေါင်းဟာ ထိုးထိုးကိုက်နေရင် ကယ်လ်စီယမ် လျော့နည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဦးနှောက်က ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ ကယ်လ်စီယမ် လိုအပ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်သက်သာအောင် ကယ်လ်စီယမ် ပါဝင်မှုများတဲ့ အဆီမပါ ဒိန်ချဥ်ကို စားပေးသင့်ပါတယ်။

သွေးတိုးတာကြောင့် ခေါင်းကိုက်နေတာလား
ဟင်းနုနယ်ရွက် စားပါ
ဟင်းနုနယ်ရွက်စားတာက သွေးတိုးကို ကျစေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။ တစ်နေ့မှာ ဟင်းနုနယ်ရွက်သုပ် နှစ်ခွက်လောက် စားပေးရင် သွေးတိုးလို့ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(Credit ကြယ်စင်)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s