ေသြးဆံုးကိုင္ျခင္းအတြက္ကုထံုးမ်ား (သွေးဆံုးကိုင်ခြင်းအတွက်ကုထံုးများ)

အမ်ဳိးသမီးမ်ား ပ်မ္းမွ် အသက္ (၄၇)ႏွစ္ ဝန္းက်င္ခန္႔မွာ ေသြးဆံုးကိုင္ေဝဒနာကို စတင္ခံစား လာရတတ္ပါတယ္။ (မိခင္ေသြးဆံုးခဲ့ေသာ အသက္အရြယ္ကိုၾကည့္၍လည္း မိမိေသြးဆံုးႏိုင္မည့္အခ်ိန္ကို ႀကိဳတင္မွန္းဆလို႔ရပါတယ္) ေအာက္ပါ ႐ိုးရွင္းလြယ္ကူတဲ့ အိမ္တြင္းကုထံုးေလးမ်ားက ေသြးဆံုးကိုင္ေဝဒနာကို ေဘးဥပါဒ္ကင္းစြာျဖင့္ သက္သာ
ေပ်ာက္ကင္းေစနိုင္ပါလိမ့္မယ္။

(၁) ‘မိန္းမတို ့အသက္ ကရမက္ ‘ ဟု ဆိုး႐ိုးစကားရွိ ပါတယ္။ ေသြးဆံုးကုိင္ျခင္းအတြက္ ကရမက္ကို လိမ္းေပးသင့္သလို၊ ေသြး၍ ေသာက္သံုးေပးပါ။
(၂) မိုးဥတုတြင္ ေပၚတတ္ေသာ ဂံုမင္းပင္ကို ဟင္းခါး ခ်က္၍ေသာက္ပါ။
(၃) စြယ္ေတာ္ပင္(ခရမ္းေရာင္ပန္းပြင့္) ၏ အရြက္
ၫြန္႔ကို ဟင္းခ်ဳိခ်က္ေသာက္ပါ (သို႔မဟုတ္) ရြက္ ျပဳတ္ရည္ေသာက္ပါ။
(၄) အနက္ေရာင္စပ်စ္သီးမွည့္ကို အခြံေရာ အေစ့ပါ ဝါးစားပါ။
(၅) ဆီးျဖဴသီး စားပါ။
(၆) ထန္းရည္ခ်ဳိစစ္စစ္ကို တဝႀကီးေသာက္ေပးပါ။
(၇) ႀကိတ္မွန္ရြက္စားပါ (သို႔မဟုတ္) ႀကိတ္မွန္ရြက္ ယိုထိုးစားပါ။ (ႀကိတ္မွန္ရြက္ ၂၅ က်ပ္သားကို
ေရစင္စင္ေဆး ႏုတ္ႏုတ္စဥ္းၿပီး၊ ထန္းလ်က္သန္႔ သန္႔ ၁ဝ က်ပ္သား၊ အရည္ညႇစ္ၿပီး ေရွာက္သီး
အဖတ္ ၁ဝ က်ပ္သား၊ ပါးပါးလွီးထားေသာ ၾကက္
သြန္နီ ၁ဝ က်ပ္သား၊ စမံုငါးပါးအမႈန္ ့ ၂ ပဲသားစီ
တို႔ကို ေျမအိုးအသစ္ထဲေရာ၍ ဆားႏွင့္ ေရသင့္႐ံု ထည့္ၿပီး ယိုထိုးသလို က်ဳိခ်က္ပါ။ ယိုျဖစ္ပါက ပုလင္းသန္႔သန္႔ထဲထည့္၍ အစာႏွင့္ေဝးခ်ိန္ နံနက္၊ ေန႔၊ ည သံုးႀကိမ္စီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းမွ် ခပ္၍စားပါ။)
(၈) အဝါေရာင္ ကန္စြန္းဥကို မ်ားမ်ားျပဳတ္စားပါ။
(၉) သေဘၤာသီးမွည့္ ေန႔စဥ္စားေပးပါ။
(၁ဝ) တ႐ုတ္စကားပြင့္ကို ေၾကာ္ခ်က္၍ စားပါ။
(၁၁) ပဲေနာက္ကို ၾကက္သြန္ျဖဴႏွင့္ ဟင္းခ်ဳိခ်က္ေသာက္ပါ။
(၁၂) ဝါေစ့ပင္ေပါက္ကို ဟင္းခါးခ်က္ေသာက္ပါ။
(၁၃) ကင္ပြန္းခ်ဥ္ရြက္ကို အမ်ဳိးမ်ဳိးလုပ္၍ ဟင္းခ်က္ စားေပးပါ။
(၁၄) ၾကက္သြန္ျဖဴစားပါ။
(၁၅) ရဲယိုသီးမွည့္မွည့္ကို ထန္းလ်က္ခဲ (သဘာဝအမည္းေရာင္ ထန္းလ်က္ခဲ) ျဖင့္ ေခါက္၍ စားပါ။
(၁၆) အဆီမ်ားတဲ့အသား၊ ျဖဴဆြတ္ဆြတ္သၾကားမႈန္႔
မ်ား၊ ဆီေၾကာ္မုန္႔မ်ား၊ ကဖိန္းဓာတ္မ်ားေသာ ေကာ္ဖီႏွင့္ ကိုလာအခ်ဳိရည္မ်ား၊ င႐ုတ္သီးအပူ အစပ္မ်ား၊ ပူပူေလာင္ေလာင္ ဟင္းရည္မ်ား စသည္တို႔ကို လြန္ကဲစြာစားေသာက္ျခင္းမွေရွာင္ ပါ။
(၁၇) အဆီမ်ားတဲ့ငါး (သို႔မဟုတ္) ငါးႀကီးဆီစားပါ။ Spirulina ေခၚ စိမ္းျပာေရညႇိ(သို ့မဟုတ္) EPO
(ေခၚ)ေရႊဝါေရာင္ Evening Primrose ပန္း အဆီ(သုိ႔မဟုတ္) Silica စီလီကာ ေဆးတို႔ကို
ျဖည့္စြက္စာအျဖစ္ မွီဝဲေသာက္သံုးပါ။
(၁၈) Barley Grass (ေခၚ) ဘာလီျမက္ႏုထဲမွာ ဓာတ္ တိုးဆန္႔က်င္ပစၥည္းေတြက မ်ားစြာေကာင္းက်ဳိး
ျပဳပါတယ္။ (ႏိုင္ငံျခားျဖစ္ ဘာလီျမက္ႏု အခ်ဳိရည္တို႔ကို City Mart ဆိုင္ေတြမွာ ဝယ္ယူရရွိ နိုင္ပါတယ္။)
(၁၉) ေန႔စဥ္မွန္မွန္လမ္းေလွ်ာက္ျခင္း (သို႔မဟုတ္) ကိုယ္လက္လႈပ္ရွားအားကစားလုပ္ပါ။
(၂ဝ) တစ္ကုိယ္ေရသန္႔ရွင္းမႈဂ႐ုစိုက္ပါ။ သို႔ေသာ္ အခ်ိန္လြန္၍ ေရခ်ဳိးျခင္းမျပဳရ။
(Credit ေပါက္ေပါက္)
(Zawgyi)

အမျိုးသမီးများ ပျမ်းမှျ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆံုးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆံုးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆံုးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်) အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထံုးလေးများက သွေးဆံုးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာ
ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။

(၁) ‘မိန်းမတို ့အသက် ကရမက် ‘ ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆံုးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သံုးပေးပါ။
(၂) မိုးဥတုတွင် ပေါ်တတ်သော ဂံုမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။
(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်
ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။
(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။
(၅) ဆီးဖြူသီး စားပါ။
(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။
(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို
ရေစင်စင်ဆေး နုတ်နုတ်စဥ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီး
အဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်
သွန်နီ ၁ဝ ကျပ်သား၊ စမံုငါးပါးအမှုန် ့ ၂ ပဲသားစီ
တို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရံု ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သံုးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှျ ခပ်၍စားပါ။)
(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။
(၉) သငေ်္ဘာသီးမှည့် နေ့စဥ်စားပေးပါ။
(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။
(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။
(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။
(၁၃) ကင်ပွန်းချဥ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။
(၁၄) ကြက်သွန်ဖြူစားပါ။
(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝအမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စားပါ။
(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်
များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။
(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ(သို ့မဟုတ်) EPO
(ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို
ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သံုးပါ။
(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုး
ပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)
(၁၉) နေ့စဥ်မှန်မှန်လမ်းလှေျာက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။
(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။
(Credit ပေါက်ပေါက်)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s