ကြၽန္ေတာ္/ကြၽန္မတို႔သည္ဆယ္ေက်ာ္သက္မ်ားျဖစ္ၾကသည္ (ကျွန်တော်/ကျွန်မတို့သည်ဆယ်ကျော်သက်များဖြစ်ကြသည်)

ဆယ္စုႏွစ္တစ္ခုကို
အလိုက္တသင့္ေက်ာ္လြန္ခဲ့ၿပီးတဲ႔ေနာက္
ကြ်န္ေတာ္တို႔ေျခရာေလးေတြေတာင္
လူရိုေသရွင္ရိုေသျဖစ္ခဲ့ၿပီ။

ဒီအရြယ္မွာမေငးဘူး…မငိုင္ဘူး။
ႏိုင္ငံေတာ္သီခ်င္း သံၿပိဳင္ဟစ္ေနသလို
ကြ်န္ေတာ္တို႔အားလံုးရဲ႕ရင္ေတြေကာ့
ေခါင္းေတြဟာလည္းေမာ့လို႔ေပါ့။

ဘဝအရသာေတြအားလံုး
ဒီအရြယ္မွာစျမည္းစမ္းၾကည့္ၾကတယ္။
ေဆးလိပ္ဆိုလည္းေသာက္…၊
အရက္ဆိုလည္းေသာက္…။
လာပါသူငယ္ခ်င္းရယ္။
တို႔ေတြကလပ္မွာေမွာက္တဲ႔အထိကၾကည့္ၾကမယ္။

ဒါနဲ႔စကားမစပ္…။
ဘယ္ဖက္ရင္အံုခပ္နက္နက္ဆီေႂကြက်ခဲ႔တဲ႔
ဧဒင္ဥယ်ာဥ္ထဲကကိုက္လက္စပန္းသီးေလးကိုလည္း
ကြ်န္ေတာ္တို႔တူးေဖာ္မိခဲ႔ၾက…။
(အိုကြယ္…) ရွတတႏိုင္လိုက္တာ။

အဲဒီကတည္းက သစ္ရြက္လႈပ္ရင္ေတာင္ခိုးခိုးခစ္ခစ္…။
ကြ်န္ေတာ္တို႔ၾကားထဲမွာေတာ့
(အခ်စ္ဟာ)အၿမဲBest topicပါပဲ။

ရူးတယ္ေျပာလဲခံရမယ္။
ကြ်န္ေတာ္တို႔အတြက္ေတာ့
ရိုမီယိုဟာသူရဲေကာင္းျဖစ္တယ္။
အက္ဒဝပ္ဘုရင္ဟာသူရဲေကာင္းျဖစ္တယ္။
ဒႆဂီရိဟာသူရဲေကာင္းျဖစ္တယ္။
အခ်စ္ဆိုတာကို
အဲဒီေလာက္ထိကိုးကြယ္မိၾကတယ္။

မ်ိဳးတူေလးေတြစု၊ ဝါသနာတူေလးေတြစု။
အရမ္းႀကီးႀကီးက်ယ္က်ယ္မဟုတ္ေပမယ့္
သိပ္ခ်စ္ရတဲ႔သူငယ္ခ်င္းGroupတစ္ခုလည္းရွိတယ္။

မိတ္ေဆြေပါသလို
ရန္သူေတြလည္းမ်ားတယ္။
တစ္ခါတစ္ခါျပႆနာေတြတက္ၾကသလို
တစ္ခါတစ္ခါရန္ေတြလည္းျဖစ္ၾကရဲ႕။
မလွပတဲ႔အဲဒီေဒါသပန္းခ်ီကားခ်ပ္ကိုပဲ
အခါအခြင့္သင့္တိုင္းဆြဲမိခဲ႔။

ကေလးစိတ္သိပ္ဆန္လြန္းေပမယ့္
ငယ္ငယ္ကလိုလက္ညွိဳးနဲ႔လက္ခလယ္
ေကြးရံု၊ျဖတ္ရံုထက္ေတာ့ပိုျပတ္သားတတ္ၿပီေပါ့ကြယ္။

အသက္ကငယ္ငယ္…။
တဖ်တ္ဖ်တ္တလက္လက္နဲ႔
ေရႊအိုေရာင္အိပ္မက္ေတြ
မက္တတ္လာၾကတဲ႔အရြယ္။

ငါတို႔တစ္ေန႔ဘာျဖစ္ရမယ္။
ငါတို႔ဘဝကိုဘယ္လိုတည္ေဆာက္ၾကမယ္။
စိတ္ကူးေတြႏုသစ္
အနာဂတ္ကိုထုဆစ္ဖို႔လည္း
ဆႏၵေတြက တျပင္းျပင္းတျပျပ…။

(ေၾသာ္…)စခဲ႔တဲ႔ဇာတ္လမ္း
ဆံုးေတာ့မွသာရပ္ပါရေစ။
တစ္ကယ္ဆို……………
ကြ်န္ေတာ္၊ကြ်န္မတို႔ဟာဆယ္ေက်ာ္သက္ေတြ။

(လင္း)
(Zawgyi)

ဆယ်စုနှစ်တစ်ခုကို
အလိုက်တသင့်ကျော်လွန်ခဲ့ပြီးတဲ့နောက်
ကျွန်တော်တို့ခြေရာလေးတွေတောင်
လူရိုသေရှင်ရိုသေဖြစ်ခဲ့ပြီ။

ဒီအရွယ်မှာမငေးဘူး…မငိုင်ဘူး။
နိုင်ငံတော်သီချင်း သံပြိုင်ဟစ်နေသလို
ကျွန်တော်တို့အားလံုးရဲ့ရင်တွေကော့
ခေါင်းတွေဟာလည်းမော့လို့ပေါ့။

ဘဝအရသာတွေအားလံုး
ဒီအရွယ်မှာစမြည်းစမ်းကြည့်ကြတယ်။
ဆေးလိပ်ဆိုလည်းသောက်…၊
အရက်ဆိုလည်းသောက်…။
လာပါသူငယ်ချင်းရယ်။
တို့တွေကလပ်မှာမှောက်တဲ့အထိကကြည့်ကြမယ်။

ဒါနဲ့စကားမစပ်…။
ဘယ်ဖက်ရင်အံုခပ်နက်နက်ဆီကြွေကျခဲ့တဲ့
ဧဒင်ဥယျာဥ်ထဲကကိုက်လက်စပန်းသီးလေးကိုလည်း
ကျွန်တော်တို့တူးဖော်မိခဲ့ကြ…။
(အိုကွယ်…) ရှတတနိုင်လိုက်တာ။

အဲဒီကတည်းက သစ်ရွက်လှုပ်ရင်တောင်ခိုးခိုးခစ်ခစ်…။
ကျွန်တော်တို့ကြားထဲမှာတော့
(အချစ်ဟာ)အမြဲBest topicပါပဲ။

ရူးတယ်ပြောလဲခံရမယ်။
ကျွန်တော်တို့အတွက်တော့
ရိုမီယိုဟာသူရဲကောင်းဖြစ်တယ်။
အက်ဒဝပ်ဘုရင်ဟာသူရဲကောင်းဖြစ်တယ်။
ဒဿဂီရိဟာသူရဲကောင်းဖြစ်တယ်။
အချစ်ဆိုတာကို
အဲဒီလောက်ထိကိုးကွယ်မိကြတယ်။

မျိုးတူလေးတွေစု၊ ဝါသနာတူလေးတွေစု။
အရမ်းကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့်
သိပ်ချစ်ရတဲ့သူငယ်ချင်းGroupတစ်ခုလည်းရှိတယ်။

မိတ်ဆွေပေါသလို
ရန်သူတွေလည်းများတယ်။
တစ်ခါတစ်ခါပြဿနာတွေတက်ကြသလို
တစ်ခါတစ်ခါရန်တွေလည်းဖြစ်ကြရဲ့။
မလှပတဲ့အဲဒီဒေါသပန်းချီကားချပ်ကိုပဲ
အခါအခွင့်သင့်တိုင်းဆွဲမိခဲ့။

ကလေးစိတ်သိပ်ဆန်လွန်းပေမယ့်
ငယ်ငယ်ကလိုလက်ညှိုးနဲ့လက်ခလယ်
ကွေးရံု၊ဖြတ်ရံုထက်တော့ပိုပြတ်သားတတ်ပြီပေါ့ကွယ်။

အသက်ကငယ်ငယ်…။
တဖျတ်ဖျတ်တလက်လက်နဲ့
ရွှေအိုရောင်အိပ်မက်တွေ
မက်တတ်လာကြတဲ့အရွယ်။

ငါတို့တစ်နေ့ဘာဖြစ်ရမယ်။
ငါတို့ဘဝကိုဘယ်လိုတည်ဆောက်ကြမယ်။
စိတ်ကူးတွေနုသစ်
အနာဂတ်ကိုထုဆစ်ဖို့လည်း
ဆန္ဒတွေက တပြင်းပြင်းတပြပြ…။

(သြော်…)စခဲ့တဲ့ဇာတ်လမ်း
ဆံုးတော့မှသာရပ်ပါရစေ။
တစ်ကယ်ဆို……………
ကျွန်တော်၊ကျွန်မတို့ဟာဆယ်ကျော်သက်တွေ။

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s