ငါးတစ္ေကာင္ႏွင့္စကားစျမည္ (ငါးတစ်ကောင်နှင့်စကားစမြည် )

          “ဗြမ္း……”
          ငါးမွ်ားတံကိုဆြဲတင္လိုက္ေတာ့ ခပ္လတ္လတ္ငါးတစ္ေကာင္က ခ်ိတ္ကိုခ်ိတ္လွ်က္ တန္း လန္းႀကီးပါလာသည္။
          အာေခါင္ရွိခ်ိတ္ကို အသာျဖဳတ္ေပးၿပီး အသင့္ယူလာေသာပံုးထဲသို႔ ထိုငါးကိုပစ္ထည့္ လိုက္သည္။ ထို႔ေနာက္…ေနာက္တစ္ခါထပ္မွ်ားရန္ ငါးမွ်ားခ်ိတ္တြင္ အစာတပ္ေနစဥ္…။
          “ေဟ့…ေဟ့လူ”
          ေခၚသံတစ္ခုၾကားရသည္။ ေဘးဘီေဝ့ၾကည့္ေတာ့လည္း ဘယ္သူမွ်မရွိ။ သို႔ႏွင့္ အစာကို ျပန္တပ္ေနလိုက္သည္။
          “ေဟ့လူ…ဒီမွာဗ်…”
          အသံထပ္ၾကားရျပန္သည္။ အနီးပတ္ဝန္းက်င္တြင္ သူ႔အျပင္ဘယ္သူမွရွိမေန။
          “က်ဳပ္ကဒီမွာဗ်…ပံုးထဲမွာ”
          ပံုးထဲမွာဆိုသည့္စကားေၾကာင့္ ပံုးထဲကိုငံု႔ၾကည့္လိုက္ေတာ့ သူ႔ကိုစကားလွမ္းေျပာေနသူက ခုနသူဖမ္းခဲ့သည့္ငါး…။
          သူ႔မ်က္ခံုးအစံုျမင့္တက္သြားၿပီး အေတာ္အ့ံၾသသြားသည္။ ငါးကစကားေျပာသည္ဆိုျခင္း မွာ ဘယ္လိုမွျဖစ္ႏိုင္စရာမရွိဘူးမဟုတ္လား။
          “လူစကားေျပာတတ္တာကို အ့ံၾသမေနပါနဲ႔ဗ်ာ”
          သူျဖစ္ေနသည့္စိတ္အေျခအေနကို သိေနသည့္အလား ငါးကဆိုသည္။ ထို႔ေနာက္
          “က်ဳပ္ခင္ဗ်ားကို လွမ္းစကားေျပာတယ္ဆိုတာ က်ဳပ္တို႔ရဲ႕သတၱိေတြအေၾကာင္း ခင္ဗ်ားတို႔ လူေတြ သေဘာေပါက္ေစခ်င္လုိ႔ဗ်”
          “သတၱိ…ဟုတ္လား”
          မထင္မွတ္ထားသည့္စကားေၾကာင့္ သူအေတာ္စိတ္ဝင္စားသြားသည္။
          “ဟုတ္တယ္…သတၱိ…။
          ခင္ဗ်ားသိလား…။ ငါးမွ်ားခ်ိတ္မွာ တပ္ထားတဲ႔အစာနဲ႔ မတပ္ထားတဲ႔အစာနဲ႔ကို မခြဲျခားႏိုင္ ေလာက္ေအာင္ က်ဳပ္တို႔ငါးေတြအဲဒီေလာက္မတံုးဘူးဗ်”
          “ဘယ္လို…ဒါဆို…မင္းတို႔က.”
          “ဟုတ္တယ္…သိသိရက္နဲ႔ဟပ္ခဲ႔တာ။ ဘာေၾကာင့္လဲလို႔ ခင္ဗ်ားေမးေတာ့မယ္မဟုတ္လား။ မေမးနဲ႔။ အေျဖက ခုနတုန္းက က်ဳပ္ေျပာခဲ႔တဲ႔သတၱိပဲ။
          သတၱိမရွိတဲ႔ တခ်ိဳ႕ငါးေတြကေတာ့ ငါးစာခ်ထားတာေတြ႔ရင္ ေရွာင္ကြင္းသြားၾကတယ္။ က်ဳပ္တို႔လိုသတၱိရွိတဲ႔ ငါးေတြကေတာ့ ငါးစာေတြ႔တာနဲ႔ အာေခါင္အေပါက္ခံၿပီး ဟပ္ပစ္ၾကတယ္။”
          “မဟုတ္ေသးဘူးေလ။ ဒီလိုဟပ္လိုက္ရင္ ဘာျဖစ္မလဲဆိုတာ မင္းတို႔မသိၾကဘူးလား”
          သူ႔ေမးခြန္းကိုၾကားေတာ့ ပံုးထဲကငါးက မထီတရီႏွင့္ၿပံဳးသည္။
          “သိတယ္ေလ။ ငါးစာကိုဟပ္တဲ့ငါးအကုန္လံုး ဟပ္လိုက္တာနဲ႔ ခင္ဗ်ားတို႔လက္ထဲေရာက္ ၿပီပဲ။ ၿပီးရင္ ခင္ဗ်ားတို႔က်ဳပ္တို႔ကိုသတ္စားမယ္။ ဒါပဲမဟုတ္လား။”
          “ဟင္…ေသမယ္ဆိုတာ သိေနတာေတာင္မွ ဘာလို႔လုပ္ေနေသးတာလဲ”
          “က်ဳပ္ေျပာၿပီးၿပီေလ။ သတၱိပါဆို။
          ေသမယ္ဆိုတာမွန္တယ္။ ဒါေပမယ့္ က်ဳပ္တို႔ကေတာ့ ဒါကိုသူရဲေကာင္းေရြးပြဲတစ္ခုလို႔ သတ္မွတ္ၾကတယ္။”
          ငါးရဲ႕အေျဖဆံုးေတာ့ သူစိတ္ပ်က္စြာေခါင္းခါယမ္းမိသည္။
          “ကဲ…ထားပါ။ အခုမင္းတို႔ေရကန္ထဲမွာ ငါးဘယ္ႏွေကာင္ရွိလဲ”
          “အေကာင္၇၀ေလာက္ေပါ့။ ဘာျဖစ္လို႔လဲ။”
          “ဟုတ္ၿပီ။ ဒီအထဲကမွ မင္းအယူအဆကိုလက္ခံတာ ဘယ္ႏွေကာင္ရွိလဲ။
          “၁၀……ေကာင္………။
          ဟာ…ေဟ့လူ။ အနည္းစု၊အမ်ားစုဆိုတဲ႔ သတ္မွတ္ခ်က္နဲ႔ က်ဳပ္မွားတယ္လို႔ လာမေျပာနဲ႔။ သူမ်ားမလုပ္ရဲတဲ့အရာကိုလုပ္တာဟာ သူရဲေကာင္းေတြရဲ႕စရုိက္ပဲ။
          ကဲပါ…။ဒါေတြေျပာေနလို႔လဲ ခင္ဗ်ားနားလည္မွာမဟုတ္ပါဘူး။ ခင္ဗ်ားပံုၾကည့္ရတာလည္း က်ဳပ္တို႔လိုသတၱိရွင္ေတြကို ေလွာင္ေနေျပာင္ေနတဲ႔သူမ်ိဳးပံုပါပဲ။
          ကဲ…ကဲ…က်ဳပ္ေျပာခ်င္တာေျပာၿပီးသြားၿပီ။ ခင္ဗ်ားသတ္မွာျဖင့္လဲသတ္ေတာ့”
          မသိသားဆိုးရြားႏိုင္လွေသာ ထိုငါးကိုၾကည့္ရင္း သူအေတာ္စိတ္ပ်က္သြားမိသည္။
          “ေအးပါ…သတ္မွာပါ။ မင္းတို႔ေတြက ငါမသတ္လဲ ေနာက္ငါးမွ်ားခ်ိတ္ကို သြားဟပ္ၾကဦး မွာပဲမဟုတ္လား
          ဒါေပမယ့္ ငါမင္းကိုမသတ္ခင္ တစ္ခုေတာ့ေျပာမယ္။
          သူမ်ားမလုပ္ႏိုင္တာလုပ္တိုင္းလဲ သူရဲေကာင္းမျဖစ္ဘူးကြ။ ကိုယ့္နာက်င္မႈ၊ ကိုယ့္ေသဆံုး မႈက ဘယ္သူ႔အက်ိဳးအတြက္မွမဟုတ္တဲ႔ အခ်ည္းႏွီးေသဆံုးျခင္း၊ အခ်ည္းႏွီးနာက်င္ျခင္းေတြဆို ငါက ေတာ့ သူရဲေကာင္းဘြဲ႔မေပးဘူး။ မိုက္ရူးရဲဘြဲ႔ပဲေပးမယ္။”
          “ဘယ္လို…မိုက္…ရူး…ရဲ…ဟုတ္လား”
          သူ႔စကားအဆံုးမွာ ပံုးထဲကငါးေတြေဝသြားသည္။ သို႔ေသာ္ေတြေဝမႈကေနာက္က်ခဲ႔ေလၿပီ။

✽✽✽   ✽✽✽   ✽✽✽

          ေလအသင့္ဝယ္ ငါးကင္ရနံ႔ကသင္းပ်ံ႕ေနသည္။
          သူရဲေကာင္းျဖစ္ခ်င္လြန္းသည့္ ငါးျဖစ္၍လားေတာ့မသိ။ အသားကမာၿပီးတင္းေနသည္။ အရသာကလဲခ်ိဳလွသည္။
          “ဘာပဲေျပာေျပာ ဒီလိုသူရဲေကာင္းျဖစ္ခ်င္သူေတြ ေပါေနသေရြ႕ေတာ့ ငါစားေနရဦးမွာေပါ့”
          ငါးကင္ကိုတစ္ဖဲ႔ကိုက္လိုက္ရင္း သူတစ္ကိုယ္တည္း ေက်နပ္စြာေျပာမိသည္။

✽✽✽   ✽✽✽   ✽✽✽

(လင္း)
(Zawgyi)

          “ဗွမ်း……”
          ငါးမှျားတံကိုဆွဲတင်လိုက်တော့ ခပ်လတ်လတ်ငါးတစ်ကောင်က ချိတ်ကိုချိတ်လှျက် တန်း လန်းကြီးပါလာသည်။
          အာခေါင်ရှိချိတ်ကို အသာဖြုတ်ပေးပြီး အသင့်ယူလာသောပံုးထဲသို့ ထိုငါးကိုပစ်ထည့် လိုက်သည်။ ထို့နောက်…နောက်တစ်ခါထပ်မှျားရန် ငါးမှျားချိတ်တွင် အစာတပ်နေစဥ်…။
          “ဟေ့…ဟေ့လူ”
          ခေါ်သံတစ်ခုကြားရသည်။ ဘေးဘီဝေ့ကြည့်တော့လည်း ဘယ်သူမှျမရှိ။ သို့နှင့် အစာကို ပြန်တပ်နေလိုက်သည်။
          “ဟေ့လူ…ဒီမှာဗျ…”
          အသံထပ်ကြားရပြန်သည်။ အနီးပတ်ဝန်းကျင်တွင် သူ့အပြင်ဘယ်သူမှရှိမနေ။
          “ကျုပ်ကဒီမှာဗျ…ပံုးထဲမှာ”
          ပံုးထဲမှာဆိုသည့်စကားကြောင့် ပံုးထဲကိုငံု့ကြည့်လိုက်တော့ သူ့ကိုစကားလှမ်းပြောနေသူက ခုနသူဖမ်းခဲ့သည့်ငါး…။
          သူ့မျက်ခံုးအစံုမြင့်တက်သွားပြီး အတော်အ့ံသြသွားသည်။ ငါးကစကားပြောသည်ဆိုခြင်း မှာ ဘယ်လိုမှဖြစ်နိုင်စရာမရှိဘူးမဟုတ်လား။
          “လူစကားပြောတတ်တာကို အ့ံသြမနေပါနဲ့ဗျာ”
          သူဖြစ်နေသည့်စိတ်အခြေအနေကို သိနေသည့်အလား ငါးကဆိုသည်။ ထို့နောက်
          “ကျုပ်ခင်ဗျားကို လှမ်းစကားပြောတယ်ဆိုတာ ကျုပ်တို့ရဲ့သတ္တိတွေအကြောင်း ခင်ဗျားတို့ လူတွေ သဘောပေါက်စေချင်လို့ဗျ”
          “သတ္တိ…ဟုတ်လား”
          မထင်မှတ်ထားသည့်စကားကြောင့် သူအတော်စိတ်ဝင်စားသွားသည်။
          “ဟုတ်တယ်…သတ္တိ…။
          ခင်ဗျားသိလား…။ ငါးမှျားချိတ်မှာ တပ်ထားတဲ့အစာနဲ့ မတပ်ထားတဲ့အစာနဲ့ကို မခွဲခြားနိုင် လောက်အောင် ကျုပ်တို့ငါးတွေအဲဒီလောက်မတံုးဘူးဗျ”
          “ဘယ်လို…ဒါဆို…မင်းတို့က.”
          “ဟုတ်တယ်…သိသိရက်နဲ့ဟပ်ခဲ့တာ။ ဘာကြောင့်လဲလို့ ခင်ဗျားမေးတော့မယ်မဟုတ်လား။ မမေးနဲ့။ အဖြေက ခုနတုန်းက ကျုပ်ပြောခဲ့တဲ့သတ္တိပဲ။
          သတ္တိမရှိတဲ့ တချို့ငါးတွေကတော့ ငါးစာချထားတာတွေ့ရင် ရှောင်ကွင်းသွားကြတယ်။ ကျုပ်တို့လိုသတ္တိရှိတဲ့ ငါးတွေကတော့ ငါးစာတွေ့တာနဲ့ အာခေါင်အပေါက်ခံပြီး ဟပ်ပစ်ကြတယ်။”
          “မဟုတ်သေးဘူးလေ။ ဒီလိုဟပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ မင်းတို့မသိကြဘူးလား”
          သူ့မေးခွန်းကိုကြားတော့ ပံုးထဲကငါးက မထီတရီနှင့်ပြံုးသည်။
          “သိတယ်လေ။ ငါးစာကိုဟပ်တဲ့ငါးအကုန်လံုး ဟပ်လိုက်တာနဲ့ ခင်ဗျားတို့လက်ထဲရောက် ပြီပဲ။ ပြီးရင် ခင်ဗျားတို့ကျုပ်တို့ကိုသတ်စားမယ်။ ဒါပဲမဟုတ်လား။”
          “ဟင်…သေမယ်ဆိုတာ သိနေတာတောင်မှ ဘာလို့လုပ်နေသေးတာလဲ”
          “ကျုပ်ပြောပြီးပြီလေ။ သတ္တိပါဆို။
          သေမယ်ဆိုတာမှန်တယ်။ ဒါပေမယ့် ကျုပ်တို့ကတော့ ဒါကိုသူရဲကောင်းရွေးပွဲတစ်ခုလို့ သတ်မှတ်ကြတယ်။”
          ငါးရဲ့အဖြေဆံုးတော့ သူစိတ်ပျက်စွာခေါင်းခါယမ်းမိသည်။
          “ကဲ…ထားပါ။ အခုမင်းတို့ရေကန်ထဲမှာ ငါးဘယ်နှကောင်ရှိလဲ”
          “အကောင်၇၀လောက်ပေါ့။ ဘာဖြစ်လို့လဲ။”
          “ဟုတ်ပြီ။ ဒီအထဲကမှ မင်းအယူအဆကိုလက်ခံတာ ဘယ်နှကောင်ရှိလဲ။
          “၁၀……ကောင်………။
          ဟာ…ဟေ့လူ။ အနည်းစု၊အများစုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကျုပ်မှားတယ်လို့ လာမပြောနဲ့။ သူများမလုပ်ရဲတဲ့အရာကိုလုပ်တာဟာ သူရဲကောင်းတွေရဲ့စရိုက်ပဲ။
          ကဲပါ…။ဒါတွေပြောနေလို့လဲ ခင်ဗျားနားလည်မှာမဟုတ်ပါဘူး။ ခင်ဗျားပံုကြည့်ရတာလည်း ကျုပ်တို့လိုသတ္တိရှင်တွေကို လှောင်နေပြောင်နေတဲ့သူမျိုးပံုပါပဲ။
          ကဲ…ကဲ…ကျုပ်ပြောချင်တာပြောပြီးသွားပြီ။ ခင်ဗျားသတ်မှာဖြင့်လဲသတ်တော့”
          မသိသားဆိုးရွားနိုင်လှသော ထိုငါးကိုကြည့်ရင်း သူအတော်စိတ်ပျက်သွားမိသည်။
          “အေးပါ…သတ်မှာပါ။ မင်းတို့တွေက ငါမသတ်လဲ နောက်ငါးမှျားချိတ်ကို သွားဟပ်ကြဦး မှာပဲမဟုတ်လား
          ဒါပေမယ့် ငါမင်းကိုမသတ်ခင် တစ်ခုတော့ပြောမယ်။
          သူများမလုပ်နိုင်တာလုပ်တိုင်းလဲ သူရဲကောင်းမဖြစ်ဘူးကွ။ ကိုယ့်နာကျင်မှု၊ ကိုယ့်သေဆံုး မှုက ဘယ်သူ့အကျိုးအတွက်မှမဟုတ်တဲ့ အချည်းနှီးသေဆံုးခြင်း၊ အချည်းနှီးနာကျင်ခြင်းတွေဆို ငါက တော့ သူရဲကောင်းဘွဲ့မပေးဘူး။ မိုက်ရူးရဲဘွဲ့ပဲပေးမယ်။”
          “ဘယ်လို…မိုက်…ရူး…ရဲ…ဟုတ်လား”
          သူ့စကားအဆံုးမှာ ပံုးထဲကငါးတွေဝေသွားသည်။ သို့သော်တွေဝေမှုကနောက်ကျခဲ့လေပြီ။

✽✽✽   ✽✽✽   ✽✽✽

          လေအသင့်ဝယ် ငါးကင်ရနံ့ကသင်းပျံ့နေသည်။
          သူရဲကောင်းဖြစ်ချင်လွန်းသည့် ငါးဖြစ်၍လားတော့မသိ။ အသားကမာပြီးတင်းနေသည်။ အရသာကလဲချိုလှသည်။
          “ဘာပဲပြောပြော ဒီလိုသူရဲကောင်းဖြစ်ချင်သူတွေ ပေါနေသရွေ့တော့ ငါစားနေရဦးမှာပေါ့”
          ငါးကင်ကိုတစ်ဖဲ့ကိုက်လိုက်ရင်း သူတစ်ကိုယ်တည်း ကျေနပ်စွာပြောမိသည်။

✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s