အကၡရာေတြကိုခ်စ္တဲ႔သူ (အက္ခရာတွေကိုချစ်တဲ့သူ)

ေရႊလမ္း၊ေငြလမ္းမေဖာက္ပဲ
သစၥာလမ္းသာေဖာက္ခဲ႔တယ္။

မ်က္မွန္ထူထူကိုတပ္
တစ္အိမ္လံုးရဲ႕ပါးစပ္ေတြလႈပ္ဖို႔ဆိုတာ
ကြ်န္ေတာ့လက္လႈပ္ဖို႔ေတာ့လိုလိမ့္မယ္။

ဆန္ေစ်းေတြတက္တယ္။
ဆီေစ်းေတြတက္တယ္။
မနက္မနက္ဆို မွန္ေျပာင္းတစ္လက္ဆြဲၿပီး
“ကုန္ေစ်းႏႈန္း”ဆိုတာႀကီးကို
ေကာင္းကင္ေပၚလိုက္ရွာရတာလည္းေမာပါတယ္။

ေၾသာ္…ကြ်န္ေတာ္နဲ႔အလွမ္းေဝးေပမယ့္
ေရႊေစ်းေတြလည္းတက္တယ္ဆိုပဲ။
မိန္းမကေတာ့နားေပါက္မပိတ္ေအာင္
အုန္းဆီေလးဆြတ္ ကြမ္းရိုးေလးထိုးထားတယ္။

အခုက မိုးရာသီ…။
ေက်ာင္းစားရိတ္ေလးတိုးရွာရမယ္။
သြပ္ေတြလည္းဖာရဦးမယ္။
ကိုးေပ ဆယ့္ရွစ္ေပ အိမ္က်ဥ္းေလးထဲ
သားအမိ၊သားအဖသံုးေယာက္မိုးေရမစိုေအာင္
ဟိုေစာင္းဒီေစာင္းအိပ္ရတာခါးသိပ္ေညာင္းတယ္။

ေက်ာင္းေနဖက္သူုငယ္ခ်င္းေတြနဲ႔ျပန္ဆံုရင္
သူတို႔ေျပာတတ္ၾကတာက ရွယ္ယာေတြ၊ေဒၚလာေတြ
အေဆာက္အဦးတခ်ိဳ႕ရဲ႕ခမ္းနားထည္ဝါမႈေတြ။

ကြ်န္ေတာ္ေျပာတတ္တာက
ရွယ္လီရဲ႕ကဗ်ာေတြ၊
ဆရာနႏၵာသိန္းဇံရဲ႕အေတြးအေခၚေတြ
ေနာက္ၿပီး စာတစ္ပုဒ္ရဲ႕ခမ္းနားထည္ဝါမႈေတြ။

ေၾသာ္…ႏွိမ့္ခ်ခ်င္တဲ႔မ်က္လံုးတစ္ခ်ိဳ႕ေအာက္
ကိုယ့္ပညာဥာဏ္ ကိုယ္ဆုပ္ကိုင္ရင္း
အလံမလဲစတမ္းတိုက္ေနမိတယ္။
ဒီလိုနဲ႔ပဲ ကြ်န္ေတာ္ဟာအရိုးသားဆံုးႀကီးျမတ္ခဲ႔။

စကားႀကံဳတိုင္း မိဘေတြကေတာ့ေျပာတယ္။
သားေရႊထိုးထမ္းလာတာျမင္ခ်င္စမ္းသတဲ႔
ျမားဆိပ္ေျပရင္ေတာ္ေရာေပါ့အေမနဲ႔အေဖ…။
ဒါ ကြ်န္ေတာ္မွန္တယ္ဆိုတဲ႔သက္ေသ။

(လင္း)
(Zawgyi)

ရွှေလမ်း၊ငွေလမ်းမဖောက်ပဲ
သစ္စာလမ်းသာဖောက်ခဲ့တယ်။

မျက်မှန်ထူထူကိုတပ်
တစ်အိမ်လံုးရဲ့ပါးစပ်တွေလှုပ်ဖို့ဆိုတာ
ကျွန်တော့လက်လှုပ်ဖို့တော့လိုလိမ့်မယ်။

ဆန်စျေးတွေတက်တယ်။
ဆီစျေးတွေတက်တယ်။
မနက်မနက်ဆို မှန်ပြောင်းတစ်လက်ဆွဲပြီး
“ကုန်စျေးနှုန်း”ဆိုတာကြီးကို
ကောင်းကင်ပေါ်လိုက်ရှာရတာလည်းမောပါတယ်။

သြော်…ကျွန်တော်နဲ့အလှမ်းဝေးပေမယ့်
ရွှေစျေးတွေလည်းတက်တယ်ဆိုပဲ။
မိန်းမကတော့နားပေါက်မပိတ်အောင်
အုန်းဆီလေးဆွတ် ကွမ်းရိုးလေးထိုးထားတယ်။

အခုက မိုးရာသီ…။
ကျောင်းစားရိတ်လေးတိုးရှာရမယ်။
သွပ်တွေလည်းဖာရဦးမယ်။
ကိုးပေ ဆယ့်ရှစ်ပေ အိမ်ကျဥ်းလေးထဲ
သားအမိ၊သားအဖသံုးယောက်မိုးရေမစိုအောင်
ဟိုစောင်းဒီစောင်းအိပ်ရတာခါးသိပ်ညောင်းတယ်။

ကျောင်းနေဖက်သူုငယ်ချင်းတွေနဲ့ပြန်ဆံုရင်
သူတို့ပြောတတ်ကြတာက ရှယ်ယာတွေ၊ဒေါ်လာတွေ
အဆောက်အဦးတချို့ရဲ့ခမ်းနားထည်ဝါမှုတွေ။

ကျွန်တော်ပြောတတ်တာက
ရှယ်လီရဲ့ကဗျာတွေ၊
ဆရာနန္ဒာသိန်းဇံရဲ့အတွေးအခေါ်တွေ
နောက်ပြီး စာတစ်ပုဒ်ရဲ့ခမ်းနားထည်ဝါမှုတွေ။

သြော်…နှိမ့်ချချင်တဲ့မျက်လံုးတစ်ချို့အောက်
ကိုယ့်ပညာဥာဏ် ကိုယ်ဆုပ်ကိုင်ရင်း
အလံမလဲစတမ်းတိုက်နေမိတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာအရိုးသားဆံုးကြီးမြတ်ခဲ့။

စကားကြံုတိုင်း မိဘတွေကတော့ပြောတယ်။
သားရွှေထိုးထမ်းလာတာမြင်ချင်စမ်းသတဲ့
မြားဆိပ်ပြေရင်တော်ရောပေါ့အမေနဲ့အဖေ…။
ဒါ ကျွန်တော်မှန်တယ်ဆိုတဲ့သက်သေ။

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s