Monthly Archives: October 2015

သင္းကြဲႀကိဳးၾကာ-၄ (သင်းကွဲကြိုးကြာ-၄)

          မနက္၁၁နာရီခြဲ။
          ဆန္းလ အိမ္ကိုျပန္ေရာက္ေတာ့ ထံုးစံအတိုင္းဘယ္သူမွမရွိ။ ေမေမကအလုပ္သြားသည္။ မမကေက်ာင္းသြားသည္။
          တစ္မနက္လံုးလိုလိုငိုထားရသျဖင့္ မ်က္ခြံေတြကမို႔အစ္ေနသလို မ်က္လံုးေတြက က်ိန္းစပ္ ေနသည္။ ထမင္းစားခ်င္စိတ္လည္းမရွိ။ လူက အသိဥာဏ္ကင္းမဲ႔ေနသူလို ေငါင္ေတာင္ေတာင္ျဖစ္ကာ ကုတင္ေပၚအရုပ္ႀကိဳးျပတ္လွဲခ်လိုက္သည္။
          ငါကလူပိုလား။ ငါကသူမ်ားေတြကို စိတ္ဒုကၡေရာက္ေအာင္ လုပ္ေနတဲ႔သူလား။ ငါ့ ငါ့ကို ဘယ္သူမွမလိုအပ္ၾကေတာ့ဘူးလား။
          သူမအရူးတစ္ေယာက္သဖြယ္ ပါးစပ္ကတစ္တြတ္တြတ္ ေရရြတ္ေနမိသည္။
          ေနာက္ေတာ့ မတ္တပ္ထရပ္ကာသူမအဝတ္ဗီရိုကိုဖြင့္လိုက္သည္။ ထိုအထဲက ကို႔ေမြးေန႔ ေရာက္ရင္ကို႔ကိုေပးဖို႔ဝယ္ထားေသာ ဝက္ဝံရုပ္ေလးကိုထုတ္ၿပီး ခုတင္ေပၚတင္လိုက္သည္။
          တစ္ဆက္တည္းမွာပင္ စာအုပ္စင္ေအာက္က စာအုပ္အဖံုးခ်ဳပ္သည့္ပစၥည္းမ်ားထုတ္ကာ ေႏြဦးစာအုပ္ေလးကို ခ်ဳပ္ေပးလိုက္သည္။ စာအုပ္အဖံုးခ်ဳပ္ၿပီးသြားေတာ့ စကၠဴရုပ္ေလးေတြခ်ိဳးသည္။ ထံုးစံအတိုင္းႀကိဳးၾကာရုပ္ေလးေတြ………။

✽✽✽   ✽✽✽   ✽✽✽

          ေန႔လည္၂နာရီ…။
          ဒီေန႔ ေႏြဦးတစ္ခုခုကိုအလိုမက်ျဖစ္ေနသည္။ ဘာကို အလိုမက်မွန္းလည္းမသိ။
          စာအုပ္ၿပဲေအာင္လုပ္ခဲ႔တဲ႔ ဆန္းလကိုလား။
          မဟုတ္…။
          သူလည္းၿပဲပါေစဆိုၿပီး လုပ္ခဲ႔တာမွ မဟုတ္တာ။
          ဒါျဖင့္ ဆန္းလကိုဝင္တိုက္တဲ႔စက္ဘီးသမားလား။ ဒါလည္းမဟုတ္။ သူလည္း ဆန္းလ ဒီလမ္းကလာမယ္ဆိုတာ ဘယ္လိုသိမွာလဲ။
          တစ္ကယ္ေတာ့ ကိုယ့္ကိုယ္ကိုမေက်နပ္မိျခင္းသာ။ ဒီေန႔ရခဲ႔သည့္စာအုပ္က စာအုပ္ဆိုင္ ပိုင္ရွင္အစ္မခ်န္ထားတာမဟုတ္။ ကဗ်ာဆရာ”ရိုး”က ေတာ္ဝင္စင္တာမွာ ဒီေန႔သူ႔စာအုပ္ဝယ္သည့္ သူ႔ပရိသတ္မ်ားကို လက္မွတ္ထိုးေပးမည္ဟုၾကားသျဖင့္ ေႏြဦးလူတိုးခံၿပီးခက္ခက္ခဲခဲဝယ္ထားရသည့္ စာအုပ္…။
          အမွန္ဆို ဆန္းလကို ဒီေန႔ေတာ့ဒီပြဲရွိတယ္။ ေတာ္ဝင္စင္တာကိုလာခဲ႔လို႔ သူမေျပာရမယ့္ တာဝန္ရွိေပမယ့္ သူမေမ့ေလ်ာ့ခဲ႔သည္။
          ဆန္းလ ဒီစာအုပ္ကို ဘယ္ေလာက္လိုခ်င္လဲဆိုတာ သူမအသိဆံုး။
          သူမသာ ဆန္းလကိုေခၚဖို႔မေမ့ေလ်ာ့ခဲ႔လွ်င္ ဒီေန႔လိုအျဖစ္မ်ိဳးျဖစ္လာမည္မဟုတ္။
          တစ္ကယ္ဆို စာအုပ္ျဖင့္မ်က္ႏွာကိုအေပါက္ခံရသူမွာ သူမသာျဖစ္သင့္သည္။
          “အင္း…ငါ လူကိုယ္တိုင္သြားၿပီး ဆန္းလကိုေတာင္းပန္ရမယ္”
          ေလးတြဲ႔ေသာေျခလွမ္းတို႔လိုပင္ သူမစကားသံတို႔ကလည္းေလးတိေလးကန္။
          ဖိနပ္ကို အိမ္ေရွ႕ဖိနပ္စင္မွာခြၽတ္လိုက္ၿပီး ဆိုဖာေပၚမွာေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။
          ထိုစဥ္ ဆိုဖာေရွ႕က စားပြဲေပၚတင္ထားသည့္ စာအုပ္တစ္အုပ္ေၾကာင့္ သူမမ်က္ခံုးအစံု ျမင့္တက္သြားသည္။
          အဖံုးခ်ဳပ္ထားသည့္စာအုပ္မို႔ ဘာစာအုပ္လဲလို႔ ဆြဲယူၾကည့္လိုက္ေတာ့ စာအုပ္ထဲကေန အျဖဴေရာင္ႀကိဳးၾကာရုပ္ေလးတစ္ရုပ္ထြက္လာသည္။
          “ဟင္…ဒါ…ဒါ ငါ့စာအုပ္ပါလား”
          သူမစိတ္လႈပ္ရွားစြာႏွင့္ စာအုပ္ကိုေသေသခ်ာခ်ာစစ္ေဆးမိသည္။
          ေသခ်ာသည္။ ဒါ သူမစာအုပ္မွ သူမစာအုပ္စစ္စစ္။
          “ဟို…မမဆန္းလက မမအတြက္ဆိုၿပီး အဲဒီစာအုပ္လာေပးထားတာပါ”
          သူမအနားေရာက္လာသည့္ အိမ္အကူေကာင္မေလးကေျပာလိုက္သည္။
          ဆန္းလလာေပးထားတာဆိုေတာ့ သူငါ့ကိုေတာင္းပန္တဲ႔သေဘာလား။ ဒါျဖင့္ ႀကိဳးၾကာရုပ္ ကဘာသေဘာလဲ။
          မေရရာသည့္အေတြးတို႔ခဏျဖတ္ကာ စာအုပ္ထဲကျပဳတ္က်လာသည့္ ႀကိဳးၾကာရုပ္ေလးကို အေသအခ်ာျပန္ၾကည့္မိသည္။
          ဒီေတာ့မွႀကိဳးၾကာရုပ္ကိုယ္ထည္တြင္ မွင္စတစ္ခ်ိဳ႕စြန္းေပေနသည္ကိုေတြ႔ရသည္။
          သူမအလ်င္စလိုပင္ ႀကိဳးၾကာရုပ္ေလးကို ျပန္ျဖည္လိုက္ေတာ့ အထဲမွာစာတစ္ခ်ိဳ႕ေရးထား သည္ကို ေတြ႔လိုက္ရ၏။
          “ဟင္…………”
          သူမ အိမ္ထဲကေျပးထြက္လာခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

          ေန႔လည္၂နာရီ…။
          ေျပာရလွ်င္ဆန္းလကသနားဖို႔ေကာင္းသည္။ သူ႔ကိုမ်က္ႏွာတစ္ခ်က္အညိွဳးမခံ။ ဒီေန႔လိုမ်ိဳး အတန္းမတက္ဖို႔ပူဆာသည္ဆိုတာ ဒါပထမဦးဆံုးအႀကိမ္။
          တစ္ျခားအခ်ိန္ေတြဆို သူဒီေလာက္လ်စ္လ်ဴရွဳမိမွာမဟုတ္ေပမယ့္ အခုဆရာအခ်ိန္က သိပ္အေရးႀကီးလြန္းသည္မို႔ ခံစားခ်က္ကိုေမ့ထားလိုက္ရသည္။
          ဒီေကာင္မေလးသူ႔ကိုစိတ္ေကာက္ေနပံုရသည္။ ဖုန္းဆက္ေတာ့လည္းဖုန္းပိတ္ထားသည္။
          ဒီေန႔ညေန ဒါမွမဟုတ္လည္း မနက္ျဖန္ေရာက္မွ သူမကိုကစားကြင္းေခၚသြားၿပီး Suprise တစ္ခုခုလုပ္ေပးေတာ့မည္ဟု ဆံုးျဖတ္လိုက္သည္။
          “ဒီေန႔ညေန အိမ္ကိုသြားၿပီးေတာင္းပန္လိုက္မယ္။ ၿပီးတာနဲ႔ ကစားကြင္းေခၚသြားမယ္။ စိတ္ေကာက္ေနေသးလို႔ မလိုက္ဘူးဆိုရင္လည္း မနက္ျဖန္ေရာက္ေတာ့မွေပါ့”
          သူတစ္ကိုယ္တည္းေရရြတ္ၿပီး အိမ္ထဲဝင္လိုက္သည္။
          ထိုစဥ္ ဧည့္ခန္းထဲတြင္ သတင္းစာဖတ္ေနေသာ အေမ့ကိုေတြ႔သျဖင့္
          “အေမ သားျပန္ေရာက္ၿပီ”
          “လာပါ လာပါ။ ငါနင့္ကိုေတြ႔ခ်င္ေနတာနဲ႔အေတာ္ပဲကိုယ္ေတာ္”
          ခရီးေရာက္မဆိုက္ အေမကေတြ႔ခ်င္သည္ဟုဆိုသည္။ မ်က္ႏွာေပးကလည္း သူ႔ကိုဆူမည့္ ပံုစံမို႔
          “ဘာ…ဘာျဖစ္လို႔လဲအေမ”
          “ဆန္းလေလးကိုသိပ္မဆူပါနဲ႔သားရယ္။ ခမ်ာသနားပါတယ္။ သားကိုလည္းခ်စ္ရွာသားနဲ႔”
          “ဟင္…ကြၽန္ေတာ္ဆန္းလကိုမဆူပါဘူး”
          “လိမ္မေနနဲ႔လင္းေရာင္။ ေကာင္မေလးမ်က္လံုးေတြမ်ား မို႔အစ္ေနတာပဲ။ အဲဒါ နင္ဆူထား လို႔မဟုတ္လား”
          “အာ…မဟုတ္ပါဘူးအေမရာ။ ကြၽန္ေတာ္မဆူပါဘူး။ ဒါနဲ႔သူကအိမ္ကိုဘာလာလုပ္တာလဲ”
          “ေအးေလ မဆူလည္းၿပီးတာပဲ။ သူမ်ားသားသမီးကို မ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္ မလုပ္ပါနဲ႔ကြယ္။
          ေရာ့ ေရာ့ ဒီမွာ။ဒီအရုပ္ေလးလာေပးတာ။ မင္းအတြက္တဲ႔”
          အေမကေျပာေျပာဆိုဆုိႏွင့္ သူ႔လက္ထဲသို႔ဝက္ဝံရုပ္ေလးထိုးထည့္ကာ အိမ္အေနာက္ဖက္ ဝင္သြားေလသည္။
          သူကေတာ့ လက္ထဲေရာက္လာသည့္ ဝက္ဝံရုပ္ေလးကိုေသေသခ်ာခ်ာၾကည့္မိသည္။
          ဝက္ဝံရုပ္ေလးကဘာမွမထူးျခား။ သာမန္အရုပ္တစ္ခုသာ။ သို႔ေသာ္ အရုပ္လည္ပင္းတြင္ ခ်ိတ္ဆြဲထားသည့္ အျပာေရာင္ႀကိဳးၾကာရုပ္ေလးကေတာ့ ထူးျခားသည္ဟုဆိုရမည္။
          အရုပ္လည္ပင္းက ႀကိဳးၾကာရုပ္ေလးကိုအသာဆြဲျဖဳတ္လိုက္ၿပီး သူေစ့ေစ့စပ္စပ္လိုက္ၾကည့္ ေတာ့ အရုပ္ကိုယ္ထည္အတြင္းဖက္တြင္ မွင္စတစ္ခ်ိဳ႕ကိုေတြ႔လိုက္ရသည္။
          စိတ္ရွည္လက္ရွည္ႏွင့္ ႀကိဳးၾကာရုပ္ေလးကိုျဖည္လိုက္ၿပီး အတြင္းဖက္တြင္ေရးထားသည့္ စာတစ္ခ်ိဳ႕ကိုဖတ္ၿပီးခ်ိန္မွာေတာ့
          “ဟင္………”
          သူ အိမ္ထဲကေျပးထြက္လာခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          မနက်၁၁နာရီခွဲ။
          ဆန်းလ အိမ်ကိုပြန်ရောက်တော့ ထံုးစံအတိုင်းဘယ်သူမှမရှိ။ မေမေကအလုပ်သွားသည်။ မမကကျောင်းသွားသည်။
          တစ်မနက်လံုးလိုလိုငိုထားရသဖြင့် မျက်ခွံတွေကမို့အစ်နေသလို မျက်လံုးတွေက ကျိန်းစပ် နေသည်။ ထမင်းစားချင်စိတ်လည်းမရှိ။ လူက အသိဥာဏ်ကင်းမဲ့နေသူလို ငေါင်တောင်တောင်ဖြစ်ကာ ကုတင်ပေါ်အရုပ်ကြိုးပြတ်လှဲချလိုက်သည်။
          ငါကလူပိုလား။ ငါကသူများတွေကို စိတ်ဒုက္ခရောက်အောင် လုပ်နေတဲ့သူလား။ ငါ့ ငါ့ကို ဘယ်သူမှမလိုအပ်ကြတော့ဘူးလား။
          သူမအရူးတစ်ယောက်သဖွယ် ပါးစပ်ကတစ်တွတ်တွတ် ရေရွတ်နေမိသည်။
          နောက်တော့ မတ်တပ်ထရပ်ကာသူမအဝတ်ဗီရိုကိုဖွင့်လိုက်သည်။ ထိုအထဲက ကို့မွေးနေ့ ရောက်ရင်ကို့ကိုပေးဖို့ဝယ်ထားသော ဝက်ဝံရုပ်လေးကိုထုတ်ပြီး ခုတင်ပေါ်တင်လိုက်သည်။
          တစ်ဆက်တည်းမှာပင် စာအုပ်စင်အောက်က စာအုပ်အဖံုးချုပ်သည့်ပစ္စည်းများထုတ်ကာ နွေဦးစာအုပ်လေးကို ချုပ်ပေးလိုက်သည်။ စာအုပ်အဖံုးချုပ်ပြီးသွားတော့ စက္ကူရုပ်လေးတွေချိုးသည်။ ထံုးစံအတိုင်းကြိုးကြာရုပ်လေးတွေ………။

✽✽✽   ✽✽✽   ✽✽✽

          နေ့လည်၂နာရီ…။
          ဒီနေ့ နွေဦးတစ်ခုခုကိုအလိုမကျဖြစ်နေသည်။ ဘာကို အလိုမကျမှန်းလည်းမသိ။
          စာအုပ်ပြဲအောင်လုပ်ခဲ့တဲ့ ဆန်းလကိုလား။
          မဟုတ်…။
          သူလည်းပြဲပါစေဆိုပြီး လုပ်ခဲ့တာမှ မဟုတ်တာ။
          ဒါဖြင့် ဆန်းလကိုဝင်တိုက်တဲ့စက်ဘီးသမားလား။ ဒါလည်းမဟုတ်။ သူလည်း ဆန်းလ ဒီလမ်းကလာမယ်ဆိုတာ ဘယ်လိုသိမှာလဲ။
          တစ်ကယ်တော့ ကိုယ့်ကိုယ်ကိုမကျေနပ်မိခြင်းသာ။ ဒီနေ့ရခဲ့သည့်စာအုပ်က စာအုပ်ဆိုင် ပိုင်ရှင်အစ်မချန်ထားတာမဟုတ်။ ကဗျာဆရာ”ရိုး”က တော်ဝင်စင်တာမှာ ဒီနေ့သူ့စာအုပ်ဝယ်သည့် သူ့ပရိသတ်များကို လက်မှတ်ထိုးပေးမည်ဟုကြားသဖြင့် နွေဦးလူတိုးခံပြီးခက်ခက်ခဲခဲဝယ်ထားရသည့် စာအုပ်…။
          အမှန်ဆို ဆန်းလကို ဒီနေ့တော့ဒီပွဲရှိတယ်။ တော်ဝင်စင်တာကိုလာခဲ့လို့ သူမပြောရမယ့် တာဝန်ရှိပေမယ့် သူမမေ့လျော့ခဲ့သည်။
          ဆန်းလ ဒီစာအုပ်ကို ဘယ်လောက်လိုချင်လဲဆိုတာ သူမအသိဆံုး။
          သူမသာ ဆန်းလကိုခေါ်ဖို့မမေ့လျော့ခဲ့လှျင် ဒီနေ့လိုအဖြစ်မျိုးဖြစ်လာမည်မဟုတ်။
          တစ်ကယ်ဆို စာအုပ်ဖြင့်မျက်နှာကိုအပေါက်ခံရသူမှာ သူမသာဖြစ်သင့်သည်။
          “အင်း…ငါ လူကိုယ်တိုင်သွားပြီး ဆန်းလကိုတောင်းပန်ရမယ်”
          လေးတွဲ့သောခြေလှမ်းတို့လိုပင် သူမစကားသံတို့ကလည်းလေးတိလေးကန်။
          ဖိနပ်ကို အိမ်ရှေ့ဖိနပ်စင်မှာချွတ်လိုက်ပြီး ဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
          ထိုစဥ် ဆိုဖာရှေ့က စားပွဲပေါ်တင်ထားသည့် စာအုပ်တစ်အုပ်ကြောင့် သူမမျက်ခံုးအစံု မြင့်တက်သွားသည်။
          အဖံုးချုပ်ထားသည့်စာအုပ်မို့ ဘာစာအုပ်လဲလို့ ဆွဲယူကြည့်လိုက်တော့ စာအုပ်ထဲကနေ အဖြူရောင်ကြိုးကြာရုပ်လေးတစ်ရုပ်ထွက်လာသည်။
          “ဟင်…ဒါ…ဒါ ငါ့စာအုပ်ပါလား”
          သူမစိတ်လှုပ်ရှားစွာနှင့် စာအုပ်ကိုသေသေချာချာစစ်ဆေးမိသည်။
          သေချာသည်။ ဒါ သူမစာအုပ်မှ သူမစာအုပ်စစ်စစ်။
          “ဟို…မမဆန်းလက မမအတွက်ဆိုပြီး အဲဒီစာအုပ်လာပေးထားတာပါ”
          သူမအနားရောက်လာသည့် အိမ်အကူကောင်မလေးကပြောလိုက်သည်။
          ဆန်းလလာပေးထားတာဆိုတော့ သူငါ့ကိုတောင်းပန်တဲ့သဘောလား။ ဒါဖြင့် ကြိုးကြာရုပ် ကဘာသဘောလဲ။
          မရေရာသည့်အတွေးတို့ခဏဖြတ်ကာ စာအုပ်ထဲကပြုတ်ကျလာသည့် ကြိုးကြာရုပ်လေးကို အသေအချာပြန်ကြည့်မိသည်။
          ဒီတော့မှကြိုးကြာရုပ်ကိုယ်ထည်တွင် မှင်စတစ်ချို့စွန်းပေနေသည်ကိုတွေ့ရသည်။
          သူမအလျင်စလိုပင် ကြိုးကြာရုပ်လေးကို ပြန်ဖြည်လိုက်တော့ အထဲမှာစာတစ်ချို့ရေးထား သည်ကို တွေ့လိုက်ရ၏။
          “ဟင်…………”
          သူမ အိမ်ထဲကပြေးထွက်လာခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

          နေ့လည်၂နာရီ…။
          ပြောရလှျင်ဆန်းလကသနားဖို့ကောင်းသည်။ သူ့ကိုမျက်နှာတစ်ချက်အညှိုးမခံ။ ဒီနေ့လိုမျိုး အတန်းမတက်ဖို့ပူဆာသည်ဆိုတာ ဒါပထမဦးဆံုးအကြိမ်။
          တစ်ခြားအချိန်တွေဆို သူဒီလောက်လျစ်လျူရှုမိမှာမဟုတ်ပေမယ့် အခုဆရာအချိန်က သိပ်အရေးကြီးလွန်းသည်မို့ ခံစားချက်ကိုမေ့ထားလိုက်ရသည်။
          ဒီကောင်မလေးသူ့ကိုစိတ်ကောက်နေပံုရသည်။ ဖုန်းဆက်တော့လည်းဖုန်းပိတ်ထားသည်။
          ဒီနေ့ညနေ ဒါမှမဟုတ်လည်း မနက်ဖြန်ရောက်မှ သူမကိုကစားကွင်းခေါ်သွားပြီး Suprise တစ်ခုခုလုပ်ပေးတော့မည်ဟု ဆံုးဖြတ်လိုက်သည်။
          “ဒီနေ့ညနေ အိမ်ကိုသွားပြီးတောင်းပန်လိုက်မယ်။ ပြီးတာနဲ့ ကစားကွင်းခေါ်သွားမယ်။ စိတ်ကောက်နေသေးလို့ မလိုက်ဘူးဆိုရင်လည်း မနက်ဖြန်ရောက်တော့မှပေါ့”
          သူတစ်ကိုယ်တည်းရေရွတ်ပြီး အိမ်ထဲဝင်လိုက်သည်။
          ထိုစဥ် ဧည့်ခန်းထဲတွင် သတင်းစာဖတ်နေသော အမေ့ကိုတွေ့သဖြင့်
          “အမေ သားပြန်ရောက်ပြီ”
          “လာပါ လာပါ။ ငါနင့်ကိုတွေ့ချင်နေတာနဲ့အတော်ပဲကိုယ်တော်”
          ခရီးရောက်မဆိုက် အမေကတွေ့ချင်သည်ဟုဆိုသည်။ မျက်နှာပေးကလည်း သူ့ကိုဆူမည့် ပံုစံမို့
          “ဘာ…ဘာဖြစ်လို့လဲအမေ”
          “ဆန်းလလေးကိုသိပ်မဆူပါနဲ့သားရယ်။ ခမျာသနားပါတယ်။ သားကိုလည်းချစ်ရှာသားနဲ့”
          “ဟင်…ကျွန်တော်ဆန်းလကိုမဆူပါဘူး”
          “လိမ်မနေနဲ့လင်းရောင်။ ကောင်မလေးမျက်လံုးတွေများ မို့အစ်နေတာပဲ။ အဲဒါ နင်ဆူထား လို့မဟုတ်လား”
          “အာ…မဟုတ်ပါဘူးအမေရာ။ ကျွန်တော်မဆူပါဘူး။ ဒါနဲ့သူကအိမ်ကိုဘာလာလုပ်တာလဲ”
          “အေးလေ မဆူလည်းပြီးတာပဲ။ သူများသားသမီးကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် မလုပ်ပါနဲ့ကွယ်။
          ရော့ ရော့ ဒီမှာ။ဒီအရုပ်လေးလာပေးတာ။ မင်းအတွက်တဲ့”
          အမေကပြောပြောဆိုဆိုနှင့် သူ့လက်ထဲသို့ဝက်ဝံရုပ်လေးထိုးထည့်ကာ အိမ်အနောက်ဖက် ဝင်သွားလေသည်။
          သူကတော့ လက်ထဲရောက်လာသည့် ဝက်ဝံရုပ်လေးကိုသေသေချာချာကြည့်မိသည်။
          ဝက်ဝံရုပ်လေးကဘာမှမထူးခြား။ သာမန်အရုပ်တစ်ခုသာ။ သို့သော် အရုပ်လည်ပင်းတွင် ချိတ်ဆွဲထားသည့် အပြာရောင်ကြိုးကြာရုပ်လေးကတော့ ထူးခြားသည်ဟုဆိုရမည်။
          အရုပ်လည်ပင်းက ကြိုးကြာရုပ်လေးကိုအသာဆွဲဖြုတ်လိုက်ပြီး သူစေ့စေ့စပ်စပ်လိုက်ကြည့် တော့ အရုပ်ကိုယ်ထည်အတွင်းဖက်တွင် မှင်စတစ်ချို့ကိုတွေ့လိုက်ရသည်။
          စိတ်ရှည်လက်ရှည်နှင့် ကြိုးကြာရုပ်လေးကိုဖြည်လိုက်ပြီး အတွင်းဖက်တွင်ရေးထားသည့် စာတစ်ချို့ကိုဖတ်ပြီးချိန်မှာတော့
          “ဟင်………”
          သူ အိမ်ထဲကပြေးထွက်လာခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

သင္းကြဲႀကိဳးၾကာ-၃ (သင်းကွဲကြိုးကြာ-၃)

          မနက္၁၀နာရီခြဲ…။
          ဒီေန႔ ဆန္းလေက်ာင္းမတက္ခ်င္။
          မနက္ကတည္းက အိမ္မွာတက္လိုက္သည့္ျပႆနာဆိုတာကလည္းေတာက္ေလွ်ာက္…။ တစ္မနက္ခင္းလံုး လပ္ကီးမေကာင္းခဲ႔သည္မို႔ ေက်ာင္းမွာေရာတစ္ခုခုျဖစ္မလား စိတ္ထဲထင့္ေနမိ၏။
          သူမ စိတ္ညစ္ညဴးစြာျဖင့္ ေခါင္းကိုခါယမ္းမိေတာ့
          “ေဟး ဆန္းလ။ ခဏေစာင့္ပါဦး”
          ေနာက္ကေခၚသံၾကားသျဖင့္ လွည့္ၾကည့္လိုက္ေတာ့ သူမသူငယ္ခ်င္းေႏြဦး။
          “ေမာလိုက္တာဆန္းလရယ္ ဝွဴး”
          အနားသို႔ေရာက္လာေသာေႏြဦးကေလပူတစ္ခ်က္ကိုမႈတ္ထုတ္ကာ အနည္းငယ္ေမာဟိုက္ ေနေသာအသံျဖင့္ ဆန္းလကိုေျပာလိုက္သည္။
          ေႏြဦးႏွာသီးဖ်ားတြင္ ေခြၽးစက္ေလးေတြသီးေနသည္။ ေနကလည္းပူသည္ကိုး။
          “ဆန္းလ ဒီမွာၾကည့္စမ္း”
          ေႏြဦးမ်က္ႏွာကိုေငးစိုက္ၾကည့္ေနေသာ ဆန္းလမ်က္လံုးမ်ားက ေႏြဦးထုတ္ျပေသာစာအုပ္ ေလးေပၚသို႔ေရာက္သြားသည္။
          “ဟယ္…”
          သူမပါးစပ္က ထိုအာေမဋိတ္တစ္ခုသာထြက္ႏိုင္သည္။
          ကဗ်ာစာအုပ္……။
          ယခုလက္ရွိနာမည္ႀကီးေနေသာ တက္သစ္စကဗ်ာဆရာ”ရိုး”၏ ကဗ်ာစာအုပ္။
          ပထမဆံုးထုတ္ေရာင္းသည့္၃ရက္အတြင္းမွာပင္ စာအုပ္ျပတ္သြားသည္အထိ ပရိသတ္မ်ား အားေပးခံခဲ႔ရေသာကဗ်ာစာအုပ္။
          “အဲဒါ ငါတို႔လိုက္ရွာခဲ႔တဲ႔စာအုပ္မဟုတ္လား”
          “ဟုတ္ပါ့ ဆန္းလေရ။ ၃ရက္အတြင္းမွာတင္ စာအုပ္ကုန္သြားလို႔ ငါနဲ႔နင္နဲ႔တစ္ၿမိဳ႕လံုးအႏွံ႔ ပတ္ရွာခဲ႔တာေလ”
          “ေအးေလ အဲဒီတုန္းကမရခဲ႔ဘူးေလ။ အခုစာအုပ္က”
          ဆန္းလဆီမွအေမးစကားကိုၾကားေတာ့ ေႏြဦးသူမမ်က္လံုးအစံုကိုေမွးစင္းကာၿပံဳးလိုက္၏။ အၿပံဳးက”ငါကြ”ဆိုသည့္အၿပံဳး။
          သူမ အားရေအာင္အိုက္တင္ခံၿပီးေတာ့မွ
          “ဒါက ဒုတိယအႀကိမ္ဟ။ ငါနဲ႔ခင္တဲ့စာအုပ္ဆိုင္ကအစ္မႀကီးက ဒီစာအုပ္ေရာက္တာနဲ႔ ငါ့ဆီဖုန္းဆက္လို႔ ေက်ာင္းထဲမေရာက္ခင္ စာအုပ္ဆိုင္ထဲကဝင္ဝယ္လာတာ”
          ေႏြဦးစကားဆံုးေတာ့ ဆန္းလစာအုပ္အဖံုးကို ကပ်ာကယာၾကည့္လိုက္သည္။
          စာအုပ္အဖံုး၏ဘယ္ဖက္ေထာင့္တြင္ ဒုတိယအႀကိမ္ဆိုသည့္ စာသားကအထင္းသား။
          သူမေရာေႏြဦးေရာက စာတို႔ကဗ်ာတို႔ကိုဝါသနာပါသည္။
          ကဗ်ာဆရာ”ရိုး”ကလည္းအလြန္ေတာ္သည္။
          ကဗ်ာမႀကိဳက္သူမ်ားေတာင္ လက္ကမခ်ခ်င္ေလာက္ေအာင္ ဆြဲေဆာင္အားေကာင္းလြန္း လွေသာ ကဗ်ာစာအုပ္သည္ သူမတို႔လိုကဗ်ာဝါသနာရွင္မ်ားအတြက္ေတာ့ အေလးအျမတ္ျပဳစရာ တန္ဖိုးႀကီးရတနာတစ္ခုျဖစ္လာသည္။
          ေနာက္ၿပီး ကဗ်ာဆရာကိုယ္တိုင္ကိုက “ဒီစာအုပ္ဟာ ကြၽန္ေတာ့္ရဲ႕ေနာက္ဆံုးစာအုပ္ပါ” ဟုေၾကညာထားသည္မို႔ ပရိသတ္ေတြကပိုစိတ္ဝင္စားေနၾကသည္။
          “ဟဲ႔…ေႏြဦး ငါ့အတြက္ေရာ ငါ့အတြက္ဝယ္လာခဲ႔လား”
          ဆန္းလတစ္ေယာက္ ကေလးငယ္သဖြယ္ ေႏြဦးကို အားတက္သေရာေမးမိသည္။
          ေႏြဦးမ်က္ႏွာတစ္ခ်က္ပ်က္သြားသည္။
          သို႔ေသာ္ ပ်က္ယြင္းသြားသည့္သူမမ်က္ႏွာကို ခ်က္ခ်င္းျပန္ဖံုးလိုက္ၿပီး မထူးျခားေသာ ေလသံျဖင့္
          “နင့္အတြက္မပါခဲ႔ဘူးဆန္းလရဲ႕။ ငါေတာင္ဆိုင္ရွင္အစ္မခ်န္ထားေပးလို႔ရတာ။ အားလံုးက လည္းဒီကဗ်ာစာအုပ္ကို အရူးအမူးျဖစ္ေနၾကလို႔ ဘြတ္ကင္လုပ္ထားတဲ႔သူေတြပဲရတယ္ဆရာ။
          ဒါေပမယ့္ နင္စိတ္မပူပါနဲ႔။ ေနာက္ႏွစ္ရက္ေလာက္ဆိုရမယ္တဲ႔။ ဆိုင္ရွင္အစ္မက ထပ္မွာ ထားတယ္ေျပာတယ္”
          ေႏြဦးစကားေၾကာင့္ အျပည့္အဝဝမ္းမသာႏိုင္ေသာ္လည္း ရင္ထဲကအလံုးႀကီးကေတာ့က် သြားသည္။ ဘာပဲေျပာေျပာ မရႏိုင္တာထက္စာလွ်င္ေတာ့ ေတာ္ေသးသည္ဟု ဆိုရမည္သာ။
          သို႔ေသာ္ သူလိုခ်င္ေသာ စာအုပ္ရသြားသျဖင့္ ၿပံဳးေပ်ာ္ေနေသာ ေႏြဦးကိုစခ်င္လာသျဖင့္
          “ေအးေလ ဒါဆိုလဲၿပီးတာေပါ့ေႏြဦးရယ္။ ငါေနာက္ႏွစ္ရက္ေနမွဝယ္မယ္ေလ။ ေလာေလာ ဆယ္ေတာ့ နင့္စာအုပ္ငါယူသြားၿပီေဟ့”
          ေႏြဦးလက္ထဲျပန္ေရာက္ေနေသာစာအုပ္ကို ဆတ္ခနဲဆြဲလုကာ သူမေျပးေလသည္။
          ရုတ္တရက္မို႔ ေႏြဦးလည္းအူေၾကာင္ေၾကာင္ျဖစ္ကာ ရပ္ၾကည့္ေနမိသည္။ ေနာက္ေတာ့မွ သူမစာအုပ္ပါသြားမွန္းသိသျဖင့္ ဆန္းလေနာက္သို႔ေျပးလိုက္သည္။
          “ဆန္းလ ငါ့စာအုပ္ျပန္ေပး”
          အေနာက္ကေႏြဦးတစ္ေယာက္ တစ္ေၾကာ္ေၾကာ္ေအာ္ကာ ေျပးလိုက္လာသည္။
          ႏွစ္ေယာက္လံုးကလည္း ေခ်ာေမာၾကသူမ်ားမို႔ ဘာဘီရုပ္ေလးႏွစ္ရုပ္ စိန္ေျပးလိုက္တမ္း ကစားေနသလိုပင္။
          အေနာက္ကေျပးလိုက္လာေသာ ေႏြဦးကိုတစ္ခ်က္လွည့္ၾကည့္ၿပီး ညာဖက္လမ္းထဲအေကြ႔ ထိုလမ္းထဲမွထြက္လာေသာ စက္ဘီးတစ္စီးက ဆန္းလမ်က္လံုးမ်ားကိုျပာေဝသြားေစသည္။
          စက္ဘီးစီးသူကလက္ကိုင္ကိုေကြ႔လိုက္ေသာ္လည္း စက္ဘီးကိုယ္ထည္ကေတာ့ဆန္းလကို အနည္းငယ္ပြတ္မိသြားသည္။
          စက္ဘီးအရွိန္ေၾကာင့္ သူမပံုလ်က္သားလဲက်သြားၿပီး တစ္ဖက္ကစက္ဘီးလည္း သူမ အနားမွာပင္ေမွာက္သြားသည္။
          ဆန္းလတစ္ေယာက္ လဲက်ရာမွလူးလဲထမိခ်ိန္တြင္ သူမလက္ဖ်ံေနရာကဆစ္ခနဲ နာသြား သျဖင့္ၾကည့္မိေတာ့ ပြန္းသြားသည့္ဒဏ္ရာေလးက ေသြးစို႔ေနသည္ကိုေတြ႔လိုက္ရသည္။
          သို႔ေသာ္ ဒဏ္ရာကိုဂရုမစိုက္အား။ ကဗ်ာစာအုပ္ကိုသာ ကမန္းကတန္းလိုက္ရွာမိသည္။
          စာအုပ္ဘယ္မွာလဲ…။ စာအုပ္ဘယ္ေရာက္သြားလဲ။
          သူမပံုစံက အဖိုးတန္ရတနာတစ္ခု ေပ်ာက္ဆံုးသြားသည့္ ကေလးငယ္တစ္ဦးသဖြယ္။
          သူမေဘးပတ္လည္ကို ေဝ့ဝဲၾကည့္ကာလိုက္ရွာသည္။
          မေတြ႔။
          ၿခံဳပုတ္ေတြထဲတြင္မ်ားရွိမလားလည္းၾကည့္သည္။ ဒါလည္းမေတြ႔။
          ေတြ႔မယ့္ေတြ႔ေတာ့ သူမမထင္မွတ္ထားေသာပံုစံ။
          စာအုပ္ကစက္ဘီးေအာက္တြင္ပိေနၿပီး ျပဳတ္ထြက္ေနေသာအဖံုးႏွင့္ စာအုပ္အတြင္းသား တို႔က တစ္ေနရာဆီမွာ။
          စာအုပ္ဖံုးကိုဘယ္လက္ကကိုင္ စာအုပ္အတြင္းသားကိုညာလက္ကကိုင္ကာ သူမငူငူႀကီး ရပ္ေနမိသည္။
          ေျပးလာေသာေျခလွမ္းတစ္စံုက ဆန္းလေဘးတြင္ရပ္သြားသျဖင့္ ေနာက္ကိုလွည့္ၾကည့္ လိုက္ေတာ့ ေႏြဦး။
          စာအုပ္ကိုတစ္လွည့္ သူမကိုတစ္လွည့္ၾကည့္ေနသည္။ သူမမ်က္လံုးေတြက ႏွေျမာတသ ေနဟန္။
          “ေႏြ…ေႏြဦး။ ငါ…ငါေတာင္းပန္”
          “ေတာ္လိုက္ေတာ့ ဆန္းလ”
          ေႏြဦးေလသံကတင္းမာလြန္းလွသလို သူမမ်က္လံုးႏွစ္လံုးကလည္း ေဒါသအေရာင္မ်ား တဖိတ္ဖိတ္ေတာက္ေနသည္မွာ လူကိုစားေတာ့မည့္ က်ားသစ္မေလးတစ္ေကာင္သဖြယ္။
          “ငါျပန္ဝယ္ေပးပါ့မယ္ဟာ။ ေနာက္ႏွစ္ရက္ေလာက္ဆို စာအုပ္ဆိုင္ကို စာအုပ္ေရာက္ၿပီ မဟုတ္လား။ ငါအစားျပန္ဝယ္ေပးပါ့မယ္ေနာ္”
          ဆန္းလ ေႏြဦးကိုအႏူးအၫႊတ္ေတာင္းပန္ေနေပမယ့္ ေႏြဦး၏တင္းမာေနသည့္မ်က္ႏွာ ထားကေတာ့ ေပ်ာ့ေျပာင္းမသြားခဲ႔။
          ထိုအခိုက္ တင္းတင္းေစ့ထားေသာ ေႏြဦးႏႈတ္ခမ္းတစ္စံုကပြင့္ဟလာၿပီး “ဒီစာအုပ္က အစားျပန္ဝယ္ေပးလို႔မရတဲ့စာအုပ္ပဲဆန္းလ” ဆိုသည့္စကားႏွင့္အတူ ေက်ာခိုင္းလွည့္ထြက္သြားေသာ ျမင္ကြင္းတို႔က ဆန္းလအတြက္ေတာ့တုန္လႈပ္ဖြယ္ပင္။
          သူ…သူသြားၿပီ။
          သူမအခ်စ္ဆံုးသူငယ္ခ်င္းလည္း သူမကိုေက်ာခိုင္းခဲ႔ၿပီ။
          ဆန္းလ ေက်ာက္ရုပ္တစ္ရုပ္လိုငိုင္သြားကာ မ်က္ရည္တို႔ကအဆီးအတားမဲ႔စြာက်လာ၏။
          စက္ဘီးသမားက “အစ္မဘာျဖစ္သြားလဲ”ဆိုသည့္စကားကိုေတာင္ သူမအေရးမစိုက္ႏိုင္။
          သူမခ်စ္ရသည့္သူငယ္ခ်င္းကိုလည္း နာက်င္ေအာင္၊ ဝမ္းနည္းေအာင္၊ ပင္ပန္းေအာင္ သူမလုပ္ခဲ႔မိျပန္ၿပီ။
          သို႔ေသာ္ ေႏြဦးေျပာသြားသည့္ စကားတစ္ခြန္းကိုေတာ့ သူမနားမလည္။
          ဒီစာအုပ္က ဘာမို႔လို႔အစားျပန္ေပးလို႔မရတာလဲ။
          ထိုအေတြးမ်ားအားလံုး အဖံုးျပဳတ္သြားသည့္ စာအုပ္အတြင္းသားေလးကိုၾကည့္မိေတာ့မွ ရွင္းသြားခဲ႔သည္။
          “ရိုး”ဟုေရးထားသည့္ လက္မွတ္လွလွေလးက စာအုပ္ေပၚတြင္ခ့ံထည္စြာ။
         
✽✽✽   ✽✽✽   ✽✽✽

          ေလးကန္သည့္ေျခလွမ္းတို႔ကို သူမခ်စ္သူအခန္းဆီဦးတည္လိုက္သည္။
          အစ္မကေရာ၊ အေမကေရာ ေနာက္ၿပီး အခ်စ္ဆံုးသူငယ္ခ်င္းကပါ လ်စ္လ်ဴရွဳခံလိုက္ရ သည့္ဘဝမို႔ ေနာက္ဆံုးအားျပဳစရာသည္ ခ်စ္သူတစ္ေယာက္သာရွိေတာ့သည္။
          ကို႔ဆီေရာက္လွ်င္ ကို႔ရင္ခြင္ထဲတိုးေခြ႔ကာ အားပါးတရငိုမည္။ ကို႔ေပါင္ေပၚေခါင္းအံုးကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မည္။ ကိုေပးမည့္အနမ္းမ်ားႏွင့္ သူမစိတ္ညစ္ညဴးမႈေတြကို ေျဖေဖ်ာက္ပစ္မည္။
          ေၾသာ္…ေမ့ေတာ့မလို႔။ အရင္ဆံုးဟာသေတြေျပာခိုင္းရမွာပဲ။ ဒါမွတစ္မနက္ခင္းလံုး ႏြမ္းလ် ေနတဲ႔စိတ္ေတြက နည္းနည္းျပန္ၾကည္လင္လာမွာ။
          တစ္ကယ္လဲ သူမစိတ္ေတြက တအားႏြမ္းနယ္ေနသည္မို႔ ဟာသေလးေတြႏွင့္ အရင္ဆံုး ေျဖေလွ်ာ့ၿပီးမွပဲ ကို႔ကိုရင္ဖြင့္ေတာ့မည္ဟု ဆံုးျဖတ္လိုက္သည္။
          ဒီလိုေတြးလိုက္ေတာ့သူမေျခလွမ္းေတြတက္ႂကြလာသည္။ မႈန္မိႈင္းေနသည့္စိတ္ေတြလည္း နည္းနည္းေတာ့ျပန္ၾကည္လာသေယာင္…။
          အခန္းနံပါတ္ F-13…။
          ကို႔အခန္းနားေရာက္ေတာ့ ဆရာဝင္မဝင္တစ္ခ်က္ၾကည့္လိုက္ၿပီး ဆရာရွိမေနမွန္းေသခ်ာ ေတာ့မွ ေခါင္းေလးျပဴကာ ကို႔ထိုင္ခံုေနရာကိုလွမ္းၾကည့္လိုက္သည္။
          ထံုးစံအတိုင္း သူငယ္ခ်င္းမ်ားႏွင့္စကားေျပာေနသည့္ ကို႔ကိုေတြ႔လိုက္ရသည္။ ထိုအခိုက္ ကို႔သူငယ္ခ်င္းတစ္ေယာက္က သူမကိုၾကည့္လိုက္ၿပီး ကို႔ကိုတစ္စံုတစ္ခုလွမ္းေျပာလိုက္သျဖင့္ ကို႔ရဲ႕ မ်က္ႏွာေလးဆန္းလဖက္လွည့္လာသည္။
          ၾကည္လင္တဲ႔ကို႔မ်က္ႏွာေလးက ဒီေန႔မွပိုရွင္းသန္႔ေနသည္။
          ထိုင္ေနရာမွ ဣေႁႏၵရရႏွင့္ တစ္လွမ္းခ်င္းေလွ်ာက္လာပံုကလည္း စတိုင္က်လြန္းလွသည္။
          “ဟိတ္ မြြန္း ဘာေတြေငးေနတာလဲ”
          သူမေရွ႕ေရာက္ေရာက္ခ်င္း ေမးလိုက္တဲ႔ကို႔ရဲ႕ပံုစံေၾကာင့္ ရင္ထဲမွာေႏြးေထြးသြားရသည္။
          ကိုက သူမကို မြန္းဟုေခၚသည္။ လဆိုသည့္သူမနာမည္ကို ဒီအတိုင္းအဖ်ားဆြတ္ေခၚ ရမွာရိုးသည္ဟုထင္သည္လားမေျပာတတ္။
          “အဟဲ…ဘာမွမဟုတ္ပါဘူး။ ကိုကို႔ကိုေတြ႔ခ်င္လို႔”
          “အံမယ္ ပိုၿပီ။ လာမယ္ဆိုရင္လည္း ဘာလို႔ဖုန္းမဆက္လဲ”
          “ကိုကို႔ကိုအ့ံၾသေစခ်င္လို႔ေပါ့”
          “ဟုတ္ပါၿပီဗ်ာ။ ဟုတ္ပါၿပီ။ အဲ………”
          ခပ္ေဝးေဝးမွလာေနသည့္ဆရာ့ကိုျမင္ေတာ့ ခုနကကို႔အၿပံဳးေတြကတစ္ပိုင္းတစ္လက္စႏွင့္ ရပ္တန္႔သြားသည္။
          “အာ……ဆရာလာေနၿပီ။ ကို အတန္းတက္ရေတာ့မယ္။ မြန္းလဲ အတန္းသြားတက္ေတာ့ ေလ”
          “ဒီေန႔ မြန္းအတန္းမတက္ခ်င္ဘူး”
          သူမႏြဲ႔ဆုိးဆိုးသလိုေျပာမိေတာ့ ကိုကလူႀကီးတစ္ေယာက္လိုၿပံဳးသည္။
          “ကို ဒီဆရာ့အခ်ိန္ကို အလြတ္ခံလို႔မရဘူးကြ။ သူရွင္းျပတာဒီေန႔နားမေထာင္လိိုက္ရင္ က်န္တဲ႔ေန႔ေတြ ဘာမွမသိေတာ့ဘူး”
          “ကိုကကြာ ကို႔ကိုေျပာစရာရွိလို႔ပါဆို”
          “အင္းပါ။ ဒီဆရာ့တစ္ခ်ိန္ေလးေတာ့ ကိုခဏသင္လိုက္မယ္ကြာ။ ၿပီးေတာ့မွ မြန္းေျပာစရာ ရွိတာ ကို႔ကိုေျပာေပါ့”
          “ကို…ဒီတစ္ေန႔ေလးပဲဖ်က္ေပးပါကြာ။ ေနာ္………”
          “မြန္းရယ္ ကိုလဲအဆင္မေျပလို႔ပါ။ ေျပာစရာရွိရင္ေနာက္မွေျပာေနာ္။ ဟုတ္လား”
          “ကိုမရဘူးကြာ။ ဒီေန႔အတန္းမတက္နဲ႔ကြာ။ ကို…… ကို……”
          သူမ ဘယ္လိုပဲေတာင္းပန္တိုးလွ်ဳိးေပမယ့္ ကိုကသူမစကားနားမေထာင္။ အတန္းထဲသို႔ ေျပးဝင္သြားၿပီး သူ႔ထိုင္ခံုတြင္အက်အနသြားထိုင္သည္။
          သူမတို႔အျဖစ္အပ်က္ကို တစ္စြန္းတစ္စျမင္လိုက္ရေသာ ကိုတို႔အတန္းထဲက မိန္းကေလး တစ္ခ်ိဳ႕ကေတာ့ ဆန္းလကိုၾကည့္ၿပီးမ်က္ခံုးအတြန္႔ခ်ိဳးကာ သေရာ္ေတာ္ေတာ္ၿပံဳးၾကသည္။
          ဝမ္းနည္းျခင္း၊ အထီးက်န္ျခင္း၊ ရွက္ျခင္းတို႔ႏွင့္ သူမပူထူကာ ကိုႏွင့္ေဝးရာသို႔ သူမထြက္ လာခဲ႔သည္။ မ်က္ရည္မ်ားကေတာ့ တေတြေတြစီးလ်က္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          မနက်၁၀နာရီခွဲ…။
          ဒီနေ့ ဆန်းလကျောင်းမတက်ချင်။
          မနက်ကတည်းက အိမ်မှာတက်လိုက်သည့်ပြဿနာဆိုတာကလည်းတောက်လှေျာက်…။ တစ်မနက်ခင်းလံုး လပ်ကီးမကောင်းခဲ့သည်မို့ ကျောင်းမှာရောတစ်ခုခုဖြစ်မလား စိတ်ထဲထင့်နေမိ၏။
          သူမ စိတ်ညစ်ညူးစွာဖြင့် ခေါင်းကိုခါယမ်းမိတော့
          “ဟေး ဆန်းလ။ ခဏစောင့်ပါဦး”
          နောက်ကခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့ သူမသူငယ်ချင်းနွေဦး။
          “မောလိုက်တာဆန်းလရယ် ဝှူး”
          အနားသို့ရောက်လာသောနွေဦးကလေပူတစ်ချက်ကိုမှုတ်ထုတ်ကာ အနည်းငယ်မောဟိုက် နေသောအသံဖြင့် ဆန်းလကိုပြောလိုက်သည်။
          နွေဦးနှာသီးဖျားတွင် ချွေးစက်လေးတွေသီးနေသည်။ နေကလည်းပူသည်ကိုး။
          “ဆန်းလ ဒီမှာကြည့်စမ်း”
          နွေဦးမျက်နှာကိုငေးစိုက်ကြည့်နေသော ဆန်းလမျက်လံုးများက နွေဦးထုတ်ပြသောစာအုပ် လေးပေါ်သို့ရောက်သွားသည်။
          “ဟယ်…”
          သူမပါးစပ်က ထိုအာမေဋိတ်တစ်ခုသာထွက်နိုင်သည်။
          ကဗျာစာအုပ်……။
          ယခုလက်ရှိနာမည်ကြီးနေသော တက်သစ်စကဗျာဆရာ”ရိုး”၏ ကဗျာစာအုပ်။
          ပထမဆံုးထုတ်ရောင်းသည့်၃ရက်အတွင်းမှာပင် စာအုပ်ပြတ်သွားသည်အထိ ပရိသတ်များ အားပေးခံခဲ့ရသောကဗျာစာအုပ်။
          “အဲဒါ ငါတို့လိုက်ရှာခဲ့တဲ့စာအုပ်မဟုတ်လား”
          “ဟုတ်ပါ့ ဆန်းလရေ။ ၃ရက်အတွင်းမှာတင် စာအုပ်ကုန်သွားလို့ ငါနဲ့နင်နဲ့တစ်မြို့လံုးအနှံ့ ပတ်ရှာခဲ့တာလေ”
          “အေးလေ အဲဒီတုန်းကမရခဲ့ဘူးလေ။ အခုစာအုပ်က”
          ဆန်းလဆီမှအမေးစကားကိုကြားတော့ နွေဦးသူမမျက်လံုးအစံုကိုမှေးစင်းကာပြံုးလိုက်၏။ အပြံုးက”ငါကွ”ဆိုသည့်အပြံုး။
          သူမ အားရအောင်အိုက်တင်ခံပြီးတော့မှ
          “ဒါက ဒုတိယအကြိမ်ဟ။ ငါနဲ့ခင်တဲ့စာအုပ်ဆိုင်ကအစ်မကြီးက ဒီစာအုပ်ရောက်တာနဲ့ ငါ့ဆီဖုန်းဆက်လို့ ကျောင်းထဲမရောက်ခင် စာအုပ်ဆိုင်ထဲကဝင်ဝယ်လာတာ”
          နွေဦးစကားဆံုးတော့ ဆန်းလစာအုပ်အဖံုးကို ကပျာကယာကြည့်လိုက်သည်။
          စာအုပ်အဖံုး၏ဘယ်ဖက်ထောင့်တွင် ဒုတိယအကြိမ်ဆိုသည့် စာသားကအထင်းသား။
          သူမရောနွေဦးရောက စာတို့ကဗျာတို့ကိုဝါသနာပါသည်။
          ကဗျာဆရာ”ရိုး”ကလည်းအလွန်တော်သည်။
          ကဗျာမကြိုက်သူများတောင် လက်ကမချချင်လောက်အောင် ဆွဲဆောင်အားကောင်းလွန်း လှသော ကဗျာစာအုပ်သည် သူမတို့လိုကဗျာဝါသနာရှင်များအတွက်တော့ အလေးအမြတ်ပြုစရာ တန်ဖိုးကြီးရတနာတစ်ခုဖြစ်လာသည်။
          နောက်ပြီး ကဗျာဆရာကိုယ်တိုင်ကိုက “ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့နောက်ဆံုးစာအုပ်ပါ” ဟုကြေညာထားသည်မို့ ပရိသတ်တွေကပိုစိတ်ဝင်စားနေကြသည်။
          “ဟဲ့…နွေဦး ငါ့အတွက်ရော ငါ့အတွက်ဝယ်လာခဲ့လား”
          ဆန်းလတစ်ယောက် ကလေးငယ်သဖွယ် နွေဦးကို အားတက်သရောမေးမိသည်။
          နွေဦးမျက်နှာတစ်ချက်ပျက်သွားသည်။
          သို့သော် ပျက်ယွင်းသွားသည့်သူမမျက်နှာကို ချက်ချင်းပြန်ဖံုးလိုက်ပြီး မထူးခြားသော လေသံဖြင့်
          “နင့်အတွက်မပါခဲ့ဘူးဆန်းလရဲ့။ ငါတောင်ဆိုင်ရှင်အစ်မချန်ထားပေးလို့ရတာ။ အားလံုးက လည်းဒီကဗျာစာအုပ်ကို အရူးအမူးဖြစ်နေကြလို့ ဘွတ်ကင်လုပ်ထားတဲ့သူတွေပဲရတယ်ဆရာ။
          ဒါပေမယ့် နင်စိတ်မပူပါနဲ့။ နောက်နှစ်ရက်လောက်ဆိုရမယ်တဲ့။ ဆိုင်ရှင်အစ်မက ထပ်မှာ ထားတယ်ပြောတယ်”
          နွေဦးစကားကြောင့် အပြည့်အဝဝမ်းမသာနိုင်သော်လည်း ရင်ထဲကအလံုးကြီးကတော့ကျ သွားသည်။ ဘာပဲပြောပြော မရနိုင်တာထက်စာလှျင်တော့ တော်သေးသည်ဟု ဆိုရမည်သာ။
          သို့သော် သူလိုချင်သော စာအုပ်ရသွားသဖြင့် ပြံုးပျော်နေသော နွေဦးကိုစချင်လာသဖြင့်
          “အေးလေ ဒါဆိုလဲပြီးတာပေါ့နွေဦးရယ်။ ငါနောက်နှစ်ရက်နေမှဝယ်မယ်လေ။ လောလော ဆယ်တော့ နင့်စာအုပ်ငါယူသွားပြီဟေ့”
          နွေဦးလက်ထဲပြန်ရောက်နေသောစာအုပ်ကို ဆတ်ခနဲဆွဲလုကာ သူမပြေးလေသည်။
          ရုတ်တရက်မို့ နွေဦးလည်းအူကြောင်ကြောင်ဖြစ်ကာ ရပ်ကြည့်နေမိသည်။ နောက်တော့မှ သူမစာအုပ်ပါသွားမှန်းသိသဖြင့် ဆန်းလနောက်သို့ပြေးလိုက်သည်။
          “ဆန်းလ ငါ့စာအုပ်ပြန်ပေး”
          အနောက်ကနွေဦးတစ်ယောက် တစ်ကြော်ကြော်အော်ကာ ပြေးလိုက်လာသည်။
          နှစ်ယောက်လံုးကလည်း ချောမောကြသူများမို့ ဘာဘီရုပ်လေးနှစ်ရုပ် စိန်ပြေးလိုက်တမ်း ကစားနေသလိုပင်။
          အနောက်ကပြေးလိုက်လာသော နွေဦးကိုတစ်ချက်လှည့်ကြည့်ပြီး ညာဖက်လမ်းထဲအကွေ့ ထိုလမ်းထဲမှထွက်လာသော စက်ဘီးတစ်စီးက ဆန်းလမျက်လံုးများကိုပြာဝေသွားစေသည်။
          စက်ဘီးစီးသူကလက်ကိုင်ကိုကွေ့လိုက်သော်လည်း စက်ဘီးကိုယ်ထည်ကတော့ဆန်းလကို အနည်းငယ်ပွတ်မိသွားသည်။
          စက်ဘီးအရှိန်ကြောင့် သူမပံုလျက်သားလဲကျသွားပြီး တစ်ဖက်ကစက်ဘီးလည်း သူမ အနားမှာပင်မှောက်သွားသည်။
          ဆန်းလတစ်ယောက် လဲကျရာမှလူးလဲထမိချိန်တွင် သူမလက်ဖျံနေရာကဆစ်ခနဲ နာသွား သဖြင့်ကြည့်မိတော့ ပွန်းသွားသည့်ဒဏ်ရာလေးက သွေးစို့နေသည်ကိုတွေ့လိုက်ရသည်။
          သို့သော် ဒဏ်ရာကိုဂရုမစိုက်အား။ ကဗျာစာအုပ်ကိုသာ ကမန်းကတန်းလိုက်ရှာမိသည်။
          စာအုပ်ဘယ်မှာလဲ…။ စာအုပ်ဘယ်ရောက်သွားလဲ။
          သူမပံုစံက အဖိုးတန်ရတနာတစ်ခု ပျောက်ဆံုးသွားသည့် ကလေးငယ်တစ်ဦးသဖွယ်။
          သူမဘေးပတ်လည်ကို ဝေ့ဝဲကြည့်ကာလိုက်ရှာသည်။
          မတွေ့။
          ခြံုပုတ်တွေထဲတွင်များရှိမလားလည်းကြည့်သည်။ ဒါလည်းမတွေ့။
          တွေ့မယ့်တွေ့တော့ သူမမထင်မှတ်ထားသောပံုစံ။
          စာအုပ်ကစက်ဘီးအောက်တွင်ပိနေပြီး ပြုတ်ထွက်နေသောအဖံုးနှင့် စာအုပ်အတွင်းသား တို့က တစ်နေရာဆီမှာ။
          စာအုပ်ဖံုးကိုဘယ်လက်ကကိုင် စာအုပ်အတွင်းသားကိုညာလက်ကကိုင်ကာ သူမငူငူကြီး ရပ်နေမိသည်။
          ပြေးလာသောခြေလှမ်းတစ်စံုက ဆန်းလဘေးတွင်ရပ်သွားသဖြင့် နောက်ကိုလှည့်ကြည့် လိုက်တော့ နွေဦး။
          စာအုပ်ကိုတစ်လှည့် သူမကိုတစ်လှည့်ကြည့်နေသည်။ သူမမျက်လံုးတွေက နှမြောတသ နေဟန်။
          “နွေ…နွေဦး။ ငါ…ငါတောင်းပန်”
          “တော်လိုက်တော့ ဆန်းလ”
          နွေဦးလေသံကတင်းမာလွန်းလှသလို သူမမျက်လံုးနှစ်လံုးကလည်း ဒေါသအရောင်များ တဖိတ်ဖိတ်တောက်နေသည်မှာ လူကိုစားတော့မည့် ကျားသစ်မလေးတစ်ကောင်သဖွယ်။
          “ငါပြန်ဝယ်ပေးပါ့မယ်ဟာ။ နောက်နှစ်ရက်လောက်ဆို စာအုပ်ဆိုင်ကို စာအုပ်ရောက်ပြီ မဟုတ်လား။ ငါအစားပြန်ဝယ်ပေးပါ့မယ်နော်”
          ဆန်းလ နွေဦးကိုအနူးအညွှတ်တောင်းပန်နေပေမယ့် နွေဦး၏တင်းမာနေသည့်မျက်နှာ ထားကတော့ ပျော့ပြောင်းမသွားခဲ့။
          ထိုအခိုက် တင်းတင်းစေ့ထားသော နွေဦးနှုတ်ခမ်းတစ်စံုကပွင့်ဟလာပြီး “ဒီစာအုပ်က အစားပြန်ဝယ်ပေးလို့မရတဲ့စာအုပ်ပဲဆန်းလ” ဆိုသည့်စကားနှင့်အတူ ကျောခိုင်းလှည့်ထွက်သွားသော မြင်ကွင်းတို့က ဆန်းလအတွက်တော့တုန်လှုပ်ဖွယ်ပင်။
          သူ…သူသွားပြီ။
          သူမအချစ်ဆံုးသူငယ်ချင်းလည်း သူမကိုကျောခိုင်းခဲ့ပြီ။
          ဆန်းလ ကျောက်ရုပ်တစ်ရုပ်လိုငိုင်သွားကာ မျက်ရည်တို့ကအဆီးအတားမဲ့စွာကျလာ၏။
          စက်ဘီးသမားက “အစ်မဘာဖြစ်သွားလဲ”ဆိုသည့်စကားကိုတောင် သူမအရေးမစိုက်နိုင်။
          သူမချစ်ရသည့်သူငယ်ချင်းကိုလည်း နာကျင်အောင်၊ ဝမ်းနည်းအောင်၊ ပင်ပန်းအောင် သူမလုပ်ခဲ့မိပြန်ပြီ။
          သို့သော် နွေဦးပြောသွားသည့် စကားတစ်ခွန်းကိုတော့ သူမနားမလည်။
          ဒီစာအုပ်က ဘာမို့လို့အစားပြန်ပေးလို့မရတာလဲ။
          ထိုအတွေးများအားလံုး အဖံုးပြုတ်သွားသည့် စာအုပ်အတွင်းသားလေးကိုကြည့်မိတော့မှ ရှင်းသွားခဲ့သည်။
          “ရိုး”ဟုရေးထားသည့် လက်မှတ်လှလှလေးက စာအုပ်ပေါ်တွင်ခ့ံထည်စွာ။
         
✽✽✽   ✽✽✽   ✽✽✽

          လေးကန်သည့်ခြေလှမ်းတို့ကို သူမချစ်သူအခန်းဆီဦးတည်လိုက်သည်။
          အစ်မကရော၊ အမေကရော နောက်ပြီး အချစ်ဆံုးသူငယ်ချင်းကပါ လျစ်လျူရှုခံလိုက်ရ သည့်ဘဝမို့ နောက်ဆံုးအားပြုစရာသည် ချစ်သူတစ်ယောက်သာရှိတော့သည်။
          ကို့ဆီရောက်လှျင် ကို့ရင်ခွင်ထဲတိုးခွေ့ကာ အားပါးတရငိုမည်။ ကို့ပေါင်ပေါ်ခေါင်းအံုးကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မည်။ ကိုပေးမည့်အနမ်းများနှင့် သူမစိတ်ညစ်ညူးမှုတွေကို ဖြေဖျောက်ပစ်မည်။
          သြော်…မေ့တော့မလို့။ အရင်ဆံုးဟာသတွေပြောခိုင်းရမှာပဲ။ ဒါမှတစ်မနက်ခင်းလံုး နွမ်းလျ နေတဲ့စိတ်တွေက နည်းနည်းပြန်ကြည်လင်လာမှာ။
          တစ်ကယ်လဲ သူမစိတ်တွေက တအားနွမ်းနယ်နေသည်မို့ ဟာသလေးတွေနှင့် အရင်ဆံုး ဖြေလှေျာ့ပြီးမှပဲ ကို့ကိုရင်ဖွင့်တော့မည်ဟု ဆံုးဖြတ်လိုက်သည်။
          ဒီလိုတွေးလိုက်တော့သူမခြေလှမ်းတွေတက်ကြွလာသည်။ မှုန်မှိုင်းနေသည့်စိတ်တွေလည်း နည်းနည်းတော့ပြန်ကြည်လာသယောင်…။
          အခန်းနံပါတ် F-13…။
          ကို့အခန်းနားရောက်တော့ ဆရာဝင်မဝင်တစ်ချက်ကြည့်လိုက်ပြီး ဆရာရှိမနေမှန်းသေချာ တော့မှ ခေါင်းလေးပြူကာ ကို့ထိုင်ခံုနေရာကိုလှမ်းကြည့်လိုက်သည်။
          ထံုးစံအတိုင်း သူငယ်ချင်းများနှင့်စကားပြောနေသည့် ကို့ကိုတွေ့လိုက်ရသည်။ ထိုအခိုက် ကို့သူငယ်ချင်းတစ်ယောက်က သူမကိုကြည့်လိုက်ပြီး ကို့ကိုတစ်စံုတစ်ခုလှမ်းပြောလိုက်သဖြင့် ကို့ရဲ့ မျက်နှာလေးဆန်းလဖက်လှည့်လာသည်။
          ကြည်လင်တဲ့ကို့မျက်နှာလေးက ဒီနေ့မှပိုရှင်းသန့်နေသည်။
          ထိုင်နေရာမှ ဣနြေ္ဒရရနှင့် တစ်လှမ်းချင်းလှေျာက်လာပံုကလည်း စတိုင်ကျလွန်းလှသည်။
          “ဟိတ် မွွန်း ဘာတွေငေးနေတာလဲ”
          သူမရှေ့ရောက်ရောက်ချင်း မေးလိုက်တဲ့ကို့ရဲ့ပံုစံကြောင့် ရင်ထဲမှာနွေးထွေးသွားရသည်။
          ကိုက သူမကို မွန်းဟုခေါ်သည်။ လဆိုသည့်သူမနာမည်ကို ဒီအတိုင်းအဖျားဆွတ်ခေါ် ရမှာရိုးသည်ဟုထင်သည်လားမပြောတတ်။
          “အဟဲ…ဘာမှမဟုတ်ပါဘူး။ ကိုကို့ကိုတွေ့ချင်လို့”
          “အံမယ် ပိုပြီ။ လာမယ်ဆိုရင်လည်း ဘာလို့ဖုန်းမဆက်လဲ”
          “ကိုကို့ကိုအ့ံသြစေချင်လို့ပေါ့”
          “ဟုတ်ပါပြီဗျာ။ ဟုတ်ပါပြီ။ အဲ………”
          ခပ်ဝေးဝေးမှလာနေသည့်ဆရာ့ကိုမြင်တော့ ခုနကကို့အပြံုးတွေကတစ်ပိုင်းတစ်လက်စနှင့် ရပ်တန့်သွားသည်။
          “အာ……ဆရာလာနေပြီ။ ကို အတန်းတက်ရတော့မယ်။ မွန်းလဲ အတန်းသွားတက်တော့ လေ”
          “ဒီနေ့ မွန်းအတန်းမတက်ချင်ဘူး”
          သူမနွဲ့ဆိုးဆိုးသလိုပြောမိတော့ ကိုကလူကြီးတစ်ယောက်လိုပြံုးသည်။
          “ကို ဒီဆရာ့အချိန်ကို အလွတ်ခံလို့မရဘူးကွ။ သူရှင်းပြတာဒီနေ့နားမထောင်လိိုက်ရင် ကျန်တဲ့နေ့တွေ ဘာမှမသိတော့ဘူး”
          “ကိုကကွာ ကို့ကိုပြောစရာရှိလို့ပါဆို”
          “အင်းပါ။ ဒီဆရာ့တစ်ချိန်လေးတော့ ကိုခဏသင်လိုက်မယ်ကွာ။ ပြီးတော့မှ မွန်းပြောစရာ ရှိတာ ကို့ကိုပြောပေါ့”
          “ကို…ဒီတစ်နေ့လေးပဲဖျက်ပေးပါကွာ။ နော်………”
          “မွန်းရယ် ကိုလဲအဆင်မပြေလို့ပါ။ ပြောစရာရှိရင်နောက်မှပြောနော်။ ဟုတ်လား”
          “ကိုမရဘူးကွာ။ ဒီနေ့အတန်းမတက်နဲ့ကွာ။ ကို…… ကို……”
          သူမ ဘယ်လိုပဲတောင်းပန်တိုးလှျိုးပေမယ့် ကိုကသူမစကားနားမထောင်။ အတန်းထဲသို့ ပြေးဝင်သွားပြီး သူ့ထိုင်ခံုတွင်အကျအနသွားထိုင်သည်။
          သူမတို့အဖြစ်အပျက်ကို တစ်စွန်းတစ်စမြင်လိုက်ရသော ကိုတို့အတန်းထဲက မိန်းကလေး တစ်ချို့ကတော့ ဆန်းလကိုကြည့်ပြီးမျက်ခံုးအတွန့်ချိုးကာ သရော်တော်တော်ပြံုးကြသည်။
          ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ ရှက်ခြင်းတို့နှင့် သူမပူထူကာ ကိုနှင့်ဝေးရာသို့ သူမထွက် လာခဲ့သည်။ မျက်ရည်များကတော့ တတွေတွေစီးလျက်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

သင္းကြဲႀကိဳးၾကာ-၂ (သင်းကွဲကြိုးကြာ-၂)

          “ဟယ္…မမ နားဆြဲေလးကလွလိုက္တာ”
          မ်က္ႏွာသစ္ၿပီးၿပီးခ်င္း မမအိပ္ခန္းထဲျပန္ဝင္လာသျဖင့္ သူမနားရြက္ဖ်ားကနားဆြဲေလးဆီ ဆန္းလအၾကည့္ေရာက္သြားသည္။
          မမလမ္းေလွ်ာက္လိုက္တိုင္း စည္းခ်က္ညီညီလႈပ္ယမ္းေနေသာ လျခမ္းပံုသ႑ာန္ဆြဲသီး ေလးက သူမစိတ္ကိုဖမ္းစားလုိက္၏။
          မိန္းကေလးပီပီ ခေရးခရာအလွအပပစၹည္းေလးေတြကို မက္ေမာတတ္သည့္အေလ်ာက္ ထိုဆြဲသီးေလးအေၾကာင္း သူမသိခ်င္လာသည္။
          “မမ အဲဒါေလးဘယ္ေလာက္လဲ။ ဘယ္ကဝယ္တာလဲဟင္။ ညီမေလးကို ခဏငွားပါလား”
          “အာ………မငွားႏိုင္ပါဘူး။ ငါေတာင္ ႀကိဳက္လြန္းလို႔မေန႔ကမွ ၂၀၀၀၀ေပးၿပီးဝယ္လာတာ”
          “ဒါျဖင့္လည္း မမပိုက္ဆံတစ္ဝက္ခဏစိုက္ၿပီးဝယ္ေပးပါလား။ ညီမေလးမွာ ေက်ာင္းလခ သြင္းရမယ့္ပုိက္ဆံပဲက်န္ေတာ့လို႔”
          “ဆန္းလ ငါ့မွာလည္းပိုက္ဆံသိပ္မပိုဘူး။ နင္ပိုက္ဆံအျပည့္ေပးၿပီး ငါ့ကိုဝယ္ခိုင္းရင္လည္း ငါခုတေလာလမ္းမႀကံဳဘူး”
          မမအသံကမာေနသည္။ မ်က္ႏွာလည္းမၾကည္…။
          “မမဘာျဖစ္ေနတာလဲ။ ဒါေလးေျပာတာနဲ႔ေတာ့ စိတ္ဆိုးစရာမလိုဘူးထင္တာပဲ”
          “ဘာေျပာတယ္………”
          မမမ်က္ႏွာသူမဖက္လွည့္လာသည္။ အသားျဖဴသူမို႔ ေဒါသထြက္သည့္အခါ မ်က္ႏွာကနီရဲ ေနသည္။
          “နင့္အျပစ္နင္မသိဘူးလားဆန္းလ။
          ေဖေဖေပးခဲ႔တဲ႔ ဝက္ဝံရုပ္အျဖဴေလး နင့္ေကာ္ဖီေတြစြန္းကုန္တာ အခုဘယ္လိုမွ ျပန္ၿပီး ခြ်တ္လုိ႔မရေတာ့ဘူးေလ”
          “အဲဒါက…အဲဒါက မ…မေတာ္…တဆ”
          “ဘာမေတာ္တဆလဲ။ ေဆာရီးေျပာရံုနဲ႔ ေဖေဖ့အရုပ္က ျပန္ေကာင္းသြားမွာလား။ ငါ့မွာ အေဖ့ကိုလြမ္းတိုင္း အဲဒီအရုပ္ေလးကိုပဲၾကည့္ေနရတာေလ”
          မမအသံကအိပ္ခန္းထဲတြင္ ဟိန္းထြက္ေနသေလာက္ ဆန္းလတစ္ေယာက္ကေတာ့ ကိုယ့္အျပစ္ႏွင့္ကိုယ္မို႔ ေခါင္းငံု႔ေနရံုသာ။ အိပ္ခန္းကလည္းအသံအရမ္းလံုလြန္းသည္မို႔ မမအသံက ဟိန္းသင့္သည္ထက္ကိုပိုဟိန္းေန၏။
          “အခုဝက္ဝံရုပ္က ငါတန္ဖိုးအထားဆံုးပစၥည္း၊ ငါ့ဘဝရဲ႕အေရးအႀကီးဆံုးပစၥည္း။ ဒါကိုမွ နင္ကဖ်က္ဆီးလိုက္တာ။
          ဒီေတာ့ဆန္းလ ေနာက္ဆိုငါ့ပစၥည္းေတြလာမထိနဲ႔။ အထူးသျဖင့္ အေဖေပးခဲ႔တဲ့ပစၥည္း ေတြနဲ႔ ငါသေဘာအက်ဆံုးပစၥည္းေတြကို နင္လာမထိပါနဲ႔။
          ငါနင့္ကိုသတိေပးလိုက္ၿပီေနာ္”
          မမစကားလံုးမ်ားကျပင္းထန္လြန္းလွသည္။
          ေဖေဖ့အမွတ္တရပစၥည္း သူမေၾကာင့္ပ်က္ဆီးသြားတာမွန္ေသာ္လည္း တမင္ရည္ရြယ္ ၿပီးလုပ္ျခင္းမဟုတ္။ ေနာက္ၿပီး သူမလုပ္ခဲ႔တာလည္းမဟုတ္။
          ထိုေန႔က အခန္းကိုဆန္းလသန္႔ရွင္းေရးလုပ္သည္။ ထံုးစံအတိုင္း သူမေသာက္ေနက် ေကာ္ဖီခြက္က လက္ထဲပါလာသည္။
          မမကုတင္ကိုရွင္းေပးရန္ လက္ထဲကေကာ္ဖီခြက္ကို မမစာေရးခံုေပၚတြင္ အဖံုးပိတ္ၿပီး တင္လိုက္သည္။ ၿပီးေတာ့ ေမႊ႔ယာကိုခါသည္။
          ထိုအခိုက္ ဆန္းလအခ်စ္ေတာ္ေၾကာင္မေလးက သူ႔သခင္မေနာက္ကိုလိုက္လာသည္။ ဟိုၾကည့္ဒီၾကည့္လုပ္ရင္း စားပြဲခံုေပၚခုန္တက္လိုက္ေတာ့ သူမကိုယ္ကစားပြဲေပၚရွိ ေကာ္ဖီခြက္ကုိတိုက္ မိကာ ေကာ္ဖီမ်ားဖိတ္စင္ကုန္၏။
          ခြမ္းဆိုသည့္အသံၾကား၍ သူမလွည့္ၾကည့္လိုက္ေသာ္လည္း ေနာက္က်သြားခဲ႔ၿပီ။ ေကာ္ဖီ မ်ားက စားပြဲေပၚတြင္တင္ထားသည့္ စာအုပ္မ်ားႏွင့္ဝက္ဝံရုပ္အျဖဴေလးေပၚတြင္ ရႊဲရႊဲစိုေနသည္။
          ဝက္ဝံရုပ္ေလးေကာ္ဖီစြန္းသြားတာသိသိခ်င္း သူမေလွ်ာ္ပါေသးသည္။ အရုပ္အေရာင္က အျဖဴစြတ္စြတ္မို႔ ဘယ္လိုမွမေျပာင္။
          မမျပန္လာေတာ့ ျဖစ္ေၾကာင္းကုန္စင္ကို မမကိုေျပာျပခဲ႔ေပမယ့္ မမသူမကိုဘာတစ္ခြန္းမွ ခြန္းတံု႔မျပန္။ မမအက်င့္က စိတ္အရမ္းဆိုးၿပီဆို ဘာစကားမွမေျပာေတာ့ပဲ ၿငိမ္သက္သြားတတ္သည္။
          ထို႔ေၾကာင့္ သူမကလည္းအလိုက္သိစြာပင္ ဘာမွဆက္မေျပာပဲဆိတ္ဆိတ္ေနလိုက္သည္။ ဒီေန႔ေတာ့ စိတ္ဆိုးေျပမလားဆိုၿပီး စကားစၾကည့္ေပမယ့္ သူမအေတြးကတက္တက္စင္ေအာင္လြဲခဲ႔၏။
          ေအးစက္စိမ္းကားသည့္စကားမ်ားက ဆန္းလရင္ကိုခြဲလိုက္သည့္ႏွယ္ ရင္ဘတ္တစ္ခုလံုး ပူထူလာၿပီး သူမမ်က္လံုးေတြေဝဝါးလာသည္။
          မမတံခါးကိုခပ္ၾကမ္းၾကမ္းပိတ္ၿပီး အခန္းအျပင္ထြက္သြားေတာ့မွ ဆန္းလ အိခနဲရွိဳက္ငိုခ် လိုက္သည္။

✽✽✽   ✽✽✽   ✽✽✽

          မနက္၈နာရီ………။
          ဒီမနက္ မမကိုစိတ္ေကာက္ၿပီး အေမ့ကိုသူမခြၽဲေနသည္။
          အေမ့ကိုခြၽဲေနသည္သာဆိုရသည္ ဂဏန္းေပါင္းစက္ကို တစ္ေဒါက္ေဒါက္ေခါက္ေနသည့္ အေမ့ေပါင္ေပၚေခါင္းတင္ၿပီး အိပ္ေနတာအျပင္မပို။ အေမျဖစ္သူကလည္း သမီးေလး၊ဘာေလးႏွင့္ စကာားမေျပာ။ ဆံပင္ေလးမသပ္။ ယုတ္စြအဆံုး သူမေပါင္ေပၚအိပ္ေနတာေတာင္ သိရဲ႕လားမသိ။
          သို႔ေသာ္ ဒါကိုပင္ အေမႏွင့္သူမတို႔ၾကား တြတ္တီးတြတ္တာက်ီစယ္သည့္ အခိုက္အတန္႔ ကာလဟု သူမတို႔မွတ္ယူထားၾကသည္။
          အေမကျပတ္သားသည္။ စိတ္ဆတ္သည္။ ေတြေဝျခင္းမရွိ။ ဘြင္းဘြင္းေျပာတတ္သည္။ ေျပာရလွ်င္ သူမ်ားမိခင္ေတြလိုမ်ိဳးမျငင္သာ။
          ဒါကလည္း အေမ့အျပစ္ေတာ့မဟုတ္။ အေဖက မမ၂တန္းႏွစ္၊ သူမ၁တန္းႏွစ္ကတည္းက ဆံုးပါးသြားခဲ႔သည္။ အေမကသူေဌးသမီးဆိုေပမယ့္ အေမ့မိဘမ်ားက သူတို႔သေဘာမတူသူေနာက္ လိုက္သြားသျဖင့္ အေမြျပတ္ဟုဆိုကာ ယေန႔တိုင္မဆက္သြယ္။ အေဖ့ကလည္းဆင္းရဲသူမို႔ ပစၥည္း ဥစၥာဆိုလို႔ ယခုလက္ရွိ အိမ္ကေလးတစ္လံုးသာက်န္ခဲ႔သည္။
          ထိုကတည္းကအေမ့ခမ်ာ တစ္မိသားစုလံုး၏ စားဝတ္ေနေရးအတြက္ အျခားေယာက်္ား မ်ားႏွင့္ တန္းတူရင္ေပါင္တန္းၿပီး ပိုက္ဆံရွာခဲ႔ရသည္။ ေလာကဓံ၏ ရိုက္ပုတ္ခ်က္ေအာက္တြင္ အေမ့ ခမ်ာ မိန္းမသားခႏၶာကိုယ္ႏွင့္ ေယာက်္ားစိတ္ျဖစ္ခဲ႔ရသည္။ သူမ်ားမိခင္ေတြလို ျငင္သာယုယမိခ်င္ခဲ႔ လွ်င္ေတာင္ အေမ့တြင္အခ်ိန္မရခဲ႔။
          ဘာပဲေျပာေျပာ အေမ့ႀကိဳးစားမႈေအာက္တြင္ သူမတို႔ညီအစ္မ စားဝတ္ေနေရးအတြက္တို႔ ေက်ာင္းတက္ဖို႔အတြက္တို႔ ဘာမွစိတ္ပူစရာမလိုခဲ႔။ ကုန္ကုန္ေျပာရလွ်င္ မမကေနာက္ဆံုးႏွစ္ သူမက တတိယႏွစ္ေရာက္လာသည့္တိုင္ အလုပ္ထြက္မလုပ္ခဲ႔ရ။
          “ညည္းထေတာ့ေအ။ ငါနာလွၿပီ။ နင္ေခါင္းကအရမ္းေလးတယ္”
          သူမအိပ္တာ ၁၀မိနစ္ေလာက္ပဲၾကာေသးေပမယ့္ အေမသူမကိုထခိုင္းေလသည္။
          “အေမ သမီးကိုဘီးၿဖီးေပးပါလား”
          အေမ့စကားကို မၾကားခ်င္ေယာင္ေဆာင္ၿပီး သူမျဖစ္လိုသည့္ဆႏၵကို မဝံ့မရဲေျပာမိသည္။
          “အို…ရွဳပ္ရွဳပ္ရွက္ရွက္ေအ…။ တစ္ရက္တစ္ေလေလး ေက်ာင္းေနာက္က်မွသြားပါတယ္။ သူ႔ေခါင္းအေလးႀကီး ငါ့ေပါင္ေပၚလာအိပ္ရတာနဲ႔၊ ေခါင္းၿဖီးခိုင္းရတာနဲ႔ အလုပ္ကိုရွဳပ္ေနတာပဲ”
          “အေမကလည္း သမီးသူငယ္ခ်င္းအေမေတြဆို သမီးသူငယ္ခ်င္းေတြကိုေခါင္းေတြၿဖီးေပး ဆံပင္ေလးေတြရွင္းေပးလုပ္ေပးၾက……”
          “တိတ္စမ္း ဆန္းလ”
          အေမ့ေဒါသသံေအာက္တြင္ သူမစကားလံုးမ်ားေပ်ာက္ဆံုးသြားသည္။
          “တစ္ျခားအေမေတြဆိုတဲ့စကားမေျပာနဲ႔။ တစ္ျခားအေမေတြ ငါ့လိုစီးပြားရွာသလား။ ငါ့လို ပိုက္ဆံရွာသလား။
          ငါအလုပ္ရွဳပ္ေနလို႔ စိတ္မတိုခ်င္ပါဘူးဆိုမွ နင္ကငါ့ေဒါသကိုလာဆြေနတယ္။
          သြားေတာ့ဆန္းလရယ္။ နင့္ကိုငါဆက္မျမင္ခ်င္ဘူး။ ဆက္ျမင္ေနရရင္ေသြးတက္တယ္။”
          အေမ့၏ေနာက္ဆံုးစကားကိုၾကားလိုက္ရေတာ့ သူမရင္ထဲနင့္သြားသည္။
          အေမရယ္ေျပာရက္လိုက္တာ။ တစ္ခါတစ္ေလေလး ကိုယ့္အေမနဲ႔ယုယုယယေနခ်င္တာ သမီးမွားသြားလားဟင္။ အေမ အလုပ္ရွဳပ္ေနမွန္းသိေပမယ့္ တစ္ကယ္လို႔မ်ားဆိုတဲ႔အေတြးေလးနဲ႔ ေမးၾကည့္မိတာပါ။
          ခုေတာ့…ခုေတာ့အေမက နင့္ကိုမျမင္ခ်င္ေတာ့ဘူးတဲ႔။
          ေဝ့ဝဲတက္လာေသာမ်က္ရည္စမ်ားကို သူမမ်က္ေတာင္ေလးျဖင့္ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း အေမ့ေရွ႕မွထြက္လာခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          “ဟယ်…မမ နားဆွဲလေးကလှလိုက်တာ”
          မျက်နှာသစ်ပြီးပြီးချင်း မမအိပ်ခန်းထဲပြန်ဝင်လာသဖြင့် သူမနားရွက်ဖျားကနားဆွဲလေးဆီ ဆန်းလအကြည့်ရောက်သွားသည်။
          မမလမ်းလှေျာက်လိုက်တိုင်း စည်းချက်ညီညီလှုပ်ယမ်းနေသော လခြမ်းပံုသဏ္ဍာန်ဆွဲသီး လေးက သူမစိတ်ကိုဖမ်းစားလိုက်၏။
          မိန်းကလေးပီပီ ခရေးခရာအလှအပပစ္ဖည်းလေးတွေကို မက်မောတတ်သည့်အလျောက် ထိုဆွဲသီးလေးအကြောင်း သူမသိချင်လာသည်။
          “မမ အဲဒါလေးဘယ်လောက်လဲ။ ဘယ်ကဝယ်တာလဲဟင်။ ညီမလေးကို ခဏငှားပါလား”
          “အာ………မငှားနိုင်ပါဘူး။ ငါတောင် ကြိုက်လွန်းလို့မနေ့ကမှ ၂၀၀၀၀ပေးပြီးဝယ်လာတာ”
          “ဒါဖြင့်လည်း မမပိုက်ဆံတစ်ဝက်ခဏစိုက်ပြီးဝယ်ပေးပါလား။ ညီမလေးမှာ ကျောင်းလခ သွင်းရမယ့်ပိုက်ဆံပဲကျန်တော့လို့”
          “ဆန်းလ ငါ့မှာလည်းပိုက်ဆံသိပ်မပိုဘူး။ နင်ပိုက်ဆံအပြည့်ပေးပြီး ငါ့ကိုဝယ်ခိုင်းရင်လည်း ငါခုတလောလမ်းမကြံုဘူး”
          မမအသံကမာနေသည်။ မျက်နှာလည်းမကြည်…။
          “မမဘာဖြစ်နေတာလဲ။ ဒါလေးပြောတာနဲ့တော့ စိတ်ဆိုးစရာမလိုဘူးထင်တာပဲ”
          “ဘာပြောတယ်………”
          မမမျက်နှာသူမဖက်လှည့်လာသည်။ အသားဖြူသူမို့ ဒေါသထွက်သည့်အခါ မျက်နှာကနီရဲ နေသည်။
          “နင့်အပြစ်နင်မသိဘူးလားဆန်းလ။
          ဖေဖေပေးခဲ့တဲ့ ဝက်ဝံရုပ်အဖြူလေး နင့်ကော်ဖီတွေစွန်းကုန်တာ အခုဘယ်လိုမှ ပြန်ပြီး ချွတ်လို့မရတော့ဘူးလေ”
          “အဲဒါက…အဲဒါက မ…မတော်…တဆ”
          “ဘာမတော်တဆလဲ။ ဆောရီးပြောရံုနဲ့ ဖေဖေ့အရုပ်က ပြန်ကောင်းသွားမှာလား။ ငါ့မှာ အဖေ့ကိုလွမ်းတိုင်း အဲဒီအရုပ်လေးကိုပဲကြည့်နေရတာလေ”
          မမအသံကအိပ်ခန်းထဲတွင် ဟိန်းထွက်နေသလောက် ဆန်းလတစ်ယောက်ကတော့ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ခေါင်းငံု့နေရံုသာ။ အိပ်ခန်းကလည်းအသံအရမ်းလံုလွန်းသည်မို့ မမအသံက ဟိန်းသင့်သည်ထက်ကိုပိုဟိန်းနေ၏။
          “အခုဝက်ဝံရုပ်က ငါတန်ဖိုးအထားဆံုးပစ္စည်း၊ ငါ့ဘဝရဲ့အရေးအကြီးဆံုးပစ္စည်း။ ဒါကိုမှ နင်ကဖျက်ဆီးလိုက်တာ။
          ဒီတော့ဆန်းလ နောက်ဆိုငါ့ပစ္စည်းတွေလာမထိနဲ့။ အထူးသဖြင့် အဖေပေးခဲ့တဲ့ပစ္စည်း တွေနဲ့ ငါသဘောအကျဆံုးပစ္စည်းတွေကို နင်လာမထိပါနဲ့။
          ငါနင့်ကိုသတိပေးလိုက်ပြီနော်”
          မမစကားလံုးများကပြင်းထန်လွန်းလှသည်။
          ဖေဖေ့အမှတ်တရပစ္စည်း သူမကြောင့်ပျက်ဆီးသွားတာမှန်သော်လည်း တမင်ရည်ရွယ် ပြီးလုပ်ခြင်းမဟုတ်။ နောက်ပြီး သူမလုပ်ခဲ့တာလည်းမဟုတ်။
          ထိုနေ့က အခန်းကိုဆန်းလသန့်ရှင်းရေးလုပ်သည်။ ထံုးစံအတိုင်း သူမသောက်နေကျ ကော်ဖီခွက်က လက်ထဲပါလာသည်။
          မမကုတင်ကိုရှင်းပေးရန် လက်ထဲကကော်ဖီခွက်ကို မမစာရေးခံုပေါ်တွင် အဖံုးပိတ်ပြီး တင်လိုက်သည်။ ပြီးတော့ မွှေ့ယာကိုခါသည်။
          ထိုအခိုက် ဆန်းလအချစ်တော်ကြောင်မလေးက သူ့သခင်မနောက်ကိုလိုက်လာသည်။ ဟိုကြည့်ဒီကြည့်လုပ်ရင်း စားပွဲခံုပေါ်ခုန်တက်လိုက်တော့ သူမကိုယ်ကစားပွဲပေါ်ရှိ ကော်ဖီခွက်ကိုတိုက် မိကာ ကော်ဖီများဖိတ်စင်ကုန်၏။
          ခွမ်းဆိုသည့်အသံကြား၍ သူမလှည့်ကြည့်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ ကော်ဖီ များက စားပွဲပေါ်တွင်တင်ထားသည့် စာအုပ်များနှင့်ဝက်ဝံရုပ်အဖြူလေးပေါ်တွင် ရွှဲရွှဲစိုနေသည်။
          ဝက်ဝံရုပ်လေးကော်ဖီစွန်းသွားတာသိသိချင်း သူမလှေျာ်ပါသေးသည်။ အရုပ်အရောင်က အဖြူစွတ်စွတ်မို့ ဘယ်လိုမှမပြောင်။
          မမပြန်လာတော့ ဖြစ်ကြောင်းကုန်စင်ကို မမကိုပြောပြခဲ့ပေမယ့် မမသူမကိုဘာတစ်ခွန်းမှ ခွန်းတံု့မပြန်။ မမအကျင့်က စိတ်အရမ်းဆိုးပြီဆို ဘာစကားမှမပြောတော့ပဲ ငြိမ်သက်သွားတတ်သည်။
          ထို့ကြောင့် သူမကလည်းအလိုက်သိစွာပင် ဘာမှဆက်မပြောပဲဆိတ်ဆိတ်နေလိုက်သည်။ ဒီနေ့တော့ စိတ်ဆိုးပြေမလားဆိုပြီး စကားစကြည့်ပေမယ့် သူမအတွေးကတက်တက်စင်အောင်လွဲခဲ့၏။
          အေးစက်စိမ်းကားသည့်စကားများက ဆန်းလရင်ကိုခွဲလိုက်သည့်နှယ် ရင်ဘတ်တစ်ခုလံုး ပူထူလာပြီး သူမမျက်လံုးတွေဝေဝါးလာသည်။
          မမတံခါးကိုခပ်ကြမ်းကြမ်းပိတ်ပြီး အခန်းအပြင်ထွက်သွားတော့မှ ဆန်းလ အိခနဲရှိုက်ငိုချ လိုက်သည်။

✽✽✽   ✽✽✽   ✽✽✽

          မနက်၈နာရီ………။
          ဒီမနက် မမကိုစိတ်ကောက်ပြီး အမေ့ကိုသူမချွဲနေသည်။
          အမေ့ကိုချွဲနေသည်သာဆိုရသည် ဂဏန်းပေါင်းစက်ကို တစ်ဒေါက်ဒေါက်ခေါက်နေသည့် အမေ့ပေါင်ပေါ်ခေါင်းတင်ပြီး အိပ်နေတာအပြင်မပို။ အမေဖြစ်သူကလည်း သမီးလေး၊ဘာလေးနှင့် စကာားမပြော။ ဆံပင်လေးမသပ်။ ယုတ်စွအဆံုး သူမပေါင်ပေါ်အိပ်နေတာတောင် သိရဲ့လားမသိ။
          သို့သော် ဒါကိုပင် အမေနှင့်သူမတို့ကြား တွတ်တီးတွတ်တာကျီစယ်သည့် အခိုက်အတန့် ကာလဟု သူမတို့မှတ်ယူထားကြသည်။
          အမေကပြတ်သားသည်။ စိတ်ဆတ်သည်။ တွေဝေခြင်းမရှိ။ ဘွင်းဘွင်းပြောတတ်သည်။ ပြောရလှျင် သူများမိခင်တွေလိုမျိုးမငြင်သာ။
          ဒါကလည်း အမေ့အပြစ်တော့မဟုတ်။ အဖေက မမ၂တန်းနှစ်၊ သူမ၁တန်းနှစ်ကတည်းက ဆံုးပါးသွားခဲ့သည်။ အမေကသူဌေးသမီးဆိုပေမယ့် အမေ့မိဘများက သူတို့သဘောမတူသူနောက် လိုက်သွားသဖြင့် အမွေပြတ်ဟုဆိုကာ ယနေ့တိုင်မဆက်သွယ်။ အဖေ့ကလည်းဆင်းရဲသူမို့ ပစ္စည်း ဥစ္စာဆိုလို့ ယခုလက်ရှိ အိမ်ကလေးတစ်လံုးသာကျန်ခဲ့သည်။
          ထိုကတည်းကအမေ့ခမျာ တစ်မိသားစုလံုး၏ စားဝတ်နေရေးအတွက် အခြားယောကျ်ား များနှင့် တန်းတူရင်ပေါင်တန်းပြီး ပိုက်ဆံရှာခဲ့ရသည်။ လောကဓံ၏ ရိုက်ပုတ်ချက်အောက်တွင် အမေ့ ခမျာ မိန်းမသားခန္ဓာကိုယ်နှင့် ယောကျ်ားစိတ်ဖြစ်ခဲ့ရသည်။ သူများမိခင်တွေလို ငြင်သာယုယမိချင်ခဲ့ လှျင်တောင် အမေ့တွင်အချိန်မရခဲ့။
          ဘာပဲပြောပြော အမေ့ကြိုးစားမှုအောက်တွင် သူမတို့ညီအစ်မ စားဝတ်နေရေးအတွက်တို့ ကျောင်းတက်ဖို့အတွက်တို့ ဘာမှစိတ်ပူစရာမလိုခဲ့။ ကုန်ကုန်ပြောရလှျင် မမကနောက်ဆံုးနှစ် သူမက တတိယနှစ်ရောက်လာသည့်တိုင် အလုပ်ထွက်မလုပ်ခဲ့ရ။
          “ညည်းထတော့အေ။ ငါနာလှပြီ။ နင်ခေါင်းကအရမ်းလေးတယ်”
          သူမအိပ်တာ ၁၀မိနစ်လောက်ပဲကြာသေးပေမယ့် အမေသူမကိုထခိုင်းလေသည်။
          “အမေ သမီးကိုဘီးဖြီးပေးပါလား”
          အမေ့စကားကို မကြားချင်ယောင်ဆောင်ပြီး သူမဖြစ်လိုသည့်ဆန္ဒကို မဝံ့မရဲပြောမိသည်။
          “အို…ရှုပ်ရှုပ်ရှက်ရှက်အေ…။ တစ်ရက်တစ်လေလေး ကျောင်းနောက်ကျမှသွားပါတယ်။ သူ့ခေါင်းအလေးကြီး ငါ့ပေါင်ပေါ်လာအိပ်ရတာနဲ့၊ ခေါင်းဖြီးခိုင်းရတာနဲ့ အလုပ်ကိုရှုပ်နေတာပဲ”
          “အမေကလည်း သမီးသူငယ်ချင်းအမေတွေဆို သမီးသူငယ်ချင်းတွေကိုခေါင်းတွေဖြီးပေး ဆံပင်လေးတွေရှင်းပေးလုပ်ပေးကြ……”
          “တိတ်စမ်း ဆန်းလ”
          အမေ့ဒေါသသံအောက်တွင် သူမစကားလံုးများပျောက်ဆံုးသွားသည်။
          “တစ်ခြားအမေတွေဆိုတဲ့စကားမပြောနဲ့။ တစ်ခြားအမေတွေ ငါ့လိုစီးပွားရှာသလား။ ငါ့လို ပိုက်ဆံရှာသလား။
          ငါအလုပ်ရှုပ်နေလို့ စိတ်မတိုချင်ပါဘူးဆိုမှ နင်ကငါ့ဒေါသကိုလာဆွနေတယ်။
          သွားတော့ဆန်းလရယ်။ နင့်ကိုငါဆက်မမြင်ချင်ဘူး။ ဆက်မြင်နေရရင်သွေးတက်တယ်။”
          အမေ့၏နောက်ဆံုးစကားကိုကြားလိုက်ရတော့ သူမရင်ထဲနင့်သွားသည်။
          အမေရယ်ပြောရက်လိုက်တာ။ တစ်ခါတစ်လေလေး ကိုယ့်အမေနဲ့ယုယုယယနေချင်တာ သမီးမှားသွားလားဟင်။ အမေ အလုပ်ရှုပ်နေမှန်းသိပေမယ့် တစ်ကယ်လို့များဆိုတဲ့အတွေးလေးနဲ့ မေးကြည့်မိတာပါ။
          ခုတော့…ခုတော့အမေက နင့်ကိုမမြင်ချင်တော့ဘူးတဲ့။
          ဝေ့ဝဲတက်လာသောမျက်ရည်စများကို သူမမျက်တောင်လေးဖြင့်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အမေ့ရှေ့မှထွက်လာခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

သင္းကြဲႀကိဳးၾကာ-၁ (သင်းကွဲကြိုးကြာ-၁)

          #ဒိုင္ယာရီစာမ်က္ႏွာတစ္#
          ကြၽန္မအႀကိဳက္ဆံုးအေရာင္ေတြက အမည္းရယ္၊ အညိဳရယ္၊ အျဖဴရယ္၊ အစိမ္းရယ္၊ ေနာက္ၿပီး အျပာရယ္။

          #ဒိုင္ယာရီစာမ်က္ႏွာေလး#
          တိုက္ဆိုင္တာပဲလားေတာ့မသိပါဘူး။ ကြၽန္မအခ်စ္ဆံုးသူေတြကလည္း ၅ေယာက္ရွိတယ္။
          (ဒီတစ္ခါေတာ့ ေနာက္ဆံုးကေနစေျပာမယ္) သူတို႔ေတြက မမ၊ သူငယ္ခ်င္းမေလးေႏြဦး၊ ကိုကို၊ ေမေမနဲ႔ …………………………………………………………… ……………………………………………………………………………………………………………………………………………………။
          အခ်စ္ဆံုးတစ္ေယာက္ကိုေတာ့ မေျပာေတာ့ပါဘူး။ အေသသတ္…။

          #ဒိုင္ယာရီစာမ်က္ႏွာသံုး#
          ကြၽန္မအႀကိဳက္ဆံုးကစားနည္းကသိပ္မမ်ားဘူးရွင့္။
          အင္း…ကေလးဘဝထဲက ကစားလာတဲ႔ကစားနည္းဆိုရင္ေတာ့တစ္မ်ိဳးပဲရွိတယ္။ စကၠဴရုပ္ ခ်ိဳးတာ။ အဲဒီစကၠဴရုပ္ခ်ိဳးတာထဲကမွ ႀကိဳးၾကာရုပ္ေလးခ်ိဳးရတာအႀကိဳက္ဆံုးပဲ။
          လြတ္ေျမာက္ရာေနရာတစ္ခုဆီ အေတာင္ျဖန္႔ၿပီးပ်ံသန္းေနတဲ႔ပံုေလးေလ။ ဘယ္ေလာက္ လြတ္လပ္ၿပီး ဘယ္ေလာက္ေပါ့ပါးလိုက္သလဲ။

          #ဒိုင္ယာရီစာမ်က္ႏွာေလး#
          ဂဏန္းေတြထဲကိုၾကည့္လိုက္ရင္ ၃နဲ႔၄ကကြၽန္မအတြက္အထင္ရွားဆံုးပါပဲ။
          ဟုတ္တယ္။ သူတို႔ႏွစ္ေယာက္က စိတ္ဆိုးစိတ္ေကာက္ေနတဲ႔ သူငယ္ခ်င္းေတြ။
          အဲ…။ ဒါေပမယ့္ ၄ကကံေကာင္းတယ္ သူ႔ဖက္လွည့္ၿပီး အားေပးစကားေျပာမယ့္၅ရွိတယ္။ ၃ကေတာ့ကံဆိုးတယ္။ ၂ဆိုတဲ႔တစ္ေယာက္က သူ႔ကိုဂရုမစိုက္ဘူးေလ။
          ဟြန္း… အဲဒီ၂က မုန္းစရာႀကီး။

✽✽✽   ✽✽✽   ✽✽✽

          “ေရာ့…သမီးဆန္းလ။ ဒီေဆးေလးေတြေသာက္”
          သူမေရွ႕သို႔ သူမရဲ႕ေဆးစာအုပ္ေလးေရာက္လာသျဖင့္ ေဒါက္တာ့ကိုေမာ့ၾကည့္မိေတာ့ ေဒါက္တာကဖခင္တစ္ေယာက္လိုၿပံဳးျပသည္။
          “သမီးကဆရာ့လူနာျဖစ္တာမၾကာေသးေပမယ့္ သမီးအေၾကာင္းဆရာသိပါတယ္။ သမီးက အားငယ္လြယ္တာကိုး။ ဒီမွာၾကည့္စမ္းသမီး။ ေလာကမွာ ဘယ္သူမွတစ္ေယာက္တည္းမဟုတ္ဘူးကြ။ သမီးက ငါကေတာ့စည္းအျပင္ေရာက္ေနၿပီလို႔ထင္ရင္ သမီးစည္းအျပင္ေရာက္သြားၿပီ။ ဒီလိုမွမဟုတ္ပဲ ငါ့ပတ္ဝန္းက်င္ကေတာ့ ငါ့အေပၚေႏြးေထြးတယ္လို႔သတ္မွတ္လိုက္ရင္ သမီးပတ္ဝန္းက်င္က သမီးကို ေႏြးေႏြးေထြးေထြးဆက္ဆံၾကလိမ့္မယ္”
          ဆရာ့ဆီကဒီလိုစကားေတြၾကားရေတာ့ သူမအားတက္မိသည္။ မိႈင္းညွိဳ႕ေနသည့္မ်က္ဝန္း ေတြက ခုမွတဖ်တ္ဖ်တ္လက္လာသည္။
          “ဒါဆိုဆရာ သမီးရဲ႕ေရာဂါက ကုလို႔ေပ်ာက္တယ္ေပါ့ေနာ္”
          “ဒါေပါ့သမီးရဲ႕။ ဆရာေပးတဲ့ေဆးေလးေတြကို မွန္မွန္ေသာက္မယ္။ ဆရာ့စကားေတြကို လိုက္နာမယ္ဆိုရင္ သမီးရဲ႕စိတ္က်ေရာဂါကေပ်ာက္သြားမွာပါ။ အားတဲ႔အခ်ိန္တိုင္းလည္း တရားထိုင္ ေပးေပါ့”
          “အခုလိုၾကားရတာဝမ္းသာလိုက္တာဆရာရယ္”
          သူမစကားၾကားေတာ့ ဆရာကသူ႔ပံုစံအတိုင္း ေႏြးေထြးစြာထပ္ၿပံဳးျပန္သည္။ ထို႔ေနာက္ လက္ညွိဳးေလးေထာင္ကာ
          “အဓိက သမီးမေမ့ဖို႔က ပန္းခ်ီကားတစ္ခ်ပ္လွျခင္းမလွျခင္းဆိုတာ သမီးဒီပန္းခ်ီကားကို ဘယ္လိုၾကည့္မၾကည့္ဆိုတာအေပၚမူတည္တယ္ကြဲ႔”
          ဆရာ့ေနာက္ဆံုးစကားက သူမရင္ထဲပဲ႔တင္ထပ္သြားသည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          #ဒိုင်ယာရီစာမျက်နှာတစ်#
          ကျွန်မအကြိုက်ဆံုးအရောင်တွေက အမည်းရယ်၊ အညိုရယ်၊ အဖြူရယ်၊ အစိမ်းရယ်၊ နောက်ပြီး အပြာရယ်။

          #ဒိုင်ယာရီစာမျက်နှာလေး#
          တိုက်ဆိုင်တာပဲလားတော့မသိပါဘူး။ ကျွန်မအချစ်ဆံုးသူတွေကလည်း ၅ယောက်ရှိတယ်။
          (ဒီတစ်ခါတော့ နောက်ဆံုးကနေစပြောမယ်) သူတို့တွေက မမ၊ သူငယ်ချင်းမလေးနွေဦး၊ ကိုကို၊ မေမေနဲ့ ……………………………………………………………… …………………………………………………………………………………………………………………………………………………။
          အချစ်ဆံုးတစ်ယောက်ကိုတော့ မပြောတော့ပါဘူး။ အသေသတ်…။

          #ဒိုင်ယာရီစာမျက်နှာသံုး#
          ကျွန်မအကြိုက်ဆံုးကစားနည်းကသိပ်မများဘူးရှင့်။
          အင်း…ကလေးဘဝထဲက ကစားလာတဲ့ကစားနည်းဆိုရင်တော့တစ်မျိုးပဲရှိတယ်။ စက္ကူရုပ် ချိုးတာ။ အဲဒီစက္ကူရုပ်ချိုးတာထဲကမှ ကြိုးကြာရုပ်လေးချိုးရတာအကြိုက်ဆံုးပဲ။
          လွတ်မြောက်ရာနေရာတစ်ခုဆီ အတောင်ဖြန့်ပြီးပျံသန်းနေတဲ့ပံုလေးလေ။ ဘယ်လောက် လွတ်လပ်ပြီး ဘယ်လောက်ပေါ့ပါးလိုက်သလဲ။

          #ဒိုင်ယာရီစာမျက်နှာလေး#
          ဂဏန်းတွေထဲကိုကြည့်လိုက်ရင် ၃နဲ့၄ကကျွန်မအတွက်အထင်ရှားဆံုးပါပဲ။
          ဟုတ်တယ်။ သူတို့နှစ်ယောက်က စိတ်ဆိုးစိတ်ကောက်နေတဲ့ သူငယ်ချင်းတွေ။
          အဲ…။ ဒါပေမယ့် ၄ကကံကောင်းတယ် သူ့ဖက်လှည့်ပြီး အားပေးစကားပြောမယ့်၅ရှိတယ်။ ၃ကတော့ကံဆိုးတယ်။ ၂ဆိုတဲ့တစ်ယောက်က သူ့ကိုဂရုမစိုက်ဘူးလေ။
          ဟွန်း… အဲဒီ၂က မုန်းစရာကြီး။

✽✽✽   ✽✽✽   ✽✽✽

          “ရော့…သမီးဆန်းလ။ ဒီဆေးလေးတွေသောက်”
          သူမရှေ့သို့ သူမရဲ့ဆေးစာအုပ်လေးရောက်လာသဖြင့် ဒေါက်တာ့ကိုမော့ကြည့်မိတော့ ဒေါက်တာကဖခင်တစ်ယောက်လိုပြံုးပြသည်။
          “သမီးကဆရာ့လူနာဖြစ်တာမကြာသေးပေမယ့် သမီးအကြောင်းဆရာသိပါတယ်။ သမီးက အားငယ်လွယ်တာကိုး။ ဒီမှာကြည့်စမ်းသမီး။ လောကမှာ ဘယ်သူမှတစ်ယောက်တည်းမဟုတ်ဘူးကွ။ သမီးက ငါကတော့စည်းအပြင်ရောက်နေပြီလို့ထင်ရင် သမီးစည်းအပြင်ရောက်သွားပြီ။ ဒီလိုမှမဟုတ်ပဲ ငါ့ပတ်ဝန်းကျင်ကတော့ ငါ့အပေါ်နွေးထွေးတယ်လို့သတ်မှတ်လိုက်ရင် သမီးပတ်ဝန်းကျင်က သမီးကို နွေးနွေးထွေးထွေးဆက်ဆံကြလိမ့်မယ်”
          ဆရာ့ဆီကဒီလိုစကားတွေကြားရတော့ သူမအားတက်မိသည်။ မှိုင်းညှို့နေသည့်မျက်ဝန်း တွေက ခုမှတဖျတ်ဖျတ်လက်လာသည်။
          “ဒါဆိုဆရာ သမီးရဲ့ရောဂါက ကုလို့ပျောက်တယ်ပေါ့နော်”
          “ဒါပေါ့သမီးရဲ့။ ဆရာပေးတဲ့ဆေးလေးတွေကို မှန်မှန်သောက်မယ်။ ဆရာ့စကားတွေကို လိုက်နာမယ်ဆိုရင် သမီးရဲ့စိတ်ကျရောဂါကပျောက်သွားမှာပါ။ အားတဲ့အချိန်တိုင်းလည်း တရားထိုင် ပေးပေါ့”
          “အခုလိုကြားရတာဝမ်းသာလိုက်တာဆရာရယ်”
          သူမစကားကြားတော့ ဆရာကသူ့ပံုစံအတိုင်း နွေးထွေးစွာထပ်ပြံုးပြန်သည်။ ထို့နောက် လက်ညှိုးလေးထောင်ကာ
          “အဓိက သမီးမမေ့ဖို့က ပန်းချီကားတစ်ချပ်လှခြင်းမလှခြင်းဆိုတာ သမီးဒီပန်းချီကားကို ဘယ်လိုကြည့်မကြည့်ဆိုတာအပေါ်မူတည်တယ်ကွဲ့”
          ဆရာ့နောက်ဆံုးစကားက သူမရင်ထဲပဲ့တင်ထပ်သွားသည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

သတိ…လူလဲေနသည္ (သတိ…လူလဲနေသည်)

          ငွက္ရိုးအိမ္ႏွင့္မနီးမေဝးတြင္ ဝါးရံုေတာႀကီးတစ္ခုရွိသည္။ ငွက္ရိုးတို႔ကေတာ့ ထိုအရပ္ကို ဝါးေတာဟုေခၚသည္။
          ထိုဝါးေတာကေျမၾကမ္းသည္။ ဟိုနားတစ္ခ်ိဳင့္ ဒီနားတစ္ခ်ိဳင့္ႏွင့္ လက္ဖက္ရည္ခ်ိဳင့္ ဆြဲတာမ်ိဳးမဟုတ္ (အဲ…ဟုတ္ေပါင္။ လက္ဖက္ရည္ဆိုင္နဲ႔ေရာကုန္ၿပီ။) ဟိုနားတစ္ခ်ိဳင့္ ဒီနားတစ္ခ်ိဳင့္ႏွင့္ ခြက္ဝင္ေနတာမ်ိဳးမဟုတ္။ သရဲေျခာက္ၿပီး လူလဲတာမ်ိဳးျဖစ္သည္။
          လူလဲတယ္ဆိုတာကဒီလို။
          ထိုဝါးေတာမွာမွီတင္းေနထိုင္သည့္ သရဲႏွင့္သရဲထိန္းေတြ အမ်ားႀကီးရွိသည္ဟု ငွက္ရိုးတို႔ ဘႀကီးဘုန္းႀကီးကေျပာဖူးသည္။
          သရဲထိန္းဆိုတာၾကားေတာ့ နယ္ခံမဟုတ္သည့္ လူေတာ္ေတာ္မ်ားမ်ားက ေခါင္းရွဳပ္သြား တတ္သည္။ တစ္ကယ္ေတာ့ သရဲထိန္းဆိုသည္ကလည္း သရဲတစ္မ်ိဳးသာ။ သို႔ေသာ္ သာမန္သရဲ မ်ားႏွင့္မတူသည္မွာ သူတို႔က သရဲအခ်င္းခ်င္း ကတံုးေပၚထိပ္ကြက္တတ္သည္။
          ထိုသရဲထိန္းမ်ားအေၾကာင္း ေျပာရလွ်င္ဆံုးမည္မထင္။ ဘိန္းစားအခ်င္းခ်င္းဆို သူတို႔က တစ္မူးပိုရွဴသည္။ ေခြးဝဲစားအခ်င္းခ်င္းဆို သူတို႔ကအီအီးတစ္ပံုပိုစားသည္။ ထိုသို႔ ထိပ္ကြက္တတ္ ၾကသူမ်ားပါေပ။
          ခုလည္းၾကည့္။ တစ္ခ်ိဳ႕သရဲႀကီးေတြဆို ဘယ္ေလာက္ေတာင္ ထိပ္အကြက္ခံထားရလဲ မသိ။ ထိုဝါးေတာတြင္ ေနလာတာႏွစ္ေပါင္းဆယ္ႏွင့္ခ်ီၿပီးၾကာေနေလၿပီ။ ဒီေတာ့ သရဲထိန္းေတြက သူတို႔ကိုဆက္မထားခ်င္။
          ဒါေပမယ့္ ဒီဝါးေတာႀကီးကို ဒီအတိုင္းခ်န္ထားခိုင္းၿပီး ႏွင္ထုတ္ဖို႔ကလည္းမျဖစ္ႏိုင္ေတာ့ ထိုသရဲႀကီးေတြကိုယ္စား ဝါးေတာတြင္ေနေပးမည့္သူေတြလိုလာသည္။ ဒီေတာ့ လူစားလဲသည္။
          Old service သရဲအေဟာင္းအႏြမ္းအေဆြးအေျမ႕ႀကီးေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး လိုက္ၿပီး သရဲဂ်ဴနီယာေနာက္ေပါက္ေလးေတြကိုေတာ့ ထိုဝါးေတာထဲတြင္စံျမန္းေစသည္။
          ငွက္ရိုးအေတြ႔အႀကံဳအရဆို အရင္တုန္းကဒီေလာက္မဆိုး ခုတစ္ေလာမွေတာ္ေတာ္ေလး ဆိုးလာသည္။ လူစားလဲတာေတြစိပ္လာသည္။ (အရပ္အေခၚဆြဲစိတာေတြစိပ္လာသည္။)
          ထိုဝါးေတာရဲ႕ေဘးမွာ လမ္းမတစ္ခုရွိသည္။ ထိုလမ္းမေပၚထြက္ခ်င္သလား။ ဒီအတိုင္း ထြက္လို႔မရ။ လမ္းမေပၚလြတ္လပ္စြာထြက္ပိုင္ခြင့္မရွိ။
          အရင္ဆံုး ထိုဝါးေတာတြင္ရွိသည့္ သရဲထိန္းမ်ားကို ပူေဇာ္ရသည္။ ပသရသည္။ ဘယ္ေန႔ ဘယ္အခ်ိန္တြင္ ေက်းေတာ္မ်ိဳးကြၽန္ေတာ္မ်ိဳးတို႔ လမ္းမေပၚတက္ၾကပါမည္။ လမ္းမေပၚထြက္ၾကပါမည္  ဆိုသည့္အေၾကာင္း အရင္ဆံုးသံေတာ္ဦးတင္ရသည္။ ဒီေတာ့မွ ထိုသရဲထိန္းအေပါင္းကစိစစ္သည္။ ထိုသရဲထိန္းမ်ားဆီက ခြင့္ျပဳမိန္႔က်မွ လမ္းမေပၚထြက္ခြင့္ရွိသည္။ (အႏွီသရဲထိန္းမ်ားႏွင့္လူတို႔အၾကား နားလည္မႈဘယ္လိုယူသလဲ ဆိုတာေတာ့ ငွက္ရိုးလည္းမသိ)
          ခြင့္ျပဳမိန္႔မရွိပဲ လမ္းမေပၚထြက္သူမ်ား၊ ျဖတ္သန္းသြားလာသူမ်ားကေတာ့မေခ်ာင္။ သရဲ ထိန္းမ်ားက တုတ္ေတြႏွင့္ေဆာ္သည္။ နားရင္းေတြအုပ္သည္။ ၿပီးေတာ့ ဆြဲစိလိုက္သည္။ လူေတြ တင္လားဆိုေတာ့မဟုတ္။ တစ္ခါတစ္ခါဆို သမခံရသည့္အထဲ ကားေတြပါပါသည္။
          ဒီလိုလုပ္လို႔ ထိုသရဲထိန္းမ်ားကို သြားေဝဖန္လို႔မရ။ ေဝဖန္မိလွ်င္လည္းဆြဲသည္။
          ဟိုတစ္ေလာက ငွက္ရိုးတို႕ရပ္ကြက္ထဲက ဦးေလးႀကီးတစ္ေယာက္ ထိုသရဲထိန္းမ်ားကို သြားႀကိမ္းသည္။
          “လမ္းမေပၚထြက္တဲ႔သူေတြကို ဒီလိုလုပ္ရေအာင္ မင္းတို႔က ဘာမို႔လို႔လဲ။ မင္းတို႔ေတြ ေသသြားခ်င္လား။ ရွင္သြားခ်င္လား။ မေသမရွင္ျဖစ္သြားခ်င္လား။ ဆန္႔ငင္ဆန္႔ငင္ျဖစ္သြားခ်င္လား”
          စသျဖင့္ သြားႀကိမ္းသည္။ သူပါ အဆြဲခံလိုက္ရသည္။
          ထိုဝါးရံုနား မေအာင့္ႏိုင္လို႔ ရွဴရွဴးသြားပန္းလိုက္လည္းဆြဲသည္။ ညႀကီးမင္းႀကီး တစ္ကိုယ္ တည္းလမ္းသလားမိလည္းဆြဲသည္။ ဝါးေတာႏွင့္မလွမ္းမကမ္းကဓာတ္တိုင္ေအာက္ ငုတ္တုတ္ထိုင္ေန မိလည္းဆြဲသည္။
          ႏွာေခ်လွ်င္ဆြဲသည္။ ေခ်ာင္းဟန္႔လွ်င္ဆြဲသည္။ ေနာက္ဆံုး ေလလည္မိလွ်င္ေတာင္ ဆြဲသည္မို႔ တစ္ခ်ိဳ႕အေဒၚႀကီးေတြဆို သြားေလရာေျပာင္းဖူးရိုးႀကီးတစ္ခု ယူယူသြားၾကသည္။ သူတို႔ ကေတာ့ ထိုေျပာင္းဖူးရိုးမ်ားကို ဆိုင္လင္ဆာဟုေခၚၾကသည္။ ဘယ္ေနရာမွာသံုးမလဲဆိုတာေတာ့ ငွက္ရိုးမသိ။
          ဒီေလာက္အထိ ေျမၾကမ္းလာေတာ့ အထက္လမ္းဆရာတစ္ေယာက္က သရဲေတြကို လာႏွိမ္ႏွင္းသည္။
          သို႔ေသာ္ သရဲေတြက တစ္ေကာင္ႏွစ္ေကာင္မဟုတ္ပဲ တပ္တစ္တပ္စာမွ်ရွိသည္ဆိုေတာ့ အထက္လမ္းဆရာကအႀကံထုတ္သည္။ သူတစ္ေယာက္တည္းအားႏွင့္လည္း ထိုသရဲေတြကိုမရွင္းႏိုင္။ သရဲအငယ္ေလးေတြကို လိုက္ရွင္းေနလို႔လည္း သိပ္ၿပီးထူးျခားမည္မဟုတ္။ ဒီေတာ့ ထိုသရဲအေပါင္း တို႔၏ အေခါင္အမွဴး သရဲတပ္ခ်ဳပ္ႀကီးကို ရွင္းရန္ဆံုးျဖတ္လိုက္သည္။
          သို႔ႏွင့္Missionကိုစသည္။ ထိုသရဲႀကီးက အင္အားႀကီးလြန္းသည္မို႔ ထိုသရဲကိုနာမ္ႏွိမ္ရန္ ယၾတာအစီအရင္တစ္ခုစလုပ္သည္။
          သရဲဆိုသည့္အမ်ိဳးကကင္မရာတြင္ေပၚသည္မို႔ ထိုသရဲႀကီးမ်က္ႏွာကိုဓာတ္ပံုရိုက္ယူသည္။ ထို႔ေနာက္ ဝက္ေကြၽးလို႔ႏြားမစား၊ေခြးေတာင္ရွဴရွဴးလွည့္မပန္းသည့္ ထိုေျပာင္ေခ်ာ္ေခ်ာ္မ်က္ခြက္ႀကီးကို ေျခေထာက္ျဖင့္တက္နင္းၿပီး သူ႔အစီအရင္ကိုဆက္လုပ္သည္။ ယၾတာမဆံုးခင္မွာပဲ ထိုဆရာအဆြဲစိ ခံလိုက္ရသည္။
          ဒီေတာ့ မၿပီးလိုက္သည့္ ဆရာ့အစီအရင္ကို တပည့္ျဖစ္သူက ဆက္ၿပီးအေကာင္အထည္ ေဖာ္သည္။ သူလည္း ဆြဲစိခံလိုက္ရသည္။
          တစ္ျဖည္းျဖည္းႏွင့္ ငွက္ရိုးတို႔မ်က္ခံုးလႈပ္လာသည္။ ဘုန္းႀကီးမ်ားကိုပင့္လို႔လည္းမထူးျခား။ တစ္ခ်ိဳ႕ဘုန္းႀကီးေတြ အဆြဲခံရသည္။ တစ္ခ်ိဳ႕ဘုန္းႀကီးေတြ နားရင္းအုပ္ခံရသည္။ ဒီၾကားထဲ ကမၼဝါ ညွပ္လို႔မကြၽတ္သည့္ ဘုန္းႀကီးသရဲေတြပါရွိေနေတာ့ အေျခအေနကပိုဆိုးလာသည္။
          လြတ္လာသည့္ Old serviceသရဲႀကီးေတြကလည္း ဘာေျခာက္သလဲမေမးႏွင့္။ ေန႔ခင္း ဖက္ေတာင္မေရွာင္ပဲ ေျခာက္ၾကသည္။
          တစ္ေန႔တစ္ေန႔ ငွက္ရိုးတို႔က်ီးလန္႔စာစားေနရသည္။ တတ္သမွ်မွတ္သမွ် ဘုရားစာေလး တတြတ္တြတ္ရြတ္ေနၾကရသည္။
          ညေမွာင္တာနဲ႔ ဘယ္သူမွအိမ္ျပင္မထြက္ရဲ။ အိမ္ထဲမွာပင္ကုပ္ေနရသည္။ ဘယ္ေတာ့မ်ား အိမ္ေပၚတက္ေျခာက္မလဲ လန္႔ေနရသည္။
          ခုတေလာ လူစားလဲေနသည္။ လူစားလဲတာေတြစိပ္ေနသည္။

(ပေရာ္ဖက္ဆာေဒါက္တာငွက္ရိုး)
(Zawgyi)

          ငှက်ရိုးအိမ်နှင့်မနီးမဝေးတွင် ဝါးရံုတောကြီးတစ်ခုရှိသည်။ ငှက်ရိုးတို့ကတော့ ထိုအရပ်ကို ဝါးတောဟုခေါ်သည်။
          ထိုဝါးတောကမြေကြမ်းသည်။ ဟိုနားတစ်ချိုင့် ဒီနားတစ်ချိုင့်နှင့် လက်ဖက်ရည်ချိုင့် ဆွဲတာမျိုးမဟုတ် (အဲ…ဟုတ်ပေါင်။ လက်ဖက်ရည်ဆိုင်နဲ့ရောကုန်ပြီ။) ဟိုနားတစ်ချိုင့် ဒီနားတစ်ချိုင့်နှင့် ခွက်ဝင်နေတာမျိုးမဟုတ်။ သရဲခြောက်ပြီး လူလဲတာမျိုးဖြစ်သည်။
          လူလဲတယ်ဆိုတာကဒီလို။
          ထိုဝါးတောမှာမှီတင်းနေထိုင်သည့် သရဲနှင့်သရဲထိန်းတွေ အများကြီးရှိသည်ဟု ငှက်ရိုးတို့ ဘကြီးဘုန်းကြီးကပြောဖူးသည်။
          သရဲထိန်းဆိုတာကြားတော့ နယ်ခံမဟုတ်သည့် လူတော်တော်များများက ခေါင်းရှုပ်သွား တတ်သည်။ တစ်ကယ်တော့ သရဲထိန်းဆိုသည်ကလည်း သရဲတစ်မျိုးသာ။ သို့သော် သာမန်သရဲ များနှင့်မတူသည်မှာ သူတို့က သရဲအချင်းချင်း ကတံုးပေါ်ထိပ်ကွက်တတ်သည်။
          ထိုသရဲထိန်းများအကြောင်း ပြောရလှျင်ဆံုးမည်မထင်။ ဘိန်းစားအချင်းချင်းဆို သူတို့က တစ်မူးပိုရှူသည်။ ခွေးဝဲစားအချင်းချင်းဆို သူတို့ကအီအီးတစ်ပံုပိုစားသည်။ ထိုသို့ ထိပ်ကွက်တတ် ကြသူများပါပေ။
          ခုလည်းကြည့်။ တစ်ချို့သရဲကြီးတွေဆို ဘယ်လောက်တောင် ထိပ်အကွက်ခံထားရလဲ မသိ။ ထိုဝါးတောတွင် နေလာတာနှစ်ပေါင်းဆယ်နှင့်ချီပြီးကြာနေလေပြီ။ ဒီတော့ သရဲထိန်းတွေက သူတို့ကိုဆက်မထားချင်။
          ဒါပေမယ့် ဒီဝါးတောကြီးကို ဒီအတိုင်းချန်ထားခိုင်းပြီး နှင်ထုတ်ဖို့ကလည်းမဖြစ်နိုင်တော့ ထိုသရဲကြီးတွေကိုယ်စား ဝါးတောတွင်နေပေးမည့်သူတွေလိုလာသည်။ ဒီတော့ လူစားလဲသည်။
          Old service သရဲအဟောင်းအနွမ်းအဆွေးအမြေ့ကြီးတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ပြီး သရဲဂျူနီယာနောက်ပေါက်လေးတွေကိုတော့ ထိုဝါးတောထဲတွင်စံမြန်းစေသည်။
          ငှက်ရိုးအတွေ့အကြံုအရဆို အရင်တုန်းကဒီလောက်မဆိုး ခုတစ်လောမှတော်တော်လေး ဆိုးလာသည်။ လူစားလဲတာတွေစိပ်လာသည်။ (အရပ်အခေါ်ဆွဲစိတာတွေစိပ်လာသည်။)
          ထိုဝါးတောရဲ့ဘေးမှာ လမ်းမတစ်ခုရှိသည်။ ထိုလမ်းမပေါ်ထွက်ချင်သလား။ ဒီအတိုင်း ထွက်လို့မရ။ လမ်းမပေါ်လွတ်လပ်စွာထွက်ပိုင်ခွင့်မရှိ။
          အရင်ဆံုး ထိုဝါးတောတွင်ရှိသည့် သရဲထိန်းများကို ပူဇော်ရသည်။ ပသရသည်။ ဘယ်နေ့ ဘယ်အချိန်တွင် ကျေးတော်မျိုးကျွန်တော်မျိုးတို့ လမ်းမပေါ်တက်ကြပါမည်။ လမ်းမပေါ်ထွက်ကြပါမည်  ဆိုသည့်အကြောင်း အရင်ဆံုးသံတော်ဦးတင်ရသည်။ ဒီတော့မှ ထိုသရဲထိန်းအပေါင်းကစိစစ်သည်။ ထိုသရဲထိန်းများဆီက ခွင့်ပြုမိန့်ကျမှ လမ်းမပေါ်ထွက်ခွင့်ရှိသည်။ (အနှီသရဲထိန်းများနှင့်လူတို့အကြား နားလည်မှုဘယ်လိုယူသလဲ ဆိုတာတော့ ငှက်ရိုးလည်းမသိ)
          ခွင့်ပြုမိန့်မရှိပဲ လမ်းမပေါ်ထွက်သူများ၊ ဖြတ်သန်းသွားလာသူများကတော့မချောင်။ သရဲ ထိန်းများက တုတ်တွေနှင့်ဆော်သည်။ နားရင်းတွေအုပ်သည်။ ပြီးတော့ ဆွဲစိလိုက်သည်။ လူတွေ တင်လားဆိုတော့မဟုတ်။ တစ်ခါတစ်ခါဆို သမခံရသည့်အထဲ ကားတွေပါပါသည်။
          ဒီလိုလုပ်လို့ ထိုသရဲထိန်းများကို သွားဝေဖန်လို့မရ။ ဝေဖန်မိလှျင်လည်းဆွဲသည်။
          ဟိုတစ်လောက ငှက်ရိုးတို့ရပ်ကွက်ထဲက ဦးလေးကြီးတစ်ယောက် ထိုသရဲထိန်းများကို သွားကြိမ်းသည်။
          “လမ်းမပေါ်ထွက်တဲ့သူတွေကို ဒီလိုလုပ်ရအောင် မင်းတို့က ဘာမို့လို့လဲ။ မင်းတို့တွေ သေသွားချင်လား။ ရှင်သွားချင်လား။ မသေမရှင်ဖြစ်သွားချင်လား။ ဆန့်ငင်ဆန့်ငင်ဖြစ်သွားချင်လား”
          စသဖြင့် သွားကြိမ်းသည်။ သူပါ အဆွဲခံလိုက်ရသည်။
          ထိုဝါးရံုနား မအောင့်နိုင်လို့ ရှူရှူးသွားပန်းလိုက်လည်းဆွဲသည်။ ညကြီးမင်းကြီး တစ်ကိုယ် တည်းလမ်းသလားမိလည်းဆွဲသည်။ ဝါးတောနှင့်မလှမ်းမကမ်းကဓာတ်တိုင်အောက် ငုတ်တုတ်ထိုင်နေ မိလည်းဆွဲသည်။
          နှာချေလှျင်ဆွဲသည်။ ချောင်းဟန့်လှျင်ဆွဲသည်။ နောက်ဆံုး လေလည်မိလှျင်တောင် ဆွဲသည်မို့ တစ်ချို့အဒေါ်ကြီးတွေဆို သွားလေရာပြောင်းဖူးရိုးကြီးတစ်ခု ယူယူသွားကြသည်။ သူတို့ ကတော့ ထိုပြောင်းဖူးရိုးများကို ဆိုင်လင်ဆာဟုခေါ်ကြသည်။ ဘယ်နေရာမှာသံုးမလဲဆိုတာတော့ ငှက်ရိုးမသိ။
          ဒီလောက်အထိ မြေကြမ်းလာတော့ အထက်လမ်းဆရာတစ်ယောက်က သရဲတွေကို လာနှိမ်နှင်းသည်။
          သို့သော် သရဲတွေက တစ်ကောင်နှစ်ကောင်မဟုတ်ပဲ တပ်တစ်တပ်စာမှျရှိသည်ဆိုတော့ အထက်လမ်းဆရာကအကြံထုတ်သည်။ သူတစ်ယောက်တည်းအားနှင့်လည်း ထိုသရဲတွေကိုမရှင်းနိုင်။ သရဲအငယ်လေးတွေကို လိုက်ရှင်းနေလို့လည်း သိပ်ပြီးထူးခြားမည်မဟုတ်။ ဒီတော့ ထိုသရဲအပေါင်း တို့၏ အခေါင်အမှူး သရဲတပ်ချုပ်ကြီးကို ရှင်းရန်ဆံုးဖြတ်လိုက်သည်။
          သို့နှင့်Missionကိုစသည်။ ထိုသရဲကြီးက အင်အားကြီးလွန်းသည်မို့ ထိုသရဲကိုနာမ်နှိမ်ရန် ယတြာအစီအရင်တစ်ခုစလုပ်သည်။
          သရဲဆိုသည့်အမျိုးကကင်မရာတွင်ပေါ်သည်မို့ ထိုသရဲကြီးမျက်နှာကိုဓာတ်ပံုရိုက်ယူသည်။ ထို့နောက် ဝက်ကျွေးလို့နွားမစား၊ခွေးတောင်ရှူရှူးလှည့်မပန်းသည့် ထိုပြောင်ချော်ချော်မျက်ခွက်ကြီးကို ခြေထောက်ဖြင့်တက်နင်းပြီး သူ့အစီအရင်ကိုဆက်လုပ်သည်။ ယတြာမဆံုးခင်မှာပဲ ထိုဆရာအဆွဲစိ ခံလိုက်ရသည်။
          ဒီတော့ မပြီးလိုက်သည့် ဆရာ့အစီအရင်ကို တပည့်ဖြစ်သူက ဆက်ပြီးအကောင်အထည် ဖော်သည်။ သူလည်း ဆွဲစိခံလိုက်ရသည်။
          တစ်ဖြည်းဖြည်းနှင့် ငှက်ရိုးတို့မျက်ခံုးလှုပ်လာသည်။ ဘုန်းကြီးများကိုပင့်လို့လည်းမထူးခြား။ တစ်ချို့ဘုန်းကြီးတွေ အဆွဲခံရသည်။ တစ်ချို့ဘုန်းကြီးတွေ နားရင်းအုပ်ခံရသည်။ ဒီကြားထဲ ကမ္မဝါ ညှပ်လို့မကျွတ်သည့် ဘုန်းကြီးသရဲတွေပါရှိနေတော့ အခြေအနေကပိုဆိုးလာသည်။
          လွတ်လာသည့် Old serviceသရဲကြီးတွေကလည်း ဘာခြောက်သလဲမမေးနှင့်။ နေ့ခင်း ဖက်တောင်မရှောင်ပဲ ခြောက်ကြသည်။
          တစ်နေ့တစ်နေ့ ငှက်ရိုးတို့ကျီးလန့်စာစားနေရသည်။ တတ်သမှျမှတ်သမှျ ဘုရားစာလေး တတွတ်တွတ်ရွတ်နေကြရသည်။
          ညမှောင်တာနဲ့ ဘယ်သူမှအိမ်ပြင်မထွက်ရဲ။ အိမ်ထဲမှာပင်ကုပ်နေရသည်။ ဘယ်တော့များ အိမ်ပေါ်တက်ခြောက်မလဲ လန့်နေရသည်။
          ခုတလော လူစားလဲနေသည်။ လူစားလဲတာတွေစိပ်နေသည်။

(ပရော်ဖက်ဆာဒေါက်တာငှက်ရိုး)
(Unicode)

image

မိုးည (မိုးည)

နတ္ဘုရားတို႔ရဲ႕စစ္တံပိုးသံေတြက
ေကာင္းကင္တစ္ခြင္လံုး
တုန္ဟည္းေနတယ္။

လွ်ပ္စီးေတြကတစ္ဖ်တ္ဖ်တ္
မိုးေရေတြကတစ္စက္စက္
အၾကားအလပ္မရွိတဲ႔စကၠန္႔တိုင္းမွာ
နင့္ကိုစိတ္ပူေနပါတယ္တာရာ။

စိတ္ကူးယဥ္ထက္
လက္ေတြ႔ဘဝကပိုခက္သတဲ႔။

ဘယ္သူေတြဘာေျပာေျပာ
ငါကေတာ့သံလ်က္သြားေပၚေျခဖြနင္းရင္း
ရင္ဘတ္ထဲကပန္းႏုေရာင္ဖေယာင္းတိုင္ေတြကို
မီးလိုက္ကူးေနတယ္။

တရားထိုင္ေနတာေတာင္
စိတ္ေတြက ကေယာက္ကယက္
တစ္ခ်က္တစ္ခ်က္မိုးၿခိမ္းသံေတြၾကား
သူေၾကာက္ေနမလားလဲပူပန္ရတယ္။

တာရာေရ………
အက်ီၤကိုထူူထူဝတ္
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္သာအိပ္လိုက္စမ္းကြယ္။
နင့္ကိုႏွစ္သိမ့္ဖို႔
အိပ္မက္ထဲမွာ ငါရွိေနပါ့မယ္။

(လင္း)
(Zawgyi)

နတ်ဘုရားတို့ရဲ့စစ်တံပိုးသံတွေက
ကောင်းကင်တစ်ခွင်လံုး
တုန်ဟည်းနေတယ်။

လှျပ်စီးတွေကတစ်ဖျတ်ဖျတ်
မိုးရေတွေကတစ်စက်စက်
အကြားအလပ်မရှိတဲ့စက္ကန့်တိုင်းမှာ
နင့်ကိုစိတ်ပူနေပါတယ်တာရာ။

စိတ်ကူးယဥ်ထက်
လက်တွေ့ဘဝကပိုခက်သတဲ့။

ဘယ်သူတွေဘာပြောပြော
ငါကတော့သံလျက်သွားပေါ်ခြေဖွနင်းရင်း
ရင်ဘတ်ထဲကပန်းနုရောင်ဖယောင်းတိုင်တွေကို
မီးလိုက်ကူးနေတယ်။

တရားထိုင်နေတာတောင်
စိတ်တွေက ကယောက်ကယက်
တစ်ချက်တစ်ချက်မိုးခြိမ်းသံတွေကြား
သူကြောက်နေမလားလဲပူပန်ရတယ်။

တာရာရေ………
အကျီင်္ကိုထူူထူဝတ်
နှစ်နှစ်ခြိုက်ခြိုက်သာအိပ်လိုက်စမ်းကွယ်။
နင့်ကိုနှစ်သိမ့်ဖို့
အိပ်မက်ထဲမှာ ငါရှိနေပါ့မယ်။

(လင်း)
(Unicode)

image