သင္းကြဲႀကိဳးၾကာ-၂ (သင်းကွဲကြိုးကြာ-၂)

          “ဟယ္…မမ နားဆြဲေလးကလွလိုက္တာ”
          မ်က္ႏွာသစ္ၿပီးၿပီးခ်င္း မမအိပ္ခန္းထဲျပန္ဝင္လာသျဖင့္ သူမနားရြက္ဖ်ားကနားဆြဲေလးဆီ ဆန္းလအၾကည့္ေရာက္သြားသည္။
          မမလမ္းေလွ်ာက္လိုက္တိုင္း စည္းခ်က္ညီညီလႈပ္ယမ္းေနေသာ လျခမ္းပံုသ႑ာန္ဆြဲသီး ေလးက သူမစိတ္ကိုဖမ္းစားလုိက္၏။
          မိန္းကေလးပီပီ ခေရးခရာအလွအပပစၹည္းေလးေတြကို မက္ေမာတတ္သည့္အေလ်ာက္ ထိုဆြဲသီးေလးအေၾကာင္း သူမသိခ်င္လာသည္။
          “မမ အဲဒါေလးဘယ္ေလာက္လဲ။ ဘယ္ကဝယ္တာလဲဟင္။ ညီမေလးကို ခဏငွားပါလား”
          “အာ………မငွားႏိုင္ပါဘူး။ ငါေတာင္ ႀကိဳက္လြန္းလို႔မေန႔ကမွ ၂၀၀၀၀ေပးၿပီးဝယ္လာတာ”
          “ဒါျဖင့္လည္း မမပိုက္ဆံတစ္ဝက္ခဏစိုက္ၿပီးဝယ္ေပးပါလား။ ညီမေလးမွာ ေက်ာင္းလခ သြင္းရမယ့္ပုိက္ဆံပဲက်န္ေတာ့လို႔”
          “ဆန္းလ ငါ့မွာလည္းပိုက္ဆံသိပ္မပိုဘူး။ နင္ပိုက္ဆံအျပည့္ေပးၿပီး ငါ့ကိုဝယ္ခိုင္းရင္လည္း ငါခုတေလာလမ္းမႀကံဳဘူး”
          မမအသံကမာေနသည္။ မ်က္ႏွာလည္းမၾကည္…။
          “မမဘာျဖစ္ေနတာလဲ။ ဒါေလးေျပာတာနဲ႔ေတာ့ စိတ္ဆိုးစရာမလိုဘူးထင္တာပဲ”
          “ဘာေျပာတယ္………”
          မမမ်က္ႏွာသူမဖက္လွည့္လာသည္။ အသားျဖဴသူမို႔ ေဒါသထြက္သည့္အခါ မ်က္ႏွာကနီရဲ ေနသည္။
          “နင့္အျပစ္နင္မသိဘူးလားဆန္းလ။
          ေဖေဖေပးခဲ႔တဲ႔ ဝက္ဝံရုပ္အျဖဴေလး နင့္ေကာ္ဖီေတြစြန္းကုန္တာ အခုဘယ္လိုမွ ျပန္ၿပီး ခြ်တ္လုိ႔မရေတာ့ဘူးေလ”
          “အဲဒါက…အဲဒါက မ…မေတာ္…တဆ”
          “ဘာမေတာ္တဆလဲ။ ေဆာရီးေျပာရံုနဲ႔ ေဖေဖ့အရုပ္က ျပန္ေကာင္းသြားမွာလား။ ငါ့မွာ အေဖ့ကိုလြမ္းတိုင္း အဲဒီအရုပ္ေလးကိုပဲၾကည့္ေနရတာေလ”
          မမအသံကအိပ္ခန္းထဲတြင္ ဟိန္းထြက္ေနသေလာက္ ဆန္းလတစ္ေယာက္ကေတာ့ ကိုယ့္အျပစ္ႏွင့္ကိုယ္မို႔ ေခါင္းငံု႔ေနရံုသာ။ အိပ္ခန္းကလည္းအသံအရမ္းလံုလြန္းသည္မို႔ မမအသံက ဟိန္းသင့္သည္ထက္ကိုပိုဟိန္းေန၏။
          “အခုဝက္ဝံရုပ္က ငါတန္ဖိုးအထားဆံုးပစၥည္း၊ ငါ့ဘဝရဲ႕အေရးအႀကီးဆံုးပစၥည္း။ ဒါကိုမွ နင္ကဖ်က္ဆီးလိုက္တာ။
          ဒီေတာ့ဆန္းလ ေနာက္ဆိုငါ့ပစၥည္းေတြလာမထိနဲ႔။ အထူးသျဖင့္ အေဖေပးခဲ႔တဲ့ပစၥည္း ေတြနဲ႔ ငါသေဘာအက်ဆံုးပစၥည္းေတြကို နင္လာမထိပါနဲ႔။
          ငါနင့္ကိုသတိေပးလိုက္ၿပီေနာ္”
          မမစကားလံုးမ်ားကျပင္းထန္လြန္းလွသည္။
          ေဖေဖ့အမွတ္တရပစၥည္း သူမေၾကာင့္ပ်က္ဆီးသြားတာမွန္ေသာ္လည္း တမင္ရည္ရြယ္ ၿပီးလုပ္ျခင္းမဟုတ္။ ေနာက္ၿပီး သူမလုပ္ခဲ႔တာလည္းမဟုတ္။
          ထိုေန႔က အခန္းကိုဆန္းလသန္႔ရွင္းေရးလုပ္သည္။ ထံုးစံအတိုင္း သူမေသာက္ေနက် ေကာ္ဖီခြက္က လက္ထဲပါလာသည္။
          မမကုတင္ကိုရွင္းေပးရန္ လက္ထဲကေကာ္ဖီခြက္ကို မမစာေရးခံုေပၚတြင္ အဖံုးပိတ္ၿပီး တင္လိုက္သည္။ ၿပီးေတာ့ ေမႊ႔ယာကိုခါသည္။
          ထိုအခိုက္ ဆန္းလအခ်စ္ေတာ္ေၾကာင္မေလးက သူ႔သခင္မေနာက္ကိုလိုက္လာသည္။ ဟိုၾကည့္ဒီၾကည့္လုပ္ရင္း စားပြဲခံုေပၚခုန္တက္လိုက္ေတာ့ သူမကိုယ္ကစားပြဲေပၚရွိ ေကာ္ဖီခြက္ကုိတိုက္ မိကာ ေကာ္ဖီမ်ားဖိတ္စင္ကုန္၏။
          ခြမ္းဆိုသည့္အသံၾကား၍ သူမလွည့္ၾကည့္လိုက္ေသာ္လည္း ေနာက္က်သြားခဲ႔ၿပီ။ ေကာ္ဖီ မ်ားက စားပြဲေပၚတြင္တင္ထားသည့္ စာအုပ္မ်ားႏွင့္ဝက္ဝံရုပ္အျဖဴေလးေပၚတြင္ ရႊဲရႊဲစိုေနသည္။
          ဝက္ဝံရုပ္ေလးေကာ္ဖီစြန္းသြားတာသိသိခ်င္း သူမေလွ်ာ္ပါေသးသည္။ အရုပ္အေရာင္က အျဖဴစြတ္စြတ္မို႔ ဘယ္လိုမွမေျပာင္။
          မမျပန္လာေတာ့ ျဖစ္ေၾကာင္းကုန္စင္ကို မမကိုေျပာျပခဲ႔ေပမယ့္ မမသူမကိုဘာတစ္ခြန္းမွ ခြန္းတံု႔မျပန္။ မမအက်င့္က စိတ္အရမ္းဆိုးၿပီဆို ဘာစကားမွမေျပာေတာ့ပဲ ၿငိမ္သက္သြားတတ္သည္။
          ထို႔ေၾကာင့္ သူမကလည္းအလိုက္သိစြာပင္ ဘာမွဆက္မေျပာပဲဆိတ္ဆိတ္ေနလိုက္သည္။ ဒီေန႔ေတာ့ စိတ္ဆိုးေျပမလားဆိုၿပီး စကားစၾကည့္ေပမယ့္ သူမအေတြးကတက္တက္စင္ေအာင္လြဲခဲ႔၏။
          ေအးစက္စိမ္းကားသည့္စကားမ်ားက ဆန္းလရင္ကိုခြဲလိုက္သည့္ႏွယ္ ရင္ဘတ္တစ္ခုလံုး ပူထူလာၿပီး သူမမ်က္လံုးေတြေဝဝါးလာသည္။
          မမတံခါးကိုခပ္ၾကမ္းၾကမ္းပိတ္ၿပီး အခန္းအျပင္ထြက္သြားေတာ့မွ ဆန္းလ အိခနဲရွိဳက္ငိုခ် လိုက္သည္။

✽✽✽   ✽✽✽   ✽✽✽

          မနက္၈နာရီ………။
          ဒီမနက္ မမကိုစိတ္ေကာက္ၿပီး အေမ့ကိုသူမခြၽဲေနသည္။
          အေမ့ကိုခြၽဲေနသည္သာဆိုရသည္ ဂဏန္းေပါင္းစက္ကို တစ္ေဒါက္ေဒါက္ေခါက္ေနသည့္ အေမ့ေပါင္ေပၚေခါင္းတင္ၿပီး အိပ္ေနတာအျပင္မပို။ အေမျဖစ္သူကလည္း သမီးေလး၊ဘာေလးႏွင့္ စကာားမေျပာ။ ဆံပင္ေလးမသပ္။ ယုတ္စြအဆံုး သူမေပါင္ေပၚအိပ္ေနတာေတာင္ သိရဲ႕လားမသိ။
          သို႔ေသာ္ ဒါကိုပင္ အေမႏွင့္သူမတို႔ၾကား တြတ္တီးတြတ္တာက်ီစယ္သည့္ အခိုက္အတန္႔ ကာလဟု သူမတို႔မွတ္ယူထားၾကသည္။
          အေမကျပတ္သားသည္။ စိတ္ဆတ္သည္။ ေတြေဝျခင္းမရွိ။ ဘြင္းဘြင္းေျပာတတ္သည္။ ေျပာရလွ်င္ သူမ်ားမိခင္ေတြလိုမ်ိဳးမျငင္သာ။
          ဒါကလည္း အေမ့အျပစ္ေတာ့မဟုတ္။ အေဖက မမ၂တန္းႏွစ္၊ သူမ၁တန္းႏွစ္ကတည္းက ဆံုးပါးသြားခဲ႔သည္။ အေမကသူေဌးသမီးဆိုေပမယ့္ အေမ့မိဘမ်ားက သူတို႔သေဘာမတူသူေနာက္ လိုက္သြားသျဖင့္ အေမြျပတ္ဟုဆိုကာ ယေန႔တိုင္မဆက္သြယ္။ အေဖ့ကလည္းဆင္းရဲသူမို႔ ပစၥည္း ဥစၥာဆိုလို႔ ယခုလက္ရွိ အိမ္ကေလးတစ္လံုးသာက်န္ခဲ႔သည္။
          ထိုကတည္းကအေမ့ခမ်ာ တစ္မိသားစုလံုး၏ စားဝတ္ေနေရးအတြက္ အျခားေယာက်္ား မ်ားႏွင့္ တန္းတူရင္ေပါင္တန္းၿပီး ပိုက္ဆံရွာခဲ႔ရသည္။ ေလာကဓံ၏ ရိုက္ပုတ္ခ်က္ေအာက္တြင္ အေမ့ ခမ်ာ မိန္းမသားခႏၶာကိုယ္ႏွင့္ ေယာက်္ားစိတ္ျဖစ္ခဲ႔ရသည္။ သူမ်ားမိခင္ေတြလို ျငင္သာယုယမိခ်င္ခဲ႔ လွ်င္ေတာင္ အေမ့တြင္အခ်ိန္မရခဲ႔။
          ဘာပဲေျပာေျပာ အေမ့ႀကိဳးစားမႈေအာက္တြင္ သူမတို႔ညီအစ္မ စားဝတ္ေနေရးအတြက္တို႔ ေက်ာင္းတက္ဖို႔အတြက္တို႔ ဘာမွစိတ္ပူစရာမလိုခဲ႔။ ကုန္ကုန္ေျပာရလွ်င္ မမကေနာက္ဆံုးႏွစ္ သူမက တတိယႏွစ္ေရာက္လာသည့္တိုင္ အလုပ္ထြက္မလုပ္ခဲ႔ရ။
          “ညည္းထေတာ့ေအ။ ငါနာလွၿပီ။ နင္ေခါင္းကအရမ္းေလးတယ္”
          သူမအိပ္တာ ၁၀မိနစ္ေလာက္ပဲၾကာေသးေပမယ့္ အေမသူမကိုထခိုင္းေလသည္။
          “အေမ သမီးကိုဘီးၿဖီးေပးပါလား”
          အေမ့စကားကို မၾကားခ်င္ေယာင္ေဆာင္ၿပီး သူမျဖစ္လိုသည့္ဆႏၵကို မဝံ့မရဲေျပာမိသည္။
          “အို…ရွဳပ္ရွဳပ္ရွက္ရွက္ေအ…။ တစ္ရက္တစ္ေလေလး ေက်ာင္းေနာက္က်မွသြားပါတယ္။ သူ႔ေခါင္းအေလးႀကီး ငါ့ေပါင္ေပၚလာအိပ္ရတာနဲ႔၊ ေခါင္းၿဖီးခိုင္းရတာနဲ႔ အလုပ္ကိုရွဳပ္ေနတာပဲ”
          “အေမကလည္း သမီးသူငယ္ခ်င္းအေမေတြဆို သမီးသူငယ္ခ်င္းေတြကိုေခါင္းေတြၿဖီးေပး ဆံပင္ေလးေတြရွင္းေပးလုပ္ေပးၾက……”
          “တိတ္စမ္း ဆန္းလ”
          အေမ့ေဒါသသံေအာက္တြင္ သူမစကားလံုးမ်ားေပ်ာက္ဆံုးသြားသည္။
          “တစ္ျခားအေမေတြဆိုတဲ့စကားမေျပာနဲ႔။ တစ္ျခားအေမေတြ ငါ့လိုစီးပြားရွာသလား။ ငါ့လို ပိုက္ဆံရွာသလား။
          ငါအလုပ္ရွဳပ္ေနလို႔ စိတ္မတိုခ်င္ပါဘူးဆိုမွ နင္ကငါ့ေဒါသကိုလာဆြေနတယ္။
          သြားေတာ့ဆန္းလရယ္။ နင့္ကိုငါဆက္မျမင္ခ်င္ဘူး။ ဆက္ျမင္ေနရရင္ေသြးတက္တယ္။”
          အေမ့၏ေနာက္ဆံုးစကားကိုၾကားလိုက္ရေတာ့ သူမရင္ထဲနင့္သြားသည္။
          အေမရယ္ေျပာရက္လိုက္တာ။ တစ္ခါတစ္ေလေလး ကိုယ့္အေမနဲ႔ယုယုယယေနခ်င္တာ သမီးမွားသြားလားဟင္။ အေမ အလုပ္ရွဳပ္ေနမွန္းသိေပမယ့္ တစ္ကယ္လို႔မ်ားဆိုတဲ႔အေတြးေလးနဲ႔ ေမးၾကည့္မိတာပါ။
          ခုေတာ့…ခုေတာ့အေမက နင့္ကိုမျမင္ခ်င္ေတာ့ဘူးတဲ႔။
          ေဝ့ဝဲတက္လာေသာမ်က္ရည္စမ်ားကို သူမမ်က္ေတာင္ေလးျဖင့္ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း အေမ့ေရွ႕မွထြက္လာခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          “ဟယ်…မမ နားဆွဲလေးကလှလိုက်တာ”
          မျက်နှာသစ်ပြီးပြီးချင်း မမအိပ်ခန်းထဲပြန်ဝင်လာသဖြင့် သူမနားရွက်ဖျားကနားဆွဲလေးဆီ ဆန်းလအကြည့်ရောက်သွားသည်။
          မမလမ်းလှေျာက်လိုက်တိုင်း စည်းချက်ညီညီလှုပ်ယမ်းနေသော လခြမ်းပံုသဏ္ဍာန်ဆွဲသီး လေးက သူမစိတ်ကိုဖမ်းစားလိုက်၏။
          မိန်းကလေးပီပီ ခရေးခရာအလှအပပစ္ဖည်းလေးတွေကို မက်မောတတ်သည့်အလျောက် ထိုဆွဲသီးလေးအကြောင်း သူမသိချင်လာသည်။
          “မမ အဲဒါလေးဘယ်လောက်လဲ။ ဘယ်ကဝယ်တာလဲဟင်။ ညီမလေးကို ခဏငှားပါလား”
          “အာ………မငှားနိုင်ပါဘူး။ ငါတောင် ကြိုက်လွန်းလို့မနေ့ကမှ ၂၀၀၀၀ပေးပြီးဝယ်လာတာ”
          “ဒါဖြင့်လည်း မမပိုက်ဆံတစ်ဝက်ခဏစိုက်ပြီးဝယ်ပေးပါလား။ ညီမလေးမှာ ကျောင်းလခ သွင်းရမယ့်ပိုက်ဆံပဲကျန်တော့လို့”
          “ဆန်းလ ငါ့မှာလည်းပိုက်ဆံသိပ်မပိုဘူး။ နင်ပိုက်ဆံအပြည့်ပေးပြီး ငါ့ကိုဝယ်ခိုင်းရင်လည်း ငါခုတလောလမ်းမကြံုဘူး”
          မမအသံကမာနေသည်။ မျက်နှာလည်းမကြည်…။
          “မမဘာဖြစ်နေတာလဲ။ ဒါလေးပြောတာနဲ့တော့ စိတ်ဆိုးစရာမလိုဘူးထင်တာပဲ”
          “ဘာပြောတယ်………”
          မမမျက်နှာသူမဖက်လှည့်လာသည်။ အသားဖြူသူမို့ ဒေါသထွက်သည့်အခါ မျက်နှာကနီရဲ နေသည်။
          “နင့်အပြစ်နင်မသိဘူးလားဆန်းလ။
          ဖေဖေပေးခဲ့တဲ့ ဝက်ဝံရုပ်အဖြူလေး နင့်ကော်ဖီတွေစွန်းကုန်တာ အခုဘယ်လိုမှ ပြန်ပြီး ချွတ်လို့မရတော့ဘူးလေ”
          “အဲဒါက…အဲဒါက မ…မတော်…တဆ”
          “ဘာမတော်တဆလဲ။ ဆောရီးပြောရံုနဲ့ ဖေဖေ့အရုပ်က ပြန်ကောင်းသွားမှာလား။ ငါ့မှာ အဖေ့ကိုလွမ်းတိုင်း အဲဒီအရုပ်လေးကိုပဲကြည့်နေရတာလေ”
          မမအသံကအိပ်ခန်းထဲတွင် ဟိန်းထွက်နေသလောက် ဆန်းလတစ်ယောက်ကတော့ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ခေါင်းငံု့နေရံုသာ။ အိပ်ခန်းကလည်းအသံအရမ်းလံုလွန်းသည်မို့ မမအသံက ဟိန်းသင့်သည်ထက်ကိုပိုဟိန်းနေ၏။
          “အခုဝက်ဝံရုပ်က ငါတန်ဖိုးအထားဆံုးပစ္စည်း၊ ငါ့ဘဝရဲ့အရေးအကြီးဆံုးပစ္စည်း။ ဒါကိုမှ နင်ကဖျက်ဆီးလိုက်တာ။
          ဒီတော့ဆန်းလ နောက်ဆိုငါ့ပစ္စည်းတွေလာမထိနဲ့။ အထူးသဖြင့် အဖေပေးခဲ့တဲ့ပစ္စည်း တွေနဲ့ ငါသဘောအကျဆံုးပစ္စည်းတွေကို နင်လာမထိပါနဲ့။
          ငါနင့်ကိုသတိပေးလိုက်ပြီနော်”
          မမစကားလံုးများကပြင်းထန်လွန်းလှသည်။
          ဖေဖေ့အမှတ်တရပစ္စည်း သူမကြောင့်ပျက်ဆီးသွားတာမှန်သော်လည်း တမင်ရည်ရွယ် ပြီးလုပ်ခြင်းမဟုတ်။ နောက်ပြီး သူမလုပ်ခဲ့တာလည်းမဟုတ်။
          ထိုနေ့က အခန်းကိုဆန်းလသန့်ရှင်းရေးလုပ်သည်။ ထံုးစံအတိုင်း သူမသောက်နေကျ ကော်ဖီခွက်က လက်ထဲပါလာသည်။
          မမကုတင်ကိုရှင်းပေးရန် လက်ထဲကကော်ဖီခွက်ကို မမစာရေးခံုပေါ်တွင် အဖံုးပိတ်ပြီး တင်လိုက်သည်။ ပြီးတော့ မွှေ့ယာကိုခါသည်။
          ထိုအခိုက် ဆန်းလအချစ်တော်ကြောင်မလေးက သူ့သခင်မနောက်ကိုလိုက်လာသည်။ ဟိုကြည့်ဒီကြည့်လုပ်ရင်း စားပွဲခံုပေါ်ခုန်တက်လိုက်တော့ သူမကိုယ်ကစားပွဲပေါ်ရှိ ကော်ဖီခွက်ကိုတိုက် မိကာ ကော်ဖီများဖိတ်စင်ကုန်၏။
          ခွမ်းဆိုသည့်အသံကြား၍ သူမလှည့်ကြည့်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ ကော်ဖီ များက စားပွဲပေါ်တွင်တင်ထားသည့် စာအုပ်များနှင့်ဝက်ဝံရုပ်အဖြူလေးပေါ်တွင် ရွှဲရွှဲစိုနေသည်။
          ဝက်ဝံရုပ်လေးကော်ဖီစွန်းသွားတာသိသိချင်း သူမလှေျာ်ပါသေးသည်။ အရုပ်အရောင်က အဖြူစွတ်စွတ်မို့ ဘယ်လိုမှမပြောင်။
          မမပြန်လာတော့ ဖြစ်ကြောင်းကုန်စင်ကို မမကိုပြောပြခဲ့ပေမယ့် မမသူမကိုဘာတစ်ခွန်းမှ ခွန်းတံု့မပြန်။ မမအကျင့်က စိတ်အရမ်းဆိုးပြီဆို ဘာစကားမှမပြောတော့ပဲ ငြိမ်သက်သွားတတ်သည်။
          ထို့ကြောင့် သူမကလည်းအလိုက်သိစွာပင် ဘာမှဆက်မပြောပဲဆိတ်ဆိတ်နေလိုက်သည်။ ဒီနေ့တော့ စိတ်ဆိုးပြေမလားဆိုပြီး စကားစကြည့်ပေမယ့် သူမအတွေးကတက်တက်စင်အောင်လွဲခဲ့၏။
          အေးစက်စိမ်းကားသည့်စကားများက ဆန်းလရင်ကိုခွဲလိုက်သည့်နှယ် ရင်ဘတ်တစ်ခုလံုး ပူထူလာပြီး သူမမျက်လံုးတွေဝေဝါးလာသည်။
          မမတံခါးကိုခပ်ကြမ်းကြမ်းပိတ်ပြီး အခန်းအပြင်ထွက်သွားတော့မှ ဆန်းလ အိခနဲရှိုက်ငိုချ လိုက်သည်။

✽✽✽   ✽✽✽   ✽✽✽

          မနက်၈နာရီ………။
          ဒီမနက် မမကိုစိတ်ကောက်ပြီး အမေ့ကိုသူမချွဲနေသည်။
          အမေ့ကိုချွဲနေသည်သာဆိုရသည် ဂဏန်းပေါင်းစက်ကို တစ်ဒေါက်ဒေါက်ခေါက်နေသည့် အမေ့ပေါင်ပေါ်ခေါင်းတင်ပြီး အိပ်နေတာအပြင်မပို။ အမေဖြစ်သူကလည်း သမီးလေး၊ဘာလေးနှင့် စကာားမပြော။ ဆံပင်လေးမသပ်။ ယုတ်စွအဆံုး သူမပေါင်ပေါ်အိပ်နေတာတောင် သိရဲ့လားမသိ။
          သို့သော် ဒါကိုပင် အမေနှင့်သူမတို့ကြား တွတ်တီးတွတ်တာကျီစယ်သည့် အခိုက်အတန့် ကာလဟု သူမတို့မှတ်ယူထားကြသည်။
          အမေကပြတ်သားသည်။ စိတ်ဆတ်သည်။ တွေဝေခြင်းမရှိ။ ဘွင်းဘွင်းပြောတတ်သည်။ ပြောရလှျင် သူများမိခင်တွေလိုမျိုးမငြင်သာ။
          ဒါကလည်း အမေ့အပြစ်တော့မဟုတ်။ အဖေက မမ၂တန်းနှစ်၊ သူမ၁တန်းနှစ်ကတည်းက ဆံုးပါးသွားခဲ့သည်။ အမေကသူဌေးသမီးဆိုပေမယ့် အမေ့မိဘများက သူတို့သဘောမတူသူနောက် လိုက်သွားသဖြင့် အမွေပြတ်ဟုဆိုကာ ယနေ့တိုင်မဆက်သွယ်။ အဖေ့ကလည်းဆင်းရဲသူမို့ ပစ္စည်း ဥစ္စာဆိုလို့ ယခုလက်ရှိ အိမ်ကလေးတစ်လံုးသာကျန်ခဲ့သည်။
          ထိုကတည်းကအမေ့ခမျာ တစ်မိသားစုလံုး၏ စားဝတ်နေရေးအတွက် အခြားယောကျ်ား များနှင့် တန်းတူရင်ပေါင်တန်းပြီး ပိုက်ဆံရှာခဲ့ရသည်။ လောကဓံ၏ ရိုက်ပုတ်ချက်အောက်တွင် အမေ့ ခမျာ မိန်းမသားခန္ဓာကိုယ်နှင့် ယောကျ်ားစိတ်ဖြစ်ခဲ့ရသည်။ သူများမိခင်တွေလို ငြင်သာယုယမိချင်ခဲ့ လှျင်တောင် အမေ့တွင်အချိန်မရခဲ့။
          ဘာပဲပြောပြော အမေ့ကြိုးစားမှုအောက်တွင် သူမတို့ညီအစ်မ စားဝတ်နေရေးအတွက်တို့ ကျောင်းတက်ဖို့အတွက်တို့ ဘာမှစိတ်ပူစရာမလိုခဲ့။ ကုန်ကုန်ပြောရလှျင် မမကနောက်ဆံုးနှစ် သူမက တတိယနှစ်ရောက်လာသည့်တိုင် အလုပ်ထွက်မလုပ်ခဲ့ရ။
          “ညည်းထတော့အေ။ ငါနာလှပြီ။ နင်ခေါင်းကအရမ်းလေးတယ်”
          သူမအိပ်တာ ၁၀မိနစ်လောက်ပဲကြာသေးပေမယ့် အမေသူမကိုထခိုင်းလေသည်။
          “အမေ သမီးကိုဘီးဖြီးပေးပါလား”
          အမေ့စကားကို မကြားချင်ယောင်ဆောင်ပြီး သူမဖြစ်လိုသည့်ဆန္ဒကို မဝံ့မရဲပြောမိသည်။
          “အို…ရှုပ်ရှုပ်ရှက်ရှက်အေ…။ တစ်ရက်တစ်လေလေး ကျောင်းနောက်ကျမှသွားပါတယ်။ သူ့ခေါင်းအလေးကြီး ငါ့ပေါင်ပေါ်လာအိပ်ရတာနဲ့၊ ခေါင်းဖြီးခိုင်းရတာနဲ့ အလုပ်ကိုရှုပ်နေတာပဲ”
          “အမေကလည်း သမီးသူငယ်ချင်းအမေတွေဆို သမီးသူငယ်ချင်းတွေကိုခေါင်းတွေဖြီးပေး ဆံပင်လေးတွေရှင်းပေးလုပ်ပေးကြ……”
          “တိတ်စမ်း ဆန်းလ”
          အမေ့ဒေါသသံအောက်တွင် သူမစကားလံုးများပျောက်ဆံုးသွားသည်။
          “တစ်ခြားအမေတွေဆိုတဲ့စကားမပြောနဲ့။ တစ်ခြားအမေတွေ ငါ့လိုစီးပွားရှာသလား။ ငါ့လို ပိုက်ဆံရှာသလား။
          ငါအလုပ်ရှုပ်နေလို့ စိတ်မတိုချင်ပါဘူးဆိုမှ နင်ကငါ့ဒေါသကိုလာဆွနေတယ်။
          သွားတော့ဆန်းလရယ်။ နင့်ကိုငါဆက်မမြင်ချင်ဘူး။ ဆက်မြင်နေရရင်သွေးတက်တယ်။”
          အမေ့၏နောက်ဆံုးစကားကိုကြားလိုက်ရတော့ သူမရင်ထဲနင့်သွားသည်။
          အမေရယ်ပြောရက်လိုက်တာ။ တစ်ခါတစ်လေလေး ကိုယ့်အမေနဲ့ယုယုယယနေချင်တာ သမီးမှားသွားလားဟင်။ အမေ အလုပ်ရှုပ်နေမှန်းသိပေမယ့် တစ်ကယ်လို့များဆိုတဲ့အတွေးလေးနဲ့ မေးကြည့်မိတာပါ။
          ခုတော့…ခုတော့အမေက နင့်ကိုမမြင်ချင်တော့ဘူးတဲ့။
          ဝေ့ဝဲတက်လာသောမျက်ရည်စများကို သူမမျက်တောင်လေးဖြင့်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အမေ့ရှေ့မှထွက်လာခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s