သင္းကြဲႀကိဳးၾကာ-၃ (သင်းကွဲကြိုးကြာ-၃)
          မနက်၁၀နာရီခွဲ…။
          မနက်ကတည်းက အိမ်မှာတက်လိုက်သည့်ပြဿနာဆိုတာကလည်းတောက်လျှောက်…။ တစ်မနက်ခင်းလုံး လပ်ကီးမကောင်းခဲ့သည်မို့ ကျောင်းမှာရောတစ်ခုခုဖြစ်မလား စိတ်ထဲထင့်နေမိ၏။
          “ဟေး ဆန်းလ။ ခဏစောင့်ပါဦး”
          “ဆန်းလ ဒီမှာကြည့်စမ်း”
          နွေဦးမျက်နှာကိုငေးစိုက်ကြည့်နေသော ဆန်းလမျက်လုံးများက နွေဦးထုတ်ပြသောစာအုပ် လေးပေါ်သို့ရောက်သွားသည်။
          “ဟယ်…”
          ကဗျာစာအုပ်……။
          ပထမဆုံးထုတ်ရောင်းသည့်၃ရက်အတွင်းမှာပင် စာအုပ်ပြတ်သွားသည်အထိ ပရိသတ်များ အားပေးခံခဲ့ရသောကဗျာစာအုပ်။
          “ဟုတ်ပါ့ ဆန်းလရေ။ ၃ရက်အတွင်းမှာတင် စာအုပ်ကုန်သွားလို့ ငါနဲ့နင်နဲ့တစ်မြို့လုံးအနှံ့ ပတ်ရှာခဲ့တာလေ”
          ဆန်းလဆီမှအမေးစကားကိုကြားတော့ နွေဦးသူမမျက်လုံးအစုံကိုမှေးစင်းကာပြုံးလိုက်၏။ အပြုံးက”ငါကွ”ဆိုသည့်အပြုံး။
          နွေဦးစကားဆုံးတော့ ဆန်းလစာအုပ်အဖုံးကို ကပျာကယာကြည့်လိုက်သည်။
          စာအုပ်အဖုံး၏ဘယ်ဖက်ထောင့်တွင် ဒုတိယအကြိမ်ဆိုသည့် စာသားကအထင်းသား။
          နောက်ပြီး ကဗျာဆရာကိုယ်တိုင်ကိုက “ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့နောက်ဆုံးစာအုပ်ပါ” ဟုကြေညာထားသည်မို့ ပရိသတ်တွေကပိုစိတ်ဝင်စားနေကြသည်။
          သို့သော် ပျက်ယွင်းသွားသည့်သူမမျက်နှာကို ချက်ချင်းပြန်ဖုံးလိုက်ပြီး မထူးခြားသော လေသံဖြင့်
          နွေဦးစကားကြောင့် အပြည့်အဝဝမ်းမသာနိုင်သော်လည်း ရင်ထဲကအလုံးကြီးကတော့ကျ သွားသည်။ ဘာပဲပြောပြော မရနိုင်တာထက်စာလျှင်တော့ တော်သေးသည်ဟု ဆိုရမည်သာ။
          သို့သော် သူလိုချင်သော စာအုပ်ရသွားသဖြင့် ပြုံးပျော်နေသော နွေဦးကိုစချင်လာသဖြင့်
          နှစ်ယောက်လုံးကလည်း ချောမောကြသူများမို့ ဘာဘီရုပ်လေးနှစ်ရုပ် စိန်ပြေးလိုက်တမ်း ကစားနေသလိုပင်။
          အနောက်ကပြေးလိုက်လာသော နွေဦးကိုတစ်ချက်လှည့်ကြည့်ပြီး ညာဖက်လမ်းထဲအကွေ့ ထိုလမ်းထဲမှထွက်လာသော စက်ဘီးတစ်စီးက ဆန်းလမျက်လုံးများကိုပြာဝေသွားစေသည်။
          စက်ဘီးအရှိန်ကြောင့် သူမပုံလျက်သားလဲကျသွားပြီး တစ်ဖက်ကစက်ဘီးလည်း သူမ အနားမှာပင်မှောက်သွားသည်။
          သူမပုံစံက အဖိုးတန်ရတနာတစ်ခု ပျောက်ဆုံးသွားသည့် ကလေးငယ်တစ်ဦးသဖွယ်။
          မတွေ့။
          ခြုံပုတ်တွေထဲတွင်များရှိမလားလည်းကြည့်သည်။ ဒါလည်းမတွေ့။
          တွေ့မယ့်တွေ့တော့ သူမမထင်မှတ်ထားသောပုံစံ။
          စာအုပ်ကစက်ဘီးအောက်တွင်ပိနေပြီး ပြုတ်ထွက်နေသောအဖုံးနှင့် စာအုပ်အတွင်းသား တို့က တစ်နေရာဆီမှာ။
          စာအုပ်ဖုံးကိုဘယ်လက်ကကိုင် စာအုပ်အတွင်းသားကိုညာလက်ကကိုင်ကာ သူမငူငူကြီး ရပ်နေမိသည်။
          ပြေးလာသောခြေလှမ်းတစ်စုံက ဆန်းလဘေးတွင်ရပ်သွားသဖြင့် နောက်ကိုလှည့်ကြည့် လိုက်တော့ နွေဦး။
          “နွေ…နွေဦး။ ငါ…ငါတောင်းပန်”
          “တော်လိုက်တော့ ဆန်းလ”
          နွေဦးလေသံကတင်းမာလွန်းလှသလို သူမမျက်လုံးနှစ်လုံးကလည်း ဒေါသအရောင်များ တဖိတ်ဖိတ်တောက်နေသည်မှာ လူကိုစားတော့မည့် ကျားသစ်မလေးတစ်ကောင်သဖွယ်။
          ထိုအခိုက် တင်းတင်းစေ့ထားသော နွေဦးနှုတ်ခမ်းတစ်စုံကပွင့်ဟလာပြီး “ဒီစာအုပ်က အစားပြန်ဝယ်ပေးလို့မရတဲ့စာအုပ်ပဲဆန်းလ” ဆိုသည့်စကားနှင့်အတူ ကျောခိုင်းလှည့်ထွက်သွားသော မြင်ကွင်းတို့က ဆန်းလအတွက်တော့တုန်လှုပ်ဖွယ်ပင်။
          သူ…သူသွားပြီ။
          သူမအချစ်ဆုံးသူငယ်ချင်းလည်း သူမကိုကျောခိုင်းခဲ့ပြီ။
          ထိုအတွေးများအားလုံး အဖုံးပြုတ်သွားသည့် စာအုပ်အတွင်းသားလေးကိုကြည့်မိတော့မှ ရှင်းသွားခဲ့သည်။
          “ရိုး”ဟုရေးထားသည့် လက်မှတ်လှလှလေးက စာအုပ်ပေါ်တွင်ခံ့ထည်စွာ။
✽✽✽   ✽✽✽   ✽✽✽
          အစ်မကရော၊ အမေကရော နောက်ပြီး အချစ်ဆုံးသူငယ်ချင်းကပါ လျစ်လျူရှုခံလိုက်ရ သည့်ဘဝမို့ နောက်ဆုံးအားပြုစရာသည် ချစ်သူတစ်ယောက်သာရှိတော့သည်။
          သြော်…မေ့တော့မလို့။ အရင်ဆုံးဟာသတွေပြောခိုင်းရမှာပဲ။ ဒါမှတစ်မနက်ခင်းလုံး နွမ်းလျ နေတဲ့စိတ်တွေက နည်းနည်းပြန်ကြည်လင်လာမှာ။
          တစ်ကယ်လဲ သူမစိတ်တွေက တအားနွမ်းနယ်နေသည်မို့ ဟာသလေးတွေနှင့် အရင်ဆုံး ဖြေလျှော့ပြီးမှပဲ ကို့ကိုရင်ဖွင့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
          အခန်းနံပါတ် F-13…။
          ကို့အခန်းနားရောက်တော့ ဆရာဝင်မဝင်တစ်ချက်ကြည့်လိုက်ပြီး ဆရာရှိမနေမှန်းသေချာ တော့မှ ခေါင်းလေးပြူကာ ကို့ထိုင်ခုံနေရာကိုလှမ်းကြည့်လိုက်သည်။
          ထုံးစံအတိုင်း သူငယ်ချင်းများနှင့်စကားပြောနေသည့် ကို့ကိုတွေ့လိုက်ရသည်။ ထိုအခိုက် ကို့သူငယ်ချင်းတစ်ယောက်က သူမကိုကြည့်လိုက်ပြီး ကို့ကိုတစ်စုံတစ်ခုလှမ်းပြောလိုက်သဖြင့် ကို့ရဲ့ မျက်နှာလေးဆန်းလဖက်လှည့်လာသည်။
          ထိုင်နေရာမှ ဣနြေ္ဒရရနှင့် တစ်လှမ်းချင်းလျှောက်လာပုံကလည်း စတိုင်ကျလွန်းလှသည်။
          “ဟိတ် မွန်း ဘာတွေငေးနေတာလဲ”
          သူမရှေ့ရောက်ရောက်ချင်း မေးလိုက်တဲ့ကို့ရဲ့ပုံစံကြောင့် ရင်ထဲမှာနွေးထွေးသွားရသည်။
          “ကိုကို့ကိုအံ့သြစေချင်လို့ပေါ့”
          “ဟုတ်ပါပြီဗျာ။ ဟုတ်ပါပြီ။ အဲ………”
          ခပ်ဝေးဝေးမှလာနေသည့်ဆရာ့ကိုမြင်တော့ ခုနကကို့အပြုံးတွေကတစ်ပိုင်းတစ်လက်စနှင့် ရပ်တန့်သွားသည်။
          သူမနွဲ့ဆိုးဆိုးသလိုပြောမိတော့ ကိုကလူကြီးတစ်ယောက်လိုပြုံးသည်။
          သူမ ဘယ်လိုပဲတောင်းပန်တိုးလျှိုးပေမယ့် ကိုကသူမစကားနားမထောင်။ အတန်းထဲသို့ ပြေးဝင်သွားပြီး သူ့ထိုင်ခုံတွင်အကျအနသွားထိုင်သည်။
          သူမတို့အဖြစ်အပျက်ကို တစ်စွန်းတစ်စမြင်လိုက်ရသော ကိုတို့အတန်းထဲက မိန်းကလေး တစ်ချို့ကတော့ ဆန်းလကိုကြည့်ပြီးမျက်ခုံးအတွန့်ချိုးကာ သရော်တော်တော်ပြုံးကြသည်။
✽✽✽   ✽✽✽   ✽✽✽
(ဆက်ရန်)
(လင်း)
(Zawgyi)
          မနကျ၁၀နာရီခှဲ…။
          ဒီနေ့ ဆန်းလကျောင်းမတက်ချင်။
          မနက်ကတည်းက အိမ်မှာတက်လိုက်သည့်ပြဿနာဆိုတာကလည်းတောက်လှေျာက်…။ တစ်မနက်ခင်းလံုး လပ်ကီးမကောင်းခဲ့သည်မို့ ကျောင်းမှာရောတစ်ခုခုဖြစ်မလား စိတ်ထဲထင့်နေမိ၏။
          သူမ စိတ်ညစ်ညူးစွာဖြင့် ခေါင်းကိုခါယမ်းမိတော့
          “ဟေး ဆန်းလ။ ခဏစောင့်ပါဦး”
          နောက်ကခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့ သူမသူငယ်ချင်းနွေဦး။
          “မောလိုက်တာဆန်းလရယ် ဝှူး”
          အနားသို့ရောက်လာသောနွေဦးကလေပူတစ်ချက်ကိုမှုတ်ထုတ်ကာ အနည်းငယ်မောဟိုက် နေသောအသံဖြင့် ဆန်းလကိုပြောလိုက်သည်။
          နွေဦးနှာသီးဖျားတွင် ချွေးစက်လေးတွေသီးနေသည်။ နေကလည်းပူသည်ကိုး။
          “ဆန်းလ ဒီမှာကြည့်စမ်း”
          နွေဦးမျက်နှာကိုငေးစိုက်ကြည့်နေသော ဆန်းလမျက်လံုးများက နွေဦးထုတ်ပြသောစာအုပ် လေးပေါ်သို့ရောက်သွားသည်။
          “ဟယ်…”
          သူမပါးစပ်က ထိုအာမေဋိတ်တစ်ခုသာထွက်နိုင်သည်။
          ကဗျာစာအုပ်……။
          ယခုလက်ရှိနာမည်ကြီးနေသော တက်သစ်စကဗျာဆရာ”ရိုး”၏ ကဗျာစာအုပ်။
          ပထမဆံုးထုတ်ရောင်းသည့်၃ရက်အတွင်းမှာပင် စာအုပ်ပြတ်သွားသည်အထိ ပရိသတ်များ အားပေးခံခဲ့ရသောကဗျာစာအုပ်။
          “အဲဒါ ငါတို့လိုက်ရှာခဲ့တဲ့စာအုပ်မဟုတ်လား”
          “ဟုတ်ပါ့ ဆန်းလရေ။ ၃ရက်အတွင်းမှာတင် စာအုပ်ကုန်သွားလို့ ငါနဲ့နင်နဲ့တစ်မြို့လံုးအနှံ့ ပတ်ရှာခဲ့တာလေ”
          “အေးလေ အဲဒီတုန်းကမရခဲ့ဘူးလေ။ အခုစာအုပ်က”
          ဆန်းလဆီမှအမေးစကားကိုကြားတော့ နွေဦးသူမမျက်လံုးအစံုကိုမှေးစင်းကာပြံုးလိုက်၏။ အပြံုးက”ငါကွ”ဆိုသည့်အပြံုး။
          သူမ အားရအောင်အိုက်တင်ခံပြီးတော့မှ
          “ဒါက ဒုတိယအကြိမ်ဟ။ ငါနဲ့ခင်တဲ့စာအုပ်ဆိုင်ကအစ်မကြီးက ဒီစာအုပ်ရောက်တာနဲ့ ငါ့ဆီဖုန်းဆက်လို့ ကျောင်းထဲမရောက်ခင် စာအုပ်ဆိုင်ထဲကဝင်ဝယ်လာတာ”
          နွေဦးစကားဆံုးတော့ ဆန်းလစာအုပ်အဖံုးကို ကပျာကယာကြည့်လိုက်သည်။
          စာအုပ်အဖံုး၏ဘယ်ဖက်ထောင့်တွင် ဒုတိယအကြိမ်ဆိုသည့် စာသားကအထင်းသား။
          သူမရောနွေဦးရောက စာတို့ကဗျာတို့ကိုဝါသနာပါသည်။
          ကဗျာဆရာ”ရိုး”ကလည်းအလွန်တော်သည်။
          ကဗျာမကြိုက်သူများတောင် လက်ကမချချင်လောက်အောင် ဆွဲဆောင်အားကောင်းလွန်း လှသော ကဗျာစာအုပ်သည် သူမတို့လိုကဗျာဝါသနာရှင်များအတွက်တော့ အလေးအမြတ်ပြုစရာ တန်ဖိုးကြီးရတနာတစ်ခုဖြစ်လာသည်။
          နောက်ပြီး ကဗျာဆရာကိုယ်တိုင်ကိုက “ဒီစာအုပ်ဟာ ကျွန်တော့်ရဲ့နောက်ဆံုးစာအုပ်ပါ” ဟုကြေညာထားသည်မို့ ပရိသတ်တွေကပိုစိတ်ဝင်စားနေကြသည်။
          “ဟဲ့…နွေဦး ငါ့အတွက်ရော ငါ့အတွက်ဝယ်လာခဲ့လား”
          ဆန်းလတစ်ယောက် ကလေးငယ်သဖွယ် နွေဦးကို အားတက်သရောမေးမိသည်။
          နွေဦးမျက်နှာတစ်ချက်ပျက်သွားသည်။
          သို့သော် ပျက်ယွင်းသွားသည့်သူမမျက်နှာကို ချက်ချင်းပြန်ဖံုးလိုက်ပြီး မထူးခြားသော လေသံဖြင့်
          “နင့်အတွက်မပါခဲ့ဘူးဆန်းလရဲ့။ ငါတောင်ဆိုင်ရှင်အစ်မချန်ထားပေးလို့ရတာ။ အားလံုးက လည်းဒီကဗျာစာအုပ်ကို အရူးအမူးဖြစ်နေကြလို့ ဘွတ်ကင်လုပ်ထားတဲ့သူတွေပဲရတယ်ဆရာ။
          ဒါပေမယ့် နင်စိတ်မပူပါနဲ့။ နောက်နှစ်ရက်လောက်ဆိုရမယ်တဲ့။ ဆိုင်ရှင်အစ်မက ထပ်မှာ ထားတယ်ပြောတယ်”
          နွေဦးစကားကြောင့် အပြည့်အဝဝမ်းမသာနိုင်သော်လည်း ရင်ထဲကအလံုးကြီးကတော့ကျ သွားသည်။ ဘာပဲပြောပြော မရနိုင်တာထက်စာလှျင်တော့ တော်သေးသည်ဟု ဆိုရမည်သာ။
          သို့သော် သူလိုချင်သော စာအုပ်ရသွားသဖြင့် ပြံုးပျော်နေသော နွေဦးကိုစချင်လာသဖြင့်
          “အေးလေ ဒါဆိုလဲပြီးတာပေါ့နွေဦးရယ်။ ငါနောက်နှစ်ရက်နေမှဝယ်မယ်လေ။ လောလော ဆယ်တော့ နင့်စာအုပ်ငါယူသွားပြီဟေ့”
          နွေဦးလက်ထဲပြန်ရောက်နေသောစာအုပ်ကို ဆတ်ခနဲဆွဲလုကာ သူမပြေးလေသည်။
          ရုတ်တရက်မို့ နွေဦးလည်းအူကြောင်ကြောင်ဖြစ်ကာ ရပ်ကြည့်နေမိသည်။ နောက်တော့မှ သူမစာအုပ်ပါသွားမှန်းသိသဖြင့် ဆန်းလနောက်သို့ပြေးလိုက်သည်။
          “ဆန်းလ ငါ့စာအုပ်ပြန်ပေး”
          အနောက်ကနွေဦးတစ်ယောက် တစ်ကြော်ကြော်အော်ကာ ပြေးလိုက်လာသည်။
          နှစ်ယောက်လံုးကလည်း ချောမောကြသူများမို့ ဘာဘီရုပ်လေးနှစ်ရုပ် စိန်ပြေးလိုက်တမ်း ကစားနေသလိုပင်။
          အနောက်ကပြေးလိုက်လာသော နွေဦးကိုတစ်ချက်လှည့်ကြည့်ပြီး ညာဖက်လမ်းထဲအကွေ့ ထိုလမ်းထဲမှထွက်လာသော စက်ဘီးတစ်စီးက ဆန်းလမျက်လံုးများကိုပြာဝေသွားစေသည်။
          စက်ဘီးစီးသူကလက်ကိုင်ကိုကွေ့လိုက်သော်လည်း စက်ဘီးကိုယ်ထည်ကတော့ဆန်းလကို အနည်းငယ်ပွတ်မိသွားသည်။
          စက်ဘီးအရှိန်ကြောင့် သူမပံုလျက်သားလဲကျသွားပြီး တစ်ဖက်ကစက်ဘီးလည်း သူမ အနားမှာပင်မှောက်သွားသည်။
          ဆန်းလတစ်ယောက် လဲကျရာမှလူးလဲထမိချိန်တွင် သူမလက်ဖျံနေရာကဆစ်ခနဲ နာသွား သဖြင့်ကြည့်မိတော့ ပွန်းသွားသည့်ဒဏ်ရာလေးက သွေးစို့နေသည်ကိုတွေ့လိုက်ရသည်။
          သို့သော် ဒဏ်ရာကိုဂရုမစိုက်အား။ ကဗျာစာအုပ်ကိုသာ ကမန်းကတန်းလိုက်ရှာမိသည်။
          စာအုပ်ဘယ်မှာလဲ…။ စာအုပ်ဘယ်ရောက်သွားလဲ။
          သူမပံုစံက အဖိုးတန်ရတနာတစ်ခု ပျောက်ဆံုးသွားသည့် ကလေးငယ်တစ်ဦးသဖွယ်။
          သူမဘေးပတ်လည်ကို ဝေ့ဝဲကြည့်ကာလိုက်ရှာသည်။
          မတွေ့။
          ခြံုပုတ်တွေထဲတွင်များရှိမလားလည်းကြည့်သည်။ ဒါလည်းမတွေ့။
          တွေ့မယ့်တွေ့တော့ သူမမထင်မှတ်ထားသောပံုစံ။
          စာအုပ်ကစက်ဘီးအောက်တွင်ပိနေပြီး ပြုတ်ထွက်နေသောအဖံုးနှင့် စာအုပ်အတွင်းသား တို့က တစ်နေရာဆီမှာ။
          စာအုပ်ဖံုးကိုဘယ်လက်ကကိုင် စာအုပ်အတွင်းသားကိုညာလက်ကကိုင်ကာ သူမငူငူကြီး ရပ်နေမိသည်။
          ပြေးလာသောခြေလှမ်းတစ်စံုက ဆန်းလဘေးတွင်ရပ်သွားသဖြင့် နောက်ကိုလှည့်ကြည့် လိုက်တော့ နွေဦး။
          စာအုပ်ကိုတစ်လှည့် သူမကိုတစ်လှည့်ကြည့်နေသည်။ သူမမျက်လံုးတွေက နှမြောတသ နေဟန်။
          “နွေ…နွေဦး။ ငါ…ငါတောင်းပန်”
          “တော်လိုက်တော့ ဆန်းလ”
          နွေဦးလေသံကတင်းမာလွန်းလှသလို သူမမျက်လံုးနှစ်လံုးကလည်း ဒေါသအရောင်များ တဖိတ်ဖိတ်တောက်နေသည်မှာ လူကိုစားတော့မည့် ကျားသစ်မလေးတစ်ကောင်သဖွယ်။
          “ငါပြန်ဝယ်ပေးပါ့မယ်ဟာ။ နောက်နှစ်ရက်လောက်ဆို စာအုပ်ဆိုင်ကို စာအုပ်ရောက်ပြီ မဟုတ်လား။ ငါအစားပြန်ဝယ်ပေးပါ့မယ်နော်”
          ဆန်းလ နွေဦးကိုအနူးအညွှတ်တောင်းပန်နေပေမယ့် နွေဦး၏တင်းမာနေသည့်မျက်နှာ ထားကတော့ ပျော့ပြောင်းမသွားခဲ့။
          ထိုအခိုက် တင်းတင်းစေ့ထားသော နွေဦးနှုတ်ခမ်းတစ်စံုကပွင့်ဟလာပြီး “ဒီစာအုပ်က အစားပြန်ဝယ်ပေးလို့မရတဲ့စာအုပ်ပဲဆန်းလ” ဆိုသည့်စကားနှင့်အတူ ကျောခိုင်းလှည့်ထွက်သွားသော မြင်ကွင်းတို့က ဆန်းလအတွက်တော့တုန်လှုပ်ဖွယ်ပင်။
          သူ…သူသွားပြီ။
          သူမအချစ်ဆံုးသူငယ်ချင်းလည်း သူမကိုကျောခိုင်းခဲ့ပြီ။
          ဆန်းလ ကျောက်ရုပ်တစ်ရုပ်လိုငိုင်သွားကာ မျက်ရည်တို့ကအဆီးအတားမဲ့စွာကျလာ၏။
          စက်ဘီးသမားက “အစ်မဘာဖြစ်သွားလဲ”ဆိုသည့်စကားကိုတောင် သူမအရေးမစိုက်နိုင်။
          သူမချစ်ရသည့်သူငယ်ချင်းကိုလည်း နာကျင်အောင်၊ ဝမ်းနည်းအောင်၊ ပင်ပန်းအောင် သူမလုပ်ခဲ့မိပြန်ပြီ။
          သို့သော် နွေဦးပြောသွားသည့် စကားတစ်ခွန်းကိုတော့ သူမနားမလည်။
          ဒီစာအုပ်က ဘာမို့လို့အစားပြန်ပေးလို့မရတာလဲ။
          ထိုအတွေးများအားလံုး အဖံုးပြုတ်သွားသည့် စာအုပ်အတွင်းသားလေးကိုကြည့်မိတော့မှ ရှင်းသွားခဲ့သည်။
          “ရိုး”ဟုရေးထားသည့် လက်မှတ်လှလှလေးက စာအုပ်ပေါ်တွင်ခ့ံထည်စွာ။
✽✽✽   ✽✽✽   ✽✽✽
          လေးကန်သည့်ခြေလှမ်းတို့ကို သူမချစ်သူအခန်းဆီဦးတည်လိုက်သည်။
          အစ်မကရော၊ အမေကရော နောက်ပြီး အချစ်ဆံုးသူငယ်ချင်းကပါ လျစ်လျူရှုခံလိုက်ရ သည့်ဘဝမို့ နောက်ဆံုးအားပြုစရာသည် ချစ်သူတစ်ယောက်သာရှိတော့သည်။
          ကို့ဆီရောက်လှျင် ကို့ရင်ခွင်ထဲတိုးခွေ့ကာ အားပါးတရငိုမည်။ ကို့ပေါင်ပေါ်ခေါင်းအံုးကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မည်။ ကိုပေးမည့်အနမ်းများနှင့် သူမစိတ်ညစ်ညူးမှုတွေကို ဖြေဖျောက်ပစ်မည်။
          သြော်…မေ့တော့မလို့။ အရင်ဆံုးဟာသတွေပြောခိုင်းရမှာပဲ။ ဒါမှတစ်မနက်ခင်းလံုး နွမ်းလျ နေတဲ့စိတ်တွေက နည်းနည်းပြန်ကြည်လင်လာမှာ။
          တစ်ကယ်လဲ သူမစိတ်တွေက တအားနွမ်းနယ်နေသည်မို့ ဟာသလေးတွေနှင့် အရင်ဆံုး ဖြေလှေျာ့ပြီးမှပဲ ကို့ကိုရင်ဖွင့်တော့မည်ဟု ဆံုးဖြတ်လိုက်သည်။
          ဒီလိုတွေးလိုက်တော့သူမခြေလှမ်းတွေတက်ကြွလာသည်။ မှုန်မှိုင်းနေသည့်စိတ်တွေလည်း နည်းနည်းတော့ပြန်ကြည်လာသယောင်…။
          အခန်းနံပါတ် F-13…။
          ကို့အခန်းနားရောက်တော့ ဆရာဝင်မဝင်တစ်ချက်ကြည့်လိုက်ပြီး ဆရာရှိမနေမှန်းသေချာ တော့မှ ခေါင်းလေးပြူကာ ကို့ထိုင်ခံုနေရာကိုလှမ်းကြည့်လိုက်သည်။
          ထံုးစံအတိုင်း သူငယ်ချင်းများနှင့်စကားပြောနေသည့် ကို့ကိုတွေ့လိုက်ရသည်။ ထိုအခိုက် ကို့သူငယ်ချင်းတစ်ယောက်က သူမကိုကြည့်လိုက်ပြီး ကို့ကိုတစ်စံုတစ်ခုလှမ်းပြောလိုက်သဖြင့် ကို့ရဲ့ မျက်နှာလေးဆန်းလဖက်လှည့်လာသည်။
          ကြည်လင်တဲ့ကို့မျက်နှာလေးက ဒီနေ့မှပိုရှင်းသန့်နေသည်။
          ထိုင်နေရာမှ ဣနြေ္ဒရရနှင့် တစ်လှမ်းချင်းလှေျာက်လာပံုကလည်း စတိုင်ကျလွန်းလှသည်။
          “ဟိတ် မွွန်း ဘာတွေငေးနေတာလဲ”
          သူမရှေ့ရောက်ရောက်ချင်း မေးလိုက်တဲ့ကို့ရဲ့ပံုစံကြောင့် ရင်ထဲမှာနွေးထွေးသွားရသည်။
          ကိုက သူမကို မွန်းဟုခေါ်သည်။ လဆိုသည့်သူမနာမည်ကို ဒီအတိုင်းအဖျားဆွတ်ခေါ် ရမှာရိုးသည်ဟုထင်သည်လားမပြောတတ်။
          “အဟဲ…ဘာမှမဟုတ်ပါဘူး။ ကိုကို့ကိုတွေ့ချင်လို့”
          “အံမယ် ပိုပြီ။ လာမယ်ဆိုရင်လည်း ဘာလို့ဖုန်းမဆက်လဲ”
          “ကိုကို့ကိုအ့ံသြစေချင်လို့ပေါ့”
          “ဟုတ်ပါပြီဗျာ။ ဟုတ်ပါပြီ။ အဲ………”
          ခပ်ဝေးဝေးမှလာနေသည့်ဆရာ့ကိုမြင်တော့ ခုနကကို့အပြံုးတွေကတစ်ပိုင်းတစ်လက်စနှင့် ရပ်တန့်သွားသည်။
          “အာ……ဆရာလာနေပြီ။ ကို အတန်းတက်ရတော့မယ်။ မွန်းလဲ အတန်းသွားတက်တော့ လေ”
          “ဒီနေ့ မွန်းအတန်းမတက်ချင်ဘူး”
          သူမနွဲ့ဆိုးဆိုးသလိုပြောမိတော့ ကိုကလူကြီးတစ်ယောက်လိုပြံုးသည်။
          “ကို ဒီဆရာ့အချိန်ကို အလွတ်ခံလို့မရဘူးကွ။ သူရှင်းပြတာဒီနေ့နားမထောင်လိိုက်ရင် ကျန်တဲ့နေ့တွေ ဘာမှမသိတော့ဘူး”
          “ကိုကကွာ ကို့ကိုပြောစရာရှိလို့ပါဆို”
          “အင်းပါ။ ဒီဆရာ့တစ်ချိန်လေးတော့ ကိုခဏသင်လိုက်မယ်ကွာ။ ပြီးတော့မှ မွန်းပြောစရာ ရှိတာ ကို့ကိုပြောပေါ့”
          “ကို…ဒီတစ်နေ့လေးပဲဖျက်ပေးပါကွာ။ နော်………”
          “မွန်းရယ် ကိုလဲအဆင်မပြေလို့ပါ။ ပြောစရာရှိရင်နောက်မှပြောနော်။ ဟုတ်လား”
          “ကိုမရဘူးကွာ။ ဒီနေ့အတန်းမတက်နဲ့ကွာ။ ကို…… ကို……”
          သူမ ဘယ်လိုပဲတောင်းပန်တိုးလှျိုးပေမယ့် ကိုကသူမစကားနားမထောင်။ အတန်းထဲသို့ ပြေးဝင်သွားပြီး သူ့ထိုင်ခံုတွင်အကျအနသွားထိုင်သည်။
          သူမတို့အဖြစ်အပျက်ကို တစ်စွန်းတစ်စမြင်လိုက်ရသော ကိုတို့အတန်းထဲက မိန်းကလေး တစ်ချို့ကတော့ ဆန်းလကိုကြည့်ပြီးမျက်ခံုးအတွန့်ချိုးကာ သရော်တော်တော်ပြံုးကြသည်။
          ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ ရှက်ခြင်းတို့နှင့် သူမပူထူကာ ကိုနှင့်ဝေးရာသို့ သူမထွက် လာခဲ့သည်။ မျက်ရည်များကတော့ တတွေတွေစီးလျက်။
✽✽✽   ✽✽✽   ✽✽✽
(ဆက်ရန်)
(လင်း)
(Unicode)
image
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s