သင္းကြဲႀကိဳးၾကာ-၄ (သင်းကွဲကြိုးကြာ-၄)

          မနက္၁၁နာရီခြဲ။
          ဆန္းလ အိမ္ကိုျပန္ေရာက္ေတာ့ ထံုးစံအတိုင္းဘယ္သူမွမရွိ။ ေမေမကအလုပ္သြားသည္။ မမကေက်ာင္းသြားသည္။
          တစ္မနက္လံုးလိုလိုငိုထားရသျဖင့္ မ်က္ခြံေတြကမို႔အစ္ေနသလို မ်က္လံုးေတြက က်ိန္းစပ္ ေနသည္။ ထမင္းစားခ်င္စိတ္လည္းမရွိ။ လူက အသိဥာဏ္ကင္းမဲ႔ေနသူလို ေငါင္ေတာင္ေတာင္ျဖစ္ကာ ကုတင္ေပၚအရုပ္ႀကိဳးျပတ္လွဲခ်လိုက္သည္။
          ငါကလူပိုလား။ ငါကသူမ်ားေတြကို စိတ္ဒုကၡေရာက္ေအာင္ လုပ္ေနတဲ႔သူလား။ ငါ့ ငါ့ကို ဘယ္သူမွမလိုအပ္ၾကေတာ့ဘူးလား။
          သူမအရူးတစ္ေယာက္သဖြယ္ ပါးစပ္ကတစ္တြတ္တြတ္ ေရရြတ္ေနမိသည္။
          ေနာက္ေတာ့ မတ္တပ္ထရပ္ကာသူမအဝတ္ဗီရိုကိုဖြင့္လိုက္သည္။ ထိုအထဲက ကို႔ေမြးေန႔ ေရာက္ရင္ကို႔ကိုေပးဖို႔ဝယ္ထားေသာ ဝက္ဝံရုပ္ေလးကိုထုတ္ၿပီး ခုတင္ေပၚတင္လိုက္သည္။
          တစ္ဆက္တည္းမွာပင္ စာအုပ္စင္ေအာက္က စာအုပ္အဖံုးခ်ဳပ္သည့္ပစၥည္းမ်ားထုတ္ကာ ေႏြဦးစာအုပ္ေလးကို ခ်ဳပ္ေပးလိုက္သည္။ စာအုပ္အဖံုးခ်ဳပ္ၿပီးသြားေတာ့ စကၠဴရုပ္ေလးေတြခ်ိဳးသည္။ ထံုးစံအတိုင္းႀကိဳးၾကာရုပ္ေလးေတြ………။

✽✽✽   ✽✽✽   ✽✽✽

          ေန႔လည္၂နာရီ…။
          ဒီေန႔ ေႏြဦးတစ္ခုခုကိုအလိုမက်ျဖစ္ေနသည္။ ဘာကို အလိုမက်မွန္းလည္းမသိ။
          စာအုပ္ၿပဲေအာင္လုပ္ခဲ႔တဲ႔ ဆန္းလကိုလား။
          မဟုတ္…။
          သူလည္းၿပဲပါေစဆိုၿပီး လုပ္ခဲ႔တာမွ မဟုတ္တာ။
          ဒါျဖင့္ ဆန္းလကိုဝင္တိုက္တဲ႔စက္ဘီးသမားလား။ ဒါလည္းမဟုတ္။ သူလည္း ဆန္းလ ဒီလမ္းကလာမယ္ဆိုတာ ဘယ္လိုသိမွာလဲ။
          တစ္ကယ္ေတာ့ ကိုယ့္ကိုယ္ကိုမေက်နပ္မိျခင္းသာ။ ဒီေန႔ရခဲ႔သည့္စာအုပ္က စာအုပ္ဆိုင္ ပိုင္ရွင္အစ္မခ်န္ထားတာမဟုတ္။ ကဗ်ာဆရာ”ရိုး”က ေတာ္ဝင္စင္တာမွာ ဒီေန႔သူ႔စာအုပ္ဝယ္သည့္ သူ႔ပရိသတ္မ်ားကို လက္မွတ္ထိုးေပးမည္ဟုၾကားသျဖင့္ ေႏြဦးလူတိုးခံၿပီးခက္ခက္ခဲခဲဝယ္ထားရသည့္ စာအုပ္…။
          အမွန္ဆို ဆန္းလကို ဒီေန႔ေတာ့ဒီပြဲရွိတယ္။ ေတာ္ဝင္စင္တာကိုလာခဲ႔လို႔ သူမေျပာရမယ့္ တာဝန္ရွိေပမယ့္ သူမေမ့ေလ်ာ့ခဲ႔သည္။
          ဆန္းလ ဒီစာအုပ္ကို ဘယ္ေလာက္လိုခ်င္လဲဆိုတာ သူမအသိဆံုး။
          သူမသာ ဆန္းလကိုေခၚဖို႔မေမ့ေလ်ာ့ခဲ႔လွ်င္ ဒီေန႔လိုအျဖစ္မ်ိဳးျဖစ္လာမည္မဟုတ္။
          တစ္ကယ္ဆို စာအုပ္ျဖင့္မ်က္ႏွာကိုအေပါက္ခံရသူမွာ သူမသာျဖစ္သင့္သည္။
          “အင္း…ငါ လူကိုယ္တိုင္သြားၿပီး ဆန္းလကိုေတာင္းပန္ရမယ္”
          ေလးတြဲ႔ေသာေျခလွမ္းတို႔လိုပင္ သူမစကားသံတို႔ကလည္းေလးတိေလးကန္။
          ဖိနပ္ကို အိမ္ေရွ႕ဖိနပ္စင္မွာခြၽတ္လိုက္ၿပီး ဆိုဖာေပၚမွာေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။
          ထိုစဥ္ ဆိုဖာေရွ႕က စားပြဲေပၚတင္ထားသည့္ စာအုပ္တစ္အုပ္ေၾကာင့္ သူမမ်က္ခံုးအစံု ျမင့္တက္သြားသည္။
          အဖံုးခ်ဳပ္ထားသည့္စာအုပ္မို႔ ဘာစာအုပ္လဲလို႔ ဆြဲယူၾကည့္လိုက္ေတာ့ စာအုပ္ထဲကေန အျဖဴေရာင္ႀကိဳးၾကာရုပ္ေလးတစ္ရုပ္ထြက္လာသည္။
          “ဟင္…ဒါ…ဒါ ငါ့စာအုပ္ပါလား”
          သူမစိတ္လႈပ္ရွားစြာႏွင့္ စာအုပ္ကိုေသေသခ်ာခ်ာစစ္ေဆးမိသည္။
          ေသခ်ာသည္။ ဒါ သူမစာအုပ္မွ သူမစာအုပ္စစ္စစ္။
          “ဟို…မမဆန္းလက မမအတြက္ဆိုၿပီး အဲဒီစာအုပ္လာေပးထားတာပါ”
          သူမအနားေရာက္လာသည့္ အိမ္အကူေကာင္မေလးကေျပာလိုက္သည္။
          ဆန္းလလာေပးထားတာဆိုေတာ့ သူငါ့ကိုေတာင္းပန္တဲ႔သေဘာလား။ ဒါျဖင့္ ႀကိဳးၾကာရုပ္ ကဘာသေဘာလဲ။
          မေရရာသည့္အေတြးတို႔ခဏျဖတ္ကာ စာအုပ္ထဲကျပဳတ္က်လာသည့္ ႀကိဳးၾကာရုပ္ေလးကို အေသအခ်ာျပန္ၾကည့္မိသည္။
          ဒီေတာ့မွႀကိဳးၾကာရုပ္ကိုယ္ထည္တြင္ မွင္စတစ္ခ်ိဳ႕စြန္းေပေနသည္ကိုေတြ႔ရသည္။
          သူမအလ်င္စလိုပင္ ႀကိဳးၾကာရုပ္ေလးကို ျပန္ျဖည္လိုက္ေတာ့ အထဲမွာစာတစ္ခ်ိဳ႕ေရးထား သည္ကို ေတြ႔လိုက္ရ၏။
          “ဟင္…………”
          သူမ အိမ္ထဲကေျပးထြက္လာခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

          ေန႔လည္၂နာရီ…။
          ေျပာရလွ်င္ဆန္းလကသနားဖို႔ေကာင္းသည္။ သူ႔ကိုမ်က္ႏွာတစ္ခ်က္အညိွဳးမခံ။ ဒီေန႔လိုမ်ိဳး အတန္းမတက္ဖို႔ပူဆာသည္ဆိုတာ ဒါပထမဦးဆံုးအႀကိမ္။
          တစ္ျခားအခ်ိန္ေတြဆို သူဒီေလာက္လ်စ္လ်ဴရွဳမိမွာမဟုတ္ေပမယ့္ အခုဆရာအခ်ိန္က သိပ္အေရးႀကီးလြန္းသည္မို႔ ခံစားခ်က္ကိုေမ့ထားလိုက္ရသည္။
          ဒီေကာင္မေလးသူ႔ကိုစိတ္ေကာက္ေနပံုရသည္။ ဖုန္းဆက္ေတာ့လည္းဖုန္းပိတ္ထားသည္။
          ဒီေန႔ညေန ဒါမွမဟုတ္လည္း မနက္ျဖန္ေရာက္မွ သူမကိုကစားကြင္းေခၚသြားၿပီး Suprise တစ္ခုခုလုပ္ေပးေတာ့မည္ဟု ဆံုးျဖတ္လိုက္သည္။
          “ဒီေန႔ညေန အိမ္ကိုသြားၿပီးေတာင္းပန္လိုက္မယ္။ ၿပီးတာနဲ႔ ကစားကြင္းေခၚသြားမယ္။ စိတ္ေကာက္ေနေသးလို႔ မလိုက္ဘူးဆိုရင္လည္း မနက္ျဖန္ေရာက္ေတာ့မွေပါ့”
          သူတစ္ကိုယ္တည္းေရရြတ္ၿပီး အိမ္ထဲဝင္လိုက္သည္။
          ထိုစဥ္ ဧည့္ခန္းထဲတြင္ သတင္းစာဖတ္ေနေသာ အေမ့ကိုေတြ႔သျဖင့္
          “အေမ သားျပန္ေရာက္ၿပီ”
          “လာပါ လာပါ။ ငါနင့္ကိုေတြ႔ခ်င္ေနတာနဲ႔အေတာ္ပဲကိုယ္ေတာ္”
          ခရီးေရာက္မဆိုက္ အေမကေတြ႔ခ်င္သည္ဟုဆိုသည္။ မ်က္ႏွာေပးကလည္း သူ႔ကိုဆူမည့္ ပံုစံမို႔
          “ဘာ…ဘာျဖစ္လို႔လဲအေမ”
          “ဆန္းလေလးကိုသိပ္မဆူပါနဲ႔သားရယ္။ ခမ်ာသနားပါတယ္။ သားကိုလည္းခ်စ္ရွာသားနဲ႔”
          “ဟင္…ကြၽန္ေတာ္ဆန္းလကိုမဆူပါဘူး”
          “လိမ္မေနနဲ႔လင္းေရာင္။ ေကာင္မေလးမ်က္လံုးေတြမ်ား မို႔အစ္ေနတာပဲ။ အဲဒါ နင္ဆူထား လို႔မဟုတ္လား”
          “အာ…မဟုတ္ပါဘူးအေမရာ။ ကြၽန္ေတာ္မဆူပါဘူး။ ဒါနဲ႔သူကအိမ္ကိုဘာလာလုပ္တာလဲ”
          “ေအးေလ မဆူလည္းၿပီးတာပဲ။ သူမ်ားသားသမီးကို မ်က္ရည္ေပါက္ႀကီးငယ္က်ေအာင္ မလုပ္ပါနဲ႔ကြယ္။
          ေရာ့ ေရာ့ ဒီမွာ။ဒီအရုပ္ေလးလာေပးတာ။ မင္းအတြက္တဲ႔”
          အေမကေျပာေျပာဆိုဆုိႏွင့္ သူ႔လက္ထဲသို႔ဝက္ဝံရုပ္ေလးထိုးထည့္ကာ အိမ္အေနာက္ဖက္ ဝင္သြားေလသည္။
          သူကေတာ့ လက္ထဲေရာက္လာသည့္ ဝက္ဝံရုပ္ေလးကိုေသေသခ်ာခ်ာၾကည့္မိသည္။
          ဝက္ဝံရုပ္ေလးကဘာမွမထူးျခား။ သာမန္အရုပ္တစ္ခုသာ။ သို႔ေသာ္ အရုပ္လည္ပင္းတြင္ ခ်ိတ္ဆြဲထားသည့္ အျပာေရာင္ႀကိဳးၾကာရုပ္ေလးကေတာ့ ထူးျခားသည္ဟုဆိုရမည္။
          အရုပ္လည္ပင္းက ႀကိဳးၾကာရုပ္ေလးကိုအသာဆြဲျဖဳတ္လိုက္ၿပီး သူေစ့ေစ့စပ္စပ္လိုက္ၾကည့္ ေတာ့ အရုပ္ကိုယ္ထည္အတြင္းဖက္တြင္ မွင္စတစ္ခ်ိဳ႕ကိုေတြ႔လိုက္ရသည္။
          စိတ္ရွည္လက္ရွည္ႏွင့္ ႀကိဳးၾကာရုပ္ေလးကိုျဖည္လိုက္ၿပီး အတြင္းဖက္တြင္ေရးထားသည့္ စာတစ္ခ်ိဳ႕ကိုဖတ္ၿပီးခ်ိန္မွာေတာ့
          “ဟင္………”
          သူ အိမ္ထဲကေျပးထြက္လာခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          မနက်၁၁နာရီခွဲ။
          ဆန်းလ အိမ်ကိုပြန်ရောက်တော့ ထံုးစံအတိုင်းဘယ်သူမှမရှိ။ မေမေကအလုပ်သွားသည်။ မမကကျောင်းသွားသည်။
          တစ်မနက်လံုးလိုလိုငိုထားရသဖြင့် မျက်ခွံတွေကမို့အစ်နေသလို မျက်လံုးတွေက ကျိန်းစပ် နေသည်။ ထမင်းစားချင်စိတ်လည်းမရှိ။ လူက အသိဥာဏ်ကင်းမဲ့နေသူလို ငေါင်တောင်တောင်ဖြစ်ကာ ကုတင်ပေါ်အရုပ်ကြိုးပြတ်လှဲချလိုက်သည်။
          ငါကလူပိုလား။ ငါကသူများတွေကို စိတ်ဒုက္ခရောက်အောင် လုပ်နေတဲ့သူလား။ ငါ့ ငါ့ကို ဘယ်သူမှမလိုအပ်ကြတော့ဘူးလား။
          သူမအရူးတစ်ယောက်သဖွယ် ပါးစပ်ကတစ်တွတ်တွတ် ရေရွတ်နေမိသည်။
          နောက်တော့ မတ်တပ်ထရပ်ကာသူမအဝတ်ဗီရိုကိုဖွင့်လိုက်သည်။ ထိုအထဲက ကို့မွေးနေ့ ရောက်ရင်ကို့ကိုပေးဖို့ဝယ်ထားသော ဝက်ဝံရုပ်လေးကိုထုတ်ပြီး ခုတင်ပေါ်တင်လိုက်သည်။
          တစ်ဆက်တည်းမှာပင် စာအုပ်စင်အောက်က စာအုပ်အဖံုးချုပ်သည့်ပစ္စည်းများထုတ်ကာ နွေဦးစာအုပ်လေးကို ချုပ်ပေးလိုက်သည်။ စာအုပ်အဖံုးချုပ်ပြီးသွားတော့ စက္ကူရုပ်လေးတွေချိုးသည်။ ထံုးစံအတိုင်းကြိုးကြာရုပ်လေးတွေ………။

✽✽✽   ✽✽✽   ✽✽✽

          နေ့လည်၂နာရီ…။
          ဒီနေ့ နွေဦးတစ်ခုခုကိုအလိုမကျဖြစ်နေသည်။ ဘာကို အလိုမကျမှန်းလည်းမသိ။
          စာအုပ်ပြဲအောင်လုပ်ခဲ့တဲ့ ဆန်းလကိုလား။
          မဟုတ်…။
          သူလည်းပြဲပါစေဆိုပြီး လုပ်ခဲ့တာမှ မဟုတ်တာ။
          ဒါဖြင့် ဆန်းလကိုဝင်တိုက်တဲ့စက်ဘီးသမားလား။ ဒါလည်းမဟုတ်။ သူလည်း ဆန်းလ ဒီလမ်းကလာမယ်ဆိုတာ ဘယ်လိုသိမှာလဲ။
          တစ်ကယ်တော့ ကိုယ့်ကိုယ်ကိုမကျေနပ်မိခြင်းသာ။ ဒီနေ့ရခဲ့သည့်စာအုပ်က စာအုပ်ဆိုင် ပိုင်ရှင်အစ်မချန်ထားတာမဟုတ်။ ကဗျာဆရာ”ရိုး”က တော်ဝင်စင်တာမှာ ဒီနေ့သူ့စာအုပ်ဝယ်သည့် သူ့ပရိသတ်များကို လက်မှတ်ထိုးပေးမည်ဟုကြားသဖြင့် နွေဦးလူတိုးခံပြီးခက်ခက်ခဲခဲဝယ်ထားရသည့် စာအုပ်…။
          အမှန်ဆို ဆန်းလကို ဒီနေ့တော့ဒီပွဲရှိတယ်။ တော်ဝင်စင်တာကိုလာခဲ့လို့ သူမပြောရမယ့် တာဝန်ရှိပေမယ့် သူမမေ့လျော့ခဲ့သည်။
          ဆန်းလ ဒီစာအုပ်ကို ဘယ်လောက်လိုချင်လဲဆိုတာ သူမအသိဆံုး။
          သူမသာ ဆန်းလကိုခေါ်ဖို့မမေ့လျော့ခဲ့လှျင် ဒီနေ့လိုအဖြစ်မျိုးဖြစ်လာမည်မဟုတ်။
          တစ်ကယ်ဆို စာအုပ်ဖြင့်မျက်နှာကိုအပေါက်ခံရသူမှာ သူမသာဖြစ်သင့်သည်။
          “အင်း…ငါ လူကိုယ်တိုင်သွားပြီး ဆန်းလကိုတောင်းပန်ရမယ်”
          လေးတွဲ့သောခြေလှမ်းတို့လိုပင် သူမစကားသံတို့ကလည်းလေးတိလေးကန်။
          ဖိနပ်ကို အိမ်ရှေ့ဖိနပ်စင်မှာချွတ်လိုက်ပြီး ဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
          ထိုစဥ် ဆိုဖာရှေ့က စားပွဲပေါ်တင်ထားသည့် စာအုပ်တစ်အုပ်ကြောင့် သူမမျက်ခံုးအစံု မြင့်တက်သွားသည်။
          အဖံုးချုပ်ထားသည့်စာအုပ်မို့ ဘာစာအုပ်လဲလို့ ဆွဲယူကြည့်လိုက်တော့ စာအုပ်ထဲကနေ အဖြူရောင်ကြိုးကြာရုပ်လေးတစ်ရုပ်ထွက်လာသည်။
          “ဟင်…ဒါ…ဒါ ငါ့စာအုပ်ပါလား”
          သူမစိတ်လှုပ်ရှားစွာနှင့် စာအုပ်ကိုသေသေချာချာစစ်ဆေးမိသည်။
          သေချာသည်။ ဒါ သူမစာအုပ်မှ သူမစာအုပ်စစ်စစ်။
          “ဟို…မမဆန်းလက မမအတွက်ဆိုပြီး အဲဒီစာအုပ်လာပေးထားတာပါ”
          သူမအနားရောက်လာသည့် အိမ်အကူကောင်မလေးကပြောလိုက်သည်။
          ဆန်းလလာပေးထားတာဆိုတော့ သူငါ့ကိုတောင်းပန်တဲ့သဘောလား။ ဒါဖြင့် ကြိုးကြာရုပ် ကဘာသဘောလဲ။
          မရေရာသည့်အတွေးတို့ခဏဖြတ်ကာ စာအုပ်ထဲကပြုတ်ကျလာသည့် ကြိုးကြာရုပ်လေးကို အသေအချာပြန်ကြည့်မိသည်။
          ဒီတော့မှကြိုးကြာရုပ်ကိုယ်ထည်တွင် မှင်စတစ်ချို့စွန်းပေနေသည်ကိုတွေ့ရသည်။
          သူမအလျင်စလိုပင် ကြိုးကြာရုပ်လေးကို ပြန်ဖြည်လိုက်တော့ အထဲမှာစာတစ်ချို့ရေးထား သည်ကို တွေ့လိုက်ရ၏။
          “ဟင်…………”
          သူမ အိမ်ထဲကပြေးထွက်လာခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

          နေ့လည်၂နာရီ…။
          ပြောရလှျင်ဆန်းလကသနားဖို့ကောင်းသည်။ သူ့ကိုမျက်နှာတစ်ချက်အညှိုးမခံ။ ဒီနေ့လိုမျိုး အတန်းမတက်ဖို့ပူဆာသည်ဆိုတာ ဒါပထမဦးဆံုးအကြိမ်။
          တစ်ခြားအချိန်တွေဆို သူဒီလောက်လျစ်လျူရှုမိမှာမဟုတ်ပေမယ့် အခုဆရာအချိန်က သိပ်အရေးကြီးလွန်းသည်မို့ ခံစားချက်ကိုမေ့ထားလိုက်ရသည်။
          ဒီကောင်မလေးသူ့ကိုစိတ်ကောက်နေပံုရသည်။ ဖုန်းဆက်တော့လည်းဖုန်းပိတ်ထားသည်။
          ဒီနေ့ညနေ ဒါမှမဟုတ်လည်း မနက်ဖြန်ရောက်မှ သူမကိုကစားကွင်းခေါ်သွားပြီး Suprise တစ်ခုခုလုပ်ပေးတော့မည်ဟု ဆံုးဖြတ်လိုက်သည်။
          “ဒီနေ့ညနေ အိမ်ကိုသွားပြီးတောင်းပန်လိုက်မယ်။ ပြီးတာနဲ့ ကစားကွင်းခေါ်သွားမယ်။ စိတ်ကောက်နေသေးလို့ မလိုက်ဘူးဆိုရင်လည်း မနက်ဖြန်ရောက်တော့မှပေါ့”
          သူတစ်ကိုယ်တည်းရေရွတ်ပြီး အိမ်ထဲဝင်လိုက်သည်။
          ထိုစဥ် ဧည့်ခန်းထဲတွင် သတင်းစာဖတ်နေသော အမေ့ကိုတွေ့သဖြင့်
          “အမေ သားပြန်ရောက်ပြီ”
          “လာပါ လာပါ။ ငါနင့်ကိုတွေ့ချင်နေတာနဲ့အတော်ပဲကိုယ်တော်”
          ခရီးရောက်မဆိုက် အမေကတွေ့ချင်သည်ဟုဆိုသည်။ မျက်နှာပေးကလည်း သူ့ကိုဆူမည့် ပံုစံမို့
          “ဘာ…ဘာဖြစ်လို့လဲအမေ”
          “ဆန်းလလေးကိုသိပ်မဆူပါနဲ့သားရယ်။ ခမျာသနားပါတယ်။ သားကိုလည်းချစ်ရှာသားနဲ့”
          “ဟင်…ကျွန်တော်ဆန်းလကိုမဆူပါဘူး”
          “လိမ်မနေနဲ့လင်းရောင်။ ကောင်မလေးမျက်လံုးတွေများ မို့အစ်နေတာပဲ။ အဲဒါ နင်ဆူထား လို့မဟုတ်လား”
          “အာ…မဟုတ်ပါဘူးအမေရာ။ ကျွန်တော်မဆူပါဘူး။ ဒါနဲ့သူကအိမ်ကိုဘာလာလုပ်တာလဲ”
          “အေးလေ မဆူလည်းပြီးတာပဲ။ သူများသားသမီးကို မျက်ရည်ပေါက်ကြီးငယ်ကျအောင် မလုပ်ပါနဲ့ကွယ်။
          ရော့ ရော့ ဒီမှာ။ဒီအရုပ်လေးလာပေးတာ။ မင်းအတွက်တဲ့”
          အမေကပြောပြောဆိုဆိုနှင့် သူ့လက်ထဲသို့ဝက်ဝံရုပ်လေးထိုးထည့်ကာ အိမ်အနောက်ဖက် ဝင်သွားလေသည်။
          သူကတော့ လက်ထဲရောက်လာသည့် ဝက်ဝံရုပ်လေးကိုသေသေချာချာကြည့်မိသည်။
          ဝက်ဝံရုပ်လေးကဘာမှမထူးခြား။ သာမန်အရုပ်တစ်ခုသာ။ သို့သော် အရုပ်လည်ပင်းတွင် ချိတ်ဆွဲထားသည့် အပြာရောင်ကြိုးကြာရုပ်လေးကတော့ ထူးခြားသည်ဟုဆိုရမည်။
          အရုပ်လည်ပင်းက ကြိုးကြာရုပ်လေးကိုအသာဆွဲဖြုတ်လိုက်ပြီး သူစေ့စေ့စပ်စပ်လိုက်ကြည့် တော့ အရုပ်ကိုယ်ထည်အတွင်းဖက်တွင် မှင်စတစ်ချို့ကိုတွေ့လိုက်ရသည်။
          စိတ်ရှည်လက်ရှည်နှင့် ကြိုးကြာရုပ်လေးကိုဖြည်လိုက်ပြီး အတွင်းဖက်တွင်ရေးထားသည့် စာတစ်ချို့ကိုဖတ်ပြီးချိန်မှာတော့
          “ဟင်………”
          သူ အိမ်ထဲကပြေးထွက်လာခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s