Monthly Archives: November 2015

ခ်စ္ရသူလက္ဖဝါးထက္ပါးအပ္ခဲ႔စဥ္ (ချစ်ရသူလက်ဖဝါးထက်ပါးအပ်ခဲ့စဥ်)

သိဂၤါရအက္ေဆးတစ္ပုဒ္ရဲ႕နိဒါန္းမွာ
ကႀကီး…ခေခြး…
ဘယ္ဗ်ည္းစဥ္ေရးရမယ္မသိသူပါ။

မ်က္ဝန္းေလးကိုအသာမွိတ္
စိတ္ကူးေလတံခြန္ကို
ၾကယ္တစ္ရာၿခံရံၿပီး
တိတ္တဆိတ္လႊတ္တင္လိုက္တယ္။

ေလညွင္းတို႔ရဲ႕ေတးသီသံက ႏုႏုေနာ့ေနာ့
ခ်စ္ရသူရဲ႕ရင္ခြင္ရွိဳက္သံက တိုးတိုးေဖ်ာ့ေဖ်ာ့
သံေယာဇဥ္ဆိုတာဟာလည္း
ခပ္ေလ်ာ့ေလ်ာ့ေပမယ့္
သိပ္ခိုင္တဲ႔ႀကိဳးတစ္စေပါ့။

✽✽✽   ✽✽✽   ✽✽✽

ငါ့ကမာၻမွာေနၾကတ္ရင္
နင္မီးပံုေလးဖိုေပးပါတာရာ။
အားကုန္လုဆဲဆဲ
ငါလိုစက္ရုပ္အတြက္
နင္ဟာ မရွိမျဖစ္စြမ္းအင္ျမစ္တစ္စင္းပါ။

ဒီလိုနဲ႔
စစ္မက္ကင္းစင္တဲ႔အျဖဴေရာင္စကၠန္႔တံေတြမွာ
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ခိုစီး
ေလညွင္းေလးရယ္
ခ်စ္ရသူဆံႏြယ္စေတြကို
အံု႔အံု႔သည္းသည္းေလးတိုက္ခတ္ေပးစမ္းပါကြယ္။

ေၾသာ္……………
နတ္ဘုရားေတြသြန္းခတ္တဲ႔
သူမပုခံုးစြန္းထက္ေခါင္းတင္
နင့္ပါးျပင္ကိုအႏုပညာေျမာက္စြာ
ငါ…နမ္းျမေမႊးၾကဴလိုက္ခ်င္ရဲ႕။

✽✽✽   ✽✽✽   ✽✽✽

“ဘယ္ေလာက္ခ်စ္သလဲ”
ဒီေမးခြန္းၾကားတိုင္း
ႏႈတ္ခမ္းႏွစ္လႊာကဆြံ႔အမိတယ္။

အေျဖမသိတာမဟုတ္ဘူး။
အေျဖမရွိခဲ႔တာပါ။

ျဒပ္မဲ႔ျဖစ္တည္မႈတစ္ခုကို
အနီးစပ္ဆံုးတိုင္းတာျပတဲ႔အခါ
စကားလံုးမဲ႔ဘာသာေဗဒတစ္ခုအတြက္
ငါ့ေျဖရွင္းခ်က္ဟာ
ေပါ့ပ်က္ပ်က္ျဖစ္ေနမွာေတာ့စိုးပါတယ္တာရာ။

စကားဆိုတာ
ႏႈတ္ဖ်ားကစီးဆင္းမွမဟုတ္ပါဘူး။
ငါ့မ်က္ဝန္းကစာေတြကို
နင္ဖတ္တတ္လာတဲ႔အခါ
ဒီမဟာလကၤာတစ္ပုဒ္လံုး
နင့္နာမေတာ္ကိုအႀကိမ္ႀကိမ္သံုးထားမွန္းသိမွာပါ။

✽✽✽   ✽✽✽   ✽✽✽

တာရာေရ
ေႏြဆန္တဲ႔ငါ့ကမာၻမွာ
နင့္ မိုးေလးညွိဳ႕ေပးရံုနဲ႔ကို
ငါေက်နပ္ပါတယ္။

ဒါေပမယ့္
သူမ်ားဒဏ္ရာထက္
ကိုယ့္ဒဏ္ရာပိုစပ္တဲ႔ေလာကမွာ
ငါဟာလည္းအတၱသမားမို႔
နင့္ကိုယ္သင္းရနံ႔ေတြကို
ေလညွင္းေလးခိုးသြားရင္ေတာ့
(သူ႔ကို) မုန္းမိလိမ့္မယ္။

“အႏၶ”ရယ္လို႔ ဆိုခ်င္ဆို
သမုတ္လိုသူေတြသမုတ္ပါေစကြယ္။

ဒီကႏၲာရျမစ္တစ္စင္းထဲ
ဆားငန္ေရေတြကို
အဖန္တလဲလဲေသာက္သံုးခ်င္ေနသူဟာ
ငါသာျဖစ္ပါတယ္။

(လင္း)
(Zawgyi)

သိင်္ဂါရအက်ဆေးတစ်ပုဒ်ရဲ့နိဒါန်းမှာ
ကကြီး…ခခွေး…
ဘယ်ဗျည်းစဥ်ရေးရမယ်မသိသူပါ။

မျက်ဝန်းလေးကိုအသာမှိတ်
စိတ်ကူးလေတံခွန်ကို
ကြယ်တစ်ရာခြံရံပြီး
တိတ်တဆိတ်လွှတ်တင်လိုက်တယ်။

လေညှင်းတို့ရဲ့တေးသီသံက နုနုနော့နော့
ချစ်ရသူရဲ့ရင်ခွင်ရှိုက်သံက တိုးတိုးဖျော့ဖျော့
သံယောဇဥ်ဆိုတာဟာလည်း
ခပ်လျော့လျော့ပေမယ့်
သိပ်ခိုင်တဲ့ကြိုးတစ်စပေါ့။

✽✽✽   ✽✽✽   ✽✽✽

ငါ့ကမာ္ဘမှာနေကြတ်ရင်
နင်မီးပံုလေးဖိုပေးပါတာရာ။
အားကုန်လုဆဲဆဲ
ငါလိုစက်ရုပ်အတွက်
နင်ဟာ မရှိမဖြစ်စွမ်းအင်မြစ်တစ်စင်းပါ။

ဒီလိုနဲ့
စစ်မက်ကင်းစင်တဲ့အဖြူရောင်စက္ကန့်တံတွေမှာ
ကျွန်တော်တို့နှစ်ယောက်ခိုစီး
လေညှင်းလေးရယ်
ချစ်ရသူဆံနွယ်စတွေကို
အံု့အံု့သည်းသည်းလေးတိုက်ခတ်ပေးစမ်းပါကွယ်။

သြော်……………
နတ်ဘုရားတွေသွန်းခတ်တဲ့
သူမပုခံုးစွန်းထက်ခေါင်းတင်
နင့်ပါးပြင်ကိုအနုပညာမြောက်စွာ
ငါ…နမ်းမြမွှေးကြူလိုက်ချင်ရဲ့။

✽✽✽   ✽✽✽   ✽✽✽

“ဘယ်လောက်ချစ်သလဲ”
ဒီမေးခွန်းကြားတိုင်း
နှုတ်ခမ်းနှစ်လွှာကဆွံ့အမိတယ်။

အဖြေမသိတာမဟုတ်ဘူး။
အဖြေမရှိခဲ့တာပါ။

ဒြပ်မဲ့ဖြစ်တည်မှုတစ်ခုကို
အနီးစပ်ဆံုးတိုင်းတာပြတဲ့အခါ
စကားလံုးမဲ့ဘာသာဗေဒတစ်ခုအတွက်
ငါ့ဖြေရှင်းချက်ဟာ
ပေါ့ပျက်ပျက်ဖြစ်နေမှာတော့စိုးပါတယ်တာရာ။

စကားဆိုတာ
နှုတ်ဖျားကစီးဆင်းမှမဟုတ်ပါဘူး။
ငါ့မျက်ဝန်းကစာတွေကို
နင်ဖတ်တတ်လာတဲ့အခါ
ဒီမဟာလင်္ကာတစ်ပုဒ်လံုး
နင့်နာမတော်ကိုအကြိမ်ကြိမ်သံုးထားမှန်းသိမှာပါ။

✽✽✽   ✽✽✽   ✽✽✽

တာရာရေ
နွေဆန်တဲ့ငါ့ကမာ္ဘမှာ
နင့် မိုးလေးညှို့ပေးရံုနဲ့ကို
ငါကျေနပ်ပါတယ်။

ဒါပေမယ့်
သူများဒဏ်ရာထက်
ကိုယ့်ဒဏ်ရာပိုစပ်တဲ့လောကမှာ
ငါဟာလည်းအတ္တသမားမို့
နင့်ကိုယ်သင်းရနံ့တွေကို
လေညှင်းလေးခိုးသွားရင်တော့
(သူ့ကို) မုန်းမိလိမ့်မယ်။

“အန္ဓ”ရယ်လို့ ဆိုချင်ဆို
သမုတ်လိုသူတွေသမုတ်ပါစေကွယ်။

ဒီကန္တာရမြစ်တစ်စင်းထဲ
ဆားငန်ရေတွေကို
အဖန်တလဲလဲသောက်သံုးချင်နေသူဟာ
ငါသာဖြစ်ပါတယ်။

(လင်း)
(Unicode)

image

ကမာၻတည္တဲ႔ေန႔ (ကမာ္ဘတည်တဲ့နေ့)

ဖန္ဆင္းရွင္ကငါတို႔ကိုဖန္ဆင္းတယ္ဆိုရင္ေတာင္
ငါတို႔သမိုင္းကိုဖန္ဆင္းသူဟာ
ငါတို႔သာျဖစ္ရမယ္။

ထလိုက္ပါ…။
ဆူးပံုျမင္လည္းထ
ဒူးတုန္ရင္လည္းထ
ဒီလွည္းဟာၿပိဳင္တူတြန္းမွေရြ႕မယ့္အမ်ိဳး။

အေမွာင္နဲ႔အလင္း
အမည္းနဲ႔အျဖဴ
တူတူတန္တန္ကြဲျပားေနတာေတာင္
အမွန္တရားဖက္
တည့္တည့္မရပ္ရဲေသးရင္
ပင္ဒိုရာအိုးကိုဖြင့္တဲ႔သူထဲ
ခင္ဗ်ားလည္းပါတယ္လိုု႔သတ္မွတ္တယ္။

လာခဲ႔…လိုက္ခဲ႔…။
ဟိုေရွ႕မွာေနျခည္ေတြသန္းလုၿပီ။
စပါးပင္ေလးေတြညႊတ္ယိမ္း
(သူတို႔ေတြ)ျဖဴစင္စြာစိမ္းေနၿပီ။

မ်က္လံုးကိုက်ယ္က်ယ္ဖြင့္
မတူညီျခင္းေတြကိုလက္ကမ္းရင္း
ေဟာဒီလက္နဲ႔ကမာၻသစ္ကိုတည္ၾကမယ္။

ဒါဟာ ငါတို႔အခ်ိန္

ဒါဟာ
ငါ
တို႔
အိမ္။

(လင္း)
(Zawgyi)

ဖန်ဆင်းရှင်ကငါတို့ကိုဖန်ဆင်းတယ်ဆိုရင်တောင်
ငါတို့သမိုင်းကိုဖန်ဆင်းသူဟာ
ငါတို့သာဖြစ်ရမယ်။

ထလိုက်ပါ…။
ဆူးပံုမြင်လည်းထ
ဒူးတုန်ရင်လည်းထ
ဒီလှည်းဟာပြိုင်တူတွန်းမှရွေ့မယ့်အမျိုး။

အမှောင်နဲ့အလင်း
အမည်းနဲ့အဖြူ
တူတူတန်တန်ကွဲပြားနေတာတောင်
အမှန်တရားဖက်
တည့်တည့်မရပ်ရဲသေးရင်
ပင်ဒိုရာအိုးကိုဖွင့်တဲ့သူထဲ
ခင်ဗျားလည်းပါတယ်လိုု့သတ်မှတ်တယ်။

လာခဲ့…လိုက်ခဲ့…။
ဟိုရှေ့မှာနေခြည်တွေသန်းလုပြီ။
စပါးပင်လေးတွေညွှတ်ယိမ်း
(သူတို့တွေ)ဖြူစင်စွာစိမ်းနေပြီ။

မျက်လံုးကိုကျယ်ကျယ်ဖွင့်
မတူညီခြင်းတွေကိုလက်ကမ်းရင်း
ဟောဒီလက်နဲ့ကမာ္ဘသစ်ကိုတည်ကြမယ်။

ဒါဟာ ငါတို့အချိန်

ဒါဟာ
ငါ
တို့
အိမ်။

(လင်း)
(Unicode)

image

၂၀၁၅ဆုေတာင္း (၂၀၁၅ဆုတောင်း)

ေျမစာပင္ေတြပါေမေမ…။
ဟိုလူ႔အနင္းလည္းခံ
ဒီလူ႔အနင္းလည္းခံ
တစ္ခါတစ္ရံဆို
ကြၽဲႏွစ္ေကာင္ခတ္တဲ႔ၾကား
ျပားဝပ္ခဲ႔ရသူေတြေပါ့။

ႏိုးေနလ်က္နဲ႔လည္း
အိပ္မက္မက္ပါတယ္ဆိုေတာ့
တစ္ခ်ိဳ႕ေတြကရယ္ၾကတယ္။

အမိုးလည္းယို
အကာလည္းလိုေနတဲ႔ဘဝေတြပါေမေမ။

အဖက္မလုပ္ခ်င္ေတာင္
တစ္ခ်က္ေလာက္ေတာ့ေစာင္းငဲ့ၾကည့္
ကြၽန္ေတာ္တို႔အျဖစ္ကိုသိၾကရင္ေတာ္ပါၿပီ။

ကယ္ပါ…။
ကြၽန္ေတာ္တို႔ကိုကယ္ပါ…။
ကြၽန္ေတာ္မဟုတ္တဲ႔
ကြၽန္ေတာ္တို႔ကိုကယ္ပါ…။

တြယ္ရာမဲ႔ဝိဥာဥ္ေတြ
ေနရာလြတ္ရွိေသးရင္ခိုနားပါရေစ။

ျမန္မာျပည္
ေရာင္နီသန္းတာေလးျမင္ပါရေစ။

အဓမၼေတြကိုဖိႏွိပ္
အတိတ္လိုမရိုင္းတဲ႔အနာဂတ္ကိုလည္းႀကံဳပါရေစ။

ေမေမ…………။

ေမေမ ႏိုင္ပါေစ………။

(လင္း)
(Zawgyi)

မြေစာပင်တွေပါမေမေ…။
ဟိုလူ့အနင်းလည်းခံ
ဒီလူ့အနင်းလည်းခံ
တစ်ခါတစ်ရံဆို
ကျွဲနှစ်ကောင်ခတ်တဲ့ကြား
ပြားဝပ်ခဲ့ရသူတွေပေါ့။

နိုးနေလျက်နဲ့လည်း
အိပ်မက်မက်ပါတယ်ဆိုတော့
တစ်ချို့တွေကရယ်ကြတယ်။

အမိုးလည်းယို
အကာလည်းလိုနေတဲ့ဘဝတွေပါမေမေ။

အဖက်မလုပ်ချင်တောင်
တစ်ချက်လောက်တော့စောင်းငဲ့ကြည့်
ကျွန်တော်တို့အဖြစ်ကိုသိကြရင်တော်ပါပြီ။

ကယ်ပါ…။
ကျွန်တော်တို့ကိုကယ်ပါ…။
ကျွန်တော်မဟုတ်တဲ့
ကျွန်တော်တို့ကိုကယ်ပါ…။

တွယ်ရာမဲ့ဝိဥာဥ်တွေ
နေရာလွတ်ရှိသေးရင်ခိုနားပါရစေ။

မြန်မာပြည်
ရောင်နီသန်းတာလေးမြင်ပါရစေ။

အဓမ္မတွေကိုဖိနှိပ်
အတိတ်လိုမရိုင်းတဲ့အနာဂတ်ကိုလည်းကြံုပါရစေ။

မေမေ…………။

မေမေ နိုင်ပါစေ………။

(လင်း)
(Unicode)

image

သင္းကြဲႀကိဳးၾကာ-၅-ဇာတ္သိမ္း (သင်းကွဲကြိုးကြာ-၅-ဇာတ်သိမ်း)

         ေန႔လည္၃နာရီ…။
          အိမ္ကိုျပန္လာေတာ့ လမ္းထိပ္မွာအေမႏွင့္သူမ အမွတ္မထင္ဆံုမိၾကသျဖင့္ သားအမိ ႏွစ္ေယာက္ စကားတေျပာေျပာလမ္းေလွ်ာက္လာၾကသည္။
          ဆန္းလအေၾကာင္းေျပာေနရင္း သူမဆြဲလာသည့္ႂကြြပ္ႂကြပ္အိတ္ကို အေမက ရုတ္တရက္ ၾကည့္ကာ
          “ဆန္းစ လက္ထဲကဘာတုန္း”
          ရုတ္တရက္မိုု႔ အေမဘာေျပာမွန္း နားမလည္လိုက္သျဖင့္ ဘာလဲဆိုသည့္အၾကည့္ျဖင့္ အေမ့ကိုျပန္ၾကည့္ေတာ့ အေမကသူမညာဖက္လက္ထဲကအထုပ္ကို ေမးေငါ့ျပသည္။
          “ေၾသာ္ ဒါလား။ မနက္ကေလ ဆန္းလက သမီးနားကပ္လိုခ်င္တယ္လုပ္ေနလို႔ ဒီေန႔ အဲဒီ နားကပ္ကိုလိုက္ရွာေပးလာတာ။
          ေနာက္ၿပီး အရုပ္ကိစၥကလည္း အရွိန္မေသေသးဘူးေလ။ သူ႔ရဲ႕အမွားမဟုတ္ေပမယ့္ ေၾကာင္ကိုေျပာမရေတာ့ ဒီေန႔သ႔ူကိုမဲၿပီးေအာ္လိုက္မိတာလည္းပါလို႔”
          သူမစကားၾကားေတာ့ အေမကၿပံဳးသည္။
          “ငါလည္း အတူတူပဲဆန္းစေရ။ ဒီေန႔သူ႔အတြက္Vitamin-Eဆိုတာ သြားဝယ္လာတယ္။ မနက္ကေလ စာရင္းမကိုက္လို႔ေဒါသထြက္ရတဲ႔ၾကားထဲ သူကလာၿပီးေတာ့ ေခါင္းၿဖီးေပးပါေျပာေတာ့ စိတ္ရွဳပ္ရွဳပ္နဲ႔ေအာ္လိုက္တာ။ ခုျပန္စဥ္စားမိေတာ့ စိတ္မေကာင္းတာနဲ႔ ဒီေန႔ညေတာ့သူ႔ကိုေရာသမီးကို ေရာေခါင္းၿဖီးေပးမယ္ဆိုၿပီး သြားဝယ္လိုက္တာ”
          အေမ့စကားၾကားေတာ့ ဆန္းစလက္ခုပ္ေလး တစ္ဖ်တ္ဖ်တ္တီးကာ
          “အေမတစ္ကယ္ေနာ္။ တစ္ကယ္ေခါင္းၿဖီးေပးမွာေနာ္”
          “ေအးပါဟယ္။ တစ္ကယ္ပါ”
          “ေရး……………”
          လမ္းေပၚမွာ သူမဝမ္းေျမာက္စြာထခုန္မိသည္။ ေခါင္းၿဖီးေပးတာက ဘာမွမထူးဆန္းဟု ထင္စရာရွိေသာ္လည္း အေမ့ယုယမႈႏွင့္ေဝးေနသည့္ သူမတို႔အဖို႔ေတာ့ ဒီလိုေလးလုပ္ေပးတာကပင္ လြန္စြာဝမ္းသာစရာပင္။
          အိမ္ေရာက္ေတာ့ ၿခံတံခါးေသာ့ဖြင့္ထားတာေတြ႔သျဖင့္ ဆန္းလျပန္ေရာက္ေနၿပီဆိုတာ သူမတို႔သိလိုက္သည္။
          “ဆန္းလေရ ငါတို႔ျပန္လာၿပီေဟ့။ အိမ္ေရွ႕ထြက္ခဲ႔”
          ဆန္းစျပန္ေရာက္ေရာက္ခ်င္း ထိုင္ခံုေပၚထိုင္ကာ ညီမျဖစ္သူကိုလွမ္းေအာ္ေခၚလိုက္သည္။ အေမကေတာ့ တက္ႂကြေနလိုက္တာဆိုသည့္မ်က္ႏွာေပးႏွင့္ သူမကိုမဲ႔ျပသည္။
          ထိုစဥ္ စားပြဲတင္ပန္းအိုးေဘးတြင္ခ်ထားသည့္ ဘီးတစ္ေခ်ာင္း၊ ႀကိဳးၾကာရုပ္ႏွစ္ရုပ္ႏွင့္ သူမဝက္ဝံရုပ္ေလးကို ေတြ႔လိုက္ေတာ့ ဆန္းစမ်က္ေမွာင္ၾကဳတ္မိ၏။
          “ဆန္းလကေတာ့ကြာ။ ဒီအရုပ္ကို အျပင္ထုတ္ထားတယ္။ သူ႔ေၾကာင္ကိုက္ရင္ပ်က္ဆီး ဦးမယ္။
          ဆန္းလနင္လာခဲ့။ အိပ္ခန္းထဲမွာမဟုတ္လား။ နင္မလာရင္ငါလာၿပီေနာ္”
          ေျပာေျပာဆိုဆိုပင္ သူမ အိပ္ခန္းတံခါးေရွ႕ေရာက္သြားသည္။
          အိပ္ခန္းတံခါးကိုေခါက္မည္လုပ္ေတာ့ တံခါးကေစ့ရံုေလးေစ့ထားသည္မို႔ သူမတို႔တြန္းဖြင့္ လိုက္ေတာ့…။
          “ဟင္…………”
          အခန္းထဲမွာ ေလတိုးသံ၊အိမ္ေျမာင္စုတ္ထိုးသံမၾကားရေလာက္ေအာင္ ၿငိမ္သက္ေနသည္။
ထုပ္တန္းေပၚကေနလည္း ႀကိဳးတစ္ေခ်ာင္းတြဲေလာင္းက်ေနၿပီး ထိုႀကိဳးစကၿငိမ္သက္ေနသည္။
          ေနာက္ၿပီး ထိုႀကိဳးစႏွင့္အတူ သူမခ်စ္ရသူတစ္ဦးလည္း ၿငိမ္…သက္…ေန…သည္။

✽✽✽   ✽✽✽   ✽✽✽

          #ႀကိဳးၾကာျဖဴ#
          ေႏြဦးေရ နင့္စာအုပ္ေလး ငါျပန္ခ်ဳပ္ေပးခဲ့တယ္ေနာ္။ ေနာက္ဆို ငါနင့္စာအုပ္ေတြခ်ဳပ္ေပး ႏိုင္မွာမဟုတ္ေတာ့လို႔ ငါ့ကိုခြင့္လႊတ္ပါ။
          ေၾသာ္…ဒါနဲ႔စကားမစပ္။ ကဗ်ာဆရာရိုးရဲ႕လက္မွတ္ပါတဲ႔ စာရြက္ၿပဲသြားလို႔ ေနာက္စာရြက္ တစ္ရြက္မွာ ငါ့လက္မွတ္ေလးထိုးေပးခဲ႔တယ္သိလား။
          ငါ့လက္မွတ္ပါတဲ႔စာအုပ္အစုတ္ေလးကို ပိုတန္ဖိုးထားေပးပါေနာ္။ နင္ကငါ့အတြက္ေတာ့ အျဖဴစင္ဆံုးသူငယ္ခ်င္းေလးတစ္ေယာက္ပါ။

          #ႀကိဳးၾကာျပာ#
          ကို႔အတြက္ ဝက္ဝံရုပ္ေလးေပးခဲ႔တယ္။ အစက ကို႔ေမြးေန႔ေရာက္မွေပးဖို႔ဆံုးျဖတ္ခဲ႔ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ကို႔ေမြးေန႔မွာမြန္းရွိေတာ့မွာမဟုတ္ဘူးေလ။
          သူကမြန္းလိုမဆိုးတတ္ဘူး။ သူကမြန္းလိုမုန္႔ေတာင္းမစားတတ္ဘူး။ သူကမြန္းလို ကို႔ရဲ႕ စာသင္ခ်ိန္ေတြမဖ်က္ခိုင္းတတ္ဘူး။ ဒါေပမယ့္ သူကမြန္းလိုေတာ့ ကို႔ကိုခ်စ္တတ္တယ္။
          ကိုစိတ္ပင္ပန္းတာရွိရင္ သူ႔ကိုရင္ဖြင့္ေပါ့။ သူ မြန္းကိုယ္စား နားေထာင္ေပးလိမ့္မယ္။
          မြန္းအေပၚမွာ သန္႔သန္႔ရွင္းရွင္းခ်စ္ခဲ႔တဲ့ ကို႔အခ်စ္ေတြအတြက္ မြန္းေက်းဇူးတင္ပါတယ္။ ဒါနဲ႔စကားမစပ္ ကို႔ကိုမြန္းသိပ္ခ်စ္တယ္သိလား။

          #ႀကိဳးၾကာစိမ္း#
          မမကညီမေလးရဲ႕ Heroဆိုယံုမလားဟင္။ ငယ္ငယ္ကတည္းက ရဲတင္းသြက္လက္ၿပီး၊ ေခတ္ဆန္လွပတဲ႔မမကို ညီမေလးကအားက်ခဲ႔တာပါ။
          ေဒါသကိုလည္းေလွ်ာ့။ သိလားမမ။
          မမဟာစိမ္းလန္းတဲ့သစ္ရြက္ေလးဆို ေဒါသဟာမီးေတာက္ပဲ။ သစ္ရြက္စိမ္းဆိုတာမ်ိဳးက အပူဟပ္လိုက္တာနဲ႔ ညွိဳးေလ်ာ္သြားတတ္တာမ်ိဳးေလ။  ညီမေလးကမမကို ဒီထက္မကစိမ္းလန္းေစခ်င္ ေသးတာပါ။
          ဘာပဲေျပာေျပာ အခုဆိုရင္ မမဝက္ဝံရုပ္ေလးက အမွတ္ရစရာေတြပိုမ်ားသြားၿပီေပါ့ေနာ္။ ေဖေဖကေပးခဲ့တယ္။ ညီမေလးက ေကာ္ဖီစြန္းေအာင္လုပ္လိုက္တယ္။

          #ႀကိဳးၾကာညိဳ#
          ေမေမ စီးပြားေရးေတြပဲ သိပ္လုပ္မေနနဲ႔ေတာ့ေနာ္။ အခ်ိန္ေလးနဲ႔လုပ္၊ အခ်ိန္ေလးနဲ႔စား၊ မမအတြက္လည္း အခ်ိန္ေလးနည္းနည္းေပးလိုက္ပါ။
          ေမေမ့အတြက္ သမီး ဘီးေလးထားခဲ႔တယ္။ မမကိုေခါင္းၿဖီးေပးလိုက္ေနာ္။ မမဆံပင္က သမီးထက္ပိုထူတယ္။ သူက ေခါင္းၿဖီးဖို႔ပိုလိုတယ္ေမေမရဲ႕။

✽✽✽   ✽✽✽   ✽✽✽
        
          အေခါင္းထဲက ဆန္းလမ်က္ႏွာေလးက ျဖဴေဖြးရွင္းသန္႔ေနသည္။ အသားေလးေတြက ဝင္းဝါေနေသးသလို၊ ပါးမို႔မို႔ႏွစ္ဖက္ကလည္း နီျမန္းေနေသးသည္။ ပိရိေသသပ္စြာေစ့ပိတ္ထားသည့္ ႏႈတ္ခမ္းေလးႏွစ္လႊာက ယခုပင္ထၿပီး စကားေျပာေတာ့မလိုလို။ မသိၾကသူမ်ားအဖို႔ေတာ့ သူမသည္ အိပ္ေမာက်ေနသည့္ ကေလးငယ္တစ္ေယာက္သဖြယ္။
          ထိုအိပ္ေမာက်ေနသည့္ မိန္းမပ်ိဳေလးေဘးတြင္ ေခါင္းငိုက္စိုက္ခ်ထားသည့္ မိန္းမ၃ဦးႏွင့္ ေယာက်္ား၁ဦးတို႔ရွိေနၿပီး သူတိုု႔လက္ထဲတြင္ေတာ့ အေရာင္မတူေသာ ႀကိဳးၾကာရုပ္ေလးတစ္ရုပ္စီရွိေန ၾကသည္။
          ႀကိဳးၾကာရုပ္ေလး၄ရုပ္ သူတို႔သခင္ႏွင့္သူတို႔ တစ္ေနရာတည္းတြင္ တစ္စုတစ္စည္းတည္း ရွိေနၾကေသာ္လည္း လူသူမျမင္ႏိုင္သည့္ ေမွာင္မိုက္ေနသည့္ မ်က္ႏွာၾကက္အတြင္းတြင္ေတာ့ ေနာက္ ႀကိဳးၾကာေလးတစ္ေကာင္ သူ႔သခင္လိုပင္ တိတ္ဆိတ္ၿငိမ္သက္စြာ လွဲေလ်ာင္းေနသည္။

          #ႀကိဳးၾကာနက္#
          ကိစၥတစ္ခုျဖစ္ပ်က္ဖို႔အတြက္ လံုေလာက္တဲ႔အေၾကာင္းျပခ်က္ဆိုတာ ရွိစၿမဲပါပဲ။ တစ္ခါ တစ္ေလမွာတစ္ခု တစ္ခါတစ္ေလမွာေတာ့ တစ္ခုကခ်င္မွကမွာေပါ့။
          ရွံဳးနိမ့္သြားခဲ႔တာလား။
          ဟင့္အင္း………။
          ဘယ္သူ႔ကိုမွအႏိုင္မယူခဲ႔တာပါ။
          ပန္းခ်ီကားကိုၾကည့္ခဲ႔မိတဲ႔ ကြၽန္မအၾကည့္ေတြေၾကာင့္ပဲထင္ပါတယ္။ အဲဒီရုပ္ပံုလႊာက ဘယ္လိုမွကိုမလွႏိုင္ခဲ႔ဘူး။
          မထူးဆန္းပါဘူးေလ။ ကြၽန္မကတစ္ေယာက္တည္းသမားပဲဟာ။ အခ်ိန္တန္ေတာ့လည္း သူတို႔ေတြ ကြၽန္မကို ေမ့…သြား…ၾက…မွာ…ပါ…။
         
✽✽✽   ✽✽✽   ✽✽✽

(လင္း)
(Zawgyi)

          နေ့လည်၃နာရီ…။
          အိမ်ကိုပြန်လာတော့ လမ်းထိပ်မှာအမေနှင့်သူမ အမှတ်မထင်ဆံုမိကြသဖြင့် သားအမိ နှစ်ယောက် စကားတပြောပြောလမ်းလှေျာက်လာကြသည်။
          ဆန်းလအကြောင်းပြောနေရင်း သူမဆွဲလာသည့်ကြွွပ်ကြွပ်အိတ်ကို အမေက ရုတ်တရက် ကြည့်ကာ
          “ဆန်းစ လက်ထဲကဘာတုန်း”
          ရုတ်တရက်မိုု့ အမေဘာပြောမှန်း နားမလည်လိုက်သဖြင့် ဘာလဲဆိုသည့်အကြည့်ဖြင့် အမေ့ကိုပြန်ကြည့်တော့ အမေကသူမညာဖက်လက်ထဲကအထုပ်ကို မေးငေါ့ပြသည်။
          “သြော် ဒါလား။ မနက်ကလေ ဆန်းလက သမီးနားကပ်လိုချင်တယ်လုပ်နေလို့ ဒီနေ့ အဲဒီ နားကပ်ကိုလိုက်ရှာပေးလာတာ။
          နောက်ပြီး အရုပ်ကိစ္စကလည်း အရှိန်မသေသေးဘူးလေ။ သူ့ရဲ့အမှားမဟုတ်ပေမယ့် ကြောင်ကိုပြောမရတော့ ဒီနေ့သ့ူကိုမဲပြီးအော်လိုက်မိတာလည်းပါလို့”
          သူမစကားကြားတော့ အမေကပြံုးသည်။
          “ငါလည်း အတူတူပဲဆန်းစရေ။ ဒီနေ့သူ့အတွက်Vitamin-Eဆိုတာ သွားဝယ်လာတယ်။ မနက်ကလေ စာရင်းမကိုက်လို့ဒေါသထွက်ရတဲ့ကြားထဲ သူကလာပြီးတော့ ခေါင်းဖြီးပေးပါပြောတော့ စိတ်ရှုပ်ရှုပ်နဲ့အော်လိုက်တာ။ ခုပြန်စဥ်စားမိတော့ စိတ်မကောင်းတာနဲ့ ဒီနေ့ညတော့သူ့ကိုရောသမီးကို ရောခေါင်းဖြီးပေးမယ်ဆိုပြီး သွားဝယ်လိုက်တာ”
          အမေ့စကားကြားတော့ ဆန်းစလက်ခုပ်လေး တစ်ဖျတ်ဖျတ်တီးကာ
          “အမေတစ်ကယ်နော်။ တစ်ကယ်ခေါင်းဖြီးပေးမှာနော်”
          “အေးပါဟယ်။ တစ်ကယ်ပါ”
          “ရေး……………”
          လမ်းပေါ်မှာ သူမဝမ်းမြောက်စွာထခုန်မိသည်။ ခေါင်းဖြီးပေးတာက ဘာမှမထူးဆန်းဟု ထင်စရာရှိသော်လည်း အမေ့ယုယမှုနှင့်ဝေးနေသည့် သူမတို့အဖို့တော့ ဒီလိုလေးလုပ်ပေးတာကပင် လွန်စွာဝမ်းသာစရာပင်။
          အိမ်ရောက်တော့ ခြံတံခါးသော့ဖွင့်ထားတာတွေ့သဖြင့် ဆန်းလပြန်ရောက်နေပြီဆိုတာ သူမတို့သိလိုက်သည်။
          “ဆန်းလရေ ငါတို့ပြန်လာပြီဟေ့။ အိမ်ရှေ့ထွက်ခဲ့”
          ဆန်းစပြန်ရောက်ရောက်ချင်း ထိုင်ခံုပေါ်ထိုင်ကာ ညီမဖြစ်သူကိုလှမ်းအော်ခေါ်လိုက်သည်။ အမေကတော့ တက်ကြွနေလိုက်တာဆိုသည့်မျက်နှာပေးနှင့် သူမကိုမဲ့ပြသည်။
          ထိုစဥ် စားပွဲတင်ပန်းအိုးဘေးတွင်ချထားသည့် ဘီးတစ်ချောင်း၊ ကြိုးကြာရုပ်နှစ်ရုပ်နှင့် သူမဝက်ဝံရုပ်လေးကို တွေ့လိုက်တော့ ဆန်းစမျက်မှောင်ကြုတ်မိ၏။
          “ဆန်းလကတော့ကွာ။ ဒီအရုပ်ကို အပြင်ထုတ်ထားတယ်။ သူ့ကြောင်ကိုက်ရင်ပျက်ဆီး ဦးမယ်။
          ဆန်းလနင်လာခဲ့။ အိပ်ခန်းထဲမှာမဟုတ်လား။ နင်မလာရင်ငါလာပြီနော်”
          ပြောပြောဆိုဆိုပင် သူမ အိပ်ခန်းတံခါးရှေ့ရောက်သွားသည်။
          အိပ်ခန်းတံခါးကိုခေါက်မည်လုပ်တော့ တံခါးကစေ့ရံုလေးစေ့ထားသည်မို့ သူမတို့တွန်းဖွင့် လိုက်တော့…။
          “ဟင်…………”
          အခန်းထဲမှာ လေတိုးသံ၊အိမ်မြောင်စုတ်ထိုးသံမကြားရလောက်အောင် ငြိမ်သက်နေသည်။
ထုပ်တန်းပေါ်ကနေလည်း ကြိုးတစ်ချောင်းတွဲလောင်းကျနေပြီး ထိုကြိုးစကငြိမ်သက်နေသည်။
          နောက်ပြီး ထိုကြိုးစနှင့်အတူ သူမချစ်ရသူတစ်ဦးလည်း ငြိမ်…သက်…နေ…သည်။

✽✽✽   ✽✽✽   ✽✽✽

          #ကြိုးကြာဖြူ#
          နွေဦးရေ နင့်စာအုပ်လေး ငါပြန်ချုပ်ပေးခဲ့တယ်နော်။ နောက်ဆို ငါနင့်စာအုပ်တွေချုပ်ပေး နိုင်မှာမဟုတ်တော့လို့ ငါ့ကိုခွင့်လွှတ်ပါ။
          သြော်…ဒါနဲ့စကားမစပ်။ ကဗျာဆရာရိုးရဲ့လက်မှတ်ပါတဲ့ စာရွက်ပြဲသွားလို့ နောက်စာရွက် တစ်ရွက်မှာ ငါ့လက်မှတ်လေးထိုးပေးခဲ့တယ်သိလား။
          ငါ့လက်မှတ်ပါတဲ့စာအုပ်အစုတ်လေးကို ပိုတန်ဖိုးထားပေးပါနော်။ နင်ကငါ့အတွက်တော့ အဖြူစင်ဆံုးသူငယ်ချင်းလေးတစ်ယောက်ပါ။

          #ကြိုးကြာပြာ#
          ကို့အတွက် ဝက်ဝံရုပ်လေးပေးခဲ့တယ်။ အစက ကို့မွေးနေ့ရောက်မှပေးဖို့ဆံုးဖြတ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ကို့မွေးနေ့မှာမွန်းရှိတော့မှာမဟုတ်ဘူးလေ။
          သူကမွန်းလိုမဆိုးတတ်ဘူး။ သူကမွန်းလိုမုန့်တောင်းမစားတတ်ဘူး။ သူကမွန်းလို ကို့ရဲ့ စာသင်ချိန်တွေမဖျက်ခိုင်းတတ်ဘူး။ ဒါပေမယ့် သူကမွန်းလိုတော့ ကို့ကိုချစ်တတ်တယ်။
          ကိုစိတ်ပင်ပန်းတာရှိရင် သူ့ကိုရင်ဖွင့်ပေါ့။ သူ မွန်းကိုယ်စား နားထောင်ပေးလိမ့်မယ်။
          မွန်းအပေါ်မှာ သန့်သန့်ရှင်းရှင်းချစ်ခဲ့တဲ့ ကို့အချစ်တွေအတွက် မွန်းကျေးဇူးတင်ပါတယ်။ ဒါနဲ့စကားမစပ် ကို့ကိုမွန်းသိပ်ချစ်တယ်သိလား။

          #ကြိုးကြာစိမ်း#
          မမကညီမလေးရဲ့ Heroဆိုယံုမလားဟင်။ ငယ်ငယ်ကတည်းက ရဲတင်းသွက်လက်ပြီး၊ ခေတ်ဆန်လှပတဲ့မမကို ညီမလေးကအားကျခဲ့တာပါ။
          ဒေါသကိုလည်းလှေျာ့။ သိလားမမ။
          မမဟာစိမ်းလန်းတဲ့သစ်ရွက်လေးဆို ဒေါသဟာမီးတောက်ပဲ။ သစ်ရွက်စိမ်းဆိုတာမျိုးက အပူဟပ်လိုက်တာနဲ့ ညှိုးလျော်သွားတတ်တာမျိုးလေ။  ညီမလေးကမမကို ဒီထက်မကစိမ်းလန်းစေချင် သေးတာပါ။
          ဘာပဲပြောပြော အခုဆိုရင် မမဝက်ဝံရုပ်လေးက အမှတ်ရစရာတွေပိုများသွားပြီပေါ့နော်။ ဖေဖေကပေးခဲ့တယ်။ ညီမလေးက ကော်ဖီစွန်းအောင်လုပ်လိုက်တယ်။

          #ကြိုးကြာညို#
          မေမေ စီးပွားရေးတွေပဲ သိပ်လုပ်မနေနဲ့တော့နော်။ အချိန်လေးနဲ့လုပ်၊ အချိန်လေးနဲ့စား၊ မမအတွက်လည်း အချိန်လေးနည်းနည်းပေးလိုက်ပါ။
          မေမေ့အတွက် သမီး ဘီးလေးထားခဲ့တယ်။ မမကိုခေါင်းဖြီးပေးလိုက်နော်။ မမဆံပင်က သမီးထက်ပိုထူတယ်။ သူက ခေါင်းဖြီးဖို့ပိုလိုတယ်မေမေရဲ့။

✽✽✽   ✽✽✽   ✽✽✽
        
          အခေါင်းထဲက ဆန်းလမျက်နှာလေးက ဖြူဖွေးရှင်းသန့်နေသည်။ အသားလေးတွေက ဝင်းဝါနေသေးသလို၊ ပါးမို့မို့နှစ်ဖက်ကလည်း နီမြန်းနေသေးသည်။ ပိရိသေသပ်စွာစေ့ပိတ်ထားသည့် နှုတ်ခမ်းလေးနှစ်လွှာက ယခုပင်ထပြီး စကားပြောတော့မလိုလို။ မသိကြသူများအဖို့တော့ သူမသည် အိပ်မောကျနေသည့် ကလေးငယ်တစ်ယောက်သဖွယ်။
          ထိုအိပ်မောကျနေသည့် မိန်းမပျိုလေးဘေးတွင် ခေါင်းငိုက်စိုက်ချထားသည့် မိန်းမ၃ဦးနှင့် ယောကျ်ား၁ဦးတို့ရှိနေပြီး သူတိုု့လက်ထဲတွင်တော့ အရောင်မတူသော ကြိုးကြာရုပ်လေးတစ်ရုပ်စီရှိနေ ကြသည်။
          ကြိုးကြာရုပ်လေး၄ရုပ် သူတို့သခင်နှင့်သူတို့ တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ရှိနေကြသော်လည်း လူသူမမြင်နိုင်သည့် မှောင်မိုက်နေသည့် မျက်နှာကြက်အတွင်းတွင်တော့ နောက် ကြိုးကြာလေးတစ်ကောင် သူ့သခင်လိုပင် တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေသည်။

          #ကြိုးကြာနက်#
          ကိစ္စတစ်ခုဖြစ်ပျက်ဖို့အတွက် လံုလောက်တဲ့အကြောင်းပြချက်ဆိုတာ ရှိစမြဲပါပဲ။ တစ်ခါ တစ်လေမှာတစ်ခု တစ်ခါတစ်လေမှာတော့ တစ်ခုကချင်မှကမှာပေါ့။
          ရှံုးနိမ့်သွားခဲ့တာလား။
          ဟင့်အင်း………။
          ဘယ်သူ့ကိုမှအနိုင်မယူခဲ့တာပါ။
          ပန်းချီကားကိုကြည့်ခဲ့မိတဲ့ ကျွန်မအကြည့်တွေကြောင့်ပဲထင်ပါတယ်။ အဲဒီရုပ်ပံုလွှာက ဘယ်လိုမှကိုမလှနိုင်ခဲ့ဘူး။
          မထူးဆန်းပါဘူးလေ။ ကျွန်မကတစ်ယောက်တည်းသမားပဲဟာ။ အချိန်တန်တော့လည်း သူတို့တွေ ကျွန်မကို မေ့…သွား…ကြ…မှာ…ပါ…။
         
✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image