အေဆာင္ေဆာင္အခန္းခန္းျဖင့္ က်ယ္ေျပာလွေသာ စက္ခန္းေဆာင္ထဲသို႔ သူ႔သစၥာေတာ္ခံ မွဴးမတ္တစ္ဦး သုတ္သီးသုတ္ျပာျဖင့္ေရာက္လာသည္။
“အရွင္မင္းႀကီး…အရွင္မင္းႀကီး”
အစဥ္သျဖင့္တည္ၿငိမ္ေနတတ္သည့္မွဴးမတ္က ခုမ်က္ျပဴးဆန္ျပာျဖစ္ေနသည္မို႔ ဘုရင္လီယိုႏိုက္စ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မနက္စာစားရင္းက အမိန္႔ေပးလိုက္သည္။
“ေမာင္မင္း ဘယ္လိုျဖစ္တုန္းကြဲ႔။ အက်ိဳးအေၾကာင္းတင္စမ္း”
သူ႔အမိန္႔သံၾကားေတာ့ မွဴးမတ္ကတုန္ယင္ေနသည့္အသံႏွင့္…
“အရွင္မင္းႀကီး…ဧည့္ေဆာင္ကို အခုႂကြမွျဖစ္ပါမယ္”
✽✽✽ ✽✽✽ ✽✽✽
မင္းလမ္းတစ္ေလွ်ာက္ သုတ္သုတ္ျပာျပာေလွ်ာက္လာသည့္ ဘုရင္လီယိုႏိုက္စ္၏ဟန္ပန္ေၾကာင့္ အမႈထမ္းအားလံုး မွင္သက္သြားကုန္ၾကသည္။ သူတို႔ဘုရင္လီယိုႏိုက္စ္ ဒီလိုေရးႀကီးသုတ္ျပာႏိုင္သည့္ပံုစံကို သူတို႔မေတြ႔ဖူးၾက။
လီယိုႏိုက္စ္အတြက္ကေတာ့ အခုအခ်ိန္မွာ ရာဇဣေႁႏၵဆိုတာေတြကို ေဘးခဏခ်ိတ္ထားၿပီး ဧည့္ေဆာင္သို႔သာအလ်င္အျမန္သြားေနမိသည္။
ဧည့္ခန္းေဆာင္ေရာက္ေတာ့ တံခါးေစာင့္မ်ားက သူ႔ကိုဦးညႊတ္အရိုအေသျပဳၿပီး တံခါးဖြင့္ေပး လိုက္သည္။
တံခါးေစာင့္မ်ားဖြင့္ေပးလိုက္သည့္တံခါးမွ ဧည့္ေဆာင္ထဲသို႔တစ္လွမ္းခ်င္းလွမ္းရင္း လီယိုႏိုက္စ္ တစ္ေယာက္ စိတ္လႈပ္ရွားေနမိ၏။
ေနာက္ဆံုး……… ေထာင့္မွန္စတုဂံပံုကြ်န္းစားပြဲႀကီး တြင္ထိုင္ေနသူမ်ားကိုေတြ႔သြားခ်ိန္မွာေတာ့ လီယုိႏိုက္စ္တစ္ေယာက္ အံ့ၾသစိတ္ေၾကာင့္ပါးစပ္ကဆြံ႔အသြားသလို ေတာက္ပစူးရွလွသည့္ အေရာင္အဝါ မ်ားေၾကာင့္လည္း မ်က္လံုးမ်ားကိုမွိတ္လိုက္သည္။
ထို႔ေနာက္ မ်က္လံုးကိုဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ကာ ေဝခြဲမရသည့္ေလသံျဖင့္
“အသင္ အသင္တို႔က…”
လီယိုႏိုက္စ္အေမးစကားကိုၾကားေတာ့ ထိုသူတို႔၏ေခါင္းေဆာင္ျဖစ္ဟန္တူသူက
“က်ဳပ္တို႔က နတ္ဘုရားေတြပါ။ က်ပ္နာမည္ကဇုစ္၊ ေဟာဒါကက်ဳပ္ညီေတာ္ ပိုးဆိုက္ဒြန္နဲ႔ က်ဳပ္မိဖုရား ဟီးရာတို႔ပါ”
ထို႔ေနာက္ သူကပင္ဆက္၍
“ခင္ဗ်ားကေတာ့ လူသားအားလံုးရဲ႕ဘုရင္ လီယုိႏိုက္စ္မွတ္တယ္”
“ဟုတ္ပါတယ္အရွင္ ကြ်န္ေတာ့္နာမည္က လီယိုႏိုက္စ္ပါ”
လီယိုႏိုက္စ္ေျပာရင္းဆိုရင္း ဇုစ္ေရွ႕ေမွာက္ဒူးေထာက္ၿပီးအရိုအေသေပးလိုက္သည္။ ဘုရင္ကပါ အရိုအေသေပးသည္ဆိုေတာ့ သ႔ူေနာက္ေတာ္ပါးရွိ မွဴးမတ္ေတြမွာလည္း ျပားျပားဝပ္လ်က္။
“အို…အို ထပါ။ ခုလိုမ်ိဳး အရိုအေသေပးစရာမလိုပါဘူး။ သင့္ကိုေတာင္က်ဳပ္တို႔ကေလးစားလို႔ စက္ရာေဆာင္ဆီတိုက္ရိုက္မလာပဲ ဧည့္ေဆာင္ကေနေစာင့္ေနခဲ႔ၿပီပဲ။ ခုလိုမ်ိး အရိုအေသမေပးပါနဲ႔”
ဇုစ္စကားေၾကာင့္ လီယိုႏိုက္စ္ႏွင့္သူ႔မွဴးမတ္မ်ား အသီးသီးမတ္တပ္ထရပ္လိုက္ၾကၿပီး ထိုင္ခံုမွာ ဝင္ထိုင္လိုက္ၾကသည္။
ထို႔ေနာက္ လီယိုႏိုက္စ္က
“ဒါဆို အသင္တို႔အခုလိုေရာက္လာတာ ဘာေၾကာင့္ပါလဲ”
ထိုစကားၾကားေတာ့ ဇုစ္ကၿပံဳးလ်က္
“ဒီလိုပါ…။ က်ဳပ္တို႔နတ္ဘုရားေတြက ေကာင္းကင္ဘံုမွာေနတယ္။ အဲ…ေျမႀကီးထဲမွာေတာ့ က်ပ္တို႔နဲ႔ညီအစ္ကုိေတာ္တဲ႔ ေဟးဒီးစ္ဆိုတာေနတယ္။
သူကအတၱႀကီးတယ္။ နတ္ဘုရားေတြကိုအုပ္စိုးခြင့္သာမဟုတ္ဘူး စႀက္ာဝဠာႀကီးရဲ႕အုပ္စိုးခြင့္ ကိုပါ သူကလိုခ်င္တယ္။ ဒီအတြက္ေၾကာင့္ သူ႔ကို ေျမေအာက္ပို႔ခဲ႔ရတာပဲ။
အခု က်ဳပ္တို႔ကိုအႏၲရာယ္ျပဳလို႔မရေတာ့ တန္ခိုးသိဒၶိအနည္းဆံုးျဖစ္တဲ႔ သင္တို႔လူသားေတြကို အႏၲရာယ္ျပဳမယ့္ အရိပ္အေယာင္ေတြေတြ႔ေနရတယ္။
ဒီေတာ့ သင္တို႔ကိုကြၽႏု္ပ္တို႔နတ္ဘုရားေတြက အကာအကြယ္ေပးလိုပါတယ္။
ဒီကမ္းလွမ္းခ်က္ကိုလက္ခံမခံ အသင္ေျဖၾကားေပးပါ”
ဇုစ္စကားေၾကာင့္ လီယိုႏုိက္စ္ေနာက္တစ္ႀကိမ္ထပ္အ့ံၾသမိျပန္သည္။ အင္အားႀကီးမားပါသည္ ဆိုသည့္ နတ္ဘုရားေတြကေတာင္မွ ကာကြယ္ေပးပါရေစဟု ေတာင္းဆိုလာသည္မဟုတ္လား။
မည္မွ်ဝမ္းေျမာက္မိသည္မသိ လီယိုႏိုက္စ္တစ္ေယာက္ ခဏေတာင္မဆိုင္း
“ဟာ…ဒါဝမ္းသာစရာကိစၥပဲ။ ကြၽႏ္ုပ္တို႔က ဒီကမ္းလွမ္းခ်က္ကိုဝမ္းေျမာက္စြာနဲ႔လက္ခံပါတယ္”
လီယုိႏိုက္စ္၏အေျဖစကားၾကားေတာ့ ဇုစ္ကႏွစ္လိုဖြယ္ၿပံဳးလ်က္
“ေကာင္းပါၿပီလီယိုႏိုက္စ္ ယခုအခ်ိန္ကစၿပီး သင္တို႔လူသားေတြကို ကြၽႏု္ပ္တို႔နတ္ဘုရားေတြက ကာကြယ္ေစာင့္ေရွာက္ပါ့မယ္”
ဇုစ္၏စကားသံတို႔က ေလထဲဝယ္လြင့္ပ်ံလ်က္က်န္ခဲ႔ေလသည္။
✽✽✽ ✽✽✽ ✽✽✽
“ဘာ…မင္းတို႔က သူ႔ရဲ႕လက္ေအာက္ကို ခိုဝင္လိုက္တယ္ေပါ့ဟုတ္လား”
ေဟးဒီးစ္အသံကဧည့္ေဆာင္တစ္ခုလံုးသိမ့္သိမ့္တုန္သြားေစသည္။ လီယိုႏိုက္စ္ႏွင့္သူ႔မွဴးမတ္မ်ား ကေတာ့ ေခါင္းမ်ားကိုတြင္တြင္ငံု႔ထားၾကဆဲသာ။
“မင္းတို႔ကြာ…။
ဇုစ္ဆိုတာ ဘယ္လိုလူစားလဲသိၾကရဲ႕လား။
ဒီမွာ………”
ေဟးဒီးစ္၏ မ်က္လံုးႏွင့္အသံတို႔ကေၾကာက္မက္ဖြယ္။
ဘုရင္ကရိုးနပ္စ္ကိုျဖဳတ္ခ်တုန္းက ငါရယ္၊ ပိုးဆိုက္ဒြန္ရယ္၊ ဇုစ္ရယ္ သံုးေယာက္သားကတိျပဳ ခဲ႔တယ္။ အာဏာကိုညီတူညီမွ်ခြဲေဝၾကမယ္ဆိုၿပီးေတာ့ေပ႔ါ။
တစ္ကယ္တမ္းလည္းေတာ္လွန္ေရးၿပီးေရာ ပိုးဆိုက္ဒြန္ကေရထုကိုပဲအုပ္စိုးရတယ္။ ငါကေတာ့ စိတ္ပ်က္စရာေကာင္းတဲ႔လူေသေတြနဲ႔ မေကာင္းဆိုးဝါးေတြကိုအုပ္စိုးရတယ္။ ဒီအခ်ိန္မွာသူက စႀက္ာဝဠာရဲ႕ အရွင္သခင္အျဖစ္ခံယူၿပီး တစ္ေလာကလံုးကိုအုပ္စိုးတယ္။
ဒါ လူယံုသတ္တာကြ”
ေဟးဒီးစ္က နာက်ည္းခံခက္စြာျဖင့္ လီယိုႏိုက္စ္တို႔ကို ဆူပူႀကိမ္းေမာင္းေနသည္။
“ဒါ…ဒါဆို က်ဳပ္တို႔ သူကာကြယ္တာလက္မခံေတာ့ဘူးလို႔ ျပန္ေျပာလိုက္မယ္ေလ”
ဘုရင္လီယိုႏိုက္စ္ ေဟးဒီးစ္ကို မဝံ့မရဲေလးေျပာသည္။
“ရမလားကြ ရမလား။ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး လုပ္လို႔ရမလား”
ေဟးဒီးစ္၏ေအာ္သံေၾကာင့္ လီယိုႏိုက္စ္ဇက္ေလးျပန္ပုသြားသည္။
စိတ္ရွိလက္ရွိေအာ္ဟစ္ၿပီးခဏၾကာေတာ့ ေဟးဒီးစ္ကစိတ္ျပန္ေျပသြားဟန္ျဖင့္
“ငါက မင္းတို႔ကိုေစတနာသန္႔သန္႔နဲ႔ေျပာတာပါကြာ။ ငါကေဒါသႀကီးတာမွန္တယ္။ ဒါေပမယ့္ မင္းတို႔ငါ့လိုျဖစ္မွာစိုးရိမ္တယ္။ ငါ့လိုသစၥာအေဖာက္ခံရမွာစိုးရိမ္တယ္”
ဒီလိုက်ေတာ့ေဟးဒီးစ္ကႏူးည့ံလွသည္။ မ်က္လံုးအစံုကၾကည္လင္သန္႔စင္လ်က္ လိမ္ညာေနဟန္ ေတြမရွိ။ ပကတိျဖဴစင္စြာ…။
“ဒါ…ဒါဆို က်ဳပ္တို႔ဘာလုပ္ရမလဲဟင္”
ဘုရင္လီယိုႏိုက္စ္ မရဲတရဲေလးထပ္ေမးသည္။
“အင္း”
ေဟးဒီးစ္သက္ျပင္းခ်သလို အင္းကိုသံရွည္ဆြဲေနလိုက္သည္။
ဒီအေျခအေနထိျဖစ္လာၿပီဆိုမွေတာ့ ေဟးဒီးစ္မွာေရြးခ်ယ္စရာမ်ာမ်ားမရွိ။
ထို႔ေၾကာင့္ သူ႔အစီအစဥ္ကို စိတ္မသက္မသာႏွင့္ပင္ ထုတ္ေျပာလိုက္သည္။
“ဘာလုပ္ရမလဲကြာ။ တိုက္ၾကရံုေပါ့။ ငါ မင္းတို႔အစားတိုက္ေပးပါ့မယ္။
ဒါဟာ မင္းတို႔ငါ့လိုမ်ိဳး ကလိန္အက်ခံရမွာစိုးလို႔ပဲ။
ဒီထက္မပိုဘူး။
ဒါကိုေတာ့ မွတ္ထားပါ”
လီယိုႏိုက္စ္တို႔အားလံုးကေတာ့ ေခါင္းငံု႔ထားၾကဆဲသာ။
✽✽✽ ✽✽✽ ✽✽✽
ေကာင္းကင္ဘံု…။
တစ္နည္း နတ္ဘုရားတို႔ေပ်ာ္စံရာ အိုလံပီယံေတာင္ထိပ္…။
သာယာတင့္ေမာလွစြာေသာ ျမင္ကြင္းအစံုစံုကိုၾကည့္ရင္း ဇုစ္တစ္ေယာက္သက္ျပင္းခ်မိလိုက္၏။
ဒါကိုျမင္ေတာ့ အနားမွာရွိေနသည့္ပိုးဆိုက္ဒြန္က
“အရွင္မင္းႀကီး ဘာျဖစ္လုိ႔ပါလဲ”
စိတ္ပူပန္စြာေမးလာသည့္ပိုးဆိုက္ဒြန္ကို ဇုစ္လွည့္ၾကည့္လိုက္သည္။ နဂိုကတည္းက အေနေအး သည့္သူမို႔ သူပူပန္ေနသည့္အေၾကာင္းမ်ားကို ပိုးဆိုက္ဒြန္မရိပ္စားမိ။
“ဒီလိုကြ…”
ဇုစ္က လည္ေခ်ာင္းကိုတစ္ခ်က္ရွင္းလိုက္ၿပီး
“တို႔ေတြရဲ႕ေတာ္လွန္ေရးၿပီးသြားေတာ့ ငါကစႀက္ာဝဠာရဲ႕အုပ္စိုးသူအျဖစ္ခံယူတယ္။ မင္းကိုေတာ့ ေရထုကိုအုပ္စိုးေစဆိုၿပီးသတ္မွတ္ခဲ႔တယ္။ ေဟးဒီးစ္ကိုေတာ့ ေျမေအာက္ပို႔ခဲ႔တယ္။
ဒါ ဘာေၾကာင့္လို႔မင္းထင္လဲပိုးဆိုက္ဒြန္”
“ကြၽန္ေတာ္မသိပါဘူးအရွင္”
ပိုးဆိုက္ဒြန္ကရိုးသားစြာျပန္ေျဖသည္။
ဒီေတာ့မွ ဇုစ္က အေျမာ္အျမင္ျပည့္စံုသူတစ္ဦး၏ေလသံျဖင့္
“ေဟးဒီးစ္ဟာေဒါသႀကီးတယ္။ ေနာက္ၿပီး သူဟာတန္ခိုးသိပ္ထက္တယ္။ သူ႔စိတ္ခံစားခ်က္ အတိုင္း တန္ခိုးစြမ္းအားသံုးၿပီးေလွ်ာက္လုပ္မယ္ဆို အားလံုးရွဳပ္ကုန္မွာေပါ့။ ဒီေတာ့ သူ႔ကိုအျပစ္သားေတြပဲ ရွိတဲ႔ ေျမေအာက္ကိုပို႔ခဲ႔ရတာ။
ငါလည္း ဒီလိုလုပ္ခဲ႔ရတာ စိတ္မေကာင္းပါဘူးကြာ။ ဒီထက္ပိုစိတ္မေကာင္းတာကေတာ့ ညီအစ္ကိုအခ်င္းခ်င္း ရန္သူေတြလို သူစိမ္းျပင္ျပင္ျဖစ္သြားခဲ႔ရတာပဲ”
ဇုစ္က ႏြမ္းလ်စြာေျပာသည္။
မ်က္လံုးမ်ားတြင္လည္း မ်က္ရည္တို႔ေဝ့သီရစ္ဆိုင္းလ်က္ အမွန္ပင္စိတ္ထိခိုက္ေၾကကြဲေနဟန္က အထင္းသား။
ထိုအခိုက္ ဇုစ္ေရွ႕သို႔ အပိုလိုေနနတ္သား အေျပးအလႊားေရာက္လာသည္။
“အရွင္မင္းႀကီး…… ေဟးဒီးစ္တစ္ေယာက္ လူသားေတြရဲ႕နယ္နိမိတ္ထဲက ပိုထရီဂိုရီၿမိဳ႕ေတာ္ကို တိုက္ခိုက္ေနပါၿပီ”
✽✽✽ ✽✽✽ ✽✽✽
“ဘာ………”
စိတ္လႈပ္ရွားမႈေၾကာင့္ ဘုရင္လီယိုႏိုက္စ္ မတ္တပ္ထရပ္မိသည္။
ဆက္သား၏ေျပာစကားအရ ပိုထရီဂိုရီၿမိဳ႕ေတာ္တြင္ေျမငလ်င္ေတြလႈပ္ၿပီး ေလဆင္ႏွာေမာင္းမ်ား ရုတ္တရက္တိုက္ခတ္လာသည္ဟုသိရသည္။
လူေနအိမ္ေပါင္းမ်ားစြာပ်က္ဆီးသြားၿပီး လူေပါင္းမ်ားစြာလည္းေပ်ာက္ဆံုးေနသည္တဲ႔။
ၾကားရသည့္ သတင္းေတြကလံုးဝမေကာင္း။
လီယိုႏိုက္စ္ အလြန္အမင္းစိတ္ထိခိုက္ဟန္ျဖင့္ ပလႅင္ေပၚျပန္ထိုင္ခ်လိုက္စဥ္
“ေအာင္ၿပီ လီယိုႏိုက္စ္ေရ ေအာင္ၿပီ။
ပိုထရီဂိုရီအပါအဝင္ အနီးတစ္ဝိုက္ကၿမိဳ႕ရြာေတြအကုန္လံုး ဇုစ္တို႔လက္ထဲကေန ငါျပန္ယူခဲ႔ၿပီ။ ၿမိဳ႕ကိုေစာင့္ၾကပ္ေနတဲ႔ သူတို႔အေစာင့္အၾကပ္ေတြေသေအာင္ ငလ်င္နဲ႔ေလဆင္ႏွာေမာင္းေတာ့ဝင္ခဲ႔ရတယ္ေဟ့”
ေဟးဒီးစ္ရႊင္ပ်စြာဆိုရင္း လီယိုႏုိက္စ္ေဘးတြင္ေပၚလာသည္။
“မင္းကို ဇုစ္ရန္ကငါကာကြယ္ေပးတာထိေရာက္ရဲ႕လား လီယိုႏိုက္စ္”
ေဟးဒီးစ္ကေတာ့ စစ္ႏိုင္သူတစ္ေယာက္၏မ်က္ႏွာထားမ်ိဳးႏွင့္ ရႊင္ပ်စြာစကားဆိုေလသည္။
သို႔ေသာ္ လီယိုႏိုက္စ္ကေတာ့ ဝမ္းမသာႏိုင္ပါ။ မေပ်ာ္ရႊင္ႏိုင္ပါ။ ထိုအေၾကာင္းမ်ားကိုလည္း ေဟးဒီးစ္ကိုျပန္မေျပာႏိုင္ပါ။
ဟင့္အင္း…။ ျပန္မေျပာရဲပါ။
ေဟးဒီးစ္ကေတာ့ သူ႔အျပဳအမူကို အားရေက်နပ္ေနသည့္ပံုပင္။
“ကဲ…ငါသြားဦးမယ္လီယိုႏိုက္စ္ေရ…။
က်န္တဲ႔ေနရာေတြကိုသိမ္းပိုက္ဖို႔ အစီအစဥ္သြားဆြဲလိုက္ဦးမယ္”
ေျပာေျပာဆိုဆိုႏွင့္ ေဟးဒီးစ္တစ္ေယာက္ထြက္သြားေလသည္။
လူအမ်ားေသေၾကပ်က္စီးရသည္ကို လီယိုႏိုက္စ္မႀကိဳက္ေပမယ့္ သူမတားခဲ႔ပါ။ သူမတားဝ့ံခဲ႔ပါ။
✽✽✽ ✽✽✽ ✽✽✽
ေနာက္တစ္ေန႔နံနက္…။
သူစက္ေတာ္ေခၚေနတာေတာင္မႏိုးေသး။ ဆက္သားတစ္ေယာက္ေရာက္ေနျပန္သည္။ မေန႔က အတိုင္း ပိုထရီဂိုရီၿမိဳ႕ကပင္။
လီယိုႏိုက္စ္ ဝတ္လဲေတာ္ကိုကျပာကယာလဲလိုက္ၿပီး ထိုဆက္သားကိုေရွ႕ေတာ္သြင္းလိုက္၏။
“ေမာင္မင္း ဘာထူးလို႔လဲကြဲ႔။ ငါကိုယ္ေတာ္ကိုတင္ေလွ်ာက္စမ္း”
“မွန္ပါ မင္းႀကီး။
ပိုထရီဂိုရီၿမိဳ႕မွာ ငလ်င္ေတြလႈပ္၊ေလဆင္ႏွာေမာင္းတိုက္ၿပီး သိပ္မၾကာခင္မွာပဲ မိုးႀကိဳးေတြပစ္ၿပီး မုိးေတြသည္းသည္းမည္းမည္းထပ္ရြာလာပါတယ္”
“ဟင္…”
ၾကားလိုက္ရသည့္သတင္းေၾကာင့္ လီယိုႏိုက္စ္တစ္ေယာက္ ေျခဖ်ားလက္ဖ်ားမ်ားပင္ေအးစက္ သြားသည္။
ဘုရား ဘုရား။ ျဖစ္ရေလ။
ကပ္ဆိုးတစ္ခုႏွင့္ႀကံဳလိုက္ရလို႔ ေနစရာမဲ႔ေနသည့္ သူ႔တိုင္းသူျပည္သားေတြ ေရထဲမိုးထဲမွာ ခိုက္ခိုက္တုန္ေနၾကမည့္ပံုကိုေတြးမိရင္း လီယိုႏိုက္စ္ဝမ္းနည္းလာမိသည္။
“လီယိုႏိုက္စ္ေရ”
ေအာင္ျမင္ထည္ဝါလွသည့္အသံတစ္ခု သူ႔ေခါင္းထက္ကေပၚလာသည္။
အသံပိုင္ရွင္ကိုသူသိသည္။ သို႔ေသာ္ ႏႈတ္မဆက္မိ။ ႏႈတ္ဆက္ခ်င္စိတ္လည္းမရွိ။
“ငါခ်က္ခ်င္းပဲ ေဟးဒီးစ္လက္ထဲကေန ပိုထရီဂိုရီၿမိဳ႕ကိုျပန္ယူခဲ့ၿပီသိလား”
ဇုစ္အသံကလည္း မေန႔ကေဟးဒီးစ္လိုပင္ ရႊင္ပ်ေနသည္။
“ေဟ့…လီယိုႏိုက္စ္
မင္းမေပ်ာ္ဘူးလားကြ။”
ေမးၿပီ။
ဇုစ္ေမးၿပီ။
သို႔ေသာ္ ဒီေမးခြန္းကိုသူမေျဖလို။
အမွန္အတိုင္းေျပာရလွ်င္ ဝမ္းနည္းပါသည္။ ႏိုင္ငံေတာ္ဘ႑ာမ်ားဆံုးရွံဳး၍မဟုတ္။ အခြန္အတုပ္ ေကာက္မရေတာ့မွာစိုး၍မဟုတ္။
ကာကြယ္သူနတ္ဘုရားမ်ားေၾကာင့္ ဒုကၡပင္လယ္ေဝေနရွာေသာၿမိဳ႕သားမ်ားအား ကုိယ္ခ်င္းစာ မိျခင္းေၾကာင့္သာ…။
“ဒီေအာင္ျမင္မႈကို မင္းဂုဏ္မယူဘူးလား လီယိုႏိုက္စ္ရဲ႕”
ဇုစ္ထပ္ေမးျပန္သည္။
အမွန္အတိုင္းေျဖရန္ ဘယ္လိုမွမတတ္သာသည္မို႔ လီယိုႏိုက္စ္ ေၾကကြဲဝမ္းနည္းေနသည့္ သူ႔မ်က္ႏွာကိုျပင္လိုက္ၿပီး ဇုစ္၏ဒုတိယအေမးကိုေျဖရန္ျပင္လိုက္စဥ္
“လီယိုႏိုက္စ္ေရ”
အေလာသံုးဆယ္ႏိုင္သည့္ ေဟးဒီးစ္၏အသံကိုၾကားလိုက္ရၿပီး တစ္ဆက္တည္းမွာပင္ သူတို႔ ေရွ႕ေမွာက္ ေဟးဒီးစ္ဘြားခနဲေပၚလာသည္။
ထို႔ေနာက္…။
“ဟိုလူယုတ္မာဇုစ္…တိ႔ုေတြရဲ႕ပုိထရီဂိုရီၿမိဳ႕ကို ျပန္ သိမ္း သြား ”
ေဟးဒီးစ္စကားသံတို႔က ေလထဲမွာပင္ရပ္တန္႔သြားသည္။
အေၾကာင္းက လီယိုႏိုက္စ္ေဘးတြင္ရွိေနေသာ သူ႔ညီဇုစ္ေၾကာင့္…။
“ဇုစ္………လူသားေတြကို မင္း ဘာလာၿခိမ္းေျခာက္ေနတာလဲ”
ေဟးဒီးစ္၏ေဒါသတို႔က ဇုစ္ကုိျမင္ေတာ့ ပိုဆိုးသြားပံုပင္…။
သို႔ေသာ္ ဇုစ္ကလည္း ၿငိမ္ခံမေန…။
“ငါက မင္းရန္က ကာကြယ္ေပးေနတာပါေဟးဒီးစ္ရာ”
“ဘာ………။ ငါ့ရန္က ကာကြယ္တာဟုတ္လား”
ေဟးဒီးစ္မ်က္ႏွာက အေကာင္းဆံုးျပက္လံုးတစ္ခု ၾကားလိုက္ရသူတစ္ေယာက္လုိ။
“စဥ္းစဥ္းစားစားလည္းေျပာပါဇုစ္ရာ။ မင္းက်ဴးလြန္ခဲ႔တဲ႔ကိစၥကိုမင္းသိပါတယ္”
ေဟးဒီးစ္စကားက ဇုစ္အရွိဳက္တည့္တည့္ကိုထိပံုရသည္။
ဇုစ္ လႈပ္လႈပ္ရွားရွားျဖစ္လာသည္။
“ေကာင္းၿပီေလ။ ဒါဆိုလည္း ငါတို႔ေတြ ဒီေနရာမွာ သူေသကိုယ္ေသစာရင္းရွင္းၾကတာေပါ့”
“ငါကလည္း ဒါမ်ိဳးမွႀကိဳက္တာကြ”
ရြဲ႕သံမ်ား ခနဲ႔သံမ်ား တိတ္ဆိတ္သြားသည့္ ဒုတိယအေက်ာ့ရန္ပြဲက ပထမတစ္ေခါက္ကထက္ ပိုျပင္းထန္မည္ဆိုသည္ကို ဘယ္သူမွမျငင္းပယ္ႏိုင္။
ဇုစ္လက္ထဲကိုင္စြဲထားသည့္ ဝရဇိန္လက္နက္က တဝင္းလက္လက္ေတာက္ပေနသလို ေဟးဒီးစ္ ၏ေဒါသအဟုန္ေၾကာင့္ တုန္ယင္ေနသည့္ေျမထုကလည္း ကမာၻပ်က္လုခမန္း။
နန္းေတာ္တိုင္လံုးတို႔ကလႈပ္ခါယမ္းေနၾကၿပီး မွဴးမတ္မ်ား၊စစ္သည္ေတာ္မ်ားမွာလည္း အလဲလဲ အကြဲကြဲ။
ထိုအခိုက္…။
“ေတာ္ၾကပါေတာ့…။ ေတာ္လိုက္ၾကပါေတာ့…။”
အားကုန္မာန္ကုန္ေအာ္ဟစ္လိုက္သံေၾကာင့္ ဇုစ္ႏွင့္ေဟးဒီးစ္တို႔ေၾကာင္သြားၾကၿပီး အသံရွင္ဖက္ ၿပိဳင္တူလွည့္ၾကည့္မိၾကသည္။
အသံပိုင္ရွင္လီယိုႏိုက္စ္ကေတာ့ ေဒါသေၾကာင့္တစ္ကိုယ္လံုးတုန္ယင္ေနေလသည္။
“ခင္ဗ်ားတို႔ အခုဘာလုပ္ေနလဲသိၾကရဲ႕လား”
ဇုစ္ႏွင့္ေဟးဒီးစ္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိလိုက္သည္။
“ခင္ဗ်ားတို႔အတၱေတြေၾကာင့္ ပိုထရီဂိုရီတစ္ၿမိဳ႕လံုးလည္းေၾကမြၿပီးသြားၿပီ။ ဒါနဲ႔ေတာင္ ခင္ဗ်ားတို႔ အတြက္ မလံုေလာက္ေသးဘူးလား။”
ဇုစ္တို႔ဆီက ဘာအသံမွမၾကား။
“ခင္ဗ်ားတို႔က က်ဳပ္တို႔ကိုကာကြယ္ေပးဖို႔ကမ္းလွမ္းတယ္။ ဒီမတိုင္ခင္က က်ဳပ္တို႔ကမာၻမွာ က်ဳပ္တို႔သာယာတယ္။
အခု ခင္ဗ်ားတို႔ၾကည့္စမ္း”
လီယိုႏုိက္စ္စကားေၾကာင့္ ေဟးဒီးစ္တို႔ေယာင္ယမ္းၿပီး ဟိုၾကည့္ဒီၾကည့္ၾကည့္မိၾကသည္။
မ်က္လံုးေတြ…။ မ်က္လံုးေတြ…။
သူတို႔ကိုမလိုလားသည့္မ်က္လံုးေတြ။ သူတို႔ကိုနာက်ည္းမုန္းတီးေနသည့္မ်က္လံုးေတြ။
“ျမင္ၾကလား။ ခင္ဗ်ားတို႔ျမင္ၾကရဲ႕လား။ လူေတြရဲ႕နာက်င္ဝမ္းနည္းမႈေတြကို။ ေနာက္ၿပီး အဲဒီ လူေတြရဲ႕ငိုရွိဳက္သံေတြကိုေရာၾကားရဲ႕လား။”
နတ္ဘုရားႏွစ္ပါးေရာေယာင္ၿပီး ေခါင္းညွိတ္မိသည္။ သူတို႔မ်က္လံုးအစံုတြင္လည္း မ်က္ရည္တို႔ ေဝ့သီလ်က္…။
“ေက်းဇူးျပဳၿပီးေတာ့ဗ်ာ စစ္ကိုမုန္းလို႔စစ္တိုက္ေနရတယ္မေျပာပါနဲ႔။ ခင္ဗ်ားတို႔ ျမားတစ္ခ်က္ အပစ္တိုင္း ဓားတစ္ခ်က္အဝင့္တိုင္း စေတးခဲ႔ရတာ က်ဳပ္တို႔အျပစ္မဲ႔တဲ႔သူေတြပါ။”
ေဒါသတႀကီးဟိန္းေဟာက္ေနခဲ႔သည့္လီယိုႏိုက္စ္ နတ္ဘုရား၂ပါးေရွ႕ ရုတ္တရက္ဒူးေထာက္ခ် လိုက္ကာ ရွိဳက္ႀကီးတငင္ဆိုသည္။
မွဴးမတ္တို႔ကေတာ့ ဝမ္းနည္းမႈေၾကာင့္မ်က္ရည္မက်ေသာ္လည္း အံေတြကိုတင္းတင္းႀကိတ္လ်က္။
ထိုအျဖစ္ကိုေတြ႔ေတာ့ ဇုစ္ႏွင့္ေဟးဒီးစ္တို႔ ေနာက္တစ္ႀကိမ္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ထပ္ၾကည့္မိၾကသည္။
ထို႔ေနာက္ နတ္ဘုရား၂ပါး တိုင္ပင္မထားပါပဲ လီယိုႏိုက္စ္ေရွ႕ေမွာက္ ဒူးေထာက္ခ်လိုက္ၿပီး ……………………………………………………………………………………………………………………………… ……………………………။
✽✽✽ ✽✽✽ ✽✽✽
ထိုအခ်ိန္မွစ၍ နတ္ဘုရားယံုၾကည္သည့္လူသားအားလံုး နတ္ဘုရားမ်ားကို ပူေဇာ္ခဲ႔ၾကသည္၊ ပသခဲ႔ၾကသည္၊ အေလးအျမတ္ျပဳခဲ႔ၾကသည္။
လူသားမ်ား၏ရည္ရြယ္ခ်က္ကတစ္ခုတည္း…။
သူတို႔ကို ေစာင့္ေရွာက္ကာကြယ္ေစရန္ေတာ့မဟုတ္…။
သူတို႔ကို ……… လ်စ္လ်ဴရွဳထားၾကေစရန္သာ။
✽✽✽ ✽✽✽ ✽✽✽
(လင္း)
(Zawgyi)
အဆောင်ဆောင်အခန်းခန်းဖြင့် ကျယ်ပြောလှသော စက်ခန်းဆောင်ထဲသို့ သူ့သစ္စာတော်ခံ မှူးမတ်တစ်ဦး သုတ်သီးသုတ်ပြာဖြင့်ရောက်လာသည်။
“အရှင်မင်းကြီး…အရှင်မင်းကြီး”
အစဥ်သဖြင့်တည်ငြိမ်နေတတ်သည့်မှူးမတ်က ခုမျက်ပြူးဆန်ပြာဖြစ်နေသည်မို့ ဘုရင်လီယိုနိုက်စ် မျက်မှောင်ကြုတ်လိုက်ပြီး မနက်စာစားရင်းက အမိန့်ပေးလိုက်သည်။
“မောင်မင်း ဘယ်လိုဖြစ်တုန်းကွဲ့။ အကျိုးအကြောင်းတင်စမ်း”
သူ့အမိန့်သံကြားတော့ မှူးမတ်ကတုန်ယင်နေသည့်အသံနှင့်…
“အရှင်မင်းကြီး…ဧည့်ဆောင်ကို အခုကြွမှဖြစ်ပါမယ်”
✽✽✽ ✽✽✽ ✽✽✽
မင်းလမ်းတစ်လှေျာက် သုတ်သုတ်ပြာပြာလှေျာက်လာသည့် ဘုရင်လီယိုနိုက်စ်၏ဟန်ပန်ကြောင့် အမှုထမ်းအားလံုး မှင်သက်သွားကုန်ကြသည်။ သူတို့ဘုရင်လီယိုနိုက်စ် ဒီလိုရေးကြီးသုတ်ပြာနိုင်သည့်ပံုစံကို သူတို့မတွေ့ဖူးကြ။
လီယိုနိုက်စ်အတွက်ကတော့ အခုအချိန်မှာ ရာဇဣနြေ္ဒဆိုတာတွေကို ဘေးခဏချိတ်ထားပြီး ဧည့်ဆောင်သို့သာအလျင်အမြန်သွားနေမိသည်။
ဧည့်ခန်းဆောင်ရောက်တော့ တံခါးစောင့်များက သူ့ကိုဦးညွှတ်အရိုအသေပြုပြီး တံခါးဖွင့်ပေး လိုက်သည်။
တံခါးစောင့်များဖွင့်ပေးလိုက်သည့်တံခါးမှ ဧည့်ဆောင်ထဲသို့တစ်လှမ်းချင်းလှမ်းရင်း လီယိုနိုက်စ် တစ်ယောက် စိတ်လှုပ်ရှားနေမိ၏။
နောက်ဆံုး……… ထောင့်မှန်စတုဂံပံုကျွန်းစားပွဲကြီး တွင်ထိုင်နေသူများကိုတွေ့သွားချိန်မှာတော့ လီယိုနိုက်စ်တစ်ယောက် အံ့သြစိတ်ကြောင့်ပါးစပ်ကဆွံ့အသွားသလို တောက်ပစူးရှလှသည့် အရောင်အဝါ များကြောင့်လည်း မျက်လံုးများကိုမှိတ်လိုက်သည်။
ထို့နောက် မျက်လံုးကိုဖွင့်ချည်ပိတ်ချည်လုပ်ကာ ဝေခွဲမရသည့်လေသံဖြင့်
“အသင် အသင်တို့က…”
လီယိုနိုက်စ်အမေးစကားကိုကြားတော့ ထိုသူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသူက
“ကျုပ်တို့က နတ်ဘုရားတွေပါ။ ကျပ်နာမည်ကဇုစ်၊ ဟောဒါကကျုပ်ညီတော် ပိုးဆိုက်ဒွန်နဲ့ ကျုပ်မိဖုရား ဟီးရာတို့ပါ”
ထို့နောက် သူကပင်ဆက်၍
“ခင်ဗျားကတော့ လူသားအားလံုးရဲ့ဘုရင် လီယိုနိုက်စ်မှတ်တယ်”
“ဟုတ်ပါတယ်အရှင် ကျွန်တော့်နာမည်က လီယိုနိုက်စ်ပါ”
လီယိုနိုက်စ်ပြောရင်းဆိုရင်း ဇုစ်ရှေ့မှောက်ဒူးထောက်ပြီးအရိုအသေပေးလိုက်သည်။ ဘုရင်ကပါ အရိုအသေပေးသည်ဆိုတော့ သ့ူနောက်တော်ပါးရှိ မှူးမတ်တွေမှာလည်း ပြားပြားဝပ်လျက်။
“အို…အို ထပါ။ ခုလိုမျိုး အရိုအသေပေးစရာမလိုပါဘူး။ သင့်ကိုတောင်ကျုပ်တို့ကလေးစားလို့ စက်ရာဆောင်ဆီတိုက်ရိုက်မလာပဲ ဧည့်ဆောင်ကနေစောင့်နေခဲ့ပြီပဲ။ ခုလိုမျိး အရိုအသေမပေးပါနဲ့”
ဇုစ်စကားကြောင့် လီယိုနိုက်စ်နှင့်သူ့မှူးမတ်များ အသီးသီးမတ်တပ်ထရပ်လိုက်ကြပြီး ထိုင်ခံုမှာ ဝင်ထိုင်လိုက်ကြသည်။
ထို့နောက် လီယိုနိုက်စ်က
“ဒါဆို အသင်တို့အခုလိုရောက်လာတာ ဘာကြောင့်ပါလဲ”
ထိုစကားကြားတော့ ဇုစ်ကပြံုးလျက်
“ဒီလိုပါ…။ ကျုပ်တို့နတ်ဘုရားတွေက ကောင်းကင်ဘံုမှာနေတယ်။ အဲ…မြေကြီးထဲမှာတော့ ကျပ်တို့နဲ့ညီအစ်ကိုတော်တဲ့ ဟေးဒီးစ်ဆိုတာနေတယ်။
သူကအတ္တကြီးတယ်။ နတ်ဘုရားတွေကိုအုပ်စိုးခွင့်သာမဟုတ်ဘူး စကြ်ာဝဠာကြီးရဲ့အုပ်စိုးခွင့် ကိုပါ သူကလိုချင်တယ်။ ဒီအတွက်ကြောင့် သူ့ကို မြေအောက်ပို့ခဲ့ရတာပဲ။
အခု ကျုပ်တို့ကိုအန္တရာယ်ပြုလို့မရတော့ တန်ခိုးသိဒ္ဓိအနည်းဆံုးဖြစ်တဲ့ သင်တို့လူသားတွေကို အန္တရာယ်ပြုမယ့် အရိပ်အယောင်တွေတွေ့နေရတယ်။
ဒီတော့ သင်တို့ကိုကျွနု်ပ်တို့နတ်ဘုရားတွေက အကာအကွယ်ပေးလိုပါတယ်။
ဒီကမ်းလှမ်းချက်ကိုလက်ခံမခံ အသင်ဖြေကြားပေးပါ”
ဇုစ်စကားကြောင့် လီယိုနိုက်စ်နောက်တစ်ကြိမ်ထပ်အ့ံသြမိပြန်သည်။ အင်အားကြီးမားပါသည် ဆိုသည့် နတ်ဘုရားတွေကတောင်မှ ကာကွယ်ပေးပါရစေဟု တောင်းဆိုလာသည်မဟုတ်လား။
မည်မှျဝမ်းမြောက်မိသည်မသိ လီယိုနိုက်စ်တစ်ယောက် ခဏတောင်မဆိုင်း
“ဟာ…ဒါဝမ်းသာစရာကိစ္စပဲ။ ကျွန်ုပ်တို့က ဒီကမ်းလှမ်းချက်ကိုဝမ်းမြောက်စွာနဲ့လက်ခံပါတယ်”
လီယိုနိုက်စ်၏အဖြေစကားကြားတော့ ဇုစ်ကနှစ်လိုဖွယ်ပြံုးလျက်
“ကောင်းပါပြီလီယိုနိုက်စ် ယခုအချိန်ကစပြီး သင်တို့လူသားတွေကို ကျွနု်ပ်တို့နတ်ဘုရားတွေက ကာကွယ်စောင့်ရှောက်ပါ့မယ်”
ဇုစ်၏စကားသံတို့က လေထဲဝယ်လွင့်ပျံလျက်ကျန်ခဲ့လေသည်။
✽✽✽ ✽✽✽ ✽✽✽
“ဘာ…မင်းတို့က သူ့ရဲ့လက်အောက်ကို ခိုဝင်လိုက်တယ်ပေါ့ဟုတ်လား”
ဟေးဒီးစ်အသံကဧည့်ဆောင်တစ်ခုလံုးသိမ့်သိမ့်တုန်သွားစေသည်။ လီယိုနိုက်စ်နှင့်သူ့မှူးမတ်များ ကတော့ ခေါင်းများကိုတွင်တွင်ငံု့ထားကြဆဲသာ။
“မင်းတို့ကွာ…။
ဇုစ်ဆိုတာ ဘယ်လိုလူစားလဲသိကြရဲ့လား။
ဒီမှာ………”
ဟေးဒီးစ်၏ မျက်လံုးနှင့်အသံတို့ကကြောက်မက်ဖွယ်။
ဘုရင် ကရိုးနပ်စ်ကိုဖြုတ်ချတုန်းက ငါရယ်၊ ပိုးဆိုက်ဒွန်ရယ်၊ ဇုစ်ရယ် သံုးယောက်သားကတိပြု ခဲ့တယ်။ အာဏာကိုညီတူညီမှျခွဲဝေကြမယ်ဆိုပြီးတော့ပေ့ါ။
တစ်ကယ်တမ်းလည်းတော်လှန်ရေးပြီးရော ပိုးဆိုက်ဒွန်ကရေထုကိုပဲအုပ်စိုးရတယ်။ ငါကတော့ စိတ်ပျက်စရာကောင်းတဲ့လူသေတွေနဲ့ မကောင်းဆိုးဝါးတွေကိုအုပ်စိုးရတယ်။ ဒီအချိန်မှာသူက စကြ်ာဝဠာရဲ့ အရှင်သခင်အဖြစ်ခံယူပြီး တစ်လောကလံုးကိုအုပ်စိုးတယ်။
ဒါ လူယံုသတ်တာကွ”
ဟေးဒီးစ်က နာကျည်းခံခက်စွာဖြင့် လီယိုနိုက်စ်တို့ကို ဆူပူကြိမ်းမောင်းနေသည်။
“ဒါ…ဒါဆို ကျုပ်တို့ သူကာကွယ်တာလက်မခံတော့ဘူးလို့ ပြန်ပြောလိုက်မယ်လေ”
ဘုရင်လီယိုနိုက်စ် ဟေးဒီးစ်ကို မဝံ့မရဲလေးပြောသည်။
“ရမလားကွ ရမလား။ ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်လို့ရမလား”
ဟေးဒီးစ်၏အော်သံကြောင့် လီယိုနိုက်စ်ဇက်လေးပြန်ပုသွားသည်။
စိတ်ရှိလက်ရှိအော်ဟစ်ပြီးခဏကြာတော့ ဟေးဒီးစ်ကစိတ်ပြန်ပြေသွားဟန်ဖြင့်
“ငါက မင်းတို့ကိုစေတနာသန့်သန့်နဲ့ပြောတာပါကွာ။ ငါကဒေါသကြီးတာမှန်တယ်။ ဒါပေမယ့် မင်းတို့ငါ့လိုဖြစ်မှာစိုးရိမ်တယ်။ ငါ့လိုသစ္စာအဖောက်ခံရမှာစိုးရိမ်တယ်”
ဒီလိုကျတော့ဟေးဒီးစ်ကနူးည့ံလှသည်။ မျက်လံုးအစံုကကြည်လင်သန့်စင်လျက် လိမ်ညာနေဟန် တွေမရှိ။ ပကတိဖြူစင်စွာ…။
“ဒါ…ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲဟင်”
ဘုရင်လီယိုနိုက်စ် မရဲတရဲလေးထပ်မေးသည်။
“အင်း”
ဟေးဒီးစ်သက်ပြင်းချသလို အင်းကိုသံရှည်ဆွဲနေလိုက်သည်။
ဒီအခြေအနေထိဖြစ်လာပြီဆိုမှတော့ ဟေးဒီးစ်မှာရွေးချယ်စရာမျာများမရှိ။
ထို့ကြောင့် သူ့အစီအစဥ်ကို စိတ်မသက်မသာနှင့်ပင် ထုတ်ပြောလိုက်သည်။
“ဘာလုပ်ရမလဲကွာ။ တိုက်ကြရံုပေါ့။ ငါ မင်းတို့အစားတိုက်ပေးပါ့မယ်။
ဒါဟာ မင်းတို့ငါ့လိုမျိုး ကလိန်အကျခံရမှာစိုးလို့ပဲ။
ဒီထက်မပိုဘူး။
ဒါကိုတော့ မှတ်ထားပါ”
လီယိုနိုက်စ်တို့အားလံုးကတော့ ခေါင်းငံု့ထားကြဆဲသာ။
✽✽✽ ✽✽✽ ✽✽✽
ကောင်းကင်ဘံု…။
တစ်နည်း နတ်ဘုရားတို့ပျော်စံရာ အိုလံပီယံတောင်ထိပ်…။
သာယာတင့်မောလှစွာသော မြင်ကွင်းအစံုစံုကိုကြည့်ရင်း ဇုစ်တစ်ယောက်သက်ပြင်းချမိလိုက်၏။
ဒါကိုမြင်တော့ အနားမှာရှိနေသည့်ပိုးဆိုက်ဒွန်က
“အရှင်မင်းကြီး ဘာဖြစ်လို့ပါလဲ”
စိတ်ပူပန်စွာမေးလာသည့်ပိုးဆိုက်ဒွန်ကို ဇုစ်လှည့်ကြည့်လိုက်သည်။ နဂိုကတည်းက အနေအေး သည့်သူမို့ သူပူပန်နေသည့်အကြောင်းများကို ပိုးဆိုက်ဒွန်မရိပ်စားမိ။
“ဒီလိုကွ…”
ဇုစ်က လည်ချောင်းကိုတစ်ချက်ရှင်းလိုက်ပြီး
“တို့တွေရဲ့တော်လှန်ရေးပြီးသွားတော့ ငါကစကြ်ာဝဠာရဲ့အုပ်စိုးသူအဖြစ်ခံယူတယ်။ မင်းကိုတော့ ရေထုကိုအုပ်စိုးစေဆိုပြီးသတ်မှတ်ခဲ့တယ်။ ဟေးဒီးစ်ကိုတော့ မြေအောက်ပို့ခဲ့တယ်။
ဒါ ဘာကြောင့်လို့မင်းထင်လဲပိုးဆိုက်ဒွန်”
“ကျွန်တော်မသိပါဘူးအရှင်”
ပိုးဆိုက်ဒွန်ကရိုးသားစွာပြန်ဖြေသည်။
ဒီတော့မှ ဇုစ်က အမြော်အမြင်ပြည့်စံုသူတစ်ဦး၏လေသံဖြင့်
“ဟေးဒီးစ်ဟာဒေါသကြီးတယ်။ နောက်ပြီး သူဟာတန်ခိုးသိပ်ထက်တယ်။ သူ့စိတ်ခံစားချက် အတိုင်း တန်ခိုးစွမ်းအားသံုးပြီးလှေျာက်လုပ်မယ်ဆို အားလံုးရှုပ်ကုန်မှာပေါ့။ ဒီတော့ သူ့ကိုအပြစ်သားတွေပဲ ရှိတဲ့ မြေအောက်ကိုပို့ခဲ့ရတာ။
ငါလည်း ဒီလိုလုပ်ခဲ့ရတာ စိတ်မကောင်းပါဘူးကွာ။ ဒီထက်ပိုစိတ်မကောင်းတာကတော့ ညီအစ်ကိုအချင်းချင်း ရန်သူတွေလို သူစိမ်းပြင်ပြင်ဖြစ်သွားခဲ့ရတာပဲ”
ဇုစ်က နွမ်းလျစွာပြောသည်။
မျက်လံုးများတွင်လည်း မျက်ရည်တို့ဝေ့သီရစ်ဆိုင်းလျက် အမှန်ပင်စိတ်ထိခိုက်ကြေကွဲနေဟန်က အထင်းသား။
ထိုအခိုက် ဇုစ်ရှေ့သို့ အပိုလိုနေနတ်သား အပြေးအလွှားရောက်လာသည်။
“အရှင်မင်းကြီး…… ဟေးဒီးစ်တစ်ယောက် လူသားတွေရဲ့နယ်နိမိတ်ထဲက ပိုထရီဂိုရီမြို့တော်ကို တိုက်ခိုက်နေပါပြီ”
✽✽✽ ✽✽✽ ✽✽✽
“ဘာ………”
စိတ်လှုပ်ရှားမှုကြောင့် ဘုရင်လီယိုနိုက်စ် မတ်တပ်ထရပ်မိသည်။
ဆက်သား၏ပြောစကားအရ ပိုထရီဂိုရီမြို့တော်တွင်မြေငလျင်တွေလှုပ်ပြီး လေဆင်နှာမောင်းများ ရုတ်တရက်တိုက်ခတ်လာသည်ဟုသိရသည်။
လူနေအိမ်ပေါင်းများစွာပျက်ဆီးသွားပြီး လူပေါင်းများစွာလည်းပျောက်ဆံုးနေသည်တဲ့။
ကြားရသည့် သတင်းတွေကလံုးဝမကောင်း။
လီယိုနိုက်စ် အလွန်အမင်းစိတ်ထိခိုက်ဟန်ဖြင့် ပလ္လင်ပေါ်ပြန်ထိုင်ချလိုက်စဥ်
“အောင်ပြီ လီယိုနိုက်စ်ရေ အောင်ပြီ။
ပိုထရီဂိုရီအပါအဝင် အနီးတစ်ဝိုက်ကမြို့ရွာတွေအကုန်လံုး ဇုစ်တို့လက်ထဲကနေ ငါပြန်ယူခဲ့ပြီ။ မြို့ကိုစောင့်ကြပ်နေတဲ့ သူတို့အစောင့်အကြပ်တွေသေအောင် ငလျင်နဲ့လေဆင်နှာမောင်းတော့ဝင်ခဲ့ရတယ်ဟေ့”
ဟေးဒီးစ်ရွှင်ပျစွာဆိုရင်း လီယိုနိုက်စ်ဘေးတွင်ပေါ်လာသည်။
“မင်းကို ဇုစ်ရန်ကငါကာကွယ်ပေးတာထိရောက်ရဲ့လား လီယိုနိုက်စ်”
ဟေးဒီးစ်ကတော့ စစ်နိုင်သူတစ်ယောက်၏မျက်နှာထားမျိုးနှင့် ရွှင်ပျစွာစကားဆိုလေသည်။
သို့သော် လီယိုနိုက်စ်ကတော့ ဝမ်းမသာနိုင်ပါ။ မပျော်ရွှင်နိုင်ပါ။ ထိုအကြောင်းများကိုလည်း ဟေးဒီးစ်ကိုပြန်မပြောနိုင်ပါ။
ဟင့်အင်း…။ ပြန်မပြောရဲပါ။
ဟေးဒီးစ်ကတော့ သူ့အပြုအမူကို အားရကျေနပ်နေသည့်ပံုပင်။
“ကဲ…ငါသွားဦးမယ်လီယိုနိုက်စ်ရေ…။
ကျန်တဲ့နေရာတွေကိုသိမ်းပိုက်ဖို့ အစီအစဥ်သွားဆွဲလိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့် ဟေးဒီးစ်တစ်ယောက်ထွက်သွားလေသည်။
လူအများသေကြေပျက်စီးရသည်ကို လီယိုနိုက်စ်မကြိုက်ပေမယ့် သူမတားခဲ့ပါ။ သူမတားဝ့ံခဲ့ပါ။
✽✽✽ ✽✽✽ ✽✽✽
နောက်တစ်နေ့နံနက်…။
သူစက်တော်ခေါ်နေတာတောင်မနိုးသေး။ ဆက်သားတစ်ယောက်ရောက်နေပြန်သည်။ မနေ့က အတိုင်း ပိုထရီဂိုရီမြို့ကပင်။
လီယိုနိုက်စ် ဝတ်လဲတော်ကိုကပြာကယာလဲလိုက်ပြီး ထိုဆက်သားကိုရှေ့တော်သွင်းလိုက်၏။
“မောင်မင်း ဘာထူးလို့လဲကွဲ့။ ငါကိုယ်တော်ကိုတင်လှေျာက်စမ်း”
“မှန်ပါ မင်းကြီး။
ပိုထရီဂိုရီမြို့မှာ ငလျင်တွေလှုပ်၊လေဆင်နှာမောင်းတိုက်ပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးတွေပစ်ပြီး မိုးတွေသည်းသည်းမည်းမည်းထပ်ရွာလာပါတယ်”
“ဟင်…”
ကြားလိုက်ရသည့်သတင်းကြောင့် လီယိုနိုက်စ်တစ်ယောက် ခြေဖျားလက်ဖျားများပင်အေးစက် သွားသည်။
ဘုရား ဘုရား။ ဖြစ်ရလေ။
ကပ်ဆိုးတစ်ခုနှင့်ကြံုလိုက်ရလို့ နေစရာမဲ့နေသည့် သူ့တိုင်းသူပြည်သားတွေ ရေထဲမိုးထဲမှာ ခိုက်ခိုက်တုန်နေကြမည့်ပံုကိုတွေးမိရင်း လီယိုနိုက်စ်ဝမ်းနည်းလာမိသည်။
“လီယိုနိုက်စ်ရေ”
အောင်မြင်ထည်ဝါလှသည့်အသံတစ်ခု သူ့ခေါင်းထက်ကပေါ်လာသည်။
အသံပိုင်ရှင်ကိုသူသိသည်။ သို့သော် နှုတ်မဆက်မိ။ နှုတ်ဆက်ချင်စိတ်လည်းမရှိ။
“ငါချက်ချင်းပဲ ဟေးဒီးစ်လက်ထဲကနေ ပိုထရီဂိုရီမြို့ကိုပြန်ယူခဲ့ပြီသိလား”
ဇုစ်အသံကလည်း မနေ့ကဟေးဒီးစ်လိုပင် ရွှင်ပျနေသည်။
“ဟေ့…လီယိုနိုက်စ်
မင်းမပျော်ဘူးလားကွ။”
မေးပြီ။
ဇုစ်မေးပြီ။
သို့သော် ဒီမေးခွန်းကိုသူမဖြေလို။
အမှန်အတိုင်းပြောရလှျင် ဝမ်းနည်းပါသည်။ နိုင်ငံတော်ဘဏ္ဍာများဆံုးရှံုး၍မဟုတ်။ အခွန်အတုပ် ကောက်မရတော့မှာစိုး၍မဟုတ်။
ကာကွယ်သူနတ်ဘုရားများကြောင့် ဒုက္ခပင်လယ်ဝေနေရှာသောမြို့သားများအား ကိုယ်ချင်းစာ မိခြင်းကြောင့်သာ…။
“ဒီအောင်မြင်မှုကို မင်းဂုဏ်မယူဘူးလား လီယိုနိုက်စ်ရဲ့”
ဇုစ်ထပ်မေးပြန်သည်။
အမှန်အတိုင်းဖြေရန် ဘယ်လိုမှမတတ်သာသည်မို့ လီယိုနိုက်စ် ကြေကွဲဝမ်းနည်းနေသည့် သူ့မျက်နှာကိုပြင်လိုက်ပြီး ဇုစ်၏ဒုတိယအမေးကိုဖြေရန်ပြင်လိုက်စဥ်
“လီယိုနိုက်စ်ရေ”
အလောသံုးဆယ်နိုင်သည့် ဟေးဒီးစ်၏အသံကိုကြားလိုက်ရပြီး တစ်ဆက်တည်းမှာပင် သူတို့ ရှေ့မှောက် ဟေးဒီးစ်ဘွားခနဲပေါ်လာသည်။
ထို့နောက်…။
“ဟိုလူယုတ်မာဇုစ်…တိ့ုတွေရဲ့ပိုထရီဂိုရီမြို့ကို ပြန် သိမ်း သွား ”
ဟေးဒီးစ်စကားသံတို့က လေထဲမှာပင်ရပ်တန့်သွားသည်။
အကြောင်းက လီယိုနိုက်စ်ဘေးတွင်ရှိနေသော သူ့ညီဇုစ်ကြောင့်…။
“ဇုစ်………လူသားတွေကို မင်း ဘာလာခြိမ်းခြောက်နေတာလဲ”
ဟေးဒီးစ်၏ဒေါသတို့က ဇုစ်ကိုမြင်တော့ ပိုဆိုးသွားပံုပင်…။
သို့သော် ဇုစ်ကလည်း ငြိမ်ခံမနေ…။
“ငါက မင်းရန်က ကာကွယ်ပေးနေတာပါဟေးဒီးစ်ရာ”
“ဘာ………။ ငါ့ရန်က ကာကွယ်တာဟုတ်လား”
ဟေးဒီးစ်မျက်နှာက အကောင်းဆံုးပြက်လံုးတစ်ခု ကြားလိုက်ရသူတစ်ယောက်လို။
“စဥ်းစဥ်းစားစားလည်းပြောပါဇုစ်ရာ။ မင်းကျူးလွန်ခဲ့တဲ့ကိစ္စကိုမင်းသိပါတယ်”
ဟေးဒီးစ်စကားက ဇုစ်အရှိုက်တည့်တည့်ကိုထိပံုရသည်။
ဇုစ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
“ကောင်းပြီလေ။ ဒါဆိုလည်း ငါတို့တွေ ဒီနေရာမှာ သူသေကိုယ်သေစာရင်းရှင်းကြတာပေါ့”
“ငါကလည်း ဒါမျိုးမှကြိုက်တာကွ”
ရွဲ့သံများ ခနဲ့သံများ တိတ်ဆိတ်သွားသည့် ဒုတိယအကျော့ရန်ပွဲက ပထမတစ်ခေါက်ကထက် ပိုပြင်းထန်မည်ဆိုသည်ကို ဘယ်သူမှမငြင်းပယ်နိုင်။
ဇုစ်လက်ထဲကိုင်စွဲထားသည့် ဝရဇိန်လက်နက်က တဝင်းလက်လက်တောက်ပနေသလို ဟေးဒီးစ် ၏ဒေါသအဟုန်ကြောင့် တုန်ယင်နေသည့်မြေထုကလည်း ကမာ္ဘပျက်လုခမန်း။
နန်းတော်တိုင်လံုးတို့ကလှုပ်ခါယမ်းနေကြပြီး မှူးမတ်များ၊စစ်သည်တော်များမှာလည်း အလဲလဲ အကွဲကွဲ။
ထိုအခိုက်…။
“တော်ကြပါတော့…။ တော်လိုက်ကြပါတော့…။”
အားကုန်မာန်ကုန်အော်ဟစ်လိုက်သံကြောင့် ဇုစ်နှင့်ဟေးဒီးစ်တို့ကြောင်သွားကြပြီး အသံရှင်ဖက် ပြိုင်တူလှည့်ကြည့်မိကြသည်။
အသံပိုင်ရှင်လီယိုနိုက်စ်ကတော့ ဒေါသကြောင့်တစ်ကိုယ်လံုးတုန်ယင်နေလေသည်။
“ခင်ဗျားတို့ အခုဘာလုပ်နေလဲသိကြရဲ့လား”
ဇုစ်နှင့်ဟေးဒီးစ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။
“ခင်ဗျားတို့အတ္တတွေကြောင့် ပိုထရီဂိုရီတစ်မြို့လံုးလည်းကြေမွပြီးသွားပြီ။ ဒါနဲ့တောင် ခင်ဗျားတို့ အတွက် မလံုလောက်သေးဘူးလား။”
ဇုစ်တို့ဆီက ဘာအသံမှမကြား။
“ခင်ဗျားတို့က ကျုပ်တို့ကိုကာကွယ်ပေးဖို့ကမ်းလှမ်းတယ်။ ဒီမတိုင်ခင်က ကျုပ်တို့ကမာ္ဘမှာ ကျုပ်တို့သာယာတယ်။
အခု ခင်ဗျားတို့ကြည့်စမ်း”
လီယိုနိုက်စ်စကားကြောင့် ဟေးဒီးစ်တို့ယောင်ယမ်းပြီး ဟိုကြည့်ဒီကြည့်ကြည့်မိကြသည်။
မျက်လံုးတွေ…။ မျက်လံုးတွေ…။
သူတို့ကိုမလိုလားသည့်မျက်လံုးတွေ။ သူတို့ကိုနာကျည်းမုန်းတီးနေသည့်မျက်လံုးတွေ။
“မြင်ကြလား။ ခင်ဗျားတို့မြင်ကြရဲ့လား။ လူတွေရဲ့နာကျင်ဝမ်းနည်းမှုတွေကို။ နောက်ပြီး အဲဒီ လူတွေရဲ့ငိုရှိုက်သံတွေကိုရောကြားရဲ့လား။”
နတ်ဘုရားနှစ်ပါးရောယောင်ပြီး ခေါင်းညှိတ်မိသည်။ သူတို့မျက်လံုးအစံုတွင်လည်း မျက်ရည်တို့ ဝေ့သီလျက်…။
“ကျေးဇူးပြုပြီးတော့ဗျာ စစ်ကိုမုန်းလို့စစ်တိုက်နေရတယ်မပြောပါနဲ့။ ခင်ဗျားတို့ မြားတစ်ချက် အပစ်တိုင်း ဓားတစ်ချက်အဝင့်တိုင်း စတေးခဲ့ရတာ ကျုပ်တို့အပြစ်မဲ့တဲ့သူတွေပါ။”
ဒေါသတကြီးဟိန်းဟောက်နေခဲ့သည့်လီယိုနိုက်စ် နတ်ဘုရား၂ပါးရှေ့ ရုတ်တရက်ဒူးထောက်ချ လိုက်ကာ ရှိုက်ကြီးတငင်ဆိုသည်။
မှူးမတ်တို့ကတော့ ဝမ်းနည်းမှုကြောင့်မျက်ရည်မကျသော်လည်း အံတွေကိုတင်းတင်းကြိတ်လျက်။
ထိုအဖြစ်ကိုတွေ့တော့ ဇုစ်နှင့်ဟေးဒီးစ်တို့ နောက်တစ်ကြိမ် တစ်ယောက်မျက်နှာတစ်ယောက် ထပ်ကြည့်မိကြသည်။
ထို့နောက် နတ်ဘုရား၂ပါး တိုင်ပင်မထားပါပဲ လီယိုနိုက်စ်ရှေ့မှောက် ဒူးထောက်ချလိုက်ပြီး ……………………………………………………………………………………………………………………………… ……………………………။
✽✽✽ ✽✽✽ ✽✽✽
ထိုအချိန်မှစ၍ နတ်ဘုရားယံုကြည်သည့်လူသားအားလံုး နတ်ဘုရားများကို ပူဇော်ခဲ့ကြသည်၊ ပသခဲ့ကြသည်၊ အလေးအမြတ်ပြုခဲ့ကြသည်။
လူသားများ၏ရည်ရွယ်ချက်ကတစ်ခုတည်း…။
သူတို့ကို စောင့်ရှောက်ကာကွယ်စေရန်တော့မဟုတ်…။
သူတို့ကို ……… လျစ်လျူရှုထားကြစေရန်သာ။
✽✽✽ ✽✽✽ ✽✽✽
(လင်း)
(Unicode)