စန္တာကေလာ့စ္ရွိရဲ႕လား (စန်တာကလော့စ်ရှိရဲ့လား)

          ညေန၆နာရီ………။ ဒီဇင္ဘာ၂၃ရက္ ၁၉၆၁ခုႏွစ္………။
          ကြ်န္ေတာ္ဒီစာကို New Yorkကေန Los Angelesဆီသြားတဲ႔ ေလယာဥ္ခရီးစဥ္တစ္ခုက အစျပဳၿပီး ေရးုျဖစ္ခဲ႔သည္။

✽✽✽   ✽✽✽   ✽✽✽

          မနက္ျဖန္..Honoluluကြ်န္းမွာရွိသည့္ ကြ်န္ေတာ့္အိမ္ကိုေရာက္လွ်င္ အိမ္နီးခ်င္းကေလး ေတြကို ခရစၥမတ္ပံုျပင္တစ္ခ်ိဳ႕ ေျပာျပရဦးမည္။
          သူတို႔က ကြ်န္ေတာ့္ကိုေမးခြန္းတစ္ခုေပးထားၾကသည္။ “စန္တာကေလာ့စ္ရွိသလား” ဆို သည့္ေမးခြန္းပင္။
          အမွန္အတိုင္းေျပာရလွ်င္ ဒီကေလးေတြကို ယုတၱိတန္သည့္ အရိုးသားဆံုးအေျဖတစ္ခု မည္သို႔ေပးရမွန္း ယခုထက္ထိကိုမသိေသးေပ။
          ဘာပဲေျပာေျပာ LAကို အခ်ိန္မွီေရာက္ရန္သာ ေမွ်ာ္လင့္မိ၏။

✽✽✽   ✽✽✽   ✽✽✽

          ည၈နာရီ ၁၀မိနစ္။
          ပိုင္းေလာ့က ကြ်န္ေတာ္တို႔ကို သတင္းဆိုးတစ္ခုေၾကညာလိုက္သည္။
          LAမွာျမဴေတြအရမ္းဆိုင္းေနသျဖင့္ ဘယ္ေလယာဥ္ကြင္းတြင္မွ ေလယာဥ္ဆင္းဖို႔မျဖစ္ႏိုင္။ ထို႔ေၾကာင့္အယ္လ္ေအႏွင့္လည္းသိပ္မေဝးသည့္ Ontarioရွိကြင္းျပင္တစ္ခုတြင္ အေရးေပၚဆင္းသက္ရမည္ ျဖစ္ေၾကာင္း ေၾကညာသည္။

✽✽✽   ✽✽✽   ✽✽✽

          မနက္၃နာရီ ၁၂မိနစ္ ဒီဇင္ဘာ၂၄ရက္။
          ႀကံဳေတြ႔ေနရသည့္ ျပႆနာကတစ္ခုမက…။
          ေျမျပင္ေပၚဆင္းေတာ့ သတ္မွတ္ခ်ိန္ထက္၆နာရီေနာက္က်မွေရာက္သည္။ ေလယာဥ္ေပၚ တြင္ ပါလာသည့္ခရီးသည္မ်ားအားလံုးမွာ ေအးလည္းေအး၊ ဆာလည္းဆာေနၾကေလၿပီ။ လာႀကိဳမည့္ သူမ်ားႏွင့္လည္း လြဲကုန္ေလၿပီ။ ထို႔ထက္မက ေသခ်ာသည္ကေတာ့ ခရစၥမတ္အႀကိဳေန႔တြင္ အေတာ္မ်ားမ်ား အိမ္ျပန္ေရာက္မည္မဟုတ္ေတာ့။
          မေမွ်ာ္လင့္ပဲ ဒီလိုအေျခအေနမ်ိဳးႏွင့္ ႀကံဳလိုက္ရေတာ့ ခရစၥမတ္ပံုျပင္ကိစၥသည္လည္း ကြ်န္ေတာ့္ေခါင္းထဲေရာက္မလာေတာ့။

✽✽✽   ✽✽✽   ✽✽✽

          မနက္၇နာရီ ၁၅မိနစ္။
          ကြ်န္ေတာ္ဒီစာကို LAရွိေလယာဥ္ကြင္း တစ္ခုအတြင္းမွာ ထိုင္ေရးျဖစ္ခဲ႔သည္။
          ခရစၥမတ္ပံုျပင္ကိစၥကို လံုးလံုးလ်ားလ်ားေမ့ေလ်ာ့ေနခဲ့ေသာ္လည္း လြန္ခဲ႔သည့္၄နာရီ ခန္႔က အျဖစ္အပ်က္မ်ားေၾကာင့္ ဒီစာကိုျပန္စမိသည္။

          ကြ်န္ေတာ္တို႔ဆင္းသက္ခဲ႔သည့္ေနရာမွာ အစတုန္းကကြ်န္ေတာ္တို႔ေလယာဥ္တစ္စင္းႏွင့္ ကြ်န္ေတာ္တို႔ခရီးသည္မ်ားသာရွိေသာ္လည္း ယခုေတာ့ဘဝတူ ေလယာဥ္ေတြ တစ္စင္းၿပီးတစ္စင္း ဆိုက္လာေလၿပီ။ စိတ္လႈပ္ရွားေနသည့္ လူအုပ္ႀကီးမွာလည္း တစ္စထက္တစ္စမ်ားျပားလာရာ ယခုဆို လူအေယာက္၁၀၀၀ေလာက္ပင္ရွိေတာ့မည္။
          ခ်ိန္းထားသူမ်ားႏွင့္လြဲကုန္သည္ကကိစၥမရွိ။ ဘယ္အခ်ိန္မွ အိမ္ျပန္ေရာက္မည္ဆိုတာက ေျပာလို႔မရသျဖင့္ အိမ္သားေတြစိတ္မပူရန္ အက်ိဳးအေၾကာင္းေလးေတာ့ လူတိုင္းလိုလိုလွမ္းေျပာခ်င္ ေနၾကသည္။
          သို႔ေသာ္ ျဖစ္ခ်င္ေတာ့ ဒီေနရာမွာ ဖုန္းလိုင္းမမိ။ ေၾကးနန္းရံုးကလည္း ပိတ္ထားသည္။ စားစရာနတၳိ…။ ေသာက္စရာနတၳိ…။
          ေလယာဥ္အမႈထမ္းမ်ားကေတာ့ ခရီးသည္မ်ားကို တတ္ႏိုင္သေလာက္ရွင္းျပေနၾကသည္။
ဝန္စည္စလယ္မ်ားမွာလည္း အကုန္အေရာေရာအေႏွာေႏွာ ျဖစ္ေနၾက၏။
          ကိုယ္က်င္လည္ေနက် ေနရာမဟုတ္သျဖင့္ ဘယ္ဘတ္စ္ကားက ဘယ္ေနရာထိေရာက္ သည္ကိုလည္း တစ္ဦးမွသိၾကပံုမေပၚ။
          ကေလးေတြက ငိုေနၾကသည္။ မိန္းမသားေတြက ညည္းတြားေနၾကၿပီး ေယာက်္ားမ်ားက ေတာ့ ေအာ္ဟစ္ေနၾက၏။
          ဆူညံပြက္ေလာရိုက္ေနသည္မွာ ပုရြက္အံုကို တုတ္ႏွင့္ထိုးသကဲ႔သို႔ျဖစ္သည္။ ဒီျမင္ကြင္း ကိုၾကည့္ရင္း ေအးခ်မ္းလွသည့္ ခရစၥမတ္ကာလ ဟုတ္မွဟုတ္ပါေလစဟု ကြ်န္ေတာ္အေတြးပြားေနမိ ပါသည္။
          ရုတ္တရက္………။
          ဤမွ်ဆူညံပြက္ေလာရိုက္ေနသည့္လူအုပ္ႀကီးအတြင္းမွ ယံုၾကည္ခ်က္ရွိ၍အေလာသံုးဆယ္ မႏိုင္သည့္ အသံတစ္ခုကိုၾကားလိုက္ရသည္။ ေျပာရလွ်င္ ခ်ာ့ခ်္ေက်ာင္းမွ ေခါင္းေလာင္းသံလိုပင္…။ ၾကည္လင္သည္၊ ေအးခ်မ္းသည္၊ ကရုဏာအျပည့္ပါသည္။
          “အခု…စိတ္မပူပါနဲ႔ေတာ့ အစ္မႀကီး” ထိုအသံရွင္ကေျပာသည္။
          “ကြ်န္ေတာ္တို႔အားလံုးအတူတူ အစ္မႀကီးရဲ႕အထုပ္အပိုးေတြဝိုင္းရွာၾကမယ္။ ၿပီးတာနဲ႔ အစ္မႀကီး သြားခ်င္တဲ႔ၿမိဳ႕ဆီ အခ်ိန္မွီေရာက္ေစရမယ္။ အားလံုးအဆင္ေျပသြားမွာပါ။”
          ဒီစကားသံဟာေလယာဥ္ဆင္းကတည္းကေန အခုခ်ိန္အတြင္း ကြ်န္ေတာ္ၾကားခဲ႔သမွ်ေတြ ထဲက အၾကင္နာဆံုးစကားတစ္ခြန္းပါပဲ။
          ဒါေၾကာင့္မို႔ လူအုပ္ၾကားထဲက ထိုသူ႔ကိုအသည္းအသန္ လိုက္ရွာၾကည့္ေတာ့………
          ေဟာ…ေတြ႔ပါၿပီ။
          လူပံုက ဂင္တိုတို၊ပုကြကြ။ မ်က္ႏွာေပၚတြင္ေပါက္ေနသည့္ အေမႊးအမွ်င္မ်ားႏွင့္ မလိုက္ ေအာင္ကို သူ႔မ်က္ႏွာကၿပံဳးခ်ိဳေနသည္။ သူ႔ေခါင္းေပၚတြင္ေတာ့ ရံုးဦးထုပ္တစ္လံုးကိုေဆာင္းထားၿပီး အနီေရာင္ဆြယ္တာကို ဝတ္ဆင္ထားသည္။ ဦးထုပ္၏ေအာက္နားစတြင္ေတာ့ ဆံပင္ျဖဴျဖဴတို႔ က်ေန ၾကသည္။ အမဲလိုက္ဘြတ္ဖိနပ္ကို ဝတ္ဆင္ထားၿပီး လက္ျဖစ္လွည္းတစ္စင္းႏွင့္သူ႔ဟန္ပန္မွာ ေရခဲျပင္ သမင္မ်ားကိုထားခဲ႔ၿပီး ခရီးတိုတစ္ခုထြက္လာသည့္ စန္တာႏွယ္ပင္။
          ထိုစဥ္…။
          ထိုသူက သူ႔လွည္းေဘးတြင္မတ္တပ္ရပ္လိုက္ၿပီး လွည္းေပၚရွိပူပူေႏြးေႏြးေကာ္ဖီဘူးမ်ား ႏွင့္ ကိတ္မုန္႔ဘူးမ်ားကို ဖြင့္ေဖာက္ေနသည္။
          “ဒီမွာေကာ္ဖီပါခင္ဗ်။”
          ေကာ္ဖီဘူးကိုကမ္းေပးရင္း ေျပာသည္။
          “အစ္မႀကီးရဲ႕အထုပ္အပိုးေတြကို ကြ်န္ေတာ္ရွာေနတုန္း ေကာ္ဖီပူပူေလး ေသာက္ထားႏွင့္ ေပါ့”
          ထိူျမင္ကြင္းကိုျမင္ေတာ့ သူ႔လွည္းေဘးတြင္ တမုဟုတ္ျခင္းစည္ကားသြားသည္။ ေကာ္ဖီ ဘူးမ်ားကိုလွမ္းယူၾကသည့္ လူတန္းႀကီးဆိုသည္မွာ ရွည္လိုက္သည့္ျဖစ္ျခင္း…။
          ဒီေလာက္ရွဳပ္ရွက္ခတ္ေနသည့္အျပင္ အထုပ္အပိုးမ်ားကိုဝိုင္းရွာေပးေနရသည့္ၾကားထဲက ေဘးနားရွိလူမ်ားကို “မယ္ရီခရစၥမတ္”ဟု ျပန္ေျပာေနေလသည္။
          ေနာက္ဆံုးေတာ့ သူဝိုင္းရွာေပးသည့္ အထုပ္အပိုးမ်ားကိုေတြ႔သြားသည္။
          အထုပ္အပုိးမ်ားကို ေနရာခ်ၿပီးခ်ိန္မွာေတာ့ ထိုသူက ထိုအမ်ိဳးသမီးအပါအဝင္ တျခား သူမ်ား ကိုေျပာလိုက္သည္။
          “ကြ်န္ေတာ့္ေနာက္ကိုလိုက္ခဲ့ပါ။ အဲဒီၿမိဳ႕ဆီသြားမယ့္ ဘတ္စ္ကားေပၚကြ်န္ေတာ္တင္ေပးပါ့မယ္။”
          ထိုအမ်ိဳးသမီးႏွင့္အျခားခရီးတူသူမ်ားကို လိုက္ပို႔ၿပီးခ်ိန္မွာေတာ့ ခရစ္စ္တစ္ေယာက္ (ဒါ…… ကြ်န္ေတာ္ပထမဆံုး သူ႔ကိုေပးမိတဲ့ နာမည္ပါ။) သူတို႔ဆီကို ျပန္လာခဲ႔သည္။
          ကံဆိုးသည္လားေကာင္းသည္လားေတာ့မေျပာတတ္။ ကြ်န္ေတာ္စီးရမည့္ ဘတ္စ္ကားက ေနာက္တစ္နာရီေက်ာ္မွ လာလိမ့္မည္ဟု ခရစ္စ္ကေျပာသည္။
          ဘာရယ္မဟုတ္…။ သြားလို႔လည္းမရ၊ လုပ္စရာလည္းမရွိသည့္အတူတူ ကြ်န္ေတာ္လည္း သူႏွင့္အတူ ေကာ္ဖီေတြ၊မုန္႔ေတြ လိုက္ေဝေပးေနမိသည္။
          ခရစ္စ္က ျမဴမႈန္ၾကားထဲက ေနေရာင္ျခည္တစ္စႏွင့္တူသည္။ လယ္ကြင္းထဲရွိ စိတ္ညစ္ ေနသူအကုန္လံုးကို သူတတ္ႏိုင္သေလာက္ ၿပံဳးေပ်ာ္ေစရန္ ႀကိဳးစားေပးခဲ႔သည္။
          ေကာ္ဖီႏွင့္မုန္႔ေတြေဝေပးသည္။ ကေလးငယ္မ်ားကို စသည္။ ခရစၥမတ္သီခ်င္းေတြ ဆိုျပသည္။ ဘယ္သြားလို႔ဘယ္လာရမွန္းမသိသည့္ ခရီးသည္မ်ားကို လမ္းညႊန္ေပးသည္။
          အမ်ိဳးသမီးတစ္ဦး ေမ့လဲၿပီးသတိလစ္သြားတုန္းကလည္း ရွဴေဆးမ်ား၊ ေစာင္မ်ားထုတ္ၿပီး သူကိုယ္တိုင္ပင္ ထိုအမ်ိဳးသမီးသတိရလာေစရန္ ျပဳစုေပးခဲ႔သည္။
          ဒီေလာက္ သူတစ္ပါးအေပၚကူညီတတ္ၿပီး စိတ္ရွည္သည္းခံတတ္သူကို ကြ်န္ေတာ္ ေတာ္ ေတာ္ေလး အ့ံၾသေနမိသည္။
          သိခ်င္စိတ္က တားမႏိုင္၊ဆီးမရျဖစ္လာသည္မို႔ ေကာ္ဖီေဝေနရင္း သူ႔ကို ကြ်န္ေတာ္ေမး လိုက္သည္။
          “ဦးေလးက ဘယ္အက်ိဳးေဆာင္ကုမၸဏီကလဲဟင္”
          ကြၽန္ေတာ့္အေမးကိုၾကားေတာ့ သူ႔မ်က္ႏွာကၿပံဳးေယာင္သမ္းသြားသည္။
          “သား…”
          သူက ကြ်န္ေတာ့္ကိုေခၚသည္။
          “အေႏြးထည္အျပာေရာင္ဝတ္ထားတဲ႔ ကေလးမေလးကိုေတြ႔လား။ အဲဒီကေလးမေလးကို ေဟာဒီသၾကားလံုးသြားေပး။ ၿပီးေတာ့…အေမ့ေဘးနားမွာ ၿငိမ္ၿငိမ္မေနပဲေလွ်ာက္သြားေနရင္ ေနာက္ဆို
အေမ့ကို ဘယ္ေတာ့မွမေတြ႔ပဲေနလိမ့္မယ္လို႔ေျပာခဲ႔။”
          ကြ်န္ေတာ္လဲသူကမ္းေပးသည့္သၾကားလံုးကိုယူကာ သူေျပာသလိုသြားလုပ္အၿပီးမွာေတာ့ ခုနကေမးခြန္းကို ျပန္ေမးျပန္သည္။
          “ဟို…ဦးေလးကဘယ္ကုမၸဏီကလဲလို႔…”
          သူကကြ်န္ေတာ့္ကိုၿပံဳးၿပီးၾကည့္သည္။ ထို႔ေနာက္
          “ဦးကိုကုမၸဏီကခိုင္းလို႔ လာလုပ္မဟုတ္ဘူးကြ။ ခုလိုလုပ္ေပးရတာ ေပ်ာ္လို႔ကိုလုပ္တာ။
          ႏွစ္စဥ္ဒီဇင္ဘာလတိုင္း ႏွစ္ပတ္စာအားလပ္ရက္ကို ဦးကဒီကိုလာတယ္။ ၿပီးေတာ့ ခရီး သည္ေတြကိုကူညီတယ္။
          မင္းေတြ႔တဲ႔အတိုင္းပဲ အခုလိုအခ်ိန္မ်ိဳးဆို အကူအညီလိုေနတဲ႔ ခရီးသည္ေတြက ေထာင္ ဂဏန္းေလာက္ရွိတတ္တယ္။”
          ထိုစဥ္ တစ္ေနရာ၌ လူေတြရံုးစုရံုးစုျဖစ္ေနသည္။
          အသက္ႀကီးသေလာက္ ဖ်တ္လတ္ေသာခရစ္စ္က ကြ်န္ေတာ့္ကိုလွမ္းေမးသည္။
          “ဟိတ္…ေကာင္ေလး ဟိုမွာၾကည့္စမ္း။ အဲဒီမွာ ျဖစ္ေနတာလဲ။”
          ကေလးငယ္ေလးကိုေပြ႔ၿပီး တရွံဳ႕ရွံဳ႕ငိုေနေသာ မိခင္တစ္ဦးဆီ လက္ညွိဳးထိုးရင္း တည္ တည္ၿငိမ္ၿငိမ္ေျပာသည္။
          ထို႔ေနာက္ေတာ့ ကြ်န္ေတာ့္ကိုမ်က္လံုးတစ္ဖက္မွိတ္ကာ အခ်က္ျပၿပီး သူ၏လွည္းကို ထို ကေလးအေမဆီသို႔ဆြဲသြားေလသည္။
          ပိုနီးလာေလေလ ျမင္ကြင္းကလည္း ပို၍ပို၍ျပတ္သားလာသည္။ လသားအရြယ္ ကေလး ငယ္ကိုေပြ႔ၿပီး မိခင္ျဖစ္သည့္သူမကေတာ့ လက္ဆြဲအိတ္ေပၚတြင္ ထိုင္ေနျခင္းပင္။
          “သမီးေရ…”
          အလြန္သိမ္ေမြ႔ေသာေလသံျဖင့္ ခရစ္စ္ကေျပာသည္။
          “ဒါသမီးရဲ႕ကေလးလား။ ခ်စ္စရာေကာင္းလိုက္တာၾကည့္စမ္း။ ဒါနဲ႔သမီးမွာဘာအခက္အခဲ ရွိလို႔လဲကြဲ႔”
          အားကိုးသူရွာေတြ႔ၿပီဆိုသည့္ အသိေၾကာင့္ပဲထင္သည္။ ထိုအမ်ိဳးသမီးက ခရစ္စ္အား အ ေၾကာင္းစံုရွင္းျပရွာသည္။
          သူမ၏ေယာက္်ားျဖစ္သူမွာSan Diegoရွိ ေဟာ္တယ္တစ္ခုတြင္ အလုပ္လုပ္ေၾကာင္း၊ သူမ ေယာက်္ားႏွင့္မေတြ႔သည္မွာလဲ တစ္ႏွစ္ခန္႔ရွိသြားၿပီျဖစ္ေၾကာင္း၊ ေယာက်္ားကလဲ သူမရွိရာမလာႏိုင္သ ျဖင့္ သူမကပင္ လိုက္လာရျခင္းျဖစ္ေၾကာင္း တရွံဳ႕ရွံဳ႕ငိုရင္း ေျပာျပရွာသည္။
          သူမရွင္းျပသျဖင့္ အေတာ္ဇာတ္ရည္လည္သြားေလသည္။
          ဒီပံုအတိုင္းသာဆို သူမေယာက်္ားလည္း အေတာ္စိတ္ပူေနေလာက္ေလၿပီ။ ေပြ႔ထားေသာ ကေလးကလည္း ဗိုက္ဆာ၍ၾကဴၾကဴပါေအာင္ ငိုေနေလၿပီ။
          ကြ်န္ေတာ့္အတြက္ေတာ့ အေတာ္စိတ္မသက္သာစရာျမင္ကြင္းပင္။
          သို႔ေသာ္ ခရစ္စ္ကေတာ့ အေတြ႔အႀကံဳရွိသူပီပီ ယခုအေျခအေနကို ျပန္လည္တံု႔ျပန္ပံံုက သပ္ရပ္လြန္းလွသည္။
          “အားလံုးအဆင္ေျပသြားမွာပါသမီးရယ္။ မငိုနဲ႔ေတာ့ဟုတ္လား။”
          ထိုသို႔ ၿပံဳးကာရယ္ကာေျပာရင္း သူ႔လွည္းေပၚမွ ႏို႔တစ္ဘူးႏွင့္ ေကာ္ဖီတစ္ဘူးယူကာ ထိုအမ်ိဳးသမီးကို ကမ္းေပးလိုက္သည္။
          ထို႔ေနာက္…LAဆီသြားမည့္ ကားတစ္စီးေပၚသို႔ လိုက္တင္ေပးသည္။ ထို႔ျပင္ သူမထံမွလဲ သူမ ေယာက်္ား၏ဖုန္းနံပါတ္ကိုေတာင္းလိုက္ၿပီး ဘာေၾကာင့္ေနာက္က်ေနသည္ဆိုသည့္အေၾကာင္းပါ ေျပာေပးမည္ဟုဆိုေလသည္။
          “ဘုရားသခင္ေကာင္းခ်ီးေပးပါေစ”
          ငိုရွိဳက္ရသျဖင့္ေမာပန္းၿပီး အိပ္ေပ်ာ္သြာေသာကေလးငယ္ကို လက္ျဖင့္ပိုက္ထားရင္း သူမ ကေျပာလိုက္သည္။
          ထို႔ေနာက္…။
          “မယ္ရီခရစၥမတ္ပါ ဦးေရ။ ဦးလဲ ဒီခရစၥမတ္မွာ လက္ေဆာင္ေတြအမ်ားႀကီးရပါေစ”
          “ေက်းဇူးပါသမီးေရ။ ဦးကေတာ့ ဒီကမာၻမွာ အေကာင္းဆံုးဆိုတဲ႔ လက္ေဆာင္ေတြရၿပီးၿပီ ကြဲ႔။
          စကားမစပ္ ဦးကိုလက္ေဆာင္ေပးတဲ့အထဲမွာ သမီးလည္းပါတယ္ေနာ္”
          ခရစ္စ္က သူ႔ေခါင္းကိုဆတ္ရင္းေျပာေလသည္။
          ထို႔ေနာက္ ရုတ္ရုတ္သဲသဲျဖစ္ေနေသာ လူအုပ္ဖက္ကို တစ္ခ်က္လွည့္ၾကည့္ရင္း
          “အဖိုးအိုတစ္ေယာက္ ဒုကၡေရာက္ေနတာထင္ပါရဲ႕။ ကံေကာင္းပါေစသမီးေရ။ ဦးကေတာ့ ကုိယ့္ကိုယ္ကိုေနာက္ထပ္လက္ေဆာင္တစ္ခု ထပ္ေပးလိုက္ဦးမေဟ့”
          ေျပာရင္ဆိုရင္း ခရစ္စ္တစ္ေယာက္ ဘတ္စ္ကားကိုေက်ာခိုင္းလိုက္သည္။ ကြ်န္ေတာ္လဲ ခရစ္စ္ေနာက္ကို လိုက္လာခဲ႔မိသည္။ ဟိုင္းေဝးကားျဖစ္သျဖင့္ ကားကအေတာ္ႏွင့္ထြက္ဦးမည့္ပံုမွာ မေပၚ။
          သံုး၊ေလး၊ငါးလွမ္းမွ် ေလွ်ာက္ၿပီးခ်ိန္မွာေတာ့ ခရစ္စ္ကေတာ့ ကြ်န္ေတာ့္ဖက္သို႔ ဆတ္ခနဲ လွည့္ၿပီးေျပာသည္။
          “မင္းလဲ ဒီကားနဲ႔ပဲ LAထိသြားမွာေနာ္”
          “ဟုတ္ကဲ႔”
          “ဒါဆိုဟန္က်တာေပါ့ကြာ။ ဒီအခ်ိန္ခဏေလးအတြင္းမွာ မင္းဟာ လက္ေထာက္ေကာင္း တစ္ေယာက္ ျဖစ္ခဲ႔ပါတယ္။
          ကဲ…ဒီမွာၾကည့္ ခုမင္းကိုခရစၥမတ္လက္ေဆာင္တစ္ခု ေပးစရာရွိတယ္။မင္း ဒီကားစုတ္နဲ႔ LAထိလိုက္သြား။ ကေလးနဲ႔ကေလးအေမကို ေစာင့္ေရွာက္။ ဟုတ္ၿပီလား”
          တစ္ဆက္တည္းဆိုသလို သူ႔အိတ္ကပ္ထဲမွ စာရြက္ေခါက္ေလးကိုထုတ္လိုက္ၿပီး
          “ေနာက္ၿပီးဟိုေရာက္ရင္လဲ သူ႔ေယာက်္ားကို ဘာလို႔ေနာက္က်ရတယ္ဆိုတာ အေသခ်ာ ရွင္းျပလိုက္ဦး”
          သူေျပာခ်င္တာေျပာၿပီသြားေတာ့ ကြ်န္ေတာ့္အေျဖေတာင္မေစာင့္ပဲ ခရစ္စ္တစ္ေယာက္ လွည့္ထြက္သြားသည္။ ကြ်န္ေတာ္ဘာျပန္ေျဖမလဲ သိေနသည့္ႏွယ္။
          ထို႔ေနာက္ ကြ်န္ေတာ္လည္း ခရစ္စ္ေျပာသည့္အတိုင္း ဘတ္စ္ကားဆီသို႔ ေျခဦးျပန္လွည့္ လိုက္သည္။
          ကားေပၚေရာက္ေတာ့ ကေလးအေမေဘးတြင္ ဝင္ထိုင္လိုက္ၿပီး သူမထံမွကေလးကို ယူထားလိုက္သည္။
          ျပဴတင္းေပါက္ဖက္မ်က္ႏွာမူမိေတာ့ လူအုပ္ၾကားထဲတေရြ႕ေရြ႕ တိုးဝင္သြားေသာခရစ္စ္ကို ေလးစားစဖြယ္ေတြ႔လိုက္ရသည္။
          ကားစထြက္ေလၿပီ။
          ခံစားရသည့္ခံစားမႈက ဘာႏွင့္မွမလဲႏိုင္ေအာင္ ဝမ္းသာၾကည္ႏူးမႈမ်ားလႊမ္းေနသည္။
          စိတ္ျပန္တည္ၿငိမ္လာေတာ့ မိသားစုအေၾကာင္း၊ ခရစၥမတ္အေၾကာင္းက ေခါင္းထဲေရာက္ လာသည္။
          ခုေတာ့ ေဘးအိမ္က ကေလးမ်ားေမးသည့္ “စန္တာကေလာ့စ္ရွိရဲ႕လား”ဆိုသည့္ ေမးခြန္း အတြက္ အေျဖရသြားေလၿပီ။
          ဒီေန႔ပဲ ကြ်န္ေတာ္သူႏွင့္ေတြ႔ခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

စာႂကြင္း>>>”William.J.Lederer”၏ “Is there a Santa Claus?”ကို ဘာသာျပန္ဆိုသည္။
(လင္း)
(Zawgyi)

          ညနေ၆နာရီ………။ ဒီဇင်ဘာ၂၃ရက် ၁၉၆၁ခုနှစ်………။
          ကျွန်တော်ဒီစာကို New Yorkကနေ Los Angelesဆီသွားတဲ့ လေယာဥ်ခရီးစဥ်တစ်ခုက အစပြုပြီး ရေးုဖြစ်ခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

          မနက်ဖြန်..Honoluluကျွန်းမှာရှိသည့် ကျွန်တော့်အိမ်ကိုရောက်လှျင် အိမ်နီးချင်းကလေး တွေကို ခရစ္စမတ်ပံုပြင်တစ်ချို့ ပြောပြရဦးမည်။
          သူတို့က ကျွန်တော့်ကိုမေးခွန်းတစ်ခုပေးထားကြသည်။ “စန်တာကလော့စ်ရှိသလား” ဆို သည့်မေးခွန်းပင်။
          အမှန်အတိုင်းပြောရလှျင် ဒီကလေးတွေကို ယုတ္တိတန်သည့် အရိုးသားဆံုးအဖြေတစ်ခု မည်သို့ပေးရမှန်း ယခုထက်ထိကိုမသိသေးပေ။
          ဘာပဲပြောပြော LAကို အချိန်မှီရောက်ရန်သာ မှေျာ်လင့်မိ၏။

✽✽✽   ✽✽✽   ✽✽✽

          ည၈နာရီ ၁၀မိနစ်။
          ပိုင်းလော့က ကျွန်တော်တို့ကို သတင်းဆိုးတစ်ခုကြေညာလိုက်သည်။
          LAမှာမြူတွေအရမ်းဆိုင်းနေသဖြင့် ဘယ်လေယာဥ်ကွင်းတွင်မှ လေယာဥ်ဆင်းဖို့မဖြစ်နိုင်။ ထို့ကြောင့်အယ်လ်အေနှင့်လည်းသိပ်မဝေးသည့် Ontarioရှိကွင်းပြင်တစ်ခုတွင် အရေးပေါ်ဆင်းသက်ရမည် ဖြစ်ကြောင်း ကြေညာသည်။

✽✽✽   ✽✽✽   ✽✽✽

          မနက်၃နာရီ ၁၂မိနစ် ဒီဇင်ဘာ၂၄ရက်။
          ကြံုတွေ့နေရသည့် ပြဿနာကတစ်ခုမက…။
          မြေပြင်ပေါ်ဆင်းတော့ သတ်မှတ်ချိန်ထက်၆နာရီနောက်ကျမှရောက်သည်။ လေယာဥ်ပေါ် တွင် ပါလာသည့်ခရီးသည်များအားလံုးမှာ အေးလည်းအေး၊ ဆာလည်းဆာနေကြလေပြီ။ လာကြိုမည့် သူများနှင့်လည်း လွဲကုန်လေပြီ။ ထို့ထက်မက သေချာသည်ကတော့ ခရစ္စမတ်အကြိုနေ့တွင် အတော်များများ အိမ်ပြန်ရောက်မည်မဟုတ်တော့။
          မမှေျာ်လင့်ပဲ ဒီလိုအခြေအနေမျိုးနှင့် ကြံုလိုက်ရတော့ ခရစ္စမတ်ပံုပြင်ကိစ္စသည်လည်း ကျွန်တော့်ခေါင်းထဲရောက်မလာတော့။

✽✽✽   ✽✽✽   ✽✽✽

          မနက်၇နာရီ ၁၅မိနစ်။
          ကျွန်တော်ဒီစာကို LAရှိလေယာဥ်ကွင်း တစ်ခုအတွင်းမှာ ထိုင်ရေးဖြစ်ခဲ့သည်။
          ခရစ္စမတ်ပံုပြင်ကိစ္စကို လံုးလံုးလျားလျားမေ့လျော့နေခဲ့သော်လည်း လွန်ခဲ့သည့်၄နာရီ ခန့်က အဖြစ်အပျက်များကြောင့် ဒီစာကိုပြန်စမိသည်။

          ကျွန်တော်တို့ဆင်းသက်ခဲ့သည့်နေရာမှာ အစတုန်းကကျွန်တော်တို့လေယာဥ်တစ်စင်းနှင့် ကျွန်တော်တို့ခရီးသည်များသာရှိသော်လည်း ယခုတော့ဘဝတူ လေယာဥ်တွေ တစ်စင်းပြီးတစ်စင်း ဆိုက်လာလေပြီ။ စိတ်လှုပ်ရှားနေသည့် လူအုပ်ကြီးမှာလည်း တစ်စထက်တစ်စများပြားလာရာ ယခုဆို လူအယောက်၁၀၀၀လောက်ပင်ရှိတော့မည်။
          ချိန်းထားသူများနှင့်လွဲကုန်သည်ကကိစ္စမရှိ။ ဘယ်အချိန်မှ အိမ်ပြန်ရောက်မည်ဆိုတာက ပြောလို့မရသဖြင့် အိမ်သားတွေစိတ်မပူရန် အကျိုးအကြောင်းလေးတော့ လူတိုင်းလိုလိုလှမ်းပြောချင် နေကြသည်။
          သို့သော် ဖြစ်ချင်တော့ ဒီနေရာမှာ ဖုန်းလိုင်းမမိ။ ကြေးနန်းရံုးကလည်း ပိတ်ထားသည်။ စားစရာနတ္ထိ…။ သောက်စရာနတ္ထိ…။
          လေယာဥ်အမှုထမ်းများကတော့ ခရီးသည်များကို တတ်နိုင်သလောက်ရှင်းပြနေကြသည်။
ဝန်စည်စလယ်များမှာလည်း အကုန်အရောရောအနှောနှော ဖြစ်နေကြ၏။
          ကိုယ်ကျင်လည်နေကျ နေရာမဟုတ်သဖြင့် ဘယ်ဘတ်စ်ကားက ဘယ်နေရာထိရောက် သည်ကိုလည်း တစ်ဦးမှသိကြပံုမပေါ်။
          ကလေးတွေက ငိုနေကြသည်။ မိန်းမသားတွေက ညည်းတွားနေကြပြီး ယောကျ်ားများက တော့ အော်ဟစ်နေကြ၏။
          ဆူညံပွက်လောရိုက်နေသည်မှာ ပုရွက်အံုကို တုတ်နှင့်ထိုးသကဲ့သို့ဖြစ်သည်။ ဒီမြင်ကွင်း ကိုကြည့်ရင်း အေးချမ်းလှသည့် ခရစ္စမတ်ကာလ ဟုတ်မှဟုတ်ပါလေစဟု ကျွန်တော်အတွေးပွားနေမိ ပါသည်။
          ရုတ်တရက်………။
          ဤမှျဆူညံပွက်လောရိုက်နေသည့်လူအုပ်ကြီးအတွင်းမှ ယံုကြည်ချက်ရှိ၍အလောသံုးဆယ် မနိုင်သည့် အသံတစ်ခုကိုကြားလိုက်ရသည်။ ပြောရလှျင် ချာ့ချ်ကျောင်းမှ ခေါင်းလောင်းသံလိုပင်…။ ကြည်လင်သည်၊ အေးချမ်းသည်၊ ကရုဏာအပြည့်ပါသည်။
          “အခု…စိတ်မပူပါနဲ့တော့ အစ်မကြီး” ထိုအသံရှင်ကပြောသည်။
          “ကျွန်တော်တို့အားလံုးအတူတူ အစ်မကြီးရဲ့အထုပ်အပိုးတွေဝိုင်းရှာကြမယ်။ ပြီးတာနဲ့ အစ်မကြီး သွားချင်တဲ့မြို့ဆီ အချိန်မှီရောက်စေရမယ်။ အားလံုးအဆင်ပြေသွားမှာပါ။”
          ဒီစကားသံဟာလေယာဥ်ဆင်းကတည်းကနေ အခုချိန်အတွင်း ကျွန်တော်ကြားခဲ့သမှျတွေ ထဲက အကြင်နာဆံုးစကားတစ်ခွန်းပါပဲ။
          ဒါကြောင့်မို့ လူအုပ်ကြားထဲက ထိုသူ့ကိုအသည်းအသန် လိုက်ရှာကြည့်တော့………
          ဟော…တွေ့ပါပြီ။
          လူပံုက ဂင်တိုတို၊ပုကွကွ။ မျက်နှာပေါ်တွင်ပေါက်နေသည့် အမွှေးအမှျင်များနှင့် မလိုက် အောင်ကို သူ့မျက်နှာကပြံုးချိုနေသည်။ သူ့ခေါင်းပေါ်တွင်တော့ ရံုးဦးထုပ်တစ်လံုးကိုဆောင်းထားပြီး အနီရောင်ဆွယ်တာကို ဝတ်ဆင်ထားသည်။ ဦးထုပ်၏အောက်နားစတွင်တော့ ဆံပင်ဖြူဖြူတို့ ကျနေ ကြသည်။ အမဲလိုက်ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး လက်ဖြစ်လှည်းတစ်စင်းနှင့်သူ့ဟန်ပန်မှာ ရေခဲပြင် သမင်များကိုထားခဲ့ပြီး ခရီးတိုတစ်ခုထွက်လာသည့် စန်တာနှယ်ပင်။
          ထိုစဥ်…။
          ထိုသူက သူ့လှည်းဘေးတွင်မတ်တပ်ရပ်လိုက်ပြီး လှည်းပေါ်ရှိပူပူနွေးနွေးကော်ဖီဘူးများ နှင့် ကိတ်မုန့်ဘူးများကို ဖွင့်ဖောက်နေသည်။
          “ဒီမှာကော်ဖီပါခင်ဗျ။”
          ကော်ဖီဘူးကိုကမ်းပေးရင်း ပြောသည်။
          “အစ်မကြီးရဲ့အထုပ်အပိုးတွေကို ကျွန်တော်ရှာနေတုန်း ကော်ဖီပူပူလေး သောက်ထားနှင့် ပေါ့”
          ထိူမြင်ကွင်းကိုမြင်တော့ သူ့လှည်းဘေးတွင် တမုဟုတ်ခြင်းစည်ကားသွားသည်။ ကော်ဖီ ဘူးများကိုလှမ်းယူကြသည့် လူတန်းကြီးဆိုသည်မှာ ရှည်လိုက်သည့်ဖြစ်ခြင်း…။
          ဒီလောက်ရှုပ်ရှက်ခတ်နေသည့်အပြင် အထုပ်အပိုးများကိုဝိုင်းရှာပေးနေရသည့်ကြားထဲက ဘေးနားရှိလူများကို “မယ်ရီခရစ္စမတ်”ဟု ပြန်ပြောနေလေသည်။
          နောက်ဆံုးတော့ သူဝိုင်းရှာပေးသည့် အထုပ်အပိုးများကိုတွေ့သွားသည်။
          အထုပ်အပိုးများကို နေရာချပြီးချိန်မှာတော့ ထိုသူက ထိုအမျိုးသမီးအပါအဝင် တခြား သူများ ကိုပြောလိုက်သည်။
          “ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ။ အဲဒီမြို့ဆီသွားမယ့် ဘတ်စ်ကားပေါ်ကျွန်တော်တင်ပေးပါ့မယ်။”
          ထိုအမျိုးသမီးနှင့်အခြားခရီးတူသူများကို လိုက်ပို့ပြီးချိန်မှာတော့ ခရစ်စ်တစ်ယောက် (ဒါ…… ကျွန်တော်ပထမဆံုး သူ့ကိုပေးမိတဲ့ နာမည်ပါ။) သူတို့ဆီကို ပြန်လာခဲ့သည်။
          ကံဆိုးသည်လားကောင်းသည်လားတော့မပြောတတ်။ ကျွန်တော်စီးရမည့် ဘတ်စ်ကားက နောက်တစ်နာရီကျော်မှ လာလိမ့်မည်ဟု ခရစ်စ်ကပြောသည်။
          ဘာရယ်မဟုတ်…။ သွားလို့လည်းမရ၊ လုပ်စရာလည်းမရှိသည့်အတူတူ ကျွန်တော်လည်း သူနှင့်အတူ ကော်ဖီတွေ၊မုန့်တွေ လိုက်ဝေပေးနေမိသည်။
          ခရစ်စ်က မြူမှုန်ကြားထဲက နေရောင်ခြည်တစ်စနှင့်တူသည်။ လယ်ကွင်းထဲရှိ စိတ်ညစ် နေသူအကုန်လံုးကို သူတတ်နိုင်သလောက် ပြံုးပျော်စေရန် ကြိုးစားပေးခဲ့သည်။
          ကော်ဖီနှင့်မုန့်တွေဝေပေးသည်။ ကလေးငယ်များကို စသည်။ ခရစ္စမတ်သီချင်းတွေ ဆိုပြသည်။ ဘယ်သွားလို့ဘယ်လာရမှန်းမသိသည့် ခရီးသည်များကို လမ်းညွှန်ပေးသည်။
          အမျိုးသမီးတစ်ဦး မေ့လဲပြီးသတိလစ်သွားတုန်းကလည်း ရှူဆေးများ၊ စောင်များထုတ်ပြီး သူကိုယ်တိုင်ပင် ထိုအမျိုးသမီးသတိရလာစေရန် ပြုစုပေးခဲ့သည်။
          ဒီလောက် သူတစ်ပါးအပေါ်ကူညီတတ်ပြီး စိတ်ရှည်သည်းခံတတ်သူကို ကျွန်တော် တော် တော်လေး အ့ံသြနေမိသည်။
          သိချင်စိတ်က တားမနိုင်၊ဆီးမရဖြစ်လာသည်မို့ ကော်ဖီဝေနေရင်း သူ့ကို ကျွန်တော်မေး လိုက်သည်။
          “ဦးလေးက ဘယ်အကျိုးဆောင်ကုမ္ပဏီကလဲဟင်”
          ကျွန်တော့်အမေးကိုကြားတော့ သူ့မျက်နှာကပြံုးယောင်သမ်းသွားသည်။
          “သား…”
          သူက ကျွန်တော့်ကိုခေါ်သည်။
          “အနွေးထည်အပြာရောင်ဝတ်ထားတဲ့ ကလေးမလေးကိုတွေ့လား။ အဲဒီကလေးမလေးကို ဟောဒီသကြားလံုးသွားပေး။ ပြီးတော့…အမေ့ဘေးနားမှာ ငြိမ်ငြိမ်မနေပဲလှေျာက်သွားနေရင် နောက်ဆို
အမေ့ကို ဘယ်တော့မှမတွေ့ပဲနေလိမ့်မယ်လို့ပြောခဲ့။”
          ကျွန်တော်လဲသူကမ်းပေးသည့်သကြားလံုးကိုယူကာ သူပြောသလိုသွားလုပ်အပြီးမှာတော့ ခုနကမေးခွန်းကို ပြန်မေးပြန်သည်။
          “ဟို…ဦးလေးကဘယ်ကုမ္ပဏီကလဲလို့…”
          သူကကျွန်တော့်ကိုပြံုးပြီးကြည့်သည်။ ထို့နောက်
          “ဦးကိုကုမ္ပဏီကခိုင်းလို့ လာလုပ်မဟုတ်ဘူးကွ။ ခုလိုလုပ်ပေးရတာ ပျော်လို့ကိုလုပ်တာ။
          နှစ်စဥ်ဒီဇင်ဘာလတိုင်း နှစ်ပတ်စာအားလပ်ရက်ကို ဦးကဒီကိုလာတယ်။ ပြီးတော့ ခရီး သည်တွေကိုကူညီတယ်။
          မင်းတွေ့တဲ့အတိုင်းပဲ အခုလိုအချိန်မျိုးဆို အကူအညီလိုနေတဲ့ ခရီးသည်တွေက ထောင် ဂဏန်းလောက်ရှိတတ်တယ်။”
          ထိုစဥ် တစ်နေရာ၌ လူတွေရံုးစုရံုးစုဖြစ်နေသည်။
          အသက်ကြီးသလောက် ဖျတ်လတ်သောခရစ်စ်က ကျွန်တော့်ကိုလှမ်းမေးသည်။
          “ဟိတ်…ကောင်လေး ဟိုမှာကြည့်စမ်း။ အဲဒီမှာ ဖြစ်နေတာလဲ။”
          ကလေးငယ်လေးကိုပွေ့ပြီး တရှံု့ရှံု့ငိုနေသော မိခင်တစ်ဦးဆီ လက်ညှိုးထိုးရင်း တည် တည်ငြိမ်ငြိမ်ပြောသည်။
          ထို့နောက်တော့ ကျွန်တော့်ကိုမျက်လံုးတစ်ဖက်မှိတ်ကာ အချက်ပြပြီး သူ၏လှည်းကို ထို ကလေးအမေဆီသို့ဆွဲသွားလေသည်။
          ပိုနီးလာလေလေ မြင်ကွင်းကလည်း ပို၍ပို၍ပြတ်သားလာသည်။ လသားအရွယ် ကလေး ငယ်ကိုပွေ့ပြီး မိခင်ဖြစ်သည့်သူမကတော့ လက်ဆွဲအိတ်ပေါ်တွင် ထိုင်နေခြင်းပင်။
          “သမီးရေ…”
          အလွန်သိမ်မွေ့သောလေသံဖြင့် ခရစ်စ်ကပြောသည်။
          “ဒါသမီးရဲ့ကလေးလား။ ချစ်စရာကောင်းလိုက်တာကြည့်စမ်း။ ဒါနဲ့သမီးမှာဘာအခက်အခဲ ရှိလို့လဲကွဲ့”
          အားကိုးသူရှာတွေ့ပြီဆိုသည့် အသိကြောင့်ပဲထင်သည်။ ထိုအမျိုးသမီးက ခရစ်စ်အား အ ကြောင်းစံုရှင်းပြရှာသည်။
          သူမ၏ယောက်ျားဖြစ်သူမှာSan Diegoရှိ ဟော်တယ်တစ်ခုတွင် အလုပ်လုပ်ကြောင်း၊ သူမ ယောကျ်ားနှင့်မတွေ့သည်မှာလဲ တစ်နှစ်ခန့်ရှိသွားပြီဖြစ်ကြောင်း၊ ယောကျ်ားကလဲ သူမရှိရာမလာနိုင်သ ဖြင့် သူမကပင် လိုက်လာရခြင်းဖြစ်ကြောင်း တရှံု့ရှံု့ငိုရင်း ပြောပြရှာသည်။
          သူမရှင်းပြသဖြင့် အတော်ဇာတ်ရည်လည်သွားလေသည်။
          ဒီပံုအတိုင်းသာဆို သူမယောကျ်ားလည်း အတော်စိတ်ပူနေလောက်လေပြီ။ ပွေ့ထားသော ကလေးကလည်း ဗိုက်ဆာ၍ကြူကြူပါအောင် ငိုနေလေပြီ။
          ကျွန်တော့်အတွက်တော့ အတော်စိတ်မသက်သာစရာမြင်ကွင်းပင်။
          သို့သော် ခရစ်စ်ကတော့ အတွေ့အကြံုရှိသူပီပီ ယခုအခြေအနေကို ပြန်လည်တံု့ပြန်ပံံုက သပ်ရပ်လွန်းလှသည်။
          “အားလံုးအဆင်ပြေသွားမှာပါသမီးရယ်။ မငိုနဲ့တော့ဟုတ်လား။”
          ထိုသို့ ပြံုးကာရယ်ကာပြောရင်း သူ့လှည်းပေါ်မှ နို့တစ်ဘူးနှင့် ကော်ဖီတစ်ဘူးယူကာ ထိုအမျိုးသမီးကို ကမ်းပေးလိုက်သည်။
          ထို့နောက်…LAဆီသွားမည့် ကားတစ်စီးပေါ်သို့ လိုက်တင်ပေးသည်။ ထို့ပြင် သူမထံမှလဲ သူမ ယောကျ်ား၏ဖုန်းနံပါတ်ကိုတောင်းလိုက်ပြီး ဘာကြောင့်နောက်ကျနေသည်ဆိုသည့်အကြောင်းပါ ပြောပေးမည်ဟုဆိုလေသည်။
          “ဘုရားသခင်ကောင်းချီးပေးပါစေ”
          ငိုရှိုက်ရသဖြင့်မောပန်းပြီး အိပ်ပျော်သွာသောကလေးငယ်ကို လက်ဖြင့်ပိုက်ထားရင်း သူမ ကပြောလိုက်သည်။
          ထို့နောက်…။
          “မယ်ရီခရစ္စမတ်ပါ ဦးရေ။ ဦးလဲ ဒီခရစ္စမတ်မှာ လက်ဆောင်တွေအများကြီးရပါစေ”
          “ကျေးဇူးပါသမီးရေ။ ဦးကတော့ ဒီကမာ္ဘမှာ အကောင်းဆံုးဆိုတဲ့ လက်ဆောင်တွေရပြီးပြီ ကွဲ့။
          စကားမစပ် ဦးကိုလက်ဆောင်ပေးတဲ့အထဲမှာ သမီးလည်းပါတယ်နော်”
          ခရစ်စ်က သူ့ခေါင်းကိုဆတ်ရင်းပြောလေသည်။
          ထို့နောက် ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ဖက်ကို တစ်ချက်လှည့်ကြည့်ရင်း
          “အဖိုးအိုတစ်ယောက် ဒုက္ခရောက်နေတာထင်ပါရဲ့။ ကံကောင်းပါစေသမီးရေ။ ဦးကတော့ ကိုယ့်ကိုယ်ကိုနောက်ထပ်လက်ဆောင်တစ်ခု ထပ်ပေးလိုက်ဦးမဟေ့”
          ပြောရင်ဆိုရင်း ခရစ်စ်တစ်ယောက် ဘတ်စ်ကားကိုကျောခိုင်းလိုက်သည်။ ကျွန်တော်လဲ ခရစ်စ်နောက်ကို လိုက်လာခဲ့မိသည်။ ဟိုင်းဝေးကားဖြစ်သဖြင့် ကားကအတော်နှင့်ထွက်ဦးမည့်ပံုမှာ မပေါ်။
          သံုး၊လေး၊ငါးလှမ်းမှျ လှေျာက်ပြီးချိန်မှာတော့ ခရစ်စ်ကတော့ ကျွန်တော့်ဖက်သို့ ဆတ်ခနဲ လှည့်ပြီးပြောသည်။
          “မင်းလဲ ဒီကားနဲ့ပဲ LAထိသွားမှာနော်”
          “ဟုတ်ကဲ့”
          “ဒါဆိုဟန်ကျတာပေါ့ကွာ။ ဒီအချိန်ခဏလေးအတွင်းမှာ မင်းဟာ လက်ထောက်ကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။
          ကဲ…ဒီမှာကြည့် ခုမင်းကိုခရစ္စမတ်လက်ဆောင်တစ်ခု ပေးစရာရှိတယ်။မင်း ဒီကားစုတ်နဲ့ LAထိလိုက်သွား။ ကလေးနဲ့ကလေးအမေကို စောင့်ရှောက်။ ဟုတ်ပြီလား”
          တစ်ဆက်တည်းဆိုသလို သူ့အိတ်ကပ်ထဲမှ စာရွက်ခေါက်လေးကိုထုတ်လိုက်ပြီး
          “နောက်ပြီးဟိုရောက်ရင်လဲ သူ့ယောကျ်ားကို ဘာလို့နောက်ကျရတယ်ဆိုတာ အသေချာ ရှင်းပြလိုက်ဦး”
          သူပြောချင်တာပြောပြီသွားတော့ ကျွန်တော့်အဖြေတောင်မစောင့်ပဲ ခရစ်စ်တစ်ယောက် လှည့်ထွက်သွားသည်။ ကျွန်တော်ဘာပြန်ဖြေမလဲ သိနေသည့်နှယ်။
          ထို့နောက် ကျွန်တော်လည်း ခရစ်စ်ပြောသည့်အတိုင်း ဘတ်စ်ကားဆီသို့ ခြေဦးပြန်လှည့် လိုက်သည်။
          ကားပေါ်ရောက်တော့ ကလေးအမေဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမထံမှကလေးကို ယူထားလိုက်သည်။
          ပြူတင်းပေါက်ဖက်မျက်နှာမူမိတော့ လူအုပ်ကြားထဲတရွေ့ရွေ့ တိုးဝင်သွားသောခရစ်စ်ကို လေးစားစဖွယ်တွေ့လိုက်ရသည်။
          ကားစထွက်လေပြီ။
          ခံစားရသည့်ခံစားမှုက ဘာနှင့်မှမလဲနိုင်အောင် ဝမ်းသာကြည်နူးမှုများလွှမ်းနေသည်။
          စိတ်ပြန်တည်ငြိမ်လာတော့ မိသားစုအကြောင်း၊ ခရစ္စမတ်အကြောင်းက ခေါင်းထဲရောက် လာသည်။
          ခုတော့ ဘေးအိမ်က ကလေးများမေးသည့် “စန်တာကလော့စ်ရှိရဲ့လား”ဆိုသည့် မေးခွန်း အတွက် အဖြေရသွားလေပြီ။
          ဒီနေ့ပဲ ကျွန်တော်သူနှင့်တွေ့ခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

စာကြွင်း>>>”William.J.Lederer”၏ “Is there a Santa Claus?”ကို ဘာသာပြန်ဆိုသည်။
(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s