မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၁ (မျဥ်းဖြောင့်တို့၏ဒိုင်ယာရီ-အပိုင်း၁)

          ေက်ာင္းပုရဝုဏ္ထဲေျခခ်မိေတာ့ ငယ္စဥ္အခ်ိန္ေတြဆီ စိတ္ျပန္ေရာက္မိသလိုပင္။
          ဘြဲ႔ႏွင္းသဘင္ခန္းမ၊ ေက်ာင္သားေရးရာ၊ စာသင္ေဆာင္ အရာအားလံုးက ဟိုစဥ္ကအတိုင္း။
          ဒီအေဆာင္ေတြမွာ သူတို႔အားလံုး အတူတကြရွိခဲ႔ၾကဖူးသည္။ ဒီလမ္းေတြထက္မွာ သူတို႔ အားလံုး စစေနာက္ေနာက္ျဖင့္ သြားလာလႈပ္ရွားခဲ႔ၾကဖူးသည္။
          အခုေတာ့………။
          အခုေတာ့ ငယ္ရြယ္ႏုနယ္လွသည့္ ညီငယ္ညီမငယ္မ်ားကိုေငးေမာရင္း ထိုစဥ္တစ္ခ်ိန္ကဘဝကို ဆြတ္ပ်႕ံစြာတမ္းတေနရံုသာ။
          “လြမ္းတယ္ကြာ”
          ေဘးနားကလင္းစစ္၏ အားမလိုအားမရသံကိုၾကားေတာ့ ကြၽန္ေတာ္ၿပံဳးမိသည္။
          အင္း…ဟုတ္သည္။
          လြမ္းသည္။
          ျပန္မရႏိုင္ေတာ့သည့္ ျဖဴစင္ေသာဘဝေလးကိုလြမ္းသည္။
          ျပန္မရႏိုင္ေတာ့သည့္ တက္ႂကြပ်ိဳမ်စ္ေသာဘဝေလးကိုလြမ္းသည္။
          “ဟ…ၿငိမ္လွခ်ည္လားလင္းေခတ္ရ။ ငါ့လည္းနည္းနည္းပါးပါးအဖက္ေလးဘာေလးလုပ္ပါဦး။”
          ဒီတစ္ေခါက္ေတာ့ ကြၽန္ေတာ္မေနႏိုင္ေတာ့။ ေဘးနားကေနတြတ္ထိုးေနေသာ လင္းစစ္ေခါင္းကို လက္တစ္ဖက္ျဖင့္ဆြဲခ်ဳပ္ကာ ငယ္ငယ္ကလိုညွစ္လိုက္ၿပီး လင္းစစ္တစ္ေယာက္ အသက္ရွဴမဝ၍ ဝူးဝါးဝူးဝါး ျဖစ္လာေတာ့မွ လႊတ္ေပးလိုက္သည္။
          မဲ႔ရွံဳ႕ေနသည့္မ်က္ႏွာထားႏွင့္လင္းစစ္ သူ႔ဇက္ပိုးသူပြတ္ကာ ကြၽန္ေတာ့္ကိုပ်စ္ပ်စ္ႏွစ္ႏွစ္ဆဲေရး ေလသည္။
          ထို႔ေနာက္ ငယ္စဥ္ကအတိုင္း သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ပုခံုးတစ္ေယာက္ဖက္ကာ တက္ႂကြေသာေျခလွမ္းတို႔ကို ကန္တင္းန္ဆီဦးတည္လိုက္၏။

✽✽✽   ✽✽✽   ✽✽✽

          တကၠသိုလ္ပထမႏွစ္ႏွင့္ဒုတိယႏွစ္က သူတို႔၃ေယာက္အခ်င္းခ်င္းမသိၾကေသး။
          လင္းစစ္က စီးပြားေရးႏွင့္ပတ္သက္သည့္ ႏိုင္ငံျခားDiplomaတစ္ခုရဖို႔ႀကိဳးစားေနရခ်ိန္ျဖစ္သလို၊ လင္းေခတ္ကလည္း တစ္ျခားသင္တန္းတစ္ခုတက္ေနသည္မို႔ ေက်ာင္းမွာမရွိႏိုင္ခဲ႔။ ဒီၾကားထဲ သူတို႔ယူသည့္ ေမဂ်ာက လူတက္မ်ားသည့္ေမဂ်ာမို႔ တန္းခြဲေတြအမ်ားႀကီးရိွသျဖင့္ လူေတြကတကြဲတျပား။
          သူတို႔၃ေယာက္ တစ္ေယာက္ႏွင့္တစ္ေယာက္ တိတိပပသိခဲ႔ၾကသည္ကတတိယႏွစ္ေရာက္မွ…။
          ထိုအခ်ိန္ေရာက္ေတာ့ လင္းစစ္ေရာ၊ လင္းေခတ္ေရာDiplomaအသီးသီးရေနၿပီ။ သင္တန္းေတြ အားလံုးလည္းၿပီးကုန္ၿပီမို႔ အရင္ကေလာက္ေက်ာင္းမပ်က္ေတာ့။ ေနာက္ၿပီး လူေတြလည္း နည္းသြားၿပီမို႔ သူတို႔အားလံုးစုမိသြားသည္။
          ပထမဆံုးေန႔ Family teacherက Roll callေကာက္ေတာ့ နာမည္ခပ္ဆင္ဆင္ျဖစ္ေနသည့္ သူတို႔၃ေယာက္ေၾကာင့္ ဆရာမအပါအဝင္ တစ္တန္းလံုးၿပံဳးရေသးသည္။
          ဒီမွာတင္ သူတို႔၃ေယာက္စုမိခဲ႔သည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          ကျောင်းပုရဝုဏ်ထဲခြေချမိတော့ ငယ်စဥ်အချိန်တွေဆီ စိတ်ပြန်ရောက်မိသလိုပင်။
          ဘွဲ့နှင်းသဘင်ခန်းမ၊ ကျောင်သားရေးရာ၊ စာသင်ဆောင် အရာအားလံုးက ဟိုစဥ်ကအတိုင်း။
          ဒီအဆောင်တွေမှာ သူတို့အားလံုး အတူတကွရှိခဲ့ကြဖူးသည်။ ဒီလမ်းတွေထက်မှာ သူတို့ အားလံုး စစနောက်နောက်ဖြင့် သွားလာလှုပ်ရှားခဲ့ကြဖူးသည်။
          အခုတော့………။
          အခုတော့ ငယ်ရွယ်နုနယ်လှသည့် ညီငယ်ညီမငယ်များကိုငေးမောရင်း ထိုစဥ်တစ်ချိန်ကဘဝကို ဆွတ်ပျ့ံစွာတမ်းတနေရံုသာ။
          “လွမ်းတယ်ကွာ”
          ဘေးနားကလင်းစစ်၏ အားမလိုအားမရသံကိုကြားတော့ ကျွန်တော်ပြံုးမိသည်။
          အင်း…ဟုတ်သည်။
          လွမ်းသည်။
          ပြန်မရနိုင်တော့သည့် ဖြူစင်သောဘဝလေးကိုလွမ်းသည်။
          ပြန်မရနိုင်တော့သည့် တက်ကြွပျိုမျစ်သောဘဝလေးကိုလွမ်းသည်။
          “ဟ…ငြိမ်လှချည်လားလင်းခေတ်ရ။ ငါ့လည်းနည်းနည်းပါးပါးအဖက်လေးဘာလေးလုပ်ပါဦး။”
          ဒီတစ်ခေါက်တော့ ကျွန်တော်မနေနိုင်တော့။ ဘေးနားကနေတွတ်ထိုးနေသော လင်းစစ်ခေါင်းကို လက်တစ်ဖက်ဖြင့်ဆွဲချုပ်ကာ ငယ်ငယ်ကလိုညှစ်လိုက်ပြီး လင်းစစ်တစ်ယောက် အသက်ရှူမဝ၍ ဝူးဝါးဝူးဝါး ဖြစ်လာတော့မှ လွှတ်ပေးလိုက်သည်။
          မဲ့ရှံု့နေသည့်မျက်နှာထားနှင့်လင်းစစ် သူ့ဇက်ပိုးသူပွတ်ကာ ကျွန်တော့်ကိုပျစ်ပျစ်နှစ်နှစ်ဆဲရေး လေသည်။
          ထို့နောက် ငယ်စဥ်ကအတိုင်း သူငယ်ချင်းနှစ်ယောက် တစ်ယောက်ပုခံုးတစ်ယောက်ဖက်ကာ တက်ကြွသောခြေလှမ်းတို့ကို ကန်တင်းန်ဆီဦးတည်လိုက်၏။

✽✽✽   ✽✽✽   ✽✽✽

          တက္ကသိုလ်ပထမနှစ်နှင့်ဒုတိယနှစ်က သူတို့၃ယောက်အချင်းချင်းမသိကြသေး။
          လင်းစစ်က စီးပွားရေးနှင့်ပတ်သက်သည့် နိုင်ငံခြားDiplomaတစ်ခုရဖို့ကြိုးစားနေရချိန်ဖြစ်သလို၊ လင်းခေတ်ကလည်း တစ်ခြားသင်တန်းတစ်ခုတက်နေသည်မို့ ကျောင်းမှာမရှိနိုင်ခဲ့။ ဒီကြားထဲ သူတို့ယူသည့် မေဂျာက လူတက်များသည့်မေဂျာမို့ တန်းခွဲတွေအများကြီးရှိသဖြင့် လူတွေကတကွဲတပြား။
          သူတို့၃ယောက် တစ်ယောက်နှင့်တစ်ယောက် တိတိပပသိခဲ့ကြသည်ကတတိယနှစ်ရောက်မှ…။
          ထိုအချိန်ရောက်တော့ လင်းစစ်ရော၊ လင်းခေတ်ရောDiplomaအသီးသီးရနေပြီ။ သင်တန်းတွေ အားလံုးလည်းပြီးကုန်ပြီမို့ အရင်ကလောက်ကျောင်းမပျက်တော့။ နောက်ပြီး လူတွေလည်း နည်းသွားပြီမို့ သူတို့အားလံုးစုမိသွားသည်။
          ပထမဆံုးနေ့ Family teacherက Roll callကောက်တော့ နာမည်ခပ်ဆင်ဆင်ဖြစ်နေသည့် သူတို့၃ယောက်ကြောင့် ဆရာမအပါအဝင် တစ်တန်းလံုးပြံုးရသေးသည်။
          ဒီမှာတင် သူတို့၃ယောက်စုမိခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s