Monthly Archives: January 2016

ကြၽန္ေတာ္သည္ဂ်စ္ပစီတစ္ေယာက္ျဖစ္သည္-၄ (ကျွန်တော်သည်ဂျစ်ပစီတစ်ယောက်ဖြစ်သည်-၄)

ဝါဆိုေရ………
ကြ်န္ေတာ္ငိုပါရေစ။

မိုးဆိုတာ တိမ္ေတြရဲ႕မ်က္ရည္စက္သာမွန္ရင္
ကြ်န္ေတာ္ေလ…………
အတိတ္ခါးခါးေတြနဲ႔
အေပါင္းအသင္းမလုပ္ခ်င္ဘူး။

ငိုေႂကြးျခင္းစာေမးပြဲမွာ
ကိုယ့္အေျဖလႊာ ကိုယ္သုညေရး
ကိုယ့္အမွတ္ကိုယ္ေပးၿပီး
တိတ္တိတ္ကေလးသာ
အခန္းအျပင္ထြက္သြားခ်င္ခဲ႔သူ………။

ယု…ယ…ပိုက္…ေထြး
ဒီစကားေလးလံုးဆံုမယ့္တစ္ေန႔ကို
လိုခ်င္ခဲ႔တာ…။
လိုအပ္ခဲ႔တာ…။
ရူးမိုက္စြာနဲ႔ေမွွ်ာ္လင့္ခဲ႔တာ…။
ေၾသာ္…ဒါဟာ ကြၽန္ေတာ့္ကမာၻ။

ေရနည္းငါးတစ္ေကာင္ရဲ႕ေဝဒနာ
အက္ကြဲကြဲ ေျခာက္ေသြ႔ေသြ႔
ေအာက္ဆီဂ်င္ေငြ႔ေငြ႔ေလးနဲ႔သာရွင္သန္ခဲ႔ရ။

ဘဝကေျခာက္ေသြ႔လြန္းခဲ႔ေတာ့
မိုးရာသီေရာက္တိုင္းေပ်ာ္မိတယ္။

မိုးရြာရင္ေရခံတယ္။
မိုးရြာရင္ေရေဆာ့တယ္။
ေနာက္ၿပီး မိုးရြာရင္မ်က္ရည္က်တယ္။
အဲဒီအခ်ိန္မွာ ေရကိုေခြၽတာေနဖို႔မလိုဘူးေလကြယ္။

လူဆိုတာ ငယ္ငယ္ ႀကီးႀကီး
မီးေလာင္ရင္ေတာ့ပူူတတ္ၾကတယ္။
ရင္ထဲကဒဏ္ရာကိုအေႂကြးမွတ္
မိုးရြာတဲ႔ရက္မွအတိုးနဲ႔ၿငိွမ္းမယ္။

ေၾသာ္…………
ကြၽန္ေတာ့္ဘဝကေရရွားတယ္။

(လင္း)
(Zawgyi)

ဝါဆိုရေ………
ကျွန်တော်ငိုပါရစေ။

မိုးဆိုတာ တိမ်တွေရဲ့မျက်ရည်စက်သာမှန်ရင်
ကျွန်တော်လေ…………
အတိတ်ခါးခါးတွေနဲ့
အပေါင်းအသင်းမလုပ်ချင်ဘူး။

ငိုကြွေးခြင်းစာမေးပွဲမှာ
ကိုယ့်အဖြေလွှာ ကိုယ်သုညရေး
ကိုယ့်အမှတ်ကိုယ်ပေးပြီး
တိတ်တိတ်ကလေးသာ
အခန်းအပြင်ထွက်သွားချင်ခဲ့သူ………။

ယု…ယ…ပိုက်…ထွေး
ဒီစကားလေးလံုးဆံုမယ့်တစ်နေ့ကို
လိုချင်ခဲ့တာ…။
လိုအပ်ခဲ့တာ…။
ရူးမိုက်စွာနဲ့မှေှျာ်လင့်ခဲ့တာ…။
သြော်…ဒါဟာ ကျွန်တော့်ကမာ္ဘ။

ရေနည်းငါးတစ်ကောင်ရဲ့ဝေဒနာ
အက်ကွဲကွဲ ခြောက်သွေ့သွေ့
အောက်ဆီဂျင်ငွေ့ငွေ့လေးနဲ့သာရှင်သန်ခဲ့ရ။

ဘဝကခြောက်သွေ့လွန်းခဲ့တော့
မိုးရာသီရောက်တိုင်းပျော်မိတယ်။

မိုးရွာရင်ရေခံတယ်။
မိုးရွာရင်ရေဆော့တယ်။
နောက်ပြီး မိုးရွာရင်မျက်ရည်ကျတယ်။
အဲဒီအချိန်မှာ ရေကိုချွေတာနေဖို့မလိုဘူးလေကွယ်။

လူဆိုတာ ငယ်ငယ် ကြီးကြီး
မီးလောင်ရင်တော့ပူူတတ်ကြတယ်။
ရင်ထဲကဒဏ်ရာကိုအကြွေးမှတ်
မိုးရွာတဲ့ရက်မှအတိုးနဲ့ငြှိမ်းမယ်။

သြော်…………
ကျွန်တော့်ဘဝကရေရှားတယ်။

(လင်း)
(Unicode)

image

လမ္းမထက္ကဘဝ (လမ်းမထက်ကဘဝ)

ေနရာတကာတိုးေဝွ႔ေနရတဲ႔
ေလးဘီးတပ္ေတြအတြက္
“တစ္နာရီမိုင္၃၀ထက္မပိုရ”ဆိုတဲ႔စာဟာ
ကမာၻမွာအေကာင္းဆံုးျပက္လံုးေပါ့။

ၿမိဳ႕တြင္းတစ္ခါပတ္
တစ္ရက္ၾကာေနမွေတာ့
အလုပ္လုပ္တယ္ဆိုတာ
ကေလးေတြေဆာ့ေနသလုိ
(တစ္ခါတစ္ခါဆို)ငိုခ်င္းပါခ်ခ်င္တယ္။

ေက်ာတစ္ျပားစာ
ေနရာခပ္က်ဥ္းက်ဥ္းပဲရႏိုင္မယ့္ဒီၿမိဳ႕မွာေတာ့
ကုန္ေစ်းႏႈန္းနဲ႔အိမ္ငွားခက
အၿပိဳင္းအရိုင္းလူလားေျမာက္လာခဲ႔။
ေထာင္တန္ေလး ေလး ငါးရြက္က
လက္ထဲကေျပာင္ျပေနၾကတယ္။

စား ဝတ္ ေန ေရး
ဒီစကားသံုးလံုးတည္းေတာင္
ေလာက္ငွေအာင္မျဖည့္ဆည္းေပးႏိုင္တဲ႔အခါ
ဇနီးနဲ႔သမီးကိုလည္းမ်က္ႏွာပူတယ္။

ကဲ…ကဲ…ၾကက္ေတြလိုအိိပ္
က်ီးေတြမႏိုးခင္မွာထၾကမယ္။
ႏိုင္ငံျခားကိုေရာင္းေနတဲ႔Gasေတြက
ဒီၿမိဳ႕ေလးမွာနည္းနည္းေတာ့ရွားတယ္။

(လင္း)
(Zawgyi)

နေရာတကာတိုးဝှေ့နေရတဲ့
လေးဘီးတပ်တွေအတွက်
“တစ်နာရီမိုင်၃၀ထက်မပိုရ”ဆိုတဲ့စာဟာ
ကမာ္ဘမှာအကောင်းဆံုးပြက်လံုးပေါ့။

မြို့တွင်းတစ်ခါပတ်
တစ်ရက်ကြာနေမှတော့
အလုပ်လုပ်တယ်ဆိုတာ
ကလေးတွေဆော့နေသလို
(တစ်ခါတစ်ခါဆို)ငိုချင်းပါချချင်တယ်။

ကျောတစ်ပြားစာ
နေရာခပ်ကျဥ်းကျဥ်းပဲရနိုင်မယ့်ဒီမြို့မှာတော့
ကုန်စျေးနှုန်းနဲ့အိမ်ငှားခက
အပြိုင်းအရိုင်းလူလားမြောက်လာခဲ့။
ထောင်တန်လေး လေး ငါးရွက်က
လက်ထဲကပြောင်ပြနေကြတယ်။

စား ဝတ် နေ ရေး
ဒီစကားသံုးလံုးတည်းတောင်
လောက်ငှအောင်မဖြည့်ဆည်းပေးနိုင်တဲ့အခါ
ဇနီးနဲ့သမီးကိုလည်းမျက်နှာပူတယ်။

ကဲ…ကဲ…ကြက်တွေလိုအိိပ်
ကျီးတွေမနိုးခင်မှာထကြမယ်။
နိုင်ငံခြားကိုရောင်းနေတဲ့Gasတွေက
ဒီမြို့လေးမှာနည်းနည်းတော့ရှားတယ်။

(လင်း)
(Unicode)

image

မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၄-ဇာတ္သိမ္း (မျဥ်းဖြောင့်တို့၏ဒိုင်ယာရီ-အပိုင်း၄-ဇာတ်သိမ်း)

          လမ္းတစ္ေလွ်ာက္လံုး ေနပူတာေၾကာင့္ေရာ စကားေျပာတာေၾကာင့္ေရာ ေမာခဲ႔သည့္အေမာ ေတြက ဒီေနရာေလးေရာက္ေတာ့ တစ္မုဟုတ္ျခင္းေျပသြားသည္။
          သိပ္ေတာ့ခမ္းခမ္းနားနားမဟုတ္။
          ၆ႏွစ္၇ႏွစ္သားအရြယ္ ခေရပင္ေလးတစ္ပင္။ ထုိခေရပင္ကိုဝိုင္းပတ္ကာရိုက္ထားသည့္ကြပ္ျပစ္။ ဤမွ်သာ။
          သို႔ေသာ္ ထိုအရာေလးကပင္ ကြၽန္ေတာ္တို႔အဖို႔တန္ဖိုးရွိလွသည္။ ေလတစ္ခ်က္ေဝ့လိုက္တိုင္း ႏွာေခါင္း ထဲတိုးဝင္လာသည့္ ခေရပန္းရနံ႔ေလးကလည္းသင္းပ်႕ံလွ၏။
          ထိုအခ်ိန္တြင္
          “တစ္ေခ်ာင္း၁၀၀တည္း။ ေရခဲေခ်ာင္းစားၾကဦးမလား။ ေရခဲေခ်ာင္း…ေရခဲေခ်ာင္း။”
          အသံႏွင့္တကြ မ်က္လံုးႏွင့္ပါျမင္လိုက္ရသည္က ေရခဲေခ်ာင္းသည္ေလးတစ္ဦး။ အသက္က၈ႏွစ္ ေလာက္သာရွိဦးမည္။ သို႔ေသာ္ ေနပူဒဏ္ထိ၍မဲျပာေနေသာအသားအရည္ႏွင့္ အေရာင္မေပၚေတာ့သည့္ အဝတ္အစားတို႔က အရြယ္ႏွင့္မမွ်ေအာင္ ဘဝၾကမ္းသူေလးျဖစ္ေၾကာင္း သက္ေသခံလ်က္ရွိသည္။ ငယ္စဥ္ အခ်ိန္လိုသာဆို ထိုကေလးကိုကူၿပီး ေရခဲေခ်ာင္းလိုက္ေရာင္းေပးမိမွာျဖစ္ေပမယ့္ အခုအသက္အရြယ္ႏွင့္ ကေတာ့မသင့္ေတာ္။
          “ကေလးေရ ေရခဲေခ်ာင္း၃ေခ်ာင္းေပးကြာ”
          စားခ်င္လွတယ္လို႔မဟုတ္ေပမယ့္ ကေလးေလးကိုသနားသျဖင့္ ကြၽန္ေတာ္ေရခဲေခ်ာင္း၃ေခ်ာင္း ဝယ္လိုက္သည္။
          ထို႔ေနာက္ ပိုက္ဆံ၅၀၀တန္တစ္ရြက္ထုတ္ေပးကာ ပိုတာျပန္အမ္းရန္မလိုေၾကာင္း တစ္ခါတည္း ေျပာလိုက္မိသည္။
          ေပ်ာ္္ရႊင္စြာထြက္သြားေသာ ေရခဲေခ်ာင္းသည္ေလး၏ ေက်ာျပင္ကိုမ်က္စိတစ္ဆံုးေငးၾကည့္ကာ မျမင္ႏိုင္ေတာ့သည့္အကြာအေဝးေရာက္ေတာ့မွ ေရခဲေခ်ာင္းတစ္ေယာက္တစ္ေခ်ာင္းစီအသီးသီးယူလိုက္သည္။ ဘာစကားမွေတာ့မဆိုျဖစ္ၾက။
          ခဏၾကာေတာ့ လင္းသစ္ဆီက စကားသံတစ္ခ်ိဳ႕ ပြင့္အန္လာသည္။
          “ပညာရွိတစ္ေယာက္ကေျပာဖူးတယ္ကြ။ အရင္ကဘာျဖစ္ခဲ႔တယ္ဆိုတာထက္ အခုဘာျဖစ္ေန သလဲဆိုတာပိုအေရးႀကီးတယ္တဲ႔။”
          အဆက္အစပ္သိပ္မရွိလွသည့္စကားမို႔ ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔ စူးစမ္းဟန္ျဖင့္ ၾကည့္လိုက္ ၾကသည္။
          “သူေျပာတာငါသေဘာက်တယ္။
          ဟုတ္တယ္။
          ပစၥဳပၸန္ေလာက္ဘယ္အရာမွ အေရးမႀကီးဘူး။
          ဒါေပမယ့္ အတိတ္နဲ႔ပစၥဳပၸန္ကို ခြဲေျပာထားတာေတာ့ ငါလက္မခံႏိုင္ဘူး။
          ဘာေၾကာင့္လဲဆိုေတာ့ ပစၥဳပၸန္ဆိုတာအတိတ္ရဲ႕ပဲ႔ျပင္မႈေၾကာင့္ျဖစ္လာတဲ႔အရာလို႔ ငါခံယူထား လို႔ပဲ။”
          လင္းသစ္စကားတို႔က အနည္းငယ္နားလည္ရခက္လာသည္။
          “အဲဒီေတာ့ မင္းကဘာကိုဆိုလိုခ်င္တာလဲလင္းသစ္ရဲ႕။”
          လင္းစစ္က စိတ္ရွဳပ္ေထြးဟန္ျဖင့္ဆိုသည္။
          “ဒီလိုကြာ။ ဒီေန႔မွာေတာ့ ဒီေန႔ဟာပစၥဳပၸန္ပဲ။
          အဲ…ဒါေပမယ့္ မနက္ျဖန္ေရာက္ရင္ေတာ့ ဒီေန႔ဟာအတိတ္ျဖစ္သြားမယ္။ မနက္ျဖန္ဟာ ပစၥဳပၸန္ ျဖစ္သြားမယ္။
          ငါေျပာတာသေဘာေပါက္လား။”
          “အင္း”
          ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔၏ေထာက္ခံသံကၿပိဳင္တူ။
          “ဒီေကာင္ေလးလည္းဒီအတိုင္းပဲ။
          ေနာင္တစ္ခ်ိန္ သူဘာျဖစ္မလဲ ငါမေျပာတတ္ဘူး။ ဒါေပမယ့္ ဒီထက္ပိုအသက္ေတြႀကီးလာလို႔ သူ႔အတိတ္ကိုသူျပန္စဥ္းစားတဲ႔အခါ ေရခဲေခ်ာင္းပုံးေလးကိုင္ၿပီး ဝမ္းေရးကိုေျဖရွင္းခဲ႔တဲ႔ သူ႔ရဲ႕ ခုရုပ္ပံုလႊာက အသက္ဝင္ေနမွာအမွန္ပဲ။
          အနည္းဆံုးေတာ့ သူေရသာခိုတဲ႔လမ္းမလိုက္ခဲ႔ဖူးဘူး။ အနည္းဆံုးေတာ့ ေျခေတြလက္ေတြ အေကာင္းႀကီးရွိေနသားနဲ႔ သူမ်ားေတြလို ေတာင္းရမ္းေနတဲ႔ကေလးေလးတစ္ေယာက္ မဟုတ္ခဲ႔ဘူးေပါ့ကြာ။”
          “အဲဒီေတာ့…”
          “အဲဒီေတာ့ ဒီကိစၥေတြက အခုအခ်ိန္မွာ ဘာမွမဟုတ္ေပမယ့္ ေနာင္တစ္ခ်ိန္ သူအသက္ႀကီးလို႔ ဒီထက္ပိုတည္ၿငိမ္တဲ႔ဘဝေလးျဖစ္သြားတဲ႔အခါ အခုကိစၥေတြက သူ႔အဖို႔ဂုဏ္ယူစရာေတြ၊ အမွတ္တရေတြ၊ အင္အားေတြျဖစ္သြားလိမ့္မယ္။
          အခုငါတို႔ကိုပဲၾကည့္ေလ။ ငါတို႔ငယ္ငယ္တုန္းက လုပ္ခဲ႔တဲ႔ကိစၥေတြက အခုအခ်ိန္မွာေတာ့ ၾကည္ႏူးစရာေတြျဖစ္ေနၿပီမဟုတ္လား။
          ဒါဟာဘာေၾကာင့္လဲ။ ငါတို႔ဘာေၾကာင့္ၾကည္ႏူးတာလဲ။ အေျဖကငါတို႔စိုက္ပ်ိဳးခဲ႔တဲ႔သစ္ပင္ေတြမွာ အသီးအပြင့္ေတြေဝဆာေနလို႔ပဲ။ ေနာက္တစ္ခုက အဲဒီသစ္ပင္ေတြဟာလည္း အဆိပ္ပင္ေတြမဟုတ္လို႔ပဲ။”
          ဒီေတာ့မွ လင္းသစ္ဆိုလိုရင္းကို အေသအခ်ာသေဘာေပါက္ေတာ့သည္။
          ဒါတင္မက လင္းသစ္ေျပာေသာစကားေတြကလည္း ကြၽန္ေတာ္တို႔စိတ္တြင္းက ရင္ခုန္သံေတြ အတိုင္းပဲမို႔ အားလံုးကအၿပံဳးကိုယ္စီ။
          “ေနာက္ၿပီး အတိတ္နဲ႔ပစၥဳပၸန္တို႔ဟာ မ်ဥ္းတစ္ေျဖာင့္တည္းပါဆိုတာကို ဒီခေရပင္ေလးသံုးၿပီး ငါသက္ေသထပ္ျပလို႔ရတယ္။”
          လင္းသစ္က ကြၽန္ေတာ္တို႔မွီထားသည့္ ခေရပင္ေလးကိုေမးေငါ့ရင္းဆိုေတာ့ ကြၽန္ေတာ္တို႔ေတြ သူ႔စကားကို ပိုလို႔စိတ္ဝင္စားသြားရသည္။
          “ဆိုစမ္းပါဦးကြ”
          လင္းစစ္အသံကရႊင္ျမဴးေနသည္။
          “ငါတို႔ေတြ တကၠသိုလ္တတိယႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာ ခင္မင္မႈအထိမ္းအမွတ္ဆိုၿပီး အပင္ ေလးတစ္ပင္စိုက္ခဲ႔ဖူးတာမွတ္မိလား။
          အဲဒါေဟာဒီခေရပင္ေလးပဲ။”
          “ဟင္”
          “အဲဒါ”
          ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔၏ အာေမဋိတ္သံေတြကၿပိဳင္တူ
          လင္းသစ္ကေတာ့ၿပံဳးစစျဖင့္
          “ငါေျပာတာအဲဒါေပ့ါ။
          ပစၥဳပၸန္နဲ႔အတိတ္ဆိုတာ ခြဲျခားၿပီးေျပာစရာမဟုတ္ပါဘူးကြာ။ မ်ဥ္းတစ္ေျဖာင့္တည္းမွာ ရွိေန ၾကတဲ႔အရာေတြပါ။”
          စကားသံတို႔က တိုက္ခတ္လာသည့္ေလျပည္ႏွင့္အတူ စီးေမ်ာသြားၾကသည္။
          လင္းသစ္ကေတာ့ သူ႔စကားသူသေဘာက်ဟန္ျဖင့္ၿပံဳး၏။
          ထို႔ေနာက္ သူငယ္ခ်င္း၃ေယာက္ တစ္ေယာက္ပုခံုးတစ္ေယာက္ တင္းတင္းဖက္လိုက္ၾကသည္။
          မြန္းလြဲခ်ိန္မို႔ေနအပူရွိန္ကျပင္းသည္။
          သို႔ေသာ္ ခေရပင္ေအာက္ရွိ လူရြယ္၃ေယာက္အတြက္ေတာ့ေအးသည္။
          ေအးျမပါသည္။
         
✽✽✽   ✽✽✽   ✽✽✽

(လင္း)
(Zawgyi)

          လမ်းတစ်လှေျာက်လံုး နေပူတာကြောင့်ရော စကားပြောတာကြောင့်ရော မောခဲ့သည့်အမော တွေက ဒီနေရာလေးရောက်တော့ တစ်မုဟုတ်ခြင်းပြေသွားသည်။
          သိပ်တော့ခမ်းခမ်းနားနားမဟုတ်။
          ၆နှစ်၇နှစ်သားအရွယ် ခရေပင်လေးတစ်ပင်။ ထိုခရေပင်ကိုဝိုင်းပတ်ကာရိုက်ထားသည့်ကွပ်ပြစ်။ ဤမှျသာ။
          သို့သော် ထိုအရာလေးကပင် ကျွန်တော်တို့အဖို့တန်ဖိုးရှိလှသည်။ လေတစ်ချက်ဝေ့လိုက်တိုင်း နှာခေါင်း ထဲတိုးဝင်လာသည့် ခရေပန်းရနံ့လေးကလည်းသင်းပျ့ံလှ၏။
          ထိုအချိန်တွင်
          “တစ်ချောင်း၁၀၀တည်း။ ရေခဲချောင်းစားကြဦးမလား။ ရေခဲချောင်း…ရေခဲချောင်း။”
          အသံနှင့်တကွ မျက်လံုးနှင့်ပါမြင်လိုက်ရသည်က ရေခဲချောင်းသည်လေးတစ်ဦး။ အသက်က၈နှစ် လောက်သာရှိဦးမည်။ သို့သော် နေပူဒဏ်ထိ၍မဲပြာနေသောအသားအရည်နှင့် အရောင်မပေါ်တော့သည့် အဝတ်အစားတို့က အရွယ်နှင့်မမှျအောင် ဘဝကြမ်းသူလေးဖြစ်ကြောင်း သက်သေခံလျက်ရှိသည်။ ငယ်စဥ် အချိန်လိုသာဆို ထိုကလေးကိုကူပြီး ရေခဲချောင်းလိုက်ရောင်းပေးမိမှာဖြစ်ပေမယ့် အခုအသက်အရွယ်နှင့် ကတော့မသင့်တော်။
          “ကလေးရေ ရေခဲချောင်း၃ချောင်းပေးကွာ”
          စားချင်လှတယ်လို့မဟုတ်ပေမယ့် ကလေးလေးကိုသနားသဖြင့် ကျွန်တော်ရေခဲချောင်း၃ချောင်း ဝယ်လိုက်သည်။
          ထို့နောက် ပိုက်ဆံ၅၀၀တန်တစ်ရွက်ထုတ်ပေးကာ ပိုတာပြန်အမ်းရန်မလိုကြောင်း တစ်ခါတည်း ပြောလိုက်မိသည်။
          ပျော််ရွှင်စွာထွက်သွားသော ရေခဲချောင်းသည်လေး၏ ကျောပြင်ကိုမျက်စိတစ်ဆံုးငေးကြည့်ကာ မမြင်နိုင်တော့သည့်အကွာအဝေးရောက်တော့မှ ရေခဲချောင်းတစ်ယောက်တစ်ချောင်းစီအသီးသီးယူလိုက်သည်။ ဘာစကားမှတော့မဆိုဖြစ်ကြ။
          ခဏကြာတော့ လင်းသစ်ဆီက စကားသံတစ်ချို့ ပွင့်အန်လာသည်။
          “ပညာရှိတစ်ယောက်ကပြောဖူးတယ်ကွ။ အရင်ကဘာဖြစ်ခဲ့တယ်ဆိုတာထက် အခုဘာဖြစ်နေ သလဲဆိုတာပိုအရေးကြီးတယ်တဲ့။”
          အဆက်အစပ်သိပ်မရှိလှသည့်စကားမို့ ကျွန်တော်နှင့်လင်းစစ်တို့ စူးစမ်းဟန်ဖြင့် ကြည့်လိုက် ကြသည်။
          “သူပြောတာငါသဘောကျတယ်။
          ဟုတ်တယ်။
          ပစ္စုပ္ပန်လောက်ဘယ်အရာမှ အရေးမကြီးဘူး။
          ဒါပေမယ့် အတိတ်နဲ့ပစ္စုပ္ပန်ကို ခွဲပြောထားတာတော့ ငါလက်မခံနိုင်ဘူး။
          ဘာကြောင့်လဲဆိုတော့ ပစ္စုပ္ပန်ဆိုတာအတိတ်ရဲ့ပဲ့ပြင်မှုကြောင့်ဖြစ်လာတဲ့အရာလို့ ငါခံယူထား လို့ပဲ။”
          လင်းသစ်စကားတို့က အနည်းငယ်နားလည်ရခက်လာသည်။
          “အဲဒီတော့ မင်းကဘာကိုဆိုလိုချင်တာလဲလင်းသစ်ရဲ့။”
          လင်းစစ်က စိတ်ရှုပ်ထွေးဟန်ဖြင့်ဆိုသည်။
          “ဒီလိုကွာ။ ဒီနေ့မှာတော့ ဒီနေ့ဟာပစ္စုပ္ပန်ပဲ။
          အဲ…ဒါပေမယ့် မနက်ဖြန်ရောက်ရင်တော့ ဒီနေ့ဟာအတိတ်ဖြစ်သွားမယ်။ မနက်ဖြန်ဟာ ပစ္စုပ္ပန် ဖြစ်သွားမယ်။
          ငါပြောတာသဘောပေါက်လား။”
          “အင်း”
          ကျွန်တော်နှင့်လင်းစစ်တို့၏ထောက်ခံသံကပြိုင်တူ။
          “ဒီကောင်လေးလည်းဒီအတိုင်းပဲ။
          နောင်တစ်ချိန် သူဘာဖြစ်မလဲ ငါမပြောတတ်ဘူး။ ဒါပေမယ့် ဒီထက်ပိုအသက်တွေကြီးလာလို့ သူ့အတိတ်ကိုသူပြန်စဥ်းစားတဲ့အခါ ရေခဲချောင်းပုံးလေးကိုင်ပြီး ဝမ်းရေးကိုဖြေရှင်းခဲ့တဲ့ သူ့ရဲ့ ခုရုပ်ပံုလွှာက အသက်ဝင်နေမှာအမှန်ပဲ။
          အနည်းဆံုးတော့ သူရေသာခိုတဲ့လမ်းမလိုက်ခဲ့ဖူးဘူး။ အနည်းဆံုးတော့ ခြေတွေလက်တွေ အကောင်းကြီးရှိနေသားနဲ့ သူများတွေလို တောင်းရမ်းနေတဲ့ကလေးလေးတစ်ယောက် မဟုတ်ခဲ့ဘူးပေါ့ကွာ။”
          “အဲဒီတော့…”
          “အဲဒီတော့ ဒီကိစ္စတွေက အခုအချိန်မှာ ဘာမှမဟုတ်ပေမယ့် နောင်တစ်ချိန် သူအသက်ကြီးလို့ ဒီထက်ပိုတည်ငြိမ်တဲ့ဘဝလေးဖြစ်သွားတဲ့အခါ အခုကိစ္စတွေက သူ့အဖို့ဂုဏ်ယူစရာတွေ၊ အမှတ်တရတွေ၊ အင်အားတွေဖြစ်သွားလိမ့်မယ်။
          အခုငါတို့ကိုပဲကြည့်လေ။ ငါတို့ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေက အခုအချိန်မှာတော့ ကြည်နူးစရာတွေဖြစ်နေပြီမဟုတ်လား။
          ဒါဟာဘာကြောင့်လဲ။ ငါတို့ဘာကြောင့်ကြည်နူးတာလဲ။ အဖြေကငါတို့စိုက်ပျိုးခဲ့တဲ့သစ်ပင်တွေမှာ အသီးအပွင့်တွေဝေဆာနေလို့ပဲ။ နောက်တစ်ခုက အဲဒီသစ်ပင်တွေဟာလည်း အဆိပ်ပင်တွေမဟုတ်လို့ပဲ။”
          ဒီတော့မှ လင်းသစ်ဆိုလိုရင်းကို အသေအချာသဘောပေါက်တော့သည်။
          ဒါတင်မက လင်းသစ်ပြောသောစကားတွေကလည်း ကျွန်တော်တို့စိတ်တွင်းက ရင်ခုန်သံတွေ အတိုင်းပဲမို့ အားလံုးကအပြံုးကိုယ်စီ။
          “နောက်ပြီး အတိတ်နဲ့ပစ္စုပ္ပန်တို့ဟာ မျဥ်းတစ်ဖြောင့်တည်းပါဆိုတာကို ဒီခရေပင်လေးသံုးပြီး ငါသက်သေထပ်ပြလို့ရတယ်။”
          လင်းသစ်က ကျွန်တော်တို့မှီထားသည့် ခရေပင်လေးကိုမေးငေါ့ရင်းဆိုတော့ ကျွန်တော်တို့တွေ သူ့စကားကို ပိုလို့စိတ်ဝင်စားသွားရသည်။
          “ဆိုစမ်းပါဦးကွ”
          လင်းစစ်အသံကရွှင်မြူးနေသည်။
          “ငါတို့တွေ တက္ကသိုလ်တတိယနှစ် နှစ်ကုန်ပိုင်းလောက်မှာ ခင်မင်မှုအထိမ်းအမှတ်ဆိုပြီး အပင် လေးတစ်ပင်စိုက်ခဲ့ဖူးတာမှတ်မိလား။
          အဲဒါဟောဒီခရေပင်လေးပဲ။”
          “ဟင်”
          “အဲဒါ”
          ကျွန်တော်နှင့်လင်းစစ်တို့၏ အာမေဋိတ်သံတွေကပြိုင်တူ
          လင်းသစ်ကတော့ပြံုးစစဖြင့်
          “ငါပြောတာအဲဒါပေ့ါ။
          ပစ္စုပ္ပန်နဲ့အတိတ်ဆိုတာ ခွဲခြားပြီးပြောစရာမဟုတ်ပါဘူးကွာ။ မျဥ်းတစ်ဖြောင့်တည်းမှာ ရှိနေ ကြတဲ့အရာတွေပါ။”
          စကားသံတို့က တိုက်ခတ်လာသည့်လေပြည်နှင့်အတူ စီးမျောသွားကြသည်။
          လင်းသစ်ကတော့ သူ့စကားသူသဘောကျဟန်ဖြင့်ပြံုး၏။
          ထို့နောက် သူငယ်ချင်း၃ယောက် တစ်ယောက်ပုခံုးတစ်ယောက် တင်းတင်းဖက်လိုက်ကြသည်။
          မွန်းလွဲချိန်မို့နေအပူရှိန်ကပြင်းသည်။
          သို့သော် ခရေပင်အောက်ရှိ လူရွယ်၃ယောက်အတွက်တော့အေးသည်။
          အေးမြပါသည်။
         
✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၄-ဇာတ္သိမ္း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
          လမ္းတစ္ေလွ်ာက္လံုး ေနပူတာေၾကာင့္ေရာ စကားေျပာတာေၾကာင့္ေရာ ေမာခဲ႔သည့္အေမာ ေတြက ဒီေနရာေလးေရာက္ေတာ့ တစ္မုဟုတ္ျခင္းေျပသြားသည္။
          သိပ္ေတာ့ခမ္းခမ္းနားနားမဟုတ္။
          ၆ႏွစ္၇ႏွစ္သားအရြယ္ ခေရပင္ေလးတစ္ပင္။ ထုိခေရပင္ကိုဝိုင္းပတ္ကာရိုက္ထားသည့္ကြပ္ျပစ္။ ဤမွ်သာ။
          သို႔ေသာ္ ထိုအရာေလးကပင္ ကြၽန္ေတာ္တို႔အဖို႔တန္ဖိုးရွိလွသည္။ ေလတစ္ခ်က္ေဝ့လိုက္တိုင္း ႏွာေခါင္း ထဲတိုးဝင္လာသည့္ ခေရပန္းရနံ႔ေလးကလည္းသင္းပ်႕ံလွ၏။
          ထိုအခ်ိန္တြင္
          “တစ္ေခ်ာင္း၁၀၀တည္း။ ေရခဲေခ်ာင္းစားၾကဦးမလား။ ေရခဲေခ်ာင္း…ေရခဲေခ်ာင္း။”
          အသံႏွင့္တကြ မ်က္လံုးႏွင့္ပါျမင္လိုက္ရသည္က ေရခဲေခ်ာင္းသည္ေလးတစ္ဦး။ အသက္က၈ႏွစ္ ေလာက္သာရွိဦးမည္။ သို႔ေသာ္ ေနပူဒဏ္ထိ၍မဲျပာေနေသာအသားအရည္ႏွင့္ အေရာင္မေပၚေတာ့သည့္ အဝတ္အစားတို႔က အရြယ္ႏွင့္မမွ်ေအာင္ ဘဝၾကမ္းသူေလးျဖစ္ေၾကာင္း သက္ေသခံလ်က္ရွိသည္။ ငယ္စဥ္ အခ်ိန္လိုသာဆို ထိုကေလးကိုကူၿပီး ေရခဲေခ်ာင္းလိုက္ေရာင္းေပးမိမွာျဖစ္ေပမယ့္ အခုအသက္အရြယ္ႏွင့္ ကေတာ့မသင့္ေတာ္။
          “ကေလးေရ ေရခဲေခ်ာင္း၃ေခ်ာင္းေပးကြာ”
          စားခ်င္လွတယ္လို႔မဟုတ္ေပမယ့္ ကေလးေလးကိုသနားသျဖင့္ ကြၽန္ေတာ္ေရခဲေခ်ာင္း၃ေခ်ာင္း ဝယ္လိုက္သည္။
          ထို႔ေနာက္ ပိုက္ဆံ၅၀၀တန္တစ္ရြက္ထုတ္ေပးကာ ပိုတာျပန္အမ္းရန္မလိုေၾကာင္း တစ္ခါတည္း ေျပာလိုက္မိသည္။
          ေပ်ာ္္ရႊင္စြာထြက္သြားေသာ ေရခဲေခ်ာင္းသည္ေလး၏ ေက်ာျပင္ကိုမ်က္စိတစ္ဆံုးေငးၾကည့္ကာ မျမင္ႏိုင္ေတာ့သည့္အကြာအေဝးေရာက္ေတာ့မွ ေရခဲေခ်ာင္းတစ္ေယာက္တစ္ေခ်ာင္းစီအသီးသီးယူလိုက္သည္။ ဘာစကားမွေတာ့မဆိုျဖစ္ၾက။
          ခဏၾကာေတာ့ လင္းသစ္ဆီက စကားသံတစ္ခ်ိဳ႕ ပြင့္အန္လာသည္။
          “ပညာရွိတစ္ေယာက္ကေျပာဖူးတယ္ကြ။ အရင္ကဘာျဖစ္ခဲ႔တယ္ဆိုတာထက္ အခုဘာျဖစ္ေန သလဲဆိုတာပိုအေရးႀကီးတယ္တဲ႔။”
          အဆက္အစပ္သိပ္မရွိလွသည့္စကားမို႔ ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔ စူးစမ္းဟန္ျဖင့္ ၾကည့္လိုက္ ၾကသည္။
          “သူေျပာတာငါသေဘာက်တယ္။
          ဟုတ္တယ္။
          ပစၥဳပၸန္ေလာက္ဘယ္အရာမွ အေရးမႀကီးဘူး။
          ဒါေပမယ့္ အတိတ္နဲ႔ပစၥဳပၸန္ကို ခြဲေျပာထားတာေတာ့ ငါလက္မခံႏိုင္ဘူး။
          ဘာေၾကာင့္လဲဆိုေတာ့ ပစၥဳပၸန္ဆိုတာအတိတ္ရဲ႕ပဲ႔ျပင္မႈေၾကာင့္ျဖစ္လာတဲ႔အရာလို႔ ငါခံယူထား လို႔ပဲ။”
          လင္းသစ္စကားတို႔က အနည္းငယ္နားလည္ရခက္လာသည္။
          “အဲဒီေတာ့ မင္းကဘာကိုဆိုလိုခ်င္တာလဲလင္းသစ္ရဲ႕။”
          လင္းစစ္က စိတ္ရွဳပ္ေထြးဟန္ျဖင့္ဆိုသည္။
          “ဒီလိုကြာ။ ဒီေန႔မွာေတာ့ ဒီေန႔ဟာပစၥဳပၸန္ပဲ။
          အဲ…ဒါေပမယ့္ မနက္ျဖန္ေရာက္ရင္ေတာ့ ဒီေန႔ဟာအတိတ္ျဖစ္သြားမယ္။ မနက္ျဖန္ဟာ ပစၥဳပၸန္ ျဖစ္သြားမယ္။
          ငါေျပာတာသေဘာေပါက္လား။”
          “အင္း”
          ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔၏ေထာက္ခံသံကၿပိဳင္တူ။
          “ဒီေကာင္ေလးလည္းဒီအတိုင္းပဲ။
          ေနာင္တစ္ခ်ိန္ သူဘာျဖစ္မလဲ ငါမေျပာတတ္ဘူး။ ဒါေပမယ့္ ဒီထက္ပိုအသက္ေတြႀကီးလာလို႔ သူ႔အတိတ္ကိုသူျပန္စဥ္းစားတဲ႔အခါ ေရခဲေခ်ာင္းပုံးေလးကိုင္ၿပီး ဝမ္းေရးကိုေျဖရွင္းခဲ႔တဲ႔ သူ႔ရဲ႕ ခုရုပ္ပံုလႊာက အသက္ဝင္ေနမွာအမွန္ပဲ။
          အနည္းဆံုးေတာ့ သူေရသာခိုတဲ႔လမ္းမလိုက္ခဲ႔ဖူးဘူး။ အနည္းဆံုးေတာ့ ေျခေတြလက္ေတြ အေကာင္းႀကီးရွိေနသားနဲ႔ သူမ်ားေတြလို ေတာင္းရမ္းေနတဲ႔ကေလးေလးတစ္ေယာက္ မဟုတ္ခဲ႔ဘူးေပါ့ကြာ။”
          “အဲဒီေတာ့…”
          “အဲဒီေတာ့ ဒီကိစၥေတြက အခုအခ်ိန္မွာ ဘာမွမဟုတ္ေပမယ့္ ေနာင္တစ္ခ်ိန္ သူအသက္ႀကီးလို႔ ဒီထက္ပိုတည္ၿငိမ္တဲ႔ဘဝေလးျဖစ္သြားတဲ႔အခါ အခုကိစၥေတြက သူ႔အဖို႔ဂုဏ္ယူစရာေတြ၊ အမွတ္တရေတြ၊ အင္အားေတြျဖစ္သြားလိမ့္မယ္။
          အခုငါတို႔ကိုပဲၾကည့္ေလ။ ငါတို႔ငယ္ငယ္တုန္းက လုပ္ခဲ႔တဲ႔ကိစၥေတြက အခုအခ်ိန္မွာေတာ့ ၾကည္ႏူးစရာေတြျဖစ္ေနၿပီမဟုတ္လား။
          ဒါဟာဘာေၾကာင့္လဲ။ ငါတို႔ဘာေၾကာင့္ၾကည္ႏူးတာလဲ။ အေျဖကငါတို႔စိုက္ပ်ိဳးခဲ႔တဲ႔သစ္ပင္ေတြမွာ အသီးအပြင့္ေတြေဝဆာေနလို႔ပဲ။ ေနာက္တစ္ခုက အဲဒီသစ္ပင္ေတြဟာလည္း အဆိပ္ပင္ေတြမဟုတ္လို႔ပဲ။”
          ဒီေတာ့မွ လင္းသစ္ဆိုလိုရင္းကို အေသအခ်ာသေဘာေပါက္ေတာ့သည္။
          ဒါတင္မက လင္းသစ္ေျပာေသာစကားေတြကလည္း ကြၽန္ေတာ္တို႔စိတ္တြင္းက ရင္ခုန္သံေတြ အတိုင္းပဲမို႔ အားလံုးကအၿပံဳးကိုယ္စီ။
          “ေနာက္ၿပီး အတိတ္နဲ႔ပစၥဳပၸန္တို႔ဟာ မ်ဥ္းတစ္ေျဖာင့္တည္းပါဆိုတာကို ဒီခေရပင္ေလးသံုးၿပီး ငါသက္ေသထပ္ျပလို႔ရတယ္။”
          လင္းသစ္က ကြၽန္ေတာ္တို႔မွီထားသည့္ ခေရပင္ေလးကိုေမးေငါ့ရင္းဆိုေတာ့ ကြၽန္ေတာ္တို႔ေတြ သူ႔စကားကို ပိုလို႔စိတ္ဝင္စားသြားရသည္။
          “ဆိုစမ္းပါဦးကြ”
          လင္းစစ္အသံကရႊင္ျမဴးေနသည္။
          “ငါတို႔ေတြ တကၠသိုလ္တတိယႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာ ခင္မင္မႈအထိမ္းအမွတ္ဆိုၿပီး အပင္ ေလးတစ္ပင္စိုက္ခဲ႔ဖူးတာမွတ္မိလား။
          အဲဒါေဟာဒီခေရပင္ေလးပဲ။”
          “ဟင္”
          “အဲဒါ”
          ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔၏ အာေမဋိတ္သံေတြကၿပိဳင္တူ
          လင္းသစ္ကေတာ့ၿပံဳးစစျဖင့္
          “ငါေျပာတာအဲဒါေပ့ါ။
          ပစၥဳပၸန္နဲ႔အတိတ္ဆိုတာ ခြဲျခားၿပီးေျပာစရာမဟုတ္ပါဘူးကြာ။ မ်ဥ္းတစ္ေျဖာင့္တည္းမွာ ရွိေန ၾကတဲ႔အရာေတြပါ။”
          စကားသံတို႔က တိုက္ခတ္လာသည့္ေလျပည္ႏွင့္အတူ စီးေမ်ာသြားၾကသည္။
          လင္းသစ္ကေတာ့ သူ႔စကားသူသေဘာက်ဟန္ျဖင့္ၿပံဳး၏။
          ထို႔ေနာက္ သူငယ္ခ်င္း၃ေယာက္ တစ္ေယာက္ပုခံုးတစ္ေယာက္ တင္းတင္းဖက္လိုက္ၾကသည္။
          မြန္းလြဲခ်ိန္မို႔ေနအပူရွိန္ကျပင္းသည္။
          သို႔ေသာ္ ခေရပင္ေအာက္ရွိ လူရြယ္၃ေယာက္အတြက္ေတာ့ေအးသည္။
          ေအးျမပါသည္။
         
✽✽✽   ✽✽✽   ✽✽✽

image

မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၃ (မျဥ်းဖြောင့်တို့၏ဒိုင်ယာရီ-အပိုင်း၃)

          သစ္ပင္ရိပ္တို႔ႏွင့္ အံု႔မိႈင္းေနေသာလမ္းမို႔ ေန႔လည္ဆိုေပမယ့္သိပ္မပူ။ သူတို႔ငယ္စဥ္အခ်ိန္က ခပ္ေသးေသးသာရွိခဲ႔သည့္သစ္ပင္တို႔သည္ ခုေတာ့လည္းငြားငြားစြင့္စြင့္ႂကြားႂကြားဝင့္ဝင့္ႏွင့္အသြင္သ႑ာန္ေတြ ေျပာင္းေနေလၿပီ။
          ဒီလိုေတြးမိေတာ့ ကိုယ့္ကိုယ့္ကိုလည္းျပန္သံုးသပ္မိသည္။ ကြၽန္ေတာ္တို႔လည္းအနည္းႏွင့္အမ်ား ေတာ့ေျပာင္းလဲခဲ႔ၾကေလၿပီ။
          သို႔ေသာ္ အသြင္သ႑ာန္ေတြကအေရးမႀကီးပါ။
          သစ္ပင္မွန္လွ်င္ အနည္းဆံုးေတာ့ အရိပ္ေပးႏိုင္ရမည္။
          လူဘယ္ႏွေယာက္ ကိုယ့္ေၾကာင့္အေမာေျပၿပီးၿပီလဲ။ လူဘယ္ႏွေယာက္ကို အရိပ္မိုးေပးႏိုင္ခဲ႔ ၿပီလဲ။ ထိုအေၾကာင္းတရားတို႔သာ အေရးႀကီးသည္ဟု ကြၽန္ေတာ္ကေတာ့ထင္ပါသည္။
          “အဟမ္း”
          လင္းသစ္ကေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။
          ထို႔ေနာက္ အနည္းငယ္စိတ္လႈပ္ရွားေနေသာအသံျဖင့္
          “မင္းတို႔ ထားႏြယ္ကို မွတ္မိၾကေသးလား”
          ထားႏြယ္။
          မ်က္ႏွာဝိုင္းဝိုင္းအသားျဖဴျဖဴႏွင့္ ခ်စ္စရာေကာင္မေလး။ အေနေအးၿပီး အစဥ္သျဖင့္ စာအုပ္တစ္ခု မဟုတ္တစ္ခုဖတ္ေနတတ္သူ။
          “သူနဲ႔ငါက ဘာမွေတာ့မျဖစ္ေသးပါဘူးကြာ။ အခုမွအစပ်ိဳးဆဲေပါ့။”
          ထိုစကားၾကားေတာ့ လင္းစစ္တစ္ေယာက္ ငယ္စဥ္ကအက်င့္ကျပန္ေပၚလာသည္။
          မ်က္လံုးႀကီးျပဴး၊ ပါးစပ္ႀကီးၿဖဲကာ နားကိုအသားကုန္စြင့္ထားသည္။ ကြၽန္ေတာ္ကေတာ့ လင္းသစ္စကားေတြကို မၾကားတစ္ခ်က္ၾကားတစ္ခ်က္။
          “သူလည္း အခုက်ဴတာပဲေလ။ ငါနဲ႔အတူတူပဲ။ အရင္တုန္းကသိပ္မသိလို႔ ………………………”
          လင္းသစ္စကားတို႔က ကြၽန္ေတာ့္နားထဲမွာ တိုးတိမ္ေဖ်ာ့ဝင္သြားသည္။
          ထို႔ေနာက္ အတိတ္ပံုရိပ္တို႔က ပိတ္ကားေတြလို မ်က္လံုးတြင္အစီအရီ…။

✽✽✽   ✽✽✽   ✽✽✽

          ထိုေန႔က ဦးေက်ာ္ဆိုင္မွာ သူတို႔စကားေကာင္းေနၾကသည္။
          သူတို႔ဆိုသည္က သူတို႔၃ေယာက္အျပင္ သိပ္မၾကာခင္ရက္ပိုင္းကမွ ရည္းစားျဖစ္သြားၾကေသာ မူယာႏွင့္ညီလတ္တို႔ျဖစ္သည္။
          ေရာက္တက္ရာရာစကားေျပာေနၾကရင္း ဘယ္သူကအစပ်ိဳးလိုက္သည္မသိ ေက်ာင္းအပ္သည့္ ကုန္က်စရိတ္ေတြဖက္ေရာက္သြားသည္။
          စတုတၳႏွစ္ေရာက္လာၿပီမို႔ ဘာလိုလိုႏွင့္အတန္းေတြႀကီးလာၾကၿပီျဖစ္ေၾကာင္း၊ ကုန္က်စရိတ္ေတြ ကလည္း ပိုလာၿပီျဖစ္ေၾကာင္း သူတို႔ေျပာျဖစ္ေနၾကသည္။
          မူယာလည္းစကားဝိုင္းထဲ တစ္ခြန္းစႏွစ္ခြန္းစဝင္ေျပာေနရာမွ တစ္စုံတစ္ခုကိုသတိရသြားဟန္ျဖင့္ ရုတ္တရက္မ်က္ႏွာေလးအိုက်သြားသည္။
          ဒီေတာ့ ခ်စ္သူမ်က္ႏွာကို အရိပ္လိုၾကည့္ေနေသာ ညီလတ္က
          “ခ်စ္ ဘာျဖစ္လို႔မ်က္ႏွာပ်က္သြားတာလဲဟင္”
          ညီလတ္ေမးသံကိုၾကားေတာ့ မူယာကသက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ညီလတ္မ်က္ႏွာကိုတစ္ခ်က္ ၾကည့္ကာ ေခါင္းကိုခပ္ေလးေလးခါယမ္းလိုက္သည္။
          ထို႔ေနာက္ မ်က္ႏွာျပန္လႊဲကာ
          “မူယာ့သူငယ္ခ်င္း ထားႏြယ္ေၾကာင့္ပါ။”
          “ဟင္…ထားႏြယ္ေၾကာင့္…။ ထားႏြယ္က ဘာျဖစ္လို႔တဲ႔လဲ။”
          “ထားႏြယ္ရဲ႕အေဖ လူလိမ္ခံလိုက္ရတယ္။ သူလုပ္ငန္းလုပ္မယ့္ေငြေတြ အလိမ္ခံလိုက္ရတာ။ အခုသူတို႔မိသားစု အေႂကြးပတ္လည္ဝိုင္းေနၿပီ။ ထားႏြယ္လည္းေက်ာင္းထြက္ရေတာ့မယ္။ ေက်ာင္းစားရိတ္မွ မတတ္ႏိုင္ေတာ့တာ”
          မူယာ့စကားက ညီလတ္ကိုေတာ့မသိ။ သူတို႔၃ေယာက္ရင္ကို အေတာ္လႈပ္ခတ္သြားေစသည္။
          ထားႏြယ္ကို တစ္တန္းတည္းသားခ်င္းမို႔ သူတို႔ပိုသိသည္။ အေနေအးသည္။ စာေတာ္သည္။ ရည္မွန္းခ်က္ႀကီးသည္။ ဒီလိုမ်ိဳး ေလွေလွာ္ရင္းတက္က်ိဳးရမည့္အျဖစ္ကို သူတို႔လက္မခံခ်င္။
          “ဒါနဲ႔မူယာ ထားႏြယ္ဘယ္ေတာ့ေလာက္ထြက္မယ္လို႔ေျပာလဲ။”
          လင္းသစ္၏ စကားသံက အနည္းငယ္တုန္ယင္ေနသေယာင္
          “ေသေသခ်ာခ်ာေတာ့ ငါလည္းမသိဘူးလင္းသစ္ရဲ႕။ ဒီလထဲမွာဆိုတာပဲသိတယ္။”
          သူတို႔သံုးေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။ ထိုအၾကည့္ေတြထဲမွာ သူတို႔ခ်င္းသာသိသည့္ စကားေတြကေဝ့ဝဲေနသည္။

✽✽✽   ✽✽✽   ✽✽✽

          “အျဖစ္အပ်က္ကေတာ့ အဲဒါပါပဲတီခ်ယ္ရယ္။”
          သူတို႔၃ေယာက္ေျပာသည့္စကားေတြကို သူတို႔Family teacherေဒၚသီတာကနားေထာင္ရင္း ေခါင္းတဆတ္ဆတ္ညွိတ္ေနသည္။
          “ပထမကမူယာေျပာသေလာက္အေျခအေနမဆိုးဘူးထင္တာ တစ္ပတ္ေက်ာ္တဲ႔အထိ ထားႏြယ္ ေက်ာင္းလာမတက္ေတာ့မွ…”
          လင္းသစ္က ဆက္မေျပာခ်င္ေတာ့ဟန္ျဖင့္ စကားကိုျဖတ္လိုက္သည္။
          “ေအးကြယ္…။ ဒီလိုၾကားရတာ တီခ်ယ္လည္းစိတ္မေကာင္းဘူး။ ဒီေတာ့ သားတို႔ကဘယ္လို ျဖစ္ခ်င္လဲ။ တီခ်ယ္ဘာကူညီေပးရမလဲ။”
          တီခ်ယ့္စကားၾကားေတာ့ လင္းသစ္မ်က္ဝန္းေတြအေရာင္ တဖ်တ္ဖ်တ္လက္သြားသည္။
          ထို႔ေနာက္ သူငယ္ခ်င္းသံုးေယာက္တိုင္ပင္ထားသည့္အတိုင္း
          “ထားႏြယ္ရဲ႕ေက်ာင္းစားရိတ္ကို ကြၽန္ေတာ္တိ႔ုေထာက္ေပးခ်င္တယ္တီခ်ယ္”
          “ေဟ”
          “ဟုတ္တယ္တီခ်ယ္။ ကြၽန္ေတာ္တို႔က်ဴရွင္ယူတဲ႔အခါ တစ္ေယာက္၂ဘာသာစီပဲယူေတာ့မယ္။ က်န္တဲ႔၄ဘာသာဖိုးပိုက္ဆံေတြကို တီခ်ယ္ကတစ္ဆင့္ ထားႏြယ္ကိုေပးေပး။ တီခ်ယ္ေထာက္တဲ႔သေဘာမ်ိဳး နဲ႔ေပါ့။ ကြၽန္ေတာ္တို႔ေပးရင္ သူရွက္သြားမွာစိုးလို႔။”
          “ေၾသာ္…ဟုတ္ၿပီ။ တီခ်ယ္သေဘာေပါက္ၿပီ။ စိတ္မပူနဲ႔သားတို႔။ တီခ်ယ္ကူညီမယ္။ စိတ္ခ်။”
          တီခ်ယ္၏စကားသံက ဒိုင္ခံေျပာေနသူလင္းသစ္အပါအဝင္ သူတို႔အားလံုးအဖို႔အားတက္ဖြယ္ရာ။
          ထို႔ေနာက္ တီခ်ယ့္ကိုေက်းဇူးတင္စကားအထပ္ထပ္ဆိုၿပီး နားေနခန္းထဲကျပန္ထြက္လာေတာ့ သူတို႔ေျခလွမ္းအစံုက သိသိသာသာေပါ့ပါးေနသည္။
          ေသခ်ာပါသည္။
          သူတို႔တစ္ဘဝလံုး အမွတ္တရျဖစ္ေနမည့္ အလုပ္တစ္ခုကိုလုပ္ၿပီးခဲ႔ေလၿပီ။

✽✽✽   ✽✽✽   ✽✽✽

          အတိတ္ကအေၾကာင္းေတြကို ျပန္ေတြးမိေတာ့ၾကည္ႏူးရသည္။ ကြၽန္ေတာ္တို႔လုပ္ခဲ႔ၾကသည့္ အလုပ္က အကိုင္းအခက္ေတြသာမက အသီးအပြင့္ေတြပါေဝဆာေနၿပီဟုဆိုရပါမည္။ ထားႏြယ္တစ္ေယာက္ က်ဴတာပင္ျဖစ္ခဲ႔ေလၿပီမဟုတ္လား။
          “ငါ မင္းတို႔ကိုတစ္ခုေတာ့ေျပာစရာရွိတယ္ကြ။”
          လင္းသစ္က ထားႏြယ္ႏွင့္သူ႔အေၾကာင္းေျပာေနရာမွ စကားစကိုခဏျဖတ္လိုက္ၿပီး တည္ၿငိမ္စြာ ဆိုေတာ့ ကြၽန္ေတာ္ေရာ၊ လင္းစစ္ေရာ အာရံုစိုက္လိုက္သည္။
          “တစ္ျခားေတာ့မဟုတ္ပါဘူးကြာ။ တို႔ေတြ သူ႔ကိုကူညီခဲ႔တဲ႔ကိစၥကိုေတာ့ ငါေျပာမထားေသးဘူး။”
          “ကူညီခဲ႔တာ။ ဘာကူညီခဲ႔တာလဲေဟ။”
          လင္းစစ္က သံေယာင္လိုက္ရင္းျပန္ေမးသည္။
          ဒီတစ္ခါေတာ့ ေမ့တတ္ရန္ေကာဆိုသည့္အၾကည့္ျဖင့္ အၾကည့္ခံရသူကလင္းစစ္။
          “ငါတို႔ေတြ ေက်ာင္းစားရိတ္ဝိုင္းေထာက္ေပးခဲ႔တဲ႔ကိစၥေလကြာ။”
          ဒီေတာ့မွ လင္းစစ္တစ္ေယာက္ရယ္က်ဲက်ဲျဖင့္
          “ေအးကြာ…။ ငါလည္း တစ္ခ်ိဳ႕ကိစၥေတြ သိပ္မမွတ္မိေတာ့ဘူး။ အဟီး………။”
          ဘာရယ္မဟုတ္။
          ကြၽန္ေတာ္တို႔၃ေယာက္ ၿပိဳင္တူဟက္ဟက္ပက္ပက္ရယ္ျဖစ္ၾကသည္။
          လူရြယ္သံုးေယာက္၏ေျခလွမ္းတို႔က ေပါ့ပါးလတ္ဆတ္စြာ။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          သစ်ပင်ရိပ်တို့နှင့် အံု့မှိုင်းနေသောလမ်းမို့ နေ့လည်ဆိုပေမယ့်သိပ်မပူ။ သူတို့ငယ်စဥ်အချိန်က ခပ်သေးသေးသာရှိခဲ့သည့်သစ်ပင်တို့သည် ခုတော့လည်းငွားငွားစွင့်စွင့်ကြွားကြွားဝင့်ဝင့်နှင့်အသွင်သဏ္ဍာန်တွေ ပြောင်းနေလေပြီ။
          ဒီလိုတွေးမိတော့ ကိုယ့်ကိုယ့်ကိုလည်းပြန်သံုးသပ်မိသည်။ ကျွန်တော်တို့လည်းအနည်းနှင့်အများ တော့ပြောင်းလဲခဲ့ကြလေပြီ။
          သို့သော် အသွင်သဏ္ဍာန်တွေကအရေးမကြီးပါ။
          သစ်ပင်မှန်လှျင် အနည်းဆံုးတော့ အရိပ်ပေးနိုင်ရမည်။
          လူဘယ်နှယောက် ကိုယ့်ကြောင့်အမောပြေပြီးပြီလဲ။ လူဘယ်နှယောက်ကို အရိပ်မိုးပေးနိုင်ခဲ့ ပြီလဲ။ ထိုအကြောင်းတရားတို့သာ အရေးကြီးသည်ဟု ကျွန်တော်ကတော့ထင်ပါသည်။
          “အဟမ်း”
          လင်းသစ်ကချောင်းတစ်ချက်ဟန့်လိုက်သည်။
          ထို့နောက် အနည်းငယ်စိတ်လှုပ်ရှားနေသောအသံဖြင့်
          “မင်းတို့ ထားနွယ်ကို မှတ်မိကြသေးလား”
          ထားနွယ်။
          မျက်နှာဝိုင်းဝိုင်းအသားဖြူဖြူနှင့် ချစ်စရာကောင်မလေး။ အနေအေးပြီး အစဥ်သဖြင့် စာအုပ်တစ်ခု မဟုတ်တစ်ခုဖတ်နေတတ်သူ။
          “သူနဲ့ငါက ဘာမှတော့မဖြစ်သေးပါဘူးကွာ။ အခုမှအစပျိုးဆဲပေါ့။”
          ထိုစကားကြားတော့ လင်းစစ်တစ်ယောက် ငယ်စဥ်ကအကျင့်ကပြန်ပေါ်လာသည်။
          မျက်လံုးကြီးပြူး၊ ပါးစပ်ကြီးဖြဲကာ နားကိုအသားကုန်စွင့်ထားသည်။ ကျွန်တော်ကတော့ လင်းသစ်စကားတွေကို မကြားတစ်ချက်ကြားတစ်ချက်။
          “သူလည်း အခုကျူတာပဲလေ။ ငါနဲ့အတူတူပဲ။ အရင်တုန်းကသိပ်မသိလို့ ………………………”
          လင်းသစ်စကားတို့က ကျွန်တော့်နားထဲမှာ တိုးတိမ်ဖျော့ဝင်သွားသည်။
          ထို့နောက် အတိတ်ပံုရိပ်တို့က ပိတ်ကားတွေလို မျက်လံုးတွင်အစီအရီ…။

✽✽✽   ✽✽✽   ✽✽✽

          ထိုနေ့က ဦးကျော်ဆိုင်မှာ သူတို့စကားကောင်းနေကြသည်။
          သူတို့ဆိုသည်က သူတို့၃ယောက်အပြင် သိပ်မကြာခင်ရက်ပိုင်းကမှ ရည်းစားဖြစ်သွားကြသော မူယာနှင့်ညီလတ်တို့ဖြစ်သည်။
          ရောက်တက်ရာရာစကားပြောနေကြရင်း ဘယ်သူကအစပျိုးလိုက်သည်မသိ ကျောင်းအပ်သည့် ကုန်ကျစရိတ်တွေဖက်ရောက်သွားသည်။
          စတုတ္ထနှစ်ရောက်လာပြီမို့ ဘာလိုလိုနှင့်အတန်းတွေကြီးလာကြပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်တွေ ကလည်း ပိုလာပြီဖြစ်ကြောင်း သူတို့ပြောဖြစ်နေကြသည်။
          မူယာလည်းစကားဝိုင်းထဲ တစ်ခွန်းစနှစ်ခွန်းစဝင်ပြောနေရာမှ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ရုတ်တရက်မျက်နှာလေးအိုကျသွားသည်။
          ဒီတော့ ချစ်သူမျက်နှာကို အရိပ်လိုကြည့်နေသော ညီလတ်က
          “ချစ် ဘာဖြစ်လို့မျက်နှာပျက်သွားတာလဲဟင်”
          ညီလတ်မေးသံကိုကြားတော့ မူယာကသက်ပြင်းတစ်ချက်ချလိုက်ပြီး ညီလတ်မျက်နှာကိုတစ်ချက် ကြည့်ကာ ခေါင်းကိုခပ်လေးလေးခါယမ်းလိုက်သည်။
          ထို့နောက် မျက်နှာပြန်လွှဲကာ
          “မူယာ့သူငယ်ချင်း ထားနွယ်ကြောင့်ပါ။”
          “ဟင်…ထားနွယ်ကြောင့်…။ ထားနွယ်က ဘာဖြစ်လို့တဲ့လဲ။”
          “ထားနွယ်ရဲ့အဖေ လူလိမ်ခံလိုက်ရတယ်။ သူလုပ်ငန်းလုပ်မယ့်ငွေတွေ အလိမ်ခံလိုက်ရတာ။ အခုသူတို့မိသားစု အကြွေးပတ်လည်ဝိုင်းနေပြီ။ ထားနွယ်လည်းကျောင်းထွက်ရတော့မယ်။ ကျောင်းစားရိတ်မှ မတတ်နိုင်တော့တာ”
          မူယာ့စကားက ညီလတ်ကိုတော့မသိ။ သူတို့၃ယောက်ရင်ကို အတော်လှုပ်ခတ်သွားစေသည်။
          ထားနွယ်ကို တစ်တန်းတည်းသားချင်းမို့ သူတို့ပိုသိသည်။ အနေအေးသည်။ စာတော်သည်။ ရည်မှန်းချက်ကြီးသည်။ ဒီလိုမျိုး လှေလှော်ရင်းတက်ကျိုးရမည့်အဖြစ်ကို သူတို့လက်မခံချင်။
          “ဒါနဲ့မူယာ ထားနွယ်ဘယ်တော့လောက်ထွက်မယ်လို့ပြောလဲ။”
          လင်းသစ်၏ စကားသံက အနည်းငယ်တုန်ယင်နေသယောင်
          “သေသေချာချာတော့ ငါလည်းမသိဘူးလင်းသစ်ရဲ့။ ဒီလထဲမှာဆိုတာပဲသိတယ်။”
          သူတို့သံုးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအကြည့်တွေထဲမှာ သူတို့ချင်းသာသိသည့် စကားတွေကဝေ့ဝဲနေသည်။

✽✽✽   ✽✽✽   ✽✽✽

          “အဖြစ်အပျက်ကတော့ အဲဒါပါပဲတီချယ်ရယ်။”
          သူတို့၃ယောက်ပြောသည့်စကားတွေကို သူတို့Family teacherဒေါ်သီတာကနားထောင်ရင်း ခေါင်းတဆတ်ဆတ်ညှိတ်နေသည်။
          “ပထမကမူယာပြောသလောက်အခြေအနေမဆိုးဘူးထင်တာ တစ်ပတ်ကျော်တဲ့အထိ ထားနွယ် ကျောင်းလာမတက်တော့မှ…”
          လင်းသစ်က ဆက်မပြောချင်တော့ဟန်ဖြင့် စကားကိုဖြတ်လိုက်သည်။
          “အေးကွယ်…။ ဒီလိုကြားရတာ တီချယ်လည်းစိတ်မကောင်းဘူး။ ဒီတော့ သားတို့ကဘယ်လို ဖြစ်ချင်လဲ။ တီချယ်ဘာကူညီပေးရမလဲ။”
          တီချယ့်စကားကြားတော့ လင်းသစ်မျက်ဝန်းတွေအရောင် တဖျတ်ဖျတ်လက်သွားသည်။
          ထို့နောက် သူငယ်ချင်းသံုးယောက်တိုင်ပင်ထားသည့်အတိုင်း
          “ထားနွယ်ရဲ့ကျောင်းစားရိတ်ကို ကျွန်တော်တိ့ုထောက်ပေးချင်တယ်တီချယ်”
          “ဟေ”
          “ဟုတ်တယ်တီချယ်။ ကျွန်တော်တို့ကျူရှင်ယူတဲ့အခါ တစ်ယောက်၂ဘာသာစီပဲယူတော့မယ်။ ကျန်တဲ့၄ဘာသာဖိုးပိုက်ဆံတွေကို တီချယ်ကတစ်ဆင့် ထားနွယ်ကိုပေးပေး။ တီချယ်ထောက်တဲ့သဘောမျိုး နဲ့ပေါ့။ ကျွန်တော်တို့ပေးရင် သူရှက်သွားမှာစိုးလို့။”
          “သြော်…ဟုတ်ပြီ။ တီချယ်သဘောပေါက်ပြီ။ စိတ်မပူနဲ့သားတို့။ တီချယ်ကူညီမယ်။ စိတ်ချ။”
          တီချယ်၏စကားသံက ဒိုင်ခံပြောနေသူလင်းသစ်အပါအဝင် သူတို့အားလံုးအဖို့အားတက်ဖွယ်ရာ။
          ထို့နောက် တီချယ့်ကိုကျေးဇူးတင်စကားအထပ်ထပ်ဆိုပြီး နားနေခန်းထဲကပြန်ထွက်လာတော့ သူတို့ခြေလှမ်းအစံုက သိသိသာသာပေါ့ပါးနေသည်။
          သေချာပါသည်။
          သူတို့တစ်ဘဝလံုး အမှတ်တရဖြစ်နေမည့် အလုပ်တစ်ခုကိုလုပ်ပြီးခဲ့လေပြီ။

✽✽✽   ✽✽✽   ✽✽✽

          အတိတ်ကအကြောင်းတွေကို ပြန်တွေးမိတော့ကြည်နူးရသည်။ ကျွန်တော်တို့လုပ်ခဲ့ကြသည့် အလုပ်က အကိုင်းအခက်တွေသာမက အသီးအပွင့်တွေပါဝေဆာနေပြီဟုဆိုရပါမည်။ ထားနွယ်တစ်ယောက် ကျူတာပင်ဖြစ်ခဲ့လေပြီမဟုတ်လား။
          “ငါ မင်းတို့ကိုတစ်ခုတော့ပြောစရာရှိတယ်ကွ။”
          လင်းသစ်က ထားနွယ်နှင့်သူ့အကြောင်းပြောနေရာမှ စကားစကိုခဏဖြတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုတော့ ကျွန်တော်ရော၊ လင်းစစ်ရော အာရံုစိုက်လိုက်သည်။
          “တစ်ခြားတော့မဟုတ်ပါဘူးကွာ။ တို့တွေ သူ့ကိုကူညီခဲ့တဲ့ကိစ္စကိုတော့ ငါပြောမထားသေးဘူး။”
          “ကူညီခဲ့တာ။ ဘာကူညီခဲ့တာလဲဟေ။”
          လင်းစစ်က သံယောင်လိုက်ရင်းပြန်မေးသည်။
          ဒီတစ်ခါတော့ မေ့တတ်ရန်ကောဆိုသည့်အကြည့်ဖြင့် အကြည့်ခံရသူကလင်းစစ်။
          “ငါတို့တွေ ကျောင်းစားရိတ်ဝိုင်းထောက်ပေးခဲ့တဲ့ကိစ္စလေကွာ။”
          ဒီတော့မှ လင်းစစ်တစ်ယောက်ရယ်ကျဲကျဲဖြင့်
          “အေးကွာ…။ ငါလည်း တစ်ချို့ကိစ္စတွေ သိပ်မမှတ်မိတော့ဘူး။ အဟီး………။”
          ဘာရယ်မဟုတ်။
          ကျွန်တော်တို့၃ယောက် ပြိုင်တူဟက်ဟက်ပက်ပက်ရယ်ဖြစ်ကြသည်။
          လူရွယ်သံုးယောက်၏ခြေလှမ်းတို့က ပေါ့ပါးလတ်ဆတ်စွာ။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၂ (မျဥ်းဖြောင့်တို့၏ဒိုင်ယာရီ-အပိုင်း၂)

          ကန္တင္းန္ေရာက္ၿပီ။
          သို႔ေသာ္ အရိုးစြဲေနသည့္အက်င့္ေၾကာင့္ ႀကံဳရာဆိုင္မထိုင္။ သူတို႔ေက်ာင္းသားဘဝကတည္းက ထိုင္ေနက်ျဖစ္သည့္ ဦးေက်ာ္ဆိုင္မွာသာထိုင္ျဖစ္သည္။ 
          ဦးေက်ာ္ဆိုင္ရွိ အစားအေသာက္ေတြက လက္ရာေကာင္းသလို ဆိုင္အျပင္အဆင္ကလည္း သပ္ရပ္သန္႔ရွင္းသည္။ စားပြဲထိုးေလးေတြကအစ ယဥ္ေက်းပ်ဴငွာသလို။ သြက္လက္ခ်က္ခ်ာသည္။ စားသံုးသူ ဘယ္ေလာက္မ်ားမ်ား ၾကာရွည္မေစာင့္ဆိုင္းရသည္ကလည္း ဒီဆိုင္ေလး၏ထူးျခားခ်က္။
          သို႔ေသာ္ တစ္ျခားဆိုင္မ်ားႏွင့္ လံုးဝကြဲျပားသည့္အခ်က္ကေတာ့ ဦးေက်ာ္ဆိုင္အျပင္ဖက္ရွိ ၾကာပန္းမ်ားေပါက္ေနသည့္ေရကန္၊ စံပယ္ပန္းရံုတို႔ႏွင့္အတူ ညီညီညာညာစီတန္းေနသည့္ သေျပပင္ႀကီးမ်ား ေၾကာင့္သာျဖစ္သည္။
          ခုလည္းဟိုတစ္ခ်ိန္ကအတိုင္းသာ။ အရသာ၊ ဆက္ဆံေရး၊ အျပင္အဆင္ အားလံုးကိုထိန္းထား ႏိုင္ေနဆဲပင္။
          ဒါေၾကာင့္လည္း ဆိုင္ေတြအမ်ားႀကီးရွိသည့္အနက္ ဦးေက်ာ္ဆိုင္ကိုသာ လူေတြပိုႀကိဳက္ျခင္း ျဖစ္မည္ဟု ထမင္းေပါင္းတစ္လုပ္စားရင္းေတြးလိုက္၏။ 
          ထိုစဥ္ အေနာက္ဖက္ကေပၚလာေသာ အသံၾသၾသႀကီးေၾကာင့္ အေတြးစမ်ားျပတ္ေတာက္သြား သည္။
          “ေကာင္ေလးတို႔ ဘယ္ကေနဘယ္လိုေရာက္လာၾကတာလဲကြ”
          ဒီအသံကို သူတို႔အေသအခ်ာသိသည္။ ႏွစ္ေတြအၾကာႀကီးရင္းႏွီးခဲ႔သည့္ေလသံ။
          “ဟာ…ဦးေက်ာ္။ လာ…ထိုင္ပါဦးဗ်”
          သူတို႔ႏွစ္ဦးသား ဖိတ္မႏၲကျပဳမႈေၾကာင့္ ဦးေက်ာ္ထိုင္ခံုတစ္လံုးဆြဲကာ ဝိုင္းထဲဝင္ထိုင္လိုက္သည္။
          ထို႔ေနာက္…။         
          “ကဲ…ဆိုစမ္းပါဦးကြ။ ဘယ္ကေနဘယ္လိုေပၚလာၾကတာတုန္း”
          “ဒီလိုဦးေက်ာ္ရဲ႕။ ကြၽန္ေတာ္တို႔အားလံုး ေက်ာင္းၿပီးသြားေတာ့ လင္းစစ္ကကုမၸဏီတစ္ခုမွာ အလုပ္ဝင္တယ္ေလ။ သိပ္မၾကာဘူး။ ရာထူးတိုးၿပီးႏိုင္ငံျခားအလႊတ္ခံရတယ္။ ကြၽန္ေတာ္ကေတာ့ စီးပြားေရး အႀကံေပးအလုပ္လုပ္ၿပီး ဟိုေကာင္လင္းသစ္ကေတာ့ ဒီေက်ာင္းမွာက်ဴတာျပန္လုပ္တယ္။
          အခု ဒီေကာင္လင္းစစ္ ႏိုင္ငံျခားကေနခဏျပန္လာတုန္း။ သူငယ္ခ်င္းေတြ ေတြ႔ၾကမယ္ဆိုၿပီး ခ်ိန္းလိုက္တာပဲ။”
          “မင္းတို႔အေၾကာင္းေတြ ငါသိပါသကြာ။ လင္းသစ္ကိုေတြ႔တိုင္းအၿမဲေမးေနၾကပဲဟာ။ အဲ… ဒါနဲ႔ လင္းသစ္ေရာ။”
          “သူကစာသင္ခ်ိန္တစ္ခ်ိန္ရွိလို႔ အဲဒါၿပီးမွလာမယ္တဲ႔ဗ်။”
          ဒီေတာ့မွ ဦးေက်ာ္ကဇာတ္ရည္လည္သြားပံုျဖင့္ ေခါင္းတညွိတ္ညွိတ္လုပ္သည္။
          ထိုအခ်ိန္ လင္းစစ္က ဦးေက်ာ္ကို
          “ဒါနဲ႔ထူးဆန္းတယ္။ ဦးေက်ာ္ကြၽန္ေတာ္တို႔ကိုမွတ္မိတယ္လား”
          လင္းစစ္စကားကိုၾကားေတာ့ ဦးေက်ာ္တစ္ေယာက္ရယ္သည္။ သူရယ္ေတာ့ နဂိုကေမွးေနသည့္ သူ႔မ်က္လံုးမ်ားကပိုေမွးသြားၿပီး ကြမ္းခ်ိဳးတက္စျပဳေနသည့္သြားမ်ားက အစီအရီေပၚလာသည္။
          “ဘယ္ေမ့လိမ့္မလဲေကာင္ေလးေတြရာ။ ငါ့ဆိုင္နဲ႔မင္းတို႔သံုးေယာက္ဆိုတာ အမွတ္တရေတြ အမ်ားႀကီးမွအမ်ားႀကီးရယ္။”
          ဦးေက်ာ္စကားေၾကာင့္ လင္းစစ္တစ္ေယာက္ငိုင္သြားသည္။
          အမွတ္တရေတြ…။
          ဟုတ္သည္။
          အမ်ားႀကီး…အမ်ားႀကီးရယ္။

✽✽✽   ✽✽✽   ✽✽✽

          သူတို႔ေတြ တတိယႏွစ္၏ဒုတိယႏွစ္ဝက္ေရာက္ေတာ့ ကမ္းရိုးတန္းေဒသေတြမွာ မုန္တိုင္းအႀကီး အက်ယ္တိုက္သည္။ တစ္ခ်ိဳ႕ေနရာေတြမွာဆို ရြာလံုးကြၽတ္ေရထဲေမ်ာပါသြားတာေတြေတာင္ရွိသည္။ ႀကိဳတင္ ျပင္ဆင္မႈ အလြန္အားနည္းသည့္ကာလမို႔ ပ်က္စီးဆံုးရွံဳးမႈအေတာ္မ်ားသည္။ ဒီၾကားထဲသတင္းထုတ္ျပန္မႈကိုပါ ကန္႔သတ္ထားသျဖင့္ အေျခအေနမွန္ကိုလည္း ေတာ္ရံုလူေတြသိပ္မသိ။
          ဒီအခ်ိန္မွာပဲ လင္းစစ္ကသတင္းစကားတစ္ခုသယ္လာသည္။
          “မုန္တိုင္းတိုက္သြားတာ တစ္ခ်ိဳ႕ေနရာေတြမွာ အေျခအေနအေတာ္ဆိုးေနတယ္ဆိုပဲ”
          လင္းစစ္စကားေၾကာင့္ သူ၊ လင္းသစ္အျပင္ ဆိုင္တြင္လူမက်သည့္အခ်ိန္မို႔ ဝိုင္းထဲလာထိုင္ ေနသည့္ဦးေက်ာ္ပါ ေခါင္းေတြေထာင္ကုန္သည္။ (ပထမႏွစ္ဝက္အခ်ိန္အေတာ္မ်ားမ်ား ဦးေက်ာ္ဆိုင္မွာသာ ကုန္ဆံုးခဲ႔သည္မို႔ ဦးေက်ာ္ႏွင့္က အေတာ္ေလးကိုရင္းႏွီးေနသည္။ တစ္ခါတစ္ရံဆို သူတို႔၄ေယာက္ႏွင့္အတူ ဝါသနာပါသူမ်ားစုကာ ဦးေက်ာ္ဆိုင္ထဲမွာတင္ အပြင့္ေလးအခက္ေလးေတြပြတ္ဖူးၾကသည္။)
          ထို႔ေနာက္ လင္းစစ္ကဆက္၍
          “အဲဒီဖက္မွာရွိတဲ႔ အမ်ိဳးေတြေျပာပံုအရဆို သူတို႔ၿမိဳ႕ေပၚမွာေတာင္ အိမ္အမိုးကြၽတ္ထြက္တာေတြ၊ ေရႀကီးတာေတြျဖစ္တယ္ဆိုေတာ့ တစ္ကယ္ျဖစ္တဲ႔ေနရာေတြမွာ အေျခအေနဘယ္ေလာက္ဆိုးၾကမလဲ မေျပာ ႏိုင္ဘူး။”
          လင္းစ္၏ေနာက္ဆက္တြဲစကားက သနားစိတ္အခံရွိသည့္ သူ႔စိတ္ကိုဆြသည့္ႏွယ္။
          “ဒီေတာ့ တို႔ေတြဘယ္လိုလုပ္ၾကမလဲ”
          “ငါ့သေဘာကေတာ့ လူစည္တဲ႔ေနရာေတြမွာ အလွဴလိုက္ခံခ်င္တယ္လင္းေခတ္ရာ”
          “အဲ…အဲ…ခဏေနဦး”
          လင္းသစ္ကနားမလည္သည့္ပံုျဖင့္ဝင္ဟန္႔သည္။
          “အလွဴခံတာေတာ့ဟုတ္တယ္။ ဒါေပမယ့္ ၿမိဳ႕ထဲမွာေတာ့မျဖစ္ဘူးေနာ္လင္းစစ္”
          လင္းသစ္စကားေၾကာင့္ သူတို႔စကားဝိုင္းေလးကျပန္တိတ္ဆိတ္သြားသည္။
          လင္းသစ္ေျပာတာလည္း ဟုတ္သည္။ ထိုစဥ္အခ်ိန္တုန္းက  အုပ္ခ်ဳပ္ေရးပံုစံမွာ လူစုတာဆိုလို႔ ေမ်ာက္ပြဲေတာင္ခပ္ဟဟမလုပ္ရသည့္အေျခအေန။
          “ဒီလိုလုပ္ၾကမလားေကာင္ေလးေတြ။ အလွမ္းက်ယ္လြန္းရင္ အလယ္လပ္မယ္ကြာ။ မင္းတို႔ေတြ ဒီေက်ာင္းထဲမွာပဲ အလွဴခံၾကရင္ေရာ”
          တစ္ခ်ိန္လံုးၿငိမ္ေနရာမွ ဝင္ေျပာလိုက္သည့္ ဦးေက်ာ္စကားေၾကာင့္ သူတို႔ေခါင္းမ်ားဆတ္ခနဲ ျပန္မတ္လာၾကသည္။
          “ၿမိဳ႕တြင္းေလာက္ လူသြားလူလာမမ်ားေပမယ့္ ေက်ာင္းကလည္းေက်ာင္းအေလ်ာက္ေတာ့ လူရွိ ပါတယ္။
          ေနာက္ၿပီး ဆရာမေတြ၊ ေက်ာင္းသားသမဂၢေတြနဲ႔ညွိၿပီး မင္းတို႔တစ္တန္းဝင္တစ္တန္းထြက္ အလွဴခံခ်င္လည္း ခံလို႔ရတယ္ကြာ။ ဒါမွမဟုတ္ တေယာထိုး၊ ဂစ္တာတီး၊ သီခ်င္းဆိုၿပီး အလွဴခံခ်င္ရင္လည္း ငါ့ဆိုင္တစ္ဆိုင္လံုးရွိတယ္။ အရင္ေန႔ေတြကေတာင္ ငါ့ဆီကဂစ္တာေတြယူငွားၿပီး မင္းတိုိ႔သီခ်င္းေတြဆိုၾက ေသးတာပဲမဟုတ္လား။”
          “ဟုတ္တယ္။ ဟုတ္တယ္။”
          “ဦးေက်ာ္အႀကံေကာင္းတယ္။”
          လင္းေခတ္ေရာ လင္းသစ္ေရာက ဦးေက်ာ္စကားကိုတစ္ၿပိဳင္တည္းေထာက္ခံလိုက္သည္။
          လက္ရွိအေျခအေနအရ ဒီအႀကံကသာအေကာင္းဆံုးမို႔ လင္းစေစ္လည္းေခါင္းညွိတ္လိုက္၏။
          “ေကာင္းၿပီ။ ဒါဆို တို႔ေတြမနက္ျဖန္စၾကမယ္။”
          အစကတည္းက စိတ္တူကိုယ္တူသူငယ္ခ်င္းေတြမို႔ ႏွစ္ခါေျပာစရာမလို။ ၃ေယာက္သား စိတ္လႈပ္ရွားတက္ႂကြစြာျဖင့္ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။
          ဦးေက်ာ္ကေတာ့ သူ႔အႀကံေၾကာင့္ အက်ိဳးရွိသည့္အလုပ္တစ္ခုအထေျမာက္ခဲ႔ၿပီမို႔ သူေမးေစ့ရွိ မုတ္ဆိတ္ေမႊးငုတ္တိုေလးေတြကိုစမ္းရင္း ေပြးၿပံဳးၿပံဳးေနလိုက္သည္။

✽✽✽   ✽✽✽   ✽✽✽
          “အဲဒီတုန္းက ဒီဆိုင္ေလးမွာ ေတာ္ေတာ္ကိုစည္သြားတာေနာ္ဦးေက်ာ္”
          အရင္းမရွိအဖ်ားမရွိရုတ္တရက္ထေျပာလိုက္သည့္ လင္းစစ္စကားေၾကာင့္ ကြ်န္ေတာ္ႏွင့္ဦးေက်ာ္ ေၾကာင္တက္တက္ျဖစ္သြားသည္။
          “ဘာတုန္းဟ။ ဘယ္တုန္းကလည္း။ ဘာကိစၥလဲ။”
          ဦးေက်ာ္က Question markေတြေပၚေနသည့္ မ်က္ဝန္းအစံုႏွင့္ လင္းစစ္ကိုျပန္ေမးမိေတာ့ လင္းစစ္က ဦးေက်ာ္ကို ေမ့တတ္ရန္ေကာဆိုသည့္အၾကည့္ျဖင့္ၾကည့္ကာ
          “မုန္တိုင္းတိုက္တုန္းကေလဗ်ာ။ ဟိုေရျပင္အစပ္ေလးနားက ဗာဒံပင္ေအာက္မွာ ကြၽန္ေတာ္တို႔ ၃ေယာက္အလွဴခံခဲ႔ၾကတာေလ။”
          ဒီေတာ့မွ ဦးေက်ာ္တစ္ေယာက္ အခုမွမွတ္မိသြားဟန္ျဖင့္
          “ေၾသာ္…ဟုတ္ၿပီ။ ဟုတ္ၿပီ။ မွတ္မိၿပီ”
          ထို႔ေနာက္ သူ႔ဝသီအတိုင္းေပြးၿပံဳးၿပံဳးကာ မုတ္ဆိတ္ငုတ္တိုေလးေတြကိုစမ္းရင္း မိန္႔မိန္႔ႀကီးၿပံဳးေန လိုက္သည္။
          ၅မိနစ္ေလာက္ၾကာေတာ့ သူကပဲစကာ
          “ဟား…မင္းတို႔ေမွ်ာ္ေနတဲ႔ပုဂၢိဳလ္ ဟိုမွာႂကြလာပါၿပီဗ်ာ။”
          ဦးေက်ာ္စကားေၾကာင့္ ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔ ေနာက္ကိုလွည့္ၾကည့္မိေတာ့ ဣေႁႏၵရစြာ လမ္းေလွ်ာက္လာေသာ လင္းသစ္ကိုေတြ႔လိုက္ရသည္။
          လည္ကတံုးအက်ီၤအျဖဴ၊ အျပာေရာင္အကြက္စိပ္ပုဆိုးႏွင့္လင္းသစ္က ငယ္စဥ္ကလိုရွင္းသန္႔ႏုဖတ္ ေနဆဲသာ။ မ်က္ႏွာေပၚတြင္တပ္ဆင္ထားသည့္မ်က္မွန္၊ ေသသပ္စြာၿဖီးထားသည့္ဆံပင္တို႔က က်ဴတာဆိုေသာ ဂုဏ္ပုဒ္ႏွင့္လိုက္ဖက္လွသည္။
          “ေဟ့ေကာင္ေတြ ငါ့ကိုမျမင္ဖူးလို႔ေငးေနၾကတာလား”
          သူငယ္ခ်င္းျဖစ္သူကိုေငးေမာရင္း ဘယ္ေလာက္အေတြးနက္သြားမိသည္မသိ။ သူ စကားလွမ္း ေျပာမွပဲ အသိျပန္ဝင္လာသည္။ ေဘးနားကလင္းစစ္ကိုလွည့္ၾကည့္ေတာ့ သူလည္းကိုယ့္လိုပင္။
          “ေအးကြာ…ငါ့တို႔ေကာင္ႀကီး သန္႔ေနခန္႔ေနလို႔ပါဟ။”
          လင္းစစ္လွမ္းေျပာသည့္စကားၾကားေတာ့ လင္းသစ္ကႏွစ္လိုစြာၿပံဳးျပလိုက္သည္။ ဘာစကား မွေတာ့ထပ္မဆို။
          အနားေရာက္ေတာ့မွ ခံုတစ္လံုးကုိဆြဲယူထိုင္ကာ
          “ေရာက္တာၾကာၿပီလား”
          “ၾကာၿပီေပါ့ကိုယ္ေတာ္ရယ္။ ကြၽန္ေတာ္မ်ိဳးတို႔ေစာင့္ရင္းစားလိုက္တာ ထမင္းေပါင္းတစ္ပြဲစီေတာင္ ကုန္ၿပီ”
          လင္းစစ္ အေငါ့တူးဟန္ျဖင့္ဆိုေတာ့ လင္းသစ္ထပ္ၿပံဳးျပန္သည္။
          “ေအးပါကြာ။ ေစာင့္ေနရလို႔ မင္းတို႔ကိုအားနာပါတယ္။
          ကဲ…ကဲ…စားလို႔ေသာက္လို႔ၿပီးရင္သြားၾကမယ္ေလ”
          လင္းသစ္က ထၾကဖို႔ေလာေဆာ္ေတာ့ လင္းစစ္ကတစ္စံုတစ္ခုကို သတိရသြားဟန္ျဖင့္
          “မင္းကေရာ ဘာမွမစားဘူးလား။”
          “………”
          လင္းသစ္ဘာစကားမွမဆို။
          ဘာစကားမွမဆိုသည့္အျပင္ ရွက္ၿပံဳးႀကီးၿပံဳးကာ ရုတ္တရက္မ်က္ႏွာႀကီးနီလာေတာ့ ကြၽန္ေတာ္ ေရာလင္းစစ္ေရာ ဘာမွန္းမသိသည့္မ်က္လံုးတို႔ႏွင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကသည္။
          “သြားေမးမေနနဲ႔။ ဒီေကာင္ ငါ့ဆိုင္မွာ လာမစားတာေတာင္ၾကာၿပီ”
          ဦးေက်ာ္စကားကအထူးအဆန္းမို႔ သူငယ္ခ်င္းႏွစ္ေယာက္နားဆက္စြင့္ေနၾကသည္။ လင္းသစ္ ကေတာ့ အရွက္သည္းလို႔ေကာင္းတုန္း။
          “ေအးေပါ့ေလ။ ထမင္းခ်ိဳင့္ထည့္လာေပးမယ့္သူရွိေတာ့လည္း ငါ့ဆိုင္ေလးမ်က္ႏွာငယ္ရတာေပါ့”
          ဦးေက်ာ္က သူ႔မ်က္ႏွာကို မဲ႔ရွံဳ႕မဲ႔ရွံဳ႕လုပ္ကာေျပာသည္။
          ဒီေတာ့မွ သူငယ္ခ်င္းႏွစ္ေယာက္ သေဘာေပါက္ေတာ့သည္။
          “ေဟ့ေကာင္ ငါတို႔ကိုေျပာစမ္း။ ဘယ္သူလဲ”
          ႏွစ္ေယာက္သားဝိုင္းေမးေတာ့ လင္းသစ္တစ္ေယာက္ေခ်ာင္ပိတ္မိသည့္မ်က္ႏွာထားႏွင့္
          “ေအးပါကြာ ေအးပါ။ ငါလမ္းေလွ်ာက္ရင္းေျပာျပပါ့မယ္။ ခုက ေက်ာင္းသားေတြနဲ႔မို႔။”
          “ေရာ႔ ေရာ႔ ဦးေက်ာ္။ ထမင္းေပါင္းႏွစ္ပြဲဖိုး”
          လင္းသစ္တစ္ေယာက္ ကြၽန္ေတာ္ႏွင့္လင္းသစ္တို႔အေမးကိုလည္းျပန္ေျဖ၊ ဦးေက်ာ္ကိုလည္း စကားစသပ္ကာ ရွက္ကိုးရွက္ကန္းျဖင့္ ဆိုင္ထဲကထြက္သြားေလသည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          ကန်တင်းန်ရောက်ပြီ။
          သို့သော် အရိုးစွဲနေသည့်အကျင့်ကြောင့် ကြံုရာဆိုင်မထိုင်။ သူတို့ကျောင်းသားဘဝကတည်းက ထိုင်နေကျဖြစ်သည့် ဦးကျော်ဆိုင်မှာသာထိုင်ဖြစ်သည်။ 
          ဦးကျော်ဆိုင်ရှိ အစားအသောက်တွေက လက်ရာကောင်းသလို ဆိုင်အပြင်အဆင်ကလည်း သပ်ရပ်သန့်ရှင်းသည်။ စားပွဲထိုးလေးတွေကအစ ယဥ်ကျေးပျူငှာသလို။ သွက်လက်ချက်ချာသည်။ စားသံုးသူ ဘယ်လောက်များများ ကြာရှည်မစောင့်ဆိုင်းရသည်ကလည်း ဒီဆိုင်လေး၏ထူးခြားချက်။
          သို့သော် တစ်ခြားဆိုင်များနှင့် လံုးဝကွဲပြားသည့်အချက်ကတော့ ဦးကျော်ဆိုင်အပြင်ဖက်ရှိ ကြာပန်းများပေါက်နေသည့်ရေကန်၊ စံပယ်ပန်းရံုတို့နှင့်အတူ ညီညီညာညာစီတန်းနေသည့် သပြေပင်ကြီးများ ကြောင့်သာဖြစ်သည်။
          ခုလည်းဟိုတစ်ချိန်ကအတိုင်းသာ။ အရသာ၊ ဆက်ဆံရေး၊ အပြင်အဆင် အားလံုးကိုထိန်းထား နိုင်နေဆဲပင်။
          ဒါကြောင့်လည်း ဆိုင်တွေအများကြီးရှိသည့်အနက် ဦးကျော်ဆိုင်ကိုသာ လူတွေပိုကြိုက်ခြင်း ဖြစ်မည်ဟု ထမင်းပေါင်းတစ်လုပ်စားရင်းတွေးလိုက်၏။ 
          ထိုစဥ် အနောက်ဖက်ကပေါ်လာသော အသံသြသြကြီးကြောင့် အတွေးစများပြတ်တောက်သွား သည်။
          “ကောင်လေးတို့ ဘယ်ကနေဘယ်လိုရောက်လာကြတာလဲကွ”
          ဒီအသံကို သူတို့အသေအချာသိသည်။ နှစ်တွေအကြာကြီးရင်းနှီးခဲ့သည့်လေသံ။
          “ဟာ…ဦးကျော်။ လာ…ထိုင်ပါဦးဗျ”
          သူတို့နှစ်ဦးသား ဖိတ်မန္တကပြုမှုကြောင့် ဦးကျော်ထိုင်ခံုတစ်လံုးဆွဲကာ ဝိုင်းထဲဝင်ထိုင်လိုက်သည်။
          ထို့နောက်…။         
          “ကဲ…ဆိုစမ်းပါဦးကွ။ ဘယ်ကနေဘယ်လိုပေါ်လာကြတာတုန်း”
          “ဒီလိုဦးကျော်ရဲ့။ ကျွန်တော်တို့အားလံုး ကျောင်းပြီးသွားတော့ လင်းစစ်ကကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တယ်လေ။ သိပ်မကြာဘူး။ ရာထူးတိုးပြီးနိုင်ငံခြားအလွှတ်ခံရတယ်။ ကျွန်တော်ကတော့ စီးပွားရေး အကြံပေးအလုပ်လုပ်ပြီး ဟိုကောင်လင်းသစ်ကတော့ ဒီကျောင်းမှာကျူတာပြန်လုပ်တယ်။
          အခု ဒီကောင်လင်းစစ် နိုင်ငံခြားကနေခဏပြန်လာတုန်း။ သူငယ်ချင်းတွေ တွေ့ကြမယ်ဆိုပြီး ချိန်းလိုက်တာပဲ။”
          “မင်းတို့အကြောင်းတွေ ငါသိပါသကွာ။ လင်းသစ်ကိုတွေ့တိုင်းအမြဲမေးနေကြပဲဟာ။ အဲ… ဒါနဲ့ လင်းသစ်ရော။”
          “သူကစာသင်ချိန်တစ်ချိန်ရှိလို့ အဲဒါပြီးမှလာမယ်တဲ့ဗျ။”
          ဒီတော့မှ ဦးကျော်ကဇာတ်ရည်လည်သွားပံုဖြင့် ခေါင်းတညှိတ်ညှိတ်လုပ်သည်။
          ထိုအချိန် လင်းစစ်က ဦးကျော်ကို
          “ဒါနဲ့ထူးဆန်းတယ်။ ဦးကျော်ကျွန်တော်တို့ကိုမှတ်မိတယ်လား”
          လင်းစစ်စကားကိုကြားတော့ ဦးကျော်တစ်ယောက်ရယ်သည်။ သူရယ်တော့ နဂိုကမှေးနေသည့် သူ့မျက်လံုးများကပိုမှေးသွားပြီး ကွမ်းချိုးတက်စပြုနေသည့်သွားများက အစီအရီပေါ်လာသည်။
          “ဘယ်မေ့လိမ့်မလဲကောင်လေးတွေရာ။ ငါ့ဆိုင်နဲ့မင်းတို့သံုးယောက်ဆိုတာ အမှတ်တရတွေ အများကြီးမှအများကြီးရယ်။”
          ဦးကျော်စကားကြောင့် လင်းစစ်တစ်ယောက်ငိုင်သွားသည်။
          အမှတ်တရတွေ…။
          ဟုတ်သည်။
          အများကြီး…အများကြီးရယ်။

✽✽✽   ✽✽✽   ✽✽✽

          သူတို့တွေ တတိယနှစ်၏ဒုတိယနှစ်ဝက်ရောက်တော့ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းအကြီး အကျယ်တိုက်သည်။ တစ်ချို့နေရာတွေမှာဆို ရွာလံုးကျွတ်ရေထဲမျောပါသွားတာတွေတောင်ရှိသည်။ ကြိုတင် ပြင်ဆင်မှု အလွန်အားနည်းသည့်ကာလမို့ ပျက်စီးဆံုးရှံုးမှုအတော်များသည်။ ဒီကြားထဲသတင်းထုတ်ပြန်မှုကိုပါ ကန့်သတ်ထားသဖြင့် အခြေအနေမှန်ကိုလည်း တော်ရံုလူတွေသိပ်မသိ။
          ဒီအချိန်မှာပဲ လင်းစစ်ကသတင်းစကားတစ်ခုသယ်လာသည်။
          “မုန်တိုင်းတိုက်သွားတာ တစ်ချို့နေရာတွေမှာ အခြေအနေအတော်ဆိုးနေတယ်ဆိုပဲ”
          လင်းစစ်စကားကြောင့် သူ၊ လင်းသစ်အပြင် ဆိုင်တွင်လူမကျသည့်အချိန်မို့ ဝိုင်းထဲလာထိုင် နေသည့်ဦးကျော်ပါ ခေါင်းတွေထောင်ကုန်သည်။ (ပထမနှစ်ဝက်အချိန်အတော်များများ ဦးကျော်ဆိုင်မှာသာ ကုန်ဆံုးခဲ့သည်မို့ ဦးကျော်နှင့်က အတော်လေးကိုရင်းနှီးနေသည်။ တစ်ခါတစ်ရံဆို သူတို့၄ယောက်နှင့်အတူ ဝါသနာပါသူများစုကာ ဦးကျော်ဆိုင်ထဲမှာတင် အပွင့်လေးအခက်လေးတွေပွတ်ဖူးကြသည်။)
          ထို့နောက် လင်းစစ်ကဆက်၍
          “အဲဒီဖက်မှာရှိတဲ့ အမျိုးတွေပြောပံုအရဆို သူတို့မြို့ပေါ်မှာတောင် အိမ်အမိုးကျွတ်ထွက်တာတွေ၊ ရေကြီးတာတွေဖြစ်တယ်ဆိုတော့ တစ်ကယ်ဖြစ်တဲ့နေရာတွေမှာ အခြေအနေဘယ်လောက်ဆိုးကြမလဲ မပြော နိုင်ဘူး။”
          လင်းစ်၏နောက်ဆက်တွဲစကားက သနားစိတ်အခံရှိသည့် သူ့စိတ်ကိုဆွသည့်နှယ်။
          “ဒီတော့ တို့တွေဘယ်လိုလုပ်ကြမလဲ”
          “ငါ့သဘောကတော့ လူစည်တဲ့နေရာတွေမှာ အလှူလိုက်ခံချင်တယ်လင်းခေတ်ရာ”
          “အဲ…အဲ…ခဏနေဦး”
          လင်းသစ်ကနားမလည်သည့်ပံုဖြင့်ဝင်ဟန့်သည်။
          “အလှူခံတာတော့ဟုတ်တယ်။ ဒါပေမယ့် မြို့ထဲမှာတော့မဖြစ်ဘူးနော်လင်းစစ်”
          လင်းသစ်စကားကြောင့် သူတို့စကားဝိုင်းလေးကပြန်တိတ်ဆိတ်သွားသည်။
          လင်းသစ်ပြောတာလည်း ဟုတ်သည်။ ထိုစဥ်အချိန်တုန်းက  အုပ်ချုပ်ရေးပံုစံမှာ လူစုတာဆိုလို့ မျောက်ပွဲတောင်ခပ်ဟဟမလုပ်ရသည့်အခြေအနေ။
          “ဒီလိုလုပ်ကြမလားကောင်လေးတွေ။ အလှမ်းကျယ်လွန်းရင် အလယ်လပ်မယ်ကွာ။ မင်းတို့တွေ ဒီကျောင်းထဲမှာပဲ အလှူခံကြရင်ရော”
          တစ်ချိန်လံုးငြိမ်နေရာမှ ဝင်ပြောလိုက်သည့် ဦးကျော်စကားကြောင့် သူတို့ခေါင်းများဆတ်ခနဲ ပြန်မတ်လာကြသည်။
          “မြို့တွင်းလောက် လူသွားလူလာမများပေမယ့် ကျောင်းကလည်းကျောင်းအလျောက်တော့ လူရှိ ပါတယ်။
          နောက်ပြီး ဆရာမတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ညှိပြီး မင်းတို့တစ်တန်းဝင်တစ်တန်းထွက် အလှူခံချင်လည်း ခံလို့ရတယ်ကွာ။ ဒါမှမဟုတ် တယောထိုး၊ ဂစ်တာတီး၊ သီချင်းဆိုပြီး အလှူခံချင်ရင်လည်း ငါ့ဆိုင်တစ်ဆိုင်လံုးရှိတယ်။ အရင်နေ့တွေကတောင် ငါ့ဆီကဂစ်တာတွေယူငှားပြီး မင်းတိို့သီချင်းတွေဆိုကြ သေးတာပဲမဟုတ်လား။”
          “ဟုတ်တယ်။ ဟုတ်တယ်။”
          “ဦးကျော်အကြံကောင်းတယ်။”
          လင်းခေတ်ရော လင်းသစ်ရောက ဦးကျော်စကားကိုတစ်ပြိုင်တည်းထောက်ခံလိုက်သည်။
          လက်ရှိအခြေအနေအရ ဒီအကြံကသာအကောင်းဆံုးမို့ လင်းစစေ်လည်းခေါင်းညှိတ်လိုက်၏။
          “ကောင်းပြီ။ ဒါဆို တို့တွေမနက်ဖြန်စကြမယ်။”
          အစကတည်းက စိတ်တူကိုယ်တူသူငယ်ချင်းတွေမို့ နှစ်ခါပြောစရာမလို။ ၃ယောက်သား စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဆံုးဖြတ်ချက်ချလိုက်သည်။
          ဦးကျော်ကတော့ သူ့အကြံကြောင့် အကျိုးရှိသည့်အလုပ်တစ်ခုအထမြောက်ခဲ့ပြီမို့ သူမေးစေ့ရှိ မုတ်ဆိတ်မွှေးငုတ်တိုလေးတွေကိုစမ်းရင်း ပွေးပြံုးပြံုးနေလိုက်သည်။

✽✽✽   ✽✽✽   ✽✽✽

          “အဲဒီတုန်းက ဒီဆိုင်လေးမှာ တော်တော်ကိုစည်သွားတာနော်ဦးကျော်”
          အရင်းမရှိအဖျားမရှိရုတ်တရက်ထပြောလိုက်သည့် လင်းစစ်စကားကြောင့် ကျွန်တော်နှင့်ဦးကျော် ကြောင်တက်တက်ဖြစ်သွားသည်။
          “ဘာတုန်းဟ။ ဘယ်တုန်းကလည်း။ ဘာကိစ္စလဲ။”
          ဦးကျော်က Question markတွေပေါ်နေသည့် မျက်ဝန်းအစံုနှင့် လင်းစစ်ကိုပြန်မေးမိတော့ လင်းစစ်က ဦးကျော်ကို မေ့တတ်ရန်ကောဆိုသည့်အကြည့်ဖြင့်ကြည့်ကာ
          “မုန်တိုင်းတိုက်တုန်းကလေဗျာ။ ဟိုရေပြင်အစပ်လေးနားက ဗာဒံပင်အောက်မှာ ကျွန်တော်တို့ ၃ယောက်အလှူခံခဲ့ကြတာလေ။”
          ဒီတော့မှ ဦးကျော်တစ်ယောက် အခုမှမှတ်မိသွားဟန်ဖြင့်
          “သြော်…ဟုတ်ပြီ။ ဟုတ်ပြီ။ မှတ်မိပြီ”
          ထို့နောက် သူ့ဝသီအတိုင်းပွေးပြံုးပြံုးကာ မုတ်ဆိတ်ငုတ်တိုလေးတွေကိုစမ်းရင်း မိန့်မိန့်ကြီးပြံုးနေ လိုက်သည်။
          ၅မိနစ်လောက်ကြာတော့ သူကပဲစကာ
          “ဟား…မင်းတို့မှေျာ်နေတဲ့ပုဂ္ဂိုလ် ဟိုမှာကြွလာပါပြီဗျာ။”
          ဦးကျော်စကားကြောင့် ကျွန်တော်နှင့်လင်းစစ်တို့ နောက်ကိုလှည့်ကြည့်မိတော့ ဣနြေ္ဒရစွာ လမ်းလှေျာက်လာသော လင်းသစ်ကိုတွေ့လိုက်ရသည်။
          လည်ကတံုးအကျီင်္အဖြူ၊ အပြာရောင်အကွက်စိပ်ပုဆိုးနှင့်လင်းသစ်က ငယ်စဥ်ကလိုရှင်းသန့်နုဖတ် နေဆဲသာ။ မျက်နှာပေါ်တွင်တပ်ဆင်ထားသည့်မျက်မှန်၊ သေသပ်စွာဖြီးထားသည့်ဆံပင်တို့က ကျူတာဆိုသော ဂုဏ်ပုဒ်နှင့်လိုက်ဖက်လှသည်။
          “ဟေ့ကောင်တွေ ငါ့ကိုမမြင်ဖူးလို့ငေးနေကြတာလား”
          သူငယ်ချင်းဖြစ်သူကိုငေးမောရင်း ဘယ်လောက်အတွေးနက်သွားမိသည်မသိ။ သူ စကားလှမ်း ပြောမှပဲ အသိပြန်ဝင်လာသည်။ ဘေးနားကလင်းစစ်ကိုလှည့်ကြည့်တော့ သူလည်းကိုယ့်လိုပင်။
          “အေးကွာ…ငါ့တို့ကောင်ကြီး သန့်နေခန့်နေလို့ပါဟ။”
          လင်းစစ်လှမ်းပြောသည့်စကားကြားတော့ လင်းသစ်ကနှစ်လိုစွာပြံုးပြလိုက်သည်။ ဘာစကား မှတော့ထပ်မဆို။
          အနားရောက်တော့မှ ခံုတစ်လံုးကိုဆွဲယူထိုင်ကာ
          “ရောက်တာကြာပြီလား”
          “ကြာပြီပေါ့ကိုယ်တော်ရယ်။ ကျွန်တော်မျိုးတို့စောင့်ရင်းစားလိုက်တာ ထမင်းပေါင်းတစ်ပွဲစီတောင် ကုန်ပြီ”
          လင်းစစ် အငေါ့တူးဟန်ဖြင့်ဆိုတော့ လင်းသစ်ထပ်ပြံုးပြန်သည်။
          “အေးပါကွာ။ စောင့်နေရလို့ မင်းတို့ကိုအားနာပါတယ်။
          ကဲ…ကဲ…စားလို့သောက်လို့ပြီးရင်သွားကြမယ်လေ”
          လင်းသစ်က ထကြဖို့လောဆော်တော့ လင်းစစ်ကတစ်စံုတစ်ခုကို သတိရသွားဟန်ဖြင့်
          “မင်းကရော ဘာမှမစားဘူးလား။”
          “………”
          လင်းသစ်ဘာစကားမှမဆို။
          ဘာစကားမှမဆိုသည့်အပြင် ရှက်ပြံုးကြီးပြံုးကာ ရုတ်တရက်မျက်နှာကြီးနီလာတော့ ကျွန်တော် ရောလင်းစစ်ရော ဘာမှန်းမသိသည့်မျက်လံုးတို့နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
          “သွားမေးမနေနဲ့။ ဒီကောင် ငါ့ဆိုင်မှာ လာမစားတာတောင်ကြာပြီ”
          ဦးကျော်စကားကအထူးအဆန်းမို့ သူငယ်ချင်းနှစ်ယောက်နားဆက်စွင့်နေကြသည်။ လင်းသစ် ကတော့ အရှက်သည်းလို့ကောင်းတုန်း။
          “အေးပေါ့လေ။ ထမင်းချိုင့်ထည့်လာပေးမယ့်သူရှိတော့လည်း ငါ့ဆိုင်လေးမျက်နှာငယ်ရတာပေါ့”
          ဦးကျော်က သူ့မျက်နှာကို မဲ့ရှံု့မဲ့ရှံု့လုပ်ကာပြောသည်။
          ဒီတော့မှ သူငယ်ချင်းနှစ်ယောက် သဘောပေါက်တော့သည်။
          “ဟေ့ကောင် ငါတို့ကိုပြောစမ်း။ ဘယ်သူလဲ”
          နှစ်ယောက်သားဝိုင်းမေးတော့ လင်းသစ်တစ်ယောက်ချောင်ပိတ်မိသည့်မျက်နှာထားနှင့်
          “အေးပါကွာ အေးပါ။ ငါလမ်းလှေျာက်ရင်းပြောပြပါ့မယ်။ ခုက ကျောင်းသားတွေနဲ့မို့။”
          “ရော့ ရော့ ဦးကျော်။ ထမင်းပေါင်းနှစ်ပွဲဖိုး”
          လင်းသစ်တစ်ယောက် ကျွန်တော်နှင့်လင်းသစ်တို့အမေးကိုလည်းပြန်ဖြေ၊ ဦးကျော်ကိုလည်း စကားစသပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ဆိုင်ထဲကထွက်သွားလေသည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image