မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၂ (မျဥ်းဖြောင့်တို့၏ဒိုင်ယာရီ-အပိုင်း၂)

          ကန္တင္းန္ေရာက္ၿပီ။
          သို႔ေသာ္ အရိုးစြဲေနသည့္အက်င့္ေၾကာင့္ ႀကံဳရာဆိုင္မထိုင္။ သူတို႔ေက်ာင္းသားဘဝကတည္းက ထိုင္ေနက်ျဖစ္သည့္ ဦးေက်ာ္ဆိုင္မွာသာထိုင္ျဖစ္သည္။ 
          ဦးေက်ာ္ဆိုင္ရွိ အစားအေသာက္ေတြက လက္ရာေကာင္းသလို ဆိုင္အျပင္အဆင္ကလည္း သပ္ရပ္သန္႔ရွင္းသည္။ စားပြဲထိုးေလးေတြကအစ ယဥ္ေက်းပ်ဴငွာသလို။ သြက္လက္ခ်က္ခ်ာသည္။ စားသံုးသူ ဘယ္ေလာက္မ်ားမ်ား ၾကာရွည္မေစာင့္ဆိုင္းရသည္ကလည္း ဒီဆိုင္ေလး၏ထူးျခားခ်က္။
          သို႔ေသာ္ တစ္ျခားဆိုင္မ်ားႏွင့္ လံုးဝကြဲျပားသည့္အခ်က္ကေတာ့ ဦးေက်ာ္ဆိုင္အျပင္ဖက္ရွိ ၾကာပန္းမ်ားေပါက္ေနသည့္ေရကန္၊ စံပယ္ပန္းရံုတို႔ႏွင့္အတူ ညီညီညာညာစီတန္းေနသည့္ သေျပပင္ႀကီးမ်ား ေၾကာင့္သာျဖစ္သည္။
          ခုလည္းဟိုတစ္ခ်ိန္ကအတိုင္းသာ။ အရသာ၊ ဆက္ဆံေရး၊ အျပင္အဆင္ အားလံုးကိုထိန္းထား ႏိုင္ေနဆဲပင္။
          ဒါေၾကာင့္လည္း ဆိုင္ေတြအမ်ားႀကီးရွိသည့္အနက္ ဦးေက်ာ္ဆိုင္ကိုသာ လူေတြပိုႀကိဳက္ျခင္း ျဖစ္မည္ဟု ထမင္းေပါင္းတစ္လုပ္စားရင္းေတြးလိုက္၏။ 
          ထိုစဥ္ အေနာက္ဖက္ကေပၚလာေသာ အသံၾသၾသႀကီးေၾကာင့္ အေတြးစမ်ားျပတ္ေတာက္သြား သည္။
          “ေကာင္ေလးတို႔ ဘယ္ကေနဘယ္လိုေရာက္လာၾကတာလဲကြ”
          ဒီအသံကို သူတို႔အေသအခ်ာသိသည္။ ႏွစ္ေတြအၾကာႀကီးရင္းႏွီးခဲ႔သည့္ေလသံ။
          “ဟာ…ဦးေက်ာ္။ လာ…ထိုင္ပါဦးဗ်”
          သူတို႔ႏွစ္ဦးသား ဖိတ္မႏၲကျပဳမႈေၾကာင့္ ဦးေက်ာ္ထိုင္ခံုတစ္လံုးဆြဲကာ ဝိုင္းထဲဝင္ထိုင္လိုက္သည္။
          ထို႔ေနာက္…။         
          “ကဲ…ဆိုစမ္းပါဦးကြ။ ဘယ္ကေနဘယ္လိုေပၚလာၾကတာတုန္း”
          “ဒီလိုဦးေက်ာ္ရဲ႕။ ကြၽန္ေတာ္တို႔အားလံုး ေက်ာင္းၿပီးသြားေတာ့ လင္းစစ္ကကုမၸဏီတစ္ခုမွာ အလုပ္ဝင္တယ္ေလ။ သိပ္မၾကာဘူး။ ရာထူးတိုးၿပီးႏိုင္ငံျခားအလႊတ္ခံရတယ္။ ကြၽန္ေတာ္ကေတာ့ စီးပြားေရး အႀကံေပးအလုပ္လုပ္ၿပီး ဟိုေကာင္လင္းသစ္ကေတာ့ ဒီေက်ာင္းမွာက်ဴတာျပန္လုပ္တယ္။
          အခု ဒီေကာင္လင္းစစ္ ႏိုင္ငံျခားကေနခဏျပန္လာတုန္း။ သူငယ္ခ်င္းေတြ ေတြ႔ၾကမယ္ဆိုၿပီး ခ်ိန္းလိုက္တာပဲ။”
          “မင္းတို႔အေၾကာင္းေတြ ငါသိပါသကြာ။ လင္းသစ္ကိုေတြ႔တိုင္းအၿမဲေမးေနၾကပဲဟာ။ အဲ… ဒါနဲ႔ လင္းသစ္ေရာ။”
          “သူကစာသင္ခ်ိန္တစ္ခ်ိန္ရွိလို႔ အဲဒါၿပီးမွလာမယ္တဲ႔ဗ်။”
          ဒီေတာ့မွ ဦးေက်ာ္ကဇာတ္ရည္လည္သြားပံုျဖင့္ ေခါင္းတညွိတ္ညွိတ္လုပ္သည္။
          ထိုအခ်ိန္ လင္းစစ္က ဦးေက်ာ္ကို
          “ဒါနဲ႔ထူးဆန္းတယ္။ ဦးေက်ာ္ကြၽန္ေတာ္တို႔ကိုမွတ္မိတယ္လား”
          လင္းစစ္စကားကိုၾကားေတာ့ ဦးေက်ာ္တစ္ေယာက္ရယ္သည္။ သူရယ္ေတာ့ နဂိုကေမွးေနသည့္ သူ႔မ်က္လံုးမ်ားကပိုေမွးသြားၿပီး ကြမ္းခ်ိဳးတက္စျပဳေနသည့္သြားမ်ားက အစီအရီေပၚလာသည္။
          “ဘယ္ေမ့လိမ့္မလဲေကာင္ေလးေတြရာ။ ငါ့ဆိုင္နဲ႔မင္းတို႔သံုးေယာက္ဆိုတာ အမွတ္တရေတြ အမ်ားႀကီးမွအမ်ားႀကီးရယ္။”
          ဦးေက်ာ္စကားေၾကာင့္ လင္းစစ္တစ္ေယာက္ငိုင္သြားသည္။
          အမွတ္တရေတြ…။
          ဟုတ္သည္။
          အမ်ားႀကီး…အမ်ားႀကီးရယ္။

✽✽✽   ✽✽✽   ✽✽✽

          သူတို႔ေတြ တတိယႏွစ္၏ဒုတိယႏွစ္ဝက္ေရာက္ေတာ့ ကမ္းရိုးတန္းေဒသေတြမွာ မုန္တိုင္းအႀကီး အက်ယ္တိုက္သည္။ တစ္ခ်ိဳ႕ေနရာေတြမွာဆို ရြာလံုးကြၽတ္ေရထဲေမ်ာပါသြားတာေတြေတာင္ရွိသည္။ ႀကိဳတင္ ျပင္ဆင္မႈ အလြန္အားနည္းသည့္ကာလမို႔ ပ်က္စီးဆံုးရွံဳးမႈအေတာ္မ်ားသည္။ ဒီၾကားထဲသတင္းထုတ္ျပန္မႈကိုပါ ကန္႔သတ္ထားသျဖင့္ အေျခအေနမွန္ကိုလည္း ေတာ္ရံုလူေတြသိပ္မသိ။
          ဒီအခ်ိန္မွာပဲ လင္းစစ္ကသတင္းစကားတစ္ခုသယ္လာသည္။
          “မုန္တိုင္းတိုက္သြားတာ တစ္ခ်ိဳ႕ေနရာေတြမွာ အေျခအေနအေတာ္ဆိုးေနတယ္ဆိုပဲ”
          လင္းစစ္စကားေၾကာင့္ သူ၊ လင္းသစ္အျပင္ ဆိုင္တြင္လူမက်သည့္အခ်ိန္မို႔ ဝိုင္းထဲလာထိုင္ ေနသည့္ဦးေက်ာ္ပါ ေခါင္းေတြေထာင္ကုန္သည္။ (ပထမႏွစ္ဝက္အခ်ိန္အေတာ္မ်ားမ်ား ဦးေက်ာ္ဆိုင္မွာသာ ကုန္ဆံုးခဲ႔သည္မို႔ ဦးေက်ာ္ႏွင့္က အေတာ္ေလးကိုရင္းႏွီးေနသည္။ တစ္ခါတစ္ရံဆို သူတို႔၄ေယာက္ႏွင့္အတူ ဝါသနာပါသူမ်ားစုကာ ဦးေက်ာ္ဆိုင္ထဲမွာတင္ အပြင့္ေလးအခက္ေလးေတြပြတ္ဖူးၾကသည္။)
          ထို႔ေနာက္ လင္းစစ္ကဆက္၍
          “အဲဒီဖက္မွာရွိတဲ႔ အမ်ိဳးေတြေျပာပံုအရဆို သူတို႔ၿမိဳ႕ေပၚမွာေတာင္ အိမ္အမိုးကြၽတ္ထြက္တာေတြ၊ ေရႀကီးတာေတြျဖစ္တယ္ဆိုေတာ့ တစ္ကယ္ျဖစ္တဲ႔ေနရာေတြမွာ အေျခအေနဘယ္ေလာက္ဆိုးၾကမလဲ မေျပာ ႏိုင္ဘူး။”
          လင္းစ္၏ေနာက္ဆက္တြဲစကားက သနားစိတ္အခံရွိသည့္ သူ႔စိတ္ကိုဆြသည့္ႏွယ္။
          “ဒီေတာ့ တို႔ေတြဘယ္လိုလုပ္ၾကမလဲ”
          “ငါ့သေဘာကေတာ့ လူစည္တဲ႔ေနရာေတြမွာ အလွဴလိုက္ခံခ်င္တယ္လင္းေခတ္ရာ”
          “အဲ…အဲ…ခဏေနဦး”
          လင္းသစ္ကနားမလည္သည့္ပံုျဖင့္ဝင္ဟန္႔သည္။
          “အလွဴခံတာေတာ့ဟုတ္တယ္။ ဒါေပမယ့္ ၿမိဳ႕ထဲမွာေတာ့မျဖစ္ဘူးေနာ္လင္းစစ္”
          လင္းသစ္စကားေၾကာင့္ သူတို႔စကားဝိုင္းေလးကျပန္တိတ္ဆိတ္သြားသည္။
          လင္းသစ္ေျပာတာလည္း ဟုတ္သည္။ ထိုစဥ္အခ်ိန္တုန္းက  အုပ္ခ်ဳပ္ေရးပံုစံမွာ လူစုတာဆိုလို႔ ေမ်ာက္ပြဲေတာင္ခပ္ဟဟမလုပ္ရသည့္အေျခအေန။
          “ဒီလိုလုပ္ၾကမလားေကာင္ေလးေတြ။ အလွမ္းက်ယ္လြန္းရင္ အလယ္လပ္မယ္ကြာ။ မင္းတို႔ေတြ ဒီေက်ာင္းထဲမွာပဲ အလွဴခံၾကရင္ေရာ”
          တစ္ခ်ိန္လံုးၿငိမ္ေနရာမွ ဝင္ေျပာလိုက္သည့္ ဦးေက်ာ္စကားေၾကာင့္ သူတို႔ေခါင္းမ်ားဆတ္ခနဲ ျပန္မတ္လာၾကသည္။
          “ၿမိဳ႕တြင္းေလာက္ လူသြားလူလာမမ်ားေပမယ့္ ေက်ာင္းကလည္းေက်ာင္းအေလ်ာက္ေတာ့ လူရွိ ပါတယ္။
          ေနာက္ၿပီး ဆရာမေတြ၊ ေက်ာင္းသားသမဂၢေတြနဲ႔ညွိၿပီး မင္းတို႔တစ္တန္းဝင္တစ္တန္းထြက္ အလွဴခံခ်င္လည္း ခံလို႔ရတယ္ကြာ။ ဒါမွမဟုတ္ တေယာထိုး၊ ဂစ္တာတီး၊ သီခ်င္းဆိုၿပီး အလွဴခံခ်င္ရင္လည္း ငါ့ဆိုင္တစ္ဆိုင္လံုးရွိတယ္။ အရင္ေန႔ေတြကေတာင္ ငါ့ဆီကဂစ္တာေတြယူငွားၿပီး မင္းတိုိ႔သီခ်င္းေတြဆိုၾက ေသးတာပဲမဟုတ္လား။”
          “ဟုတ္တယ္။ ဟုတ္တယ္။”
          “ဦးေက်ာ္အႀကံေကာင္းတယ္။”
          လင္းေခတ္ေရာ လင္းသစ္ေရာက ဦးေက်ာ္စကားကိုတစ္ၿပိဳင္တည္းေထာက္ခံလိုက္သည္။
          လက္ရွိအေျခအေနအရ ဒီအႀကံကသာအေကာင္းဆံုးမို႔ လင္းစေစ္လည္းေခါင္းညွိတ္လိုက္၏။
          “ေကာင္းၿပီ။ ဒါဆို တို႔ေတြမနက္ျဖန္စၾကမယ္။”
          အစကတည္းက စိတ္တူကိုယ္တူသူငယ္ခ်င္းေတြမို႔ ႏွစ္ခါေျပာစရာမလို။ ၃ေယာက္သား စိတ္လႈပ္ရွားတက္ႂကြစြာျဖင့္ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။
          ဦးေက်ာ္ကေတာ့ သူ႔အႀကံေၾကာင့္ အက်ိဳးရွိသည့္အလုပ္တစ္ခုအထေျမာက္ခဲ႔ၿပီမို႔ သူေမးေစ့ရွိ မုတ္ဆိတ္ေမႊးငုတ္တိုေလးေတြကိုစမ္းရင္း ေပြးၿပံဳးၿပံဳးေနလိုက္သည္။

✽✽✽   ✽✽✽   ✽✽✽
          “အဲဒီတုန္းက ဒီဆိုင္ေလးမွာ ေတာ္ေတာ္ကိုစည္သြားတာေနာ္ဦးေက်ာ္”
          အရင္းမရွိအဖ်ားမရွိရုတ္တရက္ထေျပာလိုက္သည့္ လင္းစစ္စကားေၾကာင့္ ကြ်န္ေတာ္ႏွင့္ဦးေက်ာ္ ေၾကာင္တက္တက္ျဖစ္သြားသည္။
          “ဘာတုန္းဟ။ ဘယ္တုန္းကလည္း။ ဘာကိစၥလဲ။”
          ဦးေက်ာ္က Question markေတြေပၚေနသည့္ မ်က္ဝန္းအစံုႏွင့္ လင္းစစ္ကိုျပန္ေမးမိေတာ့ လင္းစစ္က ဦးေက်ာ္ကို ေမ့တတ္ရန္ေကာဆိုသည့္အၾကည့္ျဖင့္ၾကည့္ကာ
          “မုန္တိုင္းတိုက္တုန္းကေလဗ်ာ။ ဟိုေရျပင္အစပ္ေလးနားက ဗာဒံပင္ေအာက္မွာ ကြၽန္ေတာ္တို႔ ၃ေယာက္အလွဴခံခဲ႔ၾကတာေလ။”
          ဒီေတာ့မွ ဦးေက်ာ္တစ္ေယာက္ အခုမွမွတ္မိသြားဟန္ျဖင့္
          “ေၾသာ္…ဟုတ္ၿပီ။ ဟုတ္ၿပီ။ မွတ္မိၿပီ”
          ထို႔ေနာက္ သူ႔ဝသီအတိုင္းေပြးၿပံဳးၿပံဳးကာ မုတ္ဆိတ္ငုတ္တိုေလးေတြကိုစမ္းရင္း မိန္႔မိန္႔ႀကီးၿပံဳးေန လိုက္သည္။
          ၅မိနစ္ေလာက္ၾကာေတာ့ သူကပဲစကာ
          “ဟား…မင္းတို႔ေမွ်ာ္ေနတဲ႔ပုဂၢိဳလ္ ဟိုမွာႂကြလာပါၿပီဗ်ာ။”
          ဦးေက်ာ္စကားေၾကာင့္ ကြၽန္ေတာ္ႏွင့္လင္းစစ္တို႔ ေနာက္ကိုလွည့္ၾကည့္မိေတာ့ ဣေႁႏၵရစြာ လမ္းေလွ်ာက္လာေသာ လင္းသစ္ကိုေတြ႔လိုက္ရသည္။
          လည္ကတံုးအက်ီၤအျဖဴ၊ အျပာေရာင္အကြက္စိပ္ပုဆိုးႏွင့္လင္းသစ္က ငယ္စဥ္ကလိုရွင္းသန္႔ႏုဖတ္ ေနဆဲသာ။ မ်က္ႏွာေပၚတြင္တပ္ဆင္ထားသည့္မ်က္မွန္၊ ေသသပ္စြာၿဖီးထားသည့္ဆံပင္တို႔က က်ဴတာဆိုေသာ ဂုဏ္ပုဒ္ႏွင့္လိုက္ဖက္လွသည္။
          “ေဟ့ေကာင္ေတြ ငါ့ကိုမျမင္ဖူးလို႔ေငးေနၾကတာလား”
          သူငယ္ခ်င္းျဖစ္သူကိုေငးေမာရင္း ဘယ္ေလာက္အေတြးနက္သြားမိသည္မသိ။ သူ စကားလွမ္း ေျပာမွပဲ အသိျပန္ဝင္လာသည္။ ေဘးနားကလင္းစစ္ကိုလွည့္ၾကည့္ေတာ့ သူလည္းကိုယ့္လိုပင္။
          “ေအးကြာ…ငါ့တို႔ေကာင္ႀကီး သန္႔ေနခန္႔ေနလို႔ပါဟ။”
          လင္းစစ္လွမ္းေျပာသည့္စကားၾကားေတာ့ လင္းသစ္ကႏွစ္လိုစြာၿပံဳးျပလိုက္သည္။ ဘာစကား မွေတာ့ထပ္မဆို။
          အနားေရာက္ေတာ့မွ ခံုတစ္လံုးကုိဆြဲယူထိုင္ကာ
          “ေရာက္တာၾကာၿပီလား”
          “ၾကာၿပီေပါ့ကိုယ္ေတာ္ရယ္။ ကြၽန္ေတာ္မ်ိဳးတို႔ေစာင့္ရင္းစားလိုက္တာ ထမင္းေပါင္းတစ္ပြဲစီေတာင္ ကုန္ၿပီ”
          လင္းစစ္ အေငါ့တူးဟန္ျဖင့္ဆိုေတာ့ လင္းသစ္ထပ္ၿပံဳးျပန္သည္။
          “ေအးပါကြာ။ ေစာင့္ေနရလို႔ မင္းတို႔ကိုအားနာပါတယ္။
          ကဲ…ကဲ…စားလို႔ေသာက္လို႔ၿပီးရင္သြားၾကမယ္ေလ”
          လင္းသစ္က ထၾကဖို႔ေလာေဆာ္ေတာ့ လင္းစစ္ကတစ္စံုတစ္ခုကို သတိရသြားဟန္ျဖင့္
          “မင္းကေရာ ဘာမွမစားဘူးလား။”
          “………”
          လင္းသစ္ဘာစကားမွမဆို။
          ဘာစကားမွမဆိုသည့္အျပင္ ရွက္ၿပံဳးႀကီးၿပံဳးကာ ရုတ္တရက္မ်က္ႏွာႀကီးနီလာေတာ့ ကြၽန္ေတာ္ ေရာလင္းစစ္ေရာ ဘာမွန္းမသိသည့္မ်က္လံုးတို႔ႏွင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိၾကသည္။
          “သြားေမးမေနနဲ႔။ ဒီေကာင္ ငါ့ဆိုင္မွာ လာမစားတာေတာင္ၾကာၿပီ”
          ဦးေက်ာ္စကားကအထူးအဆန္းမို႔ သူငယ္ခ်င္းႏွစ္ေယာက္နားဆက္စြင့္ေနၾကသည္။ လင္းသစ္ ကေတာ့ အရွက္သည္းလို႔ေကာင္းတုန္း။
          “ေအးေပါ့ေလ။ ထမင္းခ်ိဳင့္ထည့္လာေပးမယ့္သူရွိေတာ့လည္း ငါ့ဆိုင္ေလးမ်က္ႏွာငယ္ရတာေပါ့”
          ဦးေက်ာ္က သူ႔မ်က္ႏွာကို မဲ႔ရွံဳ႕မဲ႔ရွံဳ႕လုပ္ကာေျပာသည္။
          ဒီေတာ့မွ သူငယ္ခ်င္းႏွစ္ေယာက္ သေဘာေပါက္ေတာ့သည္။
          “ေဟ့ေကာင္ ငါတို႔ကိုေျပာစမ္း။ ဘယ္သူလဲ”
          ႏွစ္ေယာက္သားဝိုင္းေမးေတာ့ လင္းသစ္တစ္ေယာက္ေခ်ာင္ပိတ္မိသည့္မ်က္ႏွာထားႏွင့္
          “ေအးပါကြာ ေအးပါ။ ငါလမ္းေလွ်ာက္ရင္းေျပာျပပါ့မယ္။ ခုက ေက်ာင္းသားေတြနဲ႔မို႔။”
          “ေရာ႔ ေရာ႔ ဦးေက်ာ္။ ထမင္းေပါင္းႏွစ္ပြဲဖိုး”
          လင္းသစ္တစ္ေယာက္ ကြၽန္ေတာ္ႏွင့္လင္းသစ္တို႔အေမးကိုလည္းျပန္ေျဖ၊ ဦးေက်ာ္ကိုလည္း စကားစသပ္ကာ ရွက္ကိုးရွက္ကန္းျဖင့္ ဆိုင္ထဲကထြက္သြားေလသည္။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          ကန်တင်းန်ရောက်ပြီ။
          သို့သော် အရိုးစွဲနေသည့်အကျင့်ကြောင့် ကြံုရာဆိုင်မထိုင်။ သူတို့ကျောင်းသားဘဝကတည်းက ထိုင်နေကျဖြစ်သည့် ဦးကျော်ဆိုင်မှာသာထိုင်ဖြစ်သည်။ 
          ဦးကျော်ဆိုင်ရှိ အစားအသောက်တွေက လက်ရာကောင်းသလို ဆိုင်အပြင်အဆင်ကလည်း သပ်ရပ်သန့်ရှင်းသည်။ စားပွဲထိုးလေးတွေကအစ ယဥ်ကျေးပျူငှာသလို။ သွက်လက်ချက်ချာသည်။ စားသံုးသူ ဘယ်လောက်များများ ကြာရှည်မစောင့်ဆိုင်းရသည်ကလည်း ဒီဆိုင်လေး၏ထူးခြားချက်။
          သို့သော် တစ်ခြားဆိုင်များနှင့် လံုးဝကွဲပြားသည့်အချက်ကတော့ ဦးကျော်ဆိုင်အပြင်ဖက်ရှိ ကြာပန်းများပေါက်နေသည့်ရေကန်၊ စံပယ်ပန်းရံုတို့နှင့်အတူ ညီညီညာညာစီတန်းနေသည့် သပြေပင်ကြီးများ ကြောင့်သာဖြစ်သည်။
          ခုလည်းဟိုတစ်ချိန်ကအတိုင်းသာ။ အရသာ၊ ဆက်ဆံရေး၊ အပြင်အဆင် အားလံုးကိုထိန်းထား နိုင်နေဆဲပင်။
          ဒါကြောင့်လည်း ဆိုင်တွေအများကြီးရှိသည့်အနက် ဦးကျော်ဆိုင်ကိုသာ လူတွေပိုကြိုက်ခြင်း ဖြစ်မည်ဟု ထမင်းပေါင်းတစ်လုပ်စားရင်းတွေးလိုက်၏။ 
          ထိုစဥ် အနောက်ဖက်ကပေါ်လာသော အသံသြသြကြီးကြောင့် အတွေးစများပြတ်တောက်သွား သည်။
          “ကောင်လေးတို့ ဘယ်ကနေဘယ်လိုရောက်လာကြတာလဲကွ”
          ဒီအသံကို သူတို့အသေအချာသိသည်။ နှစ်တွေအကြာကြီးရင်းနှီးခဲ့သည့်လေသံ။
          “ဟာ…ဦးကျော်။ လာ…ထိုင်ပါဦးဗျ”
          သူတို့နှစ်ဦးသား ဖိတ်မန္တကပြုမှုကြောင့် ဦးကျော်ထိုင်ခံုတစ်လံုးဆွဲကာ ဝိုင်းထဲဝင်ထိုင်လိုက်သည်။
          ထို့နောက်…။         
          “ကဲ…ဆိုစမ်းပါဦးကွ။ ဘယ်ကနေဘယ်လိုပေါ်လာကြတာတုန်း”
          “ဒီလိုဦးကျော်ရဲ့။ ကျွန်တော်တို့အားလံုး ကျောင်းပြီးသွားတော့ လင်းစစ်ကကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တယ်လေ။ သိပ်မကြာဘူး။ ရာထူးတိုးပြီးနိုင်ငံခြားအလွှတ်ခံရတယ်။ ကျွန်တော်ကတော့ စီးပွားရေး အကြံပေးအလုပ်လုပ်ပြီး ဟိုကောင်လင်းသစ်ကတော့ ဒီကျောင်းမှာကျူတာပြန်လုပ်တယ်။
          အခု ဒီကောင်လင်းစစ် နိုင်ငံခြားကနေခဏပြန်လာတုန်း။ သူငယ်ချင်းတွေ တွေ့ကြမယ်ဆိုပြီး ချိန်းလိုက်တာပဲ။”
          “မင်းတို့အကြောင်းတွေ ငါသိပါသကွာ။ လင်းသစ်ကိုတွေ့တိုင်းအမြဲမေးနေကြပဲဟာ။ အဲ… ဒါနဲ့ လင်းသစ်ရော။”
          “သူကစာသင်ချိန်တစ်ချိန်ရှိလို့ အဲဒါပြီးမှလာမယ်တဲ့ဗျ။”
          ဒီတော့မှ ဦးကျော်ကဇာတ်ရည်လည်သွားပံုဖြင့် ခေါင်းတညှိတ်ညှိတ်လုပ်သည်။
          ထိုအချိန် လင်းစစ်က ဦးကျော်ကို
          “ဒါနဲ့ထူးဆန်းတယ်။ ဦးကျော်ကျွန်တော်တို့ကိုမှတ်မိတယ်လား”
          လင်းစစ်စကားကိုကြားတော့ ဦးကျော်တစ်ယောက်ရယ်သည်။ သူရယ်တော့ နဂိုကမှေးနေသည့် သူ့မျက်လံုးများကပိုမှေးသွားပြီး ကွမ်းချိုးတက်စပြုနေသည့်သွားများက အစီအရီပေါ်လာသည်။
          “ဘယ်မေ့လိမ့်မလဲကောင်လေးတွေရာ။ ငါ့ဆိုင်နဲ့မင်းတို့သံုးယောက်ဆိုတာ အမှတ်တရတွေ အများကြီးမှအများကြီးရယ်။”
          ဦးကျော်စကားကြောင့် လင်းစစ်တစ်ယောက်ငိုင်သွားသည်။
          အမှတ်တရတွေ…။
          ဟုတ်သည်။
          အများကြီး…အများကြီးရယ်။

✽✽✽   ✽✽✽   ✽✽✽

          သူတို့တွေ တတိယနှစ်၏ဒုတိယနှစ်ဝက်ရောက်တော့ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းအကြီး အကျယ်တိုက်သည်။ တစ်ချို့နေရာတွေမှာဆို ရွာလံုးကျွတ်ရေထဲမျောပါသွားတာတွေတောင်ရှိသည်။ ကြိုတင် ပြင်ဆင်မှု အလွန်အားနည်းသည့်ကာလမို့ ပျက်စီးဆံုးရှံုးမှုအတော်များသည်။ ဒီကြားထဲသတင်းထုတ်ပြန်မှုကိုပါ ကန့်သတ်ထားသဖြင့် အခြေအနေမှန်ကိုလည်း တော်ရံုလူတွေသိပ်မသိ။
          ဒီအချိန်မှာပဲ လင်းစစ်ကသတင်းစကားတစ်ခုသယ်လာသည်။
          “မုန်တိုင်းတိုက်သွားတာ တစ်ချို့နေရာတွေမှာ အခြေအနေအတော်ဆိုးနေတယ်ဆိုပဲ”
          လင်းစစ်စကားကြောင့် သူ၊ လင်းသစ်အပြင် ဆိုင်တွင်လူမကျသည့်အချိန်မို့ ဝိုင်းထဲလာထိုင် နေသည့်ဦးကျော်ပါ ခေါင်းတွေထောင်ကုန်သည်။ (ပထမနှစ်ဝက်အချိန်အတော်များများ ဦးကျော်ဆိုင်မှာသာ ကုန်ဆံုးခဲ့သည်မို့ ဦးကျော်နှင့်က အတော်လေးကိုရင်းနှီးနေသည်။ တစ်ခါတစ်ရံဆို သူတို့၄ယောက်နှင့်အတူ ဝါသနာပါသူများစုကာ ဦးကျော်ဆိုင်ထဲမှာတင် အပွင့်လေးအခက်လေးတွေပွတ်ဖူးကြသည်။)
          ထို့နောက် လင်းစစ်ကဆက်၍
          “အဲဒီဖက်မှာရှိတဲ့ အမျိုးတွေပြောပံုအရဆို သူတို့မြို့ပေါ်မှာတောင် အိမ်အမိုးကျွတ်ထွက်တာတွေ၊ ရေကြီးတာတွေဖြစ်တယ်ဆိုတော့ တစ်ကယ်ဖြစ်တဲ့နေရာတွေမှာ အခြေအနေဘယ်လောက်ဆိုးကြမလဲ မပြော နိုင်ဘူး။”
          လင်းစ်၏နောက်ဆက်တွဲစကားက သနားစိတ်အခံရှိသည့် သူ့စိတ်ကိုဆွသည့်နှယ်။
          “ဒီတော့ တို့တွေဘယ်လိုလုပ်ကြမလဲ”
          “ငါ့သဘောကတော့ လူစည်တဲ့နေရာတွေမှာ အလှူလိုက်ခံချင်တယ်လင်းခေတ်ရာ”
          “အဲ…အဲ…ခဏနေဦး”
          လင်းသစ်ကနားမလည်သည့်ပံုဖြင့်ဝင်ဟန့်သည်။
          “အလှူခံတာတော့ဟုတ်တယ်။ ဒါပေမယ့် မြို့ထဲမှာတော့မဖြစ်ဘူးနော်လင်းစစ်”
          လင်းသစ်စကားကြောင့် သူတို့စကားဝိုင်းလေးကပြန်တိတ်ဆိတ်သွားသည်။
          လင်းသစ်ပြောတာလည်း ဟုတ်သည်။ ထိုစဥ်အချိန်တုန်းက  အုပ်ချုပ်ရေးပံုစံမှာ လူစုတာဆိုလို့ မျောက်ပွဲတောင်ခပ်ဟဟမလုပ်ရသည့်အခြေအနေ။
          “ဒီလိုလုပ်ကြမလားကောင်လေးတွေ။ အလှမ်းကျယ်လွန်းရင် အလယ်လပ်မယ်ကွာ။ မင်းတို့တွေ ဒီကျောင်းထဲမှာပဲ အလှူခံကြရင်ရော”
          တစ်ချိန်လံုးငြိမ်နေရာမှ ဝင်ပြောလိုက်သည့် ဦးကျော်စကားကြောင့် သူတို့ခေါင်းများဆတ်ခနဲ ပြန်မတ်လာကြသည်။
          “မြို့တွင်းလောက် လူသွားလူလာမများပေမယ့် ကျောင်းကလည်းကျောင်းအလျောက်တော့ လူရှိ ပါတယ်။
          နောက်ပြီး ဆရာမတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ညှိပြီး မင်းတို့တစ်တန်းဝင်တစ်တန်းထွက် အလှူခံချင်လည်း ခံလို့ရတယ်ကွာ။ ဒါမှမဟုတ် တယောထိုး၊ ဂစ်တာတီး၊ သီချင်းဆိုပြီး အလှူခံချင်ရင်လည်း ငါ့ဆိုင်တစ်ဆိုင်လံုးရှိတယ်။ အရင်နေ့တွေကတောင် ငါ့ဆီကဂစ်တာတွေယူငှားပြီး မင်းတိို့သီချင်းတွေဆိုကြ သေးတာပဲမဟုတ်လား။”
          “ဟုတ်တယ်။ ဟုတ်တယ်။”
          “ဦးကျော်အကြံကောင်းတယ်။”
          လင်းခေတ်ရော လင်းသစ်ရောက ဦးကျော်စကားကိုတစ်ပြိုင်တည်းထောက်ခံလိုက်သည်။
          လက်ရှိအခြေအနေအရ ဒီအကြံကသာအကောင်းဆံုးမို့ လင်းစစေ်လည်းခေါင်းညှိတ်လိုက်၏။
          “ကောင်းပြီ။ ဒါဆို တို့တွေမနက်ဖြန်စကြမယ်။”
          အစကတည်းက စိတ်တူကိုယ်တူသူငယ်ချင်းတွေမို့ နှစ်ခါပြောစရာမလို။ ၃ယောက်သား စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဆံုးဖြတ်ချက်ချလိုက်သည်။
          ဦးကျော်ကတော့ သူ့အကြံကြောင့် အကျိုးရှိသည့်အလုပ်တစ်ခုအထမြောက်ခဲ့ပြီမို့ သူမေးစေ့ရှိ မုတ်ဆိတ်မွှေးငုတ်တိုလေးတွေကိုစမ်းရင်း ပွေးပြံုးပြံုးနေလိုက်သည်။

✽✽✽   ✽✽✽   ✽✽✽

          “အဲဒီတုန်းက ဒီဆိုင်လေးမှာ တော်တော်ကိုစည်သွားတာနော်ဦးကျော်”
          အရင်းမရှိအဖျားမရှိရုတ်တရက်ထပြောလိုက်သည့် လင်းစစ်စကားကြောင့် ကျွန်တော်နှင့်ဦးကျော် ကြောင်တက်တက်ဖြစ်သွားသည်။
          “ဘာတုန်းဟ။ ဘယ်တုန်းကလည်း။ ဘာကိစ္စလဲ။”
          ဦးကျော်က Question markတွေပေါ်နေသည့် မျက်ဝန်းအစံုနှင့် လင်းစစ်ကိုပြန်မေးမိတော့ လင်းစစ်က ဦးကျော်ကို မေ့တတ်ရန်ကောဆိုသည့်အကြည့်ဖြင့်ကြည့်ကာ
          “မုန်တိုင်းတိုက်တုန်းကလေဗျာ။ ဟိုရေပြင်အစပ်လေးနားက ဗာဒံပင်အောက်မှာ ကျွန်တော်တို့ ၃ယောက်အလှူခံခဲ့ကြတာလေ။”
          ဒီတော့မှ ဦးကျော်တစ်ယောက် အခုမှမှတ်မိသွားဟန်ဖြင့်
          “သြော်…ဟုတ်ပြီ။ ဟုတ်ပြီ။ မှတ်မိပြီ”
          ထို့နောက် သူ့ဝသီအတိုင်းပွေးပြံုးပြံုးကာ မုတ်ဆိတ်ငုတ်တိုလေးတွေကိုစမ်းရင်း မိန့်မိန့်ကြီးပြံုးနေ လိုက်သည်။
          ၅မိနစ်လောက်ကြာတော့ သူကပဲစကာ
          “ဟား…မင်းတို့မှေျာ်နေတဲ့ပုဂ္ဂိုလ် ဟိုမှာကြွလာပါပြီဗျာ။”
          ဦးကျော်စကားကြောင့် ကျွန်တော်နှင့်လင်းစစ်တို့ နောက်ကိုလှည့်ကြည့်မိတော့ ဣနြေ္ဒရစွာ လမ်းလှေျာက်လာသော လင်းသစ်ကိုတွေ့လိုက်ရသည်။
          လည်ကတံုးအကျီင်္အဖြူ၊ အပြာရောင်အကွက်စိပ်ပုဆိုးနှင့်လင်းသစ်က ငယ်စဥ်ကလိုရှင်းသန့်နုဖတ် နေဆဲသာ။ မျက်နှာပေါ်တွင်တပ်ဆင်ထားသည့်မျက်မှန်၊ သေသပ်စွာဖြီးထားသည့်ဆံပင်တို့က ကျူတာဆိုသော ဂုဏ်ပုဒ်နှင့်လိုက်ဖက်လှသည်။
          “ဟေ့ကောင်တွေ ငါ့ကိုမမြင်ဖူးလို့ငေးနေကြတာလား”
          သူငယ်ချင်းဖြစ်သူကိုငေးမောရင်း ဘယ်လောက်အတွေးနက်သွားမိသည်မသိ။ သူ စကားလှမ်း ပြောမှပဲ အသိပြန်ဝင်လာသည်။ ဘေးနားကလင်းစစ်ကိုလှည့်ကြည့်တော့ သူလည်းကိုယ့်လိုပင်။
          “အေးကွာ…ငါ့တို့ကောင်ကြီး သန့်နေခန့်နေလို့ပါဟ။”
          လင်းစစ်လှမ်းပြောသည့်စကားကြားတော့ လင်းသစ်ကနှစ်လိုစွာပြံုးပြလိုက်သည်။ ဘာစကား မှတော့ထပ်မဆို။
          အနားရောက်တော့မှ ခံုတစ်လံုးကိုဆွဲယူထိုင်ကာ
          “ရောက်တာကြာပြီလား”
          “ကြာပြီပေါ့ကိုယ်တော်ရယ်။ ကျွန်တော်မျိုးတို့စောင့်ရင်းစားလိုက်တာ ထမင်းပေါင်းတစ်ပွဲစီတောင် ကုန်ပြီ”
          လင်းစစ် အငေါ့တူးဟန်ဖြင့်ဆိုတော့ လင်းသစ်ထပ်ပြံုးပြန်သည်။
          “အေးပါကွာ။ စောင့်နေရလို့ မင်းတို့ကိုအားနာပါတယ်။
          ကဲ…ကဲ…စားလို့သောက်လို့ပြီးရင်သွားကြမယ်လေ”
          လင်းသစ်က ထကြဖို့လောဆော်တော့ လင်းစစ်ကတစ်စံုတစ်ခုကို သတိရသွားဟန်ဖြင့်
          “မင်းကရော ဘာမှမစားဘူးလား။”
          “………”
          လင်းသစ်ဘာစကားမှမဆို။
          ဘာစကားမှမဆိုသည့်အပြင် ရှက်ပြံုးကြီးပြံုးကာ ရုတ်တရက်မျက်နှာကြီးနီလာတော့ ကျွန်တော် ရောလင်းစစ်ရော ဘာမှန်းမသိသည့်မျက်လံုးတို့နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
          “သွားမေးမနေနဲ့။ ဒီကောင် ငါ့ဆိုင်မှာ လာမစားတာတောင်ကြာပြီ”
          ဦးကျော်စကားကအထူးအဆန်းမို့ သူငယ်ချင်းနှစ်ယောက်နားဆက်စွင့်နေကြသည်။ လင်းသစ် ကတော့ အရှက်သည်းလို့ကောင်းတုန်း။
          “အေးပေါ့လေ။ ထမင်းချိုင့်ထည့်လာပေးမယ့်သူရှိတော့လည်း ငါ့ဆိုင်လေးမျက်နှာငယ်ရတာပေါ့”
          ဦးကျော်က သူ့မျက်နှာကို မဲ့ရှံု့မဲ့ရှံု့လုပ်ကာပြောသည်။
          ဒီတော့မှ သူငယ်ချင်းနှစ်ယောက် သဘောပေါက်တော့သည်။
          “ဟေ့ကောင် ငါတို့ကိုပြောစမ်း။ ဘယ်သူလဲ”
          နှစ်ယောက်သားဝိုင်းမေးတော့ လင်းသစ်တစ်ယောက်ချောင်ပိတ်မိသည့်မျက်နှာထားနှင့်
          “အေးပါကွာ အေးပါ။ ငါလမ်းလှေျာက်ရင်းပြောပြပါ့မယ်။ ခုက ကျောင်းသားတွေနဲ့မို့။”
          “ရော့ ရော့ ဦးကျော်။ ထမင်းပေါင်းနှစ်ပွဲဖိုး”
          လင်းသစ်တစ်ယောက် ကျွန်တော်နှင့်လင်းသစ်တို့အမေးကိုလည်းပြန်ဖြေ၊ ဦးကျော်ကိုလည်း စကားစသပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ဆိုင်ထဲကထွက်သွားလေသည်။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s