မ်ဥ္းေျဖာင့္တို႔၏ဒိုင္ယာရီ-အပိုင္း၃ (မျဥ်းဖြောင့်တို့၏ဒိုင်ယာရီ-အပိုင်း၃)

          သစ္ပင္ရိပ္တို႔ႏွင့္ အံု႔မိႈင္းေနေသာလမ္းမို႔ ေန႔လည္ဆိုေပမယ့္သိပ္မပူ။ သူတို႔ငယ္စဥ္အခ်ိန္က ခပ္ေသးေသးသာရွိခဲ႔သည့္သစ္ပင္တို႔သည္ ခုေတာ့လည္းငြားငြားစြင့္စြင့္ႂကြားႂကြားဝင့္ဝင့္ႏွင့္အသြင္သ႑ာန္ေတြ ေျပာင္းေနေလၿပီ။
          ဒီလိုေတြးမိေတာ့ ကိုယ့္ကိုယ့္ကိုလည္းျပန္သံုးသပ္မိသည္။ ကြၽန္ေတာ္တို႔လည္းအနည္းႏွင့္အမ်ား ေတာ့ေျပာင္းလဲခဲ႔ၾကေလၿပီ။
          သို႔ေသာ္ အသြင္သ႑ာန္ေတြကအေရးမႀကီးပါ။
          သစ္ပင္မွန္လွ်င္ အနည္းဆံုးေတာ့ အရိပ္ေပးႏိုင္ရမည္။
          လူဘယ္ႏွေယာက္ ကိုယ့္ေၾကာင့္အေမာေျပၿပီးၿပီလဲ။ လူဘယ္ႏွေယာက္ကို အရိပ္မိုးေပးႏိုင္ခဲ႔ ၿပီလဲ။ ထိုအေၾကာင္းတရားတို႔သာ အေရးႀကီးသည္ဟု ကြၽန္ေတာ္ကေတာ့ထင္ပါသည္။
          “အဟမ္း”
          လင္းသစ္ကေခ်ာင္းတစ္ခ်က္ဟန္႔လိုက္သည္။
          ထို႔ေနာက္ အနည္းငယ္စိတ္လႈပ္ရွားေနေသာအသံျဖင့္
          “မင္းတို႔ ထားႏြယ္ကို မွတ္မိၾကေသးလား”
          ထားႏြယ္။
          မ်က္ႏွာဝိုင္းဝိုင္းအသားျဖဴျဖဴႏွင့္ ခ်စ္စရာေကာင္မေလး။ အေနေအးၿပီး အစဥ္သျဖင့္ စာအုပ္တစ္ခု မဟုတ္တစ္ခုဖတ္ေနတတ္သူ။
          “သူနဲ႔ငါက ဘာမွေတာ့မျဖစ္ေသးပါဘူးကြာ။ အခုမွအစပ်ိဳးဆဲေပါ့။”
          ထိုစကားၾကားေတာ့ လင္းစစ္တစ္ေယာက္ ငယ္စဥ္ကအက်င့္ကျပန္ေပၚလာသည္။
          မ်က္လံုးႀကီးျပဴး၊ ပါးစပ္ႀကီးၿဖဲကာ နားကိုအသားကုန္စြင့္ထားသည္။ ကြၽန္ေတာ္ကေတာ့ လင္းသစ္စကားေတြကို မၾကားတစ္ခ်က္ၾကားတစ္ခ်က္။
          “သူလည္း အခုက်ဴတာပဲေလ။ ငါနဲ႔အတူတူပဲ။ အရင္တုန္းကသိပ္မသိလို႔ ………………………”
          လင္းသစ္စကားတို႔က ကြၽန္ေတာ့္နားထဲမွာ တိုးတိမ္ေဖ်ာ့ဝင္သြားသည္။
          ထို႔ေနာက္ အတိတ္ပံုရိပ္တို႔က ပိတ္ကားေတြလို မ်က္လံုးတြင္အစီအရီ…။

✽✽✽   ✽✽✽   ✽✽✽

          ထိုေန႔က ဦးေက်ာ္ဆိုင္မွာ သူတို႔စကားေကာင္းေနၾကသည္။
          သူတို႔ဆိုသည္က သူတို႔၃ေယာက္အျပင္ သိပ္မၾကာခင္ရက္ပိုင္းကမွ ရည္းစားျဖစ္သြားၾကေသာ မူယာႏွင့္ညီလတ္တို႔ျဖစ္သည္။
          ေရာက္တက္ရာရာစကားေျပာေနၾကရင္း ဘယ္သူကအစပ်ိဳးလိုက္သည္မသိ ေက်ာင္းအပ္သည့္ ကုန္က်စရိတ္ေတြဖက္ေရာက္သြားသည္။
          စတုတၳႏွစ္ေရာက္လာၿပီမို႔ ဘာလိုလိုႏွင့္အတန္းေတြႀကီးလာၾကၿပီျဖစ္ေၾကာင္း၊ ကုန္က်စရိတ္ေတြ ကလည္း ပိုလာၿပီျဖစ္ေၾကာင္း သူတို႔ေျပာျဖစ္ေနၾကသည္။
          မူယာလည္းစကားဝိုင္းထဲ တစ္ခြန္းစႏွစ္ခြန္းစဝင္ေျပာေနရာမွ တစ္စုံတစ္ခုကိုသတိရသြားဟန္ျဖင့္ ရုတ္တရက္မ်က္ႏွာေလးအိုက်သြားသည္။
          ဒီေတာ့ ခ်စ္သူမ်က္ႏွာကို အရိပ္လိုၾကည့္ေနေသာ ညီလတ္က
          “ခ်စ္ ဘာျဖစ္လို႔မ်က္ႏွာပ်က္သြားတာလဲဟင္”
          ညီလတ္ေမးသံကိုၾကားေတာ့ မူယာကသက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ညီလတ္မ်က္ႏွာကိုတစ္ခ်က္ ၾကည့္ကာ ေခါင္းကိုခပ္ေလးေလးခါယမ္းလိုက္သည္။
          ထို႔ေနာက္ မ်က္ႏွာျပန္လႊဲကာ
          “မူယာ့သူငယ္ခ်င္း ထားႏြယ္ေၾကာင့္ပါ။”
          “ဟင္…ထားႏြယ္ေၾကာင့္…။ ထားႏြယ္က ဘာျဖစ္လို႔တဲ႔လဲ။”
          “ထားႏြယ္ရဲ႕အေဖ လူလိမ္ခံလိုက္ရတယ္။ သူလုပ္ငန္းလုပ္မယ့္ေငြေတြ အလိမ္ခံလိုက္ရတာ။ အခုသူတို႔မိသားစု အေႂကြးပတ္လည္ဝိုင္းေနၿပီ။ ထားႏြယ္လည္းေက်ာင္းထြက္ရေတာ့မယ္။ ေက်ာင္းစားရိတ္မွ မတတ္ႏိုင္ေတာ့တာ”
          မူယာ့စကားက ညီလတ္ကိုေတာ့မသိ။ သူတို႔၃ေယာက္ရင္ကို အေတာ္လႈပ္ခတ္သြားေစသည္။
          ထားႏြယ္ကို တစ္တန္းတည္းသားခ်င္းမို႔ သူတို႔ပိုသိသည္။ အေနေအးသည္။ စာေတာ္သည္။ ရည္မွန္းခ်က္ႀကီးသည္။ ဒီလိုမ်ိဳး ေလွေလွာ္ရင္းတက္က်ိဳးရမည့္အျဖစ္ကို သူတို႔လက္မခံခ်င္။
          “ဒါနဲ႔မူယာ ထားႏြယ္ဘယ္ေတာ့ေလာက္ထြက္မယ္လို႔ေျပာလဲ။”
          လင္းသစ္၏ စကားသံက အနည္းငယ္တုန္ယင္ေနသေယာင္
          “ေသေသခ်ာခ်ာေတာ့ ငါလည္းမသိဘူးလင္းသစ္ရဲ႕။ ဒီလထဲမွာဆိုတာပဲသိတယ္။”
          သူတို႔သံုးေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။ ထိုအၾကည့္ေတြထဲမွာ သူတို႔ခ်င္းသာသိသည့္ စကားေတြကေဝ့ဝဲေနသည္။

✽✽✽   ✽✽✽   ✽✽✽

          “အျဖစ္အပ်က္ကေတာ့ အဲဒါပါပဲတီခ်ယ္ရယ္။”
          သူတို႔၃ေယာက္ေျပာသည့္စကားေတြကို သူတို႔Family teacherေဒၚသီတာကနားေထာင္ရင္း ေခါင္းတဆတ္ဆတ္ညွိတ္ေနသည္။
          “ပထမကမူယာေျပာသေလာက္အေျခအေနမဆိုးဘူးထင္တာ တစ္ပတ္ေက်ာ္တဲ႔အထိ ထားႏြယ္ ေက်ာင္းလာမတက္ေတာ့မွ…”
          လင္းသစ္က ဆက္မေျပာခ်င္ေတာ့ဟန္ျဖင့္ စကားကိုျဖတ္လိုက္သည္။
          “ေအးကြယ္…။ ဒီလိုၾကားရတာ တီခ်ယ္လည္းစိတ္မေကာင္းဘူး။ ဒီေတာ့ သားတို႔ကဘယ္လို ျဖစ္ခ်င္လဲ။ တီခ်ယ္ဘာကူညီေပးရမလဲ။”
          တီခ်ယ့္စကားၾကားေတာ့ လင္းသစ္မ်က္ဝန္းေတြအေရာင္ တဖ်တ္ဖ်တ္လက္သြားသည္။
          ထို႔ေနာက္ သူငယ္ခ်င္းသံုးေယာက္တိုင္ပင္ထားသည့္အတိုင္း
          “ထားႏြယ္ရဲ႕ေက်ာင္းစားရိတ္ကို ကြၽန္ေတာ္တိ႔ုေထာက္ေပးခ်င္တယ္တီခ်ယ္”
          “ေဟ”
          “ဟုတ္တယ္တီခ်ယ္။ ကြၽန္ေတာ္တို႔က်ဴရွင္ယူတဲ႔အခါ တစ္ေယာက္၂ဘာသာစီပဲယူေတာ့မယ္။ က်န္တဲ႔၄ဘာသာဖိုးပိုက္ဆံေတြကို တီခ်ယ္ကတစ္ဆင့္ ထားႏြယ္ကိုေပးေပး။ တီခ်ယ္ေထာက္တဲ႔သေဘာမ်ိဳး နဲ႔ေပါ့။ ကြၽန္ေတာ္တို႔ေပးရင္ သူရွက္သြားမွာစိုးလို႔။”
          “ေၾသာ္…ဟုတ္ၿပီ။ တီခ်ယ္သေဘာေပါက္ၿပီ။ စိတ္မပူနဲ႔သားတို႔။ တီခ်ယ္ကူညီမယ္။ စိတ္ခ်။”
          တီခ်ယ္၏စကားသံက ဒိုင္ခံေျပာေနသူလင္းသစ္အပါအဝင္ သူတို႔အားလံုးအဖို႔အားတက္ဖြယ္ရာ။
          ထို႔ေနာက္ တီခ်ယ့္ကိုေက်းဇူးတင္စကားအထပ္ထပ္ဆိုၿပီး နားေနခန္းထဲကျပန္ထြက္လာေတာ့ သူတို႔ေျခလွမ္းအစံုက သိသိသာသာေပါ့ပါးေနသည္။
          ေသခ်ာပါသည္။
          သူတို႔တစ္ဘဝလံုး အမွတ္တရျဖစ္ေနမည့္ အလုပ္တစ္ခုကိုလုပ္ၿပီးခဲ႔ေလၿပီ။

✽✽✽   ✽✽✽   ✽✽✽

          အတိတ္ကအေၾကာင္းေတြကို ျပန္ေတြးမိေတာ့ၾကည္ႏူးရသည္။ ကြၽန္ေတာ္တို႔လုပ္ခဲ႔ၾကသည့္ အလုပ္က အကိုင္းအခက္ေတြသာမက အသီးအပြင့္ေတြပါေဝဆာေနၿပီဟုဆိုရပါမည္။ ထားႏြယ္တစ္ေယာက္ က်ဴတာပင္ျဖစ္ခဲ႔ေလၿပီမဟုတ္လား။
          “ငါ မင္းတို႔ကိုတစ္ခုေတာ့ေျပာစရာရွိတယ္ကြ။”
          လင္းသစ္က ထားႏြယ္ႏွင့္သူ႔အေၾကာင္းေျပာေနရာမွ စကားစကိုခဏျဖတ္လိုက္ၿပီး တည္ၿငိမ္စြာ ဆိုေတာ့ ကြၽန္ေတာ္ေရာ၊ လင္းစစ္ေရာ အာရံုစိုက္လိုက္သည္။
          “တစ္ျခားေတာ့မဟုတ္ပါဘူးကြာ။ တို႔ေတြ သူ႔ကိုကူညီခဲ႔တဲ႔ကိစၥကိုေတာ့ ငါေျပာမထားေသးဘူး။”
          “ကူညီခဲ႔တာ။ ဘာကူညီခဲ႔တာလဲေဟ။”
          လင္းစစ္က သံေယာင္လိုက္ရင္းျပန္ေမးသည္။
          ဒီတစ္ခါေတာ့ ေမ့တတ္ရန္ေကာဆိုသည့္အၾကည့္ျဖင့္ အၾကည့္ခံရသူကလင္းစစ္။
          “ငါတို႔ေတြ ေက်ာင္းစားရိတ္ဝိုင္းေထာက္ေပးခဲ႔တဲ႔ကိစၥေလကြာ။”
          ဒီေတာ့မွ လင္းစစ္တစ္ေယာက္ရယ္က်ဲက်ဲျဖင့္
          “ေအးကြာ…။ ငါလည္း တစ္ခ်ိဳ႕ကိစၥေတြ သိပ္မမွတ္မိေတာ့ဘူး။ အဟီး………။”
          ဘာရယ္မဟုတ္။
          ကြၽန္ေတာ္တို႔၃ေယာက္ ၿပိဳင္တူဟက္ဟက္ပက္ပက္ရယ္ျဖစ္ၾကသည္။
          လူရြယ္သံုးေယာက္၏ေျခလွမ္းတို႔က ေပါ့ပါးလတ္ဆတ္စြာ။

✽✽✽   ✽✽✽   ✽✽✽

(ဆက္ရန္)
(လင္း)
(Zawgyi)

          သစ်ပင်ရိပ်တို့နှင့် အံု့မှိုင်းနေသောလမ်းမို့ နေ့လည်ဆိုပေမယ့်သိပ်မပူ။ သူတို့ငယ်စဥ်အချိန်က ခပ်သေးသေးသာရှိခဲ့သည့်သစ်ပင်တို့သည် ခုတော့လည်းငွားငွားစွင့်စွင့်ကြွားကြွားဝင့်ဝင့်နှင့်အသွင်သဏ္ဍာန်တွေ ပြောင်းနေလေပြီ။
          ဒီလိုတွေးမိတော့ ကိုယ့်ကိုယ့်ကိုလည်းပြန်သံုးသပ်မိသည်။ ကျွန်တော်တို့လည်းအနည်းနှင့်အများ တော့ပြောင်းလဲခဲ့ကြလေပြီ။
          သို့သော် အသွင်သဏ္ဍာန်တွေကအရေးမကြီးပါ။
          သစ်ပင်မှန်လှျင် အနည်းဆံုးတော့ အရိပ်ပေးနိုင်ရမည်။
          လူဘယ်နှယောက် ကိုယ့်ကြောင့်အမောပြေပြီးပြီလဲ။ လူဘယ်နှယောက်ကို အရိပ်မိုးပေးနိုင်ခဲ့ ပြီလဲ။ ထိုအကြောင်းတရားတို့သာ အရေးကြီးသည်ဟု ကျွန်တော်ကတော့ထင်ပါသည်။
          “အဟမ်း”
          လင်းသစ်ကချောင်းတစ်ချက်ဟန့်လိုက်သည်။
          ထို့နောက် အနည်းငယ်စိတ်လှုပ်ရှားနေသောအသံဖြင့်
          “မင်းတို့ ထားနွယ်ကို မှတ်မိကြသေးလား”
          ထားနွယ်။
          မျက်နှာဝိုင်းဝိုင်းအသားဖြူဖြူနှင့် ချစ်စရာကောင်မလေး။ အနေအေးပြီး အစဥ်သဖြင့် စာအုပ်တစ်ခု မဟုတ်တစ်ခုဖတ်နေတတ်သူ။
          “သူနဲ့ငါက ဘာမှတော့မဖြစ်သေးပါဘူးကွာ။ အခုမှအစပျိုးဆဲပေါ့။”
          ထိုစကားကြားတော့ လင်းစစ်တစ်ယောက် ငယ်စဥ်ကအကျင့်ကပြန်ပေါ်လာသည်။
          မျက်လံုးကြီးပြူး၊ ပါးစပ်ကြီးဖြဲကာ နားကိုအသားကုန်စွင့်ထားသည်။ ကျွန်တော်ကတော့ လင်းသစ်စကားတွေကို မကြားတစ်ချက်ကြားတစ်ချက်။
          “သူလည်း အခုကျူတာပဲလေ။ ငါနဲ့အတူတူပဲ။ အရင်တုန်းကသိပ်မသိလို့ ………………………”
          လင်းသစ်စကားတို့က ကျွန်တော့်နားထဲမှာ တိုးတိမ်ဖျော့ဝင်သွားသည်။
          ထို့နောက် အတိတ်ပံုရိပ်တို့က ပိတ်ကားတွေလို မျက်လံုးတွင်အစီအရီ…။

✽✽✽   ✽✽✽   ✽✽✽

          ထိုနေ့က ဦးကျော်ဆိုင်မှာ သူတို့စကားကောင်းနေကြသည်။
          သူတို့ဆိုသည်က သူတို့၃ယောက်အပြင် သိပ်မကြာခင်ရက်ပိုင်းကမှ ရည်းစားဖြစ်သွားကြသော မူယာနှင့်ညီလတ်တို့ဖြစ်သည်။
          ရောက်တက်ရာရာစကားပြောနေကြရင်း ဘယ်သူကအစပျိုးလိုက်သည်မသိ ကျောင်းအပ်သည့် ကုန်ကျစရိတ်တွေဖက်ရောက်သွားသည်။
          စတုတ္ထနှစ်ရောက်လာပြီမို့ ဘာလိုလိုနှင့်အတန်းတွေကြီးလာကြပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်တွေ ကလည်း ပိုလာပြီဖြစ်ကြောင်း သူတို့ပြောဖြစ်နေကြသည်။
          မူယာလည်းစကားဝိုင်းထဲ တစ်ခွန်းစနှစ်ခွန်းစဝင်ပြောနေရာမှ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ရုတ်တရက်မျက်နှာလေးအိုကျသွားသည်။
          ဒီတော့ ချစ်သူမျက်နှာကို အရိပ်လိုကြည့်နေသော ညီလတ်က
          “ချစ် ဘာဖြစ်လို့မျက်နှာပျက်သွားတာလဲဟင်”
          ညီလတ်မေးသံကိုကြားတော့ မူယာကသက်ပြင်းတစ်ချက်ချလိုက်ပြီး ညီလတ်မျက်နှာကိုတစ်ချက် ကြည့်ကာ ခေါင်းကိုခပ်လေးလေးခါယမ်းလိုက်သည်။
          ထို့နောက် မျက်နှာပြန်လွှဲကာ
          “မူယာ့သူငယ်ချင်း ထားနွယ်ကြောင့်ပါ။”
          “ဟင်…ထားနွယ်ကြောင့်…။ ထားနွယ်က ဘာဖြစ်လို့တဲ့လဲ။”
          “ထားနွယ်ရဲ့အဖေ လူလိမ်ခံလိုက်ရတယ်။ သူလုပ်ငန်းလုပ်မယ့်ငွေတွေ အလိမ်ခံလိုက်ရတာ။ အခုသူတို့မိသားစု အကြွေးပတ်လည်ဝိုင်းနေပြီ။ ထားနွယ်လည်းကျောင်းထွက်ရတော့မယ်။ ကျောင်းစားရိတ်မှ မတတ်နိုင်တော့တာ”
          မူယာ့စကားက ညီလတ်ကိုတော့မသိ။ သူတို့၃ယောက်ရင်ကို အတော်လှုပ်ခတ်သွားစေသည်။
          ထားနွယ်ကို တစ်တန်းတည်းသားချင်းမို့ သူတို့ပိုသိသည်။ အနေအေးသည်။ စာတော်သည်။ ရည်မှန်းချက်ကြီးသည်။ ဒီလိုမျိုး လှေလှော်ရင်းတက်ကျိုးရမည့်အဖြစ်ကို သူတို့လက်မခံချင်။
          “ဒါနဲ့မူယာ ထားနွယ်ဘယ်တော့လောက်ထွက်မယ်လို့ပြောလဲ။”
          လင်းသစ်၏ စကားသံက အနည်းငယ်တုန်ယင်နေသယောင်
          “သေသေချာချာတော့ ငါလည်းမသိဘူးလင်းသစ်ရဲ့။ ဒီလထဲမှာဆိုတာပဲသိတယ်။”
          သူတို့သံုးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအကြည့်တွေထဲမှာ သူတို့ချင်းသာသိသည့် စကားတွေကဝေ့ဝဲနေသည်။

✽✽✽   ✽✽✽   ✽✽✽

          “အဖြစ်အပျက်ကတော့ အဲဒါပါပဲတီချယ်ရယ်။”
          သူတို့၃ယောက်ပြောသည့်စကားတွေကို သူတို့Family teacherဒေါ်သီတာကနားထောင်ရင်း ခေါင်းတဆတ်ဆတ်ညှိတ်နေသည်။
          “ပထမကမူယာပြောသလောက်အခြေအနေမဆိုးဘူးထင်တာ တစ်ပတ်ကျော်တဲ့အထိ ထားနွယ် ကျောင်းလာမတက်တော့မှ…”
          လင်းသစ်က ဆက်မပြောချင်တော့ဟန်ဖြင့် စကားကိုဖြတ်လိုက်သည်။
          “အေးကွယ်…။ ဒီလိုကြားရတာ တီချယ်လည်းစိတ်မကောင်းဘူး။ ဒီတော့ သားတို့ကဘယ်လို ဖြစ်ချင်လဲ။ တီချယ်ဘာကူညီပေးရမလဲ။”
          တီချယ့်စကားကြားတော့ လင်းသစ်မျက်ဝန်းတွေအရောင် တဖျတ်ဖျတ်လက်သွားသည်။
          ထို့နောက် သူငယ်ချင်းသံုးယောက်တိုင်ပင်ထားသည့်အတိုင်း
          “ထားနွယ်ရဲ့ကျောင်းစားရိတ်ကို ကျွန်တော်တိ့ုထောက်ပေးချင်တယ်တီချယ်”
          “ဟေ”
          “ဟုတ်တယ်တီချယ်။ ကျွန်တော်တို့ကျူရှင်ယူတဲ့အခါ တစ်ယောက်၂ဘာသာစီပဲယူတော့မယ်။ ကျန်တဲ့၄ဘာသာဖိုးပိုက်ဆံတွေကို တီချယ်ကတစ်ဆင့် ထားနွယ်ကိုပေးပေး။ တီချယ်ထောက်တဲ့သဘောမျိုး နဲ့ပေါ့။ ကျွန်တော်တို့ပေးရင် သူရှက်သွားမှာစိုးလို့။”
          “သြော်…ဟုတ်ပြီ။ တီချယ်သဘောပေါက်ပြီ။ စိတ်မပူနဲ့သားတို့။ တီချယ်ကူညီမယ်။ စိတ်ချ။”
          တီချယ်၏စကားသံက ဒိုင်ခံပြောနေသူလင်းသစ်အပါအဝင် သူတို့အားလံုးအဖို့အားတက်ဖွယ်ရာ။
          ထို့နောက် တီချယ့်ကိုကျေးဇူးတင်စကားအထပ်ထပ်ဆိုပြီး နားနေခန်းထဲကပြန်ထွက်လာတော့ သူတို့ခြေလှမ်းအစံုက သိသိသာသာပေါ့ပါးနေသည်။
          သေချာပါသည်။
          သူတို့တစ်ဘဝလံုး အမှတ်တရဖြစ်နေမည့် အလုပ်တစ်ခုကိုလုပ်ပြီးခဲ့လေပြီ။

✽✽✽   ✽✽✽   ✽✽✽

          အတိတ်ကအကြောင်းတွေကို ပြန်တွေးမိတော့ကြည်နူးရသည်။ ကျွန်တော်တို့လုပ်ခဲ့ကြသည့် အလုပ်က အကိုင်းအခက်တွေသာမက အသီးအပွင့်တွေပါဝေဆာနေပြီဟုဆိုရပါမည်။ ထားနွယ်တစ်ယောက် ကျူတာပင်ဖြစ်ခဲ့လေပြီမဟုတ်လား။
          “ငါ မင်းတို့ကိုတစ်ခုတော့ပြောစရာရှိတယ်ကွ။”
          လင်းသစ်က ထားနွယ်နှင့်သူ့အကြောင်းပြောနေရာမှ စကားစကိုခဏဖြတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုတော့ ကျွန်တော်ရော၊ လင်းစစ်ရော အာရံုစိုက်လိုက်သည်။
          “တစ်ခြားတော့မဟုတ်ပါဘူးကွာ။ တို့တွေ သူ့ကိုကူညီခဲ့တဲ့ကိစ္စကိုတော့ ငါပြောမထားသေးဘူး။”
          “ကူညီခဲ့တာ။ ဘာကူညီခဲ့တာလဲဟေ။”
          လင်းစစ်က သံယောင်လိုက်ရင်းပြန်မေးသည်။
          ဒီတစ်ခါတော့ မေ့တတ်ရန်ကောဆိုသည့်အကြည့်ဖြင့် အကြည့်ခံရသူကလင်းစစ်။
          “ငါတို့တွေ ကျောင်းစားရိတ်ဝိုင်းထောက်ပေးခဲ့တဲ့ကိစ္စလေကွာ။”
          ဒီတော့မှ လင်းစစ်တစ်ယောက်ရယ်ကျဲကျဲဖြင့်
          “အေးကွာ…။ ငါလည်း တစ်ချို့ကိစ္စတွေ သိပ်မမှတ်မိတော့ဘူး။ အဟီး………။”
          ဘာရယ်မဟုတ်။
          ကျွန်တော်တို့၃ယောက် ပြိုင်တူဟက်ဟက်ပက်ပက်ရယ်ဖြစ်ကြသည်။
          လူရွယ်သံုးယောက်၏ခြေလှမ်းတို့က ပေါ့ပါးလတ်ဆတ်စွာ။

✽✽✽   ✽✽✽   ✽✽✽

(ဆက်ရန်)
(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s