Monthly Archives: February 2016

စင္ဒရဲလားရြတ္တဲ႔ကဗ်ာ (စင်ဒရဲလားရွတ်တဲ့ကဗျာ)

နံရံေတြကိုေငးစိုက္ၾကည့္မိမွ
တစ္ေယာက္တည္းဆိုတာ
ပိုေသခ်ာလာတယ္။

ေပါင္မုန္႔တစ္ဖဲ႔အတြက္
အသက္ဆက္ေနသူမဟုတ္ေပမယ့္
ေမတၱာတစ္စက္ကိုေတာ့သိပ္ငတ္မြတ္ခဲ႔။
မာသာထရီဇာရဲ႕စကားတစ္ခ်ိဳ႕က
နားထဲမွာပါးပါးလ်လ်နဲ႔။

ခဏခဏလဲက်တတ္တဲ႔ကေလးငယ္ေလးမို႔
ေဖးမေပးမယ့္လက္ေတြကိုလိုတယ္။
ေက်းဇူးျပဳၿပီးပစ္မထားၾကပါနဲ႔။
ေမွာင္လာရင္ကြၽန္ေတာ္အရမ္းေၾကာက္တယ္။

(လင္း)
(Zawgyi)

နံရံတွေကိုငေးစိုက်ကြည့်မိမှ
တစ်ယောက်တည်းဆိုတာ
ပိုသေချာလာတယ်။

ပေါင်မုန့်တစ်ဖဲ့အတွက်
အသက်ဆက်နေသူမဟုတ်ပေမယ့်
မေတ္တာတစ်စက်ကိုတော့သိပ်ငတ်မွတ်ခဲ့။
မာသာထရီဇာရဲ့စကားတစ်ချို့က
နားထဲမှာပါးပါးလျလျနဲ့။

ခဏခဏလဲကျတတ်တဲ့ကလေးငယ်လေးမို့
ဖေးမပေးမယ့်လက်တွေကိုလိုတယ်။
ကျေးဇူးပြုပြီးပစ်မထားကြပါနဲ့။
မှောင်လာရင်ကျွန်တော်အရမ်းကြောက်တယ်။

(လင်း)
(Unicode)

image

Advertisements

ကြၽန္ေတာ္သိတဲ႔ စစ္ (ကျွန်တော်သိတဲ့ စစ်)

အေမွာင္ဟာ
ညီအစ္ကိုေတြကို
သူစိမ္းျပင္ျပင္ျဖစ္သြားေစတယ္။

တီဗီြသတင္းထဲက
တြဲထားတဲ႔လက္ႏွစ္ဖက္ေတြရဲ႕အေနာက္မွာ
ဝွက္ထားတဲ႔လက္နက္ေတြလည္းရွိတယ္။

ဘယ္သူေတြသိမလဲ။
စာခ်ဳပ္ေပၚကၿငိမ္းခ်မ္းေရးမွာလည္း
အေပးအယူေတြပါေနႏိုင္တာပဲ။

ဒီလိုနဲ႔………
မသန္႔ရွင္းတဲ႔လက္မွတ္သံကတစ္ခ်က္
ေနာက္တစ္ေန႔က်
ေသြးေအးတဲ႔ေသနတ္သံကတစ္ခ်က္။

အသက္ရွဴၾကည့္လိုက္ေတာ့
ေလထုထဲမွာေသြးၫွီနံ႔ေတြက
အျပည့္အသိပ္နဲ႔။

ပစ္မိန္႔ကိုဘယ္သူကမ်ားေပးခဲ႔ၾကသလဲ။
အသိဥာဏ္မဲ႔တဲ႔က်ည္တစ္ေတာင့္ဟာ
ကေလးငယ္ေတြရဲ႕အနာဂတ္ကိုပါ
မီးေလာင္တိုက္သြင္းသြားတယ္။

ေမေမေရ
အရင္ကဒီကမာၻေပၚမွာပန္းေတြပြင့္ေပမယ့္
အခုေတာ့ ေသြးေတြ ေသြးေတြ
ေစြးေစြးနီေအာင္ကိုရင့္ခဲ႔ေပါ့။

(လင္း)
(Zawgyi)

အမှောင်ဟာ
ညီအစ်ကိုတွေကို
သူစိမ်းပြင်ပြင်ဖြစ်သွားစေတယ်။

တီဗွီသတင်းထဲက
တွဲထားတဲ့လက်နှစ်ဖက်တွေရဲ့အနောက်မှာ
ဝှက်ထားတဲ့လက်နက်တွေလည်းရှိတယ်။

ဘယ်သူတွေသိမလဲ။
စာချုပ်ပေါ်ကငြိမ်းချမ်းရေးမှာလည်း
အပေးအယူတွေပါနေနိုင်တာပဲ။

ဒီလိုနဲ့………
မသန့်ရှင်းတဲ့လက်မှတ်သံကတစ်ချက်
နောက်တစ်နေ့ကျ
သွေးအေးတဲ့သေနတ်သံကတစ်ချက်။

အသက်ရှူကြည့်လိုက်တော့
လေထုထဲမှာသွေးညှီနံ့တွေက
အပြည့်အသိပ်နဲ့။

ပစ်မိန့်ကိုဘယ်သူကများပေးခဲ့ကြသလဲ။
အသိဉာဏ်မဲ့တဲ့ကျည်တစ်တောင့်ဟာ
ကလေးငယ်တွေရဲ့အနာဂတ်ကိုပါ
မီးလောင်တိုက်သွင်းသွားတယ်။

မေမေရေ
အရင်ကဒီကမ္ဘာပေါ်မှာပန်းတွေပွင့်ပေမယ့်
အခုတော့ သွေးတွေ သွေးတွေ
စွေးစွေးနီအောင်ကိုရင့်ခဲ့ပေါ့။

(လင်း)
(Zawgyi)

image

1 year anniversary

သူမႏႈတ္ခမ္းပါးပါးကို
အနမ္းတစ္ခ်ိဳ႕နဲ႔မွ်ားရင္း
ရက္ေပါင္း၃၆၅ရက္ဟာ
သစ္ရြက္တစ္ရြက္လိုျဖဳတ္ခနဲ…။

ဒီအေတာအတြင္း
ရန္ေလးနည္းနည္းျဖစ္
ႏွာေလးနည္းနည္းကစ္
(ဘာပဲျဖစ္ျဖစ္) ကိုယ့္အေပၚအခ်စ္မေလ်ာ့ခဲ႔တဲ႔အတြက္လည္း
သူမကိုေက်းဇူးတင္ရတယ္။

ေကာင္မေလးေရ
လက္ညွိဳးေလးေထာင္ မ်က္လံုးေလးျပဴး
ကင္မရာကိုခပ္ျမဴးျမဴးေလးရယ္ျပပါဦးကြယ္။
မင္းဟာ ကိုယ္နဲ႔ မ်က္ႏွာခ်င္းသိပ္ဆင္တယ္ဆိုတာ
သူငယ္ခ်င္းေတြသိေအာင္လည္းႂကြားရမယ္။

တစ္ကယ္ေတာ့
ကိုယ္ဟာ ရိုးတံနဲ႔ဓာတ္မတည့္တဲ႔စံပယ္တစ္ပြင့္ပါတာရာရယ္။
ေက်းဇူးျပဳၿပီး မင္းရင္ခြင္ထဲေသာ့ခတ္သိမ္းထားေပးစမ္းပါ။

ၾကယ္စင္ကိုမွမျမင္ခင္
ပိုးစုန္းၾကဴးေတြကသိပ္လင္းခဲ႔ပါရဲ႕တာရာ။
ေၾသာ္…ကိုယ့္ကမာၻကလည္းေမွာင္တာကိုး။

အခုေတာ့
ဒီမွာပဲကမ္းကပ္
ဒီမွာပဲစခန္းရပ္မယ္။
ေရထဲကေက်ာက္ဆူး
ဒီတစ္သက္ျပန္မႏႈတ္ေတာ့ဘူးကြယ္။

တစ္ကယ္ပါ………။
ခ်စ္သူ႔လက္နဲ႔ခ်ီးေျမွာက္ခံရသူထက္
အဘယ္သူရဲေကာင္းကပိုႀကီးျမတ္ႏိုင္မွာတဲ႔လဲ။
ကိုယ့္ရာဇဝင္ထဲကဒီေန႔ကို
ေရႊအိုေရာင္တို႔နဲ႔ႀကဲပက္လိုက္တယ္။

မွတ္မွတ္ရရပါပဲ။
စြယ္ေတာ္ပင္ေတြကလည္းေကာင္းခ်ီးေပးၾကတယ္။

(လင္း)
(Zawgyi)

သူမနှုတ်ခမ်းပါးပါးကို
အနမ်းတစ်ချို့နဲ့မျှားရင်း
ရက်ပေါင်း၃၆၅ရက်ဟာ
သစ်ရွက်တစ်ရွက်လိုဖြုတ်ခနဲ…။

ဒီအတောအတွင်း
ရန်လေးနည်းနည်းဖြစ်
နှာလေးနည်းနည်းကစ်
(ဘာပဲဖြစ်ဖြစ်) ကိုယ့်အပေါ်အချစ်မလျော့ခဲ့တဲ့အတွက်လည်း
သူမကိုကျေးဇူးတင်ရတယ်။

ကောင်မလေးရေ
လက်ညှိုးလေးထောင် မျက်လုံးလေးပြူး
ကင်မရာကိုခပ်မြူးမြူးလေးရယ်ပြပါဦးကွယ်။
မင်းဟာ ကိုယ်နဲ့ မျက်နှာချင်းသိပ်ဆင်တယ်ဆိုတာ
သူငယ်ချင်းတွေသိအောင်လည်းကြွားရမယ်။

တစ်ကယ်တော့
ကိုယ်ဟာ ရိုးတံနဲ့ဓာတ်မတည့်တဲ့စံပယ်တစ်ပွင့်ပါတာရာရယ်။
ကျေးဇူးပြုပြီး မင်းရင်ခွင်ထဲသော့ခတ်သိမ်းထားပေးစမ်းပါ။

ကြယ်စင်ကိုမှမမြင်ခင်
ပိုးစုန်းကြူးတွေကသိပ်လင်းခဲ့ပါရဲ့တာရာ။
သြော်…ကိုယ့်ကမ္ဘာကလည်းမှောင်တာကိုး။

အခုတော့
ဒီမှာပဲကမ်းကပ်
ဒီမှာပဲစခန်းရပ်မယ်။
ရေထဲကကျောက်ဆူး
ဒီတစ်သက်ပြန်မနှုတ်တော့ဘူးကွယ်။

တစ်ကယ်ပါ………။
ချစ်သူ့လက်နဲ့ချီးမြှောက်ခံရသူထက်
အဘယ်သူရဲကောင်းကပိုကြီးမြတ်နိုင်မှာတဲ့လဲ။
ကိုယ့်ရာဇဝင်ထဲကဒီနေ့ကို
ရွေှအိုရောင်တို့နဲ့ကြဲပက်လိုက်တယ်။

မှတ်မှတ်ရရပါပဲ။
စွယ်တော်ပင်တွေကလည်းကောင်းချီးပေးကြတယ်။

(လင်း)
(Unicode)

image