1 year anniversary

သူမႏႈတ္ခမ္းပါးပါးကို
အနမ္းတစ္ခ်ိဳ႕နဲ႔မွ်ားရင္း
ရက္ေပါင္း၃၆၅ရက္ဟာ
သစ္ရြက္တစ္ရြက္လိုျဖဳတ္ခနဲ…။

ဒီအေတာအတြင္း
ရန္ေလးနည္းနည္းျဖစ္
ႏွာေလးနည္းနည္းကစ္
(ဘာပဲျဖစ္ျဖစ္) ကိုယ့္အေပၚအခ်စ္မေလ်ာ့ခဲ႔တဲ႔အတြက္လည္း
သူမကိုေက်းဇူးတင္ရတယ္။

ေကာင္မေလးေရ
လက္ညွိဳးေလးေထာင္ မ်က္လံုးေလးျပဴး
ကင္မရာကိုခပ္ျမဴးျမဴးေလးရယ္ျပပါဦးကြယ္။
မင္းဟာ ကိုယ္နဲ႔ မ်က္ႏွာခ်င္းသိပ္ဆင္တယ္ဆိုတာ
သူငယ္ခ်င္းေတြသိေအာင္လည္းႂကြားရမယ္။

တစ္ကယ္ေတာ့
ကိုယ္ဟာ ရိုးတံနဲ႔ဓာတ္မတည့္တဲ႔စံပယ္တစ္ပြင့္ပါတာရာရယ္။
ေက်းဇူးျပဳၿပီး မင္းရင္ခြင္ထဲေသာ့ခတ္သိမ္းထားေပးစမ္းပါ။

ၾကယ္စင္ကိုမွမျမင္ခင္
ပိုးစုန္းၾကဴးေတြကသိပ္လင္းခဲ႔ပါရဲ႕တာရာ။
ေၾသာ္…ကိုယ့္ကမာၻကလည္းေမွာင္တာကိုး။

အခုေတာ့
ဒီမွာပဲကမ္းကပ္
ဒီမွာပဲစခန္းရပ္မယ္။
ေရထဲကေက်ာက္ဆူး
ဒီတစ္သက္ျပန္မႏႈတ္ေတာ့ဘူးကြယ္။

တစ္ကယ္ပါ………။
ခ်စ္သူ႔လက္နဲ႔ခ်ီးေျမွာက္ခံရသူထက္
အဘယ္သူရဲေကာင္းကပိုႀကီးျမတ္ႏိုင္မွာတဲ႔လဲ။
ကိုယ့္ရာဇဝင္ထဲကဒီေန႔ကို
ေရႊအိုေရာင္တို႔နဲ႔ႀကဲပက္လိုက္တယ္။

မွတ္မွတ္ရရပါပဲ။
စြယ္ေတာ္ပင္ေတြကလည္းေကာင္းခ်ီးေပးၾကတယ္။

(လင္း)
(Zawgyi)

သူမနှုတ်ခမ်းပါးပါးကို
အနမ်းတစ်ချို့နဲ့မျှားရင်း
ရက်ပေါင်း၃၆၅ရက်ဟာ
သစ်ရွက်တစ်ရွက်လိုဖြုတ်ခနဲ…။

ဒီအတောအတွင်း
ရန်လေးနည်းနည်းဖြစ်
နှာလေးနည်းနည်းကစ်
(ဘာပဲဖြစ်ဖြစ်) ကိုယ့်အပေါ်အချစ်မလျော့ခဲ့တဲ့အတွက်လည်း
သူမကိုကျေးဇူးတင်ရတယ်။

ကောင်မလေးရေ
လက်ညှိုးလေးထောင် မျက်လုံးလေးပြူး
ကင်မရာကိုခပ်မြူးမြူးလေးရယ်ပြပါဦးကွယ်။
မင်းဟာ ကိုယ်နဲ့ မျက်နှာချင်းသိပ်ဆင်တယ်ဆိုတာ
သူငယ်ချင်းတွေသိအောင်လည်းကြွားရမယ်။

တစ်ကယ်တော့
ကိုယ်ဟာ ရိုးတံနဲ့ဓာတ်မတည့်တဲ့စံပယ်တစ်ပွင့်ပါတာရာရယ်။
ကျေးဇူးပြုပြီး မင်းရင်ခွင်ထဲသော့ခတ်သိမ်းထားပေးစမ်းပါ။

ကြယ်စင်ကိုမှမမြင်ခင်
ပိုးစုန်းကြူးတွေကသိပ်လင်းခဲ့ပါရဲ့တာရာ။
သြော်…ကိုယ့်ကမ္ဘာကလည်းမှောင်တာကိုး။

အခုတော့
ဒီမှာပဲကမ်းကပ်
ဒီမှာပဲစခန်းရပ်မယ်။
ရေထဲကကျောက်ဆူး
ဒီတစ်သက်ပြန်မနှုတ်တော့ဘူးကွယ်။

တစ်ကယ်ပါ………။
ချစ်သူ့လက်နဲ့ချီးမြှောက်ခံရသူထက်
အဘယ်သူရဲကောင်းကပိုကြီးမြတ်နိုင်မှာတဲ့လဲ။
ကိုယ့်ရာဇဝင်ထဲကဒီနေ့ကို
ရွေှအိုရောင်တို့နဲ့ကြဲပက်လိုက်တယ်။

မှတ်မှတ်ရရပါပဲ။
စွယ်တော်ပင်တွေကလည်းကောင်းချီးပေးကြတယ်။

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s