Monthly Archives: March 2016

စည္း (စည်း)

တားျမစ္ခ်က္ေတြရွိေနတဲ႔အခါ
လွမ္းခ်င္တဲ႔လက္ကိုရုတ္
စြယ္ေတာ္ပင္ႀကီးေဘးမွာ
ငါငုတ္တုတ္ထိုင္ေနတယ္။

ႏႈတ္ဖ်ားကေျပာလိုက္ခ်င္တဲ႔စကားတစ္ခ်ိဳ႕ကို
အသိဥာဏ္တို႔ကခါးခါးသီးသီးတားတယ္။
ေၾသာ္…ငါဟာလည္းမီးကိုမွကစားခ်င္သူပါကြယ္။

သံသရာဦးတုန္းက
အရူးအမူးေသာက္ခဲ႔မိတဲ႔ဝိုင္တစ္ခြက္
စြယ္ေတာ္တစ္ရြက္ခူးကာနီးမွပိုမူးတယ္။

“က်ဴးပစ္”ပစ္ခဲ႔တာ ျမားလား ဓားလားလို႔
ေဘးနားကအသည္းကြဲေရာင္ပန္းပြင့္ေလးကိုလည္း
ခပ္ဖြဖြေမးမိတယ္။
(ေက်းဇူးျပဳၿပီး) ဒီရူးသြပ္မႈကိုပ်က္ရယ္မျပဳၾကပါနဲ႔။

ငါေမ့မရတဲ႔ဒိုင္ယာရီဆိုတာ
ထမင္းလံုးတေစၧမ်ားလား။
ညညမက္တဲ႔အိပ္မက္ေတြက
အက္ကြဲ
ေမွာင္မည္း
ၿပိဳလဲ
အလင္းတန္းေတြဆိုတာ
အစိမ္းေရာင္ေတြရစ္ဖြာလို႔။

ကဗ်ာလြတ္ကတတ္ရံုေလးပဲသင္ေပးခဲ႔ပါ။
ငါအလြမ္း ငါစီ
ငါ့ေတး ငါသီရင္းပဲေနရစ္ခဲ႔ပါ့မယ္။

သြားေပဦးေတာ့ကြယ္။
လွ်ပ္ပန္းရိုင္းေတြက
ေထာင္းခနဲ မီးပြင့္ ျပတ္ေတာက္
ခံုတန္းရွည္ေတြက သံၿပိဳင္ ငိုေႂကြး
ဒီခပ္ေဆြးေဆြးဘူတာရံုမွာ
ေတေလပီသစြာငါေနရစ္ခဲ႔မယ္။

ရထားေလးလာရာလမ္းကိုေမွ်ာ္
ရထားေလးသြားရာလမ္းကိုၾကည့္
(ဒီေလာက္ကေလးနဲ႔တင္) ပီတိျဖစ္ပါရဲ႕။

ခဏေလးပါပဲ။
ဒါေပမယ့္ကိုယ္စိမ္းလန္းခြင့္ရတဲ႔အခ်ိန္ကို
တန္ဖိုးထားတယ္။
ဘာေတြကိုတြယ္ကပ္ေနရဦးမွာလဲ။
ရဲရဲေဝခဲ႔ၿပီးၿပီမို႔
(ခုေတာ့)ရဲရဲေႂကြက်လိုက္မယ္။

ႏွစ္ပါးသြားမယ္လိုဒီတစ္ပုဒ္ရဲ႕ေနဝင္ခ်ိန္ဟာ
ရွိန္း ျမ ပူ ေႏြး
ပါးျပင္ႏွစ္ဖက္ကို
တိုးတိုးေလးစြတ္စိုသြားေစရဲ႕။

(ျဖစ္ႏိုင္ရင္)
ငါ့ႏွလံုးသားကိုခိုးသြားတဲ႔
ေရႊအိုေရာင္ကေဝမေလးကိုမုန္းခ်င္တယ္။

တစ္ကယ္ေတာ့
အလြမ္းဆိုတာ
ယဥ္တစ္ကိုယ္မိုးပါပဲ။
ငါ့တနဂၤေႏြတိုင္းမွာ
သူစိတ္လိုလက္ရရြာတယ္။

(လင္း)
(Zawgyi)

တားမြစ်ချက်တွေရှိနေတဲ့အခါ
လှမ်းချင်တဲ့လက်ကိုရုတ်
စွယ်တော်ပင်ကြီးဘေးမှာ
ငါငုတ်တုတ်ထိုင်နေတယ်။

နှုတ်ဖျားကပြောလိုက်ချင်တဲ့စကားတစ်ချို့ကို
အသိဉာဏ်တို့ကခါးခါးသီးသီးတားတယ်။
သြော်…ငါဟာလည်းမီးကိုမှကစားချင်သူပါကွယ်။

သံသရာဦးတုန်းက
အရူးအမူးသောက်ခဲ့မိတဲ့ဝိုင်တစ်ခွက်
စွယ်တော်တစ်ရွက်ခူးကာနီးမှပိုမူးတယ်။

“ကျူးပစ်”ပစ်ခဲ့တာ မြားလား ဓားလားလို့
ဘေးနားကအသည်းကွဲရောင်ပန်းပွင့်လေးကိုလည်း
ခပ်ဖွဖွမေးမိတယ်။
(ကျေးဇူးပြုပြီး) ဒီရူးသွပ်မှုကိုပျက်ရယ်မပြုကြပါနဲ့။

ငါမေ့မရတဲ့ဒိုင်ယာရီဆိုတာ
ထမင်းလုံးတစေၧများလား။
ညညမက်တဲ့အိပ်မက်တွေက
အက်ကွဲ
မှောင်မည်း
ပြိုလဲ
အလင်းတန်းတွေဆိုတာ
အစိမ်းရောင်တွေရစ်ဖွာလို့။

ကဗျာလွတ်ကတတ်ရုံလေးပဲသင်ပေးခဲ့ပါ။
ငါအလွမ်း ငါစီ
ငါ့တေး ငါသီရင်းပဲနေရစ်ခဲ့ပါ့မယ်။

သွားပေဦးတော့ကွယ်။
လျှပ်ပန်းရိုင်းတွေက
ထောင်းခနဲ မီးပွင့် ပြတ်တောက်
ခုံတန်းရှည်တွေက သံပြိုင် ငိုကြွေး
ဒီခပ်ဆွေးဆွေးဘူတာရုံမှာ
တေလေပီသစွာငါနေရစ်ခဲ့မယ်။

ရထားလေးလာရာလမ်းကိုမျှော်
ရထားလေးသွားရာလမ်းကိုကြည့်
(ဒီလောက်ကလေးနဲ့တင်) ပီတိဖြစ်ပါရဲ့။

ခဏလေးပါပဲ။
ဒါပေမယ့်ကိုယ်စိမ်းလန်းခွင့်ရတဲ့အချိန်ကို
တန်ဖိုးထားတယ်။
ဘာတွေကိုတွယ်ကပ်နေရဦးမှာလဲ။
ရဲရဲဝေခဲ့ပြီးပြီမို့
(ခုတော့)ရဲရဲကြွေကျလိုက်မယ်။

နှစ်ပါးသွားမယ်လိုဒီတစ်ပုဒ်ရဲ့နေဝင်ချိန်ဟာ
ရှိန်း မြ ပူ နွေး
ပါးပြင်နှစ်ဖက်ကို
တိုးတိုးလေးစွတ်စိုသွားစေရဲ့။

(ဖြစ်နိုင်ရင်)
ငါ့နှလုံးသားကိုခိုးသွားတဲ့
ရွေှအိုရောင်ကဝေမလေးကိုမုန်းချင်တယ်။

တစ်ကယ်တော့
အလွမ်းဆိုတာ
ယဉ်တစ်ကိုယ်မိုးပါပဲ။
ငါ့တနင်္ဂနွေတိုင်းမှာ
သူစိတ်လိုလက်ရရွာတယ်။

(လင်း)
(Zawgyi)

image

ဝိေရာဓိမာယာ (ဝိရောဓိမာယာ)

နင္ေျပာခဲ႔ဖူးသလိုေပါ့။
ကိုယ့္လမ္းကိုေလွ်ာက္ေနျကတာပဲ။
ဘယ္သူ႕ခံစားခ်က္ေတြကို
ရင္ဘတ္အေလးခံျပီးသယ္ယူေနရဦးမွာလဲ။

နင့္အတြက္တင္းလြန္းတယ္ထင္လို႔
ျဖတ္ပစ္ခဲ႔တဲ႔ႀကိဳးတစ္စမွာ
ငါ့ေမွ်ာ္လင့္ခ်က္ေတြျပန္ရွာမရေတာ့သလိုမ်ိဳး
ငါ့မနက္ျဖန္တိုင္းကို
နင့္အတြက္နဲ႔မိုးမလင္းခ်င္ေတာ့ဘူး။

ငါတို႔အနာဂတ္ေတြအတြက္
ေမွ်ာ္လင့္ခ်က္ေတြတေမ့တေမာနဲ႔ေကာင္ဟာ
နင့္ရဲ႕ေလွာင္ေျပာင္သံေတြေအာက္မွာ
ေနာက္ထပ္အသက္မရွင္ခ်င္ေတာ့ဘူး။

ဒါေတြကငါ့ရဲ႕ေနာက္ဆံုးမာနေတြပါ။
မမွီႏိုင္ေတာ့တာသိသိရက္နဲ႔မို႔
မလိုက္ေတာ့ဘူးလို႔ျငင္းပယ္ခြင့္ျပဳပါ။

ျပတ္ထြက္သြားတဲ႔ဂစ္တာႀကိဳးတစ္ေခ်ာင္းဟာ
ကီး ရဲ႕လွည့္ပတ္မႈေပၚမွာတည္သလား။
ဖလတ္တံရဲ႕အလ်ားေပၚမွာတည္သလား။
နင့္ႏႈတ္ခမ္းဖ်ားမွာပဲ
ငါ့သစၥာတရားေတြေသဆံုးသြားတယ္။

ပန္းဆိုတာတစ္စံုတစ္ေယာက္အတြက္
ရည္ရြယ္ျပီးပြင့္ခဲ႔တာမဟုတ္ဘူးဆိုရင္
ဘာျဖစ္လို႔ငါ့ကိုရနံ႕ေတြနဲ႔ျဖားေယာင္းခဲ႔တာလဲ။

နင့္ဆုေတာင္းေတြျပည့္ဖို႔အတြက္
ငါ့ရင္ဘတ္တစ္ခုလံုးစာ
ၾကယ္ေတြေျကြေပးေနရတာကိုက
ငါလိုလိုလားလားျငင္းဆန္ေနမိတဲ႔
မုသာဝါဒျဖစ္ခဲ႔တယ္။

ငါ့ရဲ႕အိပ္ပ်က္ညေတြဟာ
ေကာ္ဖီခါးခါးေတြေျကာင့္လို႔ငါေျပာတဲ႔အခါ
နင့္ရဲ႕ရယ္သံေတြမွာ
ညဟာပိုပိုနက္လာခဲ႔တယ္။

Credit >>> လူေလးငယ္
(Zawgyi)

နင်ပြောခဲ့ဖူးသလိုပေါ့။
ကိုယ့်လမ်းကိုလျှောက်နေကြတာပဲ။
ဘယ်သူ့ခံစားချက်တွေကို
ရင်ဘတ်အလေးခံပြီးသယ်ယူနေရဦးမှာလဲ။

နင့်အတွက်တင်းလွန်းတယ်ထင်လို့
ဖြတ်ပစ်ခဲ့တဲ့ကြိုးတစ်စမှာ
ငါ့မျှော်လင့်ချက်တွေပြန်ရှာမရတော့သလိုမျိုး
ငါ့မနက်ဖြန်တိုင်းကို
နင့်အတွက်နဲ့မိုးမလင်းချင်တော့ဘူး။

ငါတို့အနာဂတ်တွေအတွက်
မျှော်လင့်ချက်တွေတမေ့တမောနဲ့ကောင်ဟာ
နင့်ရဲ့လှောင်ပြောင်သံတွေအောက်မှာ
နောက်ထပ်အသက်မရှင်ချင်တော့ဘူး။

ဒါတွေကငါ့ရဲ့နောက်ဆုံးမာနတွေပါ။
မမှီနိုင်တော့တာသိသိရက်နဲ့မို့
မလိုက်တော့ဘူးလို့ငြင်းပယ်ခွင့်ပြုပါ။

ပြတ်ထွက်သွားတဲ့ဂစ်တာကြိုးတစ်ချောင်းဟာ
ကီး ရဲ့လှည့်ပတ်မှုပေါ်မှာတည်သလား။
ဖလတ်တံရဲ့အလျားပေါ်မှာတည်သလား။
နင့်နှုတ်ခမ်းဖျားမှာပဲ
ငါ့သစ္စာတရားတွေသေဆုံးသွားတယ်။

ပန်းဆိုတာတစ်စုံတစ်ယောက်အတွက်
ရည်ရွယ်ပြီးပွင့်ခဲ့တာမဟုတ်ဘူးဆိုရင်
ဘာဖြစ်လို့ငါ့ကိုရနံ့တွေနဲ့ဖြားယောင်းခဲ့တာလဲ။

နင့်ဆုတောင်းတွေပြည့်ဖို့အတွက်
ငါ့ရင်ဘတ်တစ်ခုလုံးစာ
ကြယ်တွေကြွေပေးနေရတာကိုက
ငါလိုလိုလားလားငြင်းဆန်နေမိတဲ့
မုသာဝါဒဖြစ်ခဲ့တယ်။

ငါ့ရဲ့အိပ်ပျက်ညတွေဟာ
ကော်ဖီခါးခါးတွေကြောင့်လို့ငါပြောတဲ့အခါ
နင့်ရဲ့ရယ်သံတွေမှာ
ညဟာပိုပိုနက်လာခဲ့တယ်။

Credit >>> လူလေးငယ်
(Unicode)

image