Monthly Archives: May 2016

တစ္ကိုယ္တည္းေနၾကတ္တဲ႔ေန႔ (တစ်ကိုယ်တည်းနေကြတ်တဲ့နေ့)

မိုးရြာတာလား။
ေလတိုက္တာလား။
ဘဝဆိုတာတစ္ခါတစ္ခါေတာ့ခါးသား။

ျမင္ျမင္သမွ်ကလင္းေနရင္ေတာင္
ကိုယ္တစ္ေယာက္တည္းေမွာင္ခဲ႔တာပါ။
အရိပ္မရွိေတာ့တဲ႔ဘဝမွာ
ဒဏ္ရာေတြကိုသာအားျပဳခဲ႔ရ။

လဝန္းေတြက်ကြဲၿပီးမွေတာ့
ဘယ္နတ္သမီးပံုျပင္ေတြကိုေမွ်ာ္လင့္ရဦးမွာလဲ။
ငိုသံဝဲဝဲနဲ႔ပဲ
ကိုယ္လက္ေျမွာက္ခဲ႔ပါ့မယ္။

ဘာအပင္မွမျဖစ္ထြန္းတဲ႔ေျမပဲကြယ္။
ဘာပန္းေတြစိုက္ပ်ိဳးဖို႔လိုဦးမွာလဲ။

ကတိေပးပါတယ္။
ဆာဟာရမွာစံပယ္ေတြပြင့္လာရင္ေတာ့
ကိုယ္လည္းေခါင္းျပန္ေမာ့ပါ့မယ္။

အခုေလာေလာဆယ္
Yellow stoneကဝံပုေလြေတြလိုပဲ
ဆြဲဆြဲငင္ငင္အူေနခ်င္ေသးရဲ႕။

(လင္း)
(Zawgyi)

မိုးရွာတာလား။
လေတိုက်တာလား။
ဘဝဆိုတာတစ်ခါတစ်ခါတော့ခါးသား။

မြင်မြင်သမျှကလင်းနေရင်တောင်
ကိုယ်တစ်ယောက်တည်းမှောင်ခဲ့တာပါ။
အရိပ်မရှိတော့တဲ့ဘဝမှာ
ဒဏ်ရာတွေကိုသာအားပြုခဲ့ရ။

လဝန်းတွေကျကွဲပြီးမှတော့
ဘယ်နတ်သမီးပုံပြင်တွေကိုမျှော်လင့်ရဦးမှာလဲ။
ငိုသံဝဲဝဲနဲ့ပဲ
ကိုယ်လက်မြှောက်ခဲ့ပါ့မယ်။

ဘာအပင်မှမဖြစ်ထွန်းတဲ့မြေပဲကွယ်။
ဘာပန်းတွေစိုက်ပျိုးဖို့လိုဦးမှာလဲ။

ကတိပေးပါတယ်။
ဆာဟာရမှာစံပယ်တွေပွင့်လာရင်တော့
ကိုယ်လည်းခေါင်းပြန်မော့ပါ့မယ်။

အခုလောလောဆယ်
Yellow stoneကဝံပုလွေတွေလိုပဲ
ဆွဲဆွဲငင်ငင်အူနေချင်သေးရဲ့။

(လင်း)
(Unicode)

image

Advertisements