ျပတ္စဲျခင္းအမွတ္ႏွစ္ (ပြတ်စဲခြင်းအမှတ်နှစ်)

တစ္ျခားတစ္ေယာက္ကို
ရင္ဘတ္ထဲထည့္လြယ္ထားသူအေနနဲ႔
မင္းမ်က္ဝန္းေတြကို
တည့္တည့္ဘယ္ၾကည့္ႏိုင္ပါ့မလဲ။
ဒါမ်ိဳးဟာျဖစ္တတ္ပါတယ္။

အားနာတယ္ေကာင္မေလးရယ္။
ကိုယ့္အတြက္က်မယ့္
မင္းမ်က္ရည္ေတြအတြက္…။
ကိုယ့္အေပၚပံုထားတဲ႔
မင္းခ်စ္ျခင္းေတြအတြက္…။
ကိုယ္ဟာမထိုက္တဲ႔ပန္းတစ္ပြင့္ပါပဲ။
ျဖာက်ေနတဲ႔ေနျခည္ႏုႏုေတြ
ဒီလူရဲ႕ခႏၶာေပၚကေနရုတ္သိမ္းသြားပါေတာ့။

လက္ထဲကရစ္ဘီးကိုလွိမ့္
ဟိုးအေဝးက
စြန္ေလးေတြျပန္သိမ္းၾကမယ္။
တို႔ေတြရဲ႕ညေနဟာမိႈင္းညွိဳ႕ခဲ႔ၿပီပဲ။
ဒီေန႔ကိုက ေနအဝင္ေစာခဲ႔။

ေကာင္မေလးေရ
မင္းဝမ္းနည္းတဲ႔အခါ
ငါ့ဓာတ္ပံုေတြကိုၾကက္ေျခခတ္ပါ။
မင္းဒဏ္ရာေတြသက္သာဖို႔
ငါ့ကိုက်ိန္စာတိုက္ခ်င္လည္းတိုက္ပါ။
ဒါဟာ ပန္းခ်ီဆရာအိုႀကီးရဲဲ႕
မုန္တိုင္းၾကားကသစ္ရြက္ပန္းခ်ီကားပါပဲ။
ေသအ့ံမူးမူးစစ္သူရဲတစ္ဦးရဲ႕
(အမိေျမအတြက္)
ေနာက္ဆံုးႀကံဳးဝါးျခင္းလည္းျဖစ္တယ္။

ဒီလူနဲ႔ ဒီခရီး
ဒီအထိပဲနီးစပ္ခြင့္ရွိတယ္ထင္ရဲ႕။
ငါမရွိေတာ့တဲ႔ေနာက္
နင္လည္းအရမ္းငိုမေနပါနဲ႔။
အခ်စ္ဆိုတာဘဝတစ္ခုလံုးမွမဟုတ္တာပဲ။

အခ်ိန္မွန္စားပါ။
အခ်ိန္မွန္အိပ္ပါ။
မနက္တိုင္းေပးေနက်
ငါ့Ringtoneေလးေရာက္မလာေတာ့တဲ႔အခါ
မင္းမ်က္ဝန္းမွာေရာ
မိုးေတြညွိဳ႕ေနဦးမလား။
အဲဒီအစား
ေတာက္တစ္ခ်က္ျပင္းျပင္းခတ္လိုက္စမ္းပါ။

ရင္ဘတ္ကိုေသာ့မခတ္ပါနဲ႔။
ခ်စ္ျခင္းေတြလည္းရွင္သန္ပါေစ။
အရံသင့္လည္းရွိေနသားနဲ႔
(အေတာင္တစ္ဖက္) ဘာေၾကာင့္မို႔အလပ္ခံမွာလဲ။
စာသူငယ္ဆိုတာ
ဘယ္လိုပဲခဲမွန္မွန္
ဆက္ပ်ံေနဖို႔ေတာ့လိုအပ္တယ္။

ကဲ………
ခြဲၾကပါစို႔ေဘဘီ။
(ဒီျပဇာတ္အတြက္)
ျပည္ဖံုးကားကတျဖည္းျဖည္းက်ခဲ႔ၿပီ။

(လင္း)
(Zawgyi)

တစ်ခြားတစ်ယောက်ကို
ရင်ဘတ်ထဲထည့်လွယ်ထားသူအနေနဲ့
မင်းမျက်ဝန်းတွေကို
တည့်တည့်ဘယ်ကြည့်နိုင်ပါ့မလဲ။
ဒါမျိုးဟာဖြစ်တတ်ပါတယ်။

အားနာတယ်ကောင်မလေးရယ်။
ကိုယ့်အတွက်ကျမယ့်
မင်းမျက်ရည်တွေအတွက်…။
ကိုယ့်အပေါ်ပုံထားတဲ့
မင်းချစ်ခြင်းတွေအတွက်…။
ကိုယ်ဟာမထိုက်တဲ့ပန်းတစ်ပွင့်ပါပဲ။
ဖြာကျနေတဲ့နေခြည်နုနုတွေ
ဒီလူရဲ့ခန္ဓာပေါ်ကနေရုတ်သိမ်းသွားပါတော့။

လက်ထဲကရစ်ဘီးကိုလှိမ့်
ဟိုးအဝေးက
စွန်လေးတွေပြန်သိမ်းကြမယ်။
တို့တွေရဲ့ညနေဟာမှိုင်းညှို့ခဲ့ပြီပဲ။
ဒီနေ့ကိုက နေအဝင်စောခဲ့။

ကောင်မလေးရေ
မင်းဝမ်းနည်းတဲ့အခါ
ငါ့ဓာတ်ပုံတွေကိုကြက်ခြေခတ်ပါ။
မင်းဒဏ်ရာတွေသက်သာဖို့
ငါ့ကိုကျိန်စာတိုက်ချင်လည်းတိုက်ပါ။
ဒါဟာ ပန်းချီဆရာအိုကြီးရဲဲ့
မုန်တိုင်းကြားကသစ်ရွက်ပန်းချီကားပါပဲ။
သေအ့ံမူးမူးစစ်သူရဲတစ်ဦးရဲ့
(အမိမြေအတွက်)
နောက်ဆုံးကြုံးဝါးခြင်းလည်းဖြစ်တယ်။

ဒီလူနဲ့ ဒီခရီး
ဒီအထိပဲနီးစပ်ခွင့်ရှိတယ်ထင်ရဲ့။
ငါမရှိတော့တဲ့နောက်
နင်လည်းအရမ်းငိုမနေပါနဲ့။
အချစ်ဆိုတာဘဝတစ်ခုလုံးမှမဟုတ်တာပဲ။

အချိန်မှန်စားပါ။
အချိန်မှန်အိပ်ပါ။
မနက်တိုင်းပေးနေကျ
ငါ့Ringtoneလေးရောက်မလာတော့တဲ့အခါ
မင်းမျက်ဝန်းမှာရော
မိုးတွေညှို့နေဦးမလား။
အဲဒီအစား
တောက်တစ်ချက်ပြင်းပြင်းခတ်လိုက်စမ်းပါ။

ရင်ဘတ်ကိုသော့မခတ်ပါနဲ့။
ချစ်ခြင်းတွေလည်းရှင်သန်ပါစေ။
အရံသင့်လည်းရှိနေသားနဲ့
(အတောင်တစ်ဖက်) ဘာကြောင့်မို့အလပ်ခံမှာလဲ။
စာသူငယ်ဆိုတာ
ဘယ်လိုပဲခဲမှန်မှန်
ဆက်ပျံနေဖို့တော့လိုအပ်တယ်။

ကဲ………
ခွဲကြပါစို့ဘေဘီ။
(ဒီပြဇာတ်အတွက်)
ပြည်ဖုံးကားကတဖြည်းဖြည်းကျခဲ့ပြီ။

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s