Monthly Archives: July 2016

မ်က္ရည္ခတ္တဲ႔ေကာ္ဖီ (မျက်ရည်ခတ်တဲ့ကော်ဖီ)

ေဝးရၿပီလို႔
တိုးဖြဖြေရရြတ္မိတဲ႔အခါ
ဘယ္တုန္းကမွ
ကိုယ္တို႔မနီးခဲ႔ေၾကာင္း
ကိုယ့္ေခါင္းကအၿမဲအသိေပးတယ္။

ဟုတ္မွာပါ…။
ေအးစက္စက္ေဆာင္းအိပ္မက္တစ္ပုဒ္မွာ
မနက္ျဖန္ေတြရွိလိမ့္ဦးမယ္လို႔ထင္မိတဲ႔
ဒီေကာင္ကိုကရူးတာ။

လမင္းလိုမဟုတ္ခဲ႔ရင္ေတာင္
နီယြန္တစ္ပြင့္စာေလာက္ေတာ့
လင္းျဖာေတာက္ပေပးခ်င္ခဲ႔တာက
ကိုယ့္ေစတနာေတြေပါ့။

ရပါတယ္ေကာင္မေလးရယ္။
ထားလိုက္ပါတယ္။

ေတေလတစ္ေယာက္ရဲ႕သလင္းဒိုင္ယာရီ…၊
တစ္ျခမ္းပဲ႔စြယ္ေတာ္ရြက္ေျခာက္…၊
တစ္စစီက်ိဳးပဲ႔သြားတဲ႔တိမ္စိုင္တခ်ိဳ႕…၊
အိပ္မက္ေတြကို
အိပ္မက္ေတြလိုပဲထားခဲ႔လိုက္တယ္။

ဆံုးလ်သြားသမွ်ကိုေစ့ေစ့ေငးရင္း
ဆည္းဆာဆန္ဆန္ႀကိဳးစားၿပံဳးၾကည့္မယ္။

မင္းနဲ႔ေတြ႔ရင္ေသာက္မယ္ဆိုတဲ႔Latteတစ္ခြက္
ကိုယ္ဒီေန႔မ်က္ရည္ေတြခတ္ပစ္လိုက္တယ္။

(လင္း)
(Zawgyi)

ဝေးရပြီလို့
တိုးဖွဖွရေရွတ်မိတဲ့အခါ
ဘယ်တုန်းကမှ
ကိုယ်တို့မနီးခဲ့ကြောင်း
ကိုယ့်ခေါင်းကအမြဲအသိပေးတယ်။

ဟုတ်မှာပါ…။
အေးစက်စက်ဆောင်းအိပ်မက်တစ်ပုဒ်မှာ
မနက်ဖြန်တွေရှိလိမ့်ဦးမယ်လို့ထင်မိတဲ့
ဒီကောင်ကိုကရူးတာ။

လမင်းလိုမဟုတ်ခဲ့ရင်တောင်
နီယွန်တစ်ပွင့်စာလောက်တော့
လင်းဖြာတောက်ပပေးချင်ခဲ့တာက
ကိုယ့်စေတနာတွေပေါ့။

ရပါတယ်ကောင်မလေးရယ်။
ထားလိုက်ပါတယ်။

တေလေတစ်ယောက်ရဲ့သလင်းဒိုင်ယာရီ…၊
တစ်ခြမ်းပဲ့စွယ်တော်ရွက်ခြောက်…၊
တစ်စစီကျိုးပဲ့သွားတဲ့တိမ်စိုင်တချို့…၊
အိပ်မက်တွေကို
အိပ်မက်တွေလိုပဲထားခဲ့လိုက်တယ်။

ဆုံးလျသွားသမျှကိုစေ့စေ့ငေးရင်း
ဆည်းဆာဆန်ဆန်ကြိုးစားပြုံးကြည့်မယ်။

မင်းနဲ့တွေ့ရင်သောက်မယ်ဆိုတဲ့Latteတစ်ခွက်
ကိုယ်ဒီနေ့မျက်ရည်တွေခတ်ပစ်လိုက်တယ်။

(လင်း)
(Unicode)

image

Advertisements

သမုဒၵရာလိုေယာက်္ား (သမုဒ္ဒရာလိုယောကျ်ား)

ဟိုး…မျမင္ႏိုင္တဲ႔ၾကမ္းျပင္နက္နက္မွာ
သိမ္းျမွဳပ္ဝွက္ကြယ္ထားျခင္းေတြရွိတယ္။
ဘယ္သူမွအဓိပၸါယ္မေဖာ္တတ္တဲ႔
စာတစ္အုပ္လည္းျဖစ္ခ်င္ျဖစ္လိမ့္မယ္။
ဘယ္သူမွက်ဴးရင့္မဆိုတတ္တဲ႔
ေတးတစ္ပုဒ္လည္းျဖစ္ခ်င္ျဖစ္လိမ့္မယ္။

ေတာ္ရံုလူနားမလည္ႏိုင္ျခင္းကိုက
ပို႔စ္ေမာ္ဒန္ဆန္လြန္းေနတယ္ထင္ပါရဲ႕။
လူမွန္းသိတတ္စကတည္းက
စိတ္ ျဖာ ပဲ႔ အက္
ဗဟိုခ်က္မဲ႔ခဲ႔ရတယ္။

ဘယ္ေတာ့မွမထြက္သြားဘူးဆုိၿပီး
ေဘးနားကေပ်ာက္ကြယ္သြားခဲ႔ရင္ေတာ့
သူ႔ကိုခြင့္လႊတ္လိုက္ပါကြယ္။
သူဟာ သူ႔ကိုယ္သူေတာင္ျပန္မဖတ္တတ္တဲ႔
အကၡရာတစ္လံုးပါပဲ။
စိတၱဇဆန္ဆန္စုတ္ခ်က္ေတြၾကားထဲက
ဓားစာခံပန္းခ်ီတစ္ခ်ပ္ဆိုလည္းဟုတ္လိမ့္မယ္။

သန္းေခါင္ယံအေမွာင္ထုထဲ
ရိုးခနဲ ရိပ္ခနဲမ်ား သူ႔ကိုျမင္မိတဲ႔အခါ
မီးအိမ္ကိုပင့္ေျမွာက္ၿပီး
အေသအခ်ာျပန္ၾကည့္ၾကည့္ပါ။

အၿမဲတမ္းၿပံဳးေနက်နီေစြးေစြးႏႈတ္ခမ္းနဲ႔
ပင့္ကူအိမ္ေတြအတိုင္း
ကိ်ဳးေၾကေနတဲ႔မ်က္ဝန္းေတြက
(မင္းထင္သလို)
ရႊန္းရႊန္းလဲ႔လဲ႔ေတာက္ပေနခဲ႔ရဲ႕လားဆိုတာ…။

(လင္း)
(Zawgyi)

ဟိုး…မမြင်နိုင်တဲ့ကြမ်းပြင်နက်နက်မှာ
သိမ်းမြှုပ်ဝှက်ကွယ်ထားခြင်းတွေရှိတယ်။
ဘယ်သူမှအဓိပ္ပါယ်မဖော်တတ်တဲ့
စာတစ်အုပ်လည်းဖြစ်ချင်ဖြစ်လိမ့်မယ်။
ဘယ်သူမှကျူးရင့်မဆိုတတ်တဲ့
တေးတစ်ပုဒ်လည်းဖြစ်ချင်ဖြစ်လိမ့်မယ်။

တော်ရုံလူနားမလည်နိုင်ခြင်းကိုက
ပို့စ်မော်ဒန်ဆန်လွန်းနေတယ်ထင်ပါရဲ့။
လူမှန်းသိတတ်စကတည်းက
စိတ် ဖြာ ပဲ့ အက်
ဗဟိုချက်မဲ့ခဲ့ရတယ်။

ဘယ်တော့မှမထွက်သွားဘူးဆိုပြီး
ဘေးနားကပျောက်ကွယ်သွားခဲ့ရင်တော့
သူ့ကိုခွင့်လွှတ်လိုက်ပါကွယ်။
သူဟာ သူ့ကိုယ်သူတောင်ပြန်မဖတ်တတ်တဲ့
အက္ခရာတစ်လုံးပါပဲ။
စိတ္တဇဆန်ဆန်စုတ်ချက်တွေကြားထဲက
ဓားစာခံပန်းချီတစ်ချပ်ဆိုလည်းဟုတ်လိမ့်မယ်။

သန်းခေါင်ယံအမှောင်ထုထဲ
ရိုးခနဲ ရိပ်ခနဲများ သူ့ကိုမြင်မိတဲ့အခါ
မီးအိမ်ကိုပင့်မြှောက်ပြီး
အသေအချာပြန်ကြည့်ကြည့်ပါ။

အမြဲတမ်းပြုံးနေကျနီစွေးစွေးနှုတ်ခမ်းနဲ့
ပင့်ကူအိမ်တွေအတိုင်း
ကိျုးကြေနေတဲ့မျက်ဝန်းတွေက
(မင်းထင်သလို)
ရွှန်းရွှန်းလဲ့လဲ့တောက်ပနေခဲ့ရဲ့လားဆိုတာ…။

(လင်း)
(Unicode)

image

ကြၽန္ေတာ္သည္ဂ်စ္ပစီတစ္ေယာက္ျဖစ္သည္-၅ (ကျွန်တော်သည်ဂျစ်ပစီတစ်ယောက်ဖြစ်သည်-၅)

မေက်နပ္ျခင္းေတြကိုအျပည့္အသိပ္ထည့္
ရင္ဘတ္ကိုေသာ့ခတ္ၿပီး
အလင္းမဲ႔ဇုန္ထဲငါ့ကိုယ္ငါပစ္ခ်လိုက္တယ္။

သန္းေခါင္ထက္ေတာ့ညဥ့္မနက္
တံုးတိုက္တိုက္၊က်ားကိုက္ကိုက္ဘဝမွာ
ဘဝကိုေရစုန္ေမွ်ာဖို႔စိတ္ကူးထားတယ္။
မ်က္ကန္းျဖစ္မွေတာ့
တေစၦဆ္ုိတာလည္းမေၾကာက္တတ္ဘူး။

အျပစ္တင္မေစာၾကနဲ႔။
မ်က္ႏွာေပၚခြင့္မေတာင္းပဲတက္တက္လာတဲ႔
အဲဒီအၿပံဳးေတြကိုသိပ္အျမင္ကပ္တယ္။

ေတေလငွက္တစ္ေကာင္ရဲ႕ခရီးစဥ္မွာ
ေလနီၾကမ္းနဲ႔ႀကံဳခဲ႔ရင္ေရာ
သူ႔အတြက္နာက်င္ေပးမယ့္
ရင္ခြင္ဆိုတာရွိမွာမို႔လို႔လား။

ထူးေတာ့မွာမွမဟုတ္ပဲ။
ငါ့ကို နားလည္မေပးတဲ႔ေလာကကို
ငါကိုယ္တိုင္လည္းနားလည္ႏိုင္ဖို႔
မႀကိဳးစားေတာ့ဘူး။

(လင္း)
(Zawgyi)

မကျေနပ်ခြင်းတွေကိုအပြည့်အသိပ်ထည့်
ရင်ဘတ်ကိုသော့ခတ်ပြီး
အလင်းမဲ့ဇုန်ထဲငါ့ကိုယ်ငါပစ်ချလိုက်တယ်။

သန်းခေါင်ထက်တော့ညဥ့်မနက်
တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ဘဝမှာ
ဘဝကိုရေစုန်မျှောဖို့စိတ်ကူးထားတယ်။
မျက်ကန်းဖြစ်မှတော့
တစေၦဆ်ိုတာလည်းမကြောက်တတ်ဘူး။

အပြစ်တင်မစောကြနဲ့။
မျက်နှာပေါ်ခွင့်မတောင်းပဲတက်တက်လာတဲ့
အဲဒီအပြုံးတွေကိုသိပ်အမြင်ကပ်တယ်။

တေလေငှက်တစ်ကောင်ရဲ့ခရီးစဉ်မှာ
လေနီကြမ်းနဲ့ကြုံခဲ့ရင်ရော
သူ့အတွက်နာကျင်ပေးမယ့်
ရင်ခွင်ဆိုတာရှိမှာမို့လို့လား။

ထူးတော့မှာမှမဟုတ်ပဲ။
ငါ့ကို နားလည်မပေးတဲ့လောကကို
ငါကိုယ်တိုင်လည်းနားလည်နိုင်ဖို့
မကြိုးစားတော့ဘူး။

(လင်း)
(Unicode)

image