ကြၽန္ေတာ္သည္ဂ်စ္ပစီတစ္ေယာက္ျဖစ္သည္-၅ (ကျွန်တော်သည်ဂျစ်ပစီတစ်ယောက်ဖြစ်သည်-၅)

မေက်နပ္ျခင္းေတြကိုအျပည့္အသိပ္ထည့္
ရင္ဘတ္ကိုေသာ့ခတ္ၿပီး
အလင္းမဲ႔ဇုန္ထဲငါ့ကိုယ္ငါပစ္ခ်လိုက္တယ္။

သန္းေခါင္ထက္ေတာ့ညဥ့္မနက္
တံုးတိုက္တိုက္၊က်ားကိုက္ကိုက္ဘဝမွာ
ဘဝကိုေရစုန္ေမွ်ာဖို႔စိတ္ကူးထားတယ္။
မ်က္ကန္းျဖစ္မွေတာ့
တေစၦဆ္ုိတာလည္းမေၾကာက္တတ္ဘူး။

အျပစ္တင္မေစာၾကနဲ႔။
မ်က္ႏွာေပၚခြင့္မေတာင္းပဲတက္တက္လာတဲ႔
အဲဒီအၿပံဳးေတြကိုသိပ္အျမင္ကပ္တယ္။

ေတေလငွက္တစ္ေကာင္ရဲ႕ခရီးစဥ္မွာ
ေလနီၾကမ္းနဲ႔ႀကံဳခဲ႔ရင္ေရာ
သူ႔အတြက္နာက်င္ေပးမယ့္
ရင္ခြင္ဆိုတာရွိမွာမို႔လို႔လား။

ထူးေတာ့မွာမွမဟုတ္ပဲ။
ငါ့ကို နားလည္မေပးတဲ႔ေလာကကို
ငါကိုယ္တိုင္လည္းနားလည္ႏိုင္ဖို႔
မႀကိဳးစားေတာ့ဘူး။

(လင္း)
(Zawgyi)

မကျေနပ်ခြင်းတွေကိုအပြည့်အသိပ်ထည့်
ရင်ဘတ်ကိုသော့ခတ်ပြီး
အလင်းမဲ့ဇုန်ထဲငါ့ကိုယ်ငါပစ်ချလိုက်တယ်။

သန်းခေါင်ထက်တော့ညဥ့်မနက်
တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ဘဝမှာ
ဘဝကိုရေစုန်မျှောဖို့စိတ်ကူးထားတယ်။
မျက်ကန်းဖြစ်မှတော့
တစေၦဆ်ိုတာလည်းမကြောက်တတ်ဘူး။

အပြစ်တင်မစောကြနဲ့။
မျက်နှာပေါ်ခွင့်မတောင်းပဲတက်တက်လာတဲ့
အဲဒီအပြုံးတွေကိုသိပ်အမြင်ကပ်တယ်။

တေလေငှက်တစ်ကောင်ရဲ့ခရီးစဉ်မှာ
လေနီကြမ်းနဲ့ကြုံခဲ့ရင်ရော
သူ့အတွက်နာကျင်ပေးမယ့်
ရင်ခွင်ဆိုတာရှိမှာမို့လို့လား။

ထူးတော့မှာမှမဟုတ်ပဲ။
ငါ့ကို နားလည်မပေးတဲ့လောကကို
ငါကိုယ်တိုင်လည်းနားလည်နိုင်ဖို့
မကြိုးစားတော့ဘူး။

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s