ေဝးရၿပီလို႔
တိုးဖြဖြေရရြတ္မိတဲ႔အခါ
ဘယ္တုန္းကမွ
ကိုယ္တို႔မနီးခဲ႔ေၾကာင္း
ကိုယ့္ေခါင္းကအၿမဲအသိေပးတယ္။
ဟုတ္မွာပါ…။
ေအးစက္စက္ေဆာင္းအိပ္မက္တစ္ပုဒ္မွာ
မနက္ျဖန္ေတြရွိလိမ့္ဦးမယ္လို႔ထင္မိတဲ႔
ဒီေကာင္ကိုကရူးတာ။
လမင္းလိုမဟုတ္ခဲ႔ရင္ေတာင္
နီယြန္တစ္ပြင့္စာေလာက္ေတာ့
လင္းျဖာေတာက္ပေပးခ်င္ခဲ႔တာက
ကိုယ့္ေစတနာေတြေပါ့။
ရပါတယ္ေကာင္မေလးရယ္။
ထားလိုက္ပါတယ္။
ေတေလတစ္ေယာက္ရဲ႕သလင္းဒိုင္ယာရီ…၊
တစ္ျခမ္းပဲ႔စြယ္ေတာ္ရြက္ေျခာက္…၊
တစ္စစီက်ိဳးပဲ႔သြားတဲ႔တိမ္စိုင္တခ်ိဳ႕…၊
အိပ္မက္ေတြကို
အိပ္မက္ေတြလိုပဲထားခဲ႔လိုက္တယ္။
ဆံုးလ်သြားသမွ်ကိုေစ့ေစ့ေငးရင္း
ဆည္းဆာဆန္ဆန္ႀကိဳးစားၿပံဳးၾကည့္မယ္။
မင္းနဲ႔ေတြ႔ရင္ေသာက္မယ္ဆိုတဲ႔Latteတစ္ခြက္
ကိုယ္ဒီေန႔မ်က္ရည္ေတြခတ္ပစ္လိုက္တယ္။
(လင္း)
(Zawgyi)
ဝေးရပြီလို့
တိုးဖွဖွရေရွတ်မိတဲ့အခါ
ဘယ်တုန်းကမှ
ကိုယ်တို့မနီးခဲ့ကြောင်း
ကိုယ့်ခေါင်းကအမြဲအသိပေးတယ်။
ဟုတ်မှာပါ…။
အေးစက်စက်ဆောင်းအိပ်မက်တစ်ပုဒ်မှာ
မနက်ဖြန်တွေရှိလိမ့်ဦးမယ်လို့ထင်မိတဲ့
ဒီကောင်ကိုကရူးတာ။
လမင်းလိုမဟုတ်ခဲ့ရင်တောင်
နီယွန်တစ်ပွင့်စာလောက်တော့
လင်းဖြာတောက်ပပေးချင်ခဲ့တာက
ကိုယ့်စေတနာတွေပေါ့။
ရပါတယ်ကောင်မလေးရယ်။
ထားလိုက်ပါတယ်။
တေလေတစ်ယောက်ရဲ့သလင်းဒိုင်ယာရီ…၊
တစ်ခြမ်းပဲ့စွယ်တော်ရွက်ခြောက်…၊
တစ်စစီကျိုးပဲ့သွားတဲ့တိမ်စိုင်တချို့…၊
အိပ်မက်တွေကို
အိပ်မက်တွေလိုပဲထားခဲ့လိုက်တယ်။
ဆုံးလျသွားသမျှကိုစေ့စေ့ငေးရင်း
ဆည်းဆာဆန်ဆန်ကြိုးစားပြုံးကြည့်မယ်။
မင်းနဲ့တွေ့ရင်သောက်မယ်ဆိုတဲ့Latteတစ်ခွက်
ကိုယ်ဒီနေ့မျက်ရည်တွေခတ်ပစ်လိုက်တယ်။
(လင်း)
(Unicode)