ပန္ဒါ (ပန်ဒါ)

မ်က္ႏွာျပည့္ျပည့္ဖူးဖူးေလးေပၚ
နီညိဳေရာင္ဆံႏြယ္ေခြေခြေတြေျပက်ေနပံုကိုက
သက္ရွိမိုနာလီဇာလိုဂႏၲဝင္ေျမာက္တယ္။

မ်က္ႏွာကိုမိတ္ကပ္ျခယ္ၿပီး
ႏႈတ္ခမ္းကိုေဆးနီဆိုးတတ္တဲ႔သူမဟာ
တခါတခါလည္း
မ်က္ႏွာအေျပာင္သားနဲ႔
(ကေလးေလးလို) ညစ္က်ယ္က်ယ္ၿပံဳးတတ္ျပန္ရဲ႕။

ညဖက္အိပ္မရဘူးဆိုတဲ႔
သူမမ်က္ဝန္းေတြကေတာ့
သခင္မကိုျငဴစူစိတ္ေကာက္ဖို႔ဝါသနာပါပံုပဲ။

ရယ္လုိက္တိုင္းေပၚလာတတ္တဲ႔
သြားျဖဴျဖဴေလးေတြရဲ႕ဆန္႔က်င္ဖက္အေရာင္ကို
သူမရဲ႕ေအာက္မ်က္ခြံတဝိုက္မွာ
ခင္ဗ်ားရွာေတြ႔လိမ့္မယ္။

သစ္ရြက္လႈပ္တာကို
ရန္မခုန္ေတာ့ဘူးဆိုတဲ႔သူမဟာ
(တကယ္ဆို)
လူစကားေျပာတတ္တဲ႔
ဝက္ဝံမေလးတစ္ေကာင္ပါပဲ။

ရိုးရိုးေလးနဲ႔Fashionသိပ္က်တဲ႔အေၾကာင္း
ခင္ဗ်ားတို႔သိေအာင္
ကြၽန္ေတာ္စာလံုးေပါင္းျပခဲ့မယ္။

(လင္း)
(Zawgyi)

မျက်နှာပြည့်ပြည့်ဖူးဖူးလေးပေါ်
နီညိုရောင်ဆံနွယ်ခွေခွေတွေပြေကျနေပုံကိုက
သက်ရှိမိုနာလီဇာလိုဂန္တဝင်မြောက်တယ်။

မျက်နှာကိုမိတ်ကပ်ခြယ်ပြီး
နှုတ်ခမ်းကိုဆေးနီဆိုးတတ်တဲ့သူမဟာ
တခါတခါလည်း
မျက်နှာအပြောင်သားနဲ့
(ကလေးလေးလို) ညစ်ကျယ်ကျယ်ပြုံးတတ်ပြန်ရဲ့။

ညဖက်အိပ်မရဘူးဆိုတဲ့
သူမမျက်ဝန်းတွေကတော့
သခင်မကိုငြူစူစိတ်ကောက်ဖို့ဝါသနာပါပုံပဲ။

ရယ်လိုက်တိုင်းပေါ်လာတတ်တဲ့
သွားဖြူဖြူလေးတွေရဲ့ဆန့်ကျင်ဖက်အရောင်ကို
သူမရဲ့အောက်မျက်ခွံတဝိုက်မှာ
ခင်ဗျားရှာတွေ့လိမ့်မယ်။

သစ်ရွက်လှုပ်တာကို
ရန်မခုန်တော့ဘူးဆိုတဲ့သူမဟာ
(တကယ်ဆို)
လူစကားပြောတတ်တဲ့
ဝက်ဝံမလေးတစ်ကောင်ပါပဲ။

ရိုးရိုးလေးနဲ့Fashionသိပ်ကျတဲ့အကြောင်း
ခင်ဗျားတို့သိအောင်
ကျွန်တော်စာလုံးပေါင်းပြခဲ့မယ်။

(လင်း)
(Unicode)

image

Leave a comment