(၁)
မင်းကိုချစ်ခဲ့တာမဟုတ်ဘူး
ကိုယ့်ကိုကိုယ်ချစ်ခဲ့မိတာ
ရုမ်နဲ့နာမ်က မင်းဆီဒူးထောက်နေလို့ .
(၂)
(၃)
အရက်သောက်ပြနေမှ
အော်ဟစ်ပြနေမှ
ငိုပြနေမှ
ကြွေကွဲနေတာမဟုတ်ဘူး
ကဗျာစာအုပ်တွေနဲ့မိတ်ဖက်
ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းတွေဖွင့်
တစ်ယောက်ထဲညနဲ့ရောချနေပြီး
(၄)
အချစ်ဆိုတာပြဒါးပါတဲ့မှန်တစ်ချပ်မဟုတ်လေတော့…
(၅)
အိပ်မက်မက်တယ်
အတွေးထဲမင်းမျက်နှာမြင်နေရဲ့နဲ့
မရောင့်ရဲနိုင်လို့
ကဗျာတွေရေးမိတယ်.
(၆)
လာနားတတ်တဲ့ကိုင်းတစ်ကိုင်းဆိုတာ
မေ့ပြီး…
(၇)
မင်းကဗျာရေးဖြစ်ရင်
ငါအကြောင်းတွေထည့်မရေးပါနဲ့လား..
မင်းအတွက်ကျနေမိတဲ့မျက်ရည်တွေကို
မိုးရေတွေပါလို့
ငါလည်း လိမ်ချင်တယ်..
(၈)
ပစ်မှတ်တစ်ခုလုပ်ခဲ့လေသလား
လာမှန်တဲ့ကျည်တောင့်တိုင်းဟာ
(၉)
သေရင်တောင်မကျွတ်မဲ့
မင်းလက်နဲ့ကိုယ်ဘဝဆွဲထူပေးနိုင်သလို
ထောက်လက်သီးတစ်ချက်နဲ့လဲ
(၁၀)
မင်းအကြောင်းမေးရင်မဖြေတတ်ခဲ့ဘူး
ဘဝဒီလို…
ငါတပ်ကိုပြန်ခေါက်
ထားခဲ့လိုက်တယ် ဆာကူယာ ။  ။
(Zawgyi)
(၁)
မင်းကိုချစ်ခ့ဲတာမဟုတ်ဘူး
ကိုယ့်ကိုကိုယ်ချစ်ခ့ဲမိတာ
ရုမ်န့ဲနာမ်က မင်းဆီဒူးထောက်နေလို့ .
(၂)
လက်အုပ်ချီဖို့သာဝန်လေးမယ်
မင်းအတွက်ဆိုခစားဖို့အသင့်
ငါမာနတွေ မင်းအပေါ်မှာစုတေနေပြီ .
(၃)
အရက်သောက်ပြနေမှ
အော်ဟစ်ပြနေမှ
ငိုပြနေမှ
ကြွေကွဲနေတာမဟုတ်ဘူး
ကဗျာစာအုပ်တွေန့ဲမိတ်ဖက်
ခံစားချက်န့ဲတိုက်ဆိုင်တ့ဲသီချင်းတွေဖွင့်
တစ်ယောက်ထဲညန့ဲရောချနေပြီး
“ချစ်သူ”လို့သံယောင်ထွက်နေတာလဲ
အသံတိတ်ကြေကွဲနေတာမျိုး..
(၄)
အချစ်ဆိုတာပြဒါးပါတ့ဲမှန်တစ်ချပ်မဟုတ်လေတော့…
ကိုယ့်ပြုံးပြလို့ပြန်ပြုံးတာမြင်ချင်မှမြင်ရတယ်
အမှန်တရားကိုစိန်ခေါ်မိတယ်
တစ်ပွဲထိုးခွင့်ရချင်သား
ပထမမှအချီမှာတင်အသက်ပျောက်တယ်
ဒိုင်ဘက်မလိုက်ရင်ပေါ့…
(၅)
လူကလမ်းဘေးသူတောင်းစားသာသာပါ
အိပ်စက်ရင်မင်းချစ်သူအဖြစ်
အိပ်မက်မက်တယ်
အတွေးထဲမင်းမျက်နှာမြင်နေရဲ့န့ဲ
မရောင့်ရဲနိုင်လို့
ကဗျာတွေရေးမိတယ်.
(၆)
အချိန်တန်ရင်မျှော်မိတာအကျင့်ဖြစ်လာတယ်
ကိုယ့်ဘဝကသူအတောင်ညောင်းမှ
လာနားတတ်တ့ဲကိုင်းတစ်ကိုင်းဆိုတာ
မေ့ပြီး…
(၇)
မင်းကဗျာရေးဖြစ်ရင်
ငါအကြောင်းတွေထည့်မရေးပါန့ဲလား..
မင်းအတွက်ကျနေမိတ့ဲမျက်ရည်တွေကို
မိုးရေတွေပါလို့
ငါလည်း လိမ်ချင်တယ်..
(၈)
နှလုံးသားကိုအချစ်တွေထည့်
ဆေးရောင်ခြယ်မှုန်ပြီး
လက်ဖြောင့်လားစမ်းဖို့
ပစ်မှတ်တစ်ခုလုပ်ခ့ဲလေသလား
လာမှန်တ့ဲကျည်တောင့်တိုင်းဟာ
အရိုးကွဲအောင်ရိုက်တာထက်နာတယ်
(၉)
သေရင်တောင်မကျွတ်မ့ဲ
သတ္တဝါအကြီးစားဟာ ကိုယ်ပါ
မင်းအမျှဝေသံကြားမှာ အကျွတ်တန်းရနိုင်မယ်
မင်းလက်န့ဲကိုယ်ဘဝဆွဲထူပေးနိုင်သလို
ထောက်လက်သီးတစ်ချက်န့ဲလဲ
ပွဲသိမ်းလိုက်လို့ရပါတယ်.
(၁၀)
မင်းအကြောင်းမေးရင်မဖြေတတ်ခ့ဲဘူး
ဘဝဒီလို…
ငါတပ်ကိုပြန်ခေါက်
မင်းနှလုံးသားအနီးဆုံးနေရာမှာအလံဖြူလေး
ထားခ့ဲလိုက်တယ် ဆာကူယာ ။  ။
Credit >>> ကာရံမင်း၊ နောင်ယိမ်း
(Unicode)
image
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s