ေသတမ္းစာ (သေတမ်းစာ)

ကြၽန္ေတာ္ေသရင္ေျမမျမွဳပ္ပါနဲ႔။
ဝိဥာဥ္မဲ႔ခႏၶာကိုအုတ္ဂူထဲသြင္း
လွလွပပခင္းက်င္းထားရေအာင္
လူေသေကာင္ဆိုတာ
ရွိဳးေက့စ္ထဲကဘိုမရုပ္ေလးမွမဟုတ္တာ။

သစ္ေျခာက္ပင္တစ္ပင္ထက္
ခက္စိမ္းျဖာတဲ႔သစ္ပင္ငယ္ေလးေတြက
ပိုတန္ဖိုးရွိတယ္။
အသံုးဝင္သူေတြရဲ႕ေနရာကို
အသံုးမဝင္ေတာ့တဲ႔ကြၽန္ေတာ္
(ေက်းဇူးျပဳၿပီး) လုမယူပါရေစနဲ႔။
သစ္ေျခာက္ပင္မွန္ရင္
အျမစ္ကတူးထုတ္လိုက္တာ
ပိုသင့္ေတာ္ပါတယ္။

ေသရင္ထားခဲ႔ရမယ့္ဒီခႏၶာ
ေျမၾသဇာေကြၽးရရင္ေတာ့ႏွေျမာမိမယ္။

ကြၽန္ေတာ့္မ်က္ၾကည္လႊာ
တစ္ခ်ိဳ႕လူေတြရဲ႕အေမွာင္ကမာၻမွာလင္းပါေစ။
ကြၽန္ေတာ့္ႏွလံုးခုန္သံတစ္ခ်က္ခ်က္
တစ္ခ်ိဳ႕လူေတြရဲ႕ရင္ဘတ္မွာျမည္ပါေစ။
ကြၽန္ေတာ့္အေသြး ကြၽန္ေတာ့္အသား
နာဖ်ားသူေတြထံက်န္ပါေစ။
ေႂကြအ့ံအ့ံပန္းသီးခ်င္းအတူတူ
နယူတန္႔ေခါင္းေပၚခုန္ခ်ခဲ႔သူဟာ
ကြၽန္ေတာ္သာျဖစ္ပါရေစ။

ကြၽန္ေတာ္ကခ်စ္တဲ့သူေတြ
ကြၽန္ေတာ့္ကိုခ်စ္တဲ႔သူေတြ
ကြၽန္ေတာ္ရွိရံုသာရွိ
မသိႏိုင္ေတာ့တဲ႔အသုဘမွာဝိုင္းမငိုပါနဲ႔။

ခြဲခြာရျခင္းမွာပူပူေဆြးေဆြးနဲ႔
ငိုေႂကြးေနၾကမယ့္အစား
လက္ခုပ္လက္ဝါးတီး
(အဲဒီေန႔ကေလးကို)
ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းေပးၾကပါ။

ေနထြက္ၿပီးရင္ေနဝင္မယ္။
ေတြ႔ခဲ႔ဆံုခဲ႔ၿပီးရင္
ခြဲခြာရမွာကဘာမ်ားဆန္းလို႔လဲ။
အနည္းဆံုးေတာ့
ကြၽန္ေတာ္တို႔သိကြၽမ္းခဲ႔ရတယ္။

ဒီလိုနဲ႔ မေန႔ကရြက္ဝါေလးက
(ဒီေန႔ေတာ့) သစ္ပင္ႀကီးကိုလက္ျပသြားတယ္။
“တာ့တာ”တဲ႔………။

(လင္း)
(Zawgyi)

ကျွန်တော်သေရင်မြေမမြှုပ်ပါနဲ့။
ဝိဉာဉ်မဲ့ခန္ဓာကိုအုတ်ဂူထဲသွင်း
လှလှပပခင်းကျင်းထားရအောင်
လူသေကောင်ဆိုတာ
ရှိုးကေ့စ်ထဲကဘိုမရုပ်လေးမှမဟုတ်တာ။

သစ်ခြောက်ပင်တစ်ပင်ထက်
ခက်စိမ်းဖြာတဲ့သစ်ပင်ငယ်လေးတွေက
ပိုတန်ဖိုးရှိတယ်။
အသုံးဝင်သူတွေရဲ့နေရာကို
အသုံးမဝင်တော့တဲ့ကျွန်တော်
(ကျေးဇူးပြုပြီး) လုမယူပါရစေနဲ့။
သစ်ခြောက်ပင်မှန်ရင်
အမြစ်ကတူးထုတ်လိုက်တာ
ပိုသင့်တော်ပါတယ်။

သေရင်ထားခဲ့ရမယ့်ဒီခန္ဓာ
မြေသြဇာကျွေးရရင်တော့နှမြောမိမယ်။

ကျွန်တော့်မျက်ကြည်လွှာ
တစ်ချို့လူတွေရဲ့အမှောင်ကမ္ဘာမှာလင်းပါစေ။
ကျွန်တော့်နှလုံးခုန်သံတစ်ချက်ချက်
တစ်ချို့လူတွေရဲ့ရင်ဘတ်မှာမြည်ပါစေ။
ကျွန်တော့်အသွေး ကျွန်တော့်အသား
နာဖျားသူတွေထံကျန်ပါစေ။
ကြွေအ့ံအ့ံပန်းသီးချင်းအတူတူ
နယူတန့်ခေါင်းပေါ်ခုန်ချခဲ့သူဟာ
ကျွန်တော်သာဖြစ်ပါရစေ။

ကျွန်တော်ကချစ်တဲ့သူတွေ
ကျွန်တော့်ကိုချစ်တဲ့သူတွေ
ကျွန်တော်ရှိရုံသာရှိ
မသိနိုင်တော့တဲ့အသုဘမှာဝိုင်းမငိုပါနဲ့။

ခွဲခွာရခြင်းမှာပူပူဆွေးဆွေးနဲ့
ငိုကြွေးနေကြမယ့်အစား
လက်ခုပ်လက်ဝါးတီး
(အဲဒီနေ့ကလေးကို)
ပျော်ပျော်ကြီးဖြတ်သန်းပေးကြပါ။

နေထွက်ပြီးရင်နေဝင်မယ်။
တွေ့ခဲ့ဆုံခဲ့ပြီးရင်
ခွဲခွာရမှာကဘာများဆန်းလို့လဲ။
အနည်းဆုံးတော့
ကျွန်တော်တို့သိကျွမ်းခဲ့ရတယ်။

ဒီလိုနဲ့ မနေ့ကရွက်ဝါလေးက
(ဒီနေ့တော့) သစ်ပင်ကြီးကိုလက်ပြသွားတယ်။
“တာ့တာ”တဲ့………

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s