Monthly Archives: September 2016

သို႔…ခ်စ္လွစြာေသာတာရာ (သို့…ချစ်လှစွာသောတာရာ)

မိတ္ဆက္စကားေျပာဖို႔
ေရွ႕တန္းထြက္စစ္သည္တစ္ေယာက္လို
ကိုယ္အသင့္ျပင္ထားတယ္။

ဓားကိုင္ေနက်လူၾကမ္းေလးပါကြယ္။
မင္းေရွ႕ေတာ္ေမွာက္
ပန္းပြင့္တိ႔ုနဲ႔အေရာက္လာဖို႔ကိုကခက္ခဲလြန္းရဲ႕။

အၾကည့္ကေလးတစ္ခ်က္နဲ႔တင္
ကိုယ့္ေျခလွမ္းေတြကို
ေကာင္းေကာင္းျပဳစားႏိုင္ေနသားနဲ႔
ဘာေၾကာင့္မို႔ အၿပံဳးေတြကိုထပ္ေႁခြခ်ေနရေသးတာလဲ။

ကိုယ္ေႂကြဆင္းခဲ႔တဲ႔
မင္းမ်က္ဝန္းျပာလဲ႔မႈန္မႈန္မွာ
ဘီသိုဗင္ရဲ႕ေတးသြားတစ္ပုဒ္ေတာင္
မိုးစုံးစုပ္ခ်ဳပ္ခဲ႔တယ္။

ၫႊတ္ ယိမ္း ႏြဲ႔ ေကြး
အဲဒီႏႈတ္ခမ္းပါးေလးေတြက.
ငါ့ကိုမေလွာင္ၾကပါနဲ႔ဦး။
ရွိန္း ပူ ခ်ိဴ  ျမ
လေရာင္နဲ႔ကတဲ႔
ဒီျပဇာတ္ေလးအိပ္တန္းတက္သြားပါ့မယ္။
“ခ်စ္တယ္”ဆိုတာကိုမင္းတို႔မွမသိၾကပဲ။

ဘဝမွာ ကေလးဆန္ဆန္ၿပံဳးတတ္ဖို႔
သိပ္အမ်ားႀကီးမလိုဘူးတာရာ…။

ရပါတယ္………။
ကိုယ္ဟာမင္းကိုမ်က္ႏွာမူထားတဲ႔ေနၾကာပန္းပဲ။
(မနက္တိုင္း) ပါးျပင္ေပၚအနမ္းတစ္ပြင့္ေႁခြခ်ေပးရံုနဲ႔လံုေလာက္တယ္။

(လင္း)
(Zawgyi)

မိတ်ဆက်စကားပြောဖို့
ရှေ့တန်းထွက်စစ်သည်တစ်ယောက်လို
ကိုယ်အသင့်ပြင်ထားတယ်။

ဓားကိုင်နေကျလူကြမ်းလေးပါကွယ်။
မင်းရှေ့တော်မှောက်
ပန်းပွင့်တိ့ုနဲ့အရောက်လာဖို့ကိုကခက်ခဲလွန်းရဲ့။

အကြည့်ကလေးတစ်ချက်နဲ့တင်
ကိုယ့်ခြေလှမ်းတွေကို
ကောင်းကောင်းပြုစားနိုင်နေသားနဲ့
ဘာကြောင့်မို့ အပြုံးတွေကိုထပ်ခြွေချနေရသေးတာလဲ။

ကိုယ်ကြွေဆင်းခဲ့တဲ့
မင်းမျက်ဝန်းပြာလဲ့မှုန်မှုန်မှာ
ဘီသိုဗင်ရဲ့တေးသွားတစ်ပုဒ်တောင်
မိုးစုံးစုပ်ချုပ်ခဲ့တယ်။

ညွှတ် ယိမ်း နွဲ့ ကွေး
အဲဒီနှုတ်ခမ်းပါးလေးတွေက.
ငါ့ကိုမလှောင်ကြပါနဲ့ဦး။
ရှိန်း ပူ ချိူ  မြ
လရောင်နဲ့ကတဲ့
ဒီပြဇာတ်လေးအိပ်တန်းတက်သွားပါ့မယ်။
“ချစ်တယ်”ဆိုတာကိုမင်းတို့မှမသိကြပဲ။

ဘဝမှာ ကလေးဆန်ဆန်ပြုံးတတ်ဖို့
သိပ်အများကြီးမလိုဘူးတာရာ…။

ရပါတယ်………။
ကိုယ်ဟာမင်းကိုမျက်နှာမူထားတဲ့နေကြာပန်းပဲ။
(မနက်တိုင်း) ပါးပြင်ပေါ်အနမ်းတစ်ပွင့်ခြွေချပေးရုံနဲ့လုံလောက်တယ်။

(လင်း)
(Unicode)

image