ရင္ကြဲခန္းေဆာင္ (ရင်ကွဲခန်းဆောင်)

ဒီေန႔လည္း ေလွကားထစ္ေတြေရတြက္ရင္း
ကိုယ္တက္ခဲ႔မိျပန္ၿပီတာရာ။

ဆ႒မထပ္က
ေသာ့ခတ္ထားတဲ့အခန္းဟာ
ကိုယ့္အတြက္ တားတရက္စ္ပါပဲ။
ဘယ္ေတာ့မွမၿငိမ္းႏိုင္မယ့္အဲဒီမီးေတြက
ရိုးတြင္းျခင္ဆီထိေအာင္ကိုေလာင္တယ္။

တင္းတင္းေစ့ပိတ္ထားတဲ႔တံခါးကို
အရင္လို “တေဒါက္ေဒါက္” မေခါက္မိဖို႔
ကိုယ့္ကိုယ္ကိုသတိေပးရတယ္။

ေမွ်ာ္ေနသူမရွိေတာ့ဘူးဆိုိတဲ႔အသိဟာ
အိမ္ျပန္လာတဲ႔ဖိနပ္ေလးကိုလည္း
သိမ္ငယ္သြားေစျပန္ရဲ႕။

တကယ္ေတာ့
ဒီအခန္းထဲမွာစံပယ္ေတြမွမေမႊးပ်ံ႕ေတာ့တာပဲကြယ္။
အိပ္မက္ဆိုးေတြထဲ
ကိုယ္တစ္ေယာက္တည္းတိုးဖြင့္ဝင္သြားလိုက္ပါ့မယ္။

အေရာင္ျပယ္လုလု
ထင္းရွဴးသားတေယာအိုေလးကို
တိတ္ဆိတ္ျခင္းကတေငြ႔ေငြ႔နဲ႔ေလာင္ၿမိဳက္တယ္။
ၿပီးေတာ့………
တေျမ႕ေျမ႕နဲ႔လိႈက္စားတယ္။

ေႂကြက်သြားတဲ႔စြယ္ေတာ္ေလးျပန္ပြင့္ဖို႔အတြက္ေတာ့
ေဆြး လ် လြမ္း ညိဳ႕
ကိုယ္ဆို႔နင့္စြာဆုေတာင္းရဦးမယ္။

(လင္း)
(Zawgyi)

ဒီနေ့လည်း လှေကားထစ်တွေရေတွက်ရင်း
ကိုယ်တက်ခဲ့မိပြန်ပြီတာရာ။

ဆဋ္ဌမထပ်က
သော့ခတ်ထားတဲ့အခန်းဟာ
ကိုယ့်အတွက် တားတရက်စ်ပါပဲ။
ဘယ်တော့မှမငြိမ်းနိုင်မယ့်အဲဒီမီးတွေက
ရိုးတွင်းခြင်ဆီထိအောင်ကိုလောင်တယ်။

တင်းတင်းစေ့ပိတ်ထားတဲ့တံခါးကို
အရင်လို “တဒေါက်ဒေါက်” မခေါက်မိဖို့
ကိုယ့်ကိုယ်ကိုသတိပေးရတယ်။

မျှော်နေသူမရှိတော့ဘူးဆိိုတဲ့အသိဟာ
အိမ်ပြန်လာတဲ့ဖိနပ်လေးကိုလည်း
သိမ်ငယ်သွားစေပြန်ရဲ့။

တကယ်တော့
ဒီအခန်းထဲမှာစံပယ်တွေမှမမွေှးပျံ့တော့တာပဲကွယ်။
အိပ်မက်ဆိုးတွေထဲ
ကိုယ်တစ်ယောက်တည်းတိုးဖွင့်ဝင်သွားလိုက်ပါ့မယ်။

အရောင်ပြယ်လုလု
ထင်းရှူးသားတယောအိုလေးကို
တိတ်ဆိတ်ခြင်းကတငွေ့ငွေ့နဲ့လောင်မြိုက်တယ်။
ပြီးတော့………
တမြေ့မြေ့နဲ့လှိုက်စားတယ်။

ကြွေကျသွားတဲ့စွယ်တော်လေးပြန်ပွင့်ဖို့အတွက်တော့
ဆွေး လျ လွမ်း ညို့
ကိုယ်ဆို့နင့်စွာဆုတောင်းရဦးမယ်။

(လင်း)
(Unicode)

image

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s