သိပ္ခ်စ္မိတဲ႔အေၾကာင္းေတြ (သိပ်ချစ်မိတဲ့အကြောင်းတွေ)

(၁)
တကယ္တမ္းက်
ကြၽန္ေတာ္ဆိုတာ
သူမကိုပ်ဝပ္ရိုက်ိဳးစြာခ်စ္ခဲ့မိသူပဲ။
ေကာင္းကင္ဆီလက္ျဖန္႔လိုက္ရင္ကို
ကိုယ္က မင္းလက္ခုပ္ထဲ
အလိုလိုေႂကြဆင္းေပးေနမိတဲ႔သူမ်ိဳး။

(၂)
ခပ္ည့ံည့ံဝတၳဳဇာတ္လိုက္တစ္ေယာက္လို
ၾကယ္ေတြခူးမေပးႏိုင္ဘူးတာရာ။
ဒါေပမယ့္ တစ္ဘဝစာအစီအစဥ္မွာေတာ့
မင္းဆိုတာ အဓိကေနရာကအၿမဲပါတယ္။

(၃)
ဆႏၵေတြတနင့္တပိုးလြယ္ၿပီး
မကြၽတ္မလြတ္ႏိုင္ေသးတဲ႔
တေစၧတစ္ေကာင္ပါကြယ္။
ကိုယ့္ႏွလံုးသားေထာင့္မွာ
မင္းအမွ်လာေဝေတာ့မွ
ဘဝကူးႏိုင္မယ့္ပံုျမင္မိတယ္။

(၄)
ကိုယ့္ဆံပင္ေတြကို
ထိုးဖြေဆာ့ကစားသြားတဲ႔ေလေျပဟာ မင္း၊
ၿခံေထာင့္က
ကိုယ္ပ်ိဳးထားတဲ႔စြယ္ေတာ္ပင္ပ်ိဳေလးဟာ မင္း၊
ကိုယ့္ပုခံုးသားေပၚ
ျမတ္ႏိုးစြာတင္ထားမိတဲ႔တေယာေလးဟာ မင္း၊
အိုကြယ္… ကိုယ့္ဘဝရဲ႕အရာရာဟာမင္းျဖစ္တယ္။

(၅)
ႏွလံုးသားအေသကိုျပဳစားဖို႔
ဘယ္လိုေမွာ္အတတ္ေတြ
စီရင္ခဲ႔သလဲေကာင္မေလးရယ္။
မင္းမ်က္ေတာင္တစ္ခတ္မွာတင္
ဒီၿမိဳ႕ရိုးတစ္ခုလံုးကၿပိဳက်သြားေလရဲ႕။

ၿပံဳးပါတာရာရယ္။
ဒီရင္ဘတ္ကက်ိန္စာေတြကို
မင္းအၿပံဳးေလးျဖဴလႊလႊတစ္ပြင့္တည္းနဲ႔
တစ္သံသရာစာ ဆြဲလႊင့္ပစ္ႏိုင္ပါတယ္။

(၆)
ကိုယ္ကမ္းခဲ႔တာစြယ္ေတာ္ျဖဴေလးပါ။
မင္းနမ္းခ်င္လည္းျဖစ္တယ္။
မင္းနင္းခ်င္လည္းျဖစ္တယ္။

အရွံဳးေပးၿပီးသားလူတစ္ေယာက္ပဲ။
ဒီေကာင္အႀကိမ္ႀကိမ္ေသေအာင္
ႏွလံုးသားဆီခ်ိန္ရြယ္ေမာင္းျဖဳတ္ရင္လည္း
သံသရာအဆက္ဆက္
လည္စင္းေပးေနဦးမွာပဲ။
ခ်စ္မိၿပီဆိုမွေတာ့
ေနာင္တဆိုတာလည္းမရွိတတ္ဘူး။

(၇)
မင္းနာမည္ေလးကို
တခုတ္တရေရရြတ္
ၫႊတ္က်သြားတဲ႔ဒူးႏွစ္ဖက္မွာ
ခစားစရာသခင္မတစ္ပါးရွိခဲ႔ၿပီ။

အို…အခ်င္းေဆြမြန္တို႔
ဤမည္ေသာသူမအား
ငါ၏သစၥာတို႔အားေပးခဲ႔ေလၿပီျဖစ္အ့ံ။
အသင္တို႔စိတ္ကူးထဲ၌ပင္
သူမအားထိပါးခြင့္မရွိ။

(၈)
မင္းကိုလြမ္းၿပီဆို
သိကၡာေတြ၊ မာနေတြ အကုန္လႊတ္ခ်ၿပီး
ကဗ်ာေရးဖို႔တစ္ခုေလာက္ပဲသိတဲ႔ေကာင္ပါ။

စကၠန္႔တိုင္း စကၠန္႔တိုင္း ………
ေသြးေၾကာေတြထဲက
မင္းနာမည္ေလးျဖဴလႊလႊကို
တဖြဖြေအာ္တယ္။
ႏွလံုးသားလည္းအျဖဴ…၊
ခံစားခ်က္လည္းအျဖဴ…။

(၉)
တာရာေရ…
မ်က္လံုးေလးအသာမွိတ္
ေခါင္းေလးအသာေမာ့
မင္းလည္တိုင္ေက်ာ့ေက်ာ့မွာ
ကိုယ့္ပင့္သက္ေတြခိုနားပါေစကြယ္။

ေနာဧရဲ႕ေလွကိုစီး
(တို႔ႏွစ္ေယာက္တည္း) ဧဒင္အထိခရီးထြက္မယ္။

မစားေကာင္းတဲ႔အသီးေတြကို
ဥယ်ာဥ္တစ္ခုလံုးစိုက္ပ်ိဳးမယ္။

တေယာကတစ္လက္…
ခ်စ္သူကတစ္ဖက္…
အဲဒီတားျမစ္သစ္ပင္ရိပ္ထက္မွာ
အနမ္းေတြ တသက္သက္ေဝမယ္။

(လင္း)
(Zawgyi)

(၁)
တကယ်တမ်းကျ
ကျွန်တော်ဆိုတာ
သူမကိုပျဝပ်ရိုကျိုးစွာချစ်ခဲ့မိသူပဲ။
ကောင်းကင်ဆီလက်ဖြန့်လိုက်ရင်ကို
ကိုယ်က မင်းလက်ခုပ်ထဲ
အလိုလိုကြွေဆင်းပေးနေမိတဲ့သူမျိုး။

(၂)
ခပ်ည့ံည့ံဝတၳုဇာတ်လိုက်တစ်ယောက်လို
ကြယ်တွေခူးမပေးနိုင်ဘူးတာရာ။
ဒါပေမယ့် တစ်ဘဝစာအစီအစဉ်မှာတော့
မင်းဆိုတာ အဓိကနေရာကအမြဲပါတယ်။

(၃)
ဆန္ဒတွေတနင့်တပိုးလွယ်ပြီး
မကျွတ်မလွတ်နိုင်သေးတဲ့
တစေၧတစ်ကောင်ပါကွယ်။
ကိုယ့်နှလုံးသားထောင့်မှာ
မင်းအမျှလာဝေတော့မှ
ဘဝကူးနိုင်မယ့်ပုံမြင်မိတယ်။

(၄)
ကိုယ့်ဆံပင်တွေကို
ထိုးဖွဆော့ကစားသွားတဲ့လေပြေဟာ မင်း၊
ခြံထောင့်က
ကိုယ်ပျိုးထားတဲ့စွယ်တော်ပင်ပျိုလေးဟာ မင်း၊
ကိုယ့်ပုခုံးသားပေါ်
မြတ်နိုးစွာတင်ထားမိတဲ့တယောလေးဟာ မင်း၊
အိုကွယ်… ကိုယ့်ဘဝရဲ့အရာရာဟာမင်းဖြစ်တယ်။

(၅)
နှလုံးသားအသေကိုပြုစားဖို့
ဘယ်လိုမှော်အတတ်တွေ
စီရင်ခဲ့သလဲကောင်မလေးရယ်။
မင်းမျက်တောင်တစ်ခတ်မှာတင်
ဒီမြို့ရိုးတစ်ခုလုံးကပြိုကျသွားလေရဲ့။

ပြုံးပါတာရာရယ်။
ဒီရင်ဘတ်ကကျိန်စာတွေကို
မင်းအပြုံးလေးဖြူလွှလွှတစ်ပွင့်တည်းနဲ့
တစ်သံသရာစာ ဆွဲလွှင့်ပစ်နိုင်ပါတယ်။

(၆)
ကိုယ်ကမ်းခဲ့တာစွယ်တော်ဖြူလေးပါ။
မင်းနမ်းချင်လည်းဖြစ်တယ်။
မင်းနင်းချင်လည်းဖြစ်တယ်။

အရှုံးပေးပြီးသားလူတစ်ယောက်ပဲ။
ဒီကောင်အကြိမ်ကြိမ်သေအောင်
နှလုံးသားဆီချိန်ရွယ်မောင်းဖြုတ်ရင်လည်း
သံသရာအဆက်ဆက်
လည်စင်းပေးနေဦးမှာပဲ။
ချစ်မိပြီဆိုမှတော့
နောင်တဆိုတာလည်းမရှိတတ်ဘူး။

(၇)
မင်းနာမည်လေးကို
တခုတ်တရရေရွတ်
ညွှတ်ကျသွားတဲ့ဒူးနှစ်ဖက်မှာ
ခစားစရာသခင်မတစ်ပါးရှိခဲ့ပြီ။

အို…အချင်းဆွေမွန်တို့
ဤမည်သောသူမအား
ငါ၏သစ္စာတို့အားပေးခဲ့လေပြီဖြစ်အ့ံ။
အသင်တို့စိတ်ကူးထဲ၌ပင်
သူမအားထိပါးခွင့်မရှိ။

(၈)
မင်းကိုလွမ်းပြီဆို
သိက္ခာတွေ၊ မာနတွေ အကုန်လွှတ်ချပြီး
ကဗျာရေးဖို့တစ်ခုလောက်ပဲသိတဲ့ကောင်ပါ။

စက္ကန့်တိုင်း စက္ကန့်တိုင်း ………
သွေးကြောတွေထဲက
မင်းနာမည်လေးဖြူလွှလွှကို
တဖွဖွအော်တယ်။
နှလုံးသားလည်းအဖြူ…၊
ခံစားချက်လည်းအဖြူ…။

(၉)
တာရာရေ…
မျက်လုံးလေးအသာမှိတ်
ခေါင်းလေးအသာမော့
မင်းလည်တိုင်ကျော့ကျော့မှာ
ကိုယ့်ပင့်သက်တွေခိုနားပါစေကွယ်။

နောဧရဲ့လှေကိုစီး
(တို့နှစ်ယောက်တည်း) ဧဒင်အထိခရီးထွက်မယ်။

မစားကောင်းတဲ့အသီးတွေကို
ဥယျာဉ်တစ်ခုလုံးစိုက်ပျိုးမယ်။

တယောကတစ်လက်…
ချစ်သူကတစ်ဖက်…
အဲဒီတားမြစ်သစ်ပင်ရိပ်ထက်မှာ
အနမ်းတွေ တသက်သက်ဝေမယ်။

(လင်း)
(Unicode)

image

Leave a comment