ေျပာမျပျဖစ္တဲ႔အေၾကာင္းေတြ (ပြောမပြဖြစ်တဲ့အကြောင်းတွေ)

မင္းခ်စ္တဲ႔ႏွင္းဆီေလာက္ေတာ့
ကိုယ္ကဘယ္ေမႊးပ်ံ႕ႏိုင္ပါ့မလဲ။

ကိုယ့္အခ်စ္က”တိမ္တိုက္”ဆန္တယ္။
ဝမ္းနည္းလို႔ပဲငိုငို
ဝမ္းသာလို႔ပဲငိုငို
ကိုယ့္မ်က္ရည္ခ်ိဳေတြနဲ႔ေတာ့
မင္းကိုအၿမဲေအးျမေစခ်င္တာ…။

ေပါ့ေပါ့ပါးပါးေနပါ။
လမ္းေလွ်ာက္ရင္ေတာင္
ေျခတစ္ေခ်ာင္းလွမ္းႏိုင္ဖို႔
ေျခတစ္ေခ်ာင္းကတြန္းကန္ေပးရတာပဲမဟုတ္လား။

ကိုယ့္မွာေတာ့…
ႏွစ္လႊာေပါင္းေတာ့မွတစ္ရြက္ျဖစ္တဲ႔
ပံုျပင္ထဲကစြယ္ေတာ္ရြက္ေတြကိုအားက်ရ…
တစ္ေယာက္ကတစ္ေယာက္အတြက္ရွင္သန္ေပးေနတဲ႔
ၿခံေထာင့္ကဝါးပင္ပ်ိဳေတြကိုအားက်ရ…
ဘဝဟာရင္နာစရာေကာင္းလိုက္ပံုမ်ား…။

တကယ္တမ္းေတာ့
မင္းဆိုတာလည္းသပ္သပ္…
ကိုယ္ဆိုတာလည္းသပ္သပ္…
(ဒီေကာင္ကလည္း)
ကိုယ္ရွိရာအရပ္ဆီငံု႔မိုးမေပးႏိုင္သူကိုမွ
သစ္ခြပင္လိုဘဝနဲ႔ကပ္တြယ္ေနမိတာ။

ကိုယ္က ဒုတိယပါ။
ကိုယ္က အျဖည့္ခံပါ။
ကိုယ္က မင္းအလိုရွိရင္သတိရၿပီး
အသံုးမလိုတဲ႔အခါေမ့ထားလို႔ရသူပါ။
(ေနာက္ၿပီး ………)
“ကိုယ္က သူမွမဟုတ္တာ”

နာက်င္ရတယ္…။
ငိုေႂကြးရတယ္…။
တိုးတိုးတိတ္တိတ္နဲ႔ႀကိတ္ရွိဳက္ရတယ္…။
ၿပီးရင္ေတာ့ “ရပါတယ္” “အဆင္ေျပပါတယ္” လို႔ ညာေျပာမယ္။
မင္းမရွိပဲနဲ႔မွ မေနႏိုင္တာပဲကေလးရယ္။

သိပ္ခံစားရခက္လာတဲ႔အခါ
ခုလိုပဲ ကဗ်ာနဲ႔ပြတ္သီးပြတ္သပ္လုပ္မယ္။

ကိုယ္ေလ………
တကယ့္ကိုအဆင္ေျပပါတယ္။

(လင္း)
(Zawgyi)

မင်းချစ်တဲ့နှင်းဆီလောက်တော့
ကိုယ်ကဘယ်မွေှးပျံ့နိုင်ပါ့မလဲ။

ကိုယ့်အချစ်က”တိမ်တိုက်”ဆန်တယ်။
ဝမ်းနည်းလို့ပဲငိုငို
ဝမ်းသာလို့ပဲငိုငို
ကိုယ့်မျက်ရည်ချိုတွေနဲ့တော့
မင်းကိုအမြဲအေးမြစေချင်တာ…။

ပေါ့ပေါ့ပါးပါးနေပါ။
လမ်းလျှောက်ရင်တောင်
ခြေတစ်ချောင်းလှမ်းနိုင်ဖို့
ခြေတစ်ချောင်းကတွန်းကန်ပေးရတာပဲမဟုတ်လား။

ကိုယ့်မှာတော့…
နှစ်လွှာပေါင်းတော့မှတစ်ရွက်ဖြစ်တဲ့
ပုံပြင်ထဲကစွယ်တော်ရွက်တွေကိုအားကျရ…
တစ်ယောက်ကတစ်ယောက်အတွက်ရှင်သန်ပေးနေတဲ့
ခြံထောင့်ကဝါးပင်ပျိုတွေကိုအားကျရ…
ဘဝဟာရင်နာစရာကောင်းလိုက်ပုံများ…။

တကယ်တမ်းတော့
မင်းဆိုတာလည်းသပ်သပ်…
ကိုယ်ဆိုတာလည်းသပ်သပ်…
(ဒီကောင်ကလည်း)
ကိုယ်ရှိရာအရပ်ဆီငုံ့မိုးမပေးနိုင်သူကိုမှ
သစ်ခွပင်လိုဘဝနဲ့ကပ်တွယ်နေမိတာ။

ကိုယ်က ဒုတိယပါ။
ကိုယ်က အဖြည့်ခံပါ။
ကိုယ်က မင်းအလိုရှိရင်သတိရပြီး
အသုံးမလိုတဲ့အခါမေ့ထားလို့ရသူပါ။
(နောက်ပြီး ………)
“ကိုယ်က သူမှမဟုတ်တာ”

နာကျင်ရတယ်…။
ငိုကြွေးရတယ်…။
တိုးတိုးတိတ်တိတ်နဲ့ကြိတ်ရှိုက်ရတယ်…။
ပြီးရင်တော့ “ရပါတယ်” “အဆင်ပြေပါတယ်” လို့ ညာပြောမယ်။
မင်းမရှိပဲနဲ့မှ မနေနိုင်တာပဲကလေးရယ်။

သိပ်ခံစားရခက်လာတဲ့အခါ
ခုလိုပဲ ကဗျာနဲ့ပွတ်သီးပွတ်သပ်လုပ်မယ်။

ကိုယ်လေ………
တကယ့်ကိုအဆင်ပြေပါတယ်။

(လင်း)
(Unicode)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s