Author Archives: linyeikhtin

ေျပာမျပျဖစ္တဲ႔အေၾကာင္းေတြ (ပြောမပြဖြစ်တဲ့အကြောင်းတွေ)

မင္းခ်စ္တဲ႔ႏွင္းဆီေလာက္ေတာ့
ကိုယ္ကဘယ္ေမႊးပ်ံ႕ႏိုင္ပါ့မလဲ။

ကိုယ့္အခ်စ္က”တိမ္တိုက္”ဆန္တယ္။
ဝမ္းနည္းလို႔ပဲငိုငို
ဝမ္းသာလို႔ပဲငိုငို
ကိုယ့္မ်က္ရည္ခ်ိဳေတြနဲ႔ေတာ့
မင္းကိုအၿမဲေအးျမေစခ်င္တာ…။

ေပါ့ေပါ့ပါးပါးေနပါ။
လမ္းေလွ်ာက္ရင္ေတာင္
ေျခတစ္ေခ်ာင္းလွမ္းႏိုင္ဖို႔
ေျခတစ္ေခ်ာင္းကတြန္းကန္ေပးရတာပဲမဟုတ္လား။

ကိုယ့္မွာေတာ့…
ႏွစ္လႊာေပါင္းေတာ့မွတစ္ရြက္ျဖစ္တဲ႔
ပံုျပင္ထဲကစြယ္ေတာ္ရြက္ေတြကိုအားက်ရ…
တစ္ေယာက္ကတစ္ေယာက္အတြက္ရွင္သန္ေပးေနတဲ႔
ၿခံေထာင့္ကဝါးပင္ပ်ိဳေတြကိုအားက်ရ…
ဘဝဟာရင္နာစရာေကာင္းလိုက္ပံုမ်ား…။

တကယ္တမ္းေတာ့
မင္းဆိုတာလည္းသပ္သပ္…
ကိုယ္ဆိုတာလည္းသပ္သပ္…
(ဒီေကာင္ကလည္း)
ကိုယ္ရွိရာအရပ္ဆီငံု႔မိုးမေပးႏိုင္သူကိုမွ
သစ္ခြပင္လိုဘဝနဲ႔ကပ္တြယ္ေနမိတာ။

ကိုယ္က ဒုတိယပါ။
ကိုယ္က အျဖည့္ခံပါ။
ကိုယ္က မင္းအလိုရွိရင္သတိရၿပီး
အသံုးမလိုတဲ႔အခါေမ့ထားလို႔ရသူပါ။
(ေနာက္ၿပီး ………)
“ကိုယ္က သူမွမဟုတ္တာ”

နာက်င္ရတယ္…။
ငိုေႂကြးရတယ္…။
တိုးတိုးတိတ္တိတ္နဲ႔ႀကိတ္ရွိဳက္ရတယ္…။
ၿပီးရင္ေတာ့ “ရပါတယ္” “အဆင္ေျပပါတယ္” လို႔ ညာေျပာမယ္။
မင္းမရွိပဲနဲ႔မွ မေနႏိုင္တာပဲကေလးရယ္။

သိပ္ခံစားရခက္လာတဲ႔အခါ
ခုလိုပဲ ကဗ်ာနဲ႔ပြတ္သီးပြတ္သပ္လုပ္မယ္။

ကိုယ္ေလ………
တကယ့္ကိုအဆင္ေျပပါတယ္။

(လင္း)
(Zawgyi)

မင်းချစ်တဲ့နှင်းဆီလောက်တော့
ကိုယ်ကဘယ်မွေှးပျံ့နိုင်ပါ့မလဲ။

ကိုယ့်အချစ်က”တိမ်တိုက်”ဆန်တယ်။
ဝမ်းနည်းလို့ပဲငိုငို
ဝမ်းသာလို့ပဲငိုငို
ကိုယ့်မျက်ရည်ချိုတွေနဲ့တော့
မင်းကိုအမြဲအေးမြစေချင်တာ…။

ပေါ့ပေါ့ပါးပါးနေပါ။
လမ်းလျှောက်ရင်တောင်
ခြေတစ်ချောင်းလှမ်းနိုင်ဖို့
ခြေတစ်ချောင်းကတွန်းကန်ပေးရတာပဲမဟုတ်လား။

ကိုယ့်မှာတော့…
နှစ်လွှာပေါင်းတော့မှတစ်ရွက်ဖြစ်တဲ့
ပုံပြင်ထဲကစွယ်တော်ရွက်တွေကိုအားကျရ…
တစ်ယောက်ကတစ်ယောက်အတွက်ရှင်သန်ပေးနေတဲ့
ခြံထောင့်ကဝါးပင်ပျိုတွေကိုအားကျရ…
ဘဝဟာရင်နာစရာကောင်းလိုက်ပုံများ…။

တကယ်တမ်းတော့
မင်းဆိုတာလည်းသပ်သပ်…
ကိုယ်ဆိုတာလည်းသပ်သပ်…
(ဒီကောင်ကလည်း)
ကိုယ်ရှိရာအရပ်ဆီငုံ့မိုးမပေးနိုင်သူကိုမှ
သစ်ခွပင်လိုဘဝနဲ့ကပ်တွယ်နေမိတာ။

ကိုယ်က ဒုတိယပါ။
ကိုယ်က အဖြည့်ခံပါ။
ကိုယ်က မင်းအလိုရှိရင်သတိရပြီး
အသုံးမလိုတဲ့အခါမေ့ထားလို့ရသူပါ။
(နောက်ပြီး ………)
“ကိုယ်က သူမှမဟုတ်တာ”

နာကျင်ရတယ်…။
ငိုကြွေးရတယ်…။
တိုးတိုးတိတ်တိတ်နဲ့ကြိတ်ရှိုက်ရတယ်…။
ပြီးရင်တော့ “ရပါတယ်” “အဆင်ပြေပါတယ်” လို့ ညာပြောမယ်။
မင်းမရှိပဲနဲ့မှ မနေနိုင်တာပဲကလေးရယ်။

သိပ်ခံစားရခက်လာတဲ့အခါ
ခုလိုပဲ ကဗျာနဲ့ပွတ်သီးပွတ်သပ်လုပ်မယ်။

ကိုယ်လေ………
တကယ့်ကိုအဆင်ပြေပါတယ်။

(လင်း)
(Unicode)

ဒဏ္ရာအခင္းအက်င္း-၁ (ဒဏ်ရာအခင်းအကျင်း-၁)

အခုလိုမ်ိဳး
တုန္ရီေအးစက္စြာ
လဲၿပိဳ္က်ရတဲ႔ညေတြအေၾကာင္း
ဘယ္ေဆာင္းဥတုတို႔ကသိမလဲ။

ကမ္းပါးစြန္းထက္မွာၿငိမ္ၿငိမ္ေလးထိုင္
ျပာလဲ႔ရီမႈန္တဲ႔ျမစ္ျပင္ကိုေတြေတြေလးေငး
မွီစရာပုခံုးသားမရွိတဲ႔
ကိုယ့္အေၾကာင္းကိုယ္ေတြးရတာလည္း
ေပ်ာ္ဖို႔ေကာင္းပါတယ္။

ေအးေလ………။
“ျခေသၤ့မဟုတ္ခဲ႔တာ”တစ္ခုကလြဲရင္ေတာ့
ကိုယ္ဟာလည္း တစ္ေကာင္တည္းပါပဲ။

(လင္း)
(Zawgyi)

အခုလိုမျို
တုန်ရီအေးစက်စွာ
လဲပြို်ကျရတဲ့ညတွေအကြောင်း
ဘယ်ဆောင်းဥတုတို့ကသိမလဲ။

ကမ်းပါးစွန်းထက်မှာငြိမ်ငြိမ်လေးထိုင်
ပြာလဲ့ရီမှုန်တဲ့မြစ်ပြင်ကိုတွေတွေလေးငေး
မှီစရာပုခုံးသားမရှိတဲ့
ကိုယ့်အကြောင်းကိုယ်တွေးရတာလည်း
ပျော်ဖို့ကောင်းပါတယ်။

အေးလေ………။
“ခြငေ်္သ့မဟုတ်ခဲ့တာ”တစ်ခုကလွဲရင်တော့
ကိုယ်ဟာလည်း တစ်ကောင်တည်းပါပဲ။

(လင်း)
(Unicode)

image

ရင္ကြဲခန္းေဆာင္(၂) ရင်ကွဲခန်းဆောင်(၂)

ရွင့္အခ်စ္ကမြန္းၾကပ္တယ္ဆိုတဲ႔ေနာက္
အျပန္အလွန္ေမးခြန္းေတြမထုတ္ျဖစ္ခဲ႔တာၾကာၿပီ။

တစ္ေယာက္ကတစ္ေယာက္ကိုပင္ပန္းေစမွေတာ့
ဒါဟာ ေမတၱာဘယ္မည္ပါ့မလဲ။
ဒီစိတ္နဲ႔ပဲ ကိုယ့္တစ္ကိုယ္ရည္အတၱေတြကိုခ်ိဳးႏွိမ္ပစ္ခဲ႔…။

ခ်စ္သူကိုစိတ္ခ်မ္းသာေစခ်င္လြန္းေတာ့
ေဝဒနာေတြကို
ကိုယ္ကပဲ ရွိဳက္နမ္းေမႊးျမလိုက္ပါတယ္။

အဲဒီေန႔ကစလို႔
စံပယ္ပန္းေလးေျခာက္ေသြ႔သြားတယ္…။
စမ္းေခ်ာင္းေလးေနာက္က်ိသြားတယ္…။
ေလတံခြန္ေလးႀကိဳးျပတ္သြားတယ္…။
အနီးဆံုးဆံုးနီးၿပီး
အေဝးဆံုးေဝးခဲ႔ေတာ့
အသက္ရွဴရတာေတာင္ပ်င္းလ်လ်နဲ႔…။

ကိုယ့္ဝါးလံုးေခါင္းထဲက
တစ္ျခမ္းပဲ႔လကေလး
သူ…ခပ္တိုးတိုးပဲလင္းရရွာတယ္။

အခ်စ္ဆိုတာ
ဆုပ္ကိုင္ဆြဲပိုက္ထားမွမဟုတ္ပါဘူးကြယ္။
သူေပ်ာ္ေနသေရြ႕ကိုယ္ေပ်ာ္ေနမယ္…။
ကဲ………
ဘယ္ေလာက္ေတာင္ရိုးရွင္းလိုက္သလဲ။

တျဖည္းျဖည္းေဝးသြားတဲ႔ေျခလွမ္းေတြကို
အသက္ရွဴေအာင့္ၿပီး ေရ တြက္ ………
ကိုယ္…ယေသာ္ဓရာ့လို
တိတ္တိတ္ကေလးဆက္အိပ္ေနခဲ႔ပါတယ္။

(လင္း)
(Zawgyi)

ရှင့်အချစ်ကမွန်းကြပ်တယ်ဆိုတဲ့နောက်
အပြန်အလှန်မေးခွန်းတွေမထုတ်ဖြစ်ခဲ့တာကြာပြီ။

တစ်ယောက်ကတစ်ယောက်ကိုပင်ပန်းစေမှတော့
ဒါဟာ မေတ္တာဘယ်မည်ပါ့မလဲ။
ဒီစိတ်နဲ့ပဲ ကိုယ့်တစ်ကိုယ်ရည်အတ္တတွေကိုချိုးနှိမ်ပစ်ခဲ့…။

ချစ်သူကိုစိတ်ချမ်းသာစေချင်လွန်းတော့
ဝေဒနာတွေကို
ကိုယ်ကပဲ ရှိုက်နမ်းမွေှးမြလိုက်ပါတယ်။

အဲဒီနေ့ကစလို့
စံပယ်ပန်းလေးခြောက်သွေ့သွားတယ်…။
စမ်းချောင်းလေးနောက်ကျိသွားတယ်…။
လေတံခွန်လေးကြိုးပြတ်သွားတယ်…။
အနီးဆုံးဆုံးနီးပြီး
အဝေးဆုံးဝေးခဲ့တော့
အသက်ရှူရတာတောင်ပျင်းလျလျနဲ့…။

ကိုယ့်ဝါးလုံးခေါင်းထဲက
တစ်ခြမ်းပဲ့လကလေး
သူ…ခပ်တိုးတိုးပဲလင်းရရှာတယ်။

အချစ်ဆိုတာ
ဆုပ်ကိုင်ဆွဲပိုက်ထားမှမဟုတ်ပါဘူးကွယ်။
သူပျော်နေသရွေ့ကိုယ်ပျော်နေမယ်…။
ကဲ………
ဘယ်လောက်တောင်ရိုးရှင်းလိုက်သလဲ။

တဖြည်းဖြည်းဝေးသွားတဲ့ခြေလှမ်းတွေကို
အသက်ရှူအောင့်ပြီး ရေ တွက် ………
ကိုယ်…ယသော်ဓရာ့လို
တိတ်တိတ်ကလေးဆက်အိပ်နေခဲ့ပါတယ်။

(လင်း)
(Unicode)

image

ျမရာပင္မွာခ်ိတ္ထားတဲ႔အလြမ္းေတြ (မြရာပင်မှာချိတ်ထားတဲ့အလွမ်းတွေ)

မင္းကေျပးမွေတာ့
ကိုယ္ကလိုက္ရတယ္…။
ေျပးရင္းနဲ႔တျဖည္းျဖည္းေဝးသြားခဲ႔ၾကတာ
တို႔ႏွစ္ေယာက္ၾကား
ဘာမ်ားဆန္းခဲ႔ပါသလဲ။

ေျမေပၚကေကာက္
ေလေပၚပစ္ေျမွာက္မွေျပမယ့္
မင္းအာသီသတို႔အတြက္
ကိုယ္ဟာ ၾသဇာေစ့ေလးျဖစ္ခဲ႔တယ္…။
ျဖဴလႊလႊေက်ာက္စရစ္ခဲေလးျဖစ္ခဲ႔တယ္…။

က်ိန္စာေတြျပယ္ဖို႔
မေထြးကိုမွလိုပါတယ္လို႔
ဒီစြန္ညိဳဳဟာ သံ ကုန္ ျခစ္ ေအာ္ ခဲ႔…။

မေသခင္မွာ
အရွင္လတ္လတ္က်တဲ႔ငရဲဆိုတာ
မင္းမ်က္ႏွာမူရာ ကိုယ္ေနရၿပီး
ထမင္းရည္ပူစည္းအထပ္ထပ္
အျခားခံခဲ႔ရသလိုပါကြယ္…။

တကယ္ေတာ့………
ဒီအုန္းလက္ျမင္းေလးက
မင္းအလိုရွိရင္ယူေဆာ့ၿပီး
အလိုမရွိတဲ႔အခါ
ပစ္ထားခဲ႔လို႔ရပါတယ္…။

(လင္း)
(Zawgyi)

မင်းကပြေးမှတော့
ကိုယ်ကလိုက်ရတယ်…။
ပြေးရင်းနဲ့တဖြည်းဖြည်းဝေးသွားခဲ့ကြတာ
တို့နှစ်ယောက်ကြား
ဘာများဆန်းခဲ့ပါသလဲ။

မြေပေါ်ကကောက်
လေပေါ်ပစ်မြှောက်မှပြေမယ့်
မင်းအာသီသတို့အတွက်
ကိုယ်ဟာ သြဇာစေ့လေးဖြစ်ခဲ့တယ်…။
ဖြူလွှလွှကျောက်စရစ်ခဲလေးဖြစ်ခဲ့တယ်…။

ကျိန်စာတွေပြယ်ဖို့
မထွေးကိုမှလိုပါတယ်လို့
ဒီစွန်ညိုဟာ သံ ကုန် ခြစ် အော် ခဲ့…။

မသေခင်မှာ
အရှင်လတ်လတ်ကျတဲ့ငရဲဆိုတာ
မင်းမျက်နှာမူရာ ကိုယ်နေရပြီး
ထမင်းရည်ပူစည်းအထပ်ထပ်
အခြားခံခဲ့ရသလိုပါကွယ်…။

တကယ်တော့………
ဒီအုန်းလက်မြင်းလေးက
မင်းအလိုရှိရင်ယူဆော့ပြီး
အလိုမရှိတဲ့အခါ
ပစ်ထားခဲ့လို့ရပါတယ်…။

(လင်း)
(Unicode)

image

ဝီ စတန္းဒ္ ဝစ္ ဘထြမ့္ (ဝီ စတန်းဒ် ဝစ် ဘထွမ့်)

          အေမရိကန္ေရြးေကာက္ပြဲၿပီးေလၿပီ။
          ထင္ထားသူမႏိုင္ပဲ မထင္ထားသူႏိုင္သြားသည့္အတြက္ ဆႏၵျပမႈမ်ားျဖစ္ေနေၾကာင္းလည္း သိရသည္။
          ေလဒီဂါဂါ၊ ေကတီပယ္ရီတို႔လို နာမည္ေက်ာ္အႏုပညာရွင္မ်ားအပါအဝင္ အလႊာအသီးသီး နယ္စံုပယ္စံုမွလူေတြက သမဒႀကီးဘထြမ့္ကို ကန္႔ကြက္ေနၾကသည္။
          ဘထြမ့္ႏိုင္လွ်င္ အေမရိကန္မွာမေနဘူးဟု ဆံုးျဖတ္ထားသူမ်ားဝင္ေရာက္ၾကည့္ရွဳလြန္း၍ ကေနဒါလူဝင္မႈႀကီးၾကပ္ေရးဝဘ္ဆိုဒ္ပါ က်သြားသည္ဟုလည္းသိရျပန္သည္။
          နားမလည္…။
          ထိုသူတို႔ကို ငွက္ရိုးနားမလည္။
          ငွက္ရိုးကေတာ့ ဟိုးအစကတည္းက ဟီလာတိုက္ၿပီးရီတတ္သည့္ ကလင္ဒါဆိုတာႀကီးကို သေဘာမက်၍လားမသိ ဘထြမ့္သမဒျဖစ္လာျခင္းကို လိႈက္လိႈက္လွဲလွဲႀကိဳဆိုသည္။
          ေအာင္မာ…… မဲရလဒ္ေၾကညာတုန္းကဆို ငွက္ရိုးမ်က္ရည္ေလးစမ္းစမ္းစမ္းစမ္းႏွင့္ေတာင္ တီဗီြေရွ႕ပတ္ကမိေသးသည္။
          ဘထြမ့္မၾကားမွာသိေသာ္လည္း “အိုင္ လာ့ဗ္ ဘထြမ့္”ဟု မရွိမဲ႔ရွိမဲ႔ဖင္ျပားေလးကိုကုန္းၿပီး ငယ္သံပါသည္အထိေအာ္ခဲ႔သည္။ ဘထြမ့္သတင္းေတြ ဖြဘုတ္မွာတက္လာတိုင္း “ဘထြမ့္ မြခ်ိ မြခ်ိ”ဟု ေကာမန္႔ေပးတတ္သည္။ ငွက္ရိုးဆိုသည္မွာလည္း ေရေျမေတြျခားေနတာေတာင္ အဘမ်ားအတြက္ဆို ထုိမွ်အထိ ေဘာမ (အဲ) ေသာကေဝတတ္ေလသည္။
          ဘထြမ့္ကရွင္းသည္။
          ျပတ္သည္။
          မည္မွ်ထိရွင္းၿပီး မည္မွ်ထိျပတ္သလဲဆို တခါတေလ ၾကည္ေတာက္ရွင္းဝတ္လစ္စလစ္ ဗီြဒီယိုင္ဖိုင္ေတြပါ အင္တာနက္ေပၚျပန္႔လာသည္အထိ ရွင္းသည္၊ ျပတ္သည္။
          ဒါတင္မကဘထြမ့္ကက်န္းမာႀကံ႕ခိုင္သည္။ ေညွာင္စိေညွာင္ညွက္၊ ရွဴနာရွိဳက္ကုန္းမဟုတ္။ ဘထြမ့္စပြန္ဆာေပးထားသည့္ ေမာ္ဒယ္စကီေလးမ်ားက ဘထြမ့္က်န္းမာႀကံ႕ခိုင္ေၾကာင္းသက္ေသ…။
          မဲဆြယ္ပြဲၾကည့္ၾကည့္၊ စကားစစ္ထိုးပြဲၾကည့္ၾကည့္ ဘထြမ့္ကအၿမဲသြက္လက္ေနသည္။ ဒူးေခြျခင္း၊ ခါးကိုက္ျခင္းအလ်ဥ္းမရွိ။ အက်င့္ပါေနသူမို႔ အာသြက္၊ လွ်ာသြက္ကလည္းရွိေလသည္။ ေခါင္းျဖဴေသာ္လည္း စြယ္မက်ိဳးသည့္ အာဂဘထြမ့္ပင္။
          ဘထြမ့္အစြမ္းက ဤမွ်ႀကီးမားသည္ဆိုေတာ့ ငွက္ရိုးတို႔ေရလည္ဂါသည္။ မဲဆြယ္ပြဲတိုင္း ေမာင္းမမိႆံအေႁခြအရံစံုစြာႏွင့္ ပြဲထြက္လာတတ္သည့္ ဘထြမ့္ဘုန္းကံကိုအားက်ရသည္။
          ဘထြမ့္ကအမ်ိဳးသားေရးအားသန္သည္။ အားေပးသည္။
          ဒါ့အျပင္ ဘထြမ့္ကမိန္းမအေရြးေတာ္သည္။ ေနန႔ဲလ၊ ေရႊနဲ႔ျမလို လိုက္ဖက္ညီသည္။ ဘထြမ့္က အမ်ိဳးသားေရးအားသန္သလို ဘထြမ့္ကေတာ္ကလည္း အမ်ိဳးသားေရးအားသန္ပံုရသည္။ မယံုလွ်င္ ဘထြမ့္ကေတာ္၏ မ်က္စိပသာဒျဖစ္ဖြယ္ ႏွစ္ေကာ့တစ္ကံုး ဝတ္လစ္စလစ္ဓာတ္ပံုမ်ားကို ၾကည့္ရွဳေလ့လာႏိုင္သည္။ (စိတ္) အတြင္းသားျဖဴစင္လွပေသာ ႏိုင္ငံ့မိခင္၏ အလွတရားေၾကာင့္ အေမရိကန္ျပည္သူျပည္သားမ်ား ဂုဏ္ယူဝံ့ႂကြားႏိုင္ေတာ့မည္ျဖစ္သည္။
          ေပ်ာ္သည္။
          ငွက္ရိုးေပ်ာ္သည္။
          ဘထြမ့္သမဒျဖစ္သြား၍ ငွက္ရိုးေပ်ာ္သည္။
          ဘထြမ့္အတြက္ဂုဏ္ျပဳပြဲကို ငွက္ရိုးသူငယ္ခ်င္းေရာင္းရင္းမ်ားႏွင့္ လမ္းထိပ္ဘံုဆိုင္တြင္ တစ္ေနကုန္က်င္းပမည္။ ေသြးေသာက္အားလံုး အလုပ္မသြားပဲ ညီညီညြတ္ညြတ္ေအာင္ပြဲခံၾကမည္။ ဗိုက္ဆာလွ်င္ “ဘထြမ့္ေအာင္ပြဲစတုဒိသာ”မ်ားတြင္ အလကားဝင္စားၾကမည္။
          အိမ္တံခါးကိုေသာ့ခတ္လိုက္သည္။
          မေန႔ကပဲျပဳတ္ဖိုးအေႂကြးကို မနက္ျဖန္မွေပးမည္။ အိမ္ငွားခ၃လစာကိုလည္း ေလးလေနမွ ေပါင္းေပးမည္။
          ေလာေလာဆယ္ေတာ့ ဘထြမ့္အတြက္ လမ္းထိပ္ဘံုဆိုင္တြင္ေအာင္ပြဲခံရမည္။
          ငါတို႔သည္ ဘထြမ့္မ်ားသာျဖစ္ၾကသည္…။

(ပေရာ္ဖက္ဆာေဒါက္တာငွက္ရိုး)
(Zawgyi)

          အမေရိကန်ရွေးကောက်ပွဲပြီးလေပြီ။
          ထင်ထားသူမနိုင်ပဲ မထင်ထားသူနိုင်သွားသည့်အတွက် ဆန္ဒပြမှုများဖြစ်နေကြောင်းလည်း သိရသည်။
          လေဒီဂါဂါ၊ ကေတီပယ်ရီတို့လို နာမည်ကျော်အနုပညာရှင်များအပါအဝင် အလွှာအသီးသီး နယ်စုံပယ်စုံမှလူတွေက သမဒကြီးဘထွမ့်ကို ကန့်ကွက်နေကြသည်။
          ဘထွမ့်နိုင်လျှင် အမေရိကန်မှာမနေဘူးဟု ဆုံးဖြတ်ထားသူများဝင်ရောက်ကြည့်ရှုလွန်း၍ ကနေဒါလူဝင်မှုကြီးကြပ်ရေးဝဘ်ဆိုဒ်ပါ ကျသွားသည်ဟုလည်းသိရပြန်သည်။
          နားမလည်…။
          ထိုသူတို့ကို ငှက်ရိုးနားမလည်။
          ငှက်ရိုးကတော့ ဟိုးအစကတည်းက ဟီလာတိုက်ပြီးရီတတ်သည့် ကလင်ဒါဆိုတာကြီးကို သဘောမကျ၍လားမသိ ဘထွမ့်သမဒဖြစ်လာခြင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။
          အောင်မာ…… မဲရလဒ်ကြေညာတုန်းကဆို ငှက်ရိုးမျက်ရည်လေးစမ်းစမ်းစမ်းစမ်းနှင့်တောင် တီဗွီရှေ့ပတ်ကမိသေးသည်။
          ဘထွမ့်မကြားမှာသိသော်လည်း “အိုင် လာ့ဗ် ဘထွမ့်”ဟု မရှိမဲ့ရှိမဲ့ဖင်ပြားလေးကိုကုန်းပြီး ငယ်သံပါသည်အထိအော်ခဲ့သည်။ ဘထွမ့်သတင်းတွေ ဖွဘုတ်မှာတက်လာတိုင်း “ဘထွမ့် မွချိ မွချိ”ဟု ကောမန့်ပေးတတ်သည်။ ငှက်ရိုးဆိုသည်မှာလည်း ရေမြေတွေခြားနေတာတောင် အဘများအတွက်ဆို ထိုမျှအထိ ဘောမ (အဲ) သောကဝေတတ်လေသည်။
          ဘထွမ့်ကရှင်းသည်။
          ပြတ်သည်။
          မည်မျှထိရှင်းပြီး မည်မျှထိပြတ်သလဲဆို တခါတလေ ကြည်တောက်ရှင်းဝတ်လစ်စလစ် ဗွီဒီယိုင်ဖိုင်တွေပါ အင်တာနက်ပေါ်ပြန့်လာသည်အထိ ရှင်းသည်၊ ပြတ်သည်။
          ဒါတင်မကဘထွမ့်ကကျန်းမာကြံ့ခိုင်သည်။ ညှောင်စိညှောင်ညှက်၊ ရှူနာရှိုက်ကုန်းမဟုတ်။ ဘထွမ့်စပွန်ဆာပေးထားသည့် မော်ဒယ်စကီလေးများက ဘထွမ့်ကျန်းမာကြံ့ခိုင်ကြောင်းသက်သေ…။
          မဲဆွယ်ပွဲကြည့်ကြည့်၊ စကားစစ်ထိုးပွဲကြည့်ကြည့် ဘထွမ့်ကအမြဲသွက်လက်နေသည်။ ဒူးခွေခြင်း၊ ခါးကိုက်ခြင်းအလျဉ်းမရှိ။ အကျင့်ပါနေသူမို့ အာသွက်၊ လျှာသွက်ကလည်းရှိလေသည်။ ခေါင်းဖြူသော်လည်း စွယ်မကျိုးသည့် အာဂဘထွမ့်ပင်။
          ဘထွမ့်အစွမ်းက ဤမျှကြီးမားသည်ဆိုတော့ ငှက်ရိုးတို့ရေလည်ဂါသည်။ မဲဆွယ်ပွဲတိုင်း မောင်းမမိဿံအခြွေအရံစုံစွာနှင့် ပွဲထွက်လာတတ်သည့် ဘထွမ့်ဘုန်းကံကိုအားကျရသည်။
          ဘထွမ့်ကအမျိုးသားရေးအားသန်သည်။ အားပေးသည်။
          ဒါ့အပြင် ဘထွမ့်ကမိန်းမအရွေးတော်သည်။ နေန့ဲလ၊ ရွေှနဲ့မြလို လိုက်ဖက်ညီသည်။ ဘထွမ့်က အမျိုးသားရေးအားသန်သလို ဘထွမ့်ကတော်ကလည်း အမျိုးသားရေးအားသန်ပုံရသည်။ မယုံလျှင် ဘထွမ့်ကတော်၏ မျက်စိပသာဒဖြစ်ဖွယ် နှစ်ကော့တစ်ကုံး ဝတ်လစ်စလစ်ဓာတ်ပုံများကို ကြည့်ရှုလေ့လာနိုင်သည်။ (စိတ်) အတွင်းသားဖြူစင်လှပသော နိုင်ငံ့မိခင်၏ အလှတရားကြောင့် အမေရိကန်ပြည်သူပြည်သားများ ဂုဏ်ယူဝံ့ကြွားနိုင်တော့မည်ဖြစ်သည်။
          ပျော်သည်။
          ငှက်ရိုးပျော်သည်။
          ဘထွမ့်သမဒဖြစ်သွား၍ ငှက်ရိုးပျော်သည်။
          ဘထွမ့်အတွက်ဂုဏ်ပြုပွဲကို ငှက်ရိုးသူငယ်ချင်းရောင်းရင်းများနှင့် လမ်းထိပ်ဘုံဆိုင်တွင် တစ်နေကုန်ကျင်းပမည်။ သွေးသောက်အားလုံး အလုပ်မသွားပဲ ညီညီညွတ်ညွတ်အောင်ပွဲခံကြမည်။ ဗိုက်ဆာလျှင် “ဘထွမ့်အောင်ပွဲစတုဒိသာ”များတွင် အလကားဝင်စားကြမည်။
          အိမ်တံခါးကိုသော့ခတ်လိုက်သည်။
          မနေ့ကပဲပြုတ်ဖိုးအကြွေးကို မနက်ဖြန်မှပေးမည်။ အိမ်ငှားခ၃လစာကိုလည်း လေးလနေမှ ပေါင်းပေးမည်။
          လောလောဆယ်တော့ ဘထွမ့်အတွက် လမ်းထိပ်ဘုံဆိုင်တွင်အောင်ပွဲခံရမည်။
          ငါတို့သည် ဘထွမ့်များသာဖြစ်ကြသည်…။

(ပရော်ဖက်ဆာဒေါက်တာငှက်ရိုး)
(Unicode)

image

သိပ္ခ်စ္မိတဲ႔အေၾကာင္းေတြ (သိပ်ချစ်မိတဲ့အကြောင်းတွေ)

(၁)
တကယ္တမ္းက်
ကြၽန္ေတာ္ဆိုတာ
သူမကိုပ်ဝပ္ရိုက်ိဳးစြာခ်စ္ခဲ့မိသူပဲ။
ေကာင္းကင္ဆီလက္ျဖန္႔လိုက္ရင္ကို
ကိုယ္က မင္းလက္ခုပ္ထဲ
အလိုလိုေႂကြဆင္းေပးေနမိတဲ႔သူမ်ိဳး။

(၂)
ခပ္ည့ံည့ံဝတၳဳဇာတ္လိုက္တစ္ေယာက္လို
ၾကယ္ေတြခူးမေပးႏိုင္ဘူးတာရာ။
ဒါေပမယ့္ တစ္ဘဝစာအစီအစဥ္မွာေတာ့
မင္းဆိုတာ အဓိကေနရာကအၿမဲပါတယ္။

(၃)
ဆႏၵေတြတနင့္တပိုးလြယ္ၿပီး
မကြၽတ္မလြတ္ႏိုင္ေသးတဲ႔
တေစၧတစ္ေကာင္ပါကြယ္။
ကိုယ့္ႏွလံုးသားေထာင့္မွာ
မင္းအမွ်လာေဝေတာ့မွ
ဘဝကူးႏိုင္မယ့္ပံုျမင္မိတယ္။

(၄)
ကိုယ့္ဆံပင္ေတြကို
ထိုးဖြေဆာ့ကစားသြားတဲ႔ေလေျပဟာ မင္း၊
ၿခံေထာင့္က
ကိုယ္ပ်ိဳးထားတဲ႔စြယ္ေတာ္ပင္ပ်ိဳေလးဟာ မင္း၊
ကိုယ့္ပုခံုးသားေပၚ
ျမတ္ႏိုးစြာတင္ထားမိတဲ႔တေယာေလးဟာ မင္း၊
အိုကြယ္… ကိုယ့္ဘဝရဲ႕အရာရာဟာမင္းျဖစ္တယ္။

(၅)
ႏွလံုးသားအေသကိုျပဳစားဖို႔
ဘယ္လိုေမွာ္အတတ္ေတြ
စီရင္ခဲ႔သလဲေကာင္မေလးရယ္။
မင္းမ်က္ေတာင္တစ္ခတ္မွာတင္
ဒီၿမိဳ႕ရိုးတစ္ခုလံုးကၿပိဳက်သြားေလရဲ႕။

ၿပံဳးပါတာရာရယ္။
ဒီရင္ဘတ္ကက်ိန္စာေတြကို
မင္းအၿပံဳးေလးျဖဴလႊလႊတစ္ပြင့္တည္းနဲ႔
တစ္သံသရာစာ ဆြဲလႊင့္ပစ္ႏိုင္ပါတယ္။

(၆)
ကိုယ္ကမ္းခဲ႔တာစြယ္ေတာ္ျဖဴေလးပါ။
မင္းနမ္းခ်င္လည္းျဖစ္တယ္။
မင္းနင္းခ်င္လည္းျဖစ္တယ္။

အရွံဳးေပးၿပီးသားလူတစ္ေယာက္ပဲ။
ဒီေကာင္အႀကိမ္ႀကိမ္ေသေအာင္
ႏွလံုးသားဆီခ်ိန္ရြယ္ေမာင္းျဖဳတ္ရင္လည္း
သံသရာအဆက္ဆက္
လည္စင္းေပးေနဦးမွာပဲ။
ခ်စ္မိၿပီဆိုမွေတာ့
ေနာင္တဆိုတာလည္းမရွိတတ္ဘူး။

(၇)
မင္းနာမည္ေလးကို
တခုတ္တရေရရြတ္
ၫႊတ္က်သြားတဲ႔ဒူးႏွစ္ဖက္မွာ
ခစားစရာသခင္မတစ္ပါးရွိခဲ႔ၿပီ။

အို…အခ်င္းေဆြမြန္တို႔
ဤမည္ေသာသူမအား
ငါ၏သစၥာတို႔အားေပးခဲ႔ေလၿပီျဖစ္အ့ံ။
အသင္တို႔စိတ္ကူးထဲ၌ပင္
သူမအားထိပါးခြင့္မရွိ။

(၈)
မင္းကိုလြမ္းၿပီဆို
သိကၡာေတြ၊ မာနေတြ အကုန္လႊတ္ခ်ၿပီး
ကဗ်ာေရးဖို႔တစ္ခုေလာက္ပဲသိတဲ႔ေကာင္ပါ။

စကၠန္႔တိုင္း စကၠန္႔တိုင္း ………
ေသြးေၾကာေတြထဲက
မင္းနာမည္ေလးျဖဴလႊလႊကို
တဖြဖြေအာ္တယ္။
ႏွလံုးသားလည္းအျဖဴ…၊
ခံစားခ်က္လည္းအျဖဴ…။

(၉)
တာရာေရ…
မ်က္လံုးေလးအသာမွိတ္
ေခါင္းေလးအသာေမာ့
မင္းလည္တိုင္ေက်ာ့ေက်ာ့မွာ
ကိုယ့္ပင့္သက္ေတြခိုနားပါေစကြယ္။

ေနာဧရဲ႕ေလွကိုစီး
(တို႔ႏွစ္ေယာက္တည္း) ဧဒင္အထိခရီးထြက္မယ္။

မစားေကာင္းတဲ႔အသီးေတြကို
ဥယ်ာဥ္တစ္ခုလံုးစိုက္ပ်ိဳးမယ္။

တေယာကတစ္လက္…
ခ်စ္သူကတစ္ဖက္…
အဲဒီတားျမစ္သစ္ပင္ရိပ္ထက္မွာ
အနမ္းေတြ တသက္သက္ေဝမယ္။

(လင္း)
(Zawgyi)

(၁)
တကယ်တမ်းကျ
ကျွန်တော်ဆိုတာ
သူမကိုပျဝပ်ရိုကျိုးစွာချစ်ခဲ့မိသူပဲ။
ကောင်းကင်ဆီလက်ဖြန့်လိုက်ရင်ကို
ကိုယ်က မင်းလက်ခုပ်ထဲ
အလိုလိုကြွေဆင်းပေးနေမိတဲ့သူမျိုး။

(၂)
ခပ်ည့ံည့ံဝတၳုဇာတ်လိုက်တစ်ယောက်လို
ကြယ်တွေခူးမပေးနိုင်ဘူးတာရာ။
ဒါပေမယ့် တစ်ဘဝစာအစီအစဉ်မှာတော့
မင်းဆိုတာ အဓိကနေရာကအမြဲပါတယ်။

(၃)
ဆန္ဒတွေတနင့်တပိုးလွယ်ပြီး
မကျွတ်မလွတ်နိုင်သေးတဲ့
တစေၧတစ်ကောင်ပါကွယ်။
ကိုယ့်နှလုံးသားထောင့်မှာ
မင်းအမျှလာဝေတော့မှ
ဘဝကူးနိုင်မယ့်ပုံမြင်မိတယ်။

(၄)
ကိုယ့်ဆံပင်တွေကို
ထိုးဖွဆော့ကစားသွားတဲ့လေပြေဟာ မင်း၊
ခြံထောင့်က
ကိုယ်ပျိုးထားတဲ့စွယ်တော်ပင်ပျိုလေးဟာ မင်း၊
ကိုယ့်ပုခုံးသားပေါ်
မြတ်နိုးစွာတင်ထားမိတဲ့တယောလေးဟာ မင်း၊
အိုကွယ်… ကိုယ့်ဘဝရဲ့အရာရာဟာမင်းဖြစ်တယ်။

(၅)
နှလုံးသားအသေကိုပြုစားဖို့
ဘယ်လိုမှော်အတတ်တွေ
စီရင်ခဲ့သလဲကောင်မလေးရယ်။
မင်းမျက်တောင်တစ်ခတ်မှာတင်
ဒီမြို့ရိုးတစ်ခုလုံးကပြိုကျသွားလေရဲ့။

ပြုံးပါတာရာရယ်။
ဒီရင်ဘတ်ကကျိန်စာတွေကို
မင်းအပြုံးလေးဖြူလွှလွှတစ်ပွင့်တည်းနဲ့
တစ်သံသရာစာ ဆွဲလွှင့်ပစ်နိုင်ပါတယ်။

(၆)
ကိုယ်ကမ်းခဲ့တာစွယ်တော်ဖြူလေးပါ။
မင်းနမ်းချင်လည်းဖြစ်တယ်။
မင်းနင်းချင်လည်းဖြစ်တယ်။

အရှုံးပေးပြီးသားလူတစ်ယောက်ပဲ။
ဒီကောင်အကြိမ်ကြိမ်သေအောင်
နှလုံးသားဆီချိန်ရွယ်မောင်းဖြုတ်ရင်လည်း
သံသရာအဆက်ဆက်
လည်စင်းပေးနေဦးမှာပဲ။
ချစ်မိပြီဆိုမှတော့
နောင်တဆိုတာလည်းမရှိတတ်ဘူး။

(၇)
မင်းနာမည်လေးကို
တခုတ်တရရေရွတ်
ညွှတ်ကျသွားတဲ့ဒူးနှစ်ဖက်မှာ
ခစားစရာသခင်မတစ်ပါးရှိခဲ့ပြီ။

အို…အချင်းဆွေမွန်တို့
ဤမည်သောသူမအား
ငါ၏သစ္စာတို့အားပေးခဲ့လေပြီဖြစ်အ့ံ။
အသင်တို့စိတ်ကူးထဲ၌ပင်
သူမအားထိပါးခွင့်မရှိ။

(၈)
မင်းကိုလွမ်းပြီဆို
သိက္ခာတွေ၊ မာနတွေ အကုန်လွှတ်ချပြီး
ကဗျာရေးဖို့တစ်ခုလောက်ပဲသိတဲ့ကောင်ပါ။

စက္ကန့်တိုင်း စက္ကန့်တိုင်း ………
သွေးကြောတွေထဲက
မင်းနာမည်လေးဖြူလွှလွှကို
တဖွဖွအော်တယ်။
နှလုံးသားလည်းအဖြူ…၊
ခံစားချက်လည်းအဖြူ…။

(၉)
တာရာရေ…
မျက်လုံးလေးအသာမှိတ်
ခေါင်းလေးအသာမော့
မင်းလည်တိုင်ကျော့ကျော့မှာ
ကိုယ့်ပင့်သက်တွေခိုနားပါစေကွယ်။

နောဧရဲ့လှေကိုစီး
(တို့နှစ်ယောက်တည်း) ဧဒင်အထိခရီးထွက်မယ်။

မစားကောင်းတဲ့အသီးတွေကို
ဥယျာဉ်တစ်ခုလုံးစိုက်ပျိုးမယ်။

တယောကတစ်လက်…
ချစ်သူကတစ်ဖက်…
အဲဒီတားမြစ်သစ်ပင်ရိပ်ထက်မှာ
အနမ်းတွေ တသက်သက်ဝေမယ်။

(လင်း)
(Unicode)

image

၅၂၈ေမတၱာႏွင့္၁၅၀၀ကိေလသာတြက္နည္း (၅၂၈မေတ္တာနှင့်၁၅၀၀ကိလေသာတွက်နည်း)

၅၂၈ေမတၱာ
•••••••••••••••
၁။ သေဗၺသတၱာ (အလံုးစံုေသာသတၱဝါမ်ား)
၂။ သေဗၺပါဏာ (အလုံးစုံေသာ ထြက္သက္၀င္သက္ရွိေသာ သတၱ၀ါမ်ား)
၃။ သေဗၺဘူတာ (အလုံးစုံေသာ ထင္ရွားရွိေသာ သတၱ၀ါမ်ား)
၄။ သေဗၺပုဂၢလာ (အလုံးစုံေသာပုဂၢိဳလ္မ်ား)
၅။ သေဗၺအတၱဘာ၀ပရိယာပႏၷာ (အလုံးစုံေသာ အတၱေဘာ၌  အက်ဳံး၀င္ေသာ သတၱ၀ါမ်ား)
၆။ သဗၺာဣတၳိေယာ (အလုံးစုံေသာ မိန္းမမ်ား)
၇။ သေဗၺပုရိသာ (အလုံးစုံေသာ ေယာက်္ားမ်ား)
၈။ သေဗၺအရိယာ (အလုံးစုံေသာ အရိယာပုဂၢိဳလ္မ်ား)
၉။ သေဗၺအနရိယာ (အလုံးစုံေသာ ပုထုဇင္မ်ား)
၁၀။ သေဗၺေဒ၀ါ (အလုံးစုံေသာ နတ္ေဒ၀ါမ်ား)
၁၁။ သေဗၺမႏုႆ (အလံုးစံုေသာလူမ်ား)
၁၂။ သေဗၺ၀ိနိပါတိကာ (အလုံးစုံေသာ အပါယ္ငရဲက်ေရာက္ေသာ သူမ်ား)
[ဒါကပုဂၢိဳလ္၁၂ေယာက္ပါ။]

၁။ အေ၀ရာေဟာႏၲဳ (ေဘးရန္ကင္းၾကပါေစ)
၂။ အဗ်ာပဇၨာေဟာႏၲဳ (စိတ္ဆင္းရဲျခင္း ကင္းၾကပါေစ)
၃။ အနီဃာေဟာႏၲဳ (ကုိယ္ဆင္းရဲျခင္း ကင္းၾကပါေစ)
၄။ သုခီအတၱာနံ ပရိဟရႏၲဳ (ခ်မ္းသာစြာ မိမိကုိယ္ကုိ ရြတ္ေဆာင္ႏုိင္ပါေစ)
[ဒါကေတာ့ ေမတၱာေလးခ်က္ပါ။]

ဒီပုဂၢိဳလ္၁၂ေယာက္ကို ေမတၱာေလးခ်က္စီပို႔တဲ႔အခါ ေမတၱာ၄၈ခ်က္ျဖစ္ပါတယ္။
[ဒါက ပုဂိၢဳလ္ေတြခ်ည္းသပ္သပ္ ေယ်ဘုယ်ပို႔သတဲ႔ေမတၱာပါ။]

ဒီေမတၱာ၄၈ခ်က္ကိုပဲ အရပ္၁၀မ်က္ႏွာကသတၱဝါေတြဆီ အႏုစိတ္ပို႔သတဲ႔အခါ ေမတၱာ၄၈၀ခ်က္ ျဖစ္ပါ့မယ္။

အႏုစိတ္ပို႔သထားတဲ႔ေမတၱာ၄၈၀ခ်က္နဲ႔ ေယ်ဘုယ်ပို႔ထားတဲ႔ေမတၱာ၄၈ခ်က္ေပါင္းတဲ႔အခါ ၅၂၈ေမတၱာ ျဖစ္လာပါတယ္။

သခ်ၤာပံုေသနည္းထုတ္ရရင္
(ပုဂၢိဳလ္ × ေမတၱာ) + (ပုဂၢိဳလ္ × ေမတၱာ × အရပ္မ်က္ႏွာ)
ဒီလိုျဖစ္ပါလိမ့္မယ္။

၁၅၀၀ကိေလသာ
•••••••••••••••••••••
၁။ ေမာဟ (မသိျခင္း)                                                 
၂။ အဟိရိက (မေကာင္းမႈျပဳရမည္ကိုမရွက္ျခင္း)
၃။ အေနာတၱပၸ (မေကာင္းမႈျပဳရမည္ကိုမေၾကာက္ျခင္း)
၄။ ဥဒၶစၥ (ပံ်႕လြင့္ျခင္း)
၅။ ေလာဘ (လိုခ်င္ျခင္း)                                        
၆။ ဒိ႒ိ (အယူလြဲျခင္း)
၇။ မာန (ေထာင္လႊားျခင္း)                                  
၈။ ေဒါသ (ခက္ထန္ျခင္း)
၉။ ကၠႆာ (မနာလိုျခင္း)                                         
၁၀။ မစၧရိယ (တြန္႔တိုျခင္း)
၁၁။ ကုကၠဳစၥ (ေနာင္တဖန္ပူပန္ျခင္း/ ေနာင္တ)                                    
၁၂။ ထိန (ထုိင္းျခင္း)
၁၃။ မိဒၶ (မႈိင္းျခင္း)                                                
၁၄။ ၀ိစိကိစၧာ (ယံုမွားသံသယျဖစ္ျခင္း)
၁၅။ သဒၶါ (ယုံၾကည္ျခင္း)                                               
၁၆။ သတိ (အမွတ္ရျခင္း)
၁၇။ ဟိရီ (မေကာင္းမႈျပဳရမည္ကိုရွက္ျခင္း)                                                
၁၈။ ၾသတၱပၸ မေကာင္းမႈျပဳရမည္ကိုေၾကာက္ျခင္း)
၁၉။ အေလာဘ (မလုိခ်င္ျခင္း)                           
၂၀။ အေဒါသ-ေမတၱာ (ႏူးည့ံသိမ္ေမြ႔ျခင္း)
၂၁။ တၾတမဇၥ်တၱတာ (တည့္မတ္ျခင္း)      
၂၂။ ကာယပႆဒၶိ (ေစတသိက္ျငိမ္းေအးျခင္း)
၂၃။ စိတၱပႆဒၶိ (စိတ္ျငိမ္းေအးျခင္း)
၂၄။ ကာယလဟုတာ (ေစတသိက္ေပါ့ပါးျခင္း)
၂၅။ စိတၱလဟုတာ (စိတ္ေပါ့ပါးျခင္း)
၂၆။ ကာယမုဒုတာ (ေစတသိက္ႏူးည့ံျခင္း)
၂၇။ စိတၱမုဒုတာ (စိတ္ႏူးည့ံျခင္း)
၂၈။ကာယကမၼညတာ (ေစတသိက္တုိ႔ေကာင္းမႈမွာစုိးမုိးျခင္း)
၂၉။ စိတၱကမၼညတာ (စိတ္တုိ႔ေကာင္းမႈမွာစုိးမုိးျခင္း)
၃၀။ ကာယပါဂုညတာ (ေစတသိက္တုိ႔ေကာင္းမႈမွာကၽြမ္းက်င္ျခင္း)
၃၁။ စိတၱပါဂုညတာ (စိတ္တုိ႔ေကာင္းမႈမွာကြၽမ္းက်င္ျခင္း)
၃၂။ ကာယုဇုကတာ (ေစတသိက္တုိ႔ရုိးသားေျဖာင့္မတ္မႈျခင္း)
၃၃။ စိတၱဳဇုကတာ (စိတ္တုိ႔ရုိးသားေျဖာင့္မတ္မႈျခင္း)
၃၄။ သမၼာ၀ါစာ (ႏႈတ္ဆုိင္ရာအက်င့္ဆုိး၄ပါးကုိေရွာင္မႈက်ဥ္ျခင္း)
၃၅။ သမၼာကမၼႏ ၱ(ခႏၶာကုိယ္ဆုိင္ရာအက်င့္ဆုိး၃ပါးကုိေရွာင္က်ဥ္ျခင္း)
၃၆။ သမၼာအာဇီ၀ (ႏုတ္၊ကုိယ္ဆုိင္ရာအက်င့္ဆုိး၇ပါးကုိေရွာင္က်ဥ္ျခင္း)
၃၇။ ကရုဏာ (သနားျခင္း)
၃၈။ မုဒိတာ (၀မ္းေျမာက္ျခင္း)
၃၉။ ပညာ-အေမာဟ (သိျမင္ျခင္း)
၄၀။ ဖႆ (ေတြ႔ထိျခင္း)
၄၁။ ေ၀ဒနာ (ခံစားျခင္း)
၄၂။ သညာ (မွတ္သားျခင္း)
၄၃။ ေစတနာ (တြန္းအားျပဳျခင္း)
၄၄။ ဧကဂၢတာ-သမာဓိ (တည္တ့ံျခင္း)
၄၅။ ဇီ၀ိတိေႁႏၵ (နာမ္သက္)
၄၆။ မနသိကာရ (အာရုံစုိက္ျခင္း)
၄၇။ ၀ိတကၠ (အတူျဖစ္ဖက္တရားတုိ႔ကုိအာရုံသုိ႔တင္ေပးျခင္း၊ ၾကံစည္ျခင္း)
၄၈။ ၀ိစာရ (အာရုံကုိထပ္ခါထပ္ခါအာရုံျပဳျခင္း)
၄၉။ အဓိေမာကၡ (ဆုံးျဖတ္ျခင္း)
၅၀။ ၀ီရိယ (ႀကိဳးပမ္းးအားထုတ္ျခင္း)
၅၁။ ပီတိ (အားရေက်နပ္ျခင္း)
၅၂။ ဆႏၵ (ေတာင့္တျခင္း)
[ဒါေတြက ေစတသိက္၅၂ပါးပါ။ ၁ကေန၁၄အထိက အကုသိုလ္ေစတသိက္၊ ၁၅ကေန၃၉အထိက ကုသိုလ္ေစတသိက္၊ ၃၉ေနာက္ပိုင္းကေတာ့ ကုသိုလ္-အကုသိုလ္ယွဥ္ ဒိြေစတသိက္ေတြျဖစ္ပါတယ္။]

မဟာဘူတ (ဝါ) ဘူတရုပ္ – ၄ပါး
ပသာဒရုပ္ – ၅ပါး
ေဂါစရရုပ္ – ၄ပါး
ဘာဝရုပ္ – ၂ပါး
ဟဒယဝတၳဳရုပ္ – ၁ပါး
ဇီဝိတရုပ္ – ၁ပါး
အာဟာရရုပ္ – ၁ပါး
[ဒါေတြကေတာ့ ကံ၊စိတ္၊ဥတု၊အာဟာရဆိုတဲ႔ အေၾကာင္းေလးပါးကို ျဖစ္ေစၿပီးေစအပ္တဲ႔ နိပၹႏၷရုပ္ ၁၈ပါးျဖစ္ပါတယ္။]

၁။ ဥပစယ (ရုပ္၏စတင္ျဖစ္မႈ)
၂။ သႏၲတိ (ရုပ္၏ဆက္လက္ျဖစ္မႈ)
၃။ ဇရတာ (ရုပ္၏ရင့္ေရာ္မႈ)
၄။ အနိစၥတာ (ရုပ္၏ပ်က္စီးမႈ)
[ဒါကေတာ့ လကၡဏရုပ္ေလးပါးေပါ့။)

၁။ ေလာဘ
၂။ ေဒါသ
၃။ ေမာဟ
၄။ မာန
၅။ ဒိ႒ိ
၆။ ၀ိစိကိစၧာ
၇။ ထိန
၈။ ဥဒၶစၧ
၉။ အဟိရိက
၁၀။ အေနာတၱပၸ
[ဒါက ကိေလသာဆယ္ပါးပါ။]

၁၅၀၀ကိေလသာ ေရတြက္ပုံကိုေျပာရမယ္ဆိုရင္ စိတ္၁ပါး၊ ေစတသိက္ ၅၂ပါး၊ နိပၹႏၷ႐ုပ္ ၁၈ပါး၊  လကၡဏ႐ုပ္ ၄ပါး။ အားလံုးေပါင္း ၇၅ပါးရပါတယ္။  ဒါေပမယ့္ ဒီ၇၅ပါးဟာ အတြင္း ၇၅ပါး၊ အျပင္ ၇၅ပါးရွိေနတာျဖစ္လို႔ ႏွစ္ဆအေနနဲ႔ အပါး၁၅၀ျဖစ္ပါတယ္။  အဲဒီ၁၅၀ဟာ ကိေလသာဆယ္ပါးနဲ႔ တစ္ခုခ်င္း တစ္ခုခ်င္းမွာ ပါ၀င္ဆက္စပ္မႈရွိေနတဲ့အတြက္ စုစုေပါင္း ၁၅၀၀ျဖစ္ပါတယ္။

သခ်ၤာပံုေသနည္းထုတ္ရရင္
[{(အတြင္း + အျပင္) × (စိတ္ + ေစတသိက္ + နိပၹႏၷရုပ္ + လကၡဏရုပ္)} × ကိေလသာ]
ဒီလိုျဖစ္ပါမယ္။

ကိုးကား
မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး) ၏ “၅၂၈နဲ႔၁၅၀၀”
Amaradipa Blog
ထက္ေခါင္(ရူပေဗဒ) ၏ “သၿဂိဳၤလ္ဆိုင္ရာမွတ္သားဖြယ္အခ်ိဳ႕”

(လင္း)
(Zawgyi)

၅၂၈မေတ္တာ
•••••••••••••••
၁။ သဗေ္ဗသတ္တာ (အလုံးစုံသောသတ္တဝါများ)
၂။ သဗေ္ဗပါဏာ (အလုံးစုံသော ထွက်သက်၀င်သက်ရှိသော သတ္တဝါများ)
၃။ သဗေ္ဗဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တဝါများ)
၄။ သဗေ္ဗပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)
၅။ သဗေ္ဗအတ္တဘာ၀ပရိယာပန္နာ (အလုံးစုံသော အတ္တဘော၌  အကျုံး၀င်သော သတ္တဝါများ)
၆။ သဗ္ဗာဣတၳိယော (အလုံးစုံသော မိန်းမများ)
၇။ သဗေ္ဗပုရိသာ (အလုံးစုံသော ယောကျ်ားများ)
၈။ သဗေ္ဗအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)
၉။ သဗေ္ဗအနရိယာ (အလုံးစုံသော ပုထုဇင်များ)
၁၀။ သဗေ္ဗဒေဝါ (အလုံးစုံသော နတ်ဒေဝါများ)
၁၁။ သဗေ္ဗမနုဿ (အလုံးစုံသောလူများ)
၁၂။ သဗေ္ဗ၀ိနိပါတိကာ (အလုံးစုံသော အပါယ်ငရဲကျရောက်သော သူများ)
[ဒါကပုဂ္ဂိုလ်၁၂ယောက်ပါ။]

၁။ အေ၀ရာဟောန္တု (ဘေးရန်ကင်းကြပါစေ)
၂။ အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
၃။ အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
၄။ သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေ)
[ဒါကတော့ မေတ္တာလေးချက်ပါ။]

ဒီပုဂ္ဂိုလ်၁၂ယောက်ကို မေတ္တာလေးချက်စီပို့တဲ့အခါ မေတ္တာ၄၈ချက်ဖြစ်ပါတယ်။
[ဒါက ပုဂိ္ဂုလ်တွေချည်းသပ်သပ် ယျေဘုယျပို့သတဲ့မေတ္တာပါ။]

ဒီမေတ္တာ၄၈ချက်ကိုပဲ အရပ်၁၀မျက်နှာကသတ္တဝါတွေဆီ အနုစိတ်ပို့သတဲ့အခါ မေတ္တာ၄၈၀ချက် ဖြစ်ပါ့မယ်။

အနုစိတ်ပို့သထားတဲ့မေတ္တာ၄၈၀ချက်နဲ့ ယျေဘုယျပို့ထားတဲ့မေတ္တာ၄၈ချက်ပေါင်းတဲ့အခါ ၅၂၈မေတ္တာ ဖြစ်လာပါတယ်။

သချၤာပုံသေနည်းထုတ်ရရင်
(ပုဂ္ဂိုလ် × မေတ္တာ) + (ပုဂ္ဂိုလ် × မေတ္တာ × အရပ်မျက်နှာ)
ဒီလိုဖြစ်ပါလိမ့်မယ်။

၁၅၀၀ကိလေသာ
•••••••••••••••••••••
၁။ မောဟ (မသိခြင်း)                                                 
၂။ အဟိရိက (မကောင်းမှုပြုရမည်ကိုမရှက်ခြင်း)
၃။ အနောတ္တပ္ပ (မကောင်းမှုပြုရမည်ကိုမကြောက်ခြင်း)
၄။ ဥဒ္ဓစ္စ (ပံျ့လွင့်ခြင်း)
၅။ လောဘ (လိုချင်ခြင်း)                                        
၆။ ဒိဋ္ဌိ (အယူလွဲခြင်း)
၇။ မာန (ထောင်လွှားခြင်း)                                  
၈။ ဒေါသ (ခက်ထန်ခြင်း)
၉။ က္ကဿာ (မနာလိုခြင်း)                                         
၁၀။ မစၧရိယ (တွန့်တိုခြင်း)
၁၁။ ကုက္ကုစ္စ (နောင်တဖန်ပူပန်ခြင်း/ နောင်တ)                                    
၁၂။ ထိန (ထိုင်းခြင်း)
၁၃။ မိဒ္ဓ (မှိုင်းခြင်း)                                                
၁၄။ ၀ိစိကိစၧာ (ယုံမှားသံသယဖြစ်ခြင်း)
၁၅။ သဒ္ဓါ (ယုံကြည်ခြင်း)                                               
၁၆။ သတိ (အမှတ်ရခြင်း)
၁၇။ ဟိရီ (မကောင်းမှုပြုရမည်ကိုရှက်ခြင်း)                                                
၁၈။ သြတ္တပ္ပ မကောင်းမှုပြုရမည်ကိုကြောက်ခြင်း)
၁၉။ အလောဘ (မလိုချင်ခြင်း)                           
၂၀။ အဒေါသ-မေတ္တာ (နူးည့ံသိမ်မွေ့ခြင်း)
၂၁။ တတြမဇ္ဈတ္တတာ (တည့်မတ်ခြင်း)      
၂၂။ ကာယပဿဒ္ဓိ (စေတသိက်ငြိမ်းအေးခြင်း)
၂၃။ စိတ္တပဿဒ္ဓိ (စိတ်ငြိမ်းအေးခြင်း)
၂၄။ ကာယလဟုတာ (စေတသိက်ပေါ့ပါးခြင်း)
၂၅။ စိတ္တလဟုတာ (စိတ်ပေါ့ပါးခြင်း)
၂၆။ ကာယမုဒုတာ (စေတသိက်နူးည့ံခြင်း)
၂၇။ စိတ္တမုဒုတာ (စိတ်နူးည့ံခြင်း)
၂၈။ကာယကမ္မညတာ (စေတသိက်တို့ကောင်းမှုမှာစိုးမိုးခြင်း)
၂၉။ စိတ္တကမ္မညတာ (စိတ်တို့ကောင်းမှုမှာစိုးမိုးခြင်း)
၃၀။ ကာယပါဂုညတာ (စေတသိက်တို့ကောင်းမှုမှာကျွမ်းကျင်ခြင်း)
၃၁။ စိတ္တပါဂုညတာ (စိတ်တို့ကောင်းမှုမှာကျွမ်းကျင်ခြင်း)
၃၂။ ကာယုဇုကတာ (စေတသိက်တို့ရိုးသားဖြောင့်မတ်မှုခြင်း)
၃၃။ စိတ္တုဇုကတာ (စိတ်တို့ရိုးသားဖြောင့်မတ်မှုခြင်း)
၃၄။ သမ္မာဝါစာ (နှုတ်ဆိုင်ရာအကျင့်ဆိုး၄ပါးကိုရှောင်မှုကျဉ်ခြင်း)
၃၅။ သမ္မာကမ္မန ္တ(ခန္ဓာကိုယ်ဆိုင်ရာအကျင့်ဆိုး၃ပါးကိုရှောင်ကျဉ်ခြင်း)
၃၆။ သမ္မာအာဇီ၀ (နုတ်၊ကိုယ်ဆိုင်ရာအကျင့်ဆိုး၇ပါးကိုရှောင်ကျဉ်ခြင်း)
၃၇။ ကရုဏာ (သနားခြင်း)
၃၈။ မုဒိတာ (၀မ်းမြောက်ခြင်း)
၃၉။ ပညာ-အမောဟ (သိမြင်ခြင်း)
၄၀။ ဖဿႆ (တွေ့ထိခြင်း)
၄၁။ ေ၀ဒနာ (ခံစားခြင်း)
၄၂။ သညာ (မှတ်သားခြင်း)
၄၃။ စေတနာ (တွန်းအားပြုခြင်း)
၄၄။ ဧကဂ္ဂတာ-သမာဓိ (တည်တ့ံခြင်း)
၄၅။ ဇီ၀ိတိနြေ္ဒ (နာမ်သက်)
၄၆။ မနသိကာရ (အာရုံစိုက်ခြင်း)
၄၇။ ၀ိတက္က (အတူဖြစ်ဖက်တရားတို့ကိုအာရုံသို့တင်ပေးခြင်း၊ ကြံစည်ခြင်း)
၄၈။ ၀ိစာရ (အာရုံကိုထပ်ခါထပ်ခါအာရုံပြုခြင်း)
၄၉။ အဓိမောက္ခ (ဆုံးဖြတ်ခြင်း)
၅၀။ ၀ီရိယ (ကြိုးပမ်းးအားထုတ်ခြင်း)
၅၁။ ပီတိ (အားရကျေနပ်ခြင်း)
၅၂။ ဆန္ဒ (တောင့်တခြင်း)
[ဒါတွေက စေတသိက်၅၂ပါးပါ။ ၁ကနေ၁၄အထိက အကုသိုလ်စေတသိက်၊ ၁၅ကနေ၃၉အထိက ကုသိုလ်စေတသိက်၊ ၃၉နောက်ပိုင်းကတော့ ကုသိုလ်-အကုသိုလ်ယှဉ် ဒွိစေတသိက်တွေဖြစ်ပါတယ်။]

မဟာဘူတ (ဝါ) ဘူတရုပ် – ၄ပါး
ပသာဒရုပ် – ၅ပါး
ဂေါစရရုပ် – ၄ပါး
ဘာဝရုပ် – ၂ပါး
ဟဒယဝတၳုရုပ် – ၁ပါး
ဇီဝိတရုပ် – ၁ပါး
အာဟာရရုပ် – ၁ပါး
[ဒါတွေကတော့ ကံ၊စိတ်၊ဥတု၊အာဟာရဆိုတဲ့ အကြောင်းလေးပါးကို ဖြစ်စေပြီးစေအပ်တဲ့ နိပ္ဖန္နရုပ် ၁၈ပါးဖြစ်ပါတယ်။]

၁။ ဥပစယ (ရုပ်၏စတင်ဖြစ်မှု)
၂။ သန္တတိ (ရုပ်၏ဆက်လက်ဖြစ်မှု)
၃။ ဇရတာ (ရုပ်၏ရင့်ရော်မှု)
၄။ အနိစ္စတာ (ရုပ်၏ပျက်စီးမှု)
[ဒါကတော့ လက္ခဏရုပ်လေးပါးပေါ့။)

၁။ လောဘ
၂။ ဒေါသ
၃။ မောဟ
၄။ မာန
၅။ ဒိဋ္ဌိ
၆။ ၀ိစိကိစၧာ
၇။ ထိန
၈။ ဥဒ္ဓစၧ
၉။ အဟိရိက
၁၀။ အနောတ္တပ္ပ
[ဒါက ကိလေသာဆယ်ပါးပါ။]

၁၅၀၀ကိလေသာ ရေတွက်ပုံကိုပြောရမယ်ဆိုရင် စိတ်၁ပါး၊ စေတသိက် ၅၂ပါး၊ နိပ္ဖန္နရုပ် ၁၈ပါး၊  လက္ခဏရုပ် ၄ပါး။ အားလုံးပေါင်း ၇၅ပါးရပါတယ်။  ဒါပေမယ့် ဒီ၇၅ပါးဟာ အတွင်း ၇၅ပါး၊ အပြင် ၇၅ပါးရှိနေတာဖြစ်လို့ နှစ်ဆအနေနဲ့ အပါး၁၅၀ဖြစ်ပါတယ်။  အဲဒီ၁၅၀ဟာ ကိလေသာဆယ်ပါးနဲ့ တစ်ခုချင်း တစ်ခုချင်းမှာ ပါ၀င်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။

သချၤာပုံသေနည်းထုတ်ရရင်
[{(အတွင်း + အပြင်) × (စိတ် + စေတသိက် + နိပ္ဖန္နရုပ် + လက္ခဏရုပ်)} × ကိလေသာ]
ဒီလိုဖြစ်ပါမယ်။

ကိုးကား
မနာပဒါယီ အရှင်၀ိစိတ္တ(ဒိုက်ဦး) ၏ “၅၂၈နဲ့၁၅၀၀”
Amaradipa Blog
ထက်ခေါင်(ရူပဗေဒ) ၏ “သဂြိုၤလ်ဆိုင်ရာမှတ်သားဖွယ်အချို့”

(လင်း)
(Unicode)

image