Category Archives: ဝတၳဳတို

စန္တာကေလာ့စ္ရွိရဲ႕လား (စန်တာကလော့စ်ရှိရဲ့လား)

          ညေန၆နာရီ………။ ဒီဇင္ဘာ၂၃ရက္ ၁၉၆၁ခုႏွစ္………။
          ကြ်န္ေတာ္ဒီစာကို New Yorkကေန Los Angelesဆီသြားတဲ႔ ေလယာဥ္ခရီးစဥ္တစ္ခုက အစျပဳၿပီး ေရးုျဖစ္ခဲ႔သည္။

✽✽✽   ✽✽✽   ✽✽✽

          မနက္ျဖန္..Honoluluကြ်န္းမွာရွိသည့္ ကြ်န္ေတာ့္အိမ္ကိုေရာက္လွ်င္ အိမ္နီးခ်င္းကေလး ေတြကို ခရစၥမတ္ပံုျပင္တစ္ခ်ိဳ႕ ေျပာျပရဦးမည္။
          သူတို႔က ကြ်န္ေတာ့္ကိုေမးခြန္းတစ္ခုေပးထားၾကသည္။ “စန္တာကေလာ့စ္ရွိသလား” ဆို သည့္ေမးခြန္းပင္။
          အမွန္အတိုင္းေျပာရလွ်င္ ဒီကေလးေတြကို ယုတၱိတန္သည့္ အရိုးသားဆံုးအေျဖတစ္ခု မည္သို႔ေပးရမွန္း ယခုထက္ထိကိုမသိေသးေပ။
          ဘာပဲေျပာေျပာ LAကို အခ်ိန္မွီေရာက္ရန္သာ ေမွ်ာ္လင့္မိ၏။

✽✽✽   ✽✽✽   ✽✽✽

          ည၈နာရီ ၁၀မိနစ္။
          ပိုင္းေလာ့က ကြ်န္ေတာ္တို႔ကို သတင္းဆိုးတစ္ခုေၾကညာလိုက္သည္။
          LAမွာျမဴေတြအရမ္းဆိုင္းေနသျဖင့္ ဘယ္ေလယာဥ္ကြင္းတြင္မွ ေလယာဥ္ဆင္းဖို႔မျဖစ္ႏိုင္။ ထို႔ေၾကာင့္အယ္လ္ေအႏွင့္လည္းသိပ္မေဝးသည့္ Ontarioရွိကြင္းျပင္တစ္ခုတြင္ အေရးေပၚဆင္းသက္ရမည္ ျဖစ္ေၾကာင္း ေၾကညာသည္။

✽✽✽   ✽✽✽   ✽✽✽

          မနက္၃နာရီ ၁၂မိနစ္ ဒီဇင္ဘာ၂၄ရက္။
          ႀကံဳေတြ႔ေနရသည့္ ျပႆနာကတစ္ခုမက…။
          ေျမျပင္ေပၚဆင္းေတာ့ သတ္မွတ္ခ်ိန္ထက္၆နာရီေနာက္က်မွေရာက္သည္။ ေလယာဥ္ေပၚ တြင္ ပါလာသည့္ခရီးသည္မ်ားအားလံုးမွာ ေအးလည္းေအး၊ ဆာလည္းဆာေနၾကေလၿပီ။ လာႀကိဳမည့္ သူမ်ားႏွင့္လည္း လြဲကုန္ေလၿပီ။ ထို႔ထက္မက ေသခ်ာသည္ကေတာ့ ခရစၥမတ္အႀကိဳေန႔တြင္ အေတာ္မ်ားမ်ား အိမ္ျပန္ေရာက္မည္မဟုတ္ေတာ့။
          မေမွ်ာ္လင့္ပဲ ဒီလိုအေျခအေနမ်ိဳးႏွင့္ ႀကံဳလိုက္ရေတာ့ ခရစၥမတ္ပံုျပင္ကိစၥသည္လည္း ကြ်န္ေတာ့္ေခါင္းထဲေရာက္မလာေတာ့။

✽✽✽   ✽✽✽   ✽✽✽

          မနက္၇နာရီ ၁၅မိနစ္။
          ကြ်န္ေတာ္ဒီစာကို LAရွိေလယာဥ္ကြင္း တစ္ခုအတြင္းမွာ ထိုင္ေရးျဖစ္ခဲ႔သည္။
          ခရစၥမတ္ပံုျပင္ကိစၥကို လံုးလံုးလ်ားလ်ားေမ့ေလ်ာ့ေနခဲ့ေသာ္လည္း လြန္ခဲ႔သည့္၄နာရီ ခန္႔က အျဖစ္အပ်က္မ်ားေၾကာင့္ ဒီစာကိုျပန္စမိသည္။

          ကြ်န္ေတာ္တို႔ဆင္းသက္ခဲ႔သည့္ေနရာမွာ အစတုန္းကကြ်န္ေတာ္တို႔ေလယာဥ္တစ္စင္းႏွင့္ ကြ်န္ေတာ္တို႔ခရီးသည္မ်ားသာရွိေသာ္လည္း ယခုေတာ့ဘဝတူ ေလယာဥ္ေတြ တစ္စင္းၿပီးတစ္စင္း ဆိုက္လာေလၿပီ။ စိတ္လႈပ္ရွားေနသည့္ လူအုပ္ႀကီးမွာလည္း တစ္စထက္တစ္စမ်ားျပားလာရာ ယခုဆို လူအေယာက္၁၀၀၀ေလာက္ပင္ရွိေတာ့မည္။
          ခ်ိန္းထားသူမ်ားႏွင့္လြဲကုန္သည္ကကိစၥမရွိ။ ဘယ္အခ်ိန္မွ အိမ္ျပန္ေရာက္မည္ဆိုတာက ေျပာလို႔မရသျဖင့္ အိမ္သားေတြစိတ္မပူရန္ အက်ိဳးအေၾကာင္းေလးေတာ့ လူတိုင္းလိုလိုလွမ္းေျပာခ်င္ ေနၾကသည္။
          သို႔ေသာ္ ျဖစ္ခ်င္ေတာ့ ဒီေနရာမွာ ဖုန္းလိုင္းမမိ။ ေၾကးနန္းရံုးကလည္း ပိတ္ထားသည္။ စားစရာနတၳိ…။ ေသာက္စရာနတၳိ…။
          ေလယာဥ္အမႈထမ္းမ်ားကေတာ့ ခရီးသည္မ်ားကို တတ္ႏိုင္သေလာက္ရွင္းျပေနၾကသည္။
ဝန္စည္စလယ္မ်ားမွာလည္း အကုန္အေရာေရာအေႏွာေႏွာ ျဖစ္ေနၾက၏။
          ကိုယ္က်င္လည္ေနက် ေနရာမဟုတ္သျဖင့္ ဘယ္ဘတ္စ္ကားက ဘယ္ေနရာထိေရာက္ သည္ကိုလည္း တစ္ဦးမွသိၾကပံုမေပၚ။
          ကေလးေတြက ငိုေနၾကသည္။ မိန္းမသားေတြက ညည္းတြားေနၾကၿပီး ေယာက်္ားမ်ားက ေတာ့ ေအာ္ဟစ္ေနၾက၏။
          ဆူညံပြက္ေလာရိုက္ေနသည္မွာ ပုရြက္အံုကို တုတ္ႏွင့္ထိုးသကဲ႔သို႔ျဖစ္သည္။ ဒီျမင္ကြင္း ကိုၾကည့္ရင္း ေအးခ်မ္းလွသည့္ ခရစၥမတ္ကာလ ဟုတ္မွဟုတ္ပါေလစဟု ကြ်န္ေတာ္အေတြးပြားေနမိ ပါသည္။
          ရုတ္တရက္………။
          ဤမွ်ဆူညံပြက္ေလာရိုက္ေနသည့္လူအုပ္ႀကီးအတြင္းမွ ယံုၾကည္ခ်က္ရွိ၍အေလာသံုးဆယ္ မႏိုင္သည့္ အသံတစ္ခုကိုၾကားလိုက္ရသည္။ ေျပာရလွ်င္ ခ်ာ့ခ်္ေက်ာင္းမွ ေခါင္းေလာင္းသံလိုပင္…။ ၾကည္လင္သည္၊ ေအးခ်မ္းသည္၊ ကရုဏာအျပည့္ပါသည္။
          “အခု…စိတ္မပူပါနဲ႔ေတာ့ အစ္မႀကီး” ထိုအသံရွင္ကေျပာသည္။
          “ကြ်န္ေတာ္တို႔အားလံုးအတူတူ အစ္မႀကီးရဲ႕အထုပ္အပိုးေတြဝိုင္းရွာၾကမယ္။ ၿပီးတာနဲ႔ အစ္မႀကီး သြားခ်င္တဲ႔ၿမိဳ႕ဆီ အခ်ိန္မွီေရာက္ေစရမယ္။ အားလံုးအဆင္ေျပသြားမွာပါ။”
          ဒီစကားသံဟာေလယာဥ္ဆင္းကတည္းကေန အခုခ်ိန္အတြင္း ကြ်န္ေတာ္ၾကားခဲ႔သမွ်ေတြ ထဲက အၾကင္နာဆံုးစကားတစ္ခြန္းပါပဲ။
          ဒါေၾကာင့္မို႔ လူအုပ္ၾကားထဲက ထိုသူ႔ကိုအသည္းအသန္ လိုက္ရွာၾကည့္ေတာ့………
          ေဟာ…ေတြ႔ပါၿပီ။
          လူပံုက ဂင္တိုတို၊ပုကြကြ။ မ်က္ႏွာေပၚတြင္ေပါက္ေနသည့္ အေမႊးအမွ်င္မ်ားႏွင့္ မလိုက္ ေအာင္ကို သူ႔မ်က္ႏွာကၿပံဳးခ်ိဳေနသည္။ သူ႔ေခါင္းေပၚတြင္ေတာ့ ရံုးဦးထုပ္တစ္လံုးကိုေဆာင္းထားၿပီး အနီေရာင္ဆြယ္တာကို ဝတ္ဆင္ထားသည္။ ဦးထုပ္၏ေအာက္နားစတြင္ေတာ့ ဆံပင္ျဖဴျဖဴတို႔ က်ေန ၾကသည္။ အမဲလိုက္ဘြတ္ဖိနပ္ကို ဝတ္ဆင္ထားၿပီး လက္ျဖစ္လွည္းတစ္စင္းႏွင့္သူ႔ဟန္ပန္မွာ ေရခဲျပင္ သမင္မ်ားကိုထားခဲ႔ၿပီး ခရီးတိုတစ္ခုထြက္လာသည့္ စန္တာႏွယ္ပင္။
          ထိုစဥ္…။
          ထိုသူက သူ႔လွည္းေဘးတြင္မတ္တပ္ရပ္လိုက္ၿပီး လွည္းေပၚရွိပူပူေႏြးေႏြးေကာ္ဖီဘူးမ်ား ႏွင့္ ကိတ္မုန္႔ဘူးမ်ားကို ဖြင့္ေဖာက္ေနသည္။
          “ဒီမွာေကာ္ဖီပါခင္ဗ်။”
          ေကာ္ဖီဘူးကိုကမ္းေပးရင္း ေျပာသည္။
          “အစ္မႀကီးရဲ႕အထုပ္အပိုးေတြကို ကြ်န္ေတာ္ရွာေနတုန္း ေကာ္ဖီပူပူေလး ေသာက္ထားႏွင့္ ေပါ့”
          ထိူျမင္ကြင္းကိုျမင္ေတာ့ သူ႔လွည္းေဘးတြင္ တမုဟုတ္ျခင္းစည္ကားသြားသည္။ ေကာ္ဖီ ဘူးမ်ားကိုလွမ္းယူၾကသည့္ လူတန္းႀကီးဆိုသည္မွာ ရွည္လိုက္သည့္ျဖစ္ျခင္း…။
          ဒီေလာက္ရွဳပ္ရွက္ခတ္ေနသည့္အျပင္ အထုပ္အပိုးမ်ားကိုဝိုင္းရွာေပးေနရသည့္ၾကားထဲက ေဘးနားရွိလူမ်ားကို “မယ္ရီခရစၥမတ္”ဟု ျပန္ေျပာေနေလသည္။
          ေနာက္ဆံုးေတာ့ သူဝိုင္းရွာေပးသည့္ အထုပ္အပိုးမ်ားကိုေတြ႔သြားသည္။
          အထုပ္အပုိးမ်ားကို ေနရာခ်ၿပီးခ်ိန္မွာေတာ့ ထိုသူက ထိုအမ်ိဳးသမီးအပါအဝင္ တျခား သူမ်ား ကိုေျပာလိုက္သည္။
          “ကြ်န္ေတာ့္ေနာက္ကိုလိုက္ခဲ့ပါ။ အဲဒီၿမိဳ႕ဆီသြားမယ့္ ဘတ္စ္ကားေပၚကြ်န္ေတာ္တင္ေပးပါ့မယ္။”
          ထိုအမ်ိဳးသမီးႏွင့္အျခားခရီးတူသူမ်ားကို လိုက္ပို႔ၿပီးခ်ိန္မွာေတာ့ ခရစ္စ္တစ္ေယာက္ (ဒါ…… ကြ်န္ေတာ္ပထမဆံုး သူ႔ကိုေပးမိတဲ့ နာမည္ပါ။) သူတို႔ဆီကို ျပန္လာခဲ႔သည္။
          ကံဆိုးသည္လားေကာင္းသည္လားေတာ့မေျပာတတ္။ ကြ်န္ေတာ္စီးရမည့္ ဘတ္စ္ကားက ေနာက္တစ္နာရီေက်ာ္မွ လာလိမ့္မည္ဟု ခရစ္စ္ကေျပာသည္။
          ဘာရယ္မဟုတ္…။ သြားလို႔လည္းမရ၊ လုပ္စရာလည္းမရွိသည့္အတူတူ ကြ်န္ေတာ္လည္း သူႏွင့္အတူ ေကာ္ဖီေတြ၊မုန္႔ေတြ လိုက္ေဝေပးေနမိသည္။
          ခရစ္စ္က ျမဴမႈန္ၾကားထဲက ေနေရာင္ျခည္တစ္စႏွင့္တူသည္။ လယ္ကြင္းထဲရွိ စိတ္ညစ္ ေနသူအကုန္လံုးကို သူတတ္ႏိုင္သေလာက္ ၿပံဳးေပ်ာ္ေစရန္ ႀကိဳးစားေပးခဲ႔သည္။
          ေကာ္ဖီႏွင့္မုန္႔ေတြေဝေပးသည္။ ကေလးငယ္မ်ားကို စသည္။ ခရစၥမတ္သီခ်င္းေတြ ဆိုျပသည္။ ဘယ္သြားလို႔ဘယ္လာရမွန္းမသိသည့္ ခရီးသည္မ်ားကို လမ္းညႊန္ေပးသည္။
          အမ်ိဳးသမီးတစ္ဦး ေမ့လဲၿပီးသတိလစ္သြားတုန္းကလည္း ရွဴေဆးမ်ား၊ ေစာင္မ်ားထုတ္ၿပီး သူကိုယ္တိုင္ပင္ ထိုအမ်ိဳးသမီးသတိရလာေစရန္ ျပဳစုေပးခဲ႔သည္။
          ဒီေလာက္ သူတစ္ပါးအေပၚကူညီတတ္ၿပီး စိတ္ရွည္သည္းခံတတ္သူကို ကြ်န္ေတာ္ ေတာ္ ေတာ္ေလး အ့ံၾသေနမိသည္။
          သိခ်င္စိတ္က တားမႏိုင္၊ဆီးမရျဖစ္လာသည္မို႔ ေကာ္ဖီေဝေနရင္း သူ႔ကို ကြ်န္ေတာ္ေမး လိုက္သည္။
          “ဦးေလးက ဘယ္အက်ိဳးေဆာင္ကုမၸဏီကလဲဟင္”
          ကြၽန္ေတာ့္အေမးကိုၾကားေတာ့ သူ႔မ်က္ႏွာကၿပံဳးေယာင္သမ္းသြားသည္။
          “သား…”
          သူက ကြ်န္ေတာ့္ကိုေခၚသည္။
          “အေႏြးထည္အျပာေရာင္ဝတ္ထားတဲ႔ ကေလးမေလးကိုေတြ႔လား။ အဲဒီကေလးမေလးကို ေဟာဒီသၾကားလံုးသြားေပး။ ၿပီးေတာ့…အေမ့ေဘးနားမွာ ၿငိမ္ၿငိမ္မေနပဲေလွ်ာက္သြားေနရင္ ေနာက္ဆို
အေမ့ကို ဘယ္ေတာ့မွမေတြ႔ပဲေနလိမ့္မယ္လို႔ေျပာခဲ႔။”
          ကြ်န္ေတာ္လဲသူကမ္းေပးသည့္သၾကားလံုးကိုယူကာ သူေျပာသလိုသြားလုပ္အၿပီးမွာေတာ့ ခုနကေမးခြန္းကို ျပန္ေမးျပန္သည္။
          “ဟို…ဦးေလးကဘယ္ကုမၸဏီကလဲလို႔…”
          သူကကြ်န္ေတာ့္ကိုၿပံဳးၿပီးၾကည့္သည္။ ထို႔ေနာက္
          “ဦးကိုကုမၸဏီကခိုင္းလို႔ လာလုပ္မဟုတ္ဘူးကြ။ ခုလိုလုပ္ေပးရတာ ေပ်ာ္လို႔ကိုလုပ္တာ။
          ႏွစ္စဥ္ဒီဇင္ဘာလတိုင္း ႏွစ္ပတ္စာအားလပ္ရက္ကို ဦးကဒီကိုလာတယ္။ ၿပီးေတာ့ ခရီး သည္ေတြကိုကူညီတယ္။
          မင္းေတြ႔တဲ႔အတိုင္းပဲ အခုလိုအခ်ိန္မ်ိဳးဆို အကူအညီလိုေနတဲ႔ ခရီးသည္ေတြက ေထာင္ ဂဏန္းေလာက္ရွိတတ္တယ္။”
          ထိုစဥ္ တစ္ေနရာ၌ လူေတြရံုးစုရံုးစုျဖစ္ေနသည္။
          အသက္ႀကီးသေလာက္ ဖ်တ္လတ္ေသာခရစ္စ္က ကြ်န္ေတာ့္ကိုလွမ္းေမးသည္။
          “ဟိတ္…ေကာင္ေလး ဟိုမွာၾကည့္စမ္း။ အဲဒီမွာ ျဖစ္ေနတာလဲ။”
          ကေလးငယ္ေလးကိုေပြ႔ၿပီး တရွံဳ႕ရွံဳ႕ငိုေနေသာ မိခင္တစ္ဦးဆီ လက္ညွိဳးထိုးရင္း တည္ တည္ၿငိမ္ၿငိမ္ေျပာသည္။
          ထို႔ေနာက္ေတာ့ ကြ်န္ေတာ့္ကိုမ်က္လံုးတစ္ဖက္မွိတ္ကာ အခ်က္ျပၿပီး သူ၏လွည္းကို ထို ကေလးအေမဆီသို႔ဆြဲသြားေလသည္။
          ပိုနီးလာေလေလ ျမင္ကြင္းကလည္း ပို၍ပို၍ျပတ္သားလာသည္။ လသားအရြယ္ ကေလး ငယ္ကိုေပြ႔ၿပီး မိခင္ျဖစ္သည့္သူမကေတာ့ လက္ဆြဲအိတ္ေပၚတြင္ ထိုင္ေနျခင္းပင္။
          “သမီးေရ…”
          အလြန္သိမ္ေမြ႔ေသာေလသံျဖင့္ ခရစ္စ္ကေျပာသည္။
          “ဒါသမီးရဲ႕ကေလးလား။ ခ်စ္စရာေကာင္းလိုက္တာၾကည့္စမ္း။ ဒါနဲ႔သမီးမွာဘာအခက္အခဲ ရွိလို႔လဲကြဲ႔”
          အားကိုးသူရွာေတြ႔ၿပီဆိုသည့္ အသိေၾကာင့္ပဲထင္သည္။ ထိုအမ်ိဳးသမီးက ခရစ္စ္အား အ ေၾကာင္းစံုရွင္းျပရွာသည္။
          သူမ၏ေယာက္်ားျဖစ္သူမွာSan Diegoရွိ ေဟာ္တယ္တစ္ခုတြင္ အလုပ္လုပ္ေၾကာင္း၊ သူမ ေယာက်္ားႏွင့္မေတြ႔သည္မွာလဲ တစ္ႏွစ္ခန္႔ရွိသြားၿပီျဖစ္ေၾကာင္း၊ ေယာက်္ားကလဲ သူမရွိရာမလာႏိုင္သ ျဖင့္ သူမကပင္ လိုက္လာရျခင္းျဖစ္ေၾကာင္း တရွံဳ႕ရွံဳ႕ငိုရင္း ေျပာျပရွာသည္။
          သူမရွင္းျပသျဖင့္ အေတာ္ဇာတ္ရည္လည္သြားေလသည္။
          ဒီပံုအတိုင္းသာဆို သူမေယာက်္ားလည္း အေတာ္စိတ္ပူေနေလာက္ေလၿပီ။ ေပြ႔ထားေသာ ကေလးကလည္း ဗိုက္ဆာ၍ၾကဴၾကဴပါေအာင္ ငိုေနေလၿပီ။
          ကြ်န္ေတာ့္အတြက္ေတာ့ အေတာ္စိတ္မသက္သာစရာျမင္ကြင္းပင္။
          သို႔ေသာ္ ခရစ္စ္ကေတာ့ အေတြ႔အႀကံဳရွိသူပီပီ ယခုအေျခအေနကို ျပန္လည္တံု႔ျပန္ပံံုက သပ္ရပ္လြန္းလွသည္။
          “အားလံုးအဆင္ေျပသြားမွာပါသမီးရယ္။ မငိုနဲ႔ေတာ့ဟုတ္လား။”
          ထိုသို႔ ၿပံဳးကာရယ္ကာေျပာရင္း သူ႔လွည္းေပၚမွ ႏို႔တစ္ဘူးႏွင့္ ေကာ္ဖီတစ္ဘူးယူကာ ထိုအမ်ိဳးသမီးကို ကမ္းေပးလိုက္သည္။
          ထို႔ေနာက္…LAဆီသြားမည့္ ကားတစ္စီးေပၚသို႔ လိုက္တင္ေပးသည္။ ထို႔ျပင္ သူမထံမွလဲ သူမ ေယာက်္ား၏ဖုန္းနံပါတ္ကိုေတာင္းလိုက္ၿပီး ဘာေၾကာင့္ေနာက္က်ေနသည္ဆိုသည့္အေၾကာင္းပါ ေျပာေပးမည္ဟုဆိုေလသည္။
          “ဘုရားသခင္ေကာင္းခ်ီးေပးပါေစ”
          ငိုရွိဳက္ရသျဖင့္ေမာပန္းၿပီး အိပ္ေပ်ာ္သြာေသာကေလးငယ္ကို လက္ျဖင့္ပိုက္ထားရင္း သူမ ကေျပာလိုက္သည္။
          ထို႔ေနာက္…။
          “မယ္ရီခရစၥမတ္ပါ ဦးေရ။ ဦးလဲ ဒီခရစၥမတ္မွာ လက္ေဆာင္ေတြအမ်ားႀကီးရပါေစ”
          “ေက်းဇူးပါသမီးေရ။ ဦးကေတာ့ ဒီကမာၻမွာ အေကာင္းဆံုးဆိုတဲ႔ လက္ေဆာင္ေတြရၿပီးၿပီ ကြဲ႔။
          စကားမစပ္ ဦးကိုလက္ေဆာင္ေပးတဲ့အထဲမွာ သမီးလည္းပါတယ္ေနာ္”
          ခရစ္စ္က သူ႔ေခါင္းကိုဆတ္ရင္းေျပာေလသည္။
          ထို႔ေနာက္ ရုတ္ရုတ္သဲသဲျဖစ္ေနေသာ လူအုပ္ဖက္ကို တစ္ခ်က္လွည့္ၾကည့္ရင္း
          “အဖိုးအိုတစ္ေယာက္ ဒုကၡေရာက္ေနတာထင္ပါရဲ႕။ ကံေကာင္းပါေစသမီးေရ။ ဦးကေတာ့ ကုိယ့္ကိုယ္ကိုေနာက္ထပ္လက္ေဆာင္တစ္ခု ထပ္ေပးလိုက္ဦးမေဟ့”
          ေျပာရင္ဆိုရင္း ခရစ္စ္တစ္ေယာက္ ဘတ္စ္ကားကိုေက်ာခိုင္းလိုက္သည္။ ကြ်န္ေတာ္လဲ ခရစ္စ္ေနာက္ကို လိုက္လာခဲ႔မိသည္။ ဟိုင္းေဝးကားျဖစ္သျဖင့္ ကားကအေတာ္ႏွင့္ထြက္ဦးမည့္ပံုမွာ မေပၚ။
          သံုး၊ေလး၊ငါးလွမ္းမွ် ေလွ်ာက္ၿပီးခ်ိန္မွာေတာ့ ခရစ္စ္ကေတာ့ ကြ်န္ေတာ့္ဖက္သို႔ ဆတ္ခနဲ လွည့္ၿပီးေျပာသည္။
          “မင္းလဲ ဒီကားနဲ႔ပဲ LAထိသြားမွာေနာ္”
          “ဟုတ္ကဲ႔”
          “ဒါဆိုဟန္က်တာေပါ့ကြာ။ ဒီအခ်ိန္ခဏေလးအတြင္းမွာ မင္းဟာ လက္ေထာက္ေကာင္း တစ္ေယာက္ ျဖစ္ခဲ႔ပါတယ္။
          ကဲ…ဒီမွာၾကည့္ ခုမင္းကိုခရစၥမတ္လက္ေဆာင္တစ္ခု ေပးစရာရွိတယ္။မင္း ဒီကားစုတ္နဲ႔ LAထိလိုက္သြား။ ကေလးနဲ႔ကေလးအေမကို ေစာင့္ေရွာက္။ ဟုတ္ၿပီလား”
          တစ္ဆက္တည္းဆိုသလို သူ႔အိတ္ကပ္ထဲမွ စာရြက္ေခါက္ေလးကိုထုတ္လိုက္ၿပီး
          “ေနာက္ၿပီးဟိုေရာက္ရင္လဲ သူ႔ေယာက်္ားကို ဘာလို႔ေနာက္က်ရတယ္ဆိုတာ အေသခ်ာ ရွင္းျပလိုက္ဦး”
          သူေျပာခ်င္တာေျပာၿပီသြားေတာ့ ကြ်န္ေတာ့္အေျဖေတာင္မေစာင့္ပဲ ခရစ္စ္တစ္ေယာက္ လွည့္ထြက္သြားသည္။ ကြ်န္ေတာ္ဘာျပန္ေျဖမလဲ သိေနသည့္ႏွယ္။
          ထို႔ေနာက္ ကြ်န္ေတာ္လည္း ခရစ္စ္ေျပာသည့္အတိုင္း ဘတ္စ္ကားဆီသို႔ ေျခဦးျပန္လွည့္ လိုက္သည္။
          ကားေပၚေရာက္ေတာ့ ကေလးအေမေဘးတြင္ ဝင္ထိုင္လိုက္ၿပီး သူမထံမွကေလးကို ယူထားလိုက္သည္။
          ျပဴတင္းေပါက္ဖက္မ်က္ႏွာမူမိေတာ့ လူအုပ္ၾကားထဲတေရြ႕ေရြ႕ တိုးဝင္သြားေသာခရစ္စ္ကို ေလးစားစဖြယ္ေတြ႔လိုက္ရသည္။
          ကားစထြက္ေလၿပီ။
          ခံစားရသည့္ခံစားမႈက ဘာႏွင့္မွမလဲႏိုင္ေအာင္ ဝမ္းသာၾကည္ႏူးမႈမ်ားလႊမ္းေနသည္။
          စိတ္ျပန္တည္ၿငိမ္လာေတာ့ မိသားစုအေၾကာင္း၊ ခရစၥမတ္အေၾကာင္းက ေခါင္းထဲေရာက္ လာသည္။
          ခုေတာ့ ေဘးအိမ္က ကေလးမ်ားေမးသည့္ “စန္တာကေလာ့စ္ရွိရဲ႕လား”ဆိုသည့္ ေမးခြန္း အတြက္ အေျဖရသြားေလၿပီ။
          ဒီေန႔ပဲ ကြ်န္ေတာ္သူႏွင့္ေတြ႔ခဲ့သည္။

✽✽✽   ✽✽✽   ✽✽✽

စာႂကြင္း>>>”William.J.Lederer”၏ “Is there a Santa Claus?”ကို ဘာသာျပန္ဆိုသည္။
(လင္း)
(Zawgyi)

          ညနေ၆နာရီ………။ ဒီဇင်ဘာ၂၃ရက် ၁၉၆၁ခုနှစ်………။
          ကျွန်တော်ဒီစာကို New Yorkကနေ Los Angelesဆီသွားတဲ့ လေယာဥ်ခရီးစဥ်တစ်ခုက အစပြုပြီး ရေးုဖြစ်ခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

          မနက်ဖြန်..Honoluluကျွန်းမှာရှိသည့် ကျွန်တော့်အိမ်ကိုရောက်လှျင် အိမ်နီးချင်းကလေး တွေကို ခရစ္စမတ်ပံုပြင်တစ်ချို့ ပြောပြရဦးမည်။
          သူတို့က ကျွန်တော့်ကိုမေးခွန်းတစ်ခုပေးထားကြသည်။ “စန်တာကလော့စ်ရှိသလား” ဆို သည့်မေးခွန်းပင်။
          အမှန်အတိုင်းပြောရလှျင် ဒီကလေးတွေကို ယုတ္တိတန်သည့် အရိုးသားဆံုးအဖြေတစ်ခု မည်သို့ပေးရမှန်း ယခုထက်ထိကိုမသိသေးပေ။
          ဘာပဲပြောပြော LAကို အချိန်မှီရောက်ရန်သာ မှေျာ်လင့်မိ၏။

✽✽✽   ✽✽✽   ✽✽✽

          ည၈နာရီ ၁၀မိနစ်။
          ပိုင်းလော့က ကျွန်တော်တို့ကို သတင်းဆိုးတစ်ခုကြေညာလိုက်သည်။
          LAမှာမြူတွေအရမ်းဆိုင်းနေသဖြင့် ဘယ်လေယာဥ်ကွင်းတွင်မှ လေယာဥ်ဆင်းဖို့မဖြစ်နိုင်။ ထို့ကြောင့်အယ်လ်အေနှင့်လည်းသိပ်မဝေးသည့် Ontarioရှိကွင်းပြင်တစ်ခုတွင် အရေးပေါ်ဆင်းသက်ရမည် ဖြစ်ကြောင်း ကြေညာသည်။

✽✽✽   ✽✽✽   ✽✽✽

          မနက်၃နာရီ ၁၂မိနစ် ဒီဇင်ဘာ၂၄ရက်။
          ကြံုတွေ့နေရသည့် ပြဿနာကတစ်ခုမက…။
          မြေပြင်ပေါ်ဆင်းတော့ သတ်မှတ်ချိန်ထက်၆နာရီနောက်ကျမှရောက်သည်။ လေယာဥ်ပေါ် တွင် ပါလာသည့်ခရီးသည်များအားလံုးမှာ အေးလည်းအေး၊ ဆာလည်းဆာနေကြလေပြီ။ လာကြိုမည့် သူများနှင့်လည်း လွဲကုန်လေပြီ။ ထို့ထက်မက သေချာသည်ကတော့ ခရစ္စမတ်အကြိုနေ့တွင် အတော်များများ အိမ်ပြန်ရောက်မည်မဟုတ်တော့။
          မမှေျာ်လင့်ပဲ ဒီလိုအခြေအနေမျိုးနှင့် ကြံုလိုက်ရတော့ ခရစ္စမတ်ပံုပြင်ကိစ္စသည်လည်း ကျွန်တော့်ခေါင်းထဲရောက်မလာတော့။

✽✽✽   ✽✽✽   ✽✽✽

          မနက်၇နာရီ ၁၅မိနစ်။
          ကျွန်တော်ဒီစာကို LAရှိလေယာဥ်ကွင်း တစ်ခုအတွင်းမှာ ထိုင်ရေးဖြစ်ခဲ့သည်။
          ခရစ္စမတ်ပံုပြင်ကိစ္စကို လံုးလံုးလျားလျားမေ့လျော့နေခဲ့သော်လည်း လွန်ခဲ့သည့်၄နာရီ ခန့်က အဖြစ်အပျက်များကြောင့် ဒီစာကိုပြန်စမိသည်။

          ကျွန်တော်တို့ဆင်းသက်ခဲ့သည့်နေရာမှာ အစတုန်းကကျွန်တော်တို့လေယာဥ်တစ်စင်းနှင့် ကျွန်တော်တို့ခရီးသည်များသာရှိသော်လည်း ယခုတော့ဘဝတူ လေယာဥ်တွေ တစ်စင်းပြီးတစ်စင်း ဆိုက်လာလေပြီ။ စိတ်လှုပ်ရှားနေသည့် လူအုပ်ကြီးမှာလည်း တစ်စထက်တစ်စများပြားလာရာ ယခုဆို လူအယောက်၁၀၀၀လောက်ပင်ရှိတော့မည်။
          ချိန်းထားသူများနှင့်လွဲကုန်သည်ကကိစ္စမရှိ။ ဘယ်အချိန်မှ အိမ်ပြန်ရောက်မည်ဆိုတာက ပြောလို့မရသဖြင့် အိမ်သားတွေစိတ်မပူရန် အကျိုးအကြောင်းလေးတော့ လူတိုင်းလိုလိုလှမ်းပြောချင် နေကြသည်။
          သို့သော် ဖြစ်ချင်တော့ ဒီနေရာမှာ ဖုန်းလိုင်းမမိ။ ကြေးနန်းရံုးကလည်း ပိတ်ထားသည်။ စားစရာနတ္ထိ…။ သောက်စရာနတ္ထိ…။
          လေယာဥ်အမှုထမ်းများကတော့ ခရီးသည်များကို တတ်နိုင်သလောက်ရှင်းပြနေကြသည်။
ဝန်စည်စလယ်များမှာလည်း အကုန်အရောရောအနှောနှော ဖြစ်နေကြ၏။
          ကိုယ်ကျင်လည်နေကျ နေရာမဟုတ်သဖြင့် ဘယ်ဘတ်စ်ကားက ဘယ်နေရာထိရောက် သည်ကိုလည်း တစ်ဦးမှသိကြပံုမပေါ်။
          ကလေးတွေက ငိုနေကြသည်။ မိန်းမသားတွေက ညည်းတွားနေကြပြီး ယောကျ်ားများက တော့ အော်ဟစ်နေကြ၏။
          ဆူညံပွက်လောရိုက်နေသည်မှာ ပုရွက်အံုကို တုတ်နှင့်ထိုးသကဲ့သို့ဖြစ်သည်။ ဒီမြင်ကွင်း ကိုကြည့်ရင်း အေးချမ်းလှသည့် ခရစ္စမတ်ကာလ ဟုတ်မှဟုတ်ပါလေစဟု ကျွန်တော်အတွေးပွားနေမိ ပါသည်။
          ရုတ်တရက်………။
          ဤမှျဆူညံပွက်လောရိုက်နေသည့်လူအုပ်ကြီးအတွင်းမှ ယံုကြည်ချက်ရှိ၍အလောသံုးဆယ် မနိုင်သည့် အသံတစ်ခုကိုကြားလိုက်ရသည်။ ပြောရလှျင် ချာ့ချ်ကျောင်းမှ ခေါင်းလောင်းသံလိုပင်…။ ကြည်လင်သည်၊ အေးချမ်းသည်၊ ကရုဏာအပြည့်ပါသည်။
          “အခု…စိတ်မပူပါနဲ့တော့ အစ်မကြီး” ထိုအသံရှင်ကပြောသည်။
          “ကျွန်တော်တို့အားလံုးအတူတူ အစ်မကြီးရဲ့အထုပ်အပိုးတွေဝိုင်းရှာကြမယ်။ ပြီးတာနဲ့ အစ်မကြီး သွားချင်တဲ့မြို့ဆီ အချိန်မှီရောက်စေရမယ်။ အားလံုးအဆင်ပြေသွားမှာပါ။”
          ဒီစကားသံဟာလေယာဥ်ဆင်းကတည်းကနေ အခုချိန်အတွင်း ကျွန်တော်ကြားခဲ့သမှျတွေ ထဲက အကြင်နာဆံုးစကားတစ်ခွန်းပါပဲ။
          ဒါကြောင့်မို့ လူအုပ်ကြားထဲက ထိုသူ့ကိုအသည်းအသန် လိုက်ရှာကြည့်တော့………
          ဟော…တွေ့ပါပြီ။
          လူပံုက ဂင်တိုတို၊ပုကွကွ။ မျက်နှာပေါ်တွင်ပေါက်နေသည့် အမွှေးအမှျင်များနှင့် မလိုက် အောင်ကို သူ့မျက်နှာကပြံုးချိုနေသည်။ သူ့ခေါင်းပေါ်တွင်တော့ ရံုးဦးထုပ်တစ်လံုးကိုဆောင်းထားပြီး အနီရောင်ဆွယ်တာကို ဝတ်ဆင်ထားသည်။ ဦးထုပ်၏အောက်နားစတွင်တော့ ဆံပင်ဖြူဖြူတို့ ကျနေ ကြသည်။ အမဲလိုက်ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး လက်ဖြစ်လှည်းတစ်စင်းနှင့်သူ့ဟန်ပန်မှာ ရေခဲပြင် သမင်များကိုထားခဲ့ပြီး ခရီးတိုတစ်ခုထွက်လာသည့် စန်တာနှယ်ပင်။
          ထိုစဥ်…။
          ထိုသူက သူ့လှည်းဘေးတွင်မတ်တပ်ရပ်လိုက်ပြီး လှည်းပေါ်ရှိပူပူနွေးနွေးကော်ဖီဘူးများ နှင့် ကိတ်မုန့်ဘူးများကို ဖွင့်ဖောက်နေသည်။
          “ဒီမှာကော်ဖီပါခင်ဗျ။”
          ကော်ဖီဘူးကိုကမ်းပေးရင်း ပြောသည်။
          “အစ်မကြီးရဲ့အထုပ်အပိုးတွေကို ကျွန်တော်ရှာနေတုန်း ကော်ဖီပူပူလေး သောက်ထားနှင့် ပေါ့”
          ထိူမြင်ကွင်းကိုမြင်တော့ သူ့လှည်းဘေးတွင် တမုဟုတ်ခြင်းစည်ကားသွားသည်။ ကော်ဖီ ဘူးများကိုလှမ်းယူကြသည့် လူတန်းကြီးဆိုသည်မှာ ရှည်လိုက်သည့်ဖြစ်ခြင်း…။
          ဒီလောက်ရှုပ်ရှက်ခတ်နေသည့်အပြင် အထုပ်အပိုးများကိုဝိုင်းရှာပေးနေရသည့်ကြားထဲက ဘေးနားရှိလူများကို “မယ်ရီခရစ္စမတ်”ဟု ပြန်ပြောနေလေသည်။
          နောက်ဆံုးတော့ သူဝိုင်းရှာပေးသည့် အထုပ်အပိုးများကိုတွေ့သွားသည်။
          အထုပ်အပိုးများကို နေရာချပြီးချိန်မှာတော့ ထိုသူက ထိုအမျိုးသမီးအပါအဝင် တခြား သူများ ကိုပြောလိုက်သည်။
          “ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ။ အဲဒီမြို့ဆီသွားမယ့် ဘတ်စ်ကားပေါ်ကျွန်တော်တင်ပေးပါ့မယ်။”
          ထိုအမျိုးသမီးနှင့်အခြားခရီးတူသူများကို လိုက်ပို့ပြီးချိန်မှာတော့ ခရစ်စ်တစ်ယောက် (ဒါ…… ကျွန်တော်ပထမဆံုး သူ့ကိုပေးမိတဲ့ နာမည်ပါ။) သူတို့ဆီကို ပြန်လာခဲ့သည်။
          ကံဆိုးသည်လားကောင်းသည်လားတော့မပြောတတ်။ ကျွန်တော်စီးရမည့် ဘတ်စ်ကားက နောက်တစ်နာရီကျော်မှ လာလိမ့်မည်ဟု ခရစ်စ်ကပြောသည်။
          ဘာရယ်မဟုတ်…။ သွားလို့လည်းမရ၊ လုပ်စရာလည်းမရှိသည့်အတူတူ ကျွန်တော်လည်း သူနှင့်အတူ ကော်ဖီတွေ၊မုန့်တွေ လိုက်ဝေပေးနေမိသည်။
          ခရစ်စ်က မြူမှုန်ကြားထဲက နေရောင်ခြည်တစ်စနှင့်တူသည်။ လယ်ကွင်းထဲရှိ စိတ်ညစ် နေသူအကုန်လံုးကို သူတတ်နိုင်သလောက် ပြံုးပျော်စေရန် ကြိုးစားပေးခဲ့သည်။
          ကော်ဖီနှင့်မုန့်တွေဝေပေးသည်။ ကလေးငယ်များကို စသည်။ ခရစ္စမတ်သီချင်းတွေ ဆိုပြသည်။ ဘယ်သွားလို့ဘယ်လာရမှန်းမသိသည့် ခရီးသည်များကို လမ်းညွှန်ပေးသည်။
          အမျိုးသမီးတစ်ဦး မေ့လဲပြီးသတိလစ်သွားတုန်းကလည်း ရှူဆေးများ၊ စောင်များထုတ်ပြီး သူကိုယ်တိုင်ပင် ထိုအမျိုးသမီးသတိရလာစေရန် ပြုစုပေးခဲ့သည်။
          ဒီလောက် သူတစ်ပါးအပေါ်ကူညီတတ်ပြီး စိတ်ရှည်သည်းခံတတ်သူကို ကျွန်တော် တော် တော်လေး အ့ံသြနေမိသည်။
          သိချင်စိတ်က တားမနိုင်၊ဆီးမရဖြစ်လာသည်မို့ ကော်ဖီဝေနေရင်း သူ့ကို ကျွန်တော်မေး လိုက်သည်။
          “ဦးလေးက ဘယ်အကျိုးဆောင်ကုမ္ပဏီကလဲဟင်”
          ကျွန်တော့်အမေးကိုကြားတော့ သူ့မျက်နှာကပြံုးယောင်သမ်းသွားသည်။
          “သား…”
          သူက ကျွန်တော့်ကိုခေါ်သည်။
          “အနွေးထည်အပြာရောင်ဝတ်ထားတဲ့ ကလေးမလေးကိုတွေ့လား။ အဲဒီကလေးမလေးကို ဟောဒီသကြားလံုးသွားပေး။ ပြီးတော့…အမေ့ဘေးနားမှာ ငြိမ်ငြိမ်မနေပဲလှေျာက်သွားနေရင် နောက်ဆို
အမေ့ကို ဘယ်တော့မှမတွေ့ပဲနေလိမ့်မယ်လို့ပြောခဲ့။”
          ကျွန်တော်လဲသူကမ်းပေးသည့်သကြားလံုးကိုယူကာ သူပြောသလိုသွားလုပ်အပြီးမှာတော့ ခုနကမေးခွန်းကို ပြန်မေးပြန်သည်။
          “ဟို…ဦးလေးကဘယ်ကုမ္ပဏီကလဲလို့…”
          သူကကျွန်တော့်ကိုပြံုးပြီးကြည့်သည်။ ထို့နောက်
          “ဦးကိုကုမ္ပဏီကခိုင်းလို့ လာလုပ်မဟုတ်ဘူးကွ။ ခုလိုလုပ်ပေးရတာ ပျော်လို့ကိုလုပ်တာ။
          နှစ်စဥ်ဒီဇင်ဘာလတိုင်း နှစ်ပတ်စာအားလပ်ရက်ကို ဦးကဒီကိုလာတယ်။ ပြီးတော့ ခရီး သည်တွေကိုကူညီတယ်။
          မင်းတွေ့တဲ့အတိုင်းပဲ အခုလိုအချိန်မျိုးဆို အကူအညီလိုနေတဲ့ ခရီးသည်တွေက ထောင် ဂဏန်းလောက်ရှိတတ်တယ်။”
          ထိုစဥ် တစ်နေရာ၌ လူတွေရံုးစုရံုးစုဖြစ်နေသည်။
          အသက်ကြီးသလောက် ဖျတ်လတ်သောခရစ်စ်က ကျွန်တော့်ကိုလှမ်းမေးသည်။
          “ဟိတ်…ကောင်လေး ဟိုမှာကြည့်စမ်း။ အဲဒီမှာ ဖြစ်နေတာလဲ။”
          ကလေးငယ်လေးကိုပွေ့ပြီး တရှံု့ရှံု့ငိုနေသော မိခင်တစ်ဦးဆီ လက်ညှိုးထိုးရင်း တည် တည်ငြိမ်ငြိမ်ပြောသည်။
          ထို့နောက်တော့ ကျွန်တော့်ကိုမျက်လံုးတစ်ဖက်မှိတ်ကာ အချက်ပြပြီး သူ၏လှည်းကို ထို ကလေးအမေဆီသို့ဆွဲသွားလေသည်။
          ပိုနီးလာလေလေ မြင်ကွင်းကလည်း ပို၍ပို၍ပြတ်သားလာသည်။ လသားအရွယ် ကလေး ငယ်ကိုပွေ့ပြီး မိခင်ဖြစ်သည့်သူမကတော့ လက်ဆွဲအိတ်ပေါ်တွင် ထိုင်နေခြင်းပင်။
          “သမီးရေ…”
          အလွန်သိမ်မွေ့သောလေသံဖြင့် ခရစ်စ်ကပြောသည်။
          “ဒါသမီးရဲ့ကလေးလား။ ချစ်စရာကောင်းလိုက်တာကြည့်စမ်း။ ဒါနဲ့သမီးမှာဘာအခက်အခဲ ရှိလို့လဲကွဲ့”
          အားကိုးသူရှာတွေ့ပြီဆိုသည့် အသိကြောင့်ပဲထင်သည်။ ထိုအမျိုးသမီးက ခရစ်စ်အား အ ကြောင်းစံုရှင်းပြရှာသည်။
          သူမ၏ယောက်ျားဖြစ်သူမှာSan Diegoရှိ ဟော်တယ်တစ်ခုတွင် အလုပ်လုပ်ကြောင်း၊ သူမ ယောကျ်ားနှင့်မတွေ့သည်မှာလဲ တစ်နှစ်ခန့်ရှိသွားပြီဖြစ်ကြောင်း၊ ယောကျ်ားကလဲ သူမရှိရာမလာနိုင်သ ဖြင့် သူမကပင် လိုက်လာရခြင်းဖြစ်ကြောင်း တရှံု့ရှံု့ငိုရင်း ပြောပြရှာသည်။
          သူမရှင်းပြသဖြင့် အတော်ဇာတ်ရည်လည်သွားလေသည်။
          ဒီပံုအတိုင်းသာဆို သူမယောကျ်ားလည်း အတော်စိတ်ပူနေလောက်လေပြီ။ ပွေ့ထားသော ကလေးကလည်း ဗိုက်ဆာ၍ကြူကြူပါအောင် ငိုနေလေပြီ။
          ကျွန်တော့်အတွက်တော့ အတော်စိတ်မသက်သာစရာမြင်ကွင်းပင်။
          သို့သော် ခရစ်စ်ကတော့ အတွေ့အကြံုရှိသူပီပီ ယခုအခြေအနေကို ပြန်လည်တံု့ပြန်ပံံုက သပ်ရပ်လွန်းလှသည်။
          “အားလံုးအဆင်ပြေသွားမှာပါသမီးရယ်။ မငိုနဲ့တော့ဟုတ်လား။”
          ထိုသို့ ပြံုးကာရယ်ကာပြောရင်း သူ့လှည်းပေါ်မှ နို့တစ်ဘူးနှင့် ကော်ဖီတစ်ဘူးယူကာ ထိုအမျိုးသမီးကို ကမ်းပေးလိုက်သည်။
          ထို့နောက်…LAဆီသွားမည့် ကားတစ်စီးပေါ်သို့ လိုက်တင်ပေးသည်။ ထို့ပြင် သူမထံမှလဲ သူမ ယောကျ်ား၏ဖုန်းနံပါတ်ကိုတောင်းလိုက်ပြီး ဘာကြောင့်နောက်ကျနေသည်ဆိုသည့်အကြောင်းပါ ပြောပေးမည်ဟုဆိုလေသည်။
          “ဘုရားသခင်ကောင်းချီးပေးပါစေ”
          ငိုရှိုက်ရသဖြင့်မောပန်းပြီး အိပ်ပျော်သွာသောကလေးငယ်ကို လက်ဖြင့်ပိုက်ထားရင်း သူမ ကပြောလိုက်သည်။
          ထို့နောက်…။
          “မယ်ရီခရစ္စမတ်ပါ ဦးရေ။ ဦးလဲ ဒီခရစ္စမတ်မှာ လက်ဆောင်တွေအများကြီးရပါစေ”
          “ကျေးဇူးပါသမီးရေ။ ဦးကတော့ ဒီကမာ္ဘမှာ အကောင်းဆံုးဆိုတဲ့ လက်ဆောင်တွေရပြီးပြီ ကွဲ့။
          စကားမစပ် ဦးကိုလက်ဆောင်ပေးတဲ့အထဲမှာ သမီးလည်းပါတယ်နော်”
          ခရစ်စ်က သူ့ခေါင်းကိုဆတ်ရင်းပြောလေသည်။
          ထို့နောက် ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ဖက်ကို တစ်ချက်လှည့်ကြည့်ရင်း
          “အဖိုးအိုတစ်ယောက် ဒုက္ခရောက်နေတာထင်ပါရဲ့။ ကံကောင်းပါစေသမီးရေ။ ဦးကတော့ ကိုယ့်ကိုယ်ကိုနောက်ထပ်လက်ဆောင်တစ်ခု ထပ်ပေးလိုက်ဦးမဟေ့”
          ပြောရင်ဆိုရင်း ခရစ်စ်တစ်ယောက် ဘတ်စ်ကားကိုကျောခိုင်းလိုက်သည်။ ကျွန်တော်လဲ ခရစ်စ်နောက်ကို လိုက်လာခဲ့မိသည်။ ဟိုင်းဝေးကားဖြစ်သဖြင့် ကားကအတော်နှင့်ထွက်ဦးမည့်ပံုမှာ မပေါ်။
          သံုး၊လေး၊ငါးလှမ်းမှျ လှေျာက်ပြီးချိန်မှာတော့ ခရစ်စ်ကတော့ ကျွန်တော့်ဖက်သို့ ဆတ်ခနဲ လှည့်ပြီးပြောသည်။
          “မင်းလဲ ဒီကားနဲ့ပဲ LAထိသွားမှာနော်”
          “ဟုတ်ကဲ့”
          “ဒါဆိုဟန်ကျတာပေါ့ကွာ။ ဒီအချိန်ခဏလေးအတွင်းမှာ မင်းဟာ လက်ထောက်ကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်။
          ကဲ…ဒီမှာကြည့် ခုမင်းကိုခရစ္စမတ်လက်ဆောင်တစ်ခု ပေးစရာရှိတယ်။မင်း ဒီကားစုတ်နဲ့ LAထိလိုက်သွား။ ကလေးနဲ့ကလေးအမေကို စောင့်ရှောက်။ ဟုတ်ပြီလား”
          တစ်ဆက်တည်းဆိုသလို သူ့အိတ်ကပ်ထဲမှ စာရွက်ခေါက်လေးကိုထုတ်လိုက်ပြီး
          “နောက်ပြီးဟိုရောက်ရင်လဲ သူ့ယောကျ်ားကို ဘာလို့နောက်ကျရတယ်ဆိုတာ အသေချာ ရှင်းပြလိုက်ဦး”
          သူပြောချင်တာပြောပြီသွားတော့ ကျွန်တော့်အဖြေတောင်မစောင့်ပဲ ခရစ်စ်တစ်ယောက် လှည့်ထွက်သွားသည်။ ကျွန်တော်ဘာပြန်ဖြေမလဲ သိနေသည့်နှယ်။
          ထို့နောက် ကျွန်တော်လည်း ခရစ်စ်ပြောသည့်အတိုင်း ဘတ်စ်ကားဆီသို့ ခြေဦးပြန်လှည့် လိုက်သည်။
          ကားပေါ်ရောက်တော့ ကလေးအမေဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမထံမှကလေးကို ယူထားလိုက်သည်။
          ပြူတင်းပေါက်ဖက်မျက်နှာမူမိတော့ လူအုပ်ကြားထဲတရွေ့ရွေ့ တိုးဝင်သွားသောခရစ်စ်ကို လေးစားစဖွယ်တွေ့လိုက်ရသည်။
          ကားစထွက်လေပြီ။
          ခံစားရသည့်ခံစားမှုက ဘာနှင့်မှမလဲနိုင်အောင် ဝမ်းသာကြည်နူးမှုများလွှမ်းနေသည်။
          စိတ်ပြန်တည်ငြိမ်လာတော့ မိသားစုအကြောင်း၊ ခရစ္စမတ်အကြောင်းက ခေါင်းထဲရောက် လာသည်။
          ခုတော့ ဘေးအိမ်က ကလေးများမေးသည့် “စန်တာကလော့စ်ရှိရဲ့လား”ဆိုသည့် မေးခွန်း အတွက် အဖြေရသွားလေပြီ။
          ဒီနေ့ပဲ ကျွန်တော်သူနှင့်တွေ့ခဲ့သည်။

✽✽✽   ✽✽✽   ✽✽✽

စာကြွင်း>>>”William.J.Lederer”၏ “Is there a Santa Claus?”ကို ဘာသာပြန်ဆိုသည်။
(လင်း)
(Unicode)

image

Advertisements

အတၱႏွင့္အတူ (အတ္တနှင့်အတူ)

          အေဆာင္ေဆာင္အခန္းခန္းျဖင့္ က်ယ္ေျပာလွေသာ စက္ခန္းေဆာင္ထဲသို႔ သူ႔သစၥာေတာ္ခံ မွဴးမတ္တစ္ဦး သုတ္သီးသုတ္ျပာျဖင့္ေရာက္လာသည္။
          “အရွင္မင္းႀကီး…အရွင္မင္းႀကီး”
          အစဥ္သျဖင့္တည္ၿငိမ္ေနတတ္သည့္မွဴးမတ္က ခုမ်က္ျပဴးဆန္ျပာျဖစ္ေနသည္မို႔ ဘုရင္လီယိုႏိုက္စ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မနက္စာစားရင္းက အမိန္႔ေပးလိုက္သည္။
          “ေမာင္မင္း ဘယ္လိုျဖစ္တုန္းကြဲ႔။ အက်ိဳးအေၾကာင္းတင္စမ္း”
          သူ႔အမိန္႔သံၾကားေတာ့ မွဴးမတ္ကတုန္ယင္ေနသည့္အသံႏွင့္…
          “အရွင္မင္းႀကီး…ဧည့္ေဆာင္ကို အခုႂကြမွျဖစ္ပါမယ္”

✽✽✽   ✽✽✽   ✽✽✽

          မင္းလမ္းတစ္ေလွ်ာက္ သုတ္သုတ္ျပာျပာေလွ်ာက္လာသည့္ ဘုရင္လီယိုႏိုက္စ္၏ဟန္ပန္ေၾကာင့္ အမႈထမ္းအားလံုး မွင္သက္သြားကုန္ၾကသည္။ သူတို႔ဘုရင္လီယိုႏိုက္စ္ ဒီလိုေရးႀကီးသုတ္ျပာႏိုင္သည့္ပံုစံကို သူတို႔မေတြ႔ဖူးၾက။
          လီယိုႏိုက္စ္အတြက္ကေတာ့ အခုအခ်ိန္မွာ ရာဇဣေႁႏၵဆိုတာေတြကို ေဘးခဏခ်ိတ္ထားၿပီး ဧည့္ေဆာင္သို႔သာအလ်င္အျမန္သြားေနမိသည္။
          ဧည့္ခန္းေဆာင္ေရာက္ေတာ့ တံခါးေစာင့္မ်ားက သူ႔ကိုဦးညႊတ္အရိုအေသျပဳၿပီး တံခါးဖြင့္ေပး လိုက္သည္။
          တံခါးေစာင့္မ်ားဖြင့္ေပးလိုက္သည့္တံခါးမွ ဧည့္ေဆာင္ထဲသို႔တစ္လွမ္းခ်င္းလွမ္းရင္း လီယိုႏိုက္စ္ တစ္ေယာက္ စိတ္လႈပ္ရွားေနမိ၏။
          ေနာက္ဆံုး……… ေထာင့္မွန္စတုဂံပံုကြ်န္းစားပြဲႀကီး တြင္ထိုင္ေနသူမ်ားကိုေတြ႔သြားခ်ိန္မွာေတာ့ လီယုိႏိုက္စ္တစ္ေယာက္ အံ့ၾသစိတ္ေၾကာင့္ပါးစပ္ကဆြံ႔အသြားသလို ေတာက္ပစူးရွလွသည့္ အေရာင္အဝါ မ်ားေၾကာင့္လည္း မ်က္လံုးမ်ားကိုမွိတ္လိုက္သည္။
          ထို႔ေနာက္ မ်က္လံုးကိုဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ကာ ေဝခြဲမရသည့္ေလသံျဖင့္
          “အသင္ အသင္တို႔က…”
          လီယိုႏိုက္စ္အေမးစကားကိုၾကားေတာ့ ထိုသူတို႔၏ေခါင္းေဆာင္ျဖစ္ဟန္တူသူက
          “က်ဳပ္တို႔က နတ္ဘုရားေတြပါ။ က်ပ္နာမည္ကဇုစ္၊ ေဟာဒါကက်ဳပ္ညီေတာ္ ပိုးဆိုက္ဒြန္နဲ႔ က်ဳပ္မိဖုရား ဟီးရာတို႔ပါ”
          ထို႔ေနာက္ သူကပင္ဆက္၍
          “ခင္ဗ်ားကေတာ့ လူသားအားလံုးရဲ႕ဘုရင္ လီယုိႏိုက္စ္မွတ္တယ္”
          “ဟုတ္ပါတယ္အရွင္ ကြ်န္ေတာ့္နာမည္က လီယိုႏိုက္စ္ပါ”
          လီယိုႏိုက္စ္ေျပာရင္းဆိုရင္း ဇုစ္ေရွ႕ေမွာက္ဒူးေထာက္ၿပီးအရိုအေသေပးလိုက္သည္။ ဘုရင္ကပါ အရိုအေသေပးသည္ဆိုေတာ့ သ႔ူေနာက္ေတာ္ပါးရွိ မွဴးမတ္ေတြမွာလည္း ျပားျပားဝပ္လ်က္။
          “အို…အို ထပါ။ ခုလိုမ်ိဳး အရိုအေသေပးစရာမလိုပါဘူး။ သင့္ကိုေတာင္က်ဳပ္တို႔ကေလးစားလို႔ စက္ရာေဆာင္ဆီတိုက္ရိုက္မလာပဲ ဧည့္ေဆာင္ကေနေစာင့္ေနခဲ႔ၿပီပဲ။ ခုလိုမ်ိး အရိုအေသမေပးပါနဲ႔”
          ဇုစ္စကားေၾကာင့္ လီယိုႏိုက္စ္ႏွင့္သူ႔မွဴးမတ္မ်ား အသီးသီးမတ္တပ္ထရပ္လိုက္ၾကၿပီး ထိုင္ခံုမွာ ဝင္ထိုင္လိုက္ၾကသည္။
          ထို႔ေနာက္ လီယိုႏိုက္စ္က
          “ဒါဆို အသင္တို႔အခုလိုေရာက္လာတာ ဘာေၾကာင့္ပါလဲ”
          ထိုစကားၾကားေတာ့ ဇုစ္ကၿပံဳးလ်က္
          “ဒီလိုပါ…။ က်ဳပ္တို႔နတ္ဘုရားေတြက ေကာင္းကင္ဘံုမွာေနတယ္။ အဲ…ေျမႀကီးထဲမွာေတာ့ က်ပ္တို႔နဲ႔ညီအစ္ကုိေတာ္တဲ႔ ေဟးဒီးစ္ဆိုတာေနတယ္။
          သူကအတၱႀကီးတယ္။ နတ္ဘုရားေတြကိုအုပ္စိုးခြင့္သာမဟုတ္ဘူး စႀက္ာဝဠာႀကီးရဲ႕အုပ္စိုးခြင့္ ကိုပါ သူကလိုခ်င္တယ္။ ဒီအတြက္ေၾကာင့္ သူ႔ကို ေျမေအာက္ပို႔ခဲ႔ရတာပဲ။
          အခု က်ဳပ္တို႔ကိုအႏၲရာယ္ျပဳလို႔မရေတာ့ တန္ခိုးသိဒၶိအနည္းဆံုးျဖစ္တဲ႔ သင္တို႔လူသားေတြကို အႏၲရာယ္ျပဳမယ့္ အရိပ္အေယာင္ေတြေတြ႔ေနရတယ္။
          ဒီေတာ့ သင္တို႔ကိုကြၽႏု္ပ္တို႔နတ္ဘုရားေတြက အကာအကြယ္ေပးလိုပါတယ္။
          ဒီကမ္းလွမ္းခ်က္ကိုလက္ခံမခံ အသင္ေျဖၾကားေပးပါ”
          ဇုစ္စကားေၾကာင့္ လီယိုႏုိက္စ္ေနာက္တစ္ႀကိမ္ထပ္အ့ံၾသမိျပန္သည္။ အင္အားႀကီးမားပါသည္ ဆိုသည့္ နတ္ဘုရားေတြကေတာင္မွ ကာကြယ္ေပးပါရေစဟု ေတာင္းဆိုလာသည္မဟုတ္လား။
          မည္မွ်ဝမ္းေျမာက္မိသည္မသိ လီယိုႏိုက္စ္တစ္ေယာက္ ခဏေတာင္မဆိုင္း
          “ဟာ…ဒါဝမ္းသာစရာကိစၥပဲ။ ကြၽႏ္ုပ္တို႔က ဒီကမ္းလွမ္းခ်က္ကိုဝမ္းေျမာက္စြာနဲ႔လက္ခံပါတယ္”
          လီယုိႏိုက္စ္၏အေျဖစကားၾကားေတာ့ ဇုစ္ကႏွစ္လိုဖြယ္ၿပံဳးလ်က္
          “ေကာင္းပါၿပီလီယိုႏိုက္စ္ ယခုအခ်ိန္ကစၿပီး သင္တို႔လူသားေတြကို ကြၽႏု္ပ္တို႔နတ္ဘုရားေတြက ကာကြယ္ေစာင့္ေရွာက္ပါ့မယ္”
          ဇုစ္၏စကားသံတို႔က ေလထဲဝယ္လြင့္ပ်ံလ်က္က်န္ခဲ႔ေလသည္။

✽✽✽   ✽✽✽   ✽✽✽

          “ဘာ…မင္းတို႔က သူ႔ရဲ႕လက္ေအာက္ကို ခိုဝင္လိုက္တယ္ေပါ့ဟုတ္လား”
          ေဟးဒီးစ္အသံကဧည့္ေဆာင္တစ္ခုလံုးသိမ့္သိမ့္တုန္သြားေစသည္။ လီယိုႏိုက္စ္ႏွင့္သူ႔မွဴးမတ္မ်ား ကေတာ့ ေခါင္းမ်ားကိုတြင္တြင္ငံု႔ထားၾကဆဲသာ။
          “မင္းတို႔ကြာ…။
          ဇုစ္ဆိုတာ ဘယ္လိုလူစားလဲသိၾကရဲ႕လား။
          ဒီမွာ………”
          ေဟးဒီးစ္၏ မ်က္လံုးႏွင့္အသံတို႔ကေၾကာက္မက္ဖြယ္။
          ဘုရင္ကရိုးနပ္စ္ကိုျဖဳတ္ခ်တုန္းက ငါရယ္၊ ပိုးဆိုက္ဒြန္ရယ္၊ ဇုစ္ရယ္ သံုးေယာက္သားကတိျပဳ ခဲ႔တယ္။ အာဏာကိုညီတူညီမွ်ခြဲေဝၾကမယ္ဆိုၿပီးေတာ့ေပ႔ါ။
          တစ္ကယ္တမ္းလည္းေတာ္လွန္ေရးၿပီးေရာ ပိုးဆိုက္ဒြန္ကေရထုကိုပဲအုပ္စိုးရတယ္။ ငါကေတာ့ စိတ္ပ်က္စရာေကာင္းတဲ႔လူေသေတြနဲ႔ မေကာင္းဆိုးဝါးေတြကိုအုပ္စိုးရတယ္။ ဒီအခ်ိန္မွာသူက စႀက္ာဝဠာရဲ႕ အရွင္သခင္အျဖစ္ခံယူၿပီး တစ္ေလာကလံုးကိုအုပ္စိုးတယ္။
          ဒါ လူယံုသတ္တာကြ”
          ေဟးဒီးစ္က နာက်ည္းခံခက္စြာျဖင့္ လီယိုႏိုက္စ္တို႔ကို ဆူပူႀကိမ္းေမာင္းေနသည္။
          “ဒါ…ဒါဆို က်ဳပ္တို႔ သူကာကြယ္တာလက္မခံေတာ့ဘူးလို႔ ျပန္ေျပာလိုက္မယ္ေလ”
          ဘုရင္လီယိုႏိုက္စ္ ေဟးဒီးစ္ကို မဝံ့မရဲေလးေျပာသည္။
          “ရမလားကြ ရမလား။ ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး လုပ္လို႔ရမလား”
          ေဟးဒီးစ္၏ေအာ္သံေၾကာင့္ လီယိုႏိုက္စ္ဇက္ေလးျပန္ပုသြားသည္။
          စိတ္ရွိလက္ရွိေအာ္ဟစ္ၿပီးခဏၾကာေတာ့ ေဟးဒီးစ္ကစိတ္ျပန္ေျပသြားဟန္ျဖင့္
          “ငါက မင္းတို႔ကိုေစတနာသန္႔သန္႔နဲ႔ေျပာတာပါကြာ။ ငါကေဒါသႀကီးတာမွန္တယ္။ ဒါေပမယ့္ မင္းတို႔ငါ့လိုျဖစ္မွာစိုးရိမ္တယ္။ ငါ့လိုသစၥာအေဖာက္ခံရမွာစိုးရိမ္တယ္”
          ဒီလိုက်ေတာ့ေဟးဒီးစ္ကႏူးည့ံလွသည္။ မ်က္လံုးအစံုကၾကည္လင္သန္႔စင္လ်က္ လိမ္ညာေနဟန္ ေတြမရွိ။ ပကတိျဖဴစင္စြာ…။
          “ဒါ…ဒါဆို က်ဳပ္တို႔ဘာလုပ္ရမလဲဟင္”
          ဘုရင္လီယိုႏိုက္စ္ မရဲတရဲေလးထပ္ေမးသည္။
          “အင္း”
          ေဟးဒီးစ္သက္ျပင္းခ်သလို အင္းကိုသံရွည္ဆြဲေနလိုက္သည္။
          ဒီအေျခအေနထိျဖစ္လာၿပီဆိုမွေတာ့ ေဟးဒီးစ္မွာေရြးခ်ယ္စရာမ်ာမ်ားမရွိ။
          ထို႔ေၾကာင့္ သူ႔အစီအစဥ္ကို စိတ္မသက္မသာႏွင့္ပင္ ထုတ္ေျပာလိုက္သည္။
          “ဘာလုပ္ရမလဲကြာ။ တိုက္ၾကရံုေပါ့။ ငါ မင္းတို႔အစားတိုက္ေပးပါ့မယ္။
          ဒါဟာ မင္းတို႔ငါ့လိုမ်ိဳး ကလိန္အက်ခံရမွာစိုးလို႔ပဲ။
          ဒီထက္မပိုဘူး။
          ဒါကိုေတာ့ မွတ္ထားပါ”
          လီယိုႏိုက္စ္တို႔အားလံုးကေတာ့ ေခါင္းငံု႔ထားၾကဆဲသာ။

✽✽✽   ✽✽✽   ✽✽✽

          ေကာင္းကင္ဘံု…။
          တစ္နည္း နတ္ဘုရားတို႔ေပ်ာ္စံရာ အိုလံပီယံေတာင္ထိပ္…။
          သာယာတင့္ေမာလွစြာေသာ ျမင္ကြင္းအစံုစံုကိုၾကည့္ရင္း ဇုစ္တစ္ေယာက္သက္ျပင္းခ်မိလိုက္၏။
          ဒါကိုျမင္ေတာ့ အနားမွာရွိေနသည့္ပိုးဆိုက္ဒြန္က
          “အရွင္မင္းႀကီး ဘာျဖစ္လုိ႔ပါလဲ”
          စိတ္ပူပန္စြာေမးလာသည့္ပိုးဆိုက္ဒြန္ကို ဇုစ္လွည့္ၾကည့္လိုက္သည္။ နဂိုကတည္းက အေနေအး သည့္သူမို႔ သူပူပန္ေနသည့္အေၾကာင္းမ်ားကို ပိုးဆိုက္ဒြန္မရိပ္စားမိ။
          “ဒီလိုကြ…”
          ဇုစ္က လည္ေခ်ာင္းကိုတစ္ခ်က္ရွင္းလိုက္ၿပီး
          “တို႔ေတြရဲ႕ေတာ္လွန္ေရးၿပီးသြားေတာ့ ငါကစႀက္ာဝဠာရဲ႕အုပ္စိုးသူအျဖစ္ခံယူတယ္။ မင္းကိုေတာ့ ေရထုကိုအုပ္စိုးေစဆိုၿပီးသတ္မွတ္ခဲ႔တယ္။ ေဟးဒီးစ္ကိုေတာ့ ေျမေအာက္ပို႔ခဲ႔တယ္။
          ဒါ ဘာေၾကာင့္လို႔မင္းထင္လဲပိုးဆိုက္ဒြန္”
          “ကြၽန္ေတာ္မသိပါဘူးအရွင္”
          ပိုးဆိုက္ဒြန္ကရိုးသားစြာျပန္ေျဖသည္။
          ဒီေတာ့မွ ဇုစ္က အေျမာ္အျမင္ျပည့္စံုသူတစ္ဦး၏ေလသံျဖင့္
          “ေဟးဒီးစ္ဟာေဒါသႀကီးတယ္။ ေနာက္ၿပီး သူဟာတန္ခိုးသိပ္ထက္တယ္။ သူ႔စိတ္ခံစားခ်က္ အတိုင္း တန္ခိုးစြမ္းအားသံုးၿပီးေလွ်ာက္လုပ္မယ္ဆို အားလံုးရွဳပ္ကုန္မွာေပါ့။ ဒီေတာ့ သူ႔ကိုအျပစ္သားေတြပဲ ရွိတဲ႔ ေျမေအာက္ကိုပို႔ခဲ႔ရတာ။
          ငါလည္း ဒီလိုလုပ္ခဲ႔ရတာ စိတ္မေကာင္းပါဘူးကြာ။ ဒီထက္ပိုစိတ္မေကာင္းတာကေတာ့ ညီအစ္ကိုအခ်င္းခ်င္း ရန္သူေတြလို သူစိမ္းျပင္ျပင္ျဖစ္သြားခဲ႔ရတာပဲ”
          ဇုစ္က ႏြမ္းလ်စြာေျပာသည္။
          မ်က္လံုးမ်ားတြင္လည္း မ်က္ရည္တို႔ေဝ့သီရစ္ဆိုင္းလ်က္ အမွန္ပင္စိတ္ထိခိုက္ေၾကကြဲေနဟန္က အထင္းသား။
          ထိုအခိုက္ ဇုစ္ေရွ႕သို႔ အပိုလိုေနနတ္သား အေျပးအလႊားေရာက္လာသည္။
          “အရွင္မင္းႀကီး…… ေဟးဒီးစ္တစ္ေယာက္ လူသားေတြရဲ႕နယ္နိမိတ္ထဲက ပိုထရီဂိုရီၿမိဳ႕ေတာ္ကို တိုက္ခိုက္ေနပါၿပီ”

✽✽✽   ✽✽✽   ✽✽✽

          “ဘာ………”
          စိတ္လႈပ္ရွားမႈေၾကာင့္ ဘုရင္လီယိုႏိုက္စ္ မတ္တပ္ထရပ္မိသည္။
          ဆက္သား၏ေျပာစကားအရ ပိုထရီဂိုရီၿမိဳ႕ေတာ္တြင္ေျမငလ်င္ေတြလႈပ္ၿပီး ေလဆင္ႏွာေမာင္းမ်ား ရုတ္တရက္တိုက္ခတ္လာသည္ဟုသိရသည္။
          လူေနအိမ္ေပါင္းမ်ားစြာပ်က္ဆီးသြားၿပီး လူေပါင္းမ်ားစြာလည္းေပ်ာက္ဆံုးေနသည္တဲ႔။
          ၾကားရသည့္ သတင္းေတြကလံုးဝမေကာင္း။
          လီယိုႏိုက္စ္ အလြန္အမင္းစိတ္ထိခိုက္ဟန္ျဖင့္ ပလႅင္ေပၚျပန္ထိုင္ခ်လိုက္စဥ္
          “ေအာင္ၿပီ လီယိုႏိုက္စ္ေရ ေအာင္ၿပီ။
          ပိုထရီဂိုရီအပါအဝင္ အနီးတစ္ဝိုက္ကၿမိဳ႕ရြာေတြအကုန္လံုး ဇုစ္တို႔လက္ထဲကေန ငါျပန္ယူခဲ႔ၿပီ။ ၿမိဳ႕ကိုေစာင့္ၾကပ္ေနတဲ႔ သူတို႔အေစာင့္အၾကပ္ေတြေသေအာင္ ငလ်င္နဲ႔ေလဆင္ႏွာေမာင္းေတာ့ဝင္ခဲ႔ရတယ္ေဟ့”
          ေဟးဒီးစ္ရႊင္ပ်စြာဆိုရင္း လီယိုႏုိက္စ္ေဘးတြင္ေပၚလာသည္။
          “မင္းကို ဇုစ္ရန္ကငါကာကြယ္ေပးတာထိေရာက္ရဲ႕လား လီယိုႏိုက္စ္”
          ေဟးဒီးစ္ကေတာ့ စစ္ႏိုင္သူတစ္ေယာက္၏မ်က္ႏွာထားမ်ိဳးႏွင့္ ရႊင္ပ်စြာစကားဆိုေလသည္။
          သို႔ေသာ္ လီယိုႏိုက္စ္ကေတာ့ ဝမ္းမသာႏိုင္ပါ။ မေပ်ာ္ရႊင္ႏိုင္ပါ။ ထိုအေၾကာင္းမ်ားကိုလည္း ေဟးဒီးစ္ကိုျပန္မေျပာႏိုင္ပါ။
          ဟင့္အင္း…။ ျပန္မေျပာရဲပါ။
          ေဟးဒီးစ္ကေတာ့ သူ႔အျပဳအမူကို အားရေက်နပ္ေနသည့္ပံုပင္။
          “ကဲ…ငါသြားဦးမယ္လီယိုႏိုက္စ္ေရ…။
          က်န္တဲ႔ေနရာေတြကိုသိမ္းပိုက္ဖို႔ အစီအစဥ္သြားဆြဲလိုက္ဦးမယ္”
          ေျပာေျပာဆိုဆိုႏွင့္ ေဟးဒီးစ္တစ္ေယာက္ထြက္သြားေလသည္။
          လူအမ်ားေသေၾကပ်က္စီးရသည္ကို လီယိုႏိုက္စ္မႀကိဳက္ေပမယ့္ သူမတားခဲ႔ပါ။ သူမတားဝ့ံခဲ႔ပါ။

✽✽✽   ✽✽✽   ✽✽✽

          ေနာက္တစ္ေန႔နံနက္…။
          သူစက္ေတာ္ေခၚေနတာေတာင္မႏိုးေသး။ ဆက္သားတစ္ေယာက္ေရာက္ေနျပန္သည္။ မေန႔က အတိုင္း ပိုထရီဂိုရီၿမိဳ႕ကပင္။
          လီယိုႏိုက္စ္ ဝတ္လဲေတာ္ကိုကျပာကယာလဲလိုက္ၿပီး ထိုဆက္သားကိုေရွ႕ေတာ္သြင္းလိုက္၏။
          “ေမာင္မင္း ဘာထူးလို႔လဲကြဲ႔။ ငါကိုယ္ေတာ္ကိုတင္ေလွ်ာက္စမ္း”
          “မွန္ပါ မင္းႀကီး။
          ပိုထရီဂိုရီၿမိဳ႕မွာ ငလ်င္ေတြလႈပ္၊ေလဆင္ႏွာေမာင္းတိုက္ၿပီး သိပ္မၾကာခင္မွာပဲ မိုးႀကိဳးေတြပစ္ၿပီး မုိးေတြသည္းသည္းမည္းမည္းထပ္ရြာလာပါတယ္”
          “ဟင္…”
          ၾကားလိုက္ရသည့္သတင္းေၾကာင့္ လီယိုႏိုက္စ္တစ္ေယာက္ ေျခဖ်ားလက္ဖ်ားမ်ားပင္ေအးစက္ သြားသည္။
          ဘုရား ဘုရား။ ျဖစ္ရေလ။
          ကပ္ဆိုးတစ္ခုႏွင့္ႀကံဳလိုက္ရလို႔ ေနစရာမဲ႔ေနသည့္ သူ႔တိုင္းသူျပည္သားေတြ ေရထဲမိုးထဲမွာ ခိုက္ခိုက္တုန္ေနၾကမည့္ပံုကိုေတြးမိရင္း လီယိုႏိုက္စ္ဝမ္းနည္းလာမိသည္။
          “လီယိုႏိုက္စ္ေရ”
          ေအာင္ျမင္ထည္ဝါလွသည့္အသံတစ္ခု သူ႔ေခါင္းထက္ကေပၚလာသည္။
          အသံပိုင္ရွင္ကိုသူသိသည္။ သို႔ေသာ္ ႏႈတ္မဆက္မိ။ ႏႈတ္ဆက္ခ်င္စိတ္လည္းမရွိ။
          “ငါခ်က္ခ်င္းပဲ ေဟးဒီးစ္လက္ထဲကေန ပိုထရီဂိုရီၿမိဳ႕ကိုျပန္ယူခဲ့ၿပီသိလား”
          ဇုစ္အသံကလည္း မေန႔ကေဟးဒီးစ္လိုပင္ ရႊင္ပ်ေနသည္။
          “ေဟ့…လီယိုႏိုက္စ္
          မင္းမေပ်ာ္ဘူးလားကြ။”
          ေမးၿပီ။
          ဇုစ္ေမးၿပီ။
          သို႔ေသာ္ ဒီေမးခြန္းကိုသူမေျဖလို။
          အမွန္အတိုင္းေျပာရလွ်င္ ဝမ္းနည္းပါသည္။ ႏိုင္ငံေတာ္ဘ႑ာမ်ားဆံုးရွံဳး၍မဟုတ္။ အခြန္အတုပ္ ေကာက္မရေတာ့မွာစိုး၍မဟုတ္။
          ကာကြယ္သူနတ္ဘုရားမ်ားေၾကာင့္ ဒုကၡပင္လယ္ေဝေနရွာေသာၿမိဳ႕သားမ်ားအား ကုိယ္ခ်င္းစာ မိျခင္းေၾကာင့္သာ…။
          “ဒီေအာင္ျမင္မႈကို မင္းဂုဏ္မယူဘူးလား လီယိုႏိုက္စ္ရဲ႕”
          ဇုစ္ထပ္ေမးျပန္သည္။
          အမွန္အတိုင္းေျဖရန္ ဘယ္လိုမွမတတ္သာသည္မို႔ လီယိုႏိုက္စ္ ေၾကကြဲဝမ္းနည္းေနသည့္ သူ႔မ်က္ႏွာကိုျပင္လိုက္ၿပီး ဇုစ္၏ဒုတိယအေမးကိုေျဖရန္ျပင္လိုက္စဥ္
          “လီယိုႏိုက္စ္ေရ”
          အေလာသံုးဆယ္ႏိုင္သည့္ ေဟးဒီးစ္၏အသံကိုၾကားလိုက္ရၿပီး တစ္ဆက္တည္းမွာပင္ သူတို႔ ေရွ႕ေမွာက္ ေဟးဒီးစ္ဘြားခနဲေပၚလာသည္။
          ထို႔ေနာက္…။
          “ဟိုလူယုတ္မာဇုစ္…တိ႔ုေတြရဲ႕ပုိထရီဂိုရီၿမိဳ႕ကို ျပန္ သိမ္း သြား ”
          ေဟးဒီးစ္စကားသံတို႔က ေလထဲမွာပင္ရပ္တန္႔သြားသည္။
          အေၾကာင္းက လီယိုႏိုက္စ္ေဘးတြင္ရွိေနေသာ သူ႔ညီဇုစ္ေၾကာင့္…။
          “ဇုစ္………လူသားေတြကို မင္း ဘာလာၿခိမ္းေျခာက္ေနတာလဲ”
          ေဟးဒီးစ္၏ေဒါသတို႔က ဇုစ္ကုိျမင္ေတာ့ ပိုဆိုးသြားပံုပင္…။
          သို႔ေသာ္ ဇုစ္ကလည္း ၿငိမ္ခံမေန…။
          “ငါက မင္းရန္က ကာကြယ္ေပးေနတာပါေဟးဒီးစ္ရာ”
          “ဘာ………။ ငါ့ရန္က ကာကြယ္တာဟုတ္လား”
          ေဟးဒီးစ္မ်က္ႏွာက အေကာင္းဆံုးျပက္လံုးတစ္ခု ၾကားလိုက္ရသူတစ္ေယာက္လုိ။
          “စဥ္းစဥ္းစားစားလည္းေျပာပါဇုစ္ရာ။ မင္းက်ဴးလြန္ခဲ႔တဲ႔ကိစၥကိုမင္းသိပါတယ္”
          ေဟးဒီးစ္စကားက ဇုစ္အရွိဳက္တည့္တည့္ကိုထိပံုရသည္။
          ဇုစ္ လႈပ္လႈပ္ရွားရွားျဖစ္လာသည္။
          “ေကာင္းၿပီေလ။ ဒါဆိုလည္း ငါတို႔ေတြ ဒီေနရာမွာ သူေသကိုယ္ေသစာရင္းရွင္းၾကတာေပါ့”
          “ငါကလည္း ဒါမ်ိဳးမွႀကိဳက္တာကြ”
          ရြဲ႕သံမ်ား ခနဲ႔သံမ်ား တိတ္ဆိတ္သြားသည့္ ဒုတိယအေက်ာ့ရန္ပြဲက ပထမတစ္ေခါက္ကထက္ ပိုျပင္းထန္မည္ဆိုသည္ကို ဘယ္သူမွမျငင္းပယ္ႏိုင္။
          ဇုစ္လက္ထဲကိုင္စြဲထားသည့္ ဝရဇိန္လက္နက္က တဝင္းလက္လက္ေတာက္ပေနသလို ေဟးဒီးစ္ ၏ေဒါသအဟုန္ေၾကာင့္ တုန္ယင္ေနသည့္ေျမထုကလည္း ကမာၻပ်က္လုခမန္း။
          နန္းေတာ္တိုင္လံုးတို႔ကလႈပ္ခါယမ္းေနၾကၿပီး မွဴးမတ္မ်ား၊စစ္သည္ေတာ္မ်ားမွာလည္း အလဲလဲ အကြဲကြဲ။
          ထိုအခိုက္…။
          “ေတာ္ၾကပါေတာ့…။ ေတာ္လိုက္ၾကပါေတာ့…။”
          အားကုန္မာန္ကုန္ေအာ္ဟစ္လိုက္သံေၾကာင့္ ဇုစ္ႏွင့္ေဟးဒီးစ္တို႔ေၾကာင္သြားၾကၿပီး အသံရွင္ဖက္ ၿပိဳင္တူလွည့္ၾကည့္မိၾကသည္။
          အသံပိုင္ရွင္လီယိုႏိုက္စ္ကေတာ့ ေဒါသေၾကာင့္တစ္ကိုယ္လံုးတုန္ယင္ေနေလသည္။
          “ခင္ဗ်ားတို႔ အခုဘာလုပ္ေနလဲသိၾကရဲ႕လား”
          ဇုစ္ႏွင့္ေဟးဒီးစ္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိလိုက္သည္။
          “ခင္ဗ်ားတို႔အတၱေတြေၾကာင့္ ပိုထရီဂိုရီတစ္ၿမိဳ႕လံုးလည္းေၾကမြၿပီးသြားၿပီ။ ဒါနဲ႔ေတာင္ ခင္ဗ်ားတို႔ အတြက္ မလံုေလာက္ေသးဘူးလား။”
          ဇုစ္တို႔ဆီက ဘာအသံမွမၾကား။
          “ခင္ဗ်ားတို႔က က်ဳပ္တို႔ကိုကာကြယ္ေပးဖို႔ကမ္းလွမ္းတယ္။ ဒီမတိုင္ခင္က က်ဳပ္တို႔ကမာၻမွာ က်ဳပ္တို႔သာယာတယ္။
          အခု ခင္ဗ်ားတို႔ၾကည့္စမ္း”
          လီယိုႏုိက္စ္စကားေၾကာင့္ ေဟးဒီးစ္တို႔ေယာင္ယမ္းၿပီး ဟိုၾကည့္ဒီၾကည့္ၾကည့္မိၾကသည္။
          မ်က္လံုးေတြ…။ မ်က္လံုးေတြ…။
          သူတို႔ကိုမလိုလားသည့္မ်က္လံုးေတြ။ သူတို႔ကိုနာက်ည္းမုန္းတီးေနသည့္မ်က္လံုးေတြ။
          “ျမင္ၾကလား။ ခင္ဗ်ားတို႔ျမင္ၾကရဲ႕လား။ လူေတြရဲ႕နာက်င္ဝမ္းနည္းမႈေတြကို။ ေနာက္ၿပီး အဲဒီ လူေတြရဲ႕ငိုရွိဳက္သံေတြကိုေရာၾကားရဲ႕လား။”
          နတ္ဘုရားႏွစ္ပါးေရာေယာင္ၿပီး ေခါင္းညွိတ္မိသည္။ သူတို႔မ်က္လံုးအစံုတြင္လည္း မ်က္ရည္တို႔ ေဝ့သီလ်က္…။
          “ေက်းဇူးျပဳၿပီးေတာ့ဗ်ာ စစ္ကိုမုန္းလို႔စစ္တိုက္ေနရတယ္မေျပာပါနဲ႔။ ခင္ဗ်ားတို႔ ျမားတစ္ခ်က္ အပစ္တိုင္း ဓားတစ္ခ်က္အဝင့္တိုင္း စေတးခဲ႔ရတာ က်ဳပ္တို႔အျပစ္မဲ႔တဲ႔သူေတြပါ။”
          ေဒါသတႀကီးဟိန္းေဟာက္ေနခဲ႔သည့္လီယိုႏိုက္စ္ နတ္ဘုရား၂ပါးေရွ႕ ရုတ္တရက္ဒူးေထာက္ခ် လိုက္ကာ ရွိဳက္ႀကီးတငင္ဆိုသည္။
          မွဴးမတ္တို႔ကေတာ့ ဝမ္းနည္းမႈေၾကာင့္မ်က္ရည္မက်ေသာ္လည္း အံေတြကိုတင္းတင္းႀကိတ္လ်က္။
          ထိုအျဖစ္ကိုေတြ႔ေတာ့ ဇုစ္ႏွင့္ေဟးဒီးစ္တို႔ ေနာက္တစ္ႀကိမ္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ထပ္ၾကည့္မိၾကသည္။
          ထို႔ေနာက္ နတ္ဘုရား၂ပါး တိုင္ပင္မထားပါပဲ လီယိုႏိုက္စ္ေရွ႕ေမွာက္ ဒူးေထာက္ခ်လိုက္ၿပီး ……………………………………………………………………………………………………………………………… ……………………………။
         
✽✽✽   ✽✽✽   ✽✽✽

          ထိုအခ်ိန္မွစ၍ နတ္ဘုရားယံုၾကည္သည့္လူသားအားလံုး နတ္ဘုရားမ်ားကို ပူေဇာ္ခဲ႔ၾကသည္၊ ပသခဲ႔ၾကသည္၊ အေလးအျမတ္ျပဳခဲ႔ၾကသည္။
          လူသားမ်ား၏ရည္ရြယ္ခ်က္ကတစ္ခုတည္း…။
          သူတို႔ကို ေစာင့္ေရွာက္ကာကြယ္ေစရန္ေတာ့မဟုတ္…။
          သူတို႔ကို ……… လ်စ္လ်ဴရွဳထားၾကေစရန္သာ။
         
✽✽✽   ✽✽✽   ✽✽✽

(လင္း)
(Zawgyi)

          အဆောင်ဆောင်အခန်းခန်းဖြင့် ကျယ်ပြောလှသော စက်ခန်းဆောင်ထဲသို့ သူ့သစ္စာတော်ခံ မှူးမတ်တစ်ဦး သုတ်သီးသုတ်ပြာဖြင့်ရောက်လာသည်။
          “အရှင်မင်းကြီး…အရှင်မင်းကြီး”
          အစဥ်သဖြင့်တည်ငြိမ်နေတတ်သည့်မှူးမတ်က ခုမျက်ပြူးဆန်ပြာဖြစ်နေသည်မို့ ဘုရင်လီယိုနိုက်စ် မျက်မှောင်ကြုတ်လိုက်ပြီး မနက်စာစားရင်းက အမိန့်ပေးလိုက်သည်။
          “မောင်မင်း ဘယ်လိုဖြစ်တုန်းကွဲ့။ အကျိုးအကြောင်းတင်စမ်း”
          သူ့အမိန့်သံကြားတော့ မှူးမတ်ကတုန်ယင်နေသည့်အသံနှင့်…
          “အရှင်မင်းကြီး…ဧည့်ဆောင်ကို အခုကြွမှဖြစ်ပါမယ်”

✽✽✽   ✽✽✽   ✽✽✽

          မင်းလမ်းတစ်လှေျာက် သုတ်သုတ်ပြာပြာလှေျာက်လာသည့် ဘုရင်လီယိုနိုက်စ်၏ဟန်ပန်ကြောင့် အမှုထမ်းအားလံုး မှင်သက်သွားကုန်ကြသည်။ သူတို့ဘုရင်လီယိုနိုက်စ် ဒီလိုရေးကြီးသုတ်ပြာနိုင်သည့်ပံုစံကို သူတို့မတွေ့ဖူးကြ။
          လီယိုနိုက်စ်အတွက်ကတော့ အခုအချိန်မှာ ရာဇဣနြေ္ဒဆိုတာတွေကို ဘေးခဏချိတ်ထားပြီး ဧည့်ဆောင်သို့သာအလျင်အမြန်သွားနေမိသည်။
          ဧည့်ခန်းဆောင်ရောက်တော့ တံခါးစောင့်များက သူ့ကိုဦးညွှတ်အရိုအသေပြုပြီး တံခါးဖွင့်ပေး လိုက်သည်။
          တံခါးစောင့်များဖွင့်ပေးလိုက်သည့်တံခါးမှ ဧည့်ဆောင်ထဲသို့တစ်လှမ်းချင်းလှမ်းရင်း လီယိုနိုက်စ် တစ်ယောက် စိတ်လှုပ်ရှားနေမိ၏။
          နောက်ဆံုး……… ထောင့်မှန်စတုဂံပံုကျွန်းစားပွဲကြီး တွင်ထိုင်နေသူများကိုတွေ့သွားချိန်မှာတော့ လီယိုနိုက်စ်တစ်ယောက် အံ့သြစိတ်ကြောင့်ပါးစပ်ကဆွံ့အသွားသလို တောက်ပစူးရှလှသည့် အရောင်အဝါ များကြောင့်လည်း မျက်လံုးများကိုမှိတ်လိုက်သည်။
          ထို့နောက် မျက်လံုးကိုဖွင့်ချည်ပိတ်ချည်လုပ်ကာ ဝေခွဲမရသည့်လေသံဖြင့်
          “အသင် အသင်တို့က…”
          လီယိုနိုက်စ်အမေးစကားကိုကြားတော့ ထိုသူတို့၏ခေါင်းဆောင်ဖြစ်ဟန်တူသူက
          “ကျုပ်တို့က နတ်ဘုရားတွေပါ။ ကျပ်နာမည်ကဇုစ်၊ ဟောဒါကကျုပ်ညီတော် ပိုးဆိုက်ဒွန်နဲ့ ကျုပ်မိဖုရား ဟီးရာတို့ပါ”
          ထို့နောက် သူကပင်ဆက်၍
          “ခင်ဗျားကတော့ လူသားအားလံုးရဲ့ဘုရင် လီယိုနိုက်စ်မှတ်တယ်”
          “ဟုတ်ပါတယ်အရှင် ကျွန်တော့်နာမည်က လီယိုနိုက်စ်ပါ”
          လီယိုနိုက်စ်ပြောရင်းဆိုရင်း ဇုစ်ရှေ့မှောက်ဒူးထောက်ပြီးအရိုအသေပေးလိုက်သည်။ ဘုရင်ကပါ အရိုအသေပေးသည်ဆိုတော့ သ့ူနောက်တော်ပါးရှိ မှူးမတ်တွေမှာလည်း ပြားပြားဝပ်လျက်။
          “အို…အို ထပါ။ ခုလိုမျိုး အရိုအသေပေးစရာမလိုပါဘူး။ သင့်ကိုတောင်ကျုပ်တို့ကလေးစားလို့ စက်ရာဆောင်ဆီတိုက်ရိုက်မလာပဲ ဧည့်ဆောင်ကနေစောင့်နေခဲ့ပြီပဲ။ ခုလိုမျိး အရိုအသေမပေးပါနဲ့”
          ဇုစ်စကားကြောင့် လီယိုနိုက်စ်နှင့်သူ့မှူးမတ်များ အသီးသီးမတ်တပ်ထရပ်လိုက်ကြပြီး ထိုင်ခံုမှာ ဝင်ထိုင်လိုက်ကြသည်။
          ထို့နောက် လီယိုနိုက်စ်က
          “ဒါဆို အသင်တို့အခုလိုရောက်လာတာ ဘာကြောင့်ပါလဲ”
          ထိုစကားကြားတော့ ဇုစ်ကပြံုးလျက်
          “ဒီလိုပါ…။ ကျုပ်တို့နတ်ဘုရားတွေက ကောင်းကင်ဘံုမှာနေတယ်။ အဲ…မြေကြီးထဲမှာတော့ ကျပ်တို့နဲ့ညီအစ်ကိုတော်တဲ့ ဟေးဒီးစ်ဆိုတာနေတယ်။
          သူကအတ္တကြီးတယ်။ နတ်ဘုရားတွေကိုအုပ်စိုးခွင့်သာမဟုတ်ဘူး စကြ်ာဝဠာကြီးရဲ့အုပ်စိုးခွင့် ကိုပါ သူကလိုချင်တယ်။ ဒီအတွက်ကြောင့် သူ့ကို မြေအောက်ပို့ခဲ့ရတာပဲ။
          အခု ကျုပ်တို့ကိုအန္တရာယ်ပြုလို့မရတော့ တန်ခိုးသိဒ္ဓိအနည်းဆံုးဖြစ်တဲ့ သင်တို့လူသားတွေကို အန္တရာယ်ပြုမယ့် အရိပ်အယောင်တွေတွေ့နေရတယ်။
          ဒီတော့ သင်တို့ကိုကျွနု်ပ်တို့နတ်ဘုရားတွေက အကာအကွယ်ပေးလိုပါတယ်။
          ဒီကမ်းလှမ်းချက်ကိုလက်ခံမခံ အသင်ဖြေကြားပေးပါ”
          ဇုစ်စကားကြောင့် လီယိုနိုက်စ်နောက်တစ်ကြိမ်ထပ်အ့ံသြမိပြန်သည်။ အင်အားကြီးမားပါသည် ဆိုသည့် နတ်ဘုရားတွေကတောင်မှ ကာကွယ်ပေးပါရစေဟု တောင်းဆိုလာသည်မဟုတ်လား။
          မည်မှျဝမ်းမြောက်မိသည်မသိ လီယိုနိုက်စ်တစ်ယောက် ခဏတောင်မဆိုင်း
          “ဟာ…ဒါဝမ်းသာစရာကိစ္စပဲ။ ကျွန်ုပ်တို့က ဒီကမ်းလှမ်းချက်ကိုဝမ်းမြောက်စွာနဲ့လက်ခံပါတယ်”
          လီယိုနိုက်စ်၏အဖြေစကားကြားတော့ ဇုစ်ကနှစ်လိုဖွယ်ပြံုးလျက်
          “ကောင်းပါပြီလီယိုနိုက်စ် ယခုအချိန်ကစပြီး သင်တို့လူသားတွေကို ကျွနု်ပ်တို့နတ်ဘုရားတွေက ကာကွယ်စောင့်ရှောက်ပါ့မယ်”
          ဇုစ်၏စကားသံတို့က လေထဲဝယ်လွင့်ပျံလျက်ကျန်ခဲ့လေသည်။

✽✽✽   ✽✽✽   ✽✽✽

          “ဘာ…မင်းတို့က သူ့ရဲ့လက်အောက်ကို ခိုဝင်လိုက်တယ်ပေါ့ဟုတ်လား”
          ဟေးဒီးစ်အသံကဧည့်ဆောင်တစ်ခုလံုးသိမ့်သိမ့်တုန်သွားစေသည်။ လီယိုနိုက်စ်နှင့်သူ့မှူးမတ်များ ကတော့ ခေါင်းများကိုတွင်တွင်ငံု့ထားကြဆဲသာ။
          “မင်းတို့ကွာ…။
          ဇုစ်ဆိုတာ ဘယ်လိုလူစားလဲသိကြရဲ့လား။
          ဒီမှာ………”
          ဟေးဒီးစ်၏ မျက်လံုးနှင့်အသံတို့ကကြောက်မက်ဖွယ်။
          ဘုရင် ကရိုးနပ်စ်ကိုဖြုတ်ချတုန်းက ငါရယ်၊ ပိုးဆိုက်ဒွန်ရယ်၊ ဇုစ်ရယ် သံုးယောက်သားကတိပြု ခဲ့တယ်။ အာဏာကိုညီတူညီမှျခွဲဝေကြမယ်ဆိုပြီးတော့ပေ့ါ။
          တစ်ကယ်တမ်းလည်းတော်လှန်ရေးပြီးရော ပိုးဆိုက်ဒွန်ကရေထုကိုပဲအုပ်စိုးရတယ်။ ငါကတော့ စိတ်ပျက်စရာကောင်းတဲ့လူသေတွေနဲ့ မကောင်းဆိုးဝါးတွေကိုအုပ်စိုးရတယ်။ ဒီအချိန်မှာသူက စကြ်ာဝဠာရဲ့ အရှင်သခင်အဖြစ်ခံယူပြီး တစ်လောကလံုးကိုအုပ်စိုးတယ်။
          ဒါ လူယံုသတ်တာကွ”
          ဟေးဒီးစ်က နာကျည်းခံခက်စွာဖြင့် လီယိုနိုက်စ်တို့ကို ဆူပူကြိမ်းမောင်းနေသည်။
          “ဒါ…ဒါဆို ကျုပ်တို့ သူကာကွယ်တာလက်မခံတော့ဘူးလို့ ပြန်ပြောလိုက်မယ်လေ”
          ဘုရင်လီယိုနိုက်စ် ဟေးဒီးစ်ကို မဝံ့မရဲလေးပြောသည်။
          “ရမလားကွ ရမလား။ ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်လို့ရမလား”
          ဟေးဒီးစ်၏အော်သံကြောင့် လီယိုနိုက်စ်ဇက်လေးပြန်ပုသွားသည်။
          စိတ်ရှိလက်ရှိအော်ဟစ်ပြီးခဏကြာတော့ ဟေးဒီးစ်ကစိတ်ပြန်ပြေသွားဟန်ဖြင့်
          “ငါက မင်းတို့ကိုစေတနာသန့်သန့်နဲ့ပြောတာပါကွာ။ ငါကဒေါသကြီးတာမှန်တယ်။ ဒါပေမယ့် မင်းတို့ငါ့လိုဖြစ်မှာစိုးရိမ်တယ်။ ငါ့လိုသစ္စာအဖောက်ခံရမှာစိုးရိမ်တယ်”
          ဒီလိုကျတော့ဟေးဒီးစ်ကနူးည့ံလှသည်။ မျက်လံုးအစံုကကြည်လင်သန့်စင်လျက် လိမ်ညာနေဟန် တွေမရှိ။ ပကတိဖြူစင်စွာ…။
          “ဒါ…ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲဟင်”
          ဘုရင်လီယိုနိုက်စ် မရဲတရဲလေးထပ်မေးသည်။
          “အင်း”
          ဟေးဒီးစ်သက်ပြင်းချသလို အင်းကိုသံရှည်ဆွဲနေလိုက်သည်။
          ဒီအခြေအနေထိဖြစ်လာပြီဆိုမှတော့ ဟေးဒီးစ်မှာရွေးချယ်စရာမျာများမရှိ။
          ထို့ကြောင့် သူ့အစီအစဥ်ကို စိတ်မသက်မသာနှင့်ပင် ထုတ်ပြောလိုက်သည်။
          “ဘာလုပ်ရမလဲကွာ။ တိုက်ကြရံုပေါ့။ ငါ မင်းတို့အစားတိုက်ပေးပါ့မယ်။
          ဒါဟာ မင်းတို့ငါ့လိုမျိုး ကလိန်အကျခံရမှာစိုးလို့ပဲ။
          ဒီထက်မပိုဘူး။
          ဒါကိုတော့ မှတ်ထားပါ”
          လီယိုနိုက်စ်တို့အားလံုးကတော့ ခေါင်းငံု့ထားကြဆဲသာ။

✽✽✽   ✽✽✽   ✽✽✽

          ကောင်းကင်ဘံု…။
          တစ်နည်း နတ်ဘုရားတို့ပျော်စံရာ အိုလံပီယံတောင်ထိပ်…။
          သာယာတင့်မောလှစွာသော မြင်ကွင်းအစံုစံုကိုကြည့်ရင်း ဇုစ်တစ်ယောက်သက်ပြင်းချမိလိုက်၏။
          ဒါကိုမြင်တော့ အနားမှာရှိနေသည့်ပိုးဆိုက်ဒွန်က
          “အရှင်မင်းကြီး ဘာဖြစ်လို့ပါလဲ”
          စိတ်ပူပန်စွာမေးလာသည့်ပိုးဆိုက်ဒွန်ကို ဇုစ်လှည့်ကြည့်လိုက်သည်။ နဂိုကတည်းက အနေအေး သည့်သူမို့ သူပူပန်နေသည့်အကြောင်းများကို ပိုးဆိုက်ဒွန်မရိပ်စားမိ။
          “ဒီလိုကွ…”
          ဇုစ်က လည်ချောင်းကိုတစ်ချက်ရှင်းလိုက်ပြီး
          “တို့တွေရဲ့တော်လှန်ရေးပြီးသွားတော့ ငါကစကြ်ာဝဠာရဲ့အုပ်စိုးသူအဖြစ်ခံယူတယ်။ မင်းကိုတော့ ရေထုကိုအုပ်စိုးစေဆိုပြီးသတ်မှတ်ခဲ့တယ်။ ဟေးဒီးစ်ကိုတော့ မြေအောက်ပို့ခဲ့တယ်။
          ဒါ ဘာကြောင့်လို့မင်းထင်လဲပိုးဆိုက်ဒွန်”
          “ကျွန်တော်မသိပါဘူးအရှင်”
          ပိုးဆိုက်ဒွန်ကရိုးသားစွာပြန်ဖြေသည်။
          ဒီတော့မှ ဇုစ်က အမြော်အမြင်ပြည့်စံုသူတစ်ဦး၏လေသံဖြင့်
          “ဟေးဒီးစ်ဟာဒေါသကြီးတယ်။ နောက်ပြီး သူဟာတန်ခိုးသိပ်ထက်တယ်။ သူ့စိတ်ခံစားချက် အတိုင်း တန်ခိုးစွမ်းအားသံုးပြီးလှေျာက်လုပ်မယ်ဆို အားလံုးရှုပ်ကုန်မှာပေါ့။ ဒီတော့ သူ့ကိုအပြစ်သားတွေပဲ ရှိတဲ့ မြေအောက်ကိုပို့ခဲ့ရတာ။
          ငါလည်း ဒီလိုလုပ်ခဲ့ရတာ စိတ်မကောင်းပါဘူးကွာ။ ဒီထက်ပိုစိတ်မကောင်းတာကတော့ ညီအစ်ကိုအချင်းချင်း ရန်သူတွေလို သူစိမ်းပြင်ပြင်ဖြစ်သွားခဲ့ရတာပဲ”
          ဇုစ်က နွမ်းလျစွာပြောသည်။
          မျက်လံုးများတွင်လည်း မျက်ရည်တို့ဝေ့သီရစ်ဆိုင်းလျက် အမှန်ပင်စိတ်ထိခိုက်ကြေကွဲနေဟန်က အထင်းသား။
          ထိုအခိုက် ဇုစ်ရှေ့သို့ အပိုလိုနေနတ်သား အပြေးအလွှားရောက်လာသည်။
          “အရှင်မင်းကြီး…… ဟေးဒီးစ်တစ်ယောက် လူသားတွေရဲ့နယ်နိမိတ်ထဲက ပိုထရီဂိုရီမြို့တော်ကို တိုက်ခိုက်နေပါပြီ”

✽✽✽   ✽✽✽   ✽✽✽

          “ဘာ………”
          စိတ်လှုပ်ရှားမှုကြောင့် ဘုရင်လီယိုနိုက်စ် မတ်တပ်ထရပ်မိသည်။
          ဆက်သား၏ပြောစကားအရ ပိုထရီဂိုရီမြို့တော်တွင်မြေငလျင်တွေလှုပ်ပြီး လေဆင်နှာမောင်းများ ရုတ်တရက်တိုက်ခတ်လာသည်ဟုသိရသည်။
          လူနေအိမ်ပေါင်းများစွာပျက်ဆီးသွားပြီး လူပေါင်းများစွာလည်းပျောက်ဆံုးနေသည်တဲ့။
          ကြားရသည့် သတင်းတွေကလံုးဝမကောင်း။
          လီယိုနိုက်စ် အလွန်အမင်းစိတ်ထိခိုက်ဟန်ဖြင့် ပလ္လင်ပေါ်ပြန်ထိုင်ချလိုက်စဥ်
          “အောင်ပြီ လီယိုနိုက်စ်ရေ အောင်ပြီ။
          ပိုထရီဂိုရီအပါအဝင် အနီးတစ်ဝိုက်ကမြို့ရွာတွေအကုန်လံုး ဇုစ်တို့လက်ထဲကနေ ငါပြန်ယူခဲ့ပြီ။ မြို့ကိုစောင့်ကြပ်နေတဲ့ သူတို့အစောင့်အကြပ်တွေသေအောင် ငလျင်နဲ့လေဆင်နှာမောင်းတော့ဝင်ခဲ့ရတယ်ဟေ့”
          ဟေးဒီးစ်ရွှင်ပျစွာဆိုရင်း လီယိုနိုက်စ်ဘေးတွင်ပေါ်လာသည်။
          “မင်းကို ဇုစ်ရန်ကငါကာကွယ်ပေးတာထိရောက်ရဲ့လား လီယိုနိုက်စ်”
          ဟေးဒီးစ်ကတော့ စစ်နိုင်သူတစ်ယောက်၏မျက်နှာထားမျိုးနှင့် ရွှင်ပျစွာစကားဆိုလေသည်။
          သို့သော် လီယိုနိုက်စ်ကတော့ ဝမ်းမသာနိုင်ပါ။ မပျော်ရွှင်နိုင်ပါ။ ထိုအကြောင်းများကိုလည်း ဟေးဒီးစ်ကိုပြန်မပြောနိုင်ပါ။
          ဟင့်အင်း…။ ပြန်မပြောရဲပါ။
          ဟေးဒီးစ်ကတော့ သူ့အပြုအမူကို အားရကျေနပ်နေသည့်ပံုပင်။
          “ကဲ…ငါသွားဦးမယ်လီယိုနိုက်စ်ရေ…။
          ကျန်တဲ့နေရာတွေကိုသိမ်းပိုက်ဖို့ အစီအစဥ်သွားဆွဲလိုက်ဦးမယ်”
          ပြောပြောဆိုဆိုနှင့် ဟေးဒီးစ်တစ်ယောက်ထွက်သွားလေသည်။
          လူအများသေကြေပျက်စီးရသည်ကို လီယိုနိုက်စ်မကြိုက်ပေမယ့် သူမတားခဲ့ပါ။ သူမတားဝ့ံခဲ့ပါ။

✽✽✽   ✽✽✽   ✽✽✽

          နောက်တစ်နေ့နံနက်…။
          သူစက်တော်ခေါ်နေတာတောင်မနိုးသေး။ ဆက်သားတစ်ယောက်ရောက်နေပြန်သည်။ မနေ့က အတိုင်း ပိုထရီဂိုရီမြို့ကပင်။
          လီယိုနိုက်စ် ဝတ်လဲတော်ကိုကပြာကယာလဲလိုက်ပြီး ထိုဆက်သားကိုရှေ့တော်သွင်းလိုက်၏။
          “မောင်မင်း ဘာထူးလို့လဲကွဲ့။ ငါကိုယ်တော်ကိုတင်လှေျာက်စမ်း”
          “မှန်ပါ မင်းကြီး။
          ပိုထရီဂိုရီမြို့မှာ ငလျင်တွေလှုပ်၊လေဆင်နှာမောင်းတိုက်ပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးတွေပစ်ပြီး မိုးတွေသည်းသည်းမည်းမည်းထပ်ရွာလာပါတယ်”
          “ဟင်…”
          ကြားလိုက်ရသည့်သတင်းကြောင့် လီယိုနိုက်စ်တစ်ယောက် ခြေဖျားလက်ဖျားများပင်အေးစက် သွားသည်။
          ဘုရား ဘုရား။ ဖြစ်ရလေ။
          ကပ်ဆိုးတစ်ခုနှင့်ကြံုလိုက်ရလို့ နေစရာမဲ့နေသည့် သူ့တိုင်းသူပြည်သားတွေ ရေထဲမိုးထဲမှာ ခိုက်ခိုက်တုန်နေကြမည့်ပံုကိုတွေးမိရင်း လီယိုနိုက်စ်ဝမ်းနည်းလာမိသည်။
          “လီယိုနိုက်စ်ရေ”
          အောင်မြင်ထည်ဝါလှသည့်အသံတစ်ခု သူ့ခေါင်းထက်ကပေါ်လာသည်။
          အသံပိုင်ရှင်ကိုသူသိသည်။ သို့သော် နှုတ်မဆက်မိ။ နှုတ်ဆက်ချင်စိတ်လည်းမရှိ။
          “ငါချက်ချင်းပဲ ဟေးဒီးစ်လက်ထဲကနေ ပိုထရီဂိုရီမြို့ကိုပြန်ယူခဲ့ပြီသိလား”
          ဇုစ်အသံကလည်း မနေ့ကဟေးဒီးစ်လိုပင် ရွှင်ပျနေသည်။
          “ဟေ့…လီယိုနိုက်စ်
          မင်းမပျော်ဘူးလားကွ။”
          မေးပြီ။
          ဇုစ်မေးပြီ။
          သို့သော် ဒီမေးခွန်းကိုသူမဖြေလို။
          အမှန်အတိုင်းပြောရလှျင် ဝမ်းနည်းပါသည်။ နိုင်ငံတော်ဘဏ္ဍာများဆံုးရှံုး၍မဟုတ်။ အခွန်အတုပ် ကောက်မရတော့မှာစိုး၍မဟုတ်။
          ကာကွယ်သူနတ်ဘုရားများကြောင့် ဒုက္ခပင်လယ်ဝေနေရှာသောမြို့သားများအား ကိုယ်ချင်းစာ မိခြင်းကြောင့်သာ…။
          “ဒီအောင်မြင်မှုကို မင်းဂုဏ်မယူဘူးလား လီယိုနိုက်စ်ရဲ့”
          ဇုစ်ထပ်မေးပြန်သည်။
          အမှန်အတိုင်းဖြေရန် ဘယ်လိုမှမတတ်သာသည်မို့ လီယိုနိုက်စ် ကြေကွဲဝမ်းနည်းနေသည့် သူ့မျက်နှာကိုပြင်လိုက်ပြီး ဇုစ်၏ဒုတိယအမေးကိုဖြေရန်ပြင်လိုက်စဥ်
          “လီယိုနိုက်စ်ရေ”
          အလောသံုးဆယ်နိုင်သည့် ဟေးဒီးစ်၏အသံကိုကြားလိုက်ရပြီး တစ်ဆက်တည်းမှာပင် သူတို့ ရှေ့မှောက် ဟေးဒီးစ်ဘွားခနဲပေါ်လာသည်။
          ထို့နောက်…။
          “ဟိုလူယုတ်မာဇုစ်…တိ့ုတွေရဲ့ပိုထရီဂိုရီမြို့ကို ပြန် သိမ်း သွား ”
          ဟေးဒီးစ်စကားသံတို့က လေထဲမှာပင်ရပ်တန့်သွားသည်။
          အကြောင်းက လီယိုနိုက်စ်ဘေးတွင်ရှိနေသော သူ့ညီဇုစ်ကြောင့်…။
          “ဇုစ်………လူသားတွေကို မင်း ဘာလာခြိမ်းခြောက်နေတာလဲ”
          ဟေးဒီးစ်၏ဒေါသတို့က ဇုစ်ကိုမြင်တော့ ပိုဆိုးသွားပံုပင်…။
          သို့သော် ဇုစ်ကလည်း ငြိမ်ခံမနေ…။
          “ငါက မင်းရန်က ကာကွယ်ပေးနေတာပါဟေးဒီးစ်ရာ”
          “ဘာ………။ ငါ့ရန်က ကာကွယ်တာဟုတ်လား”
          ဟေးဒီးစ်မျက်နှာက အကောင်းဆံုးပြက်လံုးတစ်ခု ကြားလိုက်ရသူတစ်ယောက်လို။
          “စဥ်းစဥ်းစားစားလည်းပြောပါဇုစ်ရာ။ မင်းကျူးလွန်ခဲ့တဲ့ကိစ္စကိုမင်းသိပါတယ်”
          ဟေးဒီးစ်စကားက ဇုစ်အရှိုက်တည့်တည့်ကိုထိပံုရသည်။
          ဇုစ် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
          “ကောင်းပြီလေ။ ဒါဆိုလည်း ငါတို့တွေ ဒီနေရာမှာ သူသေကိုယ်သေစာရင်းရှင်းကြတာပေါ့”
          “ငါကလည်း ဒါမျိုးမှကြိုက်တာကွ”
          ရွဲ့သံများ ခနဲ့သံများ တိတ်ဆိတ်သွားသည့် ဒုတိယအကျော့ရန်ပွဲက ပထမတစ်ခေါက်ကထက် ပိုပြင်းထန်မည်ဆိုသည်ကို ဘယ်သူမှမငြင်းပယ်နိုင်။
          ဇုစ်လက်ထဲကိုင်စွဲထားသည့် ဝရဇိန်လက်နက်က တဝင်းလက်လက်တောက်ပနေသလို ဟေးဒီးစ် ၏ဒေါသအဟုန်ကြောင့် တုန်ယင်နေသည့်မြေထုကလည်း ကမာ္ဘပျက်လုခမန်း။
          နန်းတော်တိုင်လံုးတို့ကလှုပ်ခါယမ်းနေကြပြီး မှူးမတ်များ၊စစ်သည်တော်များမှာလည်း အလဲလဲ အကွဲကွဲ။
          ထိုအခိုက်…။
          “တော်ကြပါတော့…။ တော်လိုက်ကြပါတော့…။”
          အားကုန်မာန်ကုန်အော်ဟစ်လိုက်သံကြောင့် ဇုစ်နှင့်ဟေးဒီးစ်တို့ကြောင်သွားကြပြီး အသံရှင်ဖက် ပြိုင်တူလှည့်ကြည့်မိကြသည်။
          အသံပိုင်ရှင်လီယိုနိုက်စ်ကတော့ ဒေါသကြောင့်တစ်ကိုယ်လံုးတုန်ယင်နေလေသည်။
          “ခင်ဗျားတို့ အခုဘာလုပ်နေလဲသိကြရဲ့လား”
          ဇုစ်နှင့်ဟေးဒီးစ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။
          “ခင်ဗျားတို့အတ္တတွေကြောင့် ပိုထရီဂိုရီတစ်မြို့လံုးလည်းကြေမွပြီးသွားပြီ။ ဒါနဲ့တောင် ခင်ဗျားတို့ အတွက် မလံုလောက်သေးဘူးလား။”
          ဇုစ်တို့ဆီက ဘာအသံမှမကြား။
          “ခင်ဗျားတို့က ကျုပ်တို့ကိုကာကွယ်ပေးဖို့ကမ်းလှမ်းတယ်။ ဒီမတိုင်ခင်က ကျုပ်တို့ကမာ္ဘမှာ ကျုပ်တို့သာယာတယ်။
          အခု ခင်ဗျားတို့ကြည့်စမ်း”
          လီယိုနိုက်စ်စကားကြောင့် ဟေးဒီးစ်တို့ယောင်ယမ်းပြီး ဟိုကြည့်ဒီကြည့်ကြည့်မိကြသည်။
          မျက်လံုးတွေ…။ မျက်လံုးတွေ…။
          သူတို့ကိုမလိုလားသည့်မျက်လံုးတွေ။ သူတို့ကိုနာကျည်းမုန်းတီးနေသည့်မျက်လံုးတွေ။
          “မြင်ကြလား။ ခင်ဗျားတို့မြင်ကြရဲ့လား။ လူတွေရဲ့နာကျင်ဝမ်းနည်းမှုတွေကို။ နောက်ပြီး အဲဒီ လူတွေရဲ့ငိုရှိုက်သံတွေကိုရောကြားရဲ့လား။”
          နတ်ဘုရားနှစ်ပါးရောယောင်ပြီး ခေါင်းညှိတ်မိသည်။ သူတို့မျက်လံုးအစံုတွင်လည်း မျက်ရည်တို့ ဝေ့သီလျက်…။
          “ကျေးဇူးပြုပြီးတော့ဗျာ စစ်ကိုမုန်းလို့စစ်တိုက်နေရတယ်မပြောပါနဲ့။ ခင်ဗျားတို့ မြားတစ်ချက် အပစ်တိုင်း ဓားတစ်ချက်အဝင့်တိုင်း စတေးခဲ့ရတာ ကျုပ်တို့အပြစ်မဲ့တဲ့သူတွေပါ။”
          ဒေါသတကြီးဟိန်းဟောက်နေခဲ့သည့်လီယိုနိုက်စ် နတ်ဘုရား၂ပါးရှေ့ ရုတ်တရက်ဒူးထောက်ချ လိုက်ကာ ရှိုက်ကြီးတငင်ဆိုသည်။
          မှူးမတ်တို့ကတော့ ဝမ်းနည်းမှုကြောင့်မျက်ရည်မကျသော်လည်း အံတွေကိုတင်းတင်းကြိတ်လျက်။
          ထိုအဖြစ်ကိုတွေ့တော့ ဇုစ်နှင့်ဟေးဒီးစ်တို့ နောက်တစ်ကြိမ် တစ်ယောက်မျက်နှာတစ်ယောက် ထပ်ကြည့်မိကြသည်။
          ထို့နောက် နတ်ဘုရား၂ပါး တိုင်ပင်မထားပါပဲ လီယိုနိုက်စ်ရှေ့မှောက် ဒူးထောက်ချလိုက်ပြီး ……………………………………………………………………………………………………………………………… ……………………………။
         
✽✽✽   ✽✽✽   ✽✽✽

          ထိုအချိန်မှစ၍ နတ်ဘုရားယံုကြည်သည့်လူသားအားလံုး နတ်ဘုရားများကို ပူဇော်ခဲ့ကြသည်၊ ပသခဲ့ကြသည်၊ အလေးအမြတ်ပြုခဲ့ကြသည်။
          လူသားများ၏ရည်ရွယ်ချက်ကတစ်ခုတည်း…။
          သူတို့ကို စောင့်ရှောက်ကာကွယ်စေရန်တော့မဟုတ်…။
          သူတို့ကို ……… လျစ်လျူရှုထားကြစေရန်သာ။
         
✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image

ငါးတစ္ေကာင္ႏွင့္စကားစျမည္ (ငါးတစ်ကောင်နှင့်စကားစမြည် )

          “ဗြမ္း……”
          ငါးမွ်ားတံကိုဆြဲတင္လိုက္ေတာ့ ခပ္လတ္လတ္ငါးတစ္ေကာင္က ခ်ိတ္ကိုခ်ိတ္လွ်က္ တန္း လန္းႀကီးပါလာသည္။
          အာေခါင္ရွိခ်ိတ္ကို အသာျဖဳတ္ေပးၿပီး အသင့္ယူလာေသာပံုးထဲသို႔ ထိုငါးကိုပစ္ထည့္ လိုက္သည္။ ထို႔ေနာက္…ေနာက္တစ္ခါထပ္မွ်ားရန္ ငါးမွ်ားခ်ိတ္တြင္ အစာတပ္ေနစဥ္…။
          “ေဟ့…ေဟ့လူ”
          ေခၚသံတစ္ခုၾကားရသည္။ ေဘးဘီေဝ့ၾကည့္ေတာ့လည္း ဘယ္သူမွ်မရွိ။ သို႔ႏွင့္ အစာကို ျပန္တပ္ေနလိုက္သည္။
          “ေဟ့လူ…ဒီမွာဗ်…”
          အသံထပ္ၾကားရျပန္သည္။ အနီးပတ္ဝန္းက်င္တြင္ သူ႔အျပင္ဘယ္သူမွရွိမေန။
          “က်ဳပ္ကဒီမွာဗ်…ပံုးထဲမွာ”
          ပံုးထဲမွာဆိုသည့္စကားေၾကာင့္ ပံုးထဲကိုငံု႔ၾကည့္လိုက္ေတာ့ သူ႔ကိုစကားလွမ္းေျပာေနသူက ခုနသူဖမ္းခဲ့သည့္ငါး…။
          သူ႔မ်က္ခံုးအစံုျမင့္တက္သြားၿပီး အေတာ္အ့ံၾသသြားသည္။ ငါးကစကားေျပာသည္ဆိုျခင္း မွာ ဘယ္လိုမွျဖစ္ႏိုင္စရာမရွိဘူးမဟုတ္လား။
          “လူစကားေျပာတတ္တာကို အ့ံၾသမေနပါနဲ႔ဗ်ာ”
          သူျဖစ္ေနသည့္စိတ္အေျခအေနကို သိေနသည့္အလား ငါးကဆိုသည္။ ထို႔ေနာက္
          “က်ဳပ္ခင္ဗ်ားကို လွမ္းစကားေျပာတယ္ဆိုတာ က်ဳပ္တို႔ရဲ႕သတၱိေတြအေၾကာင္း ခင္ဗ်ားတို႔ လူေတြ သေဘာေပါက္ေစခ်င္လုိ႔ဗ်”
          “သတၱိ…ဟုတ္လား”
          မထင္မွတ္ထားသည့္စကားေၾကာင့္ သူအေတာ္စိတ္ဝင္စားသြားသည္။
          “ဟုတ္တယ္…သတၱိ…။
          ခင္ဗ်ားသိလား…။ ငါးမွ်ားခ်ိတ္မွာ တပ္ထားတဲ႔အစာနဲ႔ မတပ္ထားတဲ႔အစာနဲ႔ကို မခြဲျခားႏိုင္ ေလာက္ေအာင္ က်ဳပ္တို႔ငါးေတြအဲဒီေလာက္မတံုးဘူးဗ်”
          “ဘယ္လို…ဒါဆို…မင္းတို႔က.”
          “ဟုတ္တယ္…သိသိရက္နဲ႔ဟပ္ခဲ႔တာ။ ဘာေၾကာင့္လဲလို႔ ခင္ဗ်ားေမးေတာ့မယ္မဟုတ္လား။ မေမးနဲ႔။ အေျဖက ခုနတုန္းက က်ဳပ္ေျပာခဲ႔တဲ႔သတၱိပဲ။
          သတၱိမရွိတဲ႔ တခ်ိဳ႕ငါးေတြကေတာ့ ငါးစာခ်ထားတာေတြ႔ရင္ ေရွာင္ကြင္းသြားၾကတယ္။ က်ဳပ္တို႔လိုသတၱိရွိတဲ႔ ငါးေတြကေတာ့ ငါးစာေတြ႔တာနဲ႔ အာေခါင္အေပါက္ခံၿပီး ဟပ္ပစ္ၾကတယ္။”
          “မဟုတ္ေသးဘူးေလ။ ဒီလိုဟပ္လိုက္ရင္ ဘာျဖစ္မလဲဆိုတာ မင္းတို႔မသိၾကဘူးလား”
          သူ႔ေမးခြန္းကိုၾကားေတာ့ ပံုးထဲကငါးက မထီတရီႏွင့္ၿပံဳးသည္။
          “သိတယ္ေလ။ ငါးစာကိုဟပ္တဲ့ငါးအကုန္လံုး ဟပ္လိုက္တာနဲ႔ ခင္ဗ်ားတို႔လက္ထဲေရာက္ ၿပီပဲ။ ၿပီးရင္ ခင္ဗ်ားတို႔က်ဳပ္တို႔ကိုသတ္စားမယ္။ ဒါပဲမဟုတ္လား။”
          “ဟင္…ေသမယ္ဆိုတာ သိေနတာေတာင္မွ ဘာလို႔လုပ္ေနေသးတာလဲ”
          “က်ဳပ္ေျပာၿပီးၿပီေလ။ သတၱိပါဆို။
          ေသမယ္ဆိုတာမွန္တယ္။ ဒါေပမယ့္ က်ဳပ္တို႔ကေတာ့ ဒါကိုသူရဲေကာင္းေရြးပြဲတစ္ခုလို႔ သတ္မွတ္ၾကတယ္။”
          ငါးရဲ႕အေျဖဆံုးေတာ့ သူစိတ္ပ်က္စြာေခါင္းခါယမ္းမိသည္။
          “ကဲ…ထားပါ။ အခုမင္းတို႔ေရကန္ထဲမွာ ငါးဘယ္ႏွေကာင္ရွိလဲ”
          “အေကာင္၇၀ေလာက္ေပါ့။ ဘာျဖစ္လို႔လဲ။”
          “ဟုတ္ၿပီ။ ဒီအထဲကမွ မင္းအယူအဆကိုလက္ခံတာ ဘယ္ႏွေကာင္ရွိလဲ။
          “၁၀……ေကာင္………။
          ဟာ…ေဟ့လူ။ အနည္းစု၊အမ်ားစုဆိုတဲ႔ သတ္မွတ္ခ်က္နဲ႔ က်ဳပ္မွားတယ္လို႔ လာမေျပာနဲ႔။ သူမ်ားမလုပ္ရဲတဲ့အရာကိုလုပ္တာဟာ သူရဲေကာင္းေတြရဲ႕စရုိက္ပဲ။
          ကဲပါ…။ဒါေတြေျပာေနလို႔လဲ ခင္ဗ်ားနားလည္မွာမဟုတ္ပါဘူး။ ခင္ဗ်ားပံုၾကည့္ရတာလည္း က်ဳပ္တို႔လိုသတၱိရွင္ေတြကို ေလွာင္ေနေျပာင္ေနတဲ႔သူမ်ိဳးပံုပါပဲ။
          ကဲ…ကဲ…က်ဳပ္ေျပာခ်င္တာေျပာၿပီးသြားၿပီ။ ခင္ဗ်ားသတ္မွာျဖင့္လဲသတ္ေတာ့”
          မသိသားဆိုးရြားႏိုင္လွေသာ ထိုငါးကိုၾကည့္ရင္း သူအေတာ္စိတ္ပ်က္သြားမိသည္။
          “ေအးပါ…သတ္မွာပါ။ မင္းတို႔ေတြက ငါမသတ္လဲ ေနာက္ငါးမွ်ားခ်ိတ္ကို သြားဟပ္ၾကဦး မွာပဲမဟုတ္လား
          ဒါေပမယ့္ ငါမင္းကိုမသတ္ခင္ တစ္ခုေတာ့ေျပာမယ္။
          သူမ်ားမလုပ္ႏိုင္တာလုပ္တိုင္းလဲ သူရဲေကာင္းမျဖစ္ဘူးကြ။ ကိုယ့္နာက်င္မႈ၊ ကိုယ့္ေသဆံုး မႈက ဘယ္သူ႔အက်ိဳးအတြက္မွမဟုတ္တဲ႔ အခ်ည္းႏွီးေသဆံုးျခင္း၊ အခ်ည္းႏွီးနာက်င္ျခင္းေတြဆို ငါက ေတာ့ သူရဲေကာင္းဘြဲ႔မေပးဘူး။ မိုက္ရူးရဲဘြဲ႔ပဲေပးမယ္။”
          “ဘယ္လို…မိုက္…ရူး…ရဲ…ဟုတ္လား”
          သူ႔စကားအဆံုးမွာ ပံုးထဲကငါးေတြေဝသြားသည္။ သို႔ေသာ္ေတြေဝမႈကေနာက္က်ခဲ႔ေလၿပီ။

✽✽✽   ✽✽✽   ✽✽✽

          ေလအသင့္ဝယ္ ငါးကင္ရနံ႔ကသင္းပ်ံ႕ေနသည္။
          သူရဲေကာင္းျဖစ္ခ်င္လြန္းသည့္ ငါးျဖစ္၍လားေတာ့မသိ။ အသားကမာၿပီးတင္းေနသည္။ အရသာကလဲခ်ိဳလွသည္။
          “ဘာပဲေျပာေျပာ ဒီလိုသူရဲေကာင္းျဖစ္ခ်င္သူေတြ ေပါေနသေရြ႕ေတာ့ ငါစားေနရဦးမွာေပါ့”
          ငါးကင္ကိုတစ္ဖဲ႔ကိုက္လိုက္ရင္း သူတစ္ကိုယ္တည္း ေက်နပ္စြာေျပာမိသည္။

✽✽✽   ✽✽✽   ✽✽✽

(လင္း)
(Zawgyi)

          “ဗွမ်း……”
          ငါးမှျားတံကိုဆွဲတင်လိုက်တော့ ခပ်လတ်လတ်ငါးတစ်ကောင်က ချိတ်ကိုချိတ်လှျက် တန်း လန်းကြီးပါလာသည်။
          အာခေါင်ရှိချိတ်ကို အသာဖြုတ်ပေးပြီး အသင့်ယူလာသောပံုးထဲသို့ ထိုငါးကိုပစ်ထည့် လိုက်သည်။ ထို့နောက်…နောက်တစ်ခါထပ်မှျားရန် ငါးမှျားချိတ်တွင် အစာတပ်နေစဥ်…။
          “ဟေ့…ဟေ့လူ”
          ခေါ်သံတစ်ခုကြားရသည်။ ဘေးဘီဝေ့ကြည့်တော့လည်း ဘယ်သူမှျမရှိ။ သို့နှင့် အစာကို ပြန်တပ်နေလိုက်သည်။
          “ဟေ့လူ…ဒီမှာဗျ…”
          အသံထပ်ကြားရပြန်သည်။ အနီးပတ်ဝန်းကျင်တွင် သူ့အပြင်ဘယ်သူမှရှိမနေ။
          “ကျုပ်ကဒီမှာဗျ…ပံုးထဲမှာ”
          ပံုးထဲမှာဆိုသည့်စကားကြောင့် ပံုးထဲကိုငံု့ကြည့်လိုက်တော့ သူ့ကိုစကားလှမ်းပြောနေသူက ခုနသူဖမ်းခဲ့သည့်ငါး…။
          သူ့မျက်ခံုးအစံုမြင့်တက်သွားပြီး အတော်အ့ံသြသွားသည်။ ငါးကစကားပြောသည်ဆိုခြင်း မှာ ဘယ်လိုမှဖြစ်နိုင်စရာမရှိဘူးမဟုတ်လား။
          “လူစကားပြောတတ်တာကို အ့ံသြမနေပါနဲ့ဗျာ”
          သူဖြစ်နေသည့်စိတ်အခြေအနေကို သိနေသည့်အလား ငါးကဆိုသည်။ ထို့နောက်
          “ကျုပ်ခင်ဗျားကို လှမ်းစကားပြောတယ်ဆိုတာ ကျုပ်တို့ရဲ့သတ္တိတွေအကြောင်း ခင်ဗျားတို့ လူတွေ သဘောပေါက်စေချင်လို့ဗျ”
          “သတ္တိ…ဟုတ်လား”
          မထင်မှတ်ထားသည့်စကားကြောင့် သူအတော်စိတ်ဝင်စားသွားသည်။
          “ဟုတ်တယ်…သတ္တိ…။
          ခင်ဗျားသိလား…။ ငါးမှျားချိတ်မှာ တပ်ထားတဲ့အစာနဲ့ မတပ်ထားတဲ့အစာနဲ့ကို မခွဲခြားနိုင် လောက်အောင် ကျုပ်တို့ငါးတွေအဲဒီလောက်မတံုးဘူးဗျ”
          “ဘယ်လို…ဒါဆို…မင်းတို့က.”
          “ဟုတ်တယ်…သိသိရက်နဲ့ဟပ်ခဲ့တာ။ ဘာကြောင့်လဲလို့ ခင်ဗျားမေးတော့မယ်မဟုတ်လား။ မမေးနဲ့။ အဖြေက ခုနတုန်းက ကျုပ်ပြောခဲ့တဲ့သတ္တိပဲ။
          သတ္တိမရှိတဲ့ တချို့ငါးတွေကတော့ ငါးစာချထားတာတွေ့ရင် ရှောင်ကွင်းသွားကြတယ်။ ကျုပ်တို့လိုသတ္တိရှိတဲ့ ငါးတွေကတော့ ငါးစာတွေ့တာနဲ့ အာခေါင်အပေါက်ခံပြီး ဟပ်ပစ်ကြတယ်။”
          “မဟုတ်သေးဘူးလေ။ ဒီလိုဟပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ မင်းတို့မသိကြဘူးလား”
          သူ့မေးခွန်းကိုကြားတော့ ပံုးထဲကငါးက မထီတရီနှင့်ပြံုးသည်။
          “သိတယ်လေ။ ငါးစာကိုဟပ်တဲ့ငါးအကုန်လံုး ဟပ်လိုက်တာနဲ့ ခင်ဗျားတို့လက်ထဲရောက် ပြီပဲ။ ပြီးရင် ခင်ဗျားတို့ကျုပ်တို့ကိုသတ်စားမယ်။ ဒါပဲမဟုတ်လား။”
          “ဟင်…သေမယ်ဆိုတာ သိနေတာတောင်မှ ဘာလို့လုပ်နေသေးတာလဲ”
          “ကျုပ်ပြောပြီးပြီလေ။ သတ္တိပါဆို။
          သေမယ်ဆိုတာမှန်တယ်။ ဒါပေမယ့် ကျုပ်တို့ကတော့ ဒါကိုသူရဲကောင်းရွေးပွဲတစ်ခုလို့ သတ်မှတ်ကြတယ်။”
          ငါးရဲ့အဖြေဆံုးတော့ သူစိတ်ပျက်စွာခေါင်းခါယမ်းမိသည်။
          “ကဲ…ထားပါ။ အခုမင်းတို့ရေကန်ထဲမှာ ငါးဘယ်နှကောင်ရှိလဲ”
          “အကောင်၇၀လောက်ပေါ့။ ဘာဖြစ်လို့လဲ။”
          “ဟုတ်ပြီ။ ဒီအထဲကမှ မင်းအယူအဆကိုလက်ခံတာ ဘယ်နှကောင်ရှိလဲ။
          “၁၀……ကောင်………။
          ဟာ…ဟေ့လူ။ အနည်းစု၊အများစုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကျုပ်မှားတယ်လို့ လာမပြောနဲ့။ သူများမလုပ်ရဲတဲ့အရာကိုလုပ်တာဟာ သူရဲကောင်းတွေရဲ့စရိုက်ပဲ။
          ကဲပါ…။ဒါတွေပြောနေလို့လဲ ခင်ဗျားနားလည်မှာမဟုတ်ပါဘူး။ ခင်ဗျားပံုကြည့်ရတာလည်း ကျုပ်တို့လိုသတ္တိရှင်တွေကို လှောင်နေပြောင်နေတဲ့သူမျိုးပံုပါပဲ။
          ကဲ…ကဲ…ကျုပ်ပြောချင်တာပြောပြီးသွားပြီ။ ခင်ဗျားသတ်မှာဖြင့်လဲသတ်တော့”
          မသိသားဆိုးရွားနိုင်လှသော ထိုငါးကိုကြည့်ရင်း သူအတော်စိတ်ပျက်သွားမိသည်။
          “အေးပါ…သတ်မှာပါ။ မင်းတို့တွေက ငါမသတ်လဲ နောက်ငါးမှျားချိတ်ကို သွားဟပ်ကြဦး မှာပဲမဟုတ်လား
          ဒါပေမယ့် ငါမင်းကိုမသတ်ခင် တစ်ခုတော့ပြောမယ်။
          သူများမလုပ်နိုင်တာလုပ်တိုင်းလဲ သူရဲကောင်းမဖြစ်ဘူးကွ။ ကိုယ့်နာကျင်မှု၊ ကိုယ့်သေဆံုး မှုက ဘယ်သူ့အကျိုးအတွက်မှမဟုတ်တဲ့ အချည်းနှီးသေဆံုးခြင်း၊ အချည်းနှီးနာကျင်ခြင်းတွေဆို ငါက တော့ သူရဲကောင်းဘွဲ့မပေးဘူး။ မိုက်ရူးရဲဘွဲ့ပဲပေးမယ်။”
          “ဘယ်လို…မိုက်…ရူး…ရဲ…ဟုတ်လား”
          သူ့စကားအဆံုးမှာ ပံုးထဲကငါးတွေဝေသွားသည်။ သို့သော်တွေဝေမှုကနောက်ကျခဲ့လေပြီ။

✽✽✽   ✽✽✽   ✽✽✽

          လေအသင့်ဝယ် ငါးကင်ရနံ့ကသင်းပျံ့နေသည်။
          သူရဲကောင်းဖြစ်ချင်လွန်းသည့် ငါးဖြစ်၍လားတော့မသိ။ အသားကမာပြီးတင်းနေသည်။ အရသာကလဲချိုလှသည်။
          “ဘာပဲပြောပြော ဒီလိုသူရဲကောင်းဖြစ်ချင်သူတွေ ပေါနေသရွေ့တော့ ငါစားနေရဦးမှာပေါ့”
          ငါးကင်ကိုတစ်ဖဲ့ကိုက်လိုက်ရင်း သူတစ်ကိုယ်တည်း ကျေနပ်စွာပြောမိသည်။

✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image

ထရိုဂ်န္ျမင္း (ထရိုဂျန်မြင်း)

          အလယ္ေခတ္မွာ ႏိုင္ငံအခ်င္းခ်င္း ဗ်ဴဟာေတြခင္းၿပီး တိုက္ခိုက္တာရွိသလို။ တိုင္းျပည္ မနာေအာင္ ဟိုဖက္ကသူရဲေကာင္းတစ္ေယာက္နဲ႔ ဒီဖက္ကသူရဲေကာင္းတစ္ေယာက္ တိုက္ခိုက္ၿပီး စစ္ပြဲအႏိုင္အရွံဳးကို ဆံုးျဖတ္တဲ႔စစ္ပြဲေတြလည္းရွိခဲ႔တယ္။
          ဒီေတာ့ အဲဒီအခ်ိန္တုန္းက ဘုရင္ေတြဟာ ဓားထက္တဲ႔သူရဲေကာင္းေတြဆို အထူး ေျမွာက္စားၾကတယ္။
          အဲဒီအခ်ိန္တုန္းကေပါ့………။
          အင္း………အဲဒီအခ်ိန္တုန္းက…။

✽✽✽   ✽✽✽   ✽✽✽

          က်ဳပ္နာမည္ကဂိုယာ။
          ေနသီယံအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းေပါ့။
          ေျပာရမယ္ဆို ဘုရင္ႀကီးက က်ဳပ္ကိုသိပ္သေဘာက်တယ္။
          ဘယ္ေတာ့မဆို “ငါ့သား”လို႔ေခၚတတ္သလို က်ဳပ္ကိုသူ႔သားလိုပဲ သေဘာထားတယ္လို႔ အၿမဲေျပာတယ္။
          ဒီေတာ့ က်ဳပ္ကလည္း ဘုရင္ႀကီးကို က်ဳပ္အေဖလို႔ သေဘာထားတာဆန္းသလားဗ်ာ။
          က်ဳပ္က ငယ္ငယ္ေလးကတည္းက အထိုးအခုတ္အတိုက္အခိုက္ဝါသနာပါတယ္။ ဒီလိုနဲ႔ အရြယ္ေရာက္ေတာ့စစ္မႈထမ္းတယ္။ က်ဳပ္တိုက္ရည္ခိုက္ရည္ေၾကာင့္ တျဖည္းျဖည္းနာမည္ရလာတယ္။ ေနာက္ဆံုးေတာ့ ခုလိုဘဝမ်ိဳးေရာက္လာတယ္ေပါ့ဗ်ာ။
          က်ဳပ္အလုပ္ကလူသတ္ရတဲ႔အလုပ္။ အမွန္အတိုင္းေျပာရရင္ က်ဳပ္လက္နဲ႔သတ္ခဲ႔သူေတြ ဘယ္ႏွေယာက္ရွိၿပီလဲေရေတာင္မေရႏိုင္ေတာ့ဘူး။ အခုေလးတင္ ဇက္ဆိုတဲ႔သူရဲေကာင္းတစ္ေယာက္ ကိုသတ္ၿပီး သူ႔ရဲ႕ဗိုေယးရွားအင္ပါယာကို က်ဳပ္တို႔ေနသီယံအင္ပါယာထဲသြတ္သြင္းခဲ႔ၿပီေလ။
          ဇက္ကိုသတ္ၿပီးအင္ပါယာတစ္ခုကိုသိမ္းပိုက္ႏိုင္လိုက္ေတာ့ ဘုရင္ႀကီးကက်ဳပ္ကိုဆုေတာ္ လာဘ္ေတာ္ေတြ ခ်ီးျမွင့္တယ္ဗ်။ ပါးစပ္ကလည္း ငါ့သားဆိုတာမခ်ေတာ့ဘူးဗ်ိဳ႕။ က်ဳပ္ကဆုေတာ္ေတြ မမက္ပါဘူး။ က်ဳပ္နဲ႔ေသြးသားမစပ္ေပမယ့္ ဖခင္တစ္ေယာက္လို သေဘာထားရတဲ့ဘုရင္ႀကီး သေဘာ က်မယ္ဆို ေက်နပ္ပါၿပီ။

          ၅လခန္႔ၾကာေသာ္………။
          က်ဳပ္အခုစီးခ်င္းထိုးရေတာ့မယ္။ ႏွစ္ဖက္စစ္သည္ေတြေရွ႕မွာေပါ့။
          တစ္ဖက္က က်ဳပ္နဲ႔စီးခ်င္းထိုးရမယ့္ စစ္သူရဲေကာင္းကလည္း က်ဳပ္လိုပဲနာမည္ႀကီးတယ္။ ဖီယိုႏိုေရဒင္အင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းစန္ဇာဆိုပဲ။
          “ဂိုယာ…ဂိုယာ…ဂိုယာ…”
          ေဟာ…က်ဳပ္စစ္သည္ေတြက်ဳပ္ကိုအားေပးေနၾကၿပီ။ ဖခင္ဘုရင္ႀကီးရွိရာကို တစ္ခ်က္လွမ္း ၾကည့္ေတာ့ “ငါ့သား ႀကိဳးစားထား”လို႔ အသံမထြက္ပဲပါးစပ္လႈပ္ရံုလႈပ္ၿပီး ေျပာလုိက္တာေတြ႔ရတယ္။
          ဒီလိုနဲ႔ “ငါ့ဖခင္ဘုရင္ႀကီးအတြက္ကြ”လို႔ စိတ္ထဲကႀကံဳးဝါးၿပီး တစ္ဖက္ရန္သူဆီ ဓားကို ဝင့္ေျမွာက္လို႔ က်ဳဳပ္တိုးကပ္သြားလိုက္တယ္။
          ေၾကာက္ခမန္းလိလိတိုက္ကြက္ေတြ၊ ေၾကာက္ခမန္းလိလိဓားခ်က္ေတြေအာက္မွာ က်ဳပ္တို႔ သူေသကိုယ္ေသတိုက္ခိုက္ေနၾကတယ္။
          တစ္ဖက္ရန္သူရဲ႕ ဓားခ်က္ေတြကို က်ဳပ္တစ္ခ်က္ၿပီးတစ္ခ်က္ေရွာင္ခဲ႔ေပမယ့္ ေနာက္ဆံုး တစ္ခ်က္ကိုေတာ့ ေရွာင္ဖို႔မမွီလိုက္ဘူး။ မ်က္လံုးေထာင့္စြန္းက ဓားသြားကိုျမင္လိုက္ခ်ိန္မွာ ေရွာင္ဖို႔က ေတာ္ေတာ္ေနာက္က်သြားခဲ႔ၿပီေလ။
          ဒီလိုနဲ႔ လည္ပင္းကဒဏ္ရာကိုလက္နဲ႔ဖိရင္း ေသအ့ံမူးမူးက်ဳပ္၊ ဖခင္ဘုရင္ႀကီးေျပာမယ့္ ႏွစ္သိမ့္စကားေလးၾကားခ်င္လို႔ လွည့္ၾကည့္မိေတာ့ ဘုရင္ႀကီးရဲ႕ႏႈတ္ခမ္းႏွစ္လႊာက လႈပ္တယ္ဆိုရံုေလး ထပ္လႈပ္သြားတယ္ “အသံုးမက်တဲ႔ေကာင္”တဲ႔။
          အ့ံၾသျခင္း၊မယံုႏိုင္ျခင္၊ဝမ္းနည္းျခင္းတို႔နဲ႔အတူ က်ဳပ္ခႏၶာကိုယ္ေျမျပင္ေပၚပစ္လဲသြားတယ္။
          စိတ္ထဲမွာလည္း ေသရမွာေၾကာက္လာသလို မ်က္လံုးထဲမွာလည္း က်ဳပ္သတ္ခဲ႔တဲ႔သူေတြ သူတို႔ကိုမသတ္ဖို႔ ေတာင္းပန္ၾကပံုေတြကိုျမင္လာတယ္။ ေနာက္ၿပီး “ငါ့ဖခင္အတြက္”လို႔ႀကံဳးဝါးၿပီး က်ဳပ္သူတို႔ကိုသတ္ျဖတ္ခဲ႔ပံုေတြေရာေပါ့။
          ဒီလိုနဲ႔ က်ဳပ္ရဲ႕အျမင္အာရံုေတြဝါးလာတယ္။ က်ဳပ္ရဲ႕ေျခဖ်ားလက္ဖ်ားေတြေအးလာတယ္။ က်ဳပ္ရဲ႕ႏွလံုးခုန္သံေလးတိုးသြားတယ္။ က်ဳပ္…က်ဳပ္………………………………။

✽✽✽   ✽✽✽   ✽✽✽

          က်ဳပ္နာမည္ကစန္ဇာ။
          ဖီယိုႏိုေရဒင္အင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းေပါ့။
          ေျပာရမယ္ဆို ဘုရင္ႀကီးက က်ဳပ္ကိုသိပ္သေဘာက်တယ္။
          ဘယ္ေတာ့မဆို “ငါ့သား”လို႔ေခၚတတ္သလို က်ဳပ္ကိုသူ႔သားလိုပဲ သေဘာထားတယ္လို႔ အၿမဲေျပာတယ္။
          ဒါေပမယ့္က်ဳပ္မယံုဘူး။ က်ဳပ္ကို တစ္ကယ္သာသူ႔သားလိုသေဘာထားရင္ က်ဳပ္စိတ္မပါ ေတာ့မွန္းသိလ်က္နဲ႔ ဒီလိုစစ္သူရဲေကာင္းလုပ္ဖို႔ က်ဳပ္မိသားစုသံုးၿပီး က်ဳပ္ကိုအၾကပ္ကိုင္မွာမဟုတ္ဘူး။
          က်ဳပ္က ငယ္ငယ္ေလးကတည္းက အထိုးအခုတ္အတိုက္အခိုက္ဝါသနာပါတယ္။ ဒီလိုနဲ႔ အရြယ္ေရာက္ေတာ့စစ္မႈထမ္းတယ္။ က်ဳပ္တိုက္ရည္ခိုက္ရည္ေၾကာင့္ တျဖည္းျဖည္းနာမည္ရလာတယ္။ ေနာက္ဆံုးေတာ့ ခုလိုဘဝမ်ိဳးေရာက္လာတယ္။
          ဒါေပမယ့္ က်ဳပ္သိပ္ခ်စ္တဲ႔ဇနီးနဲ႔ လက္ထပ္ၿပီးသြားတဲ႔ေနာက္မွာ က်ဳပ္စစ္သူရဲေကာင္း ဆက္မလုပ္ဖို႔ဆံုးျဖတ္လိုက္တယ္။ ဒီလိုနဲ႔ သားေတြသမီးေတြရလာၿပီးတဲ့ေနာက္။ တစ္ေန႔မွာ ဘုရင္ႀကီး ကက်ဳပ္တို႔မိသားစုကို နန္းေတာ္ဆီလာဖို႔ဖိတ္လိုက္တယ္။ ေနာက္ဆံုးေတာ့ က်ဳပ္နဲ႔ႏွစ္ေယာက္တည္း ေတြ႔ၿပီး စစ္သူရဲေကာင္းျပန္မလုပ္ရင္ က်ဳပ္မိသားစုအသက္ကိုရန္ရွာမယ္ဆိုတာေၾကာင့္ က်ဳပ္မလုပ္ခ်င္ ပဲနဲ႔ ဒီအလုပ္ကိုျပန္လုပ္ခဲ႔ရတယ္။
          က်ဳပ္အလုပ္ကလူသတ္ရတဲ႔အလုပ္။ အမွန္အတိုင္းေျပာရရင္ က်ဳပ္လက္နဲ႔သတ္ခဲ႔သူေတြ ဘယ္ႏွေယာက္ရွိၿပီလဲေရေတာင္မေရႏိုင္ေတာ့ဘူး။ အခုေလးတင္ဂိုယာဆိုတဲ႔သူရဲေကာင္းတစ္ေယာက္ ကိုသတ္ၿပီး သူ႔ရဲ႕ေနသီယံအင္ပါယာကို က်ဳပ္တို႔ဖီယိုႏိုေရဒင္အင္ပါယာထဲသြတ္သြင္းခဲ႔ၿပီေလ။
          ဂိုယာကိုသတ္ၿပီးအင္ပါယာတစ္ခုကိုသိမ္းပိုက္ႏိုင္လိုက္ေတာ့ ဘုရင္ႀကီးကက်ဳပ္ကိုဆုေတာ္ လာဘ္ေတာ္ေတြ ခ်ီးျမွင့္တယ္ဗ်။ ပါးစပ္ကလည္း ငါ့သားဆိုတာမခ်ေတာ့ဘူး။ က်ဳပ္ကဆုေတာ္ေတြ မမက္ပါဘူး။ က်ဳပ္နဲ႔က်ဳပ္မိသားစုေလး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနရရင္ပဲေက်နပ္ပါၿပီ။

          ၅လခန္႔ၾကာေသာ္………။
          က်ဳပ္အခုစီးခ်င္းထိုးရေတာ့မယ္။ ႏွစ္ဖက္စစ္သည္ေတြေရွ႕မွာေပါ့။
          တစ္ဖက္က က်ဳပ္နဲ႔စီးခ်င္းထိုးရမယ့္ စစ္သူရဲေကာင္းကလည္း က်ဳပ္လိုပဲနာမည္ႀကီးတယ္။ ရိုဒီေယအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းဂါေရးဆိုပဲ။
          “စန္ဇာ…စန္ဇာ…စန္ဇာ…”
          ေဟာ…က်ဳပ္စစ္သည္ေတြက်ဳပ္ကိုအားေပးေနၾကၿပီ။ ဘုရင္ႀကီးရွိရာဆီကို တစ္ခ်က္လွမ္း ၾကည့္ေတာ့ “ငါ့သား ႀကိဳးစားထား”လို႔ အသံမထြက္ပဲပါးစပ္လႈပ္ရံုလႈပ္ၿပီး ေျပာလုိက္တာေတြ႔ရတယ္။
          ဒီလိုနဲ႔ “ငါ့မိသားစုေတြအတြက္ကြ”လို႔ စိတ္ထဲကႀကံဳးဝါးၿပီး တစ္ဖက္ရန္သူဆီ ဓားကို ဝင့္ေျမွာက္လို႔ က်ဳဳပ္တိုးကပ္သြားလိုက္တယ္။
          ေၾကာက္ခမန္းလိလိတိုက္ကြက္ေတြ၊ ေၾကာက္ခမန္းလိလိဓားခ်က္ေတြေအာက္မွာ က်ဳပ္တို႔ သူေသကိုယ္ေသတိုက္ခိုက္ေနၾကတယ္။
          တစ္ဖက္ရန္သူရဲ႕ ဓားခ်က္ေတြကို က်ဳပ္တစ္ခ်က္ၿပီးတစ္ခ်က္ေရွာင္ခဲ႔ေပမယ့္ ေနာက္ဆံုး တစ္ခ်က္ကိုေတာ့ ေရွာင္ဖို႔မမွီလိုက္ဘူး။ မ်က္လံုးေထာင့္စြန္းက ဓားသြားကိုျမင္လိုက္ခ်ိန္မွာ ေရွာင္ဖို႔က ေတာ္ေတာ္ေနာက္က်သြားခဲ႔ၿပီေလ။
          ဒီလိုနဲ႔ လည္ပင္းကဒဏ္ရာကိုလက္နဲ႔ဖိရင္း ေသအ့ံမူးမူးက်ဳပ္၊ က်ဳပ္မိသားစုအသက္ကိုရန္ မရွာပါနဲ႔ေျပာဖို႔ ဘုရင္ႀကီးဆီလွည့္ၾကည့္မိေတာ့ ဘုရင္ႀကီးရဲ႕ႏႈတ္ခမ္းႏွစ္လႊာက လႈပ္တယ္ဆိုရံုေလး ထပ္လႈပ္သြားတယ္ “အသံုးမက်တဲ႔ေကာင္”တဲ႔။
          ေဆာက္တည္ရာမရျခင္း၊ မိသားစုအတြက္စိုးရိမ္ျခင္းတို႔နဲ႔အတူ က်ဳပ္ခႏၶာကိုယ္ေျမျပင္ေပၚ ပစ္လဲသြားတယ္။
          စိတ္ထဲမွာလည္း ေသရမွာေၾကာက္လာသလို မ်က္လံုးထဲမွာလည္း က်ဳပ္သတ္ခဲ႔တဲ႔သူေတြ သူတို႔ကိုမသတ္ဖို႔ ေတာင္းပန္ၾကပံုေတြကိုျမင္လာတယ္။ ေနာက္ၿပီး “ငါ့မိသားစုအတြက္”လို႔ႀကံဳးဝါးၿပီး က်ဳပ္သူတို႔ကို သတ္ျဖတ္ခဲ႔ပံုေတြေရာေပါ့။
          ဒီလိုနဲ႔ က်ဳပ္ရဲ႕အျမင္အာရံုေတြဝါးလာတယ္။ က်ဳပ္ရဲ႕ေျခဖ်ားလက္ဖ်ားေတြေအးလာတယ္။ က်ဳပ္ရဲ႕ႏွလံုးခုန္သံေလးတိုးသြားတယ္။ က်ဳပ္…က်ဳပ္………………………………။

✽✽✽   ✽✽✽   ✽✽✽

          က်ဳပ္နာမည္ကဂါေရး။
          ရိုဒီေယအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းေပါ့။
          ေျပာရမယ္ဆို ဘုရင္ႀကီးက က်ဳပ္ကိုသိပ္သေဘာက်တယ္။
          ဘယ္ေတာ့မဆို “ငါ့သား”လို႔ေခၚတတ္သလို က်ဳပ္ကိုသူ႔သားလိုပဲ သေဘာထားတယ္လို႔ အၿမဲေျပာတယ္။
          ဒါေပမယ့္က်ဳပ္မယံုဘူး။ ဒီအဘိုးႀကီးက သူ႔လိုအပ္ခ်က္အတြက္ က်ဳပ္ကိုအခ်ိဳသပ္ေနတာ သက္သက္ပါ။ သူဘယ္လိုပဲ”ငါ့သား”လို႔ေခၚေခၚ သူနဲ႔က်ဳပ္နဲ႔ဆက္ဆံေရးက အေပးအယူအေပၚမူတည္ ေနတာပါပဲ။ သူလိုခ်င္တဲ႔အင္ပါယာေတြရဖို႔ က်ဳပ္ကူညီေပးတယ္။ သူ႔ရဲ႕ဖက္ကလည္း က်ဳပ္လိုခ်င္တဲ႔ စည္းစိမ္ဥစၥာနဲ႔ ဂုဏ္သတင္းေက်ာ္ေစာမႈကိုေပးတယ္။
          က်ဳပ္က ငယ္ငယ္ေလးကတည္းက အထိုးအခုတ္အတိုက္အခိုက္ဝါသနာပါတယ္။ ဒီလိုနဲ႔ အရြယ္ေရာက္ေတာ့စစ္မႈထမ္းတယ္။ က်ဳပ္တိုက္ရည္ခိုက္ရည္ေၾကာင့္ တျဖည္းျဖည္းနာမည္ရလာတယ္။ ေနာက္ဆံုးေတာ့ ခုလိုဘဝမ်ိဳးေရာက္လာတာပဲ။
          က်ဳပ္အလုပ္ကလူသတ္ရတဲ႔အလုပ္။ အမွန္အတိုင္းေျပာရရင္ က်ဳပ္လက္နဲ႔သတ္ခဲ႔သူေတြ ဘယ္ႏွေယာက္ရွိၿပီလဲေရေတာင္မေရႏိုင္ေတာ့ဘူး။ အခုေလးတင္စန္ဇာဆိုတဲ႔သူရဲေကာင္းတစ္ေယာက္ ကိုသတ္ၿပီး သူ႔ရဲ႕ဖီယိုႏိုေရဒင္အင္ပါယာကို က်ဳပ္တို႔ရိုဒီေယအင္ပါယာထဲသြတ္သြင္းခဲ႔ၿပီေလ။
          စန္ဇာကိုသတ္ၿပီး အင္ပါယာကိုသိမ္းပိုက္ႏိုင္လိုက္ေတာ့ ဘုရင္ႀကီးကက်ဳပ္ကို ဆုေတာ္ လာဘ္ေတာ္ေတြ ခ်ီးျမွင့္တယ္ဗ်။ ပါးစပ္ကလည္း ငါ့သားဆိုတာမခ်ေတာ့ဘူး။ သူေပ်ာ္ေနတယ္ဆိုတာ သူ႔မ်က္ႏွာမွာအတိုင္းသားပဲ။
          ေအးေပါ့ေလ…။ သူေပ်ာ္မွာေပါ့။ သူလိုခ်င္တာရသြားၿပီပဲကို။ က်ဳပ္လည္းက်ဳပ္လိုခ်င္တဲ႔ စည္းစိမ္ေတြနဲ႔ဂုဏ္သတင္းေက်ာ္ေစာမႈေတြရေတာ့ ေပ်ာ္တာပဲမဟုတ္လား။

          ၅လခန္႔ၾကာေသာ္………။
          က်ဳပ္အခုစီးခ်င္းထိုးရေတာ့မယ္။ ႏွစ္ဖက္စစ္သည္ေတြေရွ႕မွာေပါ့။
          တစ္ဖက္က က်ဳပ္နဲ႔စီးခ်င္းထိုးရမယ့္ စစ္သူရဲေကာင္းကလည္း က်ဳပ္လိုပဲနာမည္ႀကီးတယ္။ ေအသီေယဂိုအင္ပါယာရဲ႕ ဂႏၲဝင္စစ္သူရဲေကာင္းဇိုင္ယြန္ဆိုပဲ။
          “ဂါေရး…ဂါေရး…ဂါေရး…”
          ေဟာ…က်ဳပ္စစ္သည္ေတြက်ဳပ္ကိုအားေပးေနၾကၿပီ။ ဘုရင္ႀကီးရွိရာဆီကို တစ္ခ်က္လွမ္း ၾကည့္ေတာ့ “ငါ့သား ႀကိဳးစားထား”လို႔ အသံမထြက္ပဲပါးစပ္လႈပ္ရံုလႈပ္ၿပီး ေျပာလုိက္တာေတြ႔ရတယ္။
          ဒီလိုနဲ႔ “ငါ့စည္းစိမ္ေတြနဲ႔ ဂုဏ္သတင္းေက်ာ္ေစာမႈအတြက္ကြ”လို႔ စိတ္ထဲကႀကံဳးဝါးၿပီး တစ္ဖက္ရန္သူဆီ ဓားကိုဝင့္ေျမွာက္လို႔ က်ဳဳပ္တိုးကပ္သြားလိုက္တယ္။

✽✽✽   ✽✽✽   ✽✽✽
(လင္း)
(Zawgyi)

          အလယ်ခေတ်မှာ နိုင်ငံအချင်းချင်း ဗျူဟာတွေခင်းပြီး တိုက်ခိုက်တာရှိသလို။ တိုင်းပြည် မနာအောင် ဟိုဖက်ကသူရဲကောင်းတစ်ယောက်နဲ့ ဒီဖက်ကသူရဲကောင်းတစ်ယောက် တိုက်ခိုက်ပြီး စစ်ပွဲအနိုင်အရှံုးကို ဆံုးဖြတ်တဲ့စစ်ပွဲတွေလည်းရှိခဲ့တယ်။
          ဒီတော့ အဲဒီအချိန်တုန်းက ဘုရင်တွေဟာ ဓားထက်တဲ့သူရဲကောင်းတွေဆို အထူး မြှောက်စားကြတယ်။
          အဲဒီအချိန်တုန်းကပေါ့………။
          အင်း………အဲဒီအချိန်တုန်းက…။

✽✽✽   ✽✽✽   ✽✽✽

          ကျုပ်နာမည်ကဂိုယာ။
          နေသီယံအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းပေါ့။
          ပြောရမယ်ဆို ဘုရင်ကြီးက ကျုပ်ကိုသိပ်သဘောကျတယ်။
          ဘယ်တော့မဆို “ငါ့သား”လို့ခေါ်တတ်သလို ကျုပ်ကိုသူ့သားလိုပဲ သဘောထားတယ်လို့ အမြဲပြောတယ်။
          ဒီတော့ ကျုပ်ကလည်း ဘုရင်ကြီးကို ကျုပ်အဖေလို့ သဘောထားတာဆန်းသလားဗျာ။
          ကျုပ်က ငယ်ငယ်လေးကတည်းက အထိုးအခုတ်အတိုက်အခိုက်ဝါသနာပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့စစ်မှုထမ်းတယ်။ ကျုပ်တိုက်ရည်ခိုက်ရည်ကြောင့် တဖြည်းဖြည်းနာမည်ရလာတယ်။ နောက်ဆံုးတော့ ခုလိုဘဝမျိုးရောက်လာတယ်ပေါ့ဗျာ။
          ကျုပ်အလုပ်ကလူသတ်ရတဲ့အလုပ်။ အမှန်အတိုင်းပြောရရင် ကျုပ်လက်နဲ့သတ်ခဲ့သူတွေ ဘယ်နှယောက်ရှိပြီလဲရေတောင်မရေနိုင်တော့ဘူး။ အခုလေးတင် ဇက်ဆိုတဲ့သူရဲကောင်းတစ်ယောက် ကိုသတ်ပြီး သူ့ရဲ့ဗိုယေးရှားအင်ပါယာကို ကျုပ်တို့နေသီယံအင်ပါယာထဲသွတ်သွင်းခဲ့ပြီလေ။
          ဇက်ကိုသတ်ပြီးအင်ပါယာတစ်ခုကိုသိမ်းပိုက်နိုင်လိုက်တော့ ဘုရင်ကြီးကကျုပ်ကိုဆုတော် လာဘ်တော်တွေ ချီးမြှင့်တယ်ဗျ။ ပါးစပ်ကလည်း ငါ့သားဆိုတာမချတော့ဘူးဗျို့။ ကျုပ်ကဆုတော်တွေ မမက်ပါဘူး။ ကျုပ်နဲ့သွေးသားမစပ်ပေမယ့် ဖခင်တစ်ယောက်လို သဘောထားရတဲ့ဘုရင်ကြီး သဘော ကျမယ်ဆို ကျေနပ်ပါပြီ။

          ၅လခန့်ကြာသော်………။
          ကျုပ်အခုစီးချင်းထိုးရတော့မယ်။ နှစ်ဖက်စစ်သည်တွေရှေ့မှာပေါ့။
          တစ်ဖက်က ကျုပ်နဲ့စီးချင်းထိုးရမယ့် စစ်သူရဲကောင်းကလည်း ကျုပ်လိုပဲနာမည်ကြီးတယ်။ ဖီယိုနိုရေဒင်အင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းစန်ဇာဆိုပဲ။
          “ဂိုယာ…ဂိုယာ…ဂိုယာ…”
          ဟော…ကျုပ်စစ်သည်တွေကျုပ်ကိုအားပေးနေကြပြီ။ ဖခင်ဘုရင်ကြီးရှိရာကို တစ်ချက်လှမ်း ကြည့်တော့ “ငါ့သား ကြိုးစားထား”လို့ အသံမထွက်ပဲပါးစပ်လှုပ်ရံုလှုပ်ပြီး ပြောလိုက်တာတွေ့ရတယ်။
          ဒီလိုနဲ့ “ငါ့ဖခင်ဘုရင်ကြီးအတွက်ကွ”လို့ စိတ်ထဲကကြံုးဝါးပြီး တစ်ဖက်ရန်သူဆီ ဓားကို ဝင့်မြှောက်လို့ ကျုုပ်တိုးကပ်သွားလိုက်တယ်။
          ကြောက်ခမန်းလိလိတိုက်ကွက်တွေ၊ ကြောက်ခမန်းလိလိဓားချက်တွေအောက်မှာ ကျုပ်တို့ သူသေကိုယ်သေတိုက်ခိုက်နေကြတယ်။
          တစ်ဖက်ရန်သူရဲ့ ဓားချက်တွေကို ကျုပ်တစ်ချက်ပြီးတစ်ချက်ရှောင်ခဲ့ပေမယ့် နောက်ဆံုး တစ်ချက်ကိုတော့ ရှောင်ဖို့မမှီလိုက်ဘူး။ မျက်လံုးထောင့်စွန်းက ဓားသွားကိုမြင်လိုက်ချိန်မှာ ရှောင်ဖို့က တော်တော်နောက်ကျသွားခဲ့ပြီလေ။
          ဒီလိုနဲ့ လည်ပင်းကဒဏ်ရာကိုလက်နဲ့ဖိရင်း သေအ့ံမူးမူးကျုပ်၊ ဖခင်ဘုရင်ကြီးပြောမယ့် နှစ်သိမ့်စကားလေးကြားချင်လို့ လှည့်ကြည့်မိတော့ ဘုရင်ကြီးရဲ့နှုတ်ခမ်းနှစ်လွှာက လှုပ်တယ်ဆိုရံုလေး ထပ်လှုပ်သွားတယ် “အသံုးမကျတဲ့ကောင်”တဲ့။
          အ့ံသြခြင်း၊မယံုနိုင်ခြင်၊ဝမ်းနည်းခြင်းတို့နဲ့အတူ ကျုပ်ခန္ဓာကိုယ်မြေပြင်ပေါ်ပစ်လဲသွားတယ်။
          စိတ်ထဲမှာလည်း သေရမှာကြောက်လာသလို မျက်လံုးထဲမှာလည်း ကျုပ်သတ်ခဲ့တဲ့သူတွေ သူတို့ကိုမသတ်ဖို့ တောင်းပန်ကြပံုတွေကိုမြင်လာတယ်။ နောက်ပြီး “ငါ့ဖခင်အတွက်”လို့ကြံုးဝါးပြီး ကျုပ်သူတို့ကိုသတ်ဖြတ်ခဲ့ပံုတွေရောပေါ့။
          ဒီလိုနဲ့ ကျုပ်ရဲ့အမြင်အာရံုတွေဝါးလာတယ်။ ကျုပ်ရဲ့ခြေဖျားလက်ဖျားတွေအေးလာတယ်။ ကျုပ်ရဲ့နှလံုးခုန်သံလေးတိုးသွားတယ်။ ကျုပ်…ကျုပ်………………………………။

✽✽✽   ✽✽✽   ✽✽✽

          ကျုပ်နာမည်ကစန်ဇာ။
          ဖီယိုနိုရေဒင်အင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းပေါ့။
          ပြောရမယ်ဆို ဘုရင်ကြီးက ကျုပ်ကိုသိပ်သဘောကျတယ်။
          ဘယ်တော့မဆို “ငါ့သား”လို့ခေါ်တတ်သလို ကျုပ်ကိုသူ့သားလိုပဲ သဘောထားတယ်လို့ အမြဲပြောတယ်။
          ဒါပေမယ့်ကျုပ်မယံုဘူး။ ကျုပ်ကို တစ်ကယ်သာသူ့သားလိုသဘောထားရင် ကျုပ်စိတ်မပါ တော့မှန်းသိလျက်နဲ့ ဒီလိုစစ်သူရဲကောင်းလုပ်ဖို့ ကျုပ်မိသားစုသံုးပြီး ကျုပ်ကိုအကြပ်ကိုင်မှာမဟုတ်ဘူး။
          ကျုပ်က ငယ်ငယ်လေးကတည်းက အထိုးအခုတ်အတိုက်အခိုက်ဝါသနာပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့စစ်မှုထမ်းတယ်။ ကျုပ်တိုက်ရည်ခိုက်ရည်ကြောင့် တဖြည်းဖြည်းနာမည်ရလာတယ်။ နောက်ဆံုးတော့ ခုလိုဘဝမျိုးရောက်လာတယ်။
          ဒါပေမယ့် ကျုပ်သိပ်ချစ်တဲ့ဇနီးနဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာ ကျုပ်စစ်သူရဲကောင်း ဆက်မလုပ်ဖို့ဆံုးဖြတ်လိုက်တယ်။ ဒီလိုနဲ့ သားတွေသမီးတွေရလာပြီးတဲ့နောက်။ တစ်နေ့မှာ ဘုရင်ကြီး ကကျုပ်တို့မိသားစုကို နန်းတော်ဆီလာဖို့ဖိတ်လိုက်တယ်။ နောက်ဆံုးတော့ ကျုပ်နဲ့နှစ်ယောက်တည်း တွေ့ပြီး စစ်သူရဲကောင်းပြန်မလုပ်ရင် ကျုပ်မိသားစုအသက်ကိုရန်ရှာမယ်ဆိုတာကြောင့် ကျုပ်မလုပ်ချင် ပဲနဲ့ ဒီအလုပ်ကိုပြန်လုပ်ခဲ့ရတယ်။
          ကျုပ်အလုပ်ကလူသတ်ရတဲ့အလုပ်။ အမှန်အတိုင်းပြောရရင် ကျုပ်လက်နဲ့သတ်ခဲ့သူတွေ ဘယ်နှယောက်ရှိပြီလဲရေတောင်မရေနိုင်တော့ဘူး။ အခုလေးတင်ဂိုယာဆိုတဲ့သူရဲကောင်းတစ်ယောက် ကိုသတ်ပြီး သူ့ရဲ့နေသီယံအင်ပါယာကို ကျုပ်တို့ဖီယိုနိုရေဒင်အင်ပါယာထဲသွတ်သွင်းခဲ့ပြီလေ။
          ဂိုယာကိုသတ်ပြီးအင်ပါယာတစ်ခုကိုသိမ်းပိုက်နိုင်လိုက်တော့ ဘုရင်ကြီးကကျုပ်ကိုဆုတော် လာဘ်တော်တွေ ချီးမြှင့်တယ်ဗျ။ ပါးစပ်ကလည်း ငါ့သားဆိုတာမချတော့ဘူး။ ကျုပ်ကဆုတော်တွေ မမက်ပါဘူး။ ကျုပ်နဲ့ကျုပ်မိသားစုလေး ငြိမ်းငြိမ်းချမ်းချမ်းနေရရင်ပဲကျေနပ်ပါပြီ။

          ၅လခန့်ကြာသော်………။
          ကျုပ်အခုစီးချင်းထိုးရတော့မယ်။ နှစ်ဖက်စစ်သည်တွေရှေ့မှာပေါ့။
          တစ်ဖက်က ကျုပ်နဲ့စီးချင်းထိုးရမယ့် စစ်သူရဲကောင်းကလည်း ကျုပ်လိုပဲနာမည်ကြီးတယ်။ ရိုဒီယေအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းဂါရေးဆိုပဲ။
          “စန်ဇာ…စန်ဇာ…စန်ဇာ…”
          ဟော…ကျုပ်စစ်သည်တွေကျုပ်ကိုအားပေးနေကြပြီ။ ဘုရင်ကြီးရှိရာဆီကို တစ်ချက်လှမ်း ကြည့်တော့ “ငါ့သား ကြိုးစားထား”လို့ အသံမထွက်ပဲပါးစပ်လှုပ်ရံုလှုပ်ပြီး ပြောလိုက်တာတွေ့ရတယ်။
          ဒီလိုနဲ့ “ငါ့မိသားစုတွေအတွက်ကွ”လို့ စိတ်ထဲကကြံုးဝါးပြီး တစ်ဖက်ရန်သူဆီ ဓားကို ဝင့်မြှောက်လို့ ကျုုပ်တိုးကပ်သွားလိုက်တယ်။
          ကြောက်ခမန်းလိလိတိုက်ကွက်တွေ၊ ကြောက်ခမန်းလိလိဓားချက်တွေအောက်မှာ ကျုပ်တို့ သူသေကိုယ်သေတိုက်ခိုက်နေကြတယ်။
          တစ်ဖက်ရန်သူရဲ့ ဓားချက်တွေကို ကျုပ်တစ်ချက်ပြီးတစ်ချက်ရှောင်ခဲ့ပေမယ့် နောက်ဆံုး တစ်ချက်ကိုတော့ ရှောင်ဖို့မမှီလိုက်ဘူး။ မျက်လံုးထောင့်စွန်းက ဓားသွားကိုမြင်လိုက်ချိန်မှာ ရှောင်ဖို့က တော်တော်နောက်ကျသွားခဲ့ပြီလေ။
          ဒီလိုနဲ့ လည်ပင်းကဒဏ်ရာကိုလက်နဲ့ဖိရင်း သေအ့ံမူးမူးကျုပ်၊ ကျုပ်မိသားစုအသက်ကိုရန် မရှာပါနဲ့ပြောဖို့ ဘုရင်ကြီးဆီလှည့်ကြည့်မိတော့ ဘုရင်ကြီးရဲ့နှုတ်ခမ်းနှစ်လွှာက လှုပ်တယ်ဆိုရံုလေး ထပ်လှုပ်သွားတယ် “အသံုးမကျတဲ့ကောင်”တဲ့။
          ဆောက်တည်ရာမရခြင်း၊ မိသားစုအတွက်စိုးရိမ်ခြင်းတို့နဲ့အတူ ကျုပ်ခန္ဓာကိုယ်မြေပြင်ပေါ် ပစ်လဲသွားတယ်။
          စိတ်ထဲမှာလည်း သေရမှာကြောက်လာသလို မျက်လံုးထဲမှာလည်း ကျုပ်သတ်ခဲ့တဲ့သူတွေ သူတို့ကိုမသတ်ဖို့ တောင်းပန်ကြပံုတွေကိုမြင်လာတယ်။ နောက်ပြီး “ငါ့မိသားစုအတွက်”လို့ကြံုးဝါးပြီး ကျုပ်သူတို့ကို သတ်ဖြတ်ခဲ့ပံုတွေရောပေါ့။
          ဒီလိုနဲ့ ကျုပ်ရဲ့အမြင်အာရံုတွေဝါးလာတယ်။ ကျုပ်ရဲ့ခြေဖျားလက်ဖျားတွေအေးလာတယ်။ ကျုပ်ရဲ့နှလံုးခုန်သံလေးတိုးသွားတယ်။ ကျုပ်…ကျုပ်………………………………။

✽✽✽   ✽✽✽   ✽✽✽

          ကျုပ်နာမည်ကဂါရေး။
          ရိုဒီယေအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းပေါ့။
          ပြောရမယ်ဆို ဘုရင်ကြီးက ကျုပ်ကိုသိပ်သဘောကျတယ်။
          ဘယ်တော့မဆို “ငါ့သား”လို့ခေါ်တတ်သလို ကျုပ်ကိုသူ့သားလိုပဲ သဘောထားတယ်လို့ အမြဲပြောတယ်။
          ဒါပေမယ့်ကျုပ်မယံုဘူး။ ဒီအဘိုးကြီးက သူ့လိုအပ်ချက်အတွက် ကျုပ်ကိုအချိုသပ်နေတာ သက်သက်ပါ။ သူဘယ်လိုပဲ”ငါ့သား”လို့ခေါ်ခေါ် သူနဲ့ကျုပ်နဲ့ဆက်ဆံရေးက အပေးအယူအပေါ်မူတည် နေတာပါပဲ။ သူလိုချင်တဲ့အင်ပါယာတွေရဖို့ ကျုပ်ကူညီပေးတယ်။ သူ့ရဲ့ဖက်ကလည်း ကျုပ်လိုချင်တဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သတင်းကျော်စောမှုကိုပေးတယ်။
          ကျုပ်က ငယ်ငယ်လေးကတည်းက အထိုးအခုတ်အတိုက်အခိုက်ဝါသနာပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့စစ်မှုထမ်းတယ်။ ကျုပ်တိုက်ရည်ခိုက်ရည်ကြောင့် တဖြည်းဖြည်းနာမည်ရလာတယ်။ နောက်ဆံုးတော့ ခုလိုဘဝမျိုးရောက်လာတာပဲ။
          ကျုပ်အလုပ်ကလူသတ်ရတဲ့အလုပ်။ အမှန်အတိုင်းပြောရရင် ကျုပ်လက်နဲ့သတ်ခဲ့သူတွေ ဘယ်နှယောက်ရှိပြီလဲရေတောင်မရေနိုင်တော့ဘူး။ အခုလေးတင်စန်ဇာဆိုတဲ့သူရဲကောင်းတစ်ယောက် ကိုသတ်ပြီး သူ့ရဲ့ဖီယိုနိုရေဒင်အင်ပါယာကို ကျုပ်တို့ရိုဒီယေအင်ပါယာထဲသွတ်သွင်းခဲ့ပြီလေ။
          စန်ဇာကိုသတ်ပြီး အင်ပါယာကိုသိမ်းပိုက်နိုင်လိုက်တော့ ဘုရင်ကြီးကကျုပ်ကို ဆုတော် လာဘ်တော်တွေ ချီးမြှင့်တယ်ဗျ။ ပါးစပ်ကလည်း ငါ့သားဆိုတာမချတော့ဘူး။ သူပျော်နေတယ်ဆိုတာ သူ့မျက်နှာမှာအတိုင်းသားပဲ။
          အေးပေါ့လေ…။ သူပျော်မှာပေါ့။ သူလိုချင်တာရသွားပြီပဲကို။ ကျုပ်လည်းကျုပ်လိုချင်တဲ့ စည်းစိမ်တွေနဲ့ဂုဏ်သတင်းကျော်စောမှုတွေရတော့ ပျော်တာပဲမဟုတ်လား။

          ၅လခန့်ကြာသော်………။
          ကျုပ်အခုစီးချင်းထိုးရတော့မယ်။ နှစ်ဖက်စစ်သည်တွေရှေ့မှာပေါ့။
          တစ်ဖက်က ကျုပ်နဲ့စီးချင်းထိုးရမယ့် စစ်သူရဲကောင်းကလည်း ကျုပ်လိုပဲနာမည်ကြီးတယ်။ အေသီယေဂိုအင်ပါယာရဲ့ ဂန္တဝင်စစ်သူရဲကောင်းဇိုင်ယွန်ဆိုပဲ။
          “ဂါရေး…ဂါရေး…ဂါရေး…”
          ဟော…ကျုပ်စစ်သည်တွေကျုပ်ကိုအားပေးနေကြပြီ။ ဘုရင်ကြီးရှိရာဆီကို တစ်ချက်လှမ်း ကြည့်တော့ “ငါ့သား ကြိုးစားထား”လို့ အသံမထွက်ပဲပါးစပ်လှုပ်ရံုလှုပ်ပြီး ပြောလိုက်တာတွေ့ရတယ်။
          ဒီလိုနဲ့ “ငါ့စည်းစိမ်တွေနဲ့ ဂုဏ်သတင်းကျော်စောမှုအတွက်ကွ”လို့ စိတ်ထဲကကြံုးဝါးပြီး တစ်ဖက်ရန်သူဆီ ဓားကိုဝင့်မြှောက်လို့ ကျုုပ်တိုးကပ်သွားလိုက်တယ်။

✽✽✽   ✽✽✽   ✽✽✽

(လင်း)
(Unicode)

image

၂၂ခ်ပ္ေျမာက္တားေရာ့ကဒ္ (၂၂ချပ်မြောက်တားရော့ကဒ်)

          အခ်ိန္ကေက်ာက္ေခတ္…။
          ပူျပင္းလြြန္းလွေသာေျမျပင္ထက္တြင္ေတာ့ ေက်ာက္တင္းပုတ္ႀကီးတစ္ခု ကိုင္စြဲလာေသာ ေက်ာက္ေခတ္လူသားတစ္ေယာက္…။
          ေမာပန္းလြန္းသျဖင့္ သစ္ပင္အရိပ္ေအာက္တြင္သူထိုင္ခ်လိုက္သည္။ ဒီေန႔မွ သားေကာင္ ကလည္းမရ။ ဗိုက္ကလဲ တက်ဳတ္က်ဳတ္ႏွင့္ဆာလွေလၿပီ။
          ဗိုက္ဆာဆာႏွင့္ ဟိုၾကည့္ဒီၾကည့္လုပ္ေနစဥ္ သူ႔စိတ္အစဥ္ကို အရာဝတၳဳတစ္ခုက ဖမ္းစား လိုက္သည္။
          ျဖဴျဖဴ၊ဝိုင္းဝိုင္း၊ျပားျပားေလး။ ဘာေလးမွန္းေတာ့သူမသိ။
          စိတ္ဝင္တစားႏွင့္သြားကိုင္ၾကည့္သည္။ အသားကေတာ့ သူတို႔ကိုင္စြဲသည့္ လက္နက္မ်ား လိုပင္မာသည္။ ေနပူထဲမွာမို႔ပူကြ်တ္ေနသည္။ မ်က္ႏွာျပင္ႏွစ္ဖက္ပါၿပီး ႏွစ္ဖက္လံုးတြင္ ဘာအေရး အေၾကာင္းမွရွိမေန။ ပကတိေျပာင္ေခ်ာေနၿပီး ျပင္ညီျဖစ္ေနသည္။
          သို႔ေသာ္သူေထြေထြထူးထူးစဥ္းစားမေနႏိုင္။ ႏိုးကတည္းက ဘာတစ္ခုမွမစားရေသးသျဖင့္ ရရာကိုပဲစားေတာ့မည္ဟု သူဆံုးျဖတ္လိုက္သည္။
          ထို႔ေနာက္ သူဗိုက္ဆာဆာႏွင့္ကိုက္လိုက္သည္။ မရ။ အသားကမာလြန္းသည္။ စိတ္ညစ္ ညစ္ႏွင့္ ေဘးဘီေဝ့ၾကည့္ေတာ့ သူ႔လက္စြဲေတာ္တင္းပုတ္ကိုေတြ႔သြားသည္။
          သူအဓိပၸါယ္ပါပါတစ္ခ်က္ၿပံဳးလိုက္ၿပီး သူ႔တင္းပုတ္ႀကီးကိုမကာ ထိုျပားျပားေကာင္ကို အား ႏွင့္မာန္ႏွင့္ထုခ်လုိက္သည္။ အရွိန္ကအေတာ္ျပင္းသည္မို႔ သစ္ပင္ေပၚကအသီးမ်ားေတာင္ေႂကြက်လာ သည္။
          စိတ္ထဲတြင္လည္း မင္းဘာတတ္ႏိုင္ေသးလဲဟု ႀကံဳးဝါးမိလိုက္သည္။ အားရေက်နပ္စြာႏွင့္ ေအာက္ကိုငံု႔ၾကည့္မိေတာ့ အထင္ႏွင့္အျမင္ကလြဲေခ်သည္။ ထိုျပားျပားေကာင္ကဘာမွမျဖစ္။ အက္ရံု ေလးသာအက္သည္။
          သူစဥ္းစားမရျဖစ္သြားသည္။ ယခင္ကဆို သူ႔တင္းပုတ္ႏွင့္ထုလိုက္လွ်င္ သားေကာင္ေတြ အကုန္လံုးေသၾကသည္။ အခုဒီေကာင္က်မွ သူ႔တင္းပုတ္ကိုမၿဖံဳဆိုေတာ့ သူစဥ္းစားမရျဖစ္ေနသည္။
          ဤမွ်ထူးဆန္းလွေသာ ထိုျပားျပားေကာင္ကို သူအေသအခ်ာကိုင္ၾကည့္သည္။ ၾကည့္ရင္း ၾကည့္ရင္း သူအေတြးတစ္ခုရလာသည္။ တင္းပုတ္ႏွင့္မရလွ်င္ စူးႏွင့္ထိုးမည္။
          ထိုအေတြးရရျခင္း သူအလ်င္အျမန္ပဲ အေကာင္အထည္ေဖာ္သည္။ ေက်ာက္စူးတစ္ခုကို ယူၿပီး ထိုျပားျပားေကာင္ကိုထိုးစိုက္လိုက္သည္။
          သူ႔စူးသာကိ်ဳးသြားသည္။ ျပားျပားေကာင္ကိုယ္ကေပါက္မသြား။
          သူေဒါသထြက္ထြက္ျဖင့္ ထိုျပားျပားေကာင္ကို စူးႏွင့္ျခစ္သည္။ ျပားျပားေကာင္ကိုယ္ေပၚ တြင္ ျခစ္ရာမ်ားဗလပြျဖစ္သြားသည္။ ေနာက္ဆံုး ျခစ္ရံုတင္အားမရေတာ့သျဖင့္ ပါးစပ္ႏွင့္ကိုက္သည္။ အားရပါးရကိုက္သည္။ ပါးစပ္ကလည္း “တဂူးဂူး၊တဂဲဂဲ” အသံမ်ားထြက္ေနသည္။
          ထိုစဥ္…။ ေဒါက္ခနဲအသံတစ္ခုၾကားလိုက္ၿပီး သူ႔ပါးစပ္တြင္းတစ္ေနရာက ပူခနဲခံစားလိုက္ ရသည္။ ပါးစပ္တြင္းမွ ေသြးမ်ားစိမ့္ထြက္လာသည္။
          သူ႔သြားက်ိဳးသြားေလၿပီ။
          ေနာက္ဆံုးေတာ့ သူလက္ေလွ်ာ့လိုက္သည္။ ျခစ္ရာမ်ား၊ ကိုက္ရာမ်ား၊ အက္ရာမ်ားဗလပြ ျဖစ္ေနသည့္ ထိုေက်ာက္ျပားဝိုင္းေလးကို ေျမႀကီးေပၚတြင္ပစ္ခ်ထားခဲ႔သည္။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ခရစ္ႏွစ္၃၀၁၅၊ ေအာက္တိုဘာလ ၁၁ရက္…။
          ဘာမန္ႏိုင္ငံ၏ သမၼတအိမ္ေတာ္တြင္ လွ်ိဳ႕ဝွက္အစည္းအေဝးတစ္ခု က်င္းပေနၾကသည္။
          “အခုလိုမ်ိဳး ကြ်န္ေတာ္တို႔လွ်ိဳ႕ဝွက္ေတြ႔ဆံုရျခင္းကေတာ့ သုတဘ႑ာတိုက္တစ္ခုအျဖစ္ တစ္ကမာၻလံုးကသတ္မွတ္ၿပီး အသည္းအသန္လိုခ်င္ေနၾကတဲ႔ဆယ္လ္မန္ဟာ အခုဆိုက်ဳပ္တို႔ႏိုင္ငံထဲ မွာရွိေနၿပီဆိုတာ ေျပာဖို႔အတြက္ပဲျဖစ္ပါတယ္”
          “ဗ်ာ…အဲ့…အဲဒါ တစ္ကယ္ပဲလား သမၼတႀကီး”
          “ဟုတ္ပါတယ္…။ ဒီအေၾကာင္းကိုေတာ့ ေထာက္လွမ္းေရးအရာရွိက ဆက္လက္တင္ျပပါ လိမ့္မယ္”‘
          သမၼတႀကီးစကားဆံုသြားခ်ိန္မွာေတာ့ စားပြဲခံု၏ေထာင့္စြန္းတြင္ထိုင္ေနသည့္ လူတစ္ဦးက မတ္တပ္ထရပ္ၿပီး သူ႔ကိုယ္သူမိတ္ဆက္သည္။
          “အားလံုးပဲမဂၤလာပါ။ ကြ်န္ေတာ္ကေတာ့ သမၼတႀကီးေျပာသြားတဲ႔ ေထာက္လွမ္းေရး အ ရာရွိပါ။
          ဒီဆယ္လ္မန္ဟာ လြန္ခဲ႔တဲ႔တစ္ပါတ္ေလာက္တည္းက ကြ်န္ေတာ္တို႔ႏိုင္ငံထဲ ေရာက္ေနခဲ႔ တာလို႔ ခန္႔မွန္းမိပါတယ္။ ဒီပစၥည္းရဲ႕ အၾကမ္းဖ်င္းေစ်းကေတာ့ ဘာမန္ေဒၚလာဘီလီယံ၁၀၀၀လို႔ သိ ရပါတယ္။ ဒီပစၥည္းဟာ အလြန္ကိုအေရးႀကီးတာမို႔ ကြ်န္ေတာ့္လက္ေအာက္က အယံုၾကည္ရဆံုးနဲ႔ အေတာ္ဆံုးတပ္ဖြဲ႔ကို ဒီပစၥည္းယူဖို႔အတြက္ တာဝန္ေပးထားပါတယ္”
          အရာရွိစကားဆံုးသြားခ်ိန္မွာေတာ့ အစည္းအေဝးပြဲသို႔တက္ေရာက္လာၾကသည့္ ပညာရွင္ မ်ားအားလံုးက လက္ခုပ္ဝိုင္းတီးၾကသည္။
          လက္ခုပ္သံစဲမွ သမၼတက စကားဆက္ေျပာသည္။
          “ကဲ…အခုဆို ဒီပစၥည္းဟာ ကြ်န္ေတာ္တို႔လက္ထဲေရာက္ၿပီလို႔ တစ္ဝက္ေတာ့ေျပာလို႔ရၿပီ ေပါ့ဗ်ာ။ ဒါေပမယ့္ ဒီပစၥည္းအေၾကာင္းကို ဂဃနဏပိုသိခ်င္တာမို႔ ပညာရွင္မ်ားက ကိုယ္သန္ရာသန္ ရာ ရွင္းျပၾကပါခင္ဗ်ာ”
          သမၼတ၏စကားအဆံုးတြင္ေတာ့ ေရွးေဟာင္းသုေတသနပညာရွင္ကထလာသည္။
          “ဟုတ္ကဲ႔ပါသမၼတခင္ဗ်ာ။ ကြ်န္ေတာ္တို႔ေရွးေဟာင္းသုေတသနနယ္ပယ္မွာ ဒီပစၥည္းေရ ပန္းစားရျခင္းကေတာ့ ဒီပစၥည္းေပၚက အမွတ္အသားေတြဟာ ေပ်ာက္ဆံုးေနတဲ႔ရတနာသိုက္ဆီ သြားဖို႔ သဲလြန္စေပးထားတဲ႔ ေျမပံုတစ္ခုလို႔ပညာရွင္ေတြယူဆၾကလို႔ပါခင္ဗ်။ အမွတ္အသားေတြထဲ မွာလည္း သစ္ပင္ေတြ၊ စမ္းေခ်ာင္းေတြ၊ ေတာင္စဥ္ေတြပါဝင္ေနပါတယ္။”
          သူေလ့လာမိသမွ်ေျပာျပအၿပီးမွာေတာ့ ေရွးေဟာင္းသုေတသနပညာရွင္ ထိုင္သြားသည္။
          ထို႔ေနာက္ ဓာတုေဗဒပညာရွင္…။
          “ဒီပစၥည္းဟာ ျဒပ္စင္အသစ္တစ္ခုဖန္တီးႏိုင္ဖို႔အတြက္ အေကာင္းဆံုးလမ္းညႊန္တစ္ခုလို႔ ကြ်န္ေတာ္တို႔ကေတာ့ယူဆပါတယ္။ ရိုးရာအေခၚအေဝၚအရေတာ့ ေရႊျဖစ္ေငြျဖစ္ဓာတ္လံုးဖန္တီးဖို႔ေပါ့ ေလ။”
          ဓာတုေဗဒပညာရွင္ထိုင္သြားေတာ့ ရူပေဗဒပညာရွင္အလွည့္…။
          “ခုလက္ရွိကြ်န္ေတာ္တို႔ အသံုးျပဳေနတဲ႔ႏ်ဴကလီးယားနည္းပညာဟာ လံုးဝျပည့္စံုတဲ႔အဆင့္ မဟုတ္ေသးပါဘူးသမၼတခင္ဗ်ား……။ ဒါေပမယ့္ ဒီပစၥည္းအေပၚက လမ္းညႊန္ခ်က္လို႔ယူဆရတာေတြနဲ႔ ခ်ိန္ထိုးၿပီးဖန္တီးႏိုင္ရင္ေတာ့ ႏ်ဴကလီးယားမ်ိဳးဆက္သစ္တစ္မ်ိဳးကို ကြ်န္ေတာ္တို႔တေတြ ဖန္တီးႏိုင္ၾက မွာပါ”
          ထို႔ေနာက္ ဘာသာေဗဒပညာရွင္…။
          “ဒီဆယ္လ္မန္ဆိုတဲ႔ ပစၥည္းေပၚက သေကၤတေတြဟာ သာမန္မဟုတ္ပဲ လူေတြနဲ႔ တိရစာၦန္ေတြ အျပန္အလွန္ဆက္သြယ္ႏိုင္တဲ႔ ဘာသာစကားကိုေရးထြင္းထားတယ္လို႔ ကြ်န္ေတာ္ တို႔ကေတာ့ ထင္ပါတယ္”
          ထို႔ေနာက္……………
          ထို႔ေနာက္……………
          ထို႔ေနာက္……………
          ပညာရွင္အားလံုး ၄င္းတို႔၏ထင္ျမင္ခ်က္မ်ားကို ထုတ္ေဖာ္ၿပီးသြားခ်ိန္မွာေတာ့ သမၼတက အစည္းအေဝးကို ရုတ္သိမ္းလိုက္ေလသည္။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ခရစ္ႏွစ္၃၀၁၅၊ ေအာက္တိုဘာလ ၁၃ရက္…။
          ဘာမန္ႏိုင္ငံရွိ ကမာၻ႔အေကာင္းဆံုး Apexဟိုတယ္၏ အခန္းနံပါတ္၃၁၃…။
          မ်က္ႏွာေပၚတြင္ ပါးသိုင္းေမႊးမ်ားထူထပ္စြာေပါက္ေနသည့္လူတစ္ဦး ေက်နပ္အားရစြာၿပံဳး ေနသည္။ က်ဥ္းေျမာင္းလွေသာ မ်က္လံုးအစံုကေတာ့ သူသည္ေသြးေအးရက္စက္သူတစ္ဦးျဖစ္သည္ ဟု အတိအက်ဝန္ခံေနၾကသည္။
          “ဒီေလာကမွာ ဦးသူစားေၾကးပဲကြ။ အခု ငါဦးသြားၿပီမို႔ ငါစားအလွည့္ေပါ့သူငယ္ခ်င္းရာ”
          ထိုသူေကာက္က်စ္စြာၿပံဳးရင္း ေသြးအိုင္ထဲတြင္ လဲက်ေသဆံုးေနသည့္ သူ႔သူငယ္ခ်င္းကို ေျပာလိုက္သည္။
          တစ္ဆက္တည္းမွာပင္ သူ႔ညာဖက္လက္တြင္ကိုင္ထားသည့္ အထုပ္တစ္ထုပ္ကို အားရစြာ ၾကည့္လိုက္ၿပီး ေရခ်ိဳးခန္းထဲမွလွည့္ထြက္လာခဲ႔သည္။
          အျပင္ျပန္ထြက္ရန္ တံခါးလက္ကိုင္ကိုလွည့္လိုက္မည္အလုပ္…။
          “ေဒါက္…ေဒါက္…ေဒါက္”
          တံခါးေခါက္သံထြက္လာသည္။
          “ဘယ္သူလဲ…”
          ထိုသူတုန္လႈပ္စြာေမးလိုက္သည္။
          “ကြ်န္ေတာ္ ဟိုတယ္ဝန္ထမ္းပါ။ အကို႔အခန္းကို နည္းနည္းစစ္ေဆးစရာေလးရွိလို႔ပါ။”
          “ခဏေနဦး”
          ဘယ္လိုပဲဟိုတယ္ဝန္ထမ္းလို႔ေျပာေပမယ့္ သူယံုၾကည္မႈမရွိ။ အရင္ဆံုးreceptionကိုေတာ့ လွမ္းေမးရမည္။
          “ဟယ္လို…Apexဟိုတယ္ကပါရွင္ ဘာမ်ားလိုအပ္ပါသလဲရွင္”
          “ကြ်န္ေတာ္က အခန္းနံပါတ္၃၁၃ကပါ။ တစ္ခုခုစစ္ေဆးဖို႔မ်ား ကြ်န္ေတာ့္အခန္းဆီကို လူလႊတ္ထားသလားသိခ်င္လို႔ပါ။”
          “ဟုတ္ကဲ့ပါရွင္…ခဏေလာက္ေစာင့္ေပးပါေနာ္”
          ၁၀စကၠန္႔ေလာက္အၾကာတြင္ေတာ့ ထိုအသံခ်ိဳခ်ိဳေလးျပန္ထြက္လာသည္။
          “ဟုတ္ကဲ့ပါလူႀကီးမင္းရွင့္။ အေရးေပၚမီးၿငိွမ္းစနစ္အတြက္ လူႀကီးမင္းအခန္းကိုစစ္ေဆးဖို႔ ဝန္ထမ္းတစ္ဦးလႊတ္ထားပါတယ္ရွင္။ ဒီအတြက္ေၾကာင့္ လူႀကီမင္းစိတ္အေႏွာင့္အယွက္ျဖစ္သြား…”
          သူreceptionကေျပာေသာစကားေတာင္ ဆံုးေအာင္မေစာင့္ေတာ့ပဲ ဖုန္းခ်ပစ္လိုက္သည္။ ဘာပဲေျပာေျပာ သူ႔ရန္သူေတြမဟုတ္သည့္အတြက္ စိတ္ေတာ့ေပါ့သြားေလသည္။
          “ကဲကဲ ဝင္ခဲ႔႔ေဟ့”
          သူအေၾကာင္းျပန္လိုက္သျဖင့္ ဟိုတယ္ဝန္ထမ္းဆိုသူက သူ႔အခန္းထဲသို႔ဝင္လာသည္။
          ထိုသူက တံခါးကိုအသာအယာေစ့ပိတ္လိုက္ၿပီး ဒီဖက္ျပန္အလွည့္တြင္ေတာ့ အသံတိတ္ ကိရိယာ တပ္ထားသည့္ ပစၥတိုတစ္လက္က လက္ထဲပါလာၿပီး ပါးသိုင္းေမႊးႏွင့္လူကိုခ်ိန္လိုက္သည္။
          ေသနတ္ႏွင့္ခ်ိန္ထားတာေတြ႔ေတာ့ ပါးသိုင္းေမႊးႏွင့္လူ အေတာ္ကိုတုန္လႈပ္သြားသည္။
          “မင္း…မင္း ဘယ္သူလဲ။ ဟို… ဟို… ဟိုတယ္ဝန္ထမ္းဆို”
          “ကြ်န္ေတာ္လဲခင္ဗ်ားလိုပါပဲ။ ဆယ္လ္မန္ေနာက္ကိုလိုက္ေနတဲ႔သူေပါ့။ ဟိုတယ္ဝန္ထမ္း ကေတာ့ အိမ္သာထဲမွာ ကြ်န္ေတာ္သိပ္ထားခဲ့ပါတယ္”
          ေသြးေအးတည္ၿငိမ္ေသာ ထိုသူ၏စကားမ်ားေအာက္တြင္ ပါးသိုင္းေမႊးႏွင့္လူ အေတာ့္ကို ေျခာက္ျခားေနေလသည္။
          “ကဲ…အခ်ိန္မရွိဘူးဗ်ာ။ ခင္ဗ်ားလက္ထဲကဆယ္လ္မန္ ကြ်န္ေတာ့္ကိုေပးေတာ့”
          ထိုစကားၾကားေတာ့ နဂိုကထက္ သူပိုတုန္လႈပ္သြားသည္။ ေဒၚလာဘီလီယံခ်ီတန္သည့္ အတြက္ သူ႔သူငယ္ခ်င္းအရင္းႀကီးကိုေတာင္ သတ္ၿပီးယူထားခဲ႔သည့္အရာကို ယခုလိုမ်ိဳး တစ္ပါးသူ၏ လက္ထဲ လႊဲေပးရမည္ဆိုေတာ့ သူႏွေျမာလွသည္။
          သို႔ေသာ္ အသက္ကေတာ့ ပိုအဖိုးတန္သျဖင့္ မေပးခ်င္ေပးခ်င္ႏွင့္ေပးလိုက္သည္။
          ဆဲလ္မန္ဆိုသည့္အရာကို သူဖြင့္ေဖာက္ၾကည့္သည္။ အစစ္ျဖစ္ေၾကာင္းေသခ်ာသည္ႏွင့္ သူတစ္ခ်က္ၿပဳံးရင္း ပါးသိုင္းေမႊးႏွင့္လူကိုေျပာသည္။
          “ခင္ဗ်ားကကြ်န္ေတာ့္ကို ဒီလက္ေဆာင္ေပးတယ္ဆိုေတာ့ ကြ်န္ေတာ္ကလည္းခင္ဗ်ားကို လက္ေဆာင္တစ္ခုျပန္ေပးရမွာေပါ့။
          ဒီေတာ့…ေရာ့…”
          သူလက္ညွိဳးေလးကိုႏွစ္ခါေလာက္ေကြးလိုက္သည္။ ဒုတ္ဆိုသည့္အသံကလဲ ႏွစ္ခ်က္မည္ သြားသည္။ ပါးသုိင္းေမႊးႏွင့္လူ၏ရင္ဘတ္တြင္ေတာ့ လက္ေဆာင္ရထားသည့္ က်ည္ဖူးႏွစ္ခု…။
          သူေပါ့ပါးစြာ ဟိုတယ္ထဲမွျပန္ထြက္လာသည္။
          ဟိုတယ္ထဲမွထြက္လိုက္သည္ႏွင့္ အခ်ိန္းအခ်က္လုပ္ထားသည့္အတိုင္း သူ႔သူငယ္ခ်င္း၏ ကားေလးေရာက္လာသည္။
          “ဘယ္လိုလဲအဆင္ေျပခဲ႔တယ္မဟုတ္လား”
          ကားထဲေရာက္ေရာက္ခ်င္း လွမ္းေမးသည့္သူငယ္ခ်င္းကိုၿပံဳးျပရင္း လက္ထဲကဆယ္လ္မန္ ကို သူေတြ႔ေအာင္ေျမာက္ျပလိုက္သည္။
          က်ယ္ေလာင္လွသည့္ရယ္သံမ်ားကိုသယ္ေဆာင္ၿပီး ၿပိဳင္ကားေလးတစ္စီး ဟိုတယ္Apexမွ ထြက္ခြာသြားေလသည္။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          အရွိန္အနည္းငယ္တင္ၿပီးေမာင္းလာေသာ သူတို႔ၿပိဳင္ကားကို အရွိန္ေလွ်ာ့ခ်လိုက္ရသည္။
          မေလွ်ာ့ခ်၍မရ။ ေရွ႕နားမွာကားတိုက္မႈျဖစ္သျဖင့္ လမ္းပိတ္ေနသည္။ ဟိုးခပ္လွမ္းလွမ္းက ယာဥ္ထိန္းရဲတစ္ဦးကေတာ့ ကားသမားႏွစ္ဦးကို တတ္ႏိုင္သေလာက္ေျဖရွင္းေပးေနသည္။
          ကားစက္ကို လံုးဝသတ္လိုက္သည္။ လမ္းကလဲ ေက်ာ္တက္ဖို႔အဆင္မေျပသျဖင့္ သူတို႔ ရွင္းၿပီးသည့္အထိသာေစာင့္ရေတာ့မည္။
          သူငယ္ခ်င္းကေတာ့ အေတာ္ေဒါပြေနသည္။
          “ဒီလိုအခ်ိန္မွာမွ လာျဖစ္ရတယ္လို႔ကြာ”
          ကားမ်ားကလည္း ဟြန္းေတြဝိုင္းတီးၾကသည္။
          ထိုအခိုက္ ကားမွန္ကြဲသြားၿပီး သူငယ္ခ်င္းျဖစ္သူဇက္က်ိဳးက်သြားသည္။
          ရုတ္တရက္မို႔ ဘာျဖစ္မွန္းမသိသျဖင့္ သူငယ္ခ်င္းဖက္သို႔အလွည့္။ သူ႔ဖက္အျခမ္းက ကား မွန္ထပ္ကြဲသြားသည္။ လည္ပင္းတြင္လည္းပူခနဲခံစားလိုက္ရၿပီး ေသြးမ်ားကဒလေဟာထြြက္လာသည္။
          ရန္သူေတြမွန္း သူေနာက္က်စြာသိလိုက္သည္။ ေနာက္ဆံုးသိလိုက္ရသည္ကေတာ့ သူတို႔ ရွိရာသို႔ ၿပံဳးၿပီးေလွ်ာက္လာသည့္ ယာဥ္ထိန္းရဲႏွင့္ယာဥ္တိုက္မႈျဖစ္သူႏွစ္ဦး…။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ကမ္းရိုးတန္းတစ္ေနရာတြင္ သေဘၤာတစ္စီးခုတ္ေမာင္းေနသည္။
          “ကဲ…တို႔ေတြဒီစစ္ဆင္ေရးေတာ့ေအာင္ၿပီ။ ပစၥည္းကိုအပ္ၿပီး ရာထူးတက္ဖို႔ပဲ ေစာင့္ေနရ ေတာ့မယ္”
          ေခါင္းေဆာင္ျဖစ္သူက သူဝတ္ခဲ႔သည့္ ယာဥ္ထိန္းရဲအက်ီကိုခြ်တ္ၿပီး သူ႔အက်ီကိုျပန္ဝတ္ ေနရင္းေျပာသည္။
          ထို႔ေနာက္ စားပြဲေပၚကအရက္ခြက္ကိုလွမ္းယူၿပီး………
          “ငါနဲ႔႔အတူတူစစ္ဆင္ေရးမွာပါဝင္ၿပီး ဟန္ေဆာင္ရန္ျဖစ္ခဲ႔တဲ႔ရဲေဘာ္၂ေယာက္နဲ႔ တိုက္၁လံုး စီေပၚကေန တာဝန္ေက်ခဲ႔ၾကတဲ႔ စႏိုက္ပါရဲေဘာ္၂ေယာက္တို႔အတြက္ CHEER!!!”
          ခြက္ခ်င္းတိုက္သံမ်ားဆူညံသြားၿပီး လက္ထဲကအရက္ခြက္မ်ားကို အဖြဲ႔ဝင္၄ေယာက္လံုး ေမာ့ေသာက္လိုက္ၾကသည္။
          ၁စကၠန္႔…၂စကၠန္႔…၃စကၠန္႔…။
          အရက္ေသာက္လိုက္သည့္ အဖြဲ႔သား၄ေယာက္၏ပါးစပ္မွ ေသြးမ်ားက်လာၿပီး အတံုးအရံုး ေသဆံုးသြားၾကသည္။
          ေခါင္းေဆာင္ျဖစ္သူကေတာ့ ေအာင္ျမင္သူတစ္ဦးဟန္ျဖင့္ သေဘၤာဦးပိုင္းသို႔ဆက္သြား သည္။ လက္ထဲတြင္ေတာ့ က်ည္အျပည့္ျဖည့္ထားသည့္ပစၥတိုတစ္လက္။
          ေျခသံလံုလံုျဖင့္ မာလိန္မွဴးအနားသို႔တိုးကပ္သြားၿပီး သူ႔နားထင္သို႔ေသနတ္ေထာက္လိုက္ သည္။ အ့ံၾသတုန္လႈပ္သြားသည့္မာလိန္မွဴးဆီမွ ဘာစကားမွထြက္မလာခင္ ေသနတ္ေမာင္းကိုဆြဲညွစ္ လိုက္သည္။
          ထို႔ေနာက္… ေသဆံုးသြားသည့္ တပည့္မာလိန္မွဴးအေလာင္းကိုၾကည့္ရင္း ေသြးေအးစြာ ေျပာသည္။
          “ဒီေလာက္ေဒၚလာဘီလီယံခ်ီတန္တဲ႔ပစၥည္းကို ရာထူးတက္ရံုေလာက္ဆိုတဲ႔မက္လံုးေလး နဲ႔ ငါကေက်နပ္ရမွာလားကြာ”
          ဘာပဲေျပာေျပာ သူေအာင္ျမင္ခဲ႔ေလၿပီ။
          သေဘၤာလမ္းေၾကာင္းကိုေျပာင္းလိုက္သည္။ ဆယ္လ္မန္ကိုဝယ္မည့္ သူေဌးႀကီးဆီသို႔ သူအခုလာေနၿပီျဖစ္တဲ႔အေၾကာင္း ၿဂိဳလ္တုဖုန္းႏွင့္သတင္းလွမ္းပို႔လိုက္သည္။
          သူ႔အနာဂတ္လမ္းကေတာ့ ေခ်ာေမြ႔ေနေလၿပီ။ ေငြမ်ားရလာလွ်င္ စံအိမ္တစ္ခုဝယ္မည္။ ငါးမွ်ားရန္ေရကန္တစ္ခုရွိရမည္။ ေရကူးကန္တစ္ခု၊ ကုိယ္ပိုင္ေဂါ့ဖ္ကြင္းတစ္ခု။
          စဥ္းစားရင္း စဥ္းစားရင္း သူခံတြင္းခ်ဥ္လာသျဖင့္ အိတ္ကပ္ထဲရွိ ေဆးျပင္းလိပ္ဘူးထဲမွ ေဆးျပင္းလိပ္တစ္လိပ္ထုတ္ၿပီး ငံုလိုက္သည္။
          သူ႔ပါးစပ္ထဲေရာက္လာသည့္ေဆးျပင္းလိပ္က ခါတိုင္းႏွင့္မတူပဲ အခုမွအရသာတစ္မ်ိဳးျဖစ္ ေနသည္။ သူေၾကာက္လန္႔တၾကားႏွင့္ ေထြးထုတ္လိုက္ေသာ္လည္း ေနာက္က်သြားခဲ႔ေလၿပီ။
          တစ္စကၠန္႔…ႏွစ္စကၠန္႔…သံုးစကၠန္႔…။
          ေမာင္းသူမ႔ဲေနသည့္ သေဘၤာတစ္စင္း ေက်ာက္ေဆာင္မ်ားဆီသို႔ အရွိန္ျပင္းစြာ ခုတ္ ေမာင္းသြားသည္။
          ထို႔ေနာက္…ေပါက္ကြဲသံတစ္ခုၾကားလိုက္ရၿပီး သေဘၤာဆီမွပ်ဥ္ခ်ပ္မ်ားလြင့္စဥ္လာသည္။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ၾကားျဖတ္သတင္း…။
          “ႏိုင္ငံတကာမွအလိုရွိလ်က္ရွိၿပီး ပညာရွင္မ်ိဳးစံုတို႔အၾကား အျငင္းပြားဖြယ္ရာျဖစ္ေနသည့္ ဆယ္လ္မန္သည္ ဘာမန္ႏိုင္ငံ၏ ကန္းရိုးတန္းတစ္ေနရာတြင္ ေပ်ာက္ဆံုးသြားခဲ့ေၾကာင္း။
          ထိုဆယ္လ္မန္အားရွာေဖြရန္ ဘာမန္ႏိုင္ငံအစိုးရသို႔ ႏိုင္ငံတကာမွအကူအညီမ်ား ေပးအပ္ လ်က္ရွိၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရွာေဖြေတြ႔ရွိသူမ်ားကိုလည္း ထိုက္တန္စြာဆုခ်ီးျမွင့္မည္ျဖစ္ပါ ေၾကာင္း။
          ဘူမိေဗဒသမားတို႔အဆိုအရ ထိုဆယ္လ္မန္အမည္ရွိပစၥည္းမွာ စက္ဝိုင္းပံုအျဖဴေရာင္ ေက်ာက္ျပားတစ္ျပားျဖစ္ၿပီး ခန္႔မွန္းေျခထုသံုးလက္မ၊ အခ်င္းတစ္ေပခန္႔ ရွိမည္ျဖစ္ေၾကာင္းသိရသည္။”
(လင္း)
(8.7.2015)
(Zawgyi)

          အချိန်ကကျောက်ခေတ်…။
          ပူပြင်းလွွန်းလှသောမြေပြင်ထက်တွင်တော့ ကျောက်တင်းပုတ်ကြီးတစ်ခု ကိုင်စွဲလာသော ကျောက်ခေတ်လူသားတစ်ယောက်…။
          မောပန်းလွန်းသဖြင့် သစ်ပင်အရိပ်အောက်တွင်သူထိုင်ချလိုက်သည်။ ဒီနေ့မှ သားကောင် ကလည်းမရ။ ဗိုက်ကလဲ တကျုတ်ကျုတ်နှင့်ဆာလှလေပြီ။
          ဗိုက်ဆာဆာနှင့် ဟိုကြည့်ဒီကြည့်လုပ်နေစဥ် သူ့စိတ်အစဥ်ကို အရာဝတ္ထုတစ်ခုက ဖမ်းစား လိုက်သည်။
          ဖြူဖြူ၊ဝိုင်းဝိုင်း၊ပြားပြားလေး။ ဘာလေးမှန်းတော့သူမသိ။
          စိတ်ဝင်တစားနှင့်သွားကိုင်ကြည့်သည်။ အသားကတော့ သူတို့ကိုင်စွဲသည့် လက်နက်များ လိုပင်မာသည်။ နေပူထဲမှာမို့ပူကျွတ်နေသည်။ မျက်နှာပြင်နှစ်ဖက်ပါပြီး နှစ်ဖက်လံုးတွင် ဘာအရေး အကြောင်းမှရှိမနေ။ ပကတိပြောင်ချောနေပြီး ပြင်ညီဖြစ်နေသည်။
          သို့သော်သူထွေထွေထူးထူးစဥ်းစားမနေနိုင်။ နိုးကတည်းက ဘာတစ်ခုမှမစားရသေးသဖြင့် ရရာကိုပဲစားတော့မည်ဟု သူဆံုးဖြတ်လိုက်သည်။
          ထို့နောက် သူဗိုက်ဆာဆာနှင့်ကိုက်လိုက်သည်။ မရ။ အသားကမာလွန်းသည်။ စိတ်ညစ် ညစ်နှင့် ဘေးဘီဝေ့ကြည့်တော့ သူ့လက်စွဲတော်တင်းပုတ်ကိုတွေ့သွားသည်။
          သူအဓိပ္ပါယ်ပါပါတစ်ချက်ပြံုးလိုက်ပြီး သူ့တင်းပုတ်ကြီးကိုမကာ ထိုပြားပြားကောင်ကို အား နှင့်မာန်နှင့်ထုချလိုက်သည်။ အရှိန်ကအတော်ပြင်းသည်မို့ သစ်ပင်ပေါ်ကအသီးများတောင်ကြွေကျလာ သည်။
          စိတ်ထဲတွင်လည်း မင်းဘာတတ်နိုင်သေးလဲဟု ကြံုးဝါးမိလိုက်သည်။ အားရကျေနပ်စွာနှင့် အောက်ကိုငံု့ကြည့်မိတော့ အထင်နှင့်အမြင်ကလွဲချေသည်။ ထိုပြားပြားကောင်ကဘာမှမဖြစ်။ အက်ရံု လေးသာအက်သည်။
          သူစဥ်းစားမရဖြစ်သွားသည်။ ယခင်ကဆို သူ့တင်းပုတ်နှင့်ထုလိုက်လှျင် သားကောင်တွေ အကုန်လံုးသေကြသည်။ အခုဒီကောင်ကျမှ သူ့တင်းပုတ်ကိုမဖြံုဆိုတော့ သူစဥ်းစားမရဖြစ်နေသည်။
          ဤမှျထူးဆန်းလှသော ထိုပြားပြားကောင်ကို သူအသေအချာကိုင်ကြည့်သည်။ ကြည့်ရင်း ကြည့်ရင်း သူအတွေးတစ်ခုရလာသည်။ တင်းပုတ်နှင့်မရလှျင် စူးနှင့်ထိုးမည်။
          ထိုအတွေးရရခြင်း သူအလျင်အမြန်ပဲ အကောင်အထည်ဖော်သည်။ ကျောက်စူးတစ်ခုကို ယူပြီး ထိုပြားပြားကောင်ကိုထိုးစိုက်လိုက်သည်။
          သူ့စူးသာကိျုးသွားသည်။ ပြားပြားကောင်ကိုယ်ကပေါက်မသွား။
          သူဒေါသထွက်ထွက်ဖြင့် ထိုပြားပြားကောင်ကို စူးနှင့်ခြစ်သည်။ ပြားပြားကောင်ကိုယ်ပေါ် တွင် ခြစ်ရာများဗလပွဖြစ်သွားသည်။ နောက်ဆံုး ခြစ်ရံုတင်အားမရတော့သဖြင့် ပါးစပ်နှင့်ကိုက်သည်။ အားရပါးရကိုက်သည်။ ပါးစပ်ကလည်း “တဂူးဂူး၊တဂဲဂဲ” အသံများထွက်နေသည်။
          ထိုစဥ်…။ ဒေါက်ခနဲအသံတစ်ခုကြားလိုက်ပြီး သူ့ပါးစပ်တွင်းတစ်နေရာက ပူခနဲခံစားလိုက် ရသည်။ ပါးစပ်တွင်းမှ သွေးများစိမ့်ထွက်လာသည်။
          သူ့သွားကျိုးသွားလေပြီ။
          နောက်ဆံုးတော့ သူလက်လှေျာ့လိုက်သည်။ ခြစ်ရာများ၊ ကိုက်ရာများ၊ အက်ရာများဗလပွ ဖြစ်နေသည့် ထိုကျောက်ပြားဝိုင်းလေးကို မြေကြီးပေါ်တွင်ပစ်ချထားခဲ့သည်။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ခရစ်နှစ်၃၀၁၅၊ အောက်တိုဘာလ ၁၁ရက်…။
          ဘာမန်နိုင်ငံ၏ သမ္မတအိမ်တော်တွင် လှျို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပနေကြသည်။
          “အခုလိုမျိုး ကျွန်တော်တို့လှျို့ဝှက်တွေ့ဆံုရခြင်းကတော့ သုတဘဏ္ဍာတိုက်တစ်ခုအဖြစ် တစ်ကမာ္ဘလံုးကသတ်မှတ်ပြီး အသည်းအသန်လိုချင်နေကြတဲ့ဆယ်လ်မန်ဟာ အခုဆိုကျုပ်တို့နိုင်ငံထဲ မှာရှိနေပြီဆိုတာ ပြောဖို့အတွက်ပဲဖြစ်ပါတယ်”
          “ဗျာ…အဲ့…အဲဒါ တစ်ကယ်ပဲလား သမ္မတကြီး”
          “ဟုတ်ပါတယ်…။ ဒီအကြောင်းကိုတော့ ထောက်လှမ်းရေးအရာရှိက ဆက်လက်တင်ပြပါ လိမ့်မယ်”‘
          သမ္မတကြီးစကားဆံုသွားချိန်မှာတော့ စားပွဲခံု၏ထောင့်စွန်းတွင်ထိုင်နေသည့် လူတစ်ဦးက မတ်တပ်ထရပ်ပြီး သူ့ကိုယ်သူမိတ်ဆက်သည်။
          “အားလံုးပဲမင်္ဂလာပါ။ ကျွန်တော်ကတော့ သမ္မတကြီးပြောသွားတဲ့ ထောက်လှမ်းရေး အ ရာရှိပါ။
          ဒီဆယ်လ်မန်ဟာ လွန်ခဲ့တဲ့တစ်ပါတ်လောက်တည်းက ကျွန်တော်တို့နိုင်ငံထဲ ရောက်နေခဲ့ တာလို့ ခန့်မှန်းမိပါတယ်။ ဒီပစ္စည်းရဲ့ အကြမ်းဖျင်းစျေးကတော့ ဘာမန်ဒေါ်လာဘီလီယံ၁၀၀၀လို့ သိ ရပါတယ်။ ဒီပစ္စည်းဟာ အလွန်ကိုအရေးကြီးတာမို့ ကျွန်တော့်လက်အောက်က အယံုကြည်ရဆံုးနဲ့ အတော်ဆံုးတပ်ဖွဲ့ကို ဒီပစ္စည်းယူဖို့အတွက် တာဝန်ပေးထားပါတယ်”
          အရာရှိစကားဆံုးသွားချိန်မှာတော့ အစည်းအဝေးပွဲသို့တက်ရောက်လာကြသည့် ပညာရှင် များအားလံုးက လက်ခုပ်ဝိုင်းတီးကြသည်။
          လက်ခုပ်သံစဲမှ သမ္မတက စကားဆက်ပြောသည်။
          “ကဲ…အခုဆို ဒီပစ္စည်းဟာ ကျွန်တော်တို့လက်ထဲရောက်ပြီလို့ တစ်ဝက်တော့ပြောလို့ရပြီ ပေါ့ဗျာ။ ဒါပေမယ့် ဒီပစ္စည်းအကြောင်းကို ဂဃနဏပိုသိချင်တာမို့ ပညာရှင်များက ကိုယ်သန်ရာသန် ရာ ရှင်းပြကြပါခင်ဗျာ”
          သမ္မတ၏စကားအဆံုးတွင်တော့ ရှေးဟောင်းသုတေသနပညာရှင်ကထလာသည်။
          “ဟုတ်ကဲ့ပါသမ္မတခင်ဗျာ။ ကျွန်တော်တို့ရှေးဟောင်းသုတေသနနယ်ပယ်မှာ ဒီပစ္စည်းရေ ပန်းစားရခြင်းကတော့ ဒီပစ္စည်းပေါ်က အမှတ်အသားတွေဟာ ပျောက်ဆံုးနေတဲ့ရတနာသိုက်ဆီ သွားဖို့ သဲလွန်စပေးထားတဲ့ မြေပံုတစ်ခုလို့ပညာရှင်တွေယူဆကြလို့ပါခင်ဗျ။ အမှတ်အသားတွေထဲ မှာလည်း သစ်ပင်တွေ၊ စမ်းချောင်းတွေ၊ တောင်စဥ်တွေပါဝင်နေပါတယ်။”
          သူလေ့လာမိသမှျပြောပြအပြီးမှာတော့ ရှေးဟောင်းသုတေသနပညာရှင် ထိုင်သွားသည်။
          ထို့နောက် ဓာတုဗေဒပညာရှင်…။
          “ဒီပစ္စည်းဟာ ဒြပ်စင်အသစ်တစ်ခုဖန်တီးနိုင်ဖို့အတွက် အကောင်းဆံုးလမ်းညွှန်တစ်ခုလို့ ကျွန်တော်တို့ကတော့ယူဆပါတယ်။ ရိုးရာအခေါ်အဝေါ်အရတော့ ရွှေဖြစ်ငွေဖြစ်ဓာတ်လံုးဖန်တီးဖို့ပေါ့ လေ။”
          ဓာတုဗေဒပညာရှင်ထိုင်သွားတော့ ရူပဗေဒပညာရှင်အလှည့်…။
          “ခုလက်ရှိကျွန်တော်တို့ အသံုးပြုနေတဲ့နျူကလီးယားနည်းပညာဟာ လံုးဝပြည့်စံုတဲ့အဆင့် မဟုတ်သေးပါဘူးသမ္မတခင်ဗျား……။ ဒါပေမယ့် ဒီပစ္စည်းအပေါ်က လမ်းညွှန်ချက်လို့ယူဆရတာတွေနဲ့ ချိန်ထိုးပြီးဖန်တီးနိုင်ရင်တော့ နျူကလီးယားမျိုးဆက်သစ်တစ်မျိုးကို ကျွန်တော်တို့တတွေ ဖန်တီးနိုင်ကြ မှာပါ”
          ထို့နောက် ဘာသာဗေဒပညာရှင်…။
          “ဒီဆယ်လ်မန်ဆိုတဲ့ ပစ္စည်းပေါ်က သငေ်္ကတတွေဟာ သာမန်မဟုတ်ပဲ လူတွေနဲ့ တိရစာ္ဆန်တွေ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ ဘာသာစကားကိုရေးထွင်းထားတယ်လို့ ကျွန်တော် တို့ကတော့ ထင်ပါတယ်”
          ထို့နောက်……………
          ထို့နောက်……………
          ထို့နောက်……………
          ပညာရှင်အားလံုး ၄င်းတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ပြီးသွားချိန်မှာတော့ သမ္မတက အစည်းအဝေးကို ရုတ်သိမ်းလိုက်လေသည်။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ခရစ်နှစ်၃၀၁၅၊ အောက်တိုဘာလ ၁၃ရက်…။
          ဘာမန်နိုင်ငံရှိ ကမာ္ဘ့အကောင်းဆံုး Apexဟိုတယ်၏ အခန်းနံပါတ်၃၁၃…။
          မျက်နှာပေါ်တွင် ပါးသိုင်းမွှေးများထူထပ်စွာပေါက်နေသည့်လူတစ်ဦး ကျေနပ်အားရစွာပြံုး နေသည်။ ကျဥ်းမြောင်းလှသော မျက်လံုးအစံုကတော့ သူသည်သွေးအေးရက်စက်သူတစ်ဦးဖြစ်သည် ဟု အတိအကျဝန်ခံနေကြသည်။
          “ဒီလောကမှာ ဦးသူစားကြေးပဲကွ။ အခု ငါဦးသွားပြီမို့ ငါစားအလှည့်ပေါ့သူငယ်ချင်းရာ”
          ထိုသူကောက်ကျစ်စွာပြံုးရင်း သွေးအိုင်ထဲတွင် လဲကျသေဆံုးနေသည့် သူ့သူငယ်ချင်းကို ပြောလိုက်သည်။
          တစ်ဆက်တည်းမှာပင် သူ့ညာဖက်လက်တွင်ကိုင်ထားသည့် အထုပ်တစ်ထုပ်ကို အားရစွာ ကြည့်လိုက်ပြီး ရေချိုးခန်းထဲမှလှည့်ထွက်လာခဲ့သည်။
          အပြင်ပြန်ထွက်ရန် တံခါးလက်ကိုင်ကိုလှည့်လိုက်မည်အလုပ်…။
          “ဒေါက်…ဒေါက်…ဒေါက်”
          တံခါးခေါက်သံထွက်လာသည်။
          “ဘယ်သူလဲ…”
          ထိုသူတုန်လှုပ်စွာမေးလိုက်သည်။
          “ကျွန်တော် ဟိုတယ်ဝန်ထမ်းပါ။ အကို့အခန်းကို နည်းနည်းစစ်ဆေးစရာလေးရှိလို့ပါ။”
          “ခဏနေဦး”
          ဘယ်လိုပဲဟိုတယ်ဝန်ထမ်းလို့ပြောပေမယ့် သူယံုကြည်မှုမရှိ။ အရင်ဆံုးreceptionကိုတော့ လှမ်းမေးရမည်။
          “ဟယ်လို…Apexဟိုတယ်ကပါရှင် ဘာများလိုအပ်ပါသလဲရှင်”
          “ကျွန်တော်က အခန်းနံပါတ်၃၁၃ကပါ။ တစ်ခုခုစစ်ဆေးဖို့များ ကျွန်တော့်အခန်းဆီကို လူလွှတ်ထားသလားသိချင်လို့ပါ။”
          “ဟုတ်ကဲ့ပါရှင်…ခဏလောက်စောင့်ပေးပါနော်”
          ၁၀စက္ကန့်လောက်အကြာတွင်တော့ ထိုအသံချိုချိုလေးပြန်ထွက်လာသည်။
          “ဟုတ်ကဲ့ပါလူကြီးမင်းရှင့်။ အရေးပေါ်မီးငြှိမ်းစနစ်အတွက် လူကြီးမင်းအခန်းကိုစစ်ဆေးဖို့ ဝန်ထမ်းတစ်ဦးလွှတ်ထားပါတယ်ရှင်။ ဒီအတွက်ကြောင့် လူကြီမင်းစိတ်အနှောင့်အယှက်ဖြစ်သွား…”
          သူreceptionကပြောသောစကားတောင် ဆံုးအောင်မစောင့်တော့ပဲ ဖုန်းချပစ်လိုက်သည်။ ဘာပဲပြောပြော သူ့ရန်သူတွေမဟုတ်သည့်အတွက် စိတ်တော့ပေါ့သွားလေသည်။
          “ကဲကဲ ဝင်ခဲ့့ဟေ့”
          သူအကြောင်းပြန်လိုက်သဖြင့် ဟိုတယ်ဝန်ထမ်းဆိုသူက သူ့အခန်းထဲသို့ဝင်လာသည်။
          ထိုသူက တံခါးကိုအသာအယာစေ့ပိတ်လိုက်ပြီး ဒီဖက်ပြန်အလှည့်တွင်တော့ အသံတိတ် ကိရိယာ တပ်ထားသည့် ပစ္စတိုတစ်လက်က လက်ထဲပါလာပြီး ပါးသိုင်းမွှေးနှင့်လူကိုချိန်လိုက်သည်။
          သေနတ်နှင့်ချိန်ထားတာတွေ့တော့ ပါးသိုင်းမွှေးနှင့်လူ အတော်ကိုတုန်လှုပ်သွားသည်။
          “မင်း…မင်း ဘယ်သူလဲ။ ဟို… ဟို… ဟိုတယ်ဝန်ထမ်းဆို”
          “ကျွန်တော်လဲခင်ဗျားလိုပါပဲ။ ဆယ်လ်မန်နောက်ကိုလိုက်နေတဲ့သူပေါ့။ ဟိုတယ်ဝန်ထမ်း ကတော့ အိမ်သာထဲမှာ ကျွန်တော်သိပ်ထားခဲ့ပါတယ်”
          သွေးအေးတည်ငြိမ်သော ထိုသူ၏စကားများအောက်တွင် ပါးသိုင်းမွှေးနှင့်လူ အတော့်ကို ခြောက်ခြားနေလေသည်။
          “ကဲ…အချိန်မရှိဘူးဗျာ။ ခင်ဗျားလက်ထဲကဆယ်လ်မန် ကျွန်တော့်ကိုပေးတော့”
          ထိုစကားကြားတော့ နဂိုကထက် သူပိုတုန်လှုပ်သွားသည်။ ဒေါ်လာဘီလီယံချီတန်သည့် အတွက် သူ့သူငယ်ချင်းအရင်းကြီးကိုတောင် သတ်ပြီးယူထားခဲ့သည့်အရာကို ယခုလိုမျိုး တစ်ပါးသူ၏ လက်ထဲ လွှဲပေးရမည်ဆိုတော့ သူနှမြောလှသည်။
          သို့သော် အသက်ကတော့ ပိုအဖိုးတန်သဖြင့် မပေးချင်ပေးချင်နှင့်ပေးလိုက်သည်။
          ဆဲလ်မန်ဆိုသည့်အရာကို သူဖွင့်ဖောက်ကြည့်သည်။ အစစ်ဖြစ်ကြောင်းသေချာသည်နှင့် သူတစ်ချက်ပြုံးရင်း ပါးသိုင်းမွှေးနှင့်လူကိုပြောသည်။
          “ခင်ဗျားကကျွန်တော့်ကို ဒီလက်ဆောင်ပေးတယ်ဆိုတော့ ကျွန်တော်ကလည်းခင်ဗျားကို လက်ဆောင်တစ်ခုပြန်ပေးရမှာပေါ့။
          ဒီတော့…ရော့…”
          သူလက်ညှိုးလေးကိုနှစ်ခါလောက်ကွေးလိုက်သည်။ ဒုတ်ဆိုသည့်အသံကလဲ နှစ်ချက်မည် သွားသည်။ ပါးသိုင်းမွှေးနှင့်လူ၏ရင်ဘတ်တွင်တော့ လက်ဆောင်ရထားသည့် ကျည်ဖူးနှစ်ခု…။
          သူပေါ့ပါးစွာ ဟိုတယ်ထဲမှပြန်ထွက်လာသည်။
          ဟိုတယ်ထဲမှထွက်လိုက်သည်နှင့် အချိန်းအချက်လုပ်ထားသည့်အတိုင်း သူ့သူငယ်ချင်း၏ ကားလေးရောက်လာသည်။
          “ဘယ်လိုလဲအဆင်ပြေခဲ့တယ်မဟုတ်လား”
          ကားထဲရောက်ရောက်ချင်း လှမ်းမေးသည့်သူငယ်ချင်းကိုပြံုးပြရင်း လက်ထဲကဆယ်လ်မန် ကို သူတွေ့အောင်မြောက်ပြလိုက်သည်။
          ကျယ်လောင်လှသည့်ရယ်သံများကိုသယ်ဆောင်ပြီး ပြိုင်ကားလေးတစ်စီး ဟိုတယ်Apexမှ ထွက်ခွာသွားလေသည်။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          အရှိန်အနည်းငယ်တင်ပြီးမောင်းလာသော သူတို့ပြိုင်ကားကို အရှိန်လှေျာ့ချလိုက်ရသည်။
          မလှေျာ့ချ၍မရ။ ရှေ့နားမှာကားတိုက်မှုဖြစ်သဖြင့် လမ်းပိတ်နေသည်။ ဟိုးခပ်လှမ်းလှမ်းက ယာဥ်ထိန်းရဲတစ်ဦးကတော့ ကားသမားနှစ်ဦးကို တတ်နိုင်သလောက်ဖြေရှင်းပေးနေသည်။
          ကားစက်ကို လံုးဝသတ်လိုက်သည်။ လမ်းကလဲ ကျော်တက်ဖို့အဆင်မပြေသဖြင့် သူတို့ ရှင်းပြီးသည့်အထိသာစောင့်ရတော့မည်။
          သူငယ်ချင်းကတော့ အတော်ဒေါပွနေသည်။
          “ဒီလိုအချိန်မှာမှ လာဖြစ်ရတယ်လို့ကွာ”
          ကားများကလည်း ဟွန်းတွေဝိုင်းတီးကြသည်။
          ထိုအခိုက် ကားမှန်ကွဲသွားပြီး သူငယ်ချင်းဖြစ်သူဇက်ကျိုးကျသွားသည်။
          ရုတ်တရက်မို့ ဘာဖြစ်မှန်းမသိသဖြင့် သူငယ်ချင်းဖက်သို့အလှည့်။ သူ့ဖက်အခြမ်းက ကား မှန်ထပ်ကွဲသွားသည်။ လည်ပင်းတွင်လည်းပူခနဲခံစားလိုက်ရပြီး သွေးများကဒလဟောထွွက်လာသည်။
          ရန်သူတွေမှန်း သူနောက်ကျစွာသိလိုက်သည်။ နောက်ဆံုးသိလိုက်ရသည်ကတော့ သူတို့ ရှိရာသို့ ပြံုးပြီးလှေျာက်လာသည့် ယာဥ်ထိန်းရဲနှင့်ယာဥ်တိုက်မှုဖြစ်သူနှစ်ဦး…။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ကမ်းရိုးတန်းတစ်နေရာတွင် သငေ်္ဘာတစ်စီးခုတ်မောင်းနေသည်။
          “ကဲ…တို့တွေဒီစစ်ဆင်ရေးတော့အောင်ပြီ။ ပစ္စည်းကိုအပ်ပြီး ရာထူးတက်ဖို့ပဲ စောင့်နေရ တော့မယ်”
          ခေါင်းဆောင်ဖြစ်သူက သူဝတ်ခဲ့သည့် ယာဥ်ထိန်းရဲအကျီကိုချွတ်ပြီး သူ့အကျီကိုပြန်ဝတ် နေရင်းပြောသည်။
          ထို့နောက် စားပွဲပေါ်ကအရက်ခွက်ကိုလှမ်းယူပြီး………
          “ငါနဲ့့အတူတူစစ်ဆင်ရေးမှာပါဝင်ပြီး ဟန်ဆောင်ရန်ဖြစ်ခဲ့တဲ့ရဲဘော်၂ယောက်နဲ့ တိုက်၁လံုး စီပေါ်ကနေ တာဝန်ကျေခဲ့ကြတဲ့ စနိုက်ပါရဲဘော်၂ယောက်တို့အတွက် CHEER!!!”
          ခွက်ချင်းတိုက်သံများဆူညံသွားပြီး လက်ထဲကအရက်ခွက်များကို အဖွဲ့ဝင်၄ယောက်လံုး မော့သောက်လိုက်ကြသည်။
          ၁စက္ကန့်…၂စက္ကန့်…၃စက္ကန့်…။
          အရက်သောက်လိုက်သည့် အဖွဲ့သား၄ယောက်၏ပါးစပ်မှ သွေးများကျလာပြီး အတံုးအရံုး သေဆံုးသွားကြသည်။
          ခေါင်းဆောင်ဖြစ်သူကတော့ အောင်မြင်သူတစ်ဦးဟန်ဖြင့် သငေ်္ဘာဦးပိုင်းသို့ဆက်သွား သည်။ လက်ထဲတွင်တော့ ကျည်အပြည့်ဖြည့်ထားသည့်ပစ္စတိုတစ်လက်။
          ခြေသံလံုလံုဖြင့် မာလိန်မှူးအနားသို့တိုးကပ်သွားပြီး သူ့နားထင်သို့သေနတ်ထောက်လိုက် သည်။ အ့ံသြတုန်လှုပ်သွားသည့်မာလိန်မှူးဆီမှ ဘာစကားမှထွက်မလာခင် သေနတ်မောင်းကိုဆွဲညှစ် လိုက်သည်။
          ထို့နောက်… သေဆံုးသွားသည့် တပည့်မာလိန်မှူးအလောင်းကိုကြည့်ရင်း သွေးအေးစွာ ပြောသည်။
          “ဒီလောက်ဒေါ်လာဘီလီယံချီတန်တဲ့ပစ္စည်းကို ရာထူးတက်ရံုလောက်ဆိုတဲ့မက်လံုးလေး နဲ့ ငါကကျေနပ်ရမှာလားကွာ”
          ဘာပဲပြောပြော သူအောင်မြင်ခဲ့လေပြီ။
          သငေ်္ဘာလမ်းကြောင်းကိုပြောင်းလိုက်သည်။ ဆယ်လ်မန်ကိုဝယ်မည့် သူဌေးကြီးဆီသို့ သူအခုလာနေပြီဖြစ်တဲ့အကြောင်း ဂြိုလ်တုဖုန်းနှင့်သတင်းလှမ်းပို့လိုက်သည်။
          သူ့အနာဂတ်လမ်းကတော့ ချောမွေ့နေလေပြီ။ ငွေများရလာလှျင် စံအိမ်တစ်ခုဝယ်မည်။ ငါးမှျားရန်ရေကန်တစ်ခုရှိရမည်။ ရေကူးကန်တစ်ခု၊ ကိုယ်ပိုင်ဂေါ့ဖ်ကွင်းတစ်ခု။
          စဥ်းစားရင်း စဥ်းစားရင်း သူခံတွင်းချဥ်လာသဖြင့် အိတ်ကပ်ထဲရှိ ဆေးပြင်းလိပ်ဘူးထဲမှ ဆေးပြင်းလိပ်တစ်လိပ်ထုတ်ပြီး ငံုလိုက်သည်။
          သူ့ပါးစပ်ထဲရောက်လာသည့်ဆေးပြင်းလိပ်က ခါတိုင်းနှင့်မတူပဲ အခုမှအရသာတစ်မျိုးဖြစ် နေသည်။ သူကြောက်လန့်တကြားနှင့် ထွေးထုတ်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။
          တစ်စက္ကန့်…နှစ်စက္ကန့်…သံုးစက္ကန့်…။
          မောင်းသူမ့ဲနေသည့် သငေ်္ဘာတစ်စင်း ကျောက်ဆောင်များဆီသို့ အရှိန်ပြင်းစွာ ခုတ် မောင်းသွားသည်။
          ထို့နောက်…ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီး သငေ်္ဘာဆီမှပျဥ်ချပ်များလွင့်စဥ်လာသည်။

    ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴       ✴✴✴✴✴

          ကြားဖြတ်သတင်း…။
          “နိုင်ငံတကာမှအလိုရှိလျက်ရှိပြီး ပညာရှင်မျိုးစံုတို့အကြား အငြင်းပွားဖွယ်ရာဖြစ်နေသည့် ဆယ်လ်မန်သည် ဘာမန်နိုင်ငံ၏ ကန်းရိုးတန်းတစ်နေရာတွင် ပျောက်ဆံုးသွားခဲ့ကြောင်း။
          ထိုဆယ်လ်မန်အားရှာဖွေရန် ဘာမန်နိုင်ငံအစိုးရသို့ နိုင်ငံတကာမှအကူအညီများ ပေးအပ် လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ရှာဖွေတွေ့ရှိသူများကိုလည်း ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ပါ ကြောင်း။
          ဘူမိဗေဒသမားတို့အဆိုအရ ထိုဆယ်လ်မန်အမည်ရှိပစ္စည်းမှာ စက်ဝိုင်းပံုအဖြူရောင် ကျောက်ပြားတစ်ပြားဖြစ်ပြီး ခန့်မှန်းခြေထုသံုးလက်မ၊ အချင်းတစ်ပေခန့် ရှိမည်ဖြစ်ကြောင်းသိရသည်။”
(လင်း)
(8.7.2015)
(Unicode)

image