Category Archives: ဟာသ

j

ဝီ စတန္းဒ္ ဝစ္ ဘထြမ့္ (ဝီ စတန်းဒ် ဝစ် ဘထွမ့်)

          အေမရိကန္ေရြးေကာက္ပြဲၿပီးေလၿပီ။
          ထင္ထားသူမႏိုင္ပဲ မထင္ထားသူႏိုင္သြားသည့္အတြက္ ဆႏၵျပမႈမ်ားျဖစ္ေနေၾကာင္းလည္း သိရသည္။
          ေလဒီဂါဂါ၊ ေကတီပယ္ရီတို႔လို နာမည္ေက်ာ္အႏုပညာရွင္မ်ားအပါအဝင္ အလႊာအသီးသီး နယ္စံုပယ္စံုမွလူေတြက သမဒႀကီးဘထြမ့္ကို ကန္႔ကြက္ေနၾကသည္။
          ဘထြမ့္ႏိုင္လွ်င္ အေမရိကန္မွာမေနဘူးဟု ဆံုးျဖတ္ထားသူမ်ားဝင္ေရာက္ၾကည့္ရွဳလြန္း၍ ကေနဒါလူဝင္မႈႀကီးၾကပ္ေရးဝဘ္ဆိုဒ္ပါ က်သြားသည္ဟုလည္းသိရျပန္သည္။
          နားမလည္…။
          ထိုသူတို႔ကို ငွက္ရိုးနားမလည္။
          ငွက္ရိုးကေတာ့ ဟိုးအစကတည္းက ဟီလာတိုက္ၿပီးရီတတ္သည့္ ကလင္ဒါဆိုတာႀကီးကို သေဘာမက်၍လားမသိ ဘထြမ့္သမဒျဖစ္လာျခင္းကို လိႈက္လိႈက္လွဲလွဲႀကိဳဆိုသည္။
          ေအာင္မာ…… မဲရလဒ္ေၾကညာတုန္းကဆို ငွက္ရိုးမ်က္ရည္ေလးစမ္းစမ္းစမ္းစမ္းႏွင့္ေတာင္ တီဗီြေရွ႕ပတ္ကမိေသးသည္။
          ဘထြမ့္မၾကားမွာသိေသာ္လည္း “အိုင္ လာ့ဗ္ ဘထြမ့္”ဟု မရွိမဲ႔ရွိမဲ႔ဖင္ျပားေလးကိုကုန္းၿပီး ငယ္သံပါသည္အထိေအာ္ခဲ႔သည္။ ဘထြမ့္သတင္းေတြ ဖြဘုတ္မွာတက္လာတိုင္း “ဘထြမ့္ မြခ်ိ မြခ်ိ”ဟု ေကာမန္႔ေပးတတ္သည္။ ငွက္ရိုးဆိုသည္မွာလည္း ေရေျမေတြျခားေနတာေတာင္ အဘမ်ားအတြက္ဆို ထုိမွ်အထိ ေဘာမ (အဲ) ေသာကေဝတတ္ေလသည္။
          ဘထြမ့္ကရွင္းသည္။
          ျပတ္သည္။
          မည္မွ်ထိရွင္းၿပီး မည္မွ်ထိျပတ္သလဲဆို တခါတေလ ၾကည္ေတာက္ရွင္းဝတ္လစ္စလစ္ ဗီြဒီယိုင္ဖိုင္ေတြပါ အင္တာနက္ေပၚျပန္႔လာသည္အထိ ရွင္းသည္၊ ျပတ္သည္။
          ဒါတင္မကဘထြမ့္ကက်န္းမာႀကံ႕ခိုင္သည္။ ေညွာင္စိေညွာင္ညွက္၊ ရွဴနာရွိဳက္ကုန္းမဟုတ္။ ဘထြမ့္စပြန္ဆာေပးထားသည့္ ေမာ္ဒယ္စကီေလးမ်ားက ဘထြမ့္က်န္းမာႀကံ႕ခိုင္ေၾကာင္းသက္ေသ…။
          မဲဆြယ္ပြဲၾကည့္ၾကည့္၊ စကားစစ္ထိုးပြဲၾကည့္ၾကည့္ ဘထြမ့္ကအၿမဲသြက္လက္ေနသည္။ ဒူးေခြျခင္း၊ ခါးကိုက္ျခင္းအလ်ဥ္းမရွိ။ အက်င့္ပါေနသူမို႔ အာသြက္၊ လွ်ာသြက္ကလည္းရွိေလသည္။ ေခါင္းျဖဴေသာ္လည္း စြယ္မက်ိဳးသည့္ အာဂဘထြမ့္ပင္။
          ဘထြမ့္အစြမ္းက ဤမွ်ႀကီးမားသည္ဆိုေတာ့ ငွက္ရိုးတို႔ေရလည္ဂါသည္။ မဲဆြယ္ပြဲတိုင္း ေမာင္းမမိႆံအေႁခြအရံစံုစြာႏွင့္ ပြဲထြက္လာတတ္သည့္ ဘထြမ့္ဘုန္းကံကိုအားက်ရသည္။
          ဘထြမ့္ကအမ်ိဳးသားေရးအားသန္သည္။ အားေပးသည္။
          ဒါ့အျပင္ ဘထြမ့္ကမိန္းမအေရြးေတာ္သည္။ ေနန႔ဲလ၊ ေရႊနဲ႔ျမလို လိုက္ဖက္ညီသည္။ ဘထြမ့္က အမ်ိဳးသားေရးအားသန္သလို ဘထြမ့္ကေတာ္ကလည္း အမ်ိဳးသားေရးအားသန္ပံုရသည္။ မယံုလွ်င္ ဘထြမ့္ကေတာ္၏ မ်က္စိပသာဒျဖစ္ဖြယ္ ႏွစ္ေကာ့တစ္ကံုး ဝတ္လစ္စလစ္ဓာတ္ပံုမ်ားကို ၾကည့္ရွဳေလ့လာႏိုင္သည္။ (စိတ္) အတြင္းသားျဖဴစင္လွပေသာ ႏိုင္ငံ့မိခင္၏ အလွတရားေၾကာင့္ အေမရိကန္ျပည္သူျပည္သားမ်ား ဂုဏ္ယူဝံ့ႂကြားႏိုင္ေတာ့မည္ျဖစ္သည္။
          ေပ်ာ္သည္။
          ငွက္ရိုးေပ်ာ္သည္။
          ဘထြမ့္သမဒျဖစ္သြား၍ ငွက္ရိုးေပ်ာ္သည္။
          ဘထြမ့္အတြက္ဂုဏ္ျပဳပြဲကို ငွက္ရိုးသူငယ္ခ်င္းေရာင္းရင္းမ်ားႏွင့္ လမ္းထိပ္ဘံုဆိုင္တြင္ တစ္ေနကုန္က်င္းပမည္။ ေသြးေသာက္အားလံုး အလုပ္မသြားပဲ ညီညီညြတ္ညြတ္ေအာင္ပြဲခံၾကမည္။ ဗိုက္ဆာလွ်င္ “ဘထြမ့္ေအာင္ပြဲစတုဒိသာ”မ်ားတြင္ အလကားဝင္စားၾကမည္။
          အိမ္တံခါးကိုေသာ့ခတ္လိုက္သည္။
          မေန႔ကပဲျပဳတ္ဖိုးအေႂကြးကို မနက္ျဖန္မွေပးမည္။ အိမ္ငွားခ၃လစာကိုလည္း ေလးလေနမွ ေပါင္းေပးမည္။
          ေလာေလာဆယ္ေတာ့ ဘထြမ့္အတြက္ လမ္းထိပ္ဘံုဆိုင္တြင္ေအာင္ပြဲခံရမည္။
          ငါတို႔သည္ ဘထြမ့္မ်ားသာျဖစ္ၾကသည္…။

(ပေရာ္ဖက္ဆာေဒါက္တာငွက္ရိုး)
(Zawgyi)

          အမေရိကန်ရွေးကောက်ပွဲပြီးလေပြီ။
          ထင်ထားသူမနိုင်ပဲ မထင်ထားသူနိုင်သွားသည့်အတွက် ဆန္ဒပြမှုများဖြစ်နေကြောင်းလည်း သိရသည်။
          လေဒီဂါဂါ၊ ကေတီပယ်ရီတို့လို နာမည်ကျော်အနုပညာရှင်များအပါအဝင် အလွှာအသီးသီး နယ်စုံပယ်စုံမှလူတွေက သမဒကြီးဘထွမ့်ကို ကန့်ကွက်နေကြသည်။
          ဘထွမ့်နိုင်လျှင် အမေရိကန်မှာမနေဘူးဟု ဆုံးဖြတ်ထားသူများဝင်ရောက်ကြည့်ရှုလွန်း၍ ကနေဒါလူဝင်မှုကြီးကြပ်ရေးဝဘ်ဆိုဒ်ပါ ကျသွားသည်ဟုလည်းသိရပြန်သည်။
          နားမလည်…။
          ထိုသူတို့ကို ငှက်ရိုးနားမလည်။
          ငှက်ရိုးကတော့ ဟိုးအစကတည်းက ဟီလာတိုက်ပြီးရီတတ်သည့် ကလင်ဒါဆိုတာကြီးကို သဘောမကျ၍လားမသိ ဘထွမ့်သမဒဖြစ်လာခြင်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။
          အောင်မာ…… မဲရလဒ်ကြေညာတုန်းကဆို ငှက်ရိုးမျက်ရည်လေးစမ်းစမ်းစမ်းစမ်းနှင့်တောင် တီဗွီရှေ့ပတ်ကမိသေးသည်။
          ဘထွမ့်မကြားမှာသိသော်လည်း “အိုင် လာ့ဗ် ဘထွမ့်”ဟု မရှိမဲ့ရှိမဲ့ဖင်ပြားလေးကိုကုန်းပြီး ငယ်သံပါသည်အထိအော်ခဲ့သည်။ ဘထွမ့်သတင်းတွေ ဖွဘုတ်မှာတက်လာတိုင်း “ဘထွမ့် မွချိ မွချိ”ဟု ကောမန့်ပေးတတ်သည်။ ငှက်ရိုးဆိုသည်မှာလည်း ရေမြေတွေခြားနေတာတောင် အဘများအတွက်ဆို ထိုမျှအထိ ဘောမ (အဲ) သောကဝေတတ်လေသည်။
          ဘထွမ့်ကရှင်းသည်။
          ပြတ်သည်။
          မည်မျှထိရှင်းပြီး မည်မျှထိပြတ်သလဲဆို တခါတလေ ကြည်တောက်ရှင်းဝတ်လစ်စလစ် ဗွီဒီယိုင်ဖိုင်တွေပါ အင်တာနက်ပေါ်ပြန့်လာသည်အထိ ရှင်းသည်၊ ပြတ်သည်။
          ဒါတင်မကဘထွမ့်ကကျန်းမာကြံ့ခိုင်သည်။ ညှောင်စိညှောင်ညှက်၊ ရှူနာရှိုက်ကုန်းမဟုတ်။ ဘထွမ့်စပွန်ဆာပေးထားသည့် မော်ဒယ်စကီလေးများက ဘထွမ့်ကျန်းမာကြံ့ခိုင်ကြောင်းသက်သေ…။
          မဲဆွယ်ပွဲကြည့်ကြည့်၊ စကားစစ်ထိုးပွဲကြည့်ကြည့် ဘထွမ့်ကအမြဲသွက်လက်နေသည်။ ဒူးခွေခြင်း၊ ခါးကိုက်ခြင်းအလျဉ်းမရှိ။ အကျင့်ပါနေသူမို့ အာသွက်၊ လျှာသွက်ကလည်းရှိလေသည်။ ခေါင်းဖြူသော်လည်း စွယ်မကျိုးသည့် အာဂဘထွမ့်ပင်။
          ဘထွမ့်အစွမ်းက ဤမျှကြီးမားသည်ဆိုတော့ ငှက်ရိုးတို့ရေလည်ဂါသည်။ မဲဆွယ်ပွဲတိုင်း မောင်းမမိဿံအခြွေအရံစုံစွာနှင့် ပွဲထွက်လာတတ်သည့် ဘထွမ့်ဘုန်းကံကိုအားကျရသည်။
          ဘထွမ့်ကအမျိုးသားရေးအားသန်သည်။ အားပေးသည်။
          ဒါ့အပြင် ဘထွမ့်ကမိန်းမအရွေးတော်သည်။ နေန့ဲလ၊ ရွေှနဲ့မြလို လိုက်ဖက်ညီသည်။ ဘထွမ့်က အမျိုးသားရေးအားသန်သလို ဘထွမ့်ကတော်ကလည်း အမျိုးသားရေးအားသန်ပုံရသည်။ မယုံလျှင် ဘထွမ့်ကတော်၏ မျက်စိပသာဒဖြစ်ဖွယ် နှစ်ကော့တစ်ကုံး ဝတ်လစ်စလစ်ဓာတ်ပုံများကို ကြည့်ရှုလေ့လာနိုင်သည်။ (စိတ်) အတွင်းသားဖြူစင်လှပသော နိုင်ငံ့မိခင်၏ အလှတရားကြောင့် အမေရိကန်ပြည်သူပြည်သားများ ဂုဏ်ယူဝံ့ကြွားနိုင်တော့မည်ဖြစ်သည်။
          ပျော်သည်။
          ငှက်ရိုးပျော်သည်။
          ဘထွမ့်သမဒဖြစ်သွား၍ ငှက်ရိုးပျော်သည်။
          ဘထွမ့်အတွက်ဂုဏ်ပြုပွဲကို ငှက်ရိုးသူငယ်ချင်းရောင်းရင်းများနှင့် လမ်းထိပ်ဘုံဆိုင်တွင် တစ်နေကုန်ကျင်းပမည်။ သွေးသောက်အားလုံး အလုပ်မသွားပဲ ညီညီညွတ်ညွတ်အောင်ပွဲခံကြမည်။ ဗိုက်ဆာလျှင် “ဘထွမ့်အောင်ပွဲစတုဒိသာ”များတွင် အလကားဝင်စားကြမည်။
          အိမ်တံခါးကိုသော့ခတ်လိုက်သည်။
          မနေ့ကပဲပြုတ်ဖိုးအကြွေးကို မနက်ဖြန်မှပေးမည်။ အိမ်ငှားခ၃လစာကိုလည်း လေးလနေမှ ပေါင်းပေးမည်။
          လောလောဆယ်တော့ ဘထွမ့်အတွက် လမ်းထိပ်ဘုံဆိုင်တွင်အောင်ပွဲခံရမည်။
          ငါတို့သည် ဘထွမ့်များသာဖြစ်ကြသည်…။

(ပရော်ဖက်ဆာဒေါက်တာငှက်ရိုး)
(Unicode)

image

သတိ…လူလဲေနသည္ (သတိ…လူလဲနေသည်)

          ငွက္ရိုးအိမ္ႏွင့္မနီးမေဝးတြင္ ဝါးရံုေတာႀကီးတစ္ခုရွိသည္။ ငွက္ရိုးတို႔ကေတာ့ ထိုအရပ္ကို ဝါးေတာဟုေခၚသည္။
          ထိုဝါးေတာကေျမၾကမ္းသည္။ ဟိုနားတစ္ခ်ိဳင့္ ဒီနားတစ္ခ်ိဳင့္ႏွင့္ လက္ဖက္ရည္ခ်ိဳင့္ ဆြဲတာမ်ိဳးမဟုတ္ (အဲ…ဟုတ္ေပါင္။ လက္ဖက္ရည္ဆိုင္နဲ႔ေရာကုန္ၿပီ။) ဟိုနားတစ္ခ်ိဳင့္ ဒီနားတစ္ခ်ိဳင့္ႏွင့္ ခြက္ဝင္ေနတာမ်ိဳးမဟုတ္။ သရဲေျခာက္ၿပီး လူလဲတာမ်ိဳးျဖစ္သည္။
          လူလဲတယ္ဆိုတာကဒီလို။
          ထိုဝါးေတာမွာမွီတင္းေနထိုင္သည့္ သရဲႏွင့္သရဲထိန္းေတြ အမ်ားႀကီးရွိသည္ဟု ငွက္ရိုးတို႔ ဘႀကီးဘုန္းႀကီးကေျပာဖူးသည္။
          သရဲထိန္းဆိုတာၾကားေတာ့ နယ္ခံမဟုတ္သည့္ လူေတာ္ေတာ္မ်ားမ်ားက ေခါင္းရွဳပ္သြား တတ္သည္။ တစ္ကယ္ေတာ့ သရဲထိန္းဆိုသည္ကလည္း သရဲတစ္မ်ိဳးသာ။ သို႔ေသာ္ သာမန္သရဲ မ်ားႏွင့္မတူသည္မွာ သူတို႔က သရဲအခ်င္းခ်င္း ကတံုးေပၚထိပ္ကြက္တတ္သည္။
          ထိုသရဲထိန္းမ်ားအေၾကာင္း ေျပာရလွ်င္ဆံုးမည္မထင္။ ဘိန္းစားအခ်င္းခ်င္းဆို သူတို႔က တစ္မူးပိုရွဴသည္။ ေခြးဝဲစားအခ်င္းခ်င္းဆို သူတို႔ကအီအီးတစ္ပံုပိုစားသည္။ ထိုသို႔ ထိပ္ကြက္တတ္ ၾကသူမ်ားပါေပ။
          ခုလည္းၾကည့္။ တစ္ခ်ိဳ႕သရဲႀကီးေတြဆို ဘယ္ေလာက္ေတာင္ ထိပ္အကြက္ခံထားရလဲ မသိ။ ထိုဝါးေတာတြင္ ေနလာတာႏွစ္ေပါင္းဆယ္ႏွင့္ခ်ီၿပီးၾကာေနေလၿပီ။ ဒီေတာ့ သရဲထိန္းေတြက သူတို႔ကိုဆက္မထားခ်င္။
          ဒါေပမယ့္ ဒီဝါးေတာႀကီးကို ဒီအတိုင္းခ်န္ထားခိုင္းၿပီး ႏွင္ထုတ္ဖို႔ကလည္းမျဖစ္ႏိုင္ေတာ့ ထိုသရဲႀကီးေတြကိုယ္စား ဝါးေတာတြင္ေနေပးမည့္သူေတြလိုလာသည္။ ဒီေတာ့ လူစားလဲသည္။
          Old service သရဲအေဟာင္းအႏြမ္းအေဆြးအေျမ႕ႀကီးေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး လိုက္ၿပီး သရဲဂ်ဴနီယာေနာက္ေပါက္ေလးေတြကိုေတာ့ ထိုဝါးေတာထဲတြင္စံျမန္းေစသည္။
          ငွက္ရိုးအေတြ႔အႀကံဳအရဆို အရင္တုန္းကဒီေလာက္မဆိုး ခုတစ္ေလာမွေတာ္ေတာ္ေလး ဆိုးလာသည္။ လူစားလဲတာေတြစိပ္လာသည္။ (အရပ္အေခၚဆြဲစိတာေတြစိပ္လာသည္။)
          ထိုဝါးေတာရဲ႕ေဘးမွာ လမ္းမတစ္ခုရွိသည္။ ထိုလမ္းမေပၚထြက္ခ်င္သလား။ ဒီအတိုင္း ထြက္လို႔မရ။ လမ္းမေပၚလြတ္လပ္စြာထြက္ပိုင္ခြင့္မရွိ။
          အရင္ဆံုး ထိုဝါးေတာတြင္ရွိသည့္ သရဲထိန္းမ်ားကို ပူေဇာ္ရသည္။ ပသရသည္။ ဘယ္ေန႔ ဘယ္အခ်ိန္တြင္ ေက်းေတာ္မ်ိဳးကြၽန္ေတာ္မ်ိဳးတို႔ လမ္းမေပၚတက္ၾကပါမည္။ လမ္းမေပၚထြက္ၾကပါမည္  ဆိုသည့္အေၾကာင္း အရင္ဆံုးသံေတာ္ဦးတင္ရသည္။ ဒီေတာ့မွ ထိုသရဲထိန္းအေပါင္းကစိစစ္သည္။ ထိုသရဲထိန္းမ်ားဆီက ခြင့္ျပဳမိန္႔က်မွ လမ္းမေပၚထြက္ခြင့္ရွိသည္။ (အႏွီသရဲထိန္းမ်ားႏွင့္လူတို႔အၾကား နားလည္မႈဘယ္လိုယူသလဲ ဆိုတာေတာ့ ငွက္ရိုးလည္းမသိ)
          ခြင့္ျပဳမိန္႔မရွိပဲ လမ္းမေပၚထြက္သူမ်ား၊ ျဖတ္သန္းသြားလာသူမ်ားကေတာ့မေခ်ာင္။ သရဲ ထိန္းမ်ားက တုတ္ေတြႏွင့္ေဆာ္သည္။ နားရင္းေတြအုပ္သည္။ ၿပီးေတာ့ ဆြဲစိလိုက္သည္။ လူေတြ တင္လားဆိုေတာ့မဟုတ္။ တစ္ခါတစ္ခါဆို သမခံရသည့္အထဲ ကားေတြပါပါသည္။
          ဒီလိုလုပ္လို႔ ထိုသရဲထိန္းမ်ားကို သြားေဝဖန္လို႔မရ။ ေဝဖန္မိလွ်င္လည္းဆြဲသည္။
          ဟိုတစ္ေလာက ငွက္ရိုးတို႕ရပ္ကြက္ထဲက ဦးေလးႀကီးတစ္ေယာက္ ထိုသရဲထိန္းမ်ားကို သြားႀကိမ္းသည္။
          “လမ္းမေပၚထြက္တဲ႔သူေတြကို ဒီလိုလုပ္ရေအာင္ မင္းတို႔က ဘာမို႔လို႔လဲ။ မင္းတို႔ေတြ ေသသြားခ်င္လား။ ရွင္သြားခ်င္လား။ မေသမရွင္ျဖစ္သြားခ်င္လား။ ဆန္႔ငင္ဆန္႔ငင္ျဖစ္သြားခ်င္လား”
          စသျဖင့္ သြားႀကိမ္းသည္။ သူပါ အဆြဲခံလိုက္ရသည္။
          ထိုဝါးရံုနား မေအာင့္ႏိုင္လို႔ ရွဴရွဴးသြားပန္းလိုက္လည္းဆြဲသည္။ ညႀကီးမင္းႀကီး တစ္ကိုယ္ တည္းလမ္းသလားမိလည္းဆြဲသည္။ ဝါးေတာႏွင့္မလွမ္းမကမ္းကဓာတ္တိုင္ေအာက္ ငုတ္တုတ္ထိုင္ေန မိလည္းဆြဲသည္။
          ႏွာေခ်လွ်င္ဆြဲသည္။ ေခ်ာင္းဟန္႔လွ်င္ဆြဲသည္။ ေနာက္ဆံုး ေလလည္မိလွ်င္ေတာင္ ဆြဲသည္မို႔ တစ္ခ်ိဳ႕အေဒၚႀကီးေတြဆို သြားေလရာေျပာင္းဖူးရိုးႀကီးတစ္ခု ယူယူသြားၾကသည္။ သူတို႔ ကေတာ့ ထိုေျပာင္းဖူးရိုးမ်ားကို ဆိုင္လင္ဆာဟုေခၚၾကသည္။ ဘယ္ေနရာမွာသံုးမလဲဆိုတာေတာ့ ငွက္ရိုးမသိ။
          ဒီေလာက္အထိ ေျမၾကမ္းလာေတာ့ အထက္လမ္းဆရာတစ္ေယာက္က သရဲေတြကို လာႏွိမ္ႏွင္းသည္။
          သို႔ေသာ္ သရဲေတြက တစ္ေကာင္ႏွစ္ေကာင္မဟုတ္ပဲ တပ္တစ္တပ္စာမွ်ရွိသည္ဆိုေတာ့ အထက္လမ္းဆရာကအႀကံထုတ္သည္။ သူတစ္ေယာက္တည္းအားႏွင့္လည္း ထိုသရဲေတြကိုမရွင္းႏိုင္။ သရဲအငယ္ေလးေတြကို လိုက္ရွင္းေနလို႔လည္း သိပ္ၿပီးထူးျခားမည္မဟုတ္။ ဒီေတာ့ ထိုသရဲအေပါင္း တို႔၏ အေခါင္အမွဴး သရဲတပ္ခ်ဳပ္ႀကီးကို ရွင္းရန္ဆံုးျဖတ္လိုက္သည္။
          သို႔ႏွင့္Missionကိုစသည္။ ထိုသရဲႀကီးက အင္အားႀကီးလြန္းသည္မို႔ ထိုသရဲကိုနာမ္ႏွိမ္ရန္ ယၾတာအစီအရင္တစ္ခုစလုပ္သည္။
          သရဲဆိုသည့္အမ်ိဳးကကင္မရာတြင္ေပၚသည္မို႔ ထိုသရဲႀကီးမ်က္ႏွာကိုဓာတ္ပံုရိုက္ယူသည္။ ထို႔ေနာက္ ဝက္ေကြၽးလို႔ႏြားမစား၊ေခြးေတာင္ရွဴရွဴးလွည့္မပန္းသည့္ ထိုေျပာင္ေခ်ာ္ေခ်ာ္မ်က္ခြက္ႀကီးကို ေျခေထာက္ျဖင့္တက္နင္းၿပီး သူ႔အစီအရင္ကိုဆက္လုပ္သည္။ ယၾတာမဆံုးခင္မွာပဲ ထိုဆရာအဆြဲစိ ခံလိုက္ရသည္။
          ဒီေတာ့ မၿပီးလိုက္သည့္ ဆရာ့အစီအရင္ကို တပည့္ျဖစ္သူက ဆက္ၿပီးအေကာင္အထည္ ေဖာ္သည္။ သူလည္း ဆြဲစိခံလိုက္ရသည္။
          တစ္ျဖည္းျဖည္းႏွင့္ ငွက္ရိုးတို႔မ်က္ခံုးလႈပ္လာသည္။ ဘုန္းႀကီးမ်ားကိုပင့္လို႔လည္းမထူးျခား။ တစ္ခ်ိဳ႕ဘုန္းႀကီးေတြ အဆြဲခံရသည္။ တစ္ခ်ိဳ႕ဘုန္းႀကီးေတြ နားရင္းအုပ္ခံရသည္။ ဒီၾကားထဲ ကမၼဝါ ညွပ္လို႔မကြၽတ္သည့္ ဘုန္းႀကီးသရဲေတြပါရွိေနေတာ့ အေျခအေနကပိုဆိုးလာသည္။
          လြတ္လာသည့္ Old serviceသရဲႀကီးေတြကလည္း ဘာေျခာက္သလဲမေမးႏွင့္။ ေန႔ခင္း ဖက္ေတာင္မေရွာင္ပဲ ေျခာက္ၾကသည္။
          တစ္ေန႔တစ္ေန႔ ငွက္ရိုးတို႔က်ီးလန္႔စာစားေနရသည္။ တတ္သမွ်မွတ္သမွ် ဘုရားစာေလး တတြတ္တြတ္ရြတ္ေနၾကရသည္။
          ညေမွာင္တာနဲ႔ ဘယ္သူမွအိမ္ျပင္မထြက္ရဲ။ အိမ္ထဲမွာပင္ကုပ္ေနရသည္။ ဘယ္ေတာ့မ်ား အိမ္ေပၚတက္ေျခာက္မလဲ လန္႔ေနရသည္။
          ခုတေလာ လူစားလဲေနသည္။ လူစားလဲတာေတြစိပ္ေနသည္။

(ပေရာ္ဖက္ဆာေဒါက္တာငွက္ရိုး)
(Zawgyi)

          ငှက်ရိုးအိမ်နှင့်မနီးမဝေးတွင် ဝါးရံုတောကြီးတစ်ခုရှိသည်။ ငှက်ရိုးတို့ကတော့ ထိုအရပ်ကို ဝါးတောဟုခေါ်သည်။
          ထိုဝါးတောကမြေကြမ်းသည်။ ဟိုနားတစ်ချိုင့် ဒီနားတစ်ချိုင့်နှင့် လက်ဖက်ရည်ချိုင့် ဆွဲတာမျိုးမဟုတ် (အဲ…ဟုတ်ပေါင်။ လက်ဖက်ရည်ဆိုင်နဲ့ရောကုန်ပြီ။) ဟိုနားတစ်ချိုင့် ဒီနားတစ်ချိုင့်နှင့် ခွက်ဝင်နေတာမျိုးမဟုတ်။ သရဲခြောက်ပြီး လူလဲတာမျိုးဖြစ်သည်။
          လူလဲတယ်ဆိုတာကဒီလို။
          ထိုဝါးတောမှာမှီတင်းနေထိုင်သည့် သရဲနှင့်သရဲထိန်းတွေ အများကြီးရှိသည်ဟု ငှက်ရိုးတို့ ဘကြီးဘုန်းကြီးကပြောဖူးသည်။
          သရဲထိန်းဆိုတာကြားတော့ နယ်ခံမဟုတ်သည့် လူတော်တော်များများက ခေါင်းရှုပ်သွား တတ်သည်။ တစ်ကယ်တော့ သရဲထိန်းဆိုသည်ကလည်း သရဲတစ်မျိုးသာ။ သို့သော် သာမန်သရဲ များနှင့်မတူသည်မှာ သူတို့က သရဲအချင်းချင်း ကတံုးပေါ်ထိပ်ကွက်တတ်သည်။
          ထိုသရဲထိန်းများအကြောင်း ပြောရလှျင်ဆံုးမည်မထင်။ ဘိန်းစားအချင်းချင်းဆို သူတို့က တစ်မူးပိုရှူသည်။ ခွေးဝဲစားအချင်းချင်းဆို သူတို့ကအီအီးတစ်ပံုပိုစားသည်။ ထိုသို့ ထိပ်ကွက်တတ် ကြသူများပါပေ။
          ခုလည်းကြည့်။ တစ်ချို့သရဲကြီးတွေဆို ဘယ်လောက်တောင် ထိပ်အကွက်ခံထားရလဲ မသိ။ ထိုဝါးတောတွင် နေလာတာနှစ်ပေါင်းဆယ်နှင့်ချီပြီးကြာနေလေပြီ။ ဒီတော့ သရဲထိန်းတွေက သူတို့ကိုဆက်မထားချင်။
          ဒါပေမယ့် ဒီဝါးတောကြီးကို ဒီအတိုင်းချန်ထားခိုင်းပြီး နှင်ထုတ်ဖို့ကလည်းမဖြစ်နိုင်တော့ ထိုသရဲကြီးတွေကိုယ်စား ဝါးတောတွင်နေပေးမည့်သူတွေလိုလာသည်။ ဒီတော့ လူစားလဲသည်။
          Old service သရဲအဟောင်းအနွမ်းအဆွေးအမြေ့ကြီးတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ပြီး သရဲဂျူနီယာနောက်ပေါက်လေးတွေကိုတော့ ထိုဝါးတောထဲတွင်စံမြန်းစေသည်။
          ငှက်ရိုးအတွေ့အကြံုအရဆို အရင်တုန်းကဒီလောက်မဆိုး ခုတစ်လောမှတော်တော်လေး ဆိုးလာသည်။ လူစားလဲတာတွေစိပ်လာသည်။ (အရပ်အခေါ်ဆွဲစိတာတွေစိပ်လာသည်။)
          ထိုဝါးတောရဲ့ဘေးမှာ လမ်းမတစ်ခုရှိသည်။ ထိုလမ်းမပေါ်ထွက်ချင်သလား။ ဒီအတိုင်း ထွက်လို့မရ။ လမ်းမပေါ်လွတ်လပ်စွာထွက်ပိုင်ခွင့်မရှိ။
          အရင်ဆံုး ထိုဝါးတောတွင်ရှိသည့် သရဲထိန်းများကို ပူဇော်ရသည်။ ပသရသည်။ ဘယ်နေ့ ဘယ်အချိန်တွင် ကျေးတော်မျိုးကျွန်တော်မျိုးတို့ လမ်းမပေါ်တက်ကြပါမည်။ လမ်းမပေါ်ထွက်ကြပါမည်  ဆိုသည့်အကြောင်း အရင်ဆံုးသံတော်ဦးတင်ရသည်။ ဒီတော့မှ ထိုသရဲထိန်းအပေါင်းကစိစစ်သည်။ ထိုသရဲထိန်းများဆီက ခွင့်ပြုမိန့်ကျမှ လမ်းမပေါ်ထွက်ခွင့်ရှိသည်။ (အနှီသရဲထိန်းများနှင့်လူတို့အကြား နားလည်မှုဘယ်လိုယူသလဲ ဆိုတာတော့ ငှက်ရိုးလည်းမသိ)
          ခွင့်ပြုမိန့်မရှိပဲ လမ်းမပေါ်ထွက်သူများ၊ ဖြတ်သန်းသွားလာသူများကတော့မချောင်။ သရဲ ထိန်းများက တုတ်တွေနှင့်ဆော်သည်။ နားရင်းတွေအုပ်သည်။ ပြီးတော့ ဆွဲစိလိုက်သည်။ လူတွေ တင်လားဆိုတော့မဟုတ်။ တစ်ခါတစ်ခါဆို သမခံရသည့်အထဲ ကားတွေပါပါသည်။
          ဒီလိုလုပ်လို့ ထိုသရဲထိန်းများကို သွားဝေဖန်လို့မရ။ ဝေဖန်မိလှျင်လည်းဆွဲသည်။
          ဟိုတစ်လောက ငှက်ရိုးတို့ရပ်ကွက်ထဲက ဦးလေးကြီးတစ်ယောက် ထိုသရဲထိန်းများကို သွားကြိမ်းသည်။
          “လမ်းမပေါ်ထွက်တဲ့သူတွေကို ဒီလိုလုပ်ရအောင် မင်းတို့က ဘာမို့လို့လဲ။ မင်းတို့တွေ သေသွားချင်လား။ ရှင်သွားချင်လား။ မသေမရှင်ဖြစ်သွားချင်လား။ ဆန့်ငင်ဆန့်ငင်ဖြစ်သွားချင်လား”
          စသဖြင့် သွားကြိမ်းသည်။ သူပါ အဆွဲခံလိုက်ရသည်။
          ထိုဝါးရံုနား မအောင့်နိုင်လို့ ရှူရှူးသွားပန်းလိုက်လည်းဆွဲသည်။ ညကြီးမင်းကြီး တစ်ကိုယ် တည်းလမ်းသလားမိလည်းဆွဲသည်။ ဝါးတောနှင့်မလှမ်းမကမ်းကဓာတ်တိုင်အောက် ငုတ်တုတ်ထိုင်နေ မိလည်းဆွဲသည်။
          နှာချေလှျင်ဆွဲသည်။ ချောင်းဟန့်လှျင်ဆွဲသည်။ နောက်ဆံုး လေလည်မိလှျင်တောင် ဆွဲသည်မို့ တစ်ချို့အဒေါ်ကြီးတွေဆို သွားလေရာပြောင်းဖူးရိုးကြီးတစ်ခု ယူယူသွားကြသည်။ သူတို့ ကတော့ ထိုပြောင်းဖူးရိုးများကို ဆိုင်လင်ဆာဟုခေါ်ကြသည်။ ဘယ်နေရာမှာသံုးမလဲဆိုတာတော့ ငှက်ရိုးမသိ။
          ဒီလောက်အထိ မြေကြမ်းလာတော့ အထက်လမ်းဆရာတစ်ယောက်က သရဲတွေကို လာနှိမ်နှင်းသည်။
          သို့သော် သရဲတွေက တစ်ကောင်နှစ်ကောင်မဟုတ်ပဲ တပ်တစ်တပ်စာမှျရှိသည်ဆိုတော့ အထက်လမ်းဆရာကအကြံထုတ်သည်။ သူတစ်ယောက်တည်းအားနှင့်လည်း ထိုသရဲတွေကိုမရှင်းနိုင်။ သရဲအငယ်လေးတွေကို လိုက်ရှင်းနေလို့လည်း သိပ်ပြီးထူးခြားမည်မဟုတ်။ ဒီတော့ ထိုသရဲအပေါင်း တို့၏ အခေါင်အမှူး သရဲတပ်ချုပ်ကြီးကို ရှင်းရန်ဆံုးဖြတ်လိုက်သည်။
          သို့နှင့်Missionကိုစသည်။ ထိုသရဲကြီးက အင်အားကြီးလွန်းသည်မို့ ထိုသရဲကိုနာမ်နှိမ်ရန် ယတြာအစီအရင်တစ်ခုစလုပ်သည်။
          သရဲဆိုသည့်အမျိုးကကင်မရာတွင်ပေါ်သည်မို့ ထိုသရဲကြီးမျက်နှာကိုဓာတ်ပံုရိုက်ယူသည်။ ထို့နောက် ဝက်ကျွေးလို့နွားမစား၊ခွေးတောင်ရှူရှူးလှည့်မပန်းသည့် ထိုပြောင်ချော်ချော်မျက်ခွက်ကြီးကို ခြေထောက်ဖြင့်တက်နင်းပြီး သူ့အစီအရင်ကိုဆက်လုပ်သည်။ ယတြာမဆံုးခင်မှာပဲ ထိုဆရာအဆွဲစိ ခံလိုက်ရသည်။
          ဒီတော့ မပြီးလိုက်သည့် ဆရာ့အစီအရင်ကို တပည့်ဖြစ်သူက ဆက်ပြီးအကောင်အထည် ဖော်သည်။ သူလည်း ဆွဲစိခံလိုက်ရသည်။
          တစ်ဖြည်းဖြည်းနှင့် ငှက်ရိုးတို့မျက်ခံုးလှုပ်လာသည်။ ဘုန်းကြီးများကိုပင့်လို့လည်းမထူးခြား။ တစ်ချို့ဘုန်းကြီးတွေ အဆွဲခံရသည်။ တစ်ချို့ဘုန်းကြီးတွေ နားရင်းအုပ်ခံရသည်။ ဒီကြားထဲ ကမ္မဝါ ညှပ်လို့မကျွတ်သည့် ဘုန်းကြီးသရဲတွေပါရှိနေတော့ အခြေအနေကပိုဆိုးလာသည်။
          လွတ်လာသည့် Old serviceသရဲကြီးတွေကလည်း ဘာခြောက်သလဲမမေးနှင့်။ နေ့ခင်း ဖက်တောင်မရှောင်ပဲ ခြောက်ကြသည်။
          တစ်နေ့တစ်နေ့ ငှက်ရိုးတို့ကျီးလန့်စာစားနေရသည်။ တတ်သမှျမှတ်သမှျ ဘုရားစာလေး တတွတ်တွတ်ရွတ်နေကြရသည်။
          ညမှောင်တာနဲ့ ဘယ်သူမှအိမ်ပြင်မထွက်ရဲ။ အိမ်ထဲမှာပင်ကုပ်နေရသည်။ ဘယ်တော့များ အိမ်ပေါ်တက်ခြောက်မလဲ လန့်နေရသည်။
          ခုတလော လူစားလဲနေသည်။ လူစားလဲတာတွေစိပ်နေသည်။

(ပရော်ဖက်ဆာဒေါက်တာငှက်ရိုး)
(Unicode)

image